Popular Posts!

Monday, August 7, 2017

ကမ္ဘာ့ ပထမတန်စား မြန်မာ့ ကျောက်စိမ်း လှပမှု Myanmar Imperial Jade most Beautifull !





အရည်ပြည့်လေးဗျ..

ရှာပါးပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အလွန်ကို နမျောဖို့ကောင်းတဲ့ အရည်ပြည်ကျောက်စိမ်းတုံးကြီးဗျ!
ဘာလိုမနေ ဘယ်လို တရုတ်ပြည်ရောက်သွားတဲ့ မသိ?

.



....
No automatic alt text available.


No automatic alt text available.

Image may contain: one or more people and text


No automatic alt text available.

No automatic alt text available.

No automatic alt text available.

Image may contain: food

Image may contain: flower

Ref:ကျောက်စိမ်းအကြောင်း ပြောကြရအောင် FB မှာကူးယူဖော်ပြထားတာပါ..

ကျောက်စိမ်း အရိုင်းတုံးကို ကြည့်ရှု့စစ်ဆေးရမည့် အချက်များ

ရှာပါးပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အလွန်ကို နမျောဖို့ကောင်းတဲ့ အရည်ပြည်ကျောက်စိမ်းတုံး
ကြီးဗျ! ဘာလိုမနေ ဘယ်လို တရုတ်ပြည်ရောက်သွားတဲ့ မသိ?

 

ကျောက်စိမ်း အရိုင်းတုံးကို  ကြည့်ရှု့စစ်ဆေးရမည့် အချက်များ 


Image may contain: outdoor, water and nature

( ၁ ) ရိုးရိုး ကျောက်တုံး နှင့် ကျောက်စိမ်းအရိုင်းတုံး ခြားနားချက်ကို စစ်ဆေးခြင်း


သန့်ရှင်းစင်ကြယ်သော ကျောက်စိမ်းအရိုင်းတုံး ၏ မျက်နှာပြင်တွင် အလင်းရောင် ၌အရောင်လက်သော ယမ်းပွင့်ဖတ် အကြီးအသေး ၊ ယမ်းမျှင် အကြီးအသေး များ ကျဲကျဲဖြစ်စေ ၊ စိတ်စိတ်ဖြစ်စေ အနေအထားအမျိုးမျိုးဖြင့် ရှိနေသည် ။ ကျောက်စိမ်းမဟုတ်သော ကျောက်တုံး ရိုးရိုး ၏ မျက်နှာပြင်တွင်မူ ဤလက္ခဏာမျိုး တွေ့ရလေ့မရှိပါ ။
ကျောက်စိမ်းအရိုင်းတုံး သည် ရိုးရိုး ကျောက်တုံးထက် သိပ်သည်းဆ များ၍ ထုထည်ပမာဏချင်း တူပါလျှင် အလေးချိန်ပိုပါသည် ။
ကျောက်စိမ်းအရိုင်းတုံးတွင် ကျောက်စိမ်းတွင်းထွက်ငယ်ကလေးများ ( ဂျေးဒိုက်တွင်းငယ်ကလေးများ ) လက်ယှက်ထိုး အနေအထားဖြင့် ကြပ်သိပ်စွာ ဖွဲ့စည်းထားသော သဘာဝကြောင့် ပျင်းတွဲ ကြံခိုင် တောင့်တင်း ပါသည် ။ ရိုးရိုးကျောက်တုံးကဲ့သို့ ကြွပ်ဆတ်ခြင်း မရှိပါ ။ တူ ၊ပုဆိန် စသည်တို့ဖြင့် ရိုက်ဖဲ့ပါက ကျောက်စိမ်းမှန်လျှင် လွယ်ကူစွာမအက်ကွဲ ၊ မပဲ့နှိုင်ဘဲ ရိုးရိုးကျောက်တုံးဖြစ်လျှင်မူ အလွယ်တကူ ပဲ့နိုင်သည် ။
ကျောက်စိမ်းတွင် ရေကျောက် ၊ ကုန်းကျောက် ၊ တောမှော်ကျောက် ( လုံးဖဲ့ ) ဟူ၍ သုံးမျိုးသုံးစား ရှိသည် ။ ရေကျောက်၏ အခွံမှာ ပါး၍ချောသည် ။ ကုန်းကျောက် အခွံမှာ ထူ၍ကြမ်းသည် ။ တောမှော်ကျောက် သည် ကျောက်ကြော အတွင်းသားကို ထွင်း၍ယူရသဖြင့် ရေကျောက် ၊ ကုန်းကျောက် များတွင်ရှိတတ်သော အခွံမျိုး မရှိပေ ။ သို့သော် ဆင်စွယ်နှစ်ရောင်အကာမျိုးဖြစ်စေ ၊ ကျောက်ဖယောင်းသားအကာမျိုးဖြစ်စေ တွေ့ရတတ်ပါသည် ။

ကျောက်စိမ်းအရိုင်းတုံး၏ အခွံတွင် တွေ့ရသော ယမ်းပွင့် ၊ ယမ်းမျှင်များ ၏ အနေအထားအရ ယမ်းပွင့်ဖတ် ကြီးလျှင် အတွင်းကျောက်သားကြမ်းသည် ။ ယမ်းပွင့်ဖတ်ကလေးများ မှုန်လျှင် အသားညက်သည် ။ ယမ်း မှုန့်ပြီး စိပ်လျှင် အသားညက်အသားကောင်းပြီး ပထမတန်းစားကျောက်သား ဖြစ်ပါသည် ။
အခွံနှင့်ပတ်သက်၍ အခေါ်အဝေါ်မျိုးစုံ ရှိသော်လည်း ယေဘုယျသဘောကိုသာ ဖော်ပြမည်ဖြစ်ပါသည် ။ ကုန်းကျောက်တွင် အခွံညက်ခြင်း ၊ ရွခြင်း ရှိလျှင် ကျောက်သားကောင်းတတ်ပြီး အခွံကြမ်းခြင်း ၊ ချောခြင်း ၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်ပါသည် ။ ရေကျောက် တွင် အခွံညက်ခြင်း ၊ ချောခြင်း ၊ အဆီတက်ခြင်းရှိလျှင် ကျောက်သားကောင်းတတ်ပြီး အခွံကြမ်းခြင်း ၊ မညီညာခြင်းရှိလျှင် ကျောက်သားညံတတ်ပါသည် ။


( ၂ ) ကျောက်စိမ်းတုံး အခွံတွင် အရည်တည်နေပုံအနေအထားအမျိုးမျိုးကိုစစ်ဆေးခြင်း

👉 အရည်မန်း

မန်း၏လက္ခဏာမှာ အခွံတွင် တွန့်လိမ်ကွေ့ကောက်နေသော အစင်းကြောင်း များဖြစ်ပါသည် ။ တိုက်ချွတ်ကြည့်၍ အစိမ်းရောင်ပေါ်လာလျှင် အရည်မန်းဖြစ်ပြီး အစိမ်းရောင် မရှိလျှင် အသားမန်းဖြစ်ပါသည် ။
👉 အရည်ပွေး
ေ
ပွးကွက်ကဲ့သို့ အကြီးအသေး ၊ အစိမ်းရောင် ပါသောအကွက်များ အခွံပေါ်တွင် ပေါ်နေလျှင် အရည်ပွေး ဖြစ်ပါသည် ။

👉 အရည်ပွင့်

ပန်းပွင့်သဏ္ဍာန်သေးငယ်သော အစိမ်းရောင် အပွင့်ကလေးများ အခွံပေါ်တွင် ပေါ်နေလျှင် အရည်ပွင့် ဖြစ်ပါသည် ။

👉 ဝက်မှင်

ေ
ကျာက်ဈမ်း၏ အခွံပေါ်တွင် တစ်ခါတစ်ရံ တွေ့ရတတ်သော အနက်စင်းများ ဖြစ်သည် ။အရည်ကြောတွင်လည်း ဖြစ်ပေါ်နေတတ်သည် ။ အသားတွင်လည်း ဝက်မှင် ကဲ့သို့ သေးငယ်သောအနက်စင်းကလေးများ တိုးဝင်နေတတ်သည် ။ ထိုသို့တိုးဝင်နေလျှင် အရည်ကောင်းစေကာမူ တန်ဘိုးလျော့သွားတတ်သည်ကို သတိပြုရပါမည် ။

👉 ဖားမျက်ဆံ

ေ
ကျာက်စိမ်း၏အခွံပေါ်တွင် ဖားမျက်ဆံကဲ့သို့ဖုထွက်နေသော အရည်ကွက် ကလေးများဖြစ်ပါသည် ။ ယင်း၏ အရည်သည် အလင်းရောင်တွင်ကြည့်ပါက အရည်ကောင်းအဖြစ်တွေ့ရတတ်သော်လည်း အသားတွင်းသို့ မဝင်တတ်ပါ ။ အရည်ပွေး ၊ အရည်ပွင့် များနှင့် ရုတ်တရက်ရောထွေးကာ လွဲမှားသောကောက်ချက် ချတတ်ကြသဖြင့် သတိထားသင့်ပါသည် ။

👉 မောက်

အနက်ရောင်သမ်းသည့်ကျောက်သားတွင် ပတ်ပတ်လည်တွင် ဝင်ရောက်နေသောအပိုင်းဖြစ်သည် ။ ယင်းအပိုင်းတွင် အရည်ကောင်းစွဲနေလျှင် အနာကင်း၍ အသားကောင်းစေကာမူ သွေးလိုက်သည့်အခါ အရောင်မပွင့်ဘဲနေတတ်ပါသည် ။
👉 မားရား

အရည်စွဲသောကျောက်သားတွင်ဖြစ်စေ ၊ အရည်မဝင်သောကျောက်သားတွင်ဖြစ်စေ ၊ ကျောက်စိမ်းမဟုတ်သောအသား ဝင်ရောက်နေခြင်းကို ခေါ်ခြင်း ဖြစ်ပါသည် ။ မားရား၏အရောင်မှာ နို့နှစ်ရောင်ကဲ့သို့ဖြူသော အရောင်ရှိသည် ။ ပြောင်လက်နေသော အဖတ်ငယ်ကလေးများ ကပ်နေခြင်း ဖြစ်ပါသည်။ ယင်းဝင်ရောက်နေလျှင် ကျောက်စိမ်းအသွေးအရောင်ကို ဖျက်ဆီးတတ်သော သဘောရှိသဖြင့် အပြစ်အနာတစ်ရပ်အဖြစ် ထည့်သွင်းရပါသည် ။

ေ
ကျာက်စိမ်းအရိုင်းတုံးများကို အမျိုးအစားခွဲခြားခြင်း

👉 ဂျေးဒိုက်ကျောက်စိမ်းအရိုင်းတုံး၏ အခွံများ

ကျောက်စိမ်းအရိုင်းတုံး အများစုကို အခွံ သို့မဟုတ် အကာဖြင့် ဖုံးအုပ်ထားသဖြင့် အတွင်းပိုင်းရှိ ကျောက်စိမ်းအရည်အသွေးကို ဆုံးဖြတ်ရန်ခက်ခဲလှပါသည် ။ ကျောက်စိမ်းအရိုင်းတုံး အခွံ၏ ဖွဲ့သားမှာ အမျိုးမျိုးရှိပြီး အရောင်မှာလည်း အမျိုးမျိုးဖြင့် တွေရ၏ ။ အများအားဖြင့် အဝါရောင် ၊ အညိုရောင် ၊ အညိုရောင်သန်းသော အနီရောင် ၊ အမဲရောင် ၊ အဖြူရောင် စသည်တို့ဖြစ်၏ ။ 
အရောင်မှာသီးသန့်တစ်မျိုးတည်းမဟုတ်ဘဲ ရောနှော အရောင်များလည်းတွေ့ရတတ်သည် ။ ကျေက်စိမ်းအရိုင်းတုံးနှင့် ဖွဲ့သားအနေအထားတို့၏ သဘာဝသည် ကျောက်စိမ်း၏ မူလဓာတ်ဖွဲ့စည်းပုံနှင့် ကျောက်သားအခံ ( မျိုး ) တို့အပေါ်တွင် အဓိကတည်မှီနေကြောင်း တွေ့ရပါသည် ။

ထို့ပြင် အရိုင်းတုံး၏ မျက်နှာပြင်အနေအထားနှင့်အရောင်သည် ဥတုချေမွခြင်းဖြစ်စဉ်နှင့် တိုက်ရိုက် ဆက်စပ်နေပါသည် ။ ကျောက်စိမ်းအခွံအမျိုး ကျောက်အခွံတစ်ခုနှင့်တစ်ခုသည် အထူအပါး ၊ အရောင် နှင့် ကျောက်သားကြပ်ခြင်း ၊ ကျွတ်ခြင်း ၊ ပွခြင်း ၊ ရွခြင်း စသည်တို့၌ အားလုံးကွာခြားပါသည် ။ အရိငုးတုံးအခွံ၏အထူသည် ရေတွင်မျောပါသော ရေဆောင်ကျောက်ကုံးပေါ်တွင် တူးဖော်ရရှိသော ကုန်းကျောက်စသည်တို့နှင့် ဆက်နွယ်လျှက်ရှိသည် ။  
အရိုင်းတုံးအခွံ၏အရောင်နှင့် ဖွဲ့သား သဘာဝတို့သည် ကျောက်စိမ်း၏ အတွင်းပိုင်း ဓာတ်ဖွဲ့စည်းပုံပေါ်တွင် မူတည်ပါသည် ။ ဂျေးဒိုက်ကျောက်စိမ်း၏ အခွံအမျိုးအစားသည် ကျောက်စိမ်း၏ အတွင်းပိုင်းရှိ အရည်အသွေး ကို အဆုံးအဖြတ်ပေးရန် အဓိကကျသောလမ်းညွှန်ချက်များတွင် တစ်ချက်အပါအဝင်ဖြစ်သည် ။
 ကျောက်စိမ်းကုန်သည်များသည် ကျောက်စိမ်းအရိုင်းတုံး၏ အခွံအမျိုးအစားကို အထူးသတိထား၍ စစ်ဆေးကြ၏ ။ အကြောင်းမှာ ကျောက်စိမ်းအခွံ၏ အခြေအနေ နှင့် သဘာဝသည် ကျောက်စိမ်း၏ အတွင်းပိုင်းအသားခံဖြင့်လည်းကောင်း ၊ အရောင်သဘာဝဖြင့်လည်းကောင်းနီးစပ်စွာဆက်စပ်နေသည်ဟု ယုံကြည်ထားကြခြင်းကြောင့်ဖြစ်၏ ။
 ကျေက်စိမ်းအရိုင်းတုံးကြီး၏ အခြေအနေကို ကြည့်ရှု့စစ်ဆေးခြင်းဖြင့် အတွင်းပိုင်းရှိ ကျောက်စိမ်း၏ ဖွဲ့သားအသားခံနှင့် အရောင်ကိုသိရှိရန် လမ်းညွှန်ချက်ရရှိနိုင်ပါသည် ။ ဤအချက်သည် မပိုင်းဖြတ်ရသေးသော အရိုင်းတုံးကြီးများ၏တန်ဘိုးကို သတ်မှတ်ရန် အရေးကြီးဆုံး အထောက်အထားတစ်ရပ်ဖြစ်၏ ။ ကျောက်စိမ်းအရိုင်းတုံးကြီး၏ အခွံကို လေ့လာသုံးသပ်၍ ၄င်း၏အတွင်းပိုင်းရှိအရည်အသွေးကို အကဲဖြတ်ရန် အလွန့်အလွန်ခက်ခဲလှပါသည် ။ 
သို့သော် အချို့သောအရိုင်းတုံးများကို ၄င်း၏ အခွံကိုလေ့လာ၍ ရံဖန်ရံခါ မှန်ကန်စွာ အကဲဖြတ်နိုင်ပါသည် ။ အရောင်၏ သဘာဝနှင့် ဖွဲ့သားအသားခံ အမျိုးအစား အချက်နှစ်ချက်အပေါ် အဓိကအခြေခံ၍ ကျောက်စိမ်းကုန်သည်တို့သည် ကျောက်စိမ်းအရိုင်းတုံး များကို အမျိုးအစား ( ၂၀ ) မှ ( ၂၀ ) ကျော်အထိ ခွဲခြားသတ်မှတ်ကြသည် ။


★ သဲဆန်သောအခွံ

ကျောက်စိမ်းအခွံပေါ်ရှိ ယမ်း ( အစေ့ ) များသည် အရွယ်အစားကြီး၍ သဲဆန်သောအစေ့ငယ်များကို 
လက်ဖြင့်ပွတ်၍ ခံစားသိရှိနိုင် ၏ ။ တစ်ခါတစ်ရံ ရွယ်သေးစေ့များကိုလည်း တွေ့နိုင်သည် ။ 
ဤအမျိုးအစားအခွံများကို ယေဘုယျအားဖြင့် သဲဆန်သောအခွံ ဟုခေါ်ပြီး အရောင်အပေါ်မူတည်၍ အောက်ပါအတိုင်း အမျိုးအစားများ ထပ်မံခွဲခြားသတ်မှတ်ပါသည် ။

★အဖြူရောင်ဆန်သောအခွံ

ဤကျောက်စိမ်းအရိုင်းတုံးအခွံ၏အရောင်သည် အဖြူရောင် ဖျော့ ဖြစ်သည် ။ အရောင်မဲ့နီးပါးဖြစ်ပြီး မီးခိုးရောင်အနုကို အများဆုံးတွေ့ရ၏ ။ ဤအခွံအမျိုးအစားရှိသော အရိုင်းတုံး၏ အတွင်းပိုင်း၌ အရည်အသွေးကောင်းသော အစိမ်းရောင်ကို တွေ့ရလေ့မရှိချေ ။

★အဝါရောင် သဲဆန်သော အခွံ

အဝါရောင် သဲဆန်သောအခွံ များကို အဝါနုရောင် ၊ မြေဝါရောင်နှင့် အညိုရောင် သန်းသောအဝါရောင် စသည်ဖြင့်တွေ့ရ၏ ။ အထူအပါး အမျိုးမျိုးရှိပြီး အချို့သော အဝါရောင်ဆန်သောအခွံများသည် စင်တီမီတာ အနည်ငယ်အထိ ထူသည် ။  
ဤအခွံအမျိုးအစားတွင် ကျောက်စိမ်းတွင်းထွက်များ၏ ယမ်း ( အစေ့ဖွဲ့ကျောက်သား ) ကိုကောင်းစွာ တွေ့မြင်ရ၏ ။
ဤအခွံအမျိုးအစားရှိသော ကျောက်စိမ်းအရိုင်းတုံး များတွင် အစိမ်းရောင် ပါဝင်မှု့အချိုးအစားများသော်လည်း အရောင်ညီညာမှု့မရှိချေ ။ ဤအရိုင်းတုံးတွင် တောက်ပ၍ပီပြင်ထင်ရှားသော အစိမ်းရောင် အကြောများကို တွေ့ရတတ်ပါသည်။ ( ၁၉၉၃ ) ခုနှစ် မြန်မာ့ ကျောက်စိမ်း လေလံတင်ပွဲတွင် အနည်းငယ် ကွမ်ချက်ပြထားသော ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို ကြမ်းခင်းဈေးထက် ဆယ်ဆကျော်ပေး၍ ဝယ်ယူသွားပါသည် ။ 
 ယင်းကျောက်စိမ်းအရိုင်းတုံးသည် အဝါရောင် သဲဆန်သောအခွံ အမျိုးအစား ဖြစ်ပြီး အစိမ်းရောင် အကြောများကို လည်းတွေ့ရ၏ ။ 
အဝါရောင်သဲဆန်သောအခွံ၏အဝါရောင်သည် လီမွန်နိုက်သံ ( lemonite ) ပါဝင်မှု့ကြောင့်ဖြစ်သည် ။
 ကျောက်တွင်ပါဝင်ဖွဲ့စည်းထားသော သံဓာတ်သည် ဓါတ်ပြိုကွဲခြင်းဖြစ်ကာ လီမိုနိုက်သို့ပြောင်းလဲသွား၍ အဝါရောင်အခွံ ဖြစ်ပေါ်ရခြင်းဖြစ်၏ ။ 
ဤအခွံအမျိုးအစားများသည် ကျောက်စိမ်းအရိုင်းတုံးများတွင် အတွေ့ရများသော အခွံအမျိုးအစားဖြစ်၏ ။

★သံဓါတ်ပါ သဲဆန်သောအခွံ

ဤကျောက်စိမ်းအရိုင်းတုံး၏အခွံသည် အနီရောင် သန်းသော အညိုရောင်ဖြစ်သည် ။ ဂျေးဒိုက်ကျောက်တွင်ပါဝင်ဖွဲ့စည်းထားသော သံဓာတ်သည် ဓာတ်ပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် ဤအရောင်ဖြစ်ရခြင်းဖြစ်၏ ။ ယင်းအရိုင်းတုံးသည် ကြမ်းတမ်းသောမျက်နှာပြင်ရှိပြီး သံချေးတက်နေသောလွှာချပ် အနေအထားကိုတွေ့ရ၏ ။ သံဓာတ်ပါ၍ သဲဆန်သောအခွံရှိသည် ။ ကျောက်စိမ်းအရိုင်းတုံးသည် လုံးဝိုင်းသောပုံသဏ္ဍာန်မရှိ ၊ အချိုင့်အခွက်အဖုအထစ်များပါသော ပုံသဏ္ဍာန်ဖြင့် တွေ့ရတတ်၏ ။ အတွင်းပိုင်းကျောက်စိမ်းသည် ရေခဲသား အမျိုးအစား ဖြစ်တတ်၏ ။ကောင်းမွန်သော ကျောက်သား အသားခံရှိပြီး ပီပြင်ထင်ရှားသော အစိမ်းရောင် အကြောများကိုလည်း တွေ့ရတတ်၏ ။

★ အမည်းရောင် ဆန်သော အခွံ

ဤအမျိုးအစား အရိုင်းတုံး၏ အခွံသည် မည်းနက်သောအရောင်ရှိ၏ ။ တစ်ခါတစ်ရံ အဖြူရောင်ျေကာက်စိမ်း တွင်းထွက်အစေ့အခဲ အနည်းငယ် ရောနှော ပါဝင်ခြင်းကြောင့် အရောင်မှာ မီးခိုးရောင် ဖြစ်နေတတ်၏ ။ဤအခွံမျိုးရှိ အရိုင်းတုံးတွင် အစိမ်းရောင်လည်းတွေ့နိုင်၏ ။
အတွေ့အကြုံများသော ကျောက်ကုန်သည်တို့သည် အရိုင်းတုံးကိုဝယ်ယူသောအခါ အခွံ၏အရောင် ၊
အတိမ်အနက် ၊ အထူအပါးနှင့် အသားခံ ၊ ယမ်းသဘာဝကို အထူးဂရုစိုက်စစ်ဆေးကာ ဝယ်ယူလေ့ရှိ၏ ။ 
၎င်းတို့၏အယူအဆမှာ အမဲရောင်သဲဆန်သောအခွံရှိ ကျောက်စိမ်းအရိုင်းတုံးမှ အစိမ်းရင့်သောကျောက်
စိမ်းကို ရနိုင်ပြီး အရည်မှာ ပြည့်ဝစိမ်းစိုသောအရောင် ဖြစ်နိုင်ချေအလားအလာပို၍ရှိသည် ။
အမှန်စင်စစ် အစိမ်းရင့်လွန်းသောအရောင်ဖြစ်ပြီး ၄င်းသည်အစိမ်းရောင်ဖြစ်စေသည့် ခရိုမီယမ်ဓာတ်စင်
ပြည့်ဝစွာ ပါဝင်ဖွဲ့စည်းထားသောကြောင့်ဖြစ်သည် ။  
ဤအခွံအမျိုးအစား ကျောက်စိမ်းအရိုင်းတုံးမှ ပြည့်ဝစိမ်းစိုသော အရည်အသွေးကောင်းသည့် ကျောက်စိမ်းကို မကြာခဏ ရတတ်သည့်အပြင် တွေ့ရသောထုထည်ပမာဏမှာလည်း ကြီးမားပါသည် ။
 ကျောက်စိမ်းကုန်သည် အချို့တို့သည် ဤအခွံအမျိုးအစားရှိသော ကျောက်စိမ်းအရိုင်းတုံးတို့ဖြင့် ကြွယ်ဝ
ချမ်းသာခဲ့ကြ၏ ။ ဤအခွံအမျိုးအစားတွင် အမည်းရောင်အစက်အပျောက်များလည်း ပါဝင်နိင်၏ ။ 
အကယ်၍ အမည်းရောင်အစက် အပျောက်များသည် သေးငယ်ပြီး အရေအတွက်များစွာ ပါဝင်နေပါက
ယင်းတို့ကိုဖြတ်သွေးသောအခါ ဖယ်ထုတ်ပစ်ရန်ခက်ခဲသဖြင့် အရိုင်းတုံး၏တန်ဘိုးကို များစွာကျဆင်းစေပါ
သည် ။ 
 ကျောက်စိမ်းအရောင်းအဝယ်လောကတွင် စကားပုံတစ်ခုရှိရာ ၄င်းမှာ " အမည်းရောင်သဲဆန်သော အခွံသည် လူများစွာကို ချမ်းသာစေခဲ့သလို လူများစွာကိုလည်း ဆင်းရဲမွဲတေစေခဲ့ပါသည် ။ 
စွန့်စားရသော လောင်းကစားဆန်သော ကျောက်စိမ်းအရိုင်းတုံးမျိုးဖြစ်သည် ။ ကျွမ်းကျင်သူများ၏ အခိုင်အမာပြောကြားချက်အရ ကွမ်ချက်တွင်တွေ့ရသော အသားခံကို အသေအချာကြည့်ရှု့၍ ဤကျောက်စိမ်းအရိုင်းတုံး၏တန်ဘိုးကို သတ်မှတ်ရပါသည် ။

★  ရေကျောက်

ရေကျောက်အမျိုးအစား ကျောက်စိမ်းအရိုင်းတုံး ၏အခွံကို လက်ဖြင့်ကိုင်ကြည့်ပါက မျက်နှာပြင်ချောမွေ့ 
့ကြောင်း တွေ့ရပြီး မျက်နှာပြင်ပေါ်တွင် သဲစေ့လေးများ မရှိချေ ။ 
အခွံမှာ အလွန်ပါးပြီး အများစုမှာ အညိုရောင် ဖြစ်ပြီး မီးခိုးရောင် ၊ အမဲ ၊ အညိုနှင့် အဝါရောင်စသည်ဖြင့်   တွေ့ မြင်နိုင်၏ ။ 
အတွင်းပိုင်းရှိ ကျောက်စိမ်း၏ အရောင်သဘာဝကို အခွံကို ဖောက်၍တွေ့မြင်နိုင်ပြီး တွေ့မြင်ရသော အစိမ်း ရောင်မှာ အစိမ်းနုမှ ပီပီပြင်ပြင်စိမ်းသော အစိမ်းရောင်အထိ တွေ့ရ၏ ။ 
 ရေကျောက်တွင် ပထမတန်းစား ၊ ကျောက်ဖွဲ့သား ၊ အသားခံ တွေ့ရသည် ။ အခွံပါးလေ သဲခွံကျောက်စိမ်းတုံးများထက် အစိမ်းရောင် ပါဝင်မှု့ပိုများလေဖြစ်ပြီး ဈေကောင်းပို၍ရနိုင်၏ ။
 ရေကျောက်များ ပေါ်လာရခြင်းမှာ ကျောက်စိမ်းတုံး ကြီးများသည် ဥရုမြစ်ကြောင်းတစ်လျှောက်နှင့် ချောင်းများတစ်လျှောက် ကာလကြာမြင့်စွာ လိမ့်မျော၍ သယ်ယူပို့ဆောင်မှု့ခံရခြင်းကြောင့် ဖြစ်၏ ။ 
ကျောက်စိမ်းတုံးကြီးများသည် မြစ်များ ၊ ချောင်းများ၏ အောက်ခံကြမ်းပြင်နှင့် ပွတ်တိုက်စားခံရခြင်းကြောင့်လည်းကောင်း ၊ ၄င်းတို့အချင်းချင်း ပွတ်တိုက်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လာရခြင်းဖြစ်၏ ။ 
ထို့ကြောင့် ကျေက်စိမ်းတုံးကြီးများ၏ ကျစ်လစ်ခိုင်ခံသော အတွင်းပိုင်း သာလျှင်ကျန်ရစ်ခဲ့၏ ။ ရေကျောက် အများစုမှာ ကျောက်သားအသားခံကောင်းမွန်၍ အလင်းပေါက်ခြင်းဆိုင်ရာ ဂုဏ်သတ္တိလည်း ကောင်းမွန်၏ ။ 

ဤအခွံရှိသော ကျောက်စိမ်းအရိုင်းတုံးမှ အရည်အသွေး မြင့်မားသော ကျောက်စိမ်းရရှိတတ်ပါသည် ။

★ ကွေသားအခွံရှိ ကျောက်စိမ်းအရိုင်းတုံး

ဤကျောက်စိမ်းအရိုင်းတုံး၏ အခွံသည် အတွင်းပိုင်းရှိ ကျောက်စိမ်းကို အပြည့်အဝ ဖုံးအုပ်ထားသဖြင့်
အတွင်းပိုင်းရှိ ကျောက်စိမ်း၏ အရောင် ၊ အလင်းပေါက်ခြင်းဆိုင်ရာ ဂုဏ်သတ္တိနှင့် အသားခံသဘာဝတို့ကို ခန့်မှန်းရာ၌ သေချာမှု့လုံးဝမရှိတော့ပေ ။ 
ယင်းအခွံ၏ အစိတ်အပိုင်း အချို့ကို ကွမ်ချက်ချပြီး အတွင်းပိုင်းရှိ ကျောက်စိမ်း၏ အရည်အသွေးကို အား  ကောင်းသော လက်နှိပ်ဓာတ်မီး၏ စူးရှသော အလင်းရောင်ဖြင့် ဆုံးဖြတ်နိုင်၏ ။" ကွမ်ချက် " သေးလျှင်  ကျောက်စိမ်းအရိုင်းတုံး၏ တန်ဖိုးဖြတ်ရန် ခက်ခဲပြီး ကွမ်ချက်ကြီးလျှင် အရိုင်းတုံး၏ တန်ဖိုးဖြတ်ရန် ပိုမို
လွယ်ကူပါသည် ။ 
အတွေ့အကြုံရင့်ကျက်သော ကျောက်ကုန်သည်တို့သည် " လောင်းကစားကျောက် " များကို ဝယ်ယူခြင်း
ဖြင့် ကံစမ်းလိုကြ၏ ။ အတွေ့အကြုံမရှိသောကုန်သည်များအနေဖြင့် ဤကဲ့သို့သော စွန့်စားမှု့မျိုးကို မပြု
လုပ်သင့်ပေ ။

★ သန့်ရှင်းကြည်လင်သောကျောက်

ဤကျောက်စိမ်းအရိုင်းတုံးများသည် အခွံမဲ့နီးပါးဖြစ်၏ ။ ယင်း ကျောက်စိမ်းအရိုင်းတုံး၏ အရောင် ၊
အသားခံနှင့် အလင်းဆိုင်ရာ ဂုဏ်သတ္တိအားလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရ၏ ။

★ တစ်ခြမ်းမည်း တစ်ခြမ်းကြည် ကျောက်စိမ်းတုံး

ဤ အမျိုးအစား ကျောက်စိမ်းအရိုင်းတုံးတွင် အခွံတစ်ခြမ်းကို ကွမ်ချက်ြပ ထား၏ ။ အတွင်းပိုင်းရှိကျောက်စိမ်း၏ အရောင်နှင့် အသားခံကို ပိုမိုတွေ့မြင်ရသော်လည်း ကျောက်၏အခြားအရည်အသွေးကိုသိရှိရန် 
ဆက်လက်လေ့လာစူးစမ်းရပါမည် ။ နိုင်ငံတော် အစိုးရ၏ ကျောက်စိမ်း လေလံပွဲများတွင် ဤအမျိုးအစား ကျောက်စိမ်း အရိုင်းတုံးများကို အများအပြား တွေ့ရ၏ ။

★ ကျောက်စိမ်း အရိုင်းတုံး၏ အရည်အသွေး

ကျောက်စိမ်းအရိုင်းတုံး လေလံတင်ရောင်းချပွဲများတွင် ကျောက်စိမ်းအရိုင်းတုံးများကို ယင်းတို့၏ အရည်အသွေး အလိုက် အတန်းအစားများ ခွဲခြားသတ်မှတ်ထားပါသည် ။ အရည်အသွေး အတန်းအစားများ ခွဲခြားရာတွင် အောက်ပါအချက်များကို အခြေခံထားကြောင်း တွေ့ရပါသည် ။

(၁) အရောင်အမျိုးအစားနှင့် ပါရှိသောအရောင်များ၏အချိုးအစား
(၂) အရောင်စွဲဝင်နေသော ကျောက်သားထု၏ အတိမ်အနက် ၊ အထူအပါး ၊ အကျယ်ပြန့်အတိုင်းအတာ 
(၃) အရောင်၏ ပီပီပြင်ပြင်ရှိမှု့
(၄) အလင်းပေါက်ခြင်းအတိုင်းအတာ
(၅) ကျောက်သား အသားခံ
(၆) အက်ရာများ ၊ အနာများ၏ အခြေအနေ တို့ဖြစ်ပါတယ် ။


Ref:ကျောက်စိမ်းအကြောင်းပြောကြရအောင် FB မှကူးယူးဖော်ပြထားတာပါ... https://www.facebook.com/Jade.geegymoony/?


No automatic alt text available.
No automatic alt text available.
No automatic alt text available.
Image may contain: food

Image may contain: water

Image may contain: outdoor and water
No automatic alt text available.No automatic alt text available.
Image may contain: foodImage may contain: outdoor and nature
No automatic alt text available.
.......

ယူရေနီယမ် (Uranium)

ဒါကတော့ ယူရေနီယမ် (Uranium) လို့ခေါ်တဲ့ တွင်းထွက် သတ္တု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ ရွှေဘို မိုးကုတ် သပိတ်ကျင်းတဝိုက်မှာထွက်ရှိပါတယ်။
သူကလည်းအရမ်းအဖိုးတန်ပါတယ်..

Image may contain: outdoor and nature

ယူရေနီယမ် သတ္တု ကို ဘယ်တွေမှာအသုံးပြုသလဲဆိုရင် နျူကလီးယားဓာတ်ပေါင်းဖိုလောင်စာနှင့်နျူကလီးယားရေငုပ်သဘောင်္ပါဝါ..နျူကလီးယားစစ်လက်နက်နှင့်စစ်တပ်သုံးကရိယာတွေမှာအများဆုံးအသုံးပြုပါတယ်။


ရတနာပုံ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးတာကတော့ ယူရေနီယံဟာအဖျက်စွမ်းအား အလွန်ကြီးမားပါတယ်။
၁၉၄၅၊ သြဂုတ်လ (၆) ရက်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ပေါ်ကို အရှည် ၁၀-ပေရှိတဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီး တစ်မိနစ်အတွင်းမှာ တစ်မိုင်ပတ်လည်မှာရှိတဲ့ သက်ရှိ၊သက်မဲ့ အရာတွေအားလုံး ပြာကျခဲ့ပါတယ်။ ဗုံးပေါက်ကွဲအားကြောင်း ဖြစ်ပေါ်လာတဲ့ မီးတောက်မီးလျံတွေကလည်း နောက်ထပ်မိုင်ပေါင်းများစွာကို မုန်တိုင်းလို တိုက်ခတ်ဝါးမြိုခဲ့တဲ့အတွက် လူပေါင်းထောင်ပေါင်းသောင်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဒါဟာ စစ်ပွဲမှာ အက်တမ်ဗုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပါပဲ။ အက်တမ်ဗုံးကို ဒီလောက်အဖျက်စွမ်းအား ကြီးမားစေတာကတော့ ယူရေနီယံသတ္တုပါပဲ။ ယူရေနီယံဟာ ရေဒီယိုသတ္တိကြွတဲ့ သတ္တုတစ်မျိုးပါ။ နျူကလိယပ် တစ်လုံးထဲမှာ နျူထရွန်အရေအတွက်ကွာခြားမှုပြ အိုင်ဆိုတုပ် ယူရေနီယံ-၂၃၅ ရှိတဲ့အတွက် နျူကလီးယား ဓါတ်ပေါင်းမယ့်ဒဏ်ကို ခံနိုင်မယ့် တစ်မျိုးတည်းသော သတ္တုဖြစ်ပါတယ်။

ယူရေနီယံကို သဘောပေါက်နားလည်ဖို့  ရေဒီယိုသတ္တိကြွမှုကို အရင်နားလည်ဖို့ လိုပါတယ်။ ရေဒီယိုသတ္တိကြွတယ် ဆိုတာ နျူကလိယညးတွေ မတည်ငြိမ်တာကိုပြောတာပါ။ အဲဒီသတ္တုဟာ နျူကလိယား တည်ငြိမ်သွားတဲ့ အခြေအနေ တစ်ခုကို ရောက်တဲ့အထိ ဆက်တိုက်ယိုယွင်းပျက်စီးလာတာပါ။

၁၈၉၇ မှာ ပြင်သစ်ရူပဗေဒပညာရှင် ဟင်နရီ ဘက်ကွီရယ် က ယူရေနီယမ်ဆားပွင့်အချို့ ကို ဓါတ်ပုံပလိပ်ပြားပေါ်တင်ပြီး အလင်းနဲ့ ယူရေနီယမ်ဆားပွင့်တွေ ဘယ်လိုဓါတ်ပြုသလဲဆိုတာကို လေ့ခဲ့တဲ့အခါ ပလိပ်ပြားဟာ မှိုင်းထလာတာကိုတွေ့ ရတဲ့အတွက် ယူရေနီယမ် ဆားပွင့်တွေကနေ တစ်ခုခုကိုထုတ်လွှတ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒီတွေ့ ရှိမှုနဲ့ ပဲ ဘက်ကွီရယ်ဟာ ၁၉၀၃ ခုနှစ် ရူပဗေဒဒဆိုင်ရာ နိုဘယ်ဆုကို မယ်ရီကျူရီနဲ့  ပီယယ်ရီကျူရီ တို့ နဲ့ တွဲဖက်ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ယူရေနီယမ်အကြောင်းကို အတိအကျမှတ်တမ်းတင်ခဲ့ရာမှာ ဒြပ်စင်အမှတ် ၉၂၊ ဒြပ်စင်သင်္ကေတ U ဒြပ်စင်အလေးချိန် ၂၃၈ ဒသမ ၀၂၈၉၁၊ ကျစ်လျစ်မှု တစ်ကျူးပစ်စင်တီမီတာလျင် ၁၈ ဒသမ ၉၅ ဂရမ်၊ အခန်းတွင်း အပူချိန်တွင် အခဲ၊ အရည်ပျော်မှတ် ၂၀၇၅ ဒီဂရီဖာရင်ဟိုက်၊ ရေဆူမှတ် ၇၄၆၈ ဖာရင်ဟိုက်၊ အိုင်ဆိုတုပ်အရေ အတွက် ၁၆၃၊ အတွေ့ အရအများဆုံး အိုင်ဆိုတုပ် U-234, U-235, U- 238 တို့  ဖြစ်ပါတယ်။

စကြာဝဋ္ဌာကြီးထဲမှာ ယူရေနီယမ်သတ္တုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ ဒသမ ၆ ဘီလီယံတုန်းက အလွန်တောက်ပတဲ့ ကြယ်ကြီးတစ်လုံးကနေ စတင်ခဲ့တာလို့  ကမ္ဘာ့နျူကလီးယားအသင်း က ဖော်ပြထားပါတယ်။ ယူရေနီယမ်ကို ကမ္ဘာ တ၀န်းမှာ တွေ့ ရှိရပြီး သဘာဝကျောက်စိုင်ကျောက်ခဲတွေနဲ့  ရောနှောနေလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အတွေ့ ရ အများဆုံး ကျောက်သားနဲ့ သတ္တုစာရင်းမှာ အမှတ်စဉ် ၄၈ ဖြစ်ပြီး ငွေထက်အဆပေါင်း ၄၀ ပိုပြီးတော့ ဖောဖောသီသီ တွေ့ ရလေ့ရှိပါတယ်။

ယူရေနီယံနဲ့  ရေဒီယိုသတ္တိကြွမှုနဲ့ က ဒွန်တွဲနေလေ့ရှိပါတယ်။ ရေဒီယိုသတ္တိကြွရင် ဖော်ပြခဲ့တဲ့အတိုင်း မရပ်မနား ယိုယွင်းပျက်စီးပါတယ်။ ဒါပေမယ့် ယူရေနီယံရဲ့  ယိုယွင်းပျက်စီးမှုနှုန်းက နှေးလွန်းလေတော့ U-238 အမျိုးအစား ဟာဆိုရင် သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံတောင် ရှိနေပါပြီ။ U-235 က သက်တမ်း နှစ်ပေါင်း သန်း ၇၀၀ အနည်းဆုံးရှိနေပြီးတော့ သက်တမ်းအတိုဆုံးဖြစ်တဲ့ U-234 တောင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၄၅,၅၀၀ ရှိပြီ ဖြစ်ပါတယ်။ နှိုင်းပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရေဒီယိုသတ္တိအကြွဆုံသတ္တုက ပိုလိုနီယမ်ပါ။ သက်တမ်း ၁၃၈ ရက်ပဲ ရှိပါတယ်။

ဒါတွေကြောင့်လည်း ယူရေနီယံဟာ နျူကလီးယား ဆင့်ကဲဖြစ်စဉ်ကို ခံနိုင်တာဖြစ်ပါတယ်။ U-235 ရဲ့
 နျူကလိယ တစ်ခုနှာ နျူထရွန် ၁၄၃ လုံး ရှိပါတယ်။ လွတ်နေတဲ့ နျူထရွန်တစ်လုံးက အက်တမ်နဲ့ ဝင်တိုက်မိရင် နျူကလိယကို နှစ်ခြမ်းကွဲစေပြီး နျူရွန်အရေအတွက် ပိုလာစေပါတယ်။ အဲဒီနျူရွန်တွေက နီးစပ်ရာ
အက်တမ်များကို ထပ်ပြီး ၀င်တိုက်ပါတယ်။ အဲဒီမှာ နျူရွန်အရေအတွက်တွေ ပိုများလာပါတယ်။
ဒီဆင့်ကဲဖြစ်စဉ်တွေကနေ အပူကိုထုတ်လွှတ် ပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခုမှာ ဒီအပူကို
 ရေဆူအောင်ကျိုဖို့  အသုံးပြုပါတယ်။ ရေဆူရင်ထွက်လာတဲ့ ရေငွေ့ ကိုအသုံးပြုပြီး ရေနွေးငွေ့ စွမ်းအင်နဲ့  လျှပ်စစ်ဓါတ်အားထုတ်လုပ်ပါတယ်။

ဟီရိုရှီးမားကို ပြာကျသွားစေခဲ့တဲ့ အက်တမ်ဗုံးမျိုးဟာဆိုရင် နျူရွန်ကအက်တမ်ကိုထိပြီး ပေါက်ကွဲ၊
 ပေါက်ကွဲတော့ အပူထွက်၊ အပူထွက်တော့ နျူရွန်တွေက အက်တမ်ကိုထပ်ထိ၊ ထပ်ထိတော့ နျူရွန်အသစ်တွေထပ်ဖြစ်နဲ့  အလွန် ကြီးမားတဲ့စွမ်းအင်ကြီးတစ်ခု တမုဟုတ်ခြင်းဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုအသွင်ကို ဆောင်သွားတာဖြစ်ပါတယ်။ ဟီရိုး ရှီးမားကို ဖျက်စီးခဲ့တဲ့ အက်တမ်ဗုံးဟာ ပေါက်ကွဲမှုပမာဏ ၁၅ ကီလို
တန် ရှိခဲ့ပါတယ်။

ဒီလောက်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်လာအောင်လို့  ယူရေနီယံ ၂ ဒသမ ၂ ပေါင် ကိုပဲ အသုံးပြုခဲ့တာ
 ဖြစ်ပါတယ်။ 

ယူရေနီယမ်ရဲ့ အက်တမ်၊နျူရွန်တို့ ဆင့်ကဲပေါက်ကွဲပြန့် ပွားမှုအား ပိုကောင်းလာဖို့  နျူကလီးယားနည်းပညာရှင် တွေက ယူရေနီယံကို သန့် စင်ကြပါတယ်။ သဘာဝအတိုင်းရရှိတဲ့ ယူရေနီယံဟာ အိုင်ဆိုတုပ်
ဝ ဒသမ ၇ U-235 ပဲ ရှိပါတယ်။ U-235 ရဲ့ စွမ်းပကားကို ပိုကောင်းလာအောင်လို့  ယူရေနီယံကိုဂက်စ်ပေး  ပြီး အိုင်ဆိုတုပ်တွေကို ခွဲထုတ် ပါတယ်။ အသန့် စင်ဆုံး ယူရေနီယမ်မှာ U-235 အိုင်ဆိုတုပ် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။


နျူကလီးယားဗုံးတွေရဲ့ အဖျက်စွမ်းအားကြီးမားပုံ၊ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် မပြန့် ပွားရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်နေရပုံတို့ ကို တစေ့တစောင်း နားလည်သဘောပေါက်စေဖို့  ယူရေနီယမ်အကြောင်းကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


၂၀၁၇ခုနှစ် (၅၄) ကြိမ်မြောက် နေပြည်တော်ကျောက်စိမ်း ကျောက်မျ က်ပြပွဲ


(၅၄) ကြိမ်မြောက် နေပြည်တော်ကျောက်မျ က်ပြပွဲမှာ တင်ပြရောင်းချ သည့်အတွဲတော်တော်များများ
မှာ ကျွ န်တော်အဖို့ဗဟုသုတ နဲ့ ဘယ်လောက်ရောင်း ထွက်သလဲသိချ င်တာကလွှဲ၍ ဘာမှမတက်နိုင် -

ကျောက်သမားဆိုတော့ နိုင်သလောက်လေး ဝယ်မယ်ဆိုပြီး ကိုယ်နဲ့တန်ရာတန်ရာလေးလိုက်ကြည့်ရင်း နဲ့အလုံးအရင်းငွေသားလက်ငင်းချမပေးရတော့စက္ကူပေါ်မှာရေးလိုက်တဲ့ဂဏန်းလေးကိုပေါ့ပေါ့ပါးပါး
ရေးလိုက်တာပေါ့ဗျာ ။

ပြပွဲထဲမှာမိတ်ဆွေအပေါင်းအသင်းစုံတော့ ကျ န်တဲ့ကိစ္စ မတွေးဖြစ်ဘူးလေ-
ညနေ အခန်းပြန်ရောက်တော့ စဉ်းစားမိတာကဝယ်လို့သာရခဲ့ရင်ဈေးကွက်ရဲ့အခြေအနေရှာရမည့်ငွေ
အမောက်ငွေပေးချေ ရန်အချိ န်ကာလက ၂ လ အမြတ် အရှုံးက ဒုတိယ ..ပူရမှာက ပထမ
အဲဒီလောက်ထိတော့စဉ်းစားထားမိတယ်ဗျာ-
အပူ နဲ့ အအေး ကြို က်ရာရွေးလိုက်တာကတော့ဈေးကွက်မျ က်ခြေမပြတ်အောင် ပညာဘဲယူလိုက်တော့ မယ်ဗျာ ။


Lot No-4958 (3Pieces) 64 Kg~ € 12Million

Image may contain: food


No automatic alt text available.

Image may contain: water

No automatic alt text available.



Image may contain: food





Image may contain: food

Lot No 4953 (2Pieces) 17Kg~ € 5 Million
No automatic alt text available.

Image may contain: food

No automatic alt text available.

Image may contain: food

No automatic alt text available.

Image may contain: one or more people and candles

Image may contain: one or more people and people sitting

Image may contain: indoor

No automatic alt text available.

No automatic alt text available.
No automatic alt text available.



No automatic alt text available.

No automatic alt text available.No automatic alt text available.

No automatic alt text available.

Image may contain: food

No automatic alt text available.
Image may contain: food


No automatic alt text available.

No automatic alt text available.

Image may contain: outdoor

No automatic alt text available.

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/20525724_1460441784001915_6566405852802840833_n.jpg?oh=ffd22009c467292d2087653616512c87&oe=59F736A2

No automatic alt text available.

Image may contain: one or more people

No automatic alt text available.
Image may contain: one or more people and people sitting

Image may contain: one or more people, people standing and outdoor

No automatic alt text available.















No automatic alt text available.

No automatic alt text available.

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/20604309_1462891003756993_5717671388231594691_n.jpg?oh=60750a4604ee2daaafa5b9ffa8900b7b&oe=59F4323C

No automatic alt text available.

Image may contain: one or more people and people sitting

Image may contain: shoes and outdoor

No automatic alt text available.

No automatic alt text available.

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/20597399_1460440937335333_1765880384646815627_n.jpg?oh=09c39109cfcca502fb3cc27b31cf2906&oe=59F1E5D4

Image may contain: 1 person

ကျောက်​စိမ်းအ​ကြောင်း​ပြောကြရ​အောင်​..


ကျောက်​ သား ရဲ့ ညက်​​ညော လှပမှု ဟာ ​ကျောက်​စိမ်း ရဲ့ အ​ရေ အ​သွေး ဆုံးဖြတ်​ရာမှာ အဓိကအချက်​တခုဖြစ်​တယ်​။ 
ဒါဟာ ​ကျောက်​ စိမ်းကို ဖွဲ့စည်း ထားတဲ့ယမ်းဖတ်​​လေး​တွေရဲ့ အရွယ်​၊ တခုနဲ့တခု တွဲဆက်​မှု၊ တခြား ဓာတုအ​ရောအ​နှော​တွေပါဝင်​ မှု​ပေါ်မှာမှီခို​နေတယ်​။
ယမ်း​သေးရင်​၊ ကျစ်​လစ်​တွဲဆက်​ရင်​၊ အ​ရော​နှော impurities နည်း ရင်​ ​ကျောက်​သား​ကောင်းတယ်​၊ transparency အလင်း​ပေါက်​အား ​ကောင်းတယ်​။ polish အတင်​ခံတယ်​။ polish တင်​ရင်​​ပြောင်​တက်​လာတဲ့အတွက်​​ကျောက်​ အဆီရှိတယ်​လို့ တင်​စား​ပြောကြတယ်​။ 
တကယ်​လို့ မူလက အရည်​အသား ​ကောင်းခဲ့တဲ့​ကျောက်​ဟာ ရူပ၊ ဓာတု ပျက်​ပြုန်းခြင်း physical and chemical weathering ဖြစ်​ရင်​ အ​ရောင်​ ​ပြောင်း သွားမယ်​။ ပိုပွလာမယ်​၊ အလင်း​ပေါက်​အားလည်း​လျော့သွားတတ်​တယ်​။

ဒါ​ကြောင့်​လည်း ​ကျောက်​ စိမ်း မှာ အခွံနဲ့အတွင်း သားနဲ့အ​ရောင်​ မတူတာပါ။ ဒါဟာ ​ရေ ​ကျောက်​၊ gravel deposit ​တွေမှာအဓိက​တွေရတယ်​။ ​ဒါ​ပေမယ့်​ သူ့အခွံကိုကြည့်​ပြီး အတွင်းသားကိုနည်းနည်းမှန်းလို့ရတယ်​။ တထစ်​ချ​တော့​ပြောမရပါ။
နောက်​ လုံးစွပ်​လို့ကျွန်​​တော်​တို့​​ပြောကြတာက ပြတ်​​ရွေ့ဖြစ်​စဉ်​ faulting ​တွေမှာ ​ကျောက်​လွှာ​တွေပွတ်​တိုက်​ဆွဲအား​ကြောင့်​ ​ချော်​ခဲအမဲ​တွေ ဖုန်း​နေတတ်​တယ်​။ အဲဒီ​ချော်​​တွေ ကိုဖယ်​လိုက်​မှ အခွံ အတွင်း သား​ပေါ်လာတယ်​။ အဲဒါကို ​ကျောက်​​ဆေးတယ်​လို့​ခေါ်တယ်​။


အတွင်းသားကို​ဖော်​ပြဖို့အခွံလှပ်​တာကို ကွမ်​တယ်​လို့​ခေါ်တယ်​။

တချပ်​​မှောက်​ဖဲလို​ပေါ့! 
ပထမတချပ်​ မှာပြချက်​​ကောင်း​ပေမယ့်​​ခေါ်​ကြေးမများ​သေးဘူး၊ 
နောက်​ ပြချက်​ကလည်း များမယ်​။ ပြချက်​​တွေအား လုံးကလည်း ​ကောင်းမယ်​ ဆိုရင်​ ​ခေါ်​ဈေး​မြောက်​ပြီ​ပေါ့။ 
အဲတခုကွာတာက တချပ်​​မှောက်​က ၅ ချပ်​အထိပဲ။ 
ကျောက်​စိမ်း က​တော့​နောက်​ဆုံး လွှာချပ်​​တွေထုတ်​တဲ့အထိ၊ ​အ​လျော်​အစားကရှိ​နေတုန်းပဲ။ ဒါ​ကြောင့်​ လည်း ​နောက်​ပိုင်း မှာ အ​လျော်​အစား ​လောင်း ကစားမဆန်​တဲ့ လွှာချပ်​လိုင်း ပို ပြီး အား​ကောင်းလာတာ။
ရောင်းသူ​ရောဝယ်​သူ​ရော risk နည်းသွားတာ​ပေါ့။
အမြင်​အတိုင်း​ရောင်း ဝယ်​ကြတာ​ပေါ့။

No automatic alt text available.


*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!