Popular Posts!

Sunday, March 25, 2018

မြန်မာပြည်အတွက် နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားတိုးတက်ရေးဖြစ်တန်ချေများ



မြန်မာပြည်အတွက် နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားတိုးတက်ရေးဖြစ်တန်ချေများ
ပြီးခဲ့တဲ့ ကြာသပတေးနေ့(၁၅မတ်၂၀၁၈) ကြေးမုံသတင်းစာမှာ ပါတဲ့ ကုန်သွယ်မှု နဲ့ ပါတ်သတ်တဲ့ ဆောင်းပါးလိုလို သတင်းလိုလိုကနေ စိတ်ဝင်စားလို့ ကောက်နှုတ်ထားတာပါ။
မြန်မာ့ကုန်သွယ်မှုဟာ ယခုနှစ်မှာ အချုပ်အားဖြင့် ယခင်နှစ်ထက် ပို့ကုန် ၂ဘီလီယံကျော် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်လည်း ၂ဘီလီယံကျော် ပိုသွင်းခဲ့ပါတယ်တဲ့။ စုစုပေါင်းကုန်သွယ်မှု ပမာဏက ၄ဘီလီယံကျော်တက်လာပါတယ်။ ဒါပေမယ့်လည်း လျှောက်လှမ်းစရာ လမ်းကတော့ အများကြီးကို လိုနေသေးတာမို့ ကြိုးစားရမယ့် ကိစ္စလေးတွေကိုလည်း တွေးကြည့်မိပါတယ်။
ကျနော်တို့ မြန်မာပြည်လို နှစ်ပေါင်း ၆၀ကျော်လောက် ကမ္ဘာ့ဈေးကွက်နဲ့ ကုန်သွယ်မှုအဆက်ဖြတ်ပြီး ကိုယ့်ကုန်ပစ္စည်းတွေကလည်း ဈေးကွက်မှာ နေရာပျောက်နေဆဲ တိုင်းပြည်အနေနဲ့ တိုင်းပြည်တိုးတက်ဖို့ စီးပွားရေးကောင်းမွန်ဖို့ နဲ့ အစိုးရဝင်ငွေတွေ ပိုမိုရလာအောင် လုပ်ရမည့် အဓိက လုပ်ငန်းတွေဟာ ကုန်သွယ်မှုတိုးတက်ရေး၊ အထူးသဖြင့် ပို့ကုန်တိုးတက်ရေး နဲ့ သွင်းကုန်တွေကို ပြည်တွင်းမှာ ပိုမိုထုတ်လုပ်လာနိုင်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးဖြစ်ပါတယ်။ အဲဒီလို ပို့ကုန်ထုတ်လုပ်မှု နဲ့ သွင်းကုန်အစားထိုး ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်များပြား လာမှုကနေ အလုပ်အကိုင်အသစ်တွေ ပိုဖန်တီးလာနိုင်ပြီး လူတွေ အလုပ်အကိုင်အသစ်တွေ ပိုမိုရလာနိုင်ပါမယ်။ ရလာတဲ့ အလုပ်အကိုင်တွေကနေ လူအများအတွက် ခိုင်မာတဲ့ ဝင်ငွေတွေက တဆင့် ပြည်တွင်းဈေးကွက်စားသုံးမှု ပိုကြီးလာပြီး စီးပွားအခွင့်အလမ်းတွေ အလုပ်အကိုင်တွေ ထပ်မံပွားများလာစေဖို့ ဖြစ်ပါတယ်။ ဒီကိစ္စလေးက အလွန်ရိုးစင်းတဲ့ အခြေခံယူဆချက်ပါ။ ဒါကို သေချာကျနစွာနားလည်ပြီး ထိရောက်မှန်ကန်စွာ လုပ်ကိုင်တတ်ဖို့ အကောင်အထည်ဖော်တတ်ဖို့တော့ လိုပါတယ်။
အစိုးရအဖွဲ့တွေဟာ ဒီအချက်ကို အကောင်အထည်ဖော်ကြပေမယ့် လက်တွေ့မှာ မထိရောက်တာနဲ့ သုံးသပ်စဉ်းစားချက်တွေ လွဲမှားတာတွေကြောင့်လည်း တကယ်တမ်း ရလာဒ်မှာ ဘာမှဖြစ်မလာပဲ ကိုယ်ကျိုးရှာသူများရဲ့ လှည့်စားခြင်းခံရတာတွေလည်း ရှိတတ်ကြပါတယ်။ ဆန်းစစ်သုံးသပ်နိုင်ဖို့အတွက် မှန်ကန်စွာ ရှုမြင်နိုင်ရေးနဲ့ ကိုယ့်တိုင်းပြည်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းမှာ အားသာချက် ( Competitive Advantages ) ကို တကယ်မရှိတဲ့ အားသာချက်ကို တကယ်ရှိတယ်လို့ယူဆပြီး တိမ်မြုပ်နေတဲ့ အားသာချက်တွေကို မဖော်ထုတ်ပဲ အလွယ်တကူလိုက်နေကြရင်လည်း တိုးတက်လာဖို့ ခက်နေပြီး စာရွက်တွေ စီမံကိန်းတွေ ကြားထဲမှာပဲ ရှုပ်ထွေးပြီး တလည်လည်ဖြစ်နေတတ်ပါတယ်။
အခု မြန်မာပြည်ရဲ့ ၂၀၁၇-၁၈ ကုန်သွယ်မှု ကိန်းဂဏန်းတွေကို ကြည့်ကြရအောင်ပါ။ ကုန်သွယ်မှု ကိန်းဂဏန်းတွေ ကို အကြမ်းဖျဉ်းပဲ ဖော်ပြထားတော့ ဖော်ပြထားသလောက်လေးကိုပဲ အောက်မှာ မှတ်စုထုတ်လိုက်ပါတယ်။
ကုန်သွယ်မှုကာလ - ဧပြီ ၂၀၁၇ - မတ်(၂) ၂၀၁၈
ပို့ကုန်တန်ဖိုး - ဒေါ်လာ ၁၃ဘီလီယံကျော်
သွင်းကုန်တန်ဖိုး - ဒေါ်လာ ၁၇ဘီလီယံ ( ၁၆.၉၇၅ဘီလီယံ )

မှတ်ချက်။ ။ယခင်နှစ်ကာလတူထက် လေးဘီလီယံကျော်ပိုမို ( သွင်းကုန် ၂ဘီလီယံ + ပို့ကုန် ၂ဘီလီယံ )
ပို့ကုန်
လယ်ယာထွက်ကုန်ပစ္စည်း - ၂၇၈၄သန်း 
ပဲမျိုးစုံ - ၈၀၇သန်း
ဆန်နှင့် ဆန်ကွဲ - ၁၀၃၅သန်း
ရော်ဘာ - ၁၇၉သန်း
သစ်သီးဝလံမျိုးစုံ - ၁၆၉သန်း
ပြောင်း - ၂၇၂သန်း
သဘာဝဓါတ်ငွေ့ - ၃၀၀၀သန်းကျော်
အထည်ချုပ် CMP - ၂၃၃၂သန်း
ရေထွက်ပစ္စည်း - ၆၃၄သန်း
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း - ၄၄သန်း
သတ္တုတွင်းထွက် ပစ္စည်း - ၁၄၁၄သန်း
သတ္တုနှင့်သတ္တုရိုင်း - ၆၁၄သန်း
ကျောက်စိမ်း - ၄၃၉သန်း

သွင်းကုန်
လုပ်ငန်းသုံးကုန်ကြမ်းနှင့်ရေနံထွက်ပစ္စည်း - ၃၂၉၅ သန်း 
ပလတ်စတစ်ကုန်ကြမ်းပစ္စည်း - ၅၆၈ သန်း
ဓါတ်မြေသြဇာ - ၂၉၅ သန်း
ဓာတုဗေဒချည်ခင် - ၂၃၉ သန်း
မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်း - ၁၄၄၅ သန်း
စက်ပစ္စည်း(ရင်းနှီးမြုပ်နှံမှု) - ၁၁၂၁ သန်း
သံ နှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း - ၆၅၅ သန်း
တယ်လီဖုန်း နှင့် ဆက်သွယ်ရေးပစ္စည်း - ၃၉၄ သန်း
ဆေးဝါးပစ္စည်း - ၄၈၃ သန်း

ဒီအချက်အလက်တွေဟာ ကုန်သွယ်မှုပမာဏ အားလုံးကို ဖော်ပြထားတာ မဟုတ်ပေမယ့်လည်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ မူဝါဒချမှတ်မယ့် အစိုးရအဖွဲ့တွေ ဆိုရင်တော့ အချက်အလက်အပြည့်အစုံကို ရပြီး ပိုကောင်းတဲ့ ဆန်းစစ်မှုတွေကို လုပ်ဖို့တတ်နိုင်ပါလိမ့်မယ်။
ဒီ ကုန်သွယ်မှုအချက်အလက်တွေဟာ တစ်နည်းအားဖြင့် တိုင်းပြည်စီးပွားရေးအတွက် တွက်ချက်ဆန်းစစ်ဖို့ မှန်ကန်တဲ့ သက်သေတွေလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီနေရာမှာ သွင်းကုန် နဲ့ ပို့ကုန် တန်ဖိုးလျှော့ပြထားမှုတွေ(under valued invoice)နဲ့ စာရင်းမဝင်တဲ့ လမ်းကြောင်းတွေက ကုန်သွယ်မှုပမာဏတွေကိုလည်း ခန့်မှန်းတွက်ချက်ဖို့တော့ လိုပါသေးတယ်။
အခု တွေ့မြင်ရသလောက် အချက်အလက်တွေအရဆိုရင် သွင်းကုန်တွေထဲမှာ အများဆုံးက ရေနံထွက်ပစ္စည်းအုပ်စုက ၃.၃ဘီလီယံနဲ့ ဖြစ်နေပါတယ်။ ၁၆.၉ဘီလီယံထဲက အခြားကုန်ပစ္စည်းအုပ်စုများမှာ ဘာတွေ ဘယ်လိုရှိသေးလဲတော့ မသိဘူး။ မော်တော်ကားဝယ်စီးတာက ၁.၅ဘီလီယံလောက်ဖြစ်နေတယ်။ ဒါတောင် အဟောင်းလေးတွေပဲ ဝယ်စီးလို့။ အသစ်တွေသာ ဝယ်စီးရတော့မယ်ဆိုရင် ပိုကုန်လာဦးမယ်။
ရေနံထွက် ပစ္စည်းတွေထဲမှာ ဓါတ်ဆီ ဒီဇယ်ဆီ အပြင် ကုန်ကြမ်းပစ္စည်းတွေလည်း အများအပြားပါနေပါတယ်။ ဒီ သွင်းကုန်ကို အစားထိုးရေးအတွက် အစိုးရမှာ အစီအစဉ်လုပ်ဖို့ လိုပါတယ်။ စွမ်းအင်မူဝါဒ မှာ ဒီကိစ္စလည်းပါသင့်တယ်။ အခုအခြေအနေအရဆိုရင် ပြည်တွင်း ရေနံစိမ်းထွက်ရှိတာကနေ ချက်တဲ့ စက်သုံးဆီတွေဟာ 70Ron လောက်ပဲ ရှိနေတာကို 92Ron အဖြစ်ဘာလို့မထုတ်နိုင်ကြတာလဲ။
လက်ရှိပြည်တွင်းမှာ ထွက်နေတဲ့ ရေနံစိမ်း ချက်နေတဲ့ ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်ရေး အပြင်၊ အရှေ့အလယ်ပိုင်းက သွင်းလာတဲ့ ပိုက်လိုင်းကနေ မြန်မာပြည်အတွက် သုံးစွဲခွင့်ရတဲ့ ဝေစု ရေနံစိမ်းကနေပြီး ထပ်မံချက်လုပ်ကာ ရေနံထွက်ပစ္စည်းများကို ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံအသစ်ကို မြန်မာပြည်အလယ်ပိုင်းတစ်ဝိုက်မှာအသစ်တည်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒါဟာ သွင်းကုန်အစားထိုးအပြင် တချိန်မှာ တရုပ်ပြည်ရဲ့ ယူနန်နယ်နဲ့ အိန္ဒိယ အာသံ မဏိပူရတို့ ကိုပါ ရေနံဓါတုပစ္စည်းတွေ တင်ပို့နိုင်မယ့် အလားအလာရှိပါတယ်။
ဒီလို စီမံကိန်းကို အစိုးရကနေ လမ်းကြောင်းချပေးပြီး ပြည်တွင်းက စွမ်းဆောင်ရည်ရှိသော စီမံခန့်ခွဲသူတွေ၊ လုပ်ကိုင်နိုင်မယ့်သူတွေကို တိုက်တွန်းလုပ်ကိုင်ခိုင်းတာ၊ အကောင်အထည်ဖို့ ကမကထပြုပေးတာတွေ နဲ့ ဦးဆောင်ပေးသင့်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ အကောင်အထည်ဖော်ဖို့ အရင်းအနှီးလိုအပ်ချက်တွေကို ချေးငွေ ထုတ်ချေးချင်နေတဲ့ နိုင်ငံတကာဘဏ်ကြီးတွေက အတော်စိတ်ဝင်တစားရှိနေကြပါတယ်။ ပြည်တွင်းကို ငွေကြေးအရင်းအနှီးတွေ စိမ့်ဝင်လာဖို့ နိုင်ငံခြားဘဏ်များနဲ့ မြန်မာပြည်က စီးပွားရေးလုပ်ငန်းကြီးများက စီမံလုပ်ကိုင်နိုင်စွမ်းမြင့်လာဖို့လည်း လိုပါတယ်။ မြန်မာအစိုးရကနောက်ခံပေးတဲ့ သေချာတဲ့ လုပ်ငန်းစီမံချက်ရှိရင် ချေးချင်နေတဲ့ ဘဏ်တွေ ဆိုတာ စကာင်္ပူဘဏ်တွေက စလို့ ဟောင်ကောင် ဂျပန်ဘဏ်တွေ အဆုံးပါ။ ဒီလိုပုံစံမျိုးနဲ့ ရေနံနဲ့ဓါတုဗေဒစက်ရုံကြီးတွေ ဖြစ်လာနိုင်ရင် သွင်းကုန်ပမာဏအတော်များများကို အစားထိုးနိုင်ပါလိမ့်မယ်။
ဒါက အလွယ်တကူ တွေးမိတဲ့ ဥပမာလေးတစ်ခုပါ။ အခြားတွက်ဆလုပ်ကိုင်စရာ အချက်တွေ အများကြီးရှိပါသေးတယ်။ ဥပမာ ဆေးဝါးစက်ရုံတွေအတွက် GMP ကို ကြပ်မတ်ပေးနိုင်ဖို့ ပြည်တွင်းထုတ်လုပ်နိုင်ဖို့တွေလိုမျိုး နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ကို ပြည်တွင်းမှာ အစားထိုးထုတ်နိုင်ဖို့ ယှဉ်ပြိုင်နိုင်စွမ်းတွေ ဖြည့်တင်းပေးနိုင်ဖို့ အစိုးရကနေ လုပ်ဆောင်ပေးရန် ကြိုးစားရမှာဖြစ်ပါတယ်။
ပို့ကုန်ကဏ္ဍမှာဆိုရင်လည်း အရင်နှစ်တွေက အများဆုံးဖြစ်တဲ့ ပဲမျိုးစုံဟာ အဓိကတင်ပို့ရာ ဈေးကွက်က ဝယ်ယူမှု ပျက်လို့ သန်း၈၀၀ကျော်ပဲ ရပါတယ်။ ဒါပေမယ့်လည်း ဆန်ကတော့ ၁ဘီလီယံအထိ တက်လာပါတယ်။ ၂၀၀၅ခုနှစ်လောက်တုန်းက ဆန်ကနေ ဝင်ငွေ သန်း၃၀၀မကျော်တဲ့ အနေအထားကနေ ဆန်တင်ပို့မှု တိုးတက်လာတာ အားရစရာပါ။ ဒီထက် တိုးတက်နိုင်မယ့် အနေအထားတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့်လည်း အခု ဆန်စပါးကုန်သွယ်မှုသဘောတူညီချက်ဟာ ၂၀၁၅မတိုင်ခင်က ထိုးတားတဲ့ သဘောတူညီချက်ဖြစ်ပြီး ၂၀၁၈မှာ သဘောတူညီချက်ကို အသစ်ပြန်ချုပ်ဆိုရမယ်လို့လည်း ကြားမိပါတယ်။
စိုက်ပျိုးရေးကဏ္ဍရဲ့ အခြားပို့ကုန်တစ်မျိုးဖြစ်တဲ့ သစ်သီးဝလံပို့ကုန်ဈေးကွက်ကို ဒီထက်တိုးတက်လာအောင်လည်း ကြိုးစားဖို့ရယ် ဈေးကွက်ရှာနိုင်ဖို့ရယ်ကို အစိုးရအနေနဲ့ လုပ်ဆောင်ပေးနိုင်စေရပါမယ်။ သစ်သီးဝလံစိုက်ပျိုးနယ်မြေတွေနဲ့ ကုန်သွယ်မှုဆိပ်ကမ်းနေရာတွေကို ချိတ်ဆက်ပေးမယ့် လမ်းတွေ ကုန်တင်ပို့နိုင်မယ့်နည်းလမ်းတွေကို လည်း ပို့ဆောင်ရေးမဟာဗျူဟာအဖြစ် ချမှတ်တည်ဆောက်ပေးနိုင်ဖို့လိုပါတယ်။ အဲဒါဆိုရင် သစ်သီးဝလံအပြင် နောက်ထပ် စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ကမ္ဘာ့ဈေးကွက်ကို တင်ပို့လာနိုင်ဖို့ ပို့ကုန်အသစ်အဖြစ် ဖန်တီးလာနိုင်ပါလိမ့်မယ်။
ပြောင်းတင်ပို့မှုကိုလည်း တရုပ်ပြည်ဈေးကွက် ကို တရားဝင် ကုန်သွယ်မှုသဘောတူညီချက် ချုပ်ဆိုပြီး နယ်စပ်ကရော ပင်လယ်လမ်းကြောင်းကပါ တင်ပို့နိုင်ခွင့်ကို ရအောင်ယူနိုင်ဖို့ လိုမယ်ထင်ပါတယ်။ ပြောင်းဆန် တင်ပို့ရမယ့် အခြားသောဈေးကွက် အသစ်တွေကိုလည်း ရှာဖို့လိုပါလိမ့်မယ်။
အခြားပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုကိုလည်း ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ တိရိစ္ဆာန်အရှင်တွေ ပို့နေတာထက် အသားတွေအဖြစ်ပို့ခွင့်ရဖို့ကို ရေရှည်မှာ ဖြစ်လာအောင်ဖန်တီးရင် မြန်မာပြည်ရဲ့ မွေးမြူထုတ်လုပ်ရေးကဏ္ဍမှာလည်း အလုပ်အကိုင်တွေ ဖွံဖြိုးပြီး ပို့ကုန်ဝင်ငွေ ပိုတိုးတက်လာနိုင်ပါတယ်။ မွေးမြူရေးနဲ့ အစားအစာထုတ်လုပ်ရေး လုပ်ငန်းကြီးဟာ ဥရောပမှာ supply chain ကြီးတစ်ခုအနေနဲ့ စိုက်ပျိုးရေးကိုပါ တိုးတက်အောင် ဆွဲခေါ်နိုင်တဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။
လက်ခစားအထည်ချုပ်အနေနဲ့ တန်ဖိုး ၂.၃ဘီလီယံကို ပြန်ပို့နိုင်တာလည်း မှတ်သားစရာပါ။ ဒီထက် ဈေးကွက်ဝေစုပိုရလာမယ်၊ အလုပ်သမားဥပဒေ ခိုင်ခိုင်မာမာနဲ့ အလုပ်ရှင် နဲ့ အလုပ်သမားကြားက ကိစ္စတွေကို ရှင်းလင်းနေအောင် သတ်မှတ်ထားပေးနိုင်မယ် တိတိကျကျ ကိုင်တွယ်ပေးနိုင်မယ်ဆိုရင်လည်း ထုတ်လုပ်နိုင်စွမ်းအား ပိုတက်လာမယ်ထင်ပါတယ်။
အထည်ချုပ်နဲ့ စက်ဆပ်တဲ့ အထည်အလိပ်စက်မှုလုပ်ငန်းအတွက်လည်း ဝါဂွမ်းကို အခုထက်ပိုမို စိုက်ပျိုးပြီး ဝါဂွမ်းဈေးကွက် တည်ငြိမ်ဖို့နဲ့ ဝါဂွမ်းအခြေခံစက်မှုလုပ်ငန်း အထည်အလိပ်စက်မှုလုပ်ငန်းတွေ ပြည်တွင်းမှာ ထွန်းကားလာဖို့ စီမံချက်ရှိသင့်ပါတယ်။ မြန်မာပြည်ဟာ ၁၉၃၀-၄၀ ဝန်းကျင်က ဝါဂွမ်းစိုက်ပျိုးမှု များပြားတဲ့တိုင်းပြည်တစ်ပြည်ဖြစ်မယ်ထင်ပါတယ်။ ကျနော်သေသေချာချာသိတဲ့ Nichimen Corporation (၂၀၀၄ မှာ အခုလက်ရှိ နာမည်ကိုပြောင်းသွားတဲ့) အဲဒီအချိန်တုန်းက ဂျပန်မှာ နံပါတ် ၁၀အတွင်းဝင်တဲ့ လုပ်ငန်းကြီးဟာ ၁၉၂၀လောက်ကတည်းက မြန်မာပြည်မှာ ရုံးခွဲဖွင့်ခဲ့ပြီး၊ ဂျပန်ခေတ်အတွင်းမှာ မြန်မာပြည်မှာ ဝါဂွမ်းဝယ်တာ နွားထိုးကြီးလိုမြို့မှာတောင် ရုံးခွဲဖွင့်ပြီး ဝယ်ခဲ့ပါတယ်တဲ့။ အဲဒီ ကော်ပိုရေးရှင်းက ဂျပန်ခေတ်အတွင်းမှာ မြန်မာပြည်အနှံ့ရုံးခွဲတွေဖွင့်ခဲ့ပြီး ကုန်သွယ်ခဲ့တာ၊ စစ်သားမဟုတ်တဲ့ သူ့ဝန်ထမ်း ၁၄၀ကျော် သေခဲ့ရလောက်အောင်အထိ မြန်မာပြည်မှာ ဝါဂွမ်းနဲ့ အခြားစီးပွားရေးတွေကို အကြီးအကျယ်လုပ်ခဲ့ပါတယ်တဲ့။ ဝါဂွမ်းနဲ့အတူ ရေနံဓါတုစက်ရုံကနေ ဓါတုချည်မျှင်တွေ ထုတ်လုပ်နိုင်ရင် ပြည်တွင်းမှာ အထည်အလိပ်ကုန်ထုတ်လုပ်ငန်း ထွန်းကားလာနိုင်ပါတယ်။
ပြောခဲ့တာတွေက အကြမ်းဖျဉ်းသုံးသပ်ချက်တွေ လို့ဆိုတဲ့အတိုင်း ဖြစ်တန်ချေတွေနဲ့ အသေးစိတ်အစီအစဉ်တွေကို သေချာ ဆန်းစစ် စဉ်းစားရေးဆွဲနိုင်ဖို့ အများကြီးလိုပါလိမ့်မယ်။
အဓိကအချက်ကတော့ ကုန်သွယ်ရေး လိုငွေပြတယ်ဆိုတာ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာပါ။ ဒီအပြင်မှာလည်း ကုန်သွယ်မှုပမာဏ က သေးငယ်နည်းပါးလွန်းနေတာလည်း စီးပွားရေး လုပ်ငန်းများ အရွယ်အစား သေးငယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကို နည်းပါးစေနေတာမို့ ကုန်သွယ်မှု ပမာဏ တိုးမြှင့်နိုင်ရေး ကို အပြင်းအထန်ကြိုးစားကြဖို့ အချက်အလက်များ ကိန်းဂဏန်များကို အခြေခံပြီး စဉ်းစားကြဖို့ ဥပမာအနေနဲ့ သုံးသပ်ပြတာပါ။
အထူးအားဖြင့် မြန်မာပြည်က စီးပွားရေးသမားတွေ စီးပွားရေးသမားကြီးတွေ လုပ်ငန်းရှင်ကြီးဆိုသူ အများစုကြီးဟာ စီးပွားရေးဆိုရင် ပြည်တွင်းက အစိုးရ အသုံးစားရိတ်ကနေ လျှံကျလာမှာတွေကိုပဲ မျှော်ကိုးနေတဲ့ အတွင်းမျှော်စီးပွားရေးအခွင့်အလမ်း စောင့်ဆိုင်းမှုကနေ အပြင်ကြည့်စီးပွားရေးအခွင့်အလမ်း ကြိုးပမ်းလုပ်ကိုင်တတ်မှု ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲပေးနိုင်ဖို့ အစိုးရကနေ ဦးဆောင်ခေါ်ပြီး လမ်းပြကူညီပေးနိုင်ဖို့ ထောက်ပြချင်တာပါ။ GDP တွက်နည်းထဲက G ဆိုတဲ့ အစိုးရ အသုံးစားရိတ်အပေါ်မှာ အနှုန်ပြန်ပြနေတဲ့ NX( Export – Import ) ကို အပေါင်းပြန်ပြပြီး ကိန်းဂဏန်းကိုလည်း ပိုမိုကြီးမားလာစေမှ တကယ်စစ်မှန်တဲ့ GDP တက်လာမှာဖြစ်ပါတယ်။ ကုန်သွယ်ရေး အခွင့်အလမ်းတွေ နဲ့ သဘောတူညီချက်တွေကို အပေးအယူ နဲ့ ညှိနှိုင်းမှုတွေမှာ ကိုင်တွယ်နိုင်ဖို့ ကိုယ့်ဖက်ကနေ ကြိုမြင်ပြီး ပြင်ဆင်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ကုန်သွယ်မှုစီးပွားကို ပိုမို ပါးနပ်စွာနဲ့ အကွက်မြင်စွာ လုပ်ကိုင်နိုင်မယ့် အစိုးရအဖွဲ့အဖြစ်နဲ့ ထက်မြက်စွာဆောင်ရွက်ပြီး တိုင်းပြည်တိုးတက်ရေးကို သယ်ယူဆောင်ကျဉ်းလာသော ဒီမိုကရက်တစ် စံနှုန်းများကို အလေးထားသော အစိုးရအဖွဲ့ ထွန်းကားပါစေလို့ ဆုတောင်းပေးပါတယ်။

Tuesday, March 20, 2018

Lovely Friendship with fish

....

China starts test of new 350-km/h Fuxing train

...
China began testing a new 350km/h Fuxing train on Friday. The new train is 415 meters long and has 16 carriages, making it twice as long as the current model, according to CRRC Tangshan Co. Ltd. The new Fuxing can carry more than 1,100 passengers.

China has 56 ethnic groups.

We are family! 

China has 56 ethnic groups.

2,980 deputies, representing all the 56 ethnic groups, sit on China's highest organ of state power, the National People's Congress (NPC), which just concluded a key national assembly on Tuesday.

Xinhua photographers took portraits of 56 deputies, each of them representing one ethnic group.

Super Fluffy Omelet


Ingredients

for 2 servings
  • 5 large egg whites
  • 3 large egg yolks
  • 2 tablespoons unsalted butter, halved
  • salt, to taste
  • pepper, to taste
  • fresh chive, chopped, for garnish

Preparation

  1. Separate the egg whites and the egg yolks in two separate bowls. You’ll only need 3 yolks, so discard the other 2 or reserve for another use.
  2. Whisk the egg yolks until they become homogenous and pale in color. Set aside.
  3. Transfer the egg whites to a large bowl and whisk until they triple in size and become white with medium peaks.
  4. Carefully fold the egg yolks into the egg whites until fully incorporated.
  5. Pour the egg mixture into a medium nonstick frying pan with a lid. Cook over medium-low heat until bottom of omelet has set, about 5 minutes.
  6. Lift up each side of the omelette and drop a tablespoon of butter underneath.
  7. Cover the pan and cook for another 5 minutes, or until the top of the omelet has set.
  8. Remove the lid and season the omelet with salt and pepper. Remove the pan from the heat.
  9. Fold the omelette onto a plate and sprinkle with chives.
  10. Enjoy!

ဒူဘိုင်းမှာ သမ္မတလုံခြုံရေးအတွက် လေ့ကျင့်နေတာတဲ့

ဒီလိုမျိုး အရည်အချင်းရှိတဲ့ သမ္မတမျိုးလိုချင်မိတယ်၊ မေးခွန်းတွေ မေးချင်မိတယ်

လယ်မြေ မတရား အသိမ်းခံ လယ်သမားတွေကို ကိုယ်ခြင်းစားကျစမ်းပါ



....
တရားရေးကို ဝင်စွတ်ဖက်လို့မရဘူး ဘာညာပြောပြီးပြည်သူကို မျက်နှာမမူ စောက်လုပ်မလုပ် ရေသာခိုနေတဲ့အမတ်တွေ ကို ဒီနေ့ လွှတ်တော် ဥက္ကဌ ပြောပြီ။
တကယ်တော့ တချို့ အမတ်တွေ အလုပ်လုပ်တယ်။ သိပ်ကိုလေးစားစရာကောင်းပါတယ်။ အမျိုးသမီးအမတ်တွေ ဖြစ်ပါတယ်။
အမျိုးသားအမတ်တွေ အတော်များများ စောက်သုံးမကျဘူး။
မြို့တိုင်းမှာဖြစ်နေတာက စောက်လုပ်ကျတော့မလုပ်ဘူး။

အရင် စောက်သုံးမကျတဲ့ ပြည်သူမတင်မြှောက်ပဲ အရှက်မရှိအစိုးရလုပ်ခဲ့တဲ့ သိန်းစိန် တုန်းက လွှတ်တော်ထဲဝင်ပြီး ငိုက်
တဲ့သူတွေအလွန်နာမည်ကြီးတယ်။
အခု ပြည်သူက အမေစု မျက်နှာနဲ့ အမေစုကိုယုံကြည်ပြီး မဲပေးရွေးချယ်လိုက်တဲ့ အမတ်တွေက (အားလုံးကိုတော့မဆိုလိုဘူး)
ဒါပေမယ့် အတော်များများပါပဲ။
ဘဝင်လေဟက်နေတာကများတယ်။ ပြည်သူကို ကျေးဇူးမပြုစောက်လုပ်မလုပ်တဲ့ ဘဝင်လေဟက်နေတဲ့ အမတ်တွေကို
မြို့နယ်တိုင်းက တိတိကျကျ ရေးပြီးတိုင်ကြပါ။ လိုအပ်ရင်ပြောပါ။
ပါဝင်ကူညီပေးမယ်။ အမေ့ မျက်နှာကို အိုးမဲသုတ် ပြည်သူကိုကိုယ်စားမပြု တဲ့ အမတ်တွေကို ၂၀၂၀ အထိ မထားပါနဲ့။
အချိန်မှီအစားထိုးကြဖို့လိုနေပါပြီ။ ဒီ နေ့ လွှတ်တော်ဥက္ကဌကြီးသတိပေးပြောဆိုတာ ကို အပြည့်အဝထောက်ခံပါတယ်။
စောက်လုပ်မလုပ်တဲ့အမတ်တွေများလာနေတာ မြို့နယ်တိုင်းလိုလိုမှာဖြစ်နေ ကြုံနေကြရတာပါ။ နားထောင်ကြည့်လိုက်ပါ။

Ref;ဥာဏ်လှို(ခ)ရန်ငြိမ်းသူ FB

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!