Popular Posts!

Saturday, March 30, 2019

အေျခခံလူတန္းစားကို မထိခိုက္ဖို႔လိုတဲ့ လွ်ပ္စစ္မီတာခ ႏႈန္းထားသစ္

[Zawgyi]

ျပည္တြင္း လွ်ပ္စစ္ဓာတ္အားခႏႈန္းထားမ်ား ေကာက္ခံမႈကို ၾကည့္လွ်င္ အိမ္သုံးျဖစ္ပါက ၁ ယူနစ္မွ ယူနစ္ ၁၀ဝ အထိ ၃၅ က်ပ္ႏွင့္ ယူနစ္ ၂၀ဝ ေက်ာ္လွ်င္ က်ပ္ ၅၀ ျဖစ္သည္။  စက္မႈလုပ္ငန္းသုံးဆိုလွ်င္ ၁ ယူနစ္မွ ယူနစ္ ၅၀ဝ အထိ ၇၅ က်ပ္ေကာက္ခံၿပီး သုံးစြဲမႈတိုးလာသည္ႏွင့္အမွ် တိုးျမႇင့္ေကာက္ခံၿပီး အမ်ားဆုံး တစ္ယူနစ္ က်ပ္ ၁၅၀ အထိရွိသည္။

လွ်ပ္စစ္ဓာတ္အားကို ေရအားလွ်ပ္စစ္ျဖင့္ ထုတ္လုပ္ လွ်င္ ျဖန့္ျဖဴးမႈစရိတ္အပါအဝင္ တစ္ယူနစ္ကို ၈၉ က်ပ္ကုန္က်သည္။ သဘာဝဓာတ္ေငြ႕ျဖင့္ ထုတ္လုပ္လွ်င္ ျဖန့္ျဖဴးမႈစရိတ္အပါအဝင္ ၁၇၈ က်ပ္ ကုန္က်သည္။

လက္ရွိေကာက္ခံေနသည့္ တစ္ယူနစ္ ဓာတ္အားခႏႈန္း ထားသည္ ထုတ္လုပ္မႈႏွင့္ ျဖန့္ျဖဴးမႈကုန္က်စရိတ္ထက္ နည္းေနရာ နိုင္ငံေတာ္က ႏွစ္စဥ္ က်ပ္သန္းေပါင္း ရာခ်ီ၍ အရႈံးခံ စိုက္ထုတ္ျဖန့္ျဖဴးေပးေနရသည္။ ၂၀၁၈-၁၉  ဘ႑ာႏွစ္တြင္ က်ပ္သန္း ၅၀ဝ ေက်ာ္ အရႈံးခံ စိုက္ထုတ္ရနိုင္သည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ခန့္မွန္းထားသည္။



လွ်ပ္စစ္ဓာတ္အားရရွိမႈသည္ တစ္တိုင္းျပည္လုံး၏ ၄၃ ရာခိုင္ႏႈန္းကို ျဖန့္ၾကက္ထားနိုင္ၿပီျဖစ္ၿပီး ၂၀၁၉ ႏွစ္ကုန္တြင္ တစ္နိုင္ငံလုံး၏ ၅၀ ရာခိုင္ႏႈန္း လွ်ပ္စစ္မီးရရွိရန္ လ်ာထားသည္။ ထိုသို႔ရရွိရန္လည္း ဓာတ္အားခြဲ႐ုံသစ္မ်ား၊လိုင္းသစ္မ်ား၊ ဓာတ္အားေပးစနစ္သစ္မ်ား ယခုႏွစ္ထဲတြင္ ၿပီးစီးမည္ျဖစ္ရာ ထုတ္လုပ္မႈအေပၚမူတည္၍  နိုင္ငံေတာ္က အရႈံးခံစိုက္ထုတ္ရမႈ ပိုလာမည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန အဆင့္ျမင့္အရာရွိတစ္ဦးက ျမန္မာတိုင္း(မ္)ကို ေျပာသည္။

စက္မႈဇုန္မ်ား ထြန္းကားရာ ရန္ကုန္၊ မႏၲေလးတြင္ ျပည္သူလူထုႏွင့္ စက္မႈဇုန္ လုပ္ငန္းရွင္မ်ားသည္ စီးပြားေရးအက်ိဳးအျမတ္ ရရွိေနေသာ္လည္း နိုင္ငံေတာ္က လွ်ပ္စစ္ျဖန့္ျဖဴးမႈအတြက္ အရႈံးခံ စိုက္ထုတ္ေပးေနေသာ ေငြမ်ားသည္ တစ္နိုင္ငံလုံးရွိ ျပည္သူမ်ားထံမွ ေကာက္ခံရရွိသည့္ အခြန္ဘ႑ာေငြထဲမွ ေပးေနရျခင္းျဖစ္သည္။

"အခြန္ေငြကို ေပးရခ်င္းအတူတူ နယ္ေက်းလက္ေဒသ ေတြက ကိုယ့္အိတ္ထဲက စိုက္ၿပီး ကိုယ္တိုင္မီးလင္းေရးလုပ္ေနရတယ္။ ျဖစ္သင့္သလား။ ေက်းလက္ျပည္သူေတြ ခါးစည္းခံၿပီး ဒုကၡေရာက္ေနခ်ိန္မွာ ေက်းလက္ျပည္သူေတြကေပးတဲ့ ဝင္ေငြေတြကို ၿမိဳ႕ေပၚကလူေတြကသာသာယာယာနဲ႕ အိတ္ထဲေကာက္ထည့္ေနတာ"ဟု ၎အရာရွိက ေျပာသည္။

ထိုသို႔ ေဈးေပါေပါျဖင့္ ရရွိထားသည့္ ဓာတ္အားကို သုံးစြဲရာတြင္ စည္းကမ္းမဲ့ သုံးစြဲေနသည္ဟု ဆိုသည္။

နိုင္ငံေတာ္က အရႈံးခံ စိုက္ထုတ္ေနရမႈ အေျခအေနကို ျပန္ကာမိေစရန္ လွ်ပ္စစ္ဓာတ္အားခႏႈန္းထား ေျပာင္းလဲ ေကာက္ခံမည္ဟု သက္ဆိုင္ရာဝန္ႀကီးဌာနက တရားဝင္ထုတ္ေဖာ္ေျပာဆိုထားၿပီး နယ္ပယ္က႑ အသီးသီးအလိုက္ ေလ့လာစမ္းစစ္မႈမ်ား ျပဳလုပ္ကာ ေကာက္ခံမည့္ပုံစံကို  မူၾကမ္းေရးဆြဲၿပီးျဖစ္သည္။

စက္မႈဇုန္မ်ား၊ ျပည္နယ္၊ တိုင္းအစိုးရမ်ားႏွင့္ လႊတ္ေတာ္သို႔ ရွင္းျပထားၿပီး သေဘာထားမွတ္ခ်က္ ေတာင္းခံမႈမ်ား ေဆာင္႐ြက္ၿပီးၿပီျဖစ္သည္။ ၂၀၁၉ ခုႏွစ္အတြင္း မီတာခႏႈန္းထားသစ္ ေျပာင္းလဲေကာက္ခံမည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ျမန္မာတိုင္း(မ္)ကို ေျပာသည္။

မီတာခႏႈန္းထား တိုးျမႇင့္ေကာက္ခံေရးကိစၥသည္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန တစ္ခုတည္း၏ ဆုံးျဖတ္ခ်က္ျဖင့္မရဘဲ နိုင္ငံေတာ္အစိုးရအဖြဲ႕ ခြင့္ျပဳခ်က္၊ လႊတ္ေတာ္အသီးသီး၏ ေထာက္ခံခ်က္မ်ားျဖင့္ ေဆာင္႐ြက္မည္ဟု ဝန္ႀကီးဌာန အဆင့္ျမင့္အရာရွိက ဆိုသည္။

"မီတာခကို ေအာက္ေျချပည္သူလူထု ဝင္ေငြနည္းပါးတဲ့  ဆင္းရဲခ်ိဳ႕တဲ့ေနတဲ့ ျပည္သူေတြကို လုံးဝထိခိုက္မႈမရွိ ေအာင္ အဓိကထားတဲ့ မီတာခေကာက္ခံႏႈန္းထား ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ကို လုပ္မွာပါ။ ခ်မ္းသာၿပီး အရမ္း သုံးေနတဲ့သူေတြကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ကုန္က်စရိတ္ကို အေျခခံထားၿပီး အရင္းတိုင္းေပးရမယ္။  အဲဒီအယူအဆကို အေျခခံထားၿပီး မီတာခေျပာင္းလဲေရးလုပ္မွာ"ဟု ၎က ဆိုသည္။ 

လွ်ပ္စစ္သုံးစြဲမႈတြင္ အမွန္တကယ္ထုတ္လုပ္မႈ ကုန္က်စရိတ္အတိုင္းေပးပါက နိုင္ငံအတြင္း အရႈံးခံ စိုက္ထုတ္ ေနရသည့္ေငြမ်ားကို ေက်း႐ြာေပါင္း ေျမာက္ျမားစြာကိုလွ်ပ္စစ္မီး ေပးေဝနိုင္မည္ျဖစ္သည္။

"လွ်ပ္စစ္မေပးနိုင္ေတာ့ အက်ိဳးဆက္က ေရသန့္မရဘူး။ အဝီစိတြင္း မတူးနိုင္ဘူး။ ပညာေကာင္းေကာင္း မသင္နိုင္ဘူး။ လမ္းေကာင္းမရွိဘူး။ အဲဒါေတြကို မ်က္ကြယ္ျပဳၿပီး လွ်ပ္စစ္ရတဲ့သူေတြက မီတာခတက္တာနဲ႕ ဒို႔အေရး ထလုပ္ရင္ က်န္တဲ့သူေတြ၊ ေတာသူေတာင္သားေတြ၊ ေတာင္တန္းေဒသမွာရွိတဲ့ တိုင္းရင္းသားေတြ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႕ ေနေနရတဲ့ သူေတြကို သစၥာေဖာက္ရာ ေရာက္တယ္။ ဒါကို စဥ္းစားၿပီး ကိုယ္ခ်င္းစာတရားရွိဖို႔ ေကာင္းတယ္"ဟု ၎က ေျပာသည္။

လွ်ပ္စစ္မီတာခႏႈန္းထား တိုးျမႇင့္ေကာက္ခံေရးသည္ စီးပြားေရးတင္မကဘဲ နိုင္ငံေရးႏွင့္ပါ သက္ဆိုင္ေနသည္။  

၂၀၁၇ ခုႏွစ္အတြင္း အင္န္အယ္လ္ဒီအစိုးရ ထိပ္ပိုင္း ေခါင္းေဆာင္အခ်ိဳ႕က မီတာခတိုးျမႇင့္ေရး ထုတ္ေဖာ္    ေျပာဆိုခဲ့ၿပီး ျပည္သူအခ်ိဳ႕ႏွင့္ စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕၏ ကန့္ကြက္သံမ်ား ထြက္လာၿပီးေနာက္တြင္ ျပန္လည္အသံတိတ္သြားခဲ့သည္။

စြမ္းအင္အသိုင္းအဝိုင္းကမူ နိုင္ငံေတာ္အေနျဖင့္ အရႈံးခံစိုက္ထုတ္ေနရမႈမွ ႐ုန္းထြက္ခ်ိန္တန္ၿပီျဖစ္ၿပီး မီတာခႏႈန္းထား အျမန္တိုးျမႇင့္ေကာက္ခံေရးကို ေထာက္ျပခဲ့ၾကသည္။ အေျခခံလူတန္းစားကို မထိခိုက္ေသာ ေကာက္ခံမည့္အစိုးရမူႏွင့္ နိုင္ငံေတာ္က ႏွစ္စဥ္အရႈံးခံ စိုက္ထုတ္ေနရမႈ အေျခအေနမ်ားကို ျပည္သူကို အသိပညာေပးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန့္ျပန့္ လုပ္ေဆာင္ရန္ တိုက္တြန္းေျပာဆိုၾကသည္။

"ဓာတ္အားခတက္ဖို႔လိုပါတယ္။ သို႔ေသာ္ ေအာက္ေျခလူတန္းစားကိုမထိဘဲ တက္ဖို႔လိုပါတယ္။ မီတာခႏႈန္းထား ျမန္ျမန္ေျပာင္းဖို႔ အေရးႀကီးပါတယ္။ ဆုံးျဖတ္ခ်က္ခ်ပါ။ ဒီအစိုးရ အခုမေျပာင္းရင္ ေနာင္ႏွစ္ႏွစ္၊ သုံးႏွစ္ေနရင္ ေျပာင္းမရဘူး"ဟု Smart group  ဥကၠ႒ ဦးေက်ာ္ေက်ာ္လွိုင္ ေျပာသည္။

နိုင္ငံေတာ္က မီတာခႏႈန္းထားမ်ား တိုးျမႇင့္ေကာက္ခံမည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ စက္မႈဇုန္ ၂၉ ဇုန္မွ ကိုယ္စားလွယ္ေျခာက္ဦးကို ေခၚယူ၍ ခ်ျပေဆြးေႏြးခဲ့ရာ ႏႈန္းထား သစ္မ်ားကို စက္မႈဇုန္မ်ားဘက္က လက္ခံခဲ့ေၾကာင္း ေဆြးေႏြးမႈတြင္ ပါဝင္ခဲ့သည့္ စက္မႈဇုန္ကိုယ္စားလွယ္တစ္ဦးက ျမန္မာတိုင္း(မ္)ကို ေျပာသည္။

"ေဈးတက္တာကို ကြၽန္ေတာ္တို႔ဘက္က ကန့္ကြက္ရန္ မရွိပါဘူး။ ဒါေပမဲ့ တည္ၿငိမ္ၿပီး မီအားျပည့္တဲ့ လွ်ပ္စစ္ကိုေတာ့ လိုခ်င္ပါတယ္။ ပ်က္လိုက္လာလိုက္ဆိုရင္ စက္မႈဇုန္က အလုပ္လုပ္လို႔မရဘူး"ဟု ၎က ေျပာသည္။

ဝန္ႀကီးဌာနဘက္ကလည္း တည္ၿငိမ္ေသာ ဓာတ္အားႏွင့္ လိုအပ္သေလာက္ လွ်ပ္စစ္ ေပးနိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသည္ဟု ဆိုသည္။

မီတာခႏႈန္းထား တက္မႈကို စက္မႈလုပ္ငန္းရွင္မ်ားသာ က်ခံရမည္ဆိုပါက သဘာဝ မက်ဘဲ လွ်ပ္စစ္မီးသုံးစြဲသူတိုင္း တာဝန္ရွိရာ လွ်ပ္စစ္မီးကို ေခြၽတာသုံးစြဲရန္၊ ေခတ္မီလွ်ပ္စစ္ပစၥည္းမ်ား သုံးစြဲရန္ႏွင့္ လွ်ပ္စစ္ခိုးယူသုံးစြဲမႈမ်ားကို ထိထိေရာက္ေရာက္ အေရး ယူရန္ ဝန္ႀကီးဌာနသို႔ အႀကံျပဳခဲ့သည္ဟု အဆိုပါစက္မႈဇုန္ကိုယ္စားလွယ္က ေျပာသည္။

"အေသးစိတ္ႏႈန္းထားေတြ ကြၽန္ေတာ္တို႔ကို အသိေပးထားၿပီးပါၿပီ။ကြၽန္ေတာ္တို႔ လက္ခံနိုင္တဲ့ ႏႈန္းထားျဖစ္တဲ့အတြက္ေၾကာင့္ မျငင္းခဲ့ပါဘူး။ ၃၅ က်ပ္လည္းပါမယ္။၁၅၀ လည္းပါမယ္။ အရင္က တစ္မ်ိဳး၊ ႏွစ္မ်ိဳးႏႈန္းကေန ေလး၊ ငါး၊ ေျခာက္မ်ိဳးလည္း ျဖစ္ခ်င္ျဖစ္သြားမယ္။ ရွင္းလင္းလြယ္ကူတဲ့ နည္းလမ္းေတြနဲ႕  လုပ္ေနတာေတြ႕ရတဲ့အတြက္ ဝမ္းသာႀကိဳဆိုတယ္"ဟု ၎က ေျပာသည္။

လက္ရွိဓာတ္အားထုတ္လုပ္နိုင္မႈသည္ မဂၢါဝပ္ ၃,၈၀ဝ ခန့္သာရွိၿပီး ဓာတ္အား လိုအပ္ခ်က္မွာ တစ္ႏွစ္လွ်င္ မဂၢါဝပ္ ၃၀ဝ မွ ၅၀ဝ ၾကား (၁၉ ရာခိုင္ႏႈန္းခန့္) တိုးတက္ လိုအပ္လာေနရာ ေနာက္ သုံးႏွစ္အတြင္း မဂၢါဝပ္ ၃,ဝ၀ဝ ခန့္ တိုးျမႇင့္ထုတ္လုပ္နိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။

အမ်ိဳးသားလွ်ပ္စစ္ဓာတ္အားရရွိေရးစီမံကိန္း(NEP)  အရ ၂၀၂၁ ခုႏွစ္တြင္ တစ္နိုင္ငံလုံး၏ ၅၅ ရာခိုင္ႏႈန္း၊ ၂၀၂၆ ခုႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္းအထက္ႏွင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္နိုင္ငံလုံး လွ်ပ္စစ္ဓာတ္အားရရွိေရး ဦးစားေပးေဆာင္႐ြက္ေနသည္။ ကမာၻ႔ဘဏ္ေခ်းေငြျဖင့္ အေကာင္အထည္ေဖာ္ေနသည့္ အမ်ိဳးသားလွ်ပ္စစ္ဓာတ္အား ရရွိေရးစီမံခ်က္အရ မြန္၊ ကရင္၊ ဧရာ-ဝတီ၊ မႏၲေလး၊ ရန္ကုန္ စသည့္ တိုင္းႏွင့္ ျပည္နယ္ မ်ား ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေက်း႐ြာေပါင္း ၅,ဝ၀ဝ ေက်ာ္ ယခုႏွစ္အတြင္း အမ်ိဳးသားဓာတ္အားေပးစနစ္မွ လွ်ပ္စစ္မီးရရွိမည္ျဖစ္သည္။

ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔အတြက္ တည္ေဆာက္ေရးလုပ္ငန္း တင္ဒါႏွစ္ခုကို တင္ဒါေအာင္ျမင္ထားသည့္ ကုမၸဏီမ်ားကို ယခုရက္ပိုင္းအတြင္း ေ႐ြးခ်ယ္ခဲ့ၿပီး ယင္းမွ  ေက်း႐ြာ ၈၇၀ လွ်ပ္စစ္မီးရရွိမည္ျဖစ္ၿပီး ထပ္မံ၍လည္း တိုးခ်ဲ့ျဖန့္ျဖဴးေရးလုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္သည္။

မီတာခႏႈန္းထားမ်ား တိုးျမႇင့္ေကာက္ခံနိုင္မွသာ နိုင္ငံဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္ေနေသာ လွ်ပ္စစ္ကို ျဖည့္ဆည္းနိုင္မည္ ျဖစ္သကဲ့သို႔ လွ်ပ္စစ္မီးမရရွိေသးသည့္ ေက်းလက္ေနျပည္သူမ်ားႏွင့္  ေတာင္တန္းေဒသမ်ားသို႔ေပးမည့္ လွ်ပ္စစ္မီး လ်ာထားခ်က္ကိုလည္း အျမန္ ေရာက္ရွိနိုင္မည္ျဖစ္သည္။

[Unicode]

အခြေခံလူတန်းစားကို မထိခိုက်ဖို့လိုတဲ့ လျှပ်စစ်မီတာခ နှုန်းထားသစ်


ပြည်တွင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ကောက်ခံမှုကို ကြည့်လျှင် အိမ်သုံးဖြစ်ပါက ၁ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်နှင့် ယူနစ် ၂၀ဝ ကျော်လျှင် ကျပ် ၅၀ ဖြစ်သည်။  စက်မှုလုပ်ငန်းသုံးဆိုလျှင် ၁ ယူနစ်မှ ယူနစ် ၅၀ဝ အထိ ၇၅ ကျပ်ကောက်ခံပြီး သုံးစွဲမှုတိုးလာသည်နှင့်အမျှ တိုးမြှင့်ကောက်ခံပြီး အများဆုံး တစ်ယူနစ် ကျပ် ၁၅၀ အထိရှိသည်။


လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ် လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် တစ်ယူနစ်ကို ၈၉ ကျပ်ကုန်ကျသည်။ သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် ၁၇၈ ကျပ် ကုန်ကျသည်။

လက်ရှိကောက်ခံနေသည့် တစ်ယူနစ် ဓာတ်အားခနှုန်း ထားသည် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကုန်ကျစရိတ်ထက် နည်းနေရာ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်း ရာချီ၍ အရှုံးခံ စိုက်ထုတ်ဖြန့်ဖြူးပေးနေရသည်။ ၂၀၁၈-၁၉  ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံ စိုက်ထုတ်ရနိုင်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။



လျှပ်စစ်ဓာတ်အားရရှိမှုသည် တစ်တိုင်းပြည်လုံး၏ ၄၃ ရာခိုင်နှုန်းကို ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၉ နှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရန် လျာထားသည်။ ထိုသို့ရရှိရန်လည်း ဓာတ်အားခွဲရုံသစ်များ၊လိုင်းသစ်များ၊ ဓာတ်အားပေးစနစ်သစ်များ ယခုနှစ်ထဲတွင် ပြီးစီးမည်ဖြစ်ရာ ထုတ်လုပ်မှုအပေါ်မူတည်၍  နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ရမှု ပိုလာမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

စက်မှုဇုန်များ ထွန်းကားရာ ရန်ကုန်၊ မန္တလေးတွင် ပြည်သူလူထုနှင့် စက်မှုဇုန် လုပ်ငန်းရှင်များသည် စီးပွားရေးအကျိုးအမြတ် ရရှိနေသော်လည်း နိုင်ငံတော်က လျှပ်စစ်ဖြန့်ဖြူးမှုအတွက် အရှုံးခံ စိုက်ထုတ်ပေးနေသော ငွေများသည် တစ်နိုင်ငံလုံးရှိ ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေထဲမှ ပေးနေရခြင်းဖြစ်သည်။

"အခွန်ငွေကို ပေးရချင်းအတူတူ နယ်ကျေးလက်ဒေသ တွေက ကိုယ့်အိတ်ထဲက စိုက်ပြီး ကိုယ်တိုင်မီးလင်းရေးလုပ်နေရတယ်။ ဖြစ်သင့်သလား။ ကျေးလက်ပြည်သူတွေ ခါးစည်းခံပြီး ဒုက္ခရောက်နေချိန်မှာ ကျေးလက်ပြည်သူတွေကပေးတဲ့ ဝင်ငွေတွေကို မြို့ပေါ်ကလူတွေကသာသာယာယာနဲ့ အိတ်ထဲကောက်ထည့်နေတာ"ဟု ၎င်းအရာရှိက ပြောသည်။

ထိုသို့ ဈေးပေါပေါဖြင့် ရရှိထားသည့် ဓာတ်အားကို သုံးစွဲရာတွင် စည်းကမ်းမဲ့ သုံးစွဲနေသည်ဟု ဆိုသည်။

နိုင်ငံတော်က အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေကို ပြန်ကာမိစေရန် လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲ ကောက်ခံမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် လေ့လာစမ်းစစ်မှုများ ပြုလုပ်ကာ ကောက်ခံမည့်ပုံစံကို  မူကြမ်းရေးဆွဲပြီးဖြစ်သည်။

စက်မှုဇုန်များ၊ ပြည်နယ်၊ တိုင်းအစိုးရများနှင့် လွှတ်တော်သို့ ရှင်းပြထားပြီး သဘောထားမှတ်ချက် တောင်းခံမှုများ ဆောင်ရွက်ပြီးပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း မီတာခနှုန်းထားသစ် ပြောင်းလဲကောက်ခံမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးကိစ္စသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့်မရဘဲ နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်အသီးသီး၏ ထောက်ခံချက်များဖြင့် ဆောင်ရွက်မည်ဟု ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ဆိုသည်။

"မီတာခကို အောက်ခြေပြည်သူလူထု ဝင်ငွေနည်းပါးတဲ့  ဆင်းရဲချို့တဲ့နေတဲ့ ပြည်သူတွေကို လုံးဝထိခိုက်မှုမရှိ အောင် အဓိကထားတဲ့ မီတာခကောက်ခံနှုန်းထား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လုပ်မှာပါ။ ချမ်းသာပြီး အရမ်း သုံးနေတဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကို အခြေခံထားပြီး အရင်းတိုင်းပေးရမယ်။  အဲဒီအယူအဆကို အခြေခံထားပြီး မီတာခပြောင်းလဲရေးလုပ်မှာ"ဟု ၎င်းက ဆိုသည်။ 

လျှပ်စစ်သုံးစွဲမှုတွင် အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းပေးပါက နိုင်ငံအတွင်း အရှုံးခံ စိုက်ထုတ် နေရသည့်ငွေများကို ကျေးရွာပေါင်း မြောက်မြားစွာကိုလျှပ်စစ်မီး ပေးဝေနိုင်မည်ဖြစ်သည်။

"လျှပ်စစ်မပေးနိုင်တော့ အကျိုးဆက်က ရေသန့်မရဘူး။ အဝီစိတွင်း မတူးနိုင်ဘူး။ ပညာကောင်းကောင်း မသင်နိုင်ဘူး။ လမ်းကောင်းမရှိဘူး။ အဲဒါတွေကို မျက်ကွယ်ပြုပြီး လျှပ်စစ်ရတဲ့သူတွေက မီတာခတက်တာနဲ့ ဒို့အရေး ထလုပ်ရင် ကျန်တဲ့သူတွေ၊ တောသူတောင်သားတွေ၊ တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ ချို့ချို့တဲ့တဲ့နဲ့ နေနေရတဲ့ သူတွေကို သစ္စာဖောက်ရာ ရောက်တယ်။ ဒါကို စဉ်းစားပြီး ကိုယ်ချင်းစာတရားရှိဖို့ ကောင်းတယ်"ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးသည် စီးပွားရေးတင်မကဘဲ နိုင်ငံရေးနှင့်ပါ သက်ဆိုင်နေသည်။  

၂၀၁၇ ခုနှစ်အတွင်း အင်န်အယ်လ်ဒီအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်အချို့က မီတာခတိုးမြှင့်ရေး ထုတ်ဖော်    ပြောဆိုခဲ့ပြီး ပြည်သူအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့၏ ကန့်ကွက်သံများ ထွက်လာပြီးနောက်တွင် ပြန်လည်အသံတိတ်သွားခဲ့သည်။

စွမ်းအင်အသိုင်းအဝိုင်းကမူ နိုင်ငံတော်အနေဖြင့် အရှုံးခံစိုက်ထုတ်နေရမှုမှ ရုန်းထွက်ချိန်တန်ပြီဖြစ်ပြီး မီတာခနှုန်းထား အမြန်တိုးမြှင့်ကောက်ခံရေးကို ထောက်ပြခဲ့ကြသည်။ အခြေခံလူတန်းစားကို မထိခိုက်သော ကောက်ခံမည့်အစိုးရမူနှင့် နိုင်ငံတော်က နှစ်စဉ်အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေများကို ပြည်သူကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုကြသည်။

"ဓာတ်အားခတက်ဖို့လိုပါတယ်။ သို့သော် အောက်ခြေလူတန်းစားကိုမထိဘဲ တက်ဖို့လိုပါတယ်။ မီတာခနှုန်းထား မြန်မြန်ပြောင်းဖို့ အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်ချပါ။ ဒီအစိုးရ အခုမပြောင်းရင် နောင်နှစ်နှစ်၊ သုံးနှစ်နေရင် ပြောင်းမရဘူး"ဟု Smart group  ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် ပြောသည်။

နိုင်ငံတော်က မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ စက်မှုဇုန် ၂၉ ဇုန်မှ ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ယူ၍ ချပြဆွေးနွေးခဲ့ရာ နှုန်းထား သစ်များကို စက်မှုဇုန်များဘက်က လက်ခံခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် စက်မှုဇုန်ကိုယ်စားလှယ်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဈေးတက်တာကို ကျွန်တော်တို့ဘက်က ကန့်ကွက်ရန် မရှိပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး မီအားပြည့်တဲ့ လျှပ်စစ်ကိုတော့ လိုချင်ပါတယ်။ ပျက်လိုက်လာလိုက်ဆိုရင် စက်မှုဇုန်က အလုပ်လုပ်လို့မရဘူး"ဟု ၎င်းက ပြောသည်။

ဝန်ကြီးဌာနဘက်ကလည်း တည်ငြိမ်သော ဓာတ်အားနှင့် လိုအပ်သလောက် လျှပ်စစ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

မီတာခနှုန်းထား တက်မှုကို စက်မှုလုပ်ငန်းရှင်များသာ ကျခံရမည်ဆိုပါက သဘာဝ မကျဘဲ လျှပ်စစ်မီးသုံးစွဲသူတိုင်း တာဝန်ရှိရာ လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်၊ ခေတ်မီလျှပ်စစ်ပစ္စည်းများ သုံးစွဲရန်နှင့် လျှပ်စစ်ခိုးယူသုံးစွဲမှုများကို ထိထိရောက်ရောက် အရေး ယူရန် ဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်ဟု အဆိုပါစက်မှုဇုန်ကိုယ်စားလှယ်က ပြောသည်။

"အသေးစိတ်နှုန်းထားတွေ ကျွန်တော်တို့ကို အသိပေးထားပြီးပါပြီ။ကျွန်တော်တို့ လက်ခံနိုင်တဲ့ နှုန်းထားဖြစ်တဲ့အတွက်ကြောင့် မငြင်းခဲ့ပါဘူး။ ၃၅ ကျပ်လည်းပါမယ်။၁၅၀ လည်းပါမယ်။ အရင်က တစ်မျိုး၊ နှစ်မျိုးနှုန်းကနေ လေး၊ ငါး၊ ခြောက်မျိုးလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့  လုပ်နေတာတွေ့ရတဲ့အတွက် ဝမ်းသာကြိုဆိုတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၃,၈၀ဝ ခန့်သာရှိပြီး ဓာတ်အား လိုအပ်ချက်မှာ တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀ဝ မှ ၅၀ဝ ကြား (၁၉ ရာခိုင်နှုန်းခန့်) တိုးတက် လိုအပ်လာနေရာ နောက် သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃,ဝ၀ဝ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)  အရ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေသည်။ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အရ မွန်၊ ကရင်၊ ဧရာ-ဝတီ၊ မန္တလေး၊ ရန်ကုန် စသည့် တိုင်းနှင့် ပြည်နယ် များ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅,ဝ၀ဝ ကျော် ယခုနှစ်အတွင်း အမျိုးသားဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိမည်ဖြစ်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါနှစ်ခုကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများကို ယခုရက်ပိုင်းအတွင်း ရွေးချယ်ခဲ့ပြီး ယင်းမှ  ကျေးရွာ ၈၇၀ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ထပ်မံ၍လည်း တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံနိုင်မှသာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်နေသော လျှပ်စစ်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သကဲ့သို့ လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်နေပြည်သူများနှင့်  တောင်တန်းဒေသများသို့ပေးမည့် လျှပ်စစ်မီး လျာထားချက်ကိုလည်း အမြန် ရောက်ရှိနိုင်မည်ဖြစ်သည်။

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!