Popular Posts!

Saturday, November 9, 2013

ယှဉ်ပြိုင်မှုရှိသည့် အာဏာရှင်စနစ် ပေါ်ထွန်းခြင်း (၂)

ယှဉ်ပြိုင်မှုရှိသည့် အာဏာရှင်စနစ် ပေါ်ထွန်းခြင်း (၂)

၂၀၁၂ ခုနှစ်အတွက် ဒီမိုကရေစီ အဆင့်ဆင့်ပြ မြေပုံ
(၂) ဥပဒေပြုရေးကဏ္ဍ
လုံးဝ တင်းပြည့်ကျပ်ပြည့် အာဏာရှင်စနစ်တွေမှာ ဥပဒေပြုရေးအပိုင်းဟာ လုံးဝမရှိတာ၊ ဒါမှမဟုတ် အုပ်စိုးထားတဲ့ ပါတီတခုရဲ့  ထိန်းချုပ်မှုအောက်မှာရှိပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုကြား ပဋိပက္ခဆိုတာ စဉ်းစားစရာတောင် မလိုသလောက်ပါပဲ။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် စနစ်မျိုးမှာတော့ ဥပဒေပြုရေးအပိုင်းဟာ ယှဉ်ကြည့်ရင်တော့ အားနည်းနေတာကို တွေ့ရပေမယ့် အတိုက်အခံပြုမှု အားလုံးရဲ့  ဆုံချက်ဖြစ်လာတတ်တာကို တွေ့ရတယ်။ အထူးသဖြင့်တော့ လက်ရှိ အာဏာရအစိုးရအဖွဲ့မှာ အားကောင်းတဲ့ ပါတီများ မပါရင် အဲဒီ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ယူကရိန်းမှာရော ရုရှားမှာပါ ဖြစ်ခဲ့တာက ကွန်မြူနစ်ဟောင်းကြီးတွေနဲ့ လက်ဝဲယိမ်းပါတီတွေ လွှမ်းမိုးထားတဲ့ ပေကပ်ကပ် နိုင်တဲ့ ပါလီမန်တွေကို သမ္မတတွေ ရင်ဆိုင်ခဲ့ရတာပါပဲ။ သမ္မတ ကုခ်ျမာရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းဟာ ယူကရိန်းပါလီမန်ရဲ့ ထပ်ခါထပ်ခါ ပယ်ချခံရတာ၊ ဒါမှမဟုတ် ပြင်ဆင် တည်းဖြတ်တာ ခံရတာမျိုး ကြုံခဲ့ရပြီး ၂၀၀၀-၂၀၀၁ ခုနှစ်မှာဆိုရင်လည်း မပူးပေါင်းရင် “လိုအပ်တဲ့” အရေးယူ ဆောင်ရွက်မှုမျိုး လုပ်မယ်ဆိုတဲ့ သမ္မတ ကုခ်ျမာရဲ့  ခြိမ်းခြောက်မှု ရှိခဲ့ပေမယ့် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အာဏာကို လျှော့ချဖို့အတွက် လူထုဆန္ဒခံယူပွဲလုပ်ဖို့ ကြိုးပမ်းတဲ့ သမ္မတ ကုခ်ျမာရဲ့ အားထုတ်မှုကို ပါလီမန်က ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ (ပီရူးမှာ ၁၉၉၂ ခုနှစ်နဲ့ ရုရှားမှာ ၁၉၉၃ ခုနှစ်တို့မှာလိုမျိုး) လွှတ်တော်ကို ကျော်ဖြတ်ဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ လက်ရှိအာဏာရ အစိုးရတွေက ကြိုးပမ်းကောင်း ကြိုးပမ်း နိုင်ပေမယ့်လည်း အဲဒီလိုလုပ်တာဟာ အထူးသဖြင့်တော့ နိုင်ငံတကာနယ်ကို ရောက်သွားရင် သိပ်ကို ဒဏ်ခံရပါတယ်။ ဒါကြောင့် ဖူဂျီမိုရီရော ယဲ့လ်ဆင်ရော သူတို့ရဲ့ “ကိုယ့်ဟာကိုယ် အာဏာသိမ်းမှု” နောက်ပိုင်း ၃ နှစ်အတွင်းမှာပဲ လွှတ်တော် ရွေးကောက်ပွဲ အသစ်တွေ ပြန်ကျင်းပပေးခဲ့ရပြီး ယဲ့လ်ဆင်ဟာလည်း ၁၉၉၃ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်လာတဲ့ ပါလီမန်ရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။
လက်ရှိ အာဏာရအစိုးရဟာ လွှတ်တော်တွင်းမှာ နေရာအများစု ရယူထားနိုင်တဲ့ ဖြစ်ရပ်မျိုးမှာတောင်မှ အတိုက်အခံ
အင်အားစုတွေအတွက် လွှတ်တော်ဟာ စည်းဝေးဖို့၊ တခုခုကို စည်းရုံးလုပ်ဆောင်ဖို့နဲ့ (မီဒီယာက လွတ်လပ်ရင် လွတ်လပ် သလောက်) အစိုးရကို ဝေဖန်ဖို့အတွက် စင်မြင့်တခုဖြစ်တယ်။ ပီရူးမှာဆိုရင် ၁၉၉၅ နဲ့ ၂၀၀၀ ပြည့်နှစ် အကြားမှာ အတိုက်အခံ ပါတီတွေ အနေနဲ့ ဥပဒေပြုရေးအပိုင်းတွေမှာ မလွှမ်းမိုးနိုင်ခဲ့ပေမယ့် ဖူဂျီမိုရီကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့အမြင်တွေကို ပြည်သူလူထု သိစေဖို့အတွက် ကွန်ဂရက် နဲ့ သတင်းမီဒီယာကို အသုံးချခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလမှာ ယူကရိန်းမှာ အတိုက်အခံ ဒုတိယ ခေါင်းဆောင် အလက်ဇန္ဒား မိုရော့ဇ်ဟာ ပါလီမန်ကို အသုံးချပြီး သမ္မတကို လူသတ်မှုနဲ့ စွပ်စွဲတယ်။ သမ္မတ ဒုက္ခရောက်သွားစေနိုင်မယ့် တိပ်ခွေတွေကို သတင်းဌာနတွေဆီ ဖြန့်ချီခဲ့တယ်။
(၃) တရားစီရင်ရေးကဏ္ဍ
ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မှာဆိုရင် အစိုးရတွေဟာ တရားစီရင်ရေးကို သူတို့ခါးပိုက်ထဲ ထည့်ထားဖို့ အသည်းအသန် ကြိုးစားကြတယ်။ များသောအားဖြင့် တရားရေးဝန်ထမ်းတွေကို စွပ်စွဲပြစ်တင်တာ၊ ဒါမှမဟုတ် ဒီထက် သိမ်မွေ့တဲ့ နည်းဖြစ်တဲ့လာဘ်ထိုးတာ၊ အတင်းအကျပ် ဖိအားပေးတာနဲ့ ကိုယ့်ဘက်ကို အတင်းဆွဲထည့်တာမျိုးတွေ သုံးပြီး လုပ်လေ့ရှိတယ်။ သာဓက တခုအနေနဲ့ ပီရူးမှာ တရားရုံးချုပ် တရားသူကြီး အချို့  အပါအဝင် တရားသူကြီး မနည်းမနောဟာ ဖူဂျီမိုရီရဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဗလာဒီမီရို မွန်တက်စီနို့ တည်ဆောက်ထားတဲ့ သူကောင်းပြုမှု၊ အကျင့်ပျက်မှု၊ ငွေညှစ်မှုစတာတွေပါတဲ့ ကွန်ရက်ကြီးထဲမှာ ငြိစွန်းနေခဲ့ကြတယ်။ ရုရှားမှာ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါလီမန်ကို အခြေခံဥပဒေနဲ့ မညီကြောင်း၊ ယဲ့လ်ဆင်ရဲ့ ကြေညာချက်ဟာ အခြေခံဥပဒေနဲ့ မညီကြောင်း ကြေညာတော့ ယဲ့လ်ဆင်က အဲဒီတရားရုံးရဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပစ်ပြီး တရားရုံးရဲ့လုံခြုံရေး အစောင့်အရှောက်တွေကိုလည်း ခေါ်ဆောင် သွားစေခဲ့တယ်။
ဖြစ်စဉ်ဖြစ်ရပ်အချို့မှာ အစိုးရအဖွဲ့တွေဟာ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ စတဲ့ နည်းတွေကို သုံးလေ့ရှိတယ်။ ဇင်ဘာဘွေမှာဆိုရင် မူဂါဘီအစိုးရရဲ့ မြေယာဖြန့်ဖြူးရေးမူဝါဒ တစိတ်တဒေသအရ လူဖြူတွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းဆည်းခြင်းဟာ တရားမဝင်ဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်တော့ လွတ်လပ်တဲ့ တရားသူကြီးတွေဟာ အစိုးရ ဘက်ကိုယိမ်းတဲ့ “စစ်ပြန်ကြီးများ” ဆီကနေ အကြမ်းဖက်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လှိမ့်ပြီး ရရှိခဲ့တယ်။ တရားသူကြီးချုပ် အန်ထော်နီ ဂူဘေ အပါအဝင် တရားသူကြီး ၄ ဦးဟာ ၂၀၀၁ ခုနှစ်မှာ စောစီးစွာ အနားယူဖို့ ရွေးချယ်ခဲ့ရပြီး သူတို့နေရာမှာ အစိုးရနဲ့ ပိုနီးစပ်တဲ့ တရားသူကြီးတွေကို အစားထိုးခဲ့တယ်။
လွတ်လပ်ပြီး ပုံစံတကျရှိတဲ့ တရားစီရင်ရေး ကဏ္ဍကို အုပ်ချုပ်ရေးရဲ့  အပြည့်အစုံ မဟုတ်တဲ့ ထိန်းချုပ်မှုနဲ့ ပေါင်းစပ် လိုက်တာဟာ အများမိုးခါးရေသောက်လို့ လိုက်မသောက်တတ်တဲ့ တရားသူကြီးတွေကို အခွင့်အလမ်းတခု ပေးပါတယ်။ သာဓက အနေနဲ့ ယူကရိန်းမှာ သမ္မတကုခ်ျမာရဲ့  ဥပဒေပြုရေးကဏ္ဍ အာဏာလျှော့ချရေး လူထုဆန္ဒခံယူပွဲဟာ မဖြစ်မနေ လိုက်နာရမယ့် အရာမဟုတ်ဘူး (အမိန့်အာဏာပါတဲ့အရာ မဟုတ်ဘူး) လို့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်တယ်။ ဆလိုဗက်ကီးယားမှာ ၁၉၉၄ တုန်းက အခြေခံ ဥပဒေခုံရုံးက ဗလာဒီမီယာ မေစီယာရဲ့ အစိုးရ ပါလီမန်မှာ အတိုက်အခံ နေရာတွေကို ပေးဖို့ ငြင်းပယ်တာကို တားမြစ်တယ်။ ဆားဘီးယားမှာတော့ တရားရုံးတွေက ၁၉၉၆ ခုနှစ် အတိုက်အခံတွေရဲ့ အနိုင်ကို တရားဝင် အသိအမှတ်ပြုပေးခဲ့တယ်။ ခရိုအေးရှားမှာ သမ္မတ တူဂ်ျမန်ဟာ စပိန်ရဲ့ ဖရန်စစ္စကို ဖရန်ကို ကို လေးစား အားကျနေသူ ဖြစ်တယ်လို့ မဟုတ်မတရား စွပ်စွဲရေးသားတယ်လို့ တရားစွဲခံရတဲ့ အတိုက်အခံ အပတ်စဉ်ထုတ် သတင်းစာ တစောင်ကို တရားရုံးတွေက တရားသေ လွှတ်ပေးခဲ့တယ်။ ထို့အတူပဲ မလေးရှားမှာလည်း ၂၀၀၁ ခုနှစ်တုန်းက အထက် တရားရုံး တရားသူကြီးတဦးဟာ အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအရ ထောင်ချခံခဲ့ရတဲ့ အစိုးရနဲ့ အမြင် မတူသူ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး အဲဒီလိုမျိုး ပြင်းထန်လွန်းတဲ့ ဥပဒေလိုအပ်သလား ဆိုပြီးတော့လည်း လူသိရှင်ကြား မေးခွန်း ထုတ်ခဲ့ပါတယ်။
ပြိုင်ဆိုင်မှုရှိတဲ့ အာဏာရှင်အစိုးရတွေဟာ သူတို့ဘက်ကို နစ်နာစေမယ့် စီရင်ချက်မျိုးချတဲ့ တရားသူကြီးတွေကို အပြစ် ပေးကောင်းပေးနိုင်ပေမယ့် အဲဒီလိုလုပ်ခြင်းဖြင့် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သူတို့ရဲ့ တရားဝင်မှုကို အကြီးအကျယ်
ထိခိုက်စေနိုင်ပါတယ်။ သာဓကအနေနဲ့ ပီရူးနိုင်ငံမှာ ဖူဂျီမိုရီရဲ့ တတိယ သမ္မတသက်တမ်း ထမ်းဆောင်နိုင်ရေး အခြေခံ ဥပဒေနဲ့ မညီတဲ့ကြိုးပမ်းမှုကို အခြေခံ ဥပဒေဆိုင်ရာခုံရုံးက ၁၉၉၇ ခုနှစ်မှာ ပိတ်ဆို့လိုက်တဲ့နောက်မှာ ဖူဂျီမိုရီကို လိုလားတဲ့ ကွန်ဂရက်ဟာ အဲဒီခုံရုံးအဖွဲ့ဝင် ၃ ဦးကို ထုတ်ပယ်ပစ်လိုက်တယ်။ အဲဒီလုပ်ရပ်ဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပြင်းပြင်းထန်ထန် ဝေဖန်ခံလိုက်ရတယ်၊ ဒါပေမယ့် နောက် ၃ နှစ်ကြာတဲ့အထိ အဲဒီဖြစ်ရပ်ဟာ အစိုးရကို လက်ညိုးထိုးစရာ အပြစ်ကြီးတခုအဖြစ် ရှိနေခဲ့တယ်။
(၄) သတင်းမီဒီယာကဏ္ဍ
နောက်ဆုံးအနေနဲ့တော့ သတင်းမီဒီယာဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာတော့ အစိုးရနဲ့ အကြီးအကျယ် အမြင်ကွဲလွဲရာ အရေးပါတဲ့ အဝန်းအဝိုင်းတခုပါပဲ။ လုံးဝ တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံတွေမှာတော့ သတင်း မီဒီယာဆိုတာဟာ ရာနှုန်းပြည့် နိုင်ငံပိုင်ဖြစ်မယ်၊ ဒါမှမဟုတ် ဆင်ဆာအဖြတ်ကြမ်းမယ်၊ ဒါမှမဟုတ် စနစ်တကျနဲ့ ဖိနှိပ်ထားမယ်။ ရုပ်သံနဲ့ ရေဒီယိုဌာနတွေကို အစိုးရနဲ့ သူ့နဲ့ ပလဲနံပ သင့်သူတွေက ထိန်းချုပ်ထားမယ်။ နာမည်ကြီး လွတ်လပ်တဲ့ သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေကို ဥပဒေပြဋ္ဌာန်းပြီး ပိတ်ပင်တားဆီးထားမယ် (ဥပမာ – ကျူးဘား) ဒါမှမဟုတ် ဘောင်ထဲကနေ ရှင်းလင်း ဖယ်ရှားထားမယ် (ဥပမာ – ဥဇဘက်ကစ္စတန် နဲ့ တာ့ခ်မင်နစ္စတန်)။ အစိုးရကို အမျက်တော် ရှအောင် လုပ်တဲ့ သတင်းသမားဆို ဖမ်းတာဆီးတာ၊ နယ်နှင်ဒဏ်ပေးတာအပြင် ကုန်ကုန် ပြောရရင် လုပ်ကြံ သတ်ဖြတ်ပစ်တာ အထိ ခံရနိုင်ခြေရှိတယ်။
ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာကတော့ သီးခြားရပ်တည်တဲ့ သတင်းဌာနaတွဟာ တရားဝင် တည်ရှိရုံတင်မက သြဇာလည်း ညောင်းတယ်။ ဂျာနယ်လစ်တွေအပေါ် မကြာခဏ ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာမျိုး ရှိသော်ငြားလည်း သတင်းသမားတွေဟာ အဓိက အတိုက်အခံတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတယ်။ ပီရူးနိုင်ငံမှာ သီးခြားလွတ်လပ်တဲ့ သတင်းစာတွေဖြစ်တဲ့ လာရီပတ်ဗလစ်ကာ နဲ့ အယ်လ် ကွန်မာစီယို၊ အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေဖြစ်တဲ့ စီ နဲ့ကော်ရေးတပ်စ် တို့ဟာဆိုရင် ၁၉၉၀ ပြည့်လွန်နှစ်တွေ တလျှောက်လုံး လွတ်လွတ်လပ်လပ်နဲ့ ရေးသား ထုတ်ဝေခဲ့ကြတယ်။ ယူကရိန်းကိုကြည့်ရင်လည်း ဇာကာလိုနေဒါလီ၊ ဒင်၊ ဗီချာနီဗစ္စတီ စတဲ့သတင်းစာတွေဟာ ကုခ်ျမာ အစိုးရအပေါ် မတူတဲ့ သီးခြားအမြင်တွေကို အလေးပေးဖော်ပြရာ ရင်းမြစ်တွေဖြစ်တယ်။
သီးခြားလွတ်လပ်တဲ့ သတင်းဌာနတွေဟာ အစိုးရရဲ့ မဟုတ်မတရား လုပ်မှုတွေကို စုံစမ်းထောက်လှမ်း ဖော်ထုတ်ပြီး လူသိအောင် ဖွင့်ချသူဆိုတဲ့ “စောင့်ကြည့်သူ” နေရာကို ယူထားသူတွေဖြစ်တယ်။ ပီရူးမှာဆိုရင် မီဒီယာဟာ ၁၉၉၂ ခုနှစ် လာကန်တူတာ တက္ကသိုလ်မှာ ကျောင်းသားတွေကို သတ်ဖြတ်မှု၊ ဖူဂျီမိုရီရဲ့ ပါတီ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့ လက်မှတ် အရေအတွက်ကို လိမ်ညာပြီး ပွားယူမှု စတဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ဖွင့်ထုတ်ချခဲ့တယ်။ ရုရှားမှာဆိုရင်လည်း ဗလာဒီမီယာ ဂူစင်စကီးရဲ့ အင်ဒီပင်းဒင့်တီဗီ ဟာဆိုရင် အထူးသဖြင့် ချေချင်းညာနဲ့ ပတ်သက်တဲ့ ယဲ့လ်ဆင်အစိုးရရဲ့  လုပ်ဆောင်မှု တွေအပေါ် အဓိက ဝေဖန်သူဖြစ်တယ်။ ဇင်ဘာဘွေမှာဆိုရင် ဒေးလီးနယူးစ်ဟာ မူဂါဘီ အစိုးရရဲ့ ကျူးလွန်မှုတွေကို ဖွင့်ထုတ်ချပြရာ အဓိက သတင်းစာဖြစ်တယ်။ မီဒီယာတွေဟာ အတိုက်အခံ အင်အားစုတွေအတွက် ဆိုရင်လည်း သူတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်ဖြစ်တယ်။ ဆာဘီးယားမှာဆိုရင် ဘဲလ်ဂရိတ် ရေဒီယိုသတင်းဌာန ဘီ-၉၂ ဟာ ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်း သမ္မတ မီလိုဆီဗစ်ကို အဓိက အတိုက်အခံပြုခဲ့တဲ့ ဌာနဖြစ်တယ်။ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလတွေအတွင်း ပနားမားနဲ့ နီကာရာဂွာ တို့မှာ အတိုက်အခံတွေကို အဓိက ကျောထောက်နောက်ခံ ပြုပေးခဲ့တာလည်း သတင်းစာတွေပဲဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာ အုပ်ချုပ်ရေးပိုင်းဟာ လောင်းရိပ်လွတ်တဲ့ သတင်းမီဒီယာတွေကို တက်တက် ကြွကြွနဲ့ နှိပ်ကွပ်လေ့ရှိတယ်။ နှိပ်ကွပ်ရာမှာလည်း အာဏာရှင်နိုင်ငံတွေက အုပ်ချုပ်ရေးပိုင်းက လူတွေသုံးတဲ့ နည်းလမ်းတွေထက် ပိုပြီး နူးညံ့သိမ်မွေ့တဲ့ နည်းတွေကို သုံးလေ့ရှိတယ်။ အဲဒီနည်းတွေထဲမှာ လာဘ်ထိုးတာ၊ နိုင်ငံတော်ရဲ့ ကြော်ငြာ ဘတ်ဂျက်ကို သီးသန့် ရွေးချယ်ပြီး ဖယ်ထားတာ၊ သတင်းဌာနတွေက တင်ရှိနေတဲ့ ကြွေးမြီတွေနဲ့ အခွန်တွေကို ထိန်းချုပ် ကြိုးကိုင်ထားတာ၊ စတော့ရှင်တွေ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် မီးမွှေးပေးတာ၊ သီးခြား လွတ်လပ်ပြီး အတိုက်အခံဖြစ်တဲ့ သတင်းသမားတွေကို နှိပ်ကွပ်ဖို့အတွက် တင်းကျပ်တဲ့ ဥပဒေတွေ စတာတွေ ပါဝင်ပါတယ်။ ရုရှားမှာဆိုရင် အင်ဒီပင်းဒင့်တီဗီရဲ့  ဂတ်ဇ်ပရွမ်ဂတ်စ် ကုမ္ပဏီဆီမှာ တင်နေတဲ့ အကြွေးတွေကို အသုံးချပြီး အစိုးရက သူနဲ့ ပလဲနံပသင့်တဲ့ သူတွေလက်ထဲ ရောက်သွားအောင် လုပ်တယ်။
ပီရူးမှာဆိုရင် ဖူဂျီမိုရီက လာဘ်ထိုးတာနဲ့ ဥပဒေကြောင်းအရ မရိုးဖြောင့်တဲ့ နည်းလမ်းတွေကို ပေါင်းစပ်ပြီး တိုင်းပြည်ရဲ့ ပုဂ္ဂလိကပိုင် ရုပ်သံ သတင်းဌာနတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဥပမာ – Channel 2 ရဲ့ ပိုင်ရှင် ဘာရုအိဗ်ချာရဲ့ နိုင်ငံသားဖြစ်မှုကို ပြန်လည် ရုပ်သိမ်းတာမျိုး။ အစိုးရတွေ အနေနဲ့ သီးခြားလွတ်လပ်တဲ့ သတင်းစားတွေကို “တရားမဝင်” နှောင့်ယှက်ဖို့၊ ဒါမှမဟုတ် နှိပ်ကွပ်ဖို့အတွက် အသရေဖျက်မှု ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချတယ်။ ဂါနာနိုင်ငံမှာ ဂါနာသတင်းစာ အယ်ဒီတာတွေနဲ့ ကော်လံစား ဆောင်းပါးရှင်တွေတွေကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထောင်ချဖို့ အတွက် ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ အသရေဖျက်မှု ဥပဒေပုဒ်မတွေကို ဂျယ်ရီရောလင်း အစိုးရက အသုံးပြုခဲ့တယ်။ ခရိုအေးရှားမှာဆိုရင် Open Society Institute ရဲ့ ၁၉၉၇ ခုနှစ် အစီရင်ခံစာအရ သတင်းစာတွေဟာ အသရေ ဖျက်မှုပေါင်း ၂၃၀ နဲ့ တရားအစွဲ ခံခဲ့ရတယ်။ အလားတူပဲ အာမေးနီးယား အစိုးရကလည်း တိုင်းပြည်ရဲ့ အငြင်းပွားဖွယ်ရာ ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း သတင်းစာတွေရဲ့ ဝေဖန်မှုတွေ ငြိမ်သက်သွားအောင် အသရေဖျက်မှု ပုဒ်မတွေကို ကောင်းကောင်း အသုံးချခဲ့ရတယ်။
ဒါပေမယ့်လည်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာ မီဒီယာကို ဖိနှိပ်တာဟာ အစိုးရအဖွဲ့တွေအတွက် အန္တရာယ် များနိုင်တယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တုန်းက ခရိုအေးရှားမှာ တုဂ်ျမန်အစိုးရဟာ ရေဒီယို ၁၀၁ (Radio 101) ရဲ့ လိုင်စင်ကို ပြန်ရုပ်သိမ်းလိုက်တဲ့ အချိန်မှာ လူထုက အကြီးအကျယ် ဆန္ဒပြကြတာကြောင့် အတိုက်အခံ ဘက်မှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ပြီး အာဏာရ ပါတီလည်း ခဏတဖြုတ် နှစ်ခြမ်း ကွဲခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ယူကရိန်းမှာ သမ္မတ ကုခ်ျမာဟာ အတိုက်အခံ သတင်းထောက် တယောက်ကို ဖျောင်ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းမှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အနောက်နိုင်ငံတွေရဲ့  ဝိုင်းကြဉ်မှုကိုလည်း တစိတ်တပိုင်း ခံခဲ့ရတယ်။ ပီရူးမှာလည်း အစ်ဗ်ချာကို နှိပ်ကွပ်ပြီး နယ်နှင်ပစ်ခဲ့တာကြောင့် ပြည်တွင်းမှာ ဆန္ဒပြမှုတွေ အတော်လေးဖြစ်ခဲ့ပြီး နိုင်ငံတကာရဲ့ ဝိုင်းဝေဖန်စရာ ပစ်မှတ်လည်း ဖြစ်လာခဲ့တယ်။
သဘောတရားအရ တင်းမာမှုများ
အာဏာရှင် အစိုးရအဖွဲ့တွေဟာ တိတိပပရှိတဲ့ ဒီမိုကရေစီ အဆောက်အအုံတွေနဲ့ ကာလ အကန့်အသတ်မရှိ ယှဉ်တွဲ တည်ရှိနိုင်ပါတယ်။ လက်ရှိ အာဏာရထားသူတွေဟာ အခွင့်အရေး ချိုးဖောက်မှုတွေကို ကြီးကြီးမားမား ချိုးဖောက်တာမျိုး၊ တိုင်းသိပြည်သိဖြစ်အောင် လုပ်တာမျိုး မလုပ်သရွေ့၊ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တာ၊ ခိုးယူတာမျိုး မရှိသရွေ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မှာ အတွင်းထဲရှိနေတဲ့ ဝိရောဓိတွေဟာ ထိန်းကျောင်းလို့ ရနိုင်သေးတဲ့ ဘောင်ထဲမှာပဲ ရှိပါတယ်။ လာဘ်ထိုးတာ၊ အတင်းမဲဆွယ် စည်းရုံးတာ၊ တခြား “ဥပဒေနဲ့ ညီတဲ့” နှိပ်ကွပ်မှု ပုံစံတွေသုံးတာ စတဲ့နည်းတွေ သုံးပြီး အစိုးရဟာ အတိုက်အခံတွေရဲ့ ခြိမ်းခြောက်မှုကို ပြည်တွင်းပြည်ပရဲ့  အုံနဲ့ကျင်းနဲ့ ဆန့်ကျင်မှုမျိုး မရှိဘဲ ကန့်သတ်လို့ ရနိုင်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိ အာဏာရပါတီ၊ လူပုဂ္ဂိုလ်တွေ အာဏာလွှဲပြောင်း မပေးရစေဖို့ ရည်ရွယ်ချက်နဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ အာဏာရှင်ဆန်မှုတွေ ယှဉ်တွဲခိုင်းထားတာဟာ မတည်ငြိမ်မှု ရင်းမြစ်တခုကို ဖန်တီးပေးလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ၊ ဥပဒေပြုလွှတ်တော်တွေ၊ တရားရုံးတွေနဲ့ သီးခြားလွတ်လပ်တဲ့ မီဒီယာကဏ္ဍတို့ဟာ အတိုက်အခံ အင်အားစုတွေဆီကနေ အချိန်တခုရောက်တိုင်း စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီစိန်ခေါ်မှုတွေက အာဏာရှင် ပုဂ္ဂိုလ်တွေအတွက် အလေးအနက်ထားရမယ့် အကျဉ်းအကျပ် အခြေအနေတခုကို သယ်ဆောင်လာပါတယ်။
တဖက်ကကြည့်ရင် အတိုက်အခံတွေကို နှိပ်ကွပ်တာဟာ မကောင်းတဲ့ သက်ရောက်မှုများတယ်၊ အဓိက အကြောင်းကတော့ အတိုက်အခံတွေရဲ့ လုပ်ဆောင်မှုတွေဟာ လုပ်ထုံးလုပ်နည်းအရလည်း တရားဝင်တယ်၊ ဖြစ်လည်း ဖြစ်သင့်တယ်လို့ ပြည်တွင်းပြည်ပက လက်ခံထားကြတယ်။ အခြားတဖက်မှာတော့ လက်ရှိ အာဏာရထားသူတွေ အနေနဲ့ အတိုက်အခံတွေကို ဒီအတိုင်း လွှတ်ပေးလိုက်ပြန်ရင်လည်း သူတို့ ရှုံးသွားနိုင်ပြန်တယ်။ အဲဒီတော့ အချိန်တခုရောက်တိုင်း ဒီမိုကရေစီ နည်းကျ ယှဉ်ပြိုင်အနိုင်ယူမှုတွေ ပေါ်ပေါက်လာခြင်းဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ရဲ့ အရင်းမူလလို ဖြစ်နေတဲ့ လွန်ဆွဲရခြင်းကို ဖြစ်စေတယ်။ အာဏာရှင် အစိုးရအဖွဲ့တွေ အနေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းကျဉ်မှုနဲ့ ပြည်တွင်း ပဋိပက္ခတွေ အဖြစ်ခံပြီး ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်မလား၊ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်ခြေ ရှိတာကို ရင်ဆိုင်ပြီး အတိုက်အခံတွေဘက်က စိန်ခေါ်မှုကို ခွင့်ပြုမလား။ ရလဒ်ကတော့ အစိုးရအုပ်ချုပ်ရေး အကျပ်အတည်း တမျိုးမဟုတ်တမျိုး ပေါ်တာပဲ။ ဥပမာအားဖြင့် မက္ကဆီကိုမှာ ၁၉၈၈ ခုနှစ်၊ နီကာရာဂွာမှာ ၁၉၉၀၊ ဇမ်ဘီယာမှာ ၁၉၉၁ ခုနှစ်၊ ရုရှားမှာ ၁၉၉၃ ခုနှစ်၊ အာမေးနီးယားမှာ ၁၉၉၆ ခုနှစ်၊ အယ်လ်ဘေးနီးယားမှာ ၁၉၉၇ ခုနှစ်၊ ဂါနာ၊ ပီရူး၊ ဆားဘီးယားနဲ့ ယူကရိန်းတို့မှာ ၂၀၀၀ ပြည့်နှစ်၊ ဇမ်ဘီယာမှာ ၂၀၀၁ ခုနှစ်မှာ နောက်တကြိမ် အသီးသီး ဖြစ်ခဲ့တယ်။ ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၂ ခုနှစ် မတ်လ သမ္မတ ရွေးကောက်ပွဲ ကာလတုန်းလည်း အလားတူ အကျပ်အတည်းမျိုး ဖြစ်မယ့် ပုံစံမျိုး ပေါ်ခဲ့သေးတယ်။
ကင်ညာ၊ မလေးရှား၊ ရုရှားနဲ့ ယူကရိန်းတို့လို့ ဖြစ်ရပ်မျိုးတွေမှာတော့ အာဏာရှင် အစိုးရတွေဟာ မုန်တိုင်းဒဏ်ကို ဘေးမသီ ရန်မခ ကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအထဲက နိုင်ငံအချို့မှာ အစိုးရဟာ အပြတ် နှိပ်ကွပ်ပစ်ပြီး ပိုလို့တောင် ခံကတုတ်တွေ တည်ဆောက်နိုင်ခဲ့တယ်။ တခြားသော နိုင်ငံအချို့ဖြစ်တဲ့ နီကာရာဂွာ(၁၉၉၀)၊ ဇမ်ဘီယာ (၁၉၉၁)၊ ဂါနာနဲ့ မက္ကဆီကို (၂၀၀၀) တို့မှာတော့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရတွေဟာ ဆန့်ကျင် အာခံမှုတွေကို မနှိမ်နင်းနိုင်ခဲ့ဘဲ အာဏာကို လက်လွှတ်ခဲ့ရပါတယ်။ ပီရူးနဲ့ ဆားဘီးယား အပါအဝင် ကျန်တခြား ဖြစ်ရပ်တွေမှာတော့ အစိုးရဟာ နှိပ်ကွပ်ဖို့ ကြိုးစားရင်းနဲ့ သူကိုယ်တိုင် မနိုင်မနင်း ဖရိုဖရဲဖြစ်လာပြီး နောက်ဆုံး ပြိုကျခဲ့ရတဲ့ အထိပဲ။
ဒါပေမယ့်လည်း ဒီလို နောက်လူ လက်ထဲ အာဏာထည့်ပေးလိုက်ရတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားတာ မဟုတ်ပါဘူး။ ဖြစ်ရပ် အတော်များများ (ခရိုအေးရှား၊ နီကာရာဂွာ၊ ပီရူး၊ ဆလိုဗက်ကီးယား၊ ဆားဘီးယား) မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်မှုနဲ့အတူ ဒီမိုကရေစီဘက်ကို ဦးတည်သွားခဲ့ပေမယ့် အယ်လ်ဘေးနီးယား၊ ဇမ်ဘီယာ၊ ယူကရိန်း၊ ဘယ်လာရုစ် စတဲ့ ဖြစ်ရပ်တွေမှာတော့ အသစ်ရွေးကောက် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ရှေ့က သွားလေသူတွေ ထက်တောင်မှ ပိုပြီး အာဏာရှင် လက်ဝါးစောင်း ပိုထက်နေသေးတာကို တွေ့ရပါတယ်။ ဒီတော့ကာ အာဏာကို ဆုပ်ကိုင်ထားတဲ့ အထက်တန်းလွှာတစုကို ဖယ်ရှားပစ်လိုက်ခြင်းဟာ စနစ်အပြောင်းအလဲ ဖြစ်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ရာ အရေးပါတဲ့ အခွင့်အလမ်း တခုကို ဖန်တီးပေးလိုက်ပေမယ့် ဒီလို အဖြေမျိုး ထွက်လာပါလိမ့်မယ် လို့တော့ သေချာတာ မဟုတ်ပါဘူး။
အကျဉ်းအကျပ် ကာလတွေမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရအဖွဲ့တွေ ရှင်သန်ကျော်လွှားနိုင်မှုနဲ့ ဆိုင်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် အမျိုးမျိုးအကြောင်းကို ဒီဆောင်းပါးမှာ ရှင်းပြနိုင်မှာ မဟုတ်ပေမယ့် ပုံစံတခုကတော့ လေ့လာ မှတ်သားထိုက်ပါတယ်။
စစ်အေးတိုက်ပွဲ ခေတ်လွန်ကာလကို ကြည့်ရင် အနောက်တိုင်းနဲ့နီးတဲ့ ဒေသတွေ၊ အထူးသဖြင့် လက်တင်အမေရိကနဲ့ ဥရောပ အလယ်ပိုင်းတို့မှာဆိုရင် အာဏာကို ကိုင်ထားတဲ့ အစိုးရတွေကို ဖယ်ရှားပစ်ပြီးနောက်ပိုင်း အဲဒီနိုင်ငံတွေဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတာ များပါတယ်။ သာဓကအနေနဲ့ ပြရရင် လက်တင်အမေရိကမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံ ၅ နိုင်ငံအနက် ၄ နိုင်ငံ (ဒိုမီနီကန် ရီပတ်ဗလစ်၊ မက္ကဆီကို၊ နီကာရာဂွာနဲ့ ပီရူး) ဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာပါတယ်။
အလားတူပဲ အဲဒီအချိန်အတွင်းမှာ ဗဟိုဥရောပမှာရှိတဲ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံ ၅ နိုင်ငံအနက် ၄ နိုင်ငံ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာခဲ့တယ် (ခရိုအေးရှား၊ ဆာဘီးယား၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား)။ ဒါပေမယ့် တခြား တဖက်မှာကျတော့ အာဖရိကနဲ့ ဆိုဗီယက် ပြည်ထောင်စုဟောင်းဝင် ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံတွေရဲ့ ဖြစ်ရပ်ကတော့ အတော်လေးကို မတူပြန်ဘူး။ ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းတွေအနက် ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံ (မော်လ်ဒိုဗာ) တနိုင်ငံတည်းပဲ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တယ်။
ဒါကိုကြည့်ရင် ၁၉၉၀ ပြည့်လွန် ကာလတွေအတွင်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေရဲ့ လားရာကို ပုံဖော်တဲ့ အဓိက အကြောင်းရင်းခံဟာ အနောက်အုပ်စုနဲ့ နီးကပ်ခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ယဉ်ကျေးမှုနဲ့ မီဒီယာ လွှမ်းမိုးမှု၊ အထက်တန်းလွှာ ကွန်ရက်တွေ၊ ဆန္ဒပြပွဲဂယက်တွေ၊ အနောက်နိုင်ငံ အစိုးရတွေရဲ့ တိုက်ရိုက်ဖိအား စတဲ့ပုံစံအားဖြင့် အနောက်တိုင်းနဲ့ ဆက်နွယ်မှုရှိခြင်းကြောင့် အာဏာရှင်နိုင်ငံ အစိုးရတွေအနေနဲ့ သူတို့အုပ်ချုပ်မှုကို အခြေခိုင်အောင် လုပ်ရာမှာ ဒုက္ခသုက္ခတွေနဲ့ ပိုကြုံတွေ့လာရပါတယ်။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံအစိုးရတွေကို ဒီမိုကရေစီဘက် ပိုကူးပြောင်းအောင် လုပ်ရာမှာ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ အနောက်နဲ့ ချိတ်ဆက်မှု အားနည်းတဲ့ ဒေသတွေမှာ သို့မဟုတ် ဒီမိုကရေစီ မဟုတ်တဲ့ အင်အားကြီးနိုင်ငံ (ဥပမာ ရုရှား၊ တရုတ်) တွေရဲ့ သြဇာလွှမ်းမိုးမှု အတော်အတန်ရှိတဲ့ ဒေသတွေမှာတော့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရတွေဟာ သက်ဆိုး ပိုရှည်ဖို့ အခွင့်အလမ်းပိုများတယ်၊ ဒါမှမဟုတ် ပိုပြီး အာဏာရှင်ဆန်တဲ့ လမ်းကြောင်းဘက်ဆီ ဦးတည်သွားပါတယ်။
ဆက်လက် ဖော်ပြပါမည်။


(စတီဗင် လီဗစ်စကီး (Steven Levitsky) သည် ဟားဗတ်တက္ကသိုလ်ရှိ အစိုးရနှင့် လူမှုရေးလေ့လာမှု ပညာဌာနမှ ပါမောက္ခဖြစ်သည်။ သူ၏ Transforming Labor-based Parties in Latin America စာအုပ် နှင့် လူကန်၊ အေ၊ ဝေးနှင့် ပူးတွဲရေသားခဲ့သော Competitive Authoritarianism: Hybrid Regimes after the Cold War စာအုပ်တို့ကို ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှ ထုတ်ဝေခဲ့သည်။ လူကန်၊ အေ၊ ဝေး (Lucan A. Way) သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး Journal of Democracy ၏ အယ်ဒီတာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။)



Credit @ Ko Nge

Monday, November 4, 2013

IOS 7 မှာ ဇေီာဂျီဖော့ ထည့်လို့ရသွားပါပြီ...

ဖေ့ဘုတ်ကကူးယူဖော်ပြလိုက်တာပါ..

IOS 7  Version တွေမှာ iphone တွေမှာ.... မှာ ဇော်ဂျီဖော့ကို  မြန်မာစာကောင်းစွာ ဖတ်လို့ရသွားပါပြီ ...

သင်iphone တွေမှာ ယခင်က မြန်မာစာတွေကို ဖတ်လို့မရတာတွေကို IOS 7 Ver ကို  upgrade လုပ်လိုက်ရင် မြန်မာစာကိုကောင်းစွာ အခုဖတ်လို့ရသွားပါပြီ...

iOS 7 မှာ ဇော်ဂျီဖောင်ကို ဂျေးဘရိတ် ( jailbreak ) မလုပ် ဘဲ ထည့်လို့ရပါပြီး

iOS 7 ကနေ http://d.pr/f/M8Es+ ကို ဝင်လိုက်ပါ။

ပြီးရင် install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။

mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။

ဆိုင်တွေမှာတော့ ၂၅၀၀၀ တောင်းတယ်နော် .. တန်တယ်ထင်သူများ ဖရီးမကြိုက်သူများသွားထည့်ကြကုန် .. developer က free ရှယ်ပေးလို့ ပြန်ရှယ်လိုက်ပါတယ် ..

Credit : Ye Myat Thu ..
iOS 7 မှာ ဇော်ဂျီဖောင်ကို ဂျေးဘရိတ် ( jailbreak ) မလုပ် ဘဲ ထည့်လို့ရပါပြီး...

iOS 7 ကနေ http://d.pr/f/M8Es+ ကို ဝင်လိုက်ပါ။

ပြီးရင် install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။

mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။

ဆိုင်တွေမှာတော့ ၂၅၀၀၀ တောင်းတယ်နော် .. တန်တယ်ထင်သူများ ဖရီးမကြိုက်သူများသွားထည့်

ကြကုန် .. developer က free ရှယ်ပေးလို့ ပြန်ရှယ်လိုက်ပါတယ်..

Ref:saturngod blog's

Saturday, November 2, 2013

Stalingrad Snipers 2011 TRUEFRENCH DVDRip XviD UTT


Stalingrad Snipers 2011 Part 1


Stalingrad Snipers 2011 Part 2

ဗုဒ္ဓလေး Ram Bahadur Bomjon


နီပေါမှာ တအားကိုနာမည်ကြီးနေတဲ့ အစာရေစာမစားဘဲ ၃နှစ်လောက် တရားကျင့် နေတဲ့ ဗုဒ္ဓလေး Ram Bahadur Bomjon  နိုင်ငံခြားသား လူုဖြူတွေကိုတောင်တွေနေရတယ်။ ကမ္ဘာကျော်ဖြစ်ရပ်မှန်တွေ ကို ရိုက်ကုးထားတဲ့ Discovery Channel ကလဲရိုက်ကူးထားတာပါ..

Rare film of Ram Bahadur Bamjan ("Buddha Boy") who has been meditating for 3 years without food & water. Ram Bahadur Bamjan is known by many as a reincarnation of Buddha.


http://en.wikipedia.org/wiki/Ram_Bahadur_Bomjon
Ram Bahadur Bomjon (Sanskrit: राम बहादुर बामजान) (born c. 9 April 1990, sometimes spelt Bomjan, Banjan, or Bamjan), also known as Palden Dorje (his monastic name) and now Dharma Sangha, is from Ratanapuri village, Bara district, Nepal. Some of his supporters have claimed that he is a reincarnation of the Buddha, but Ram himself has denied this, and many practitioners of Buddhism agree that the Buddha has entered nirvana and cannot be reborn.
He drew thousands of visitors and media attention by spending months in meditation. Nicknamed the Buddha Boy, he began his meditation on May 16 2005. He reportedly disappeared from the hollow tree where he had been meditating for months on March 16 2006, but was found by some followers a week later. He told them he had left his meditation place, where large crowds had been watching him, "because there is no peace". He then went his own way and reappeared elsewhere in Nepal on December 26 2006, but left again on March 8 2007. On March 26 2007, inspectors from the Area Police Post Nijgadh in Ratanapuri found Bomjon meditating inside an underground chamber of about seven square feet.
On 10 November 2008, Bomjon reappeared in Ratanapuri and spoke to a group of devotees in the remote jungle.

Ram Bahadur Bomjan, a teenage Nepali boy, who is believed to be the reincarnation of the Lord Buddha, has re-emerged in a remote southern jungle after disappearing more than one year.
Thousands of his followers were assembled to see and listen his preach this week. After the long disappearance, he was seen in one remote place of Bara district this week.
Local people say that he is meditating for the long time without food, water and sleep. Many of the boy's followers believe he is the reincarnation of Siddhartha Gautama, the spiritual teacher who founded the Buddhist religion 2,500 years ago.
Buddhists strongly believe in reincarnation, the doctrine that every soul reappears after death in another bodily form. It hasn't verified he is either reincarnation of Buddha or not. But he has given a challenge to science as he is meditating for the long time without food, water and sleep.






On October 19, 2013 Maha Sambodhi Dharma Sangha Guru called for an official photograph session with His Disciples and with His Sangha.
Guru transferred the Maitriya Dharma Sangha Center to Sindhupalchok District, Badegaun 5 VDC, Todkebari on September 20, 2013. It is a beautiful, remote mountainous area with a waterfall near the Sangha quarters, cliffs and a river at the bottom of the mountains that can be heard at night. Birds and cicadas sing throughout the day. There are deer and cougars. Guru also has horses, goats, rabbits, and dogs.
Guru announced that the spreading of the new Marga (Path) of Maitriya Dharma begins from zero. All decisions and announcements of Maitriya Guru Maha Sambodhi Dharma Sangha will be issued by Jyampa Topchen and Jyampa Ninchenmo from His central administrative office in His new kajopa.
The Maitriya monks and nuns now wear a white shirt with blue robes.

Immediate projects include Guru’s kajopa now being finished in a few days, and a temporary road in preparation for the construction of a sizeable Dharma Hall. There is also a 127cm copper Dharma drum being made weighing about 100 kilograms. Guru will dedicate an extended period of time to the writing of His Teachings in His kajopa. During this time there will be no individual darshans. When appropriate, Maha Sambodhi Dharma Sangha Guru will inform the Sangha of upcoming Pujas or teachings. When asked whether He had any further messages for us, Guru replied that the messages which have been conveyed up until this time were sufficient for the present.
.....................................

Dharma Sangha aka Buddha Boy - 8 Loving Precepts ( 2011)


Since May 16th 2005, Ram Bahadur Bomjam, now known as Dharma Sangha, a breatharian who has just finished his sixth year of meditation.

Links below to related topic;

Dalai Lama's Spiritual Teacher -Dilgo Khyentse Rinpoche
http://www.youtube.com/watch?v=Oq7fEy...

Awaken your Buddha Mind with the 6 Ways to Perfection
http://www.youtube.com/watch?v=IduCEE...

The Third Eye Experience - Light and Sound
http://www.youtube.com/watch?v=_k1y3m...

World Vegan World Peace & How To Meditate
http://www.youtube.com/watch?v=MybuJP...

Vow of a Bodhisattva - Explained
http://www.youtube.com/watch?v=wCZXXS...

Meditation is the Only Way to Nirvana
http://www.youtube.com/watch?v=xZWdjr...

Bodhisattava's Vow During Meditation
http://www.youtube.com/watch?v=F_38ES...

Meditation Effect and the Third Eye
http://www.youtube.com/watch?v=QQjdII...

How to Prepare for Meditation
http://www.youtube.com/watch?v=NgD2-d...

Why We have to Meditate Everyday
http://www.youtube.com/watch?v=jw9R2M...

Inner Sound Meditation is the Best - Light Alone is not Enough
http://www.youtube.com/watch?v=y0isYD...

Look with the Wisdom Eye
http://www.youtube.com/watch?v=5UxN1m...

Real Mermaids!


Real Mermaids!


 

n Crystal Rivers, Fla., the clear waters of Rainbow Springs are a playground for manatees, locals relaxing, and on this day: mermaids. Join The Daily on a special swim with mermaids and the man who makes them. 

— Video by Beryl Shereshewsky and Vivek Kemp

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် ) ဘာသာပြန်လေးပါ


facebookမှာတွေ့လို့တဆင့်ကူးယူဖော်ပြလိုက်တာပါ...အတုယူစရာကောင်းတဲ့နိုင်ငံခေါင်းဆောင်တွေမှာရှိရမဲ့ အရည်းအချင်းတွေပါ...

အင်္ဂလိပ်လို နားထောင်လိုပါက  https://soundcloud.com/infonldburma/dassk-sandhust



  • ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။  ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု  ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို  ( professional army )  မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ )  နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army  မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ  ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ  ( ရယ်သံများ ) ။

  • လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့  Identity  ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။  ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။  ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ  '' ခေါင်းဆောင်မှု  Leadership '' ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။



  • ဘာလို့လည်းဆိုတော့ စစ်သား ဆိုတာလည်း လူသားတွေဘဲ ဆိုတဲ့ အချက်ကို ငြင်းလို့မှ မရတာလေ ။ စစ်သားတွေထဲမှာ ကျမ ပထမဆုံး သိကျွမ်းခဲ့ရသူက ဗိုလ်ချုပ် စလင်း  ( General William Slim )  ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမ ငယ်ငယ်လေးတုန်းက သူ့ရဲ့ ကိုယ်တိုင်ရေးအထုပတ္တိကို ဖတ်မိပါတယ် ။ မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင် သိချင်လို့ ကျမ ဖတ်ဖြစ်တာပါ ။ ကျမ သူ့ကို သဘောကျခဲ့ပါတယ် .....ဘာလို့လည်းဆိုတော့ သူက ကျမ ဖေဖေ ကို သဘောကျသူ ဖြစ်နေတာကိုး   ( ရယ်သံများ )  ။ လူတစ်ယောက်ကို သဘောကျဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဆိုပါတော့ရှင် ။

  • အဲဒီမှာ Slim  က သေသေချာချာထောက်ပြပါတယ်......သူ ဖေဖေ့ကို သဘောကျရတာက ဖေဖေဟာ အလုပ်တွဲ လုပ်လို့ ရမယ်သူ ဖြစ်လို့ပါ တဲ့ ။ ဒီအချက်ကိုလည်း ကျမ သဘောကျပါတယ် ။ စစ်တပ်ဆိုတာ တာဝန်ကျေတဲ့အလုပ်ကို လုပ်နေတာဘဲ ဖြစ်သင့်ပါတယ် ။ စစ်တပ်ရဲ့တာဝန်ဟာ ဘာတွေလဲ ၊ စစ်တပ်ရဲ့ ၀တ္တရားတွေဟာ ဘာလဲ ၊ စစ်တပ်ဟာ ဘာတွေကို မလုပ်ရဘူးလဲ ဆိုတာကို တိုင်းပြည်တစ်ပြည်ရဲ့ အဖွဲ့အစည်းတိုင်းဟာ သိကို သိနေရပါမယ် ။  ဒါသိပ်ကို အရေးကြီးပါတယ် ။

  • ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ....တိတိကျကျပြောရရင် ကုန်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလဆိုတာ တကယ်တော့ အလွန်ရှည်ကြာတဲ့ ကာလတစ်ခုပါဘဲ ။ လူကြီးမင်းတို့ဗိုလ်လောင်းတွေထဲက ဘယ်သူမှ အသက်ငါးဆယ်အရွယ် ရှိမယ်မထင်ပါဘူး ။ ဒီအနှစ်ငါးဆယ်ကာလမှာ ကျမတို့ စစ်တပ်ဟာ နိုင်ငံရေးထဲ ပါလာခဲ့တယ် ။ ဒါဟာ တိုးတက်မှု တစ်ခုမဟုတ်ပါဘူး ။ စစ်တပ်ကို ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးထဲကို ၀င်ပါဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး ။

BIA ( Burma Independence Army )

  • အသစ်ဖွဲ့စည်းလိုက်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် ( BIA ) ရဲ့ အစပိုင်းကာလတွေမှာ ကျမ အဖေက ပြောခဲ့ပါတယ် ။  '' တိုင်းပြည်သည် တပ်ရဲ့ ကျေးကျွန်မဖြစ်ရဘူး ။ တပ်ဟာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးဖြစ်ရမယ် ''   လို့ပါ ။  ဒါကဘဲ ဒီ ဆင်းဟပ်စ် စစ်တက္ကသိုလ်မှာ သင်ကြားပေးနေတာ မဟုတ်လား  ။  လူကြီးမင်းတို့ဟာ ခေါင်းဆောင်ဖို့ရာအတွက် အလုပ်လုပ်ပေးဆပ်နေကြတာပါ ။

  • ဒီနေ့မနက်က ကျမတို့ နည်းနည်းဆွေးနွေးဖြစ်ပါသေးတယ်...... ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ်  ( serve to lead ) ဆိုတာ အလုပ်အကျွေးပြုဖို့အတွက် ခေါင်းဆောင်တယ် ( lead to serve ) ဆိုတာနဲ့ တူသလား ဆိုတဲ့အကြောင်းကိုပါ ။ နောက်ဆုံးတော့ မတူဘူးဆိုတာ ကျမတို့အားလုံး လက်ခံလိုက်ကြပါတယ် ။ '' အလုပ်အကျွေးပြုတယ် ''  ဆိုတာကို  '' ခေါင်းဆောင်တယ် ''  ဆိုတာရဲ့ ရှေ့က  ထားတာ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ အဓိကအရေးပါတာက အလုပ်အကျွေးပြုမှုပါဘဲ ။ မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ရာအတွက် အလုပ်အကျွေးပြုခြင်းဆိုတာ ဘာလဲဆိုတာကို သိဖို့လိုပါတယ် ။

  


  • အစောပိုင်းက ပြောခဲ့သလိုဘဲ ကျမဘ၀မှာ  ပထမဆုံး သိကျွမ်းရင်းနှီးခဲ့တဲ့ အင်္ဂလိပ် စစ်သားဟာ ဗိုလ်ချုပ် Slim ပါ ။ သူ့အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အိန္ဒိယစစ်တပ်အကြောင်းကို ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖိလစ်မေဆင်က သူ့ကို ပြည့်ဝတဲ့ လူတစ်ယောက်လို့ ရေးထားတယ် ။ ပြည့်ဝတဲ့လူ လို့ အပြောခံရတာ လူတစ်ယောက်အတွက် အကြီးကျယ်ဆုံး ချီးကျူးခံရမှုဘဲ လို့ ကျမထင်ပါတယ် ။
  •   ဖိလစ်မေဆင်က  Slim  အကြောင်းကို ဒီလို ရေးပါတယ် ''  စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ကတော့  Slim  ရဲ့ အောင်မြင်မှုက သိပ်ပြီး ပြောမစရာ မရှိပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့က သိပ်ကျွမ်းကျင်တဲ့ ဗျူဟာသမားတစ်ယောက်သာပါ ။ စီမံခန့်ခွဲတဲ့ နေရာမှာ သိပ်တော်ပါတယ် ။ သူ့ရဲ့ သီလသမာဓိနဲ့ လူသားဆန်တဲ့နည်းလမ်းတွေကြောင့် သူ့ဟာ ပြည့်ဝတဲ့လူ တစ်ယောက်ဖြစ်ပါတယ် .။ သမာဓိရှိတယ် ။ ပွင့်လင်းဖြောင့်မတ်တဲ့ လမ်းစဉ်ကို ရိုးရိုးသားသား ၊ သတ္တိ ၊ အင်အား ၊ စွမ်းဆောင်ရည်တွေနဲ့ လိုက်ခဲ့သူ ပါ ''  တဲ့ ။



William Slim

  • အဲဒီ ပြည့်ဝတဲ့လူတစ်ယောက်လို့ ချီးကျူးမှုကို ကျမ သဘောတူပါတယ် ။ လူတစ်ယောက်ဟာ စစ်သားဖြစ်ဖြစ် ၊ အရပ်သားဖြစ်ဖြစ် ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ ကျမတို့တိုင်းပြည်မှာ လိုနေတာက ပြည်သူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ စစ်တပ် တစ်ခုပါ ။ '' စစ်တပ်အပေါ်မှာ  ပြည်သူ့အာဏာရဲ့  အရေးပါပုံ '' ကို အသိအမှတ်ပြုတဲ့ စစ်တပ်တစ်ခုပါဘဲ ။
  • လူကြီးမင်းတို့အားလုံးဟာ ခေါင်းဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ခံရသူတွေပါ ။ စိတ်ဝင်စားစရာကောင်းတာက လူကြီးမင်းတို့ အားလုံးဟာ ပြည်သူ့အာဏာအောက်မှာ ခေါင်းဆောင်မှုကို လုပ်ကြဖို့ လေ့ကျင့်ပေးထားခြင်း ခံရတာပါဘဲ  ။ ဒီအချက်ဟာ သိပ်ပြီး သိသာနေသာမျိုး ဖြစ်မနေတာလည်း ဖြစ်နိုင်ပါတယ် ။  ဒါပေမယ့် ဒီနည်းနဲ့ သင်ကြားလ့ကျင့်ပေးတာကို လူကြီးမင်းတို့ နေ့တိုင်း ကြုံရပါတယ် ။ ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးတာပေမယ့် လူကြီးမင်းတို့ဟာ နောက်လိုက်ကောင်းတွေလည်း ဖြစ်ကို ဖြစ်ရပါဦးမယ် ။ 

  • ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက '' လိုပါတယ် '' တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ  သိပ်ကို ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။








  • လူတွေက မေးကောင်း မေးချင်ကြပါလိမ့်မယ်......တကယ်လို့ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။ ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။ ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း  ( Grace under pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။ အလွန်တရာဖိအားကြီးမားတဲ့ အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။



  • ခေါင်းဆောင်နေရာကို ရောက်နေသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်လိုက်တွေအားလုံးအတွက် သိပ်ကို အရေးကြီးပါတယ် ။ သေရေးရှင်ရေးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီလို သေရေးရှင်ရေး ဖြစ်သွားနိုင်တာဟာ ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူ့ဆုံးဖြတ်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့လူတိုင်းအတွက် ဖြစ်သွားနိုင်တာပါ  ။

  


  • ဒီတော့ ခေါင်းဆောင်မှု ဆိုတာ စိတ်ပါဘဲ ။ ဒါကြောင့်ဘဲ ဖိလစ်မေဆင်က  Slim  ဟာ သူ့ရဲ့ သမာဓိရှိပြီး လူသားဆန်တဲ့ အရည်အသွေးတွေကြောင့်  စစ်ဗိုလ်ချုပ်ကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောတာကို  ကျမ သဘောတူမိတာပါ ။ တနည်းအားဖြင့်ဆိုရင် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဘဲ  ၊ လူသားတွေရဲ့ ခေါင်းဆောင်ပါ ၊ စိတ်ချယုံကြည်ရခြင်း ကို ဖြစ်စေတဲ့ လူတစ်ယောက်ပါ ။

  • Slim  ရဲ့စာအုပ်နာမည်က ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့  Defeat into Victory  လို့ အမည်ရပါတယ် ။ ဖတ်ဖူးတဲ့လူများ သိကြမှာပါ .... Slim ဟာ တပ်မ ၁၄  (  Fourteenth Army )  ကို  ခေါင်းဆောင်လက်လွှဲယူလိုက်ရချိန်မှာ မြန်မာပြည်ထဲမှာ တိုက်ပွဲတွေ အရမ်းကို ဆိုးဝါး ပြင်းထန်နေချိန်ပါဘဲ ။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အနိုင်ရခဲ့ပါတယ် ။




Fourteenth Army မှ စစ်သည်များ ( source-BBC )

  • ရှုံးနိမ့်နေတာကို အောင်နိုင်အောင် ကမ္ဘာအရပ်ရပ်မှာ ကြိုးစားနေကြတာပါဘဲ  ...။ ရှုံးနိမ့်ခြင်းဆိုတာ  နိုင်ငံရေးမျက်နှာဖုံး ၊ စီးပွားရေး မျက်နှာဖုံး ၊ စစ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံး အမျိုးမျိုးစွပ်ပြီး လာတတ်ပါတယ် ။ ရှုံးနိမ့်ခြင်းဆိုတာ ကျမတို့အားလုံး တနည်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အရာပါဘဲ ။  ရှုံးနိမ့်ခြင်းကို ကျမတို့ အောင်နိုင်ခြင်း အဖြစ်သို့  ပြောင်းလဲပစ်ရပါမယ် ။
  • ဒါပေမယ့် အဲလိုပြောင်းလဲတဲ့နေရာမှာ ကျမတို့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး ။ ဘယ်လိုဘဲရရ  အောင်မြင်မှုရရင်ပြီးရော ဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက် လုပ်ရမယ့်အရာမဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်းဆိုတာ သူလည်း သိက္ခာရှိ ၊ သူ့ကို ယုံကြည်ခဲ့သူများလည်း သိက္ခာရှိမယ့် အောင်မြင်မှုမျိုးကိုသာ ရဖို့ ကြိုးစားတတ်ကြပါတယ် ။

  •  ကျမအတွက်တော့ ခေါင်းဆောင်မှုဆိုတာ  အလုပ်အကျွေးပြုခြင်းပါဘဲ.......အလုပ်အကျွေးပြုတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်ကို ယုံကြည်ခဲ့သူများကို အမြဲတမ်းရှေ့တင်စဉ်းစားတာကို ဆိုလိုတာပါ ။ သူတို့ကသာလျှင် တကယ်အရေးပါသူများပါ .....။ ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့ ကိုယ်သာလျှင် အရေးပါနေတာမဟုတ်ပါဘူး ....။

  • ဒါပေမယ့် ကိုယ့်ရဲ့ တန်ဖိုးဆိုတာကိုတော့ကိုယ့်ခေါင်းဆောင်မှုကို လက်ခံခဲ့သူများအတွက် ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကဘဲ ဆုံးဖြတ်တာပါ ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး ကျမလက်ခံယုံကြည်သလို လူကြီးမင်းတို့အားလုံးလက်ခံယုံကြည်သလားဆိုတာတော့ ကျမ မသိဘူးပေါ့လေ ။

  • ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့်  ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း  ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
  • ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။

  • ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ '' ကိုယ်ကျိုးမကြည့်ဘူး ''  ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက်  အဓိက စကားလုံးပါဘဲ ။ ဆိုလိုတာက '' ငါ ''  ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို  ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။ မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။  ဒါကြောင့်ဘဲ ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် (  serve to lead )  လို့ ကျမတို့ ပြောကြတာပါ ။

  • ဗိုလ်ချုပ် ဒေးဗစ်ရစ်ချက် ( General David Richards ) လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မြန်မာပြည် လာတုန်း ကျမတို့သူ့ကို လွှတ်တော်မှာ လက်ခံတွေ့ခဲ့ကြပါတယ် ။ ဒါနဲ့ သူကို မေးကြည့်မိကြပါတယ် '' အင်္ဂလိပ်လူမျိုးတွေဟာ သူတို့စစ်တပ်ကို ချစ်ခင်ကြသလား  ''  လို့ပါ ။
  • သူက သိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ်  '' စစ်တမ်းတွေအရ အင်္ဂလိပ်တွေဟာ စစ်တပ်ကို ဆရာဝန်တွေထက် ပိုပြီး လေးစားကြပါတယ်  '' တဲ့ ။ ဘာကြောင့်လဲ လို့ ပြန်မေးကြည့်တော့ သူက '' ငါတို့ကို ပြည်သူတွေက ကိုယ်ကျိုးမဖက်သူ ( selfless )  တွေလို့ မြင်ကြတယ် ။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်ထားကြသူတွေလေ  "' တဲ့ ။
  • သူက ထပ်ပြောသေးတယ်  '' ငါတို့ပြည်သူတွေအတွက်သာ မဟုတ်ဘူး ၊ ကမ္ဘာအရပ်ရပ်က ကာကွယ်မှုလိုအပ်နေသူတွေ အားလုံးအတွက် ငါတို့ ပေးဆပ်ထားလို့ပါ  ။ သူတို့ဘ၀အတွက် ပိုပြီး စိတ်ချလုံခြုံမှုကို ပေးဖို့ စစ်ရေးနဲ့အကာအကွယ်ပေးတာမျိုးပေါ့ ''  တဲ့ ။






  • ဒီတော့ ကိုယ်ကျိုးမဖက် ( selfless ) ဆိုတဲ့စကားဟာ လေးစားအပ်တဲ့ ဂုဏ်ရှိတဲ့ စစ်တပ်တစ်ခုအတွက် အဓိကပါဘဲ ။ မြန်မာစစ်တပ်ကို ကျမ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ် ။ ကျမ ဒီကို ရောက်လာတာရတဲ့ အဓိက အကြောင်းရင်းက ဒါပါဘဲ ... ..... ခေါင်းဆောင်တွေဖြစ်ဖို့ အလုပ်အကျွေးပြုခြင်းကို သင်ယူနေကြတဲ့ လူကြီးမင်းတို့ဆီက လာလေ့လာတာပါ ။
နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ယူထားတဲ့ စစ်တပ်တစ်ခုကို နိုင်ငံရေးအာဏာစိတ်မ၀င်စားဘဲ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းအတိုင်း မြှင့်တင်ဖော်ဆောင်ပေးတဲ့ စစ်တပ် ၊  ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဆိုတာထက် ပိုဂုဏ်ရှိတာ ဘာမှ မရှိပါဘူး ဆိုတာ နားလည်အောင် လုပ်ဖို့ ဘာများ လိုအပ်တယ်လို့ လူကြိးမင်းတို့ ထင်ပါသလဲ  ။


  • မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်ကို ရောက်ဖို့ စတင်နေပါပြီ ။ ဒါပေမယ့် အခုမှ စတာပါ ။ ပန်းတိုင်ကို လုံးဝ မနီးသေးပါဘူး ။ အပြောင်းအလဲတွေ  အများကြီးလုပ်ဖို့ လိုသေးပါတယ် ။ ကျမတို့ဟာ ကျမတို့ရဲ့ စစ်တပ်ကို အပြုသဘောဆောင်တဲ့နည်းနဲ့ ဒီပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ရာမှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ် ။ ကျမတို့အားလုံး စိတ်ချလုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် လုပ်ရာမှာ ပါဝင်စေချင်ပါတယ် ။

  • မြန်မာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံပါ ။ UK  ကတော့ Welsh လူမျိုးတွေ ၊ အိုင်းရစ်စ်လူမျိုးတွေ ၊ စကော့လူမျိုးတွေလောက်သာ ရှိတာပါ ။ ကျမတို့မှာ အဲဒီထက် အများကြီး ပိုရှိပါတယ်  ( ရယ်သံများ ) ။ ဒါကဘဲ ပြသာနာပါ ။ တိုင်းရင်းသားတချို့ဟာ ဆယ်စုနှစ်ပေါင်းများစွာအကြာကတည်းက လက်နက်ကိုင်လာကြတာ အခုထိ ကျမတို့မှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရး လုပ်ဖို့ လိုနေပါသေးတယ် ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြာရှည်ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ပထမအဆင့်ဘဲ ရှိသေးတာပါ ။

  • ဒီတော့ အခု ကျမ ဒီကို ရောက်လာတာဟာ ကျမဆန္ဒအရ လူကြီးမင်းတို့ဆီက လေ့လာဖို့ ရောက်လာတာပါ ။ သင်ပေးဖို့ မဟုတ်ပါဘူး ။ လူကြီးမင်းတို့ကို သင်ပေးစရာ ကျမမှာ သိပ်လည်း မရှိဘူး ထင်လို့ပါ ။ ဒါပေမယ့် စိတ်ချလုံခြုံအေးချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲဆိုတဲ့အပေါ် အမြင်တွေ  ဖလှယ်ပြီး အိုင်ဒီယာတွေ ဝေငှတာတော့ လုပ်လို့ရမယ်လို့ ကျမ လုံးဝ မျှော်လင့်ပါတယ် ။




  • တစ်နည်းအားဖြင့်ပြောရရင် စစ်ရေးဗျူဟာအသစ်တစ်ရပ်ဆိုတာဟာ စစ်မတိုက်ရအောင် လုပ်တာပါဘဲ ။  ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် ပြသနာရဲ့အရင်းအမြစ်ကို သွားရမှာပါ ။   ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူကြီးမင်းတို့ ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ သိရတာ ကျမသိပ်ကို အားတက်မိပါတယ် ။ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဆိုတာ ဒီလိုဘဲ လုပ်သင့်ပါတယ် ။ စစ်တပ်ဆိုတာ ပဋိပက္ခဖြစ်တဲ့နေရာမှာ ပြည်သူကို ကြားဝင်ကာကွယ်ပေးဖို့ သွားတာဘဲ ဖြစ်သင့်ပါတယ် ။ ပဋိပက္ခကို ပိုဆိုးအောင် လုပ်ဖို့ ၊ ပြသနာကို တစ်နည်းနည်းနဲ့ အားပေးဖို့ သွားတာ မဖြစ်သင့်ပါဘူး ။  ပြေလည်အောင် ဖြေရှင်းဖို့သွားတာမျိုးဘဲ ဖြစ်သင့်ပါတယ် ။

  • ကျမအမြဲလိုလို စိတ်ဝင်စားမိခဲ့တာက ရှေးခေတ် ဂရိတွေဟာ သူတို့ သူရဲကောင်းတွေကို သူတို့နတ်ဘုရားတွေထက် ပိုပြီး လေးစားရိုသေကြတာကိုပါဘဲ ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့  ဟီးရိုးတွေဟာ လူသားတွေလိုဘဲ သေမျိုးတွေ ဖြစ်ကြလို့ လို့ ကျမထင်ပါတယ် ။ သင်္ခါရသဘောရှိတဲ့အတွက်  သူတို့ ယုံကြည်ရာကို လုပ်တဲ့အခါ ၊ သို့မဟုတ် သူတို့ ကာကွယ်စောင့်ချင်သူတွေကို ကာကွယ်မှု ပေးကြတဲ့အခါ  နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်စွန့်လွှတ်ရပါတယ်  ။  သေမျိုးလည်း မဟုတ် ၊ ထိခိုက်ခံစားလွယ်တာမျိုးလည်း မရှိတဲ့ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်ရပါတယ် ။

  • ယူလစ်ဆီ ( Ulysses )  ကို  နတ်ဘုရားမရဲ့ အကျဉ်းစံအနေနဲ့ နေမလား ၊ သူ့တိုင်းပြည်ကို ပြန်မလားလို့ ရွေးခိုင်းတော့ သူ့တိုင်းပြည်ကို ပြန်ဖို့ရွေးလိုက်ပါတယ် ။ ဘာလို့လည်းဆိုတော့ လူသားတစ်ယောက်ရဲ့ ဘ၀ကို အပြည့်အ၀နေချင်လို့ပါဘဲ တဲ့ ။ ဒီအတွက် သူဟာ သေခြင်းတရားကို လက်ခံဖို့ ပြင်ဆင်ထားခဲ့တယ် ။ မသေဘဲနေဖို့ ၊ သတ္တိရှိတဲ့ လူသားတစ်ယောက်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ရင်မဆိုင်ဘဲ နေဖို့ထက် စာရင် သေခြင်းသဘောသဘာဝရှိတဲ့ လူသားအဖြစ်ကို ရွေးခဲ့တယ် ။

  • ယူလစ်ဆီလိုဘဲ ကျမတို့ဟာ ဘ၀ခရီးကို သေမျိုးတွေအဖြစ် ဖြတ်သန်းနေသူတွေပါ ။ တနေ့သေရမယ့်လူတွေအဖြစ် ကျမတို့ အကောင်းဆုံး ကျင့်ကြံနေထိုင်ကြရပါမယ် ။ တနေ့သေရမယ်ဆိုတာကို သိရှိလက်ခံထားပြီး  ကိုယ့်ရဲ့ မွေးရာပါ  စွမ်းရည်တွေကို အကောင်းဆုံး အသုံးချတတ်ရပါမယ် ။ ဒါကဘဲ ဆင်းဟပ်က ကျမကို ဖြည်းဖြည်းချင်း မိတ်ဆက်သင်ကြားပေးလိုက်တဲ့ skill တွေထဲက တစ်ခုလို့ ကျမထင်ပါတယ် ။ 

  • ဒီတော့ ဆက်ပြောရရင် ဘ၀ကို ရှေ့ဆက်ရင်းနဲ့ လူကြီးမင်းတို့ဟာ ဘ၀ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကျမတို့ အားလုံး သေရမှာပါ  ။
-ပြန်လှည့်ကြည့်ချင်စရာ ဘာတွေများ ရှိချင်ပါသလဲ ။
-ဘယ်လို ဘ၀မျိုးကို ငါ နေခဲ့တယ်လို့ ပြောချင်ပါသလဲ ။
-ကိုယ့်မျိုးဆက်တွေကို ဘယ်လို အမွေအနှစ်မျိုး ထားခဲ့ချင်ပါသလဲ ။ 
-လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ရှိ ၊ တန်ဖိုးရှိစေတဲ့ အရာကရော ဘာလဲ ။
ဒါဟာ ခေါင်းဆောင်ဖို့ အလုပ်အကျွေးပြုကြတဲ့ ကျမတို့အားလုံး ဖြေဖို့လိုတဲ့  မေးခွန်းတွေထဲက တစ်ခုပါဘဲ ။  လူသားတစ်ယောက်အနေနဲ့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သိမှ ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာကို သိမှ တခြားလူတွေရဲ့ မျှော်မှန်းချက်ကို ဖြည်ပေးလို့ ရမှာပါ ။

  • ခေါင်ဆောင်ကောင်းဆိုတာ နောက်လိုက်တွေရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတတ်ရပါတယ် ။ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ဘာကိုများ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း နားလည်ထားရပါမယ် ။ ဒါကို လေးစားတတ်ရပါမယ် ။ ပျိုးထောင်ပေးတတ်ရပါမယ် ။ ခေါင်းဆောင်ကောင်းဆိုတာ ပျိုးထောင်ပေးခြင်း အမှုကိုလည်း ပြုတတ်ရပါမယ် ။ ပျိုးထောင်ပေးခြင်း ( nurturing )  ဆိုတာ အရမ်းအရေးကြီးပါတယ် ။

  • လူတွေကို ( ၄၄ ) ပတ်အတွင်းမှာ ခေါင်းဆောင်တွေ အဖြစ်ပြောင်းလဲ ပေးဖို့ ဖြစ်နိုင်ပါသလား လို့ ကျမ စဉ်းစားနေမိတယ် ။  လူကြီးမင်းတို့က ကျမထက်ပိုပြီး ပြည့်စုံတဲ့ အဖြေကို ပေးနိုင်မယ်ဆိုတာ ကျမ ယုံပါတယ် ။ ကျမကတော့ လူကြီးမင်းတို့လို  ( ၄၄ ) ပတ် လေ့ကျင့်ရေးတွေကို လုပ်ဖို့ဆန္ဒ လုံးဝ မရှိပါဘူး...... ကျမအထင်တော့ အိမ်အကျယ်ချုပ် ( ၁၅ ) နှစ်ကမှ ပိုလွယ်ဦးမလားဘဲ  (  ရယ်သံများ ) ။ ဒါတွေလုပ်ဖို့ ဘယ်လို အရည်အချင်းမျိုး ခံနိုင်ရည်မျိုးတွေများ လိုမလဲ ဆိုတာ လူကြီးမင်းတို့ အမြင်ကို သိချင်လှပါဘိ ။

  • ဗိုလ်လောင်းရွေးချယ်ရေး သင်တန်းတွေမှာ ကျမ၀င်ပြီး ဆွေးနွေးဖြစ်ပါတယ် ။ ဒီရွေးချယ်ေ၇းသင်တန်းတွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျမသိထားပါတယ် ။ ဒီမှာရောက်လာတဲ့ သင်တန်းသားတွေဟာ တခြားလူတွေထက် ပိုပြီး ခေါင်းဆောင်နိုင်စွမ်း မြင့်မားတယ်လို့ ပြောလို့ရပါတယ် ။ ဒီတော့ ဒီခေါင်းဆောင်မှု အရည်အသွေးတွေဆိုတာ ဘာလဲ ဆိုတာကို  ရွေးချယ်ရေးအဖွဲ့က လူတွေရဲ့ အမြင်ထက် လူကြီးမင်းကိုယ်တိုင်ရဲ့ အမြင်ကို ကျမ ပိုပြီး သိချင်မိပါတယ် ။


  • ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုတော့ ရှိရပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာက ဘ၀င်မြင့်ခြင်းနဲ့တော့ ကွဲပါတယ် ။ အတ္တကြီးခြင်းနဲ့လည်း မတူပါဘူး  ။ ကိုယ်ကိုယ်ကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူကမှ လာရှိပေးမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ် ကို မဦးဆောင်နိုင်ဘဲနဲ့ တခြားလူတွေကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး ။ 

  • ထိန်းချုပ်နိုင်စွမ်းဆိုတာလည်း ဒီလို ပါဘဲ ။ တခြားလူတွေကို မထိန်းနိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပါတယ် ။  ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗိုလ်မှူးတစ်ယောက်ပြောတာကို ကျမဖတ်ဖူးပါတယ်......စစ်ဖြစ်လို့ အရပ်သားတွေ စစ်ထဲဝင်ရတဲ့အခါ သူထင်တာက စစ်သားကောင်းဖြစ်မယ့်သူဆိုတာ ဆောက်လုပ်ရေးတတ်သူတွေ သို့မဟုတ် အလုပ်ကြမ်းကြမ်းနဲ့အကျွမ်းဝင်သူတွေဖြစ်မယ်လို့ ထင်ခဲ့မိသတဲ့ ။ ဒါပေမယ့် တကယ်လည်းကျရော ကဗျာဆရာတွေက အားကစားသမားတွေ အင်ဂျင်နီယာတွေထက်ပိုပြီး စစ်သားကောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုတယ် ။ အန္တရာယ်အများဆုံး တာဝန် တွေအတွင်းမှာ သူသိပ်ကို အားထားယုံကြည်ခဲ့ရသူတွေဟာ ကဗျာဆရာတွေပါဘဲတဲ့ ။  
  • ဒီလိုနဲ့သူက နောက်ဆုံးမှာ အတော်ဆုံးစစ်သားမှာ အရည်အချင်းသုံးရပ်ရှိတယ်လို့ လက်ခံလိုက်ပါတယ် ။

-လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ခုရယ် ၊
-ဆင်းရဲပင်ပန်းမှုဒုက္ခကို သည်းခံနိုင်စွမ်းရယ် ၊
-ဟာသဥာဏ်ရယ် ရှိရမယ်လို့ပါဘဲ ။ ဟာသဥာဏ်ရှိဖို့က သိပ်အရေးကြီးတယ်နော် ။ (ရယ်သံများ )

  •   လေ့ကျင့်ထားတဲ့ စိတ်ဓါတ်ဆိုတာ စောစောက ကျမပြောခဲ့တဲ့ ဆုံးဖြတ်ချက်ချခြင်း အပိုင်းကို ပြန်ပြောရမှာပါ ။ အလွန်တရာ ဖိအားများပင်ပန်းတဲ့ အခြေအနေမျိုးတွေမှာ သူများအတွက်ရော ကိုယ့်အတွက်ပါ ဆုံးဖြတ်ချက်မှန်ကို ချနိုင်ဖို့  ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လုပ်ကို လုပ်ရမယ့်ကိစ္စပါ ....ဒါကဘဲ ကိုယ်ကျိုးမဖက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။

  • ကျမတို့အားလုံးဟာ လူသားတွေပါ ။ ဘယ်လူသားမှ ရာနှုန်းပြည့်ကိုယ်ကျိုးမဖက်တာကို မလုပ်နိုင်ကြပါဘူး ။ အတ္တ ဆိုတာ အမြဲရှိပြီးသားပါ ။ ကိုယ့်အတ္တကို အခြေခံပြီးတော့ဘဲ သူများတွေနဲ့ ဆက်ဆံကြတာပါ  ။ ဒီတော့ ကိုယ်ကျိုးမဖက်ဘူးဆိုတာ  ပုံသေကားကျ ရာနှုန်းပြည့်သဘောမဟုတ်ပါဘူး  ။ ကိုယ်ကျိုးမဖက်ဘူးဆိုတာ  ''  အတ္တရှိတာကို အသိအမှတ်ပြုတယ် ၊ ဒါပေမယ့် အတ္တကို ကိုယ်နောက်လိုက်တွေရဲ့ အကျိုးနဲ့ ယှဉ်ရင် နောက်မှာ ထားရတာ  '' ကို ပြောတာပါ ။











  • ဒီတော့ တာဝန်ယူလိုစိတ်ရှိခြင်းဟာ ဦးဆောင်အလုပ်အကျွေးပြုဖို့အတွက် ( serve to lead ) အကြီးကျယ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါဘဲ ။ ဒါကို စံတစ်ခုအနေနဲ့ကို ထားရပါမယ် ။ ဒါပေမယ့် ဒီတာဝန်ယူလိုစိတ်ရှိခြင်းကို အလုပ်အဖြစ်ပြောင်းလဲဖို့အတွက် ကိုယ်ရောစိတ်ပါ ကျွမ်းကျင်မှုတွေ လိုအပ်ပါသေးတယ် ။

  • ရိုးရိုးစင်းစင်း ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ် ။ အထူးသဖြင့် မဟာယာနတွေ ပြောလေ့ရှိတာပါ  ။ ဗောဒိသတ္တ  ဖြစ်ဖို့အတွက် အရည်အချင်း နှစ်ခု လိုအပ်ပါတယ် တဲ့ ။ ဗောဓိသတ္တဆိုတာ
  •  ( မဟာယာနမှာ ) ကယ်တင်ရှင်ဘုရားလောင်းကို ပြောတာပါ ။ အဲဒီအရည်အချင်းနှစ်ခုကတော့ ဥာဏ်ပညာနဲ့ မေတ္တာပါဘဲ တဲ့ ။ ဒါကို သိပ်ကို ရိုးရိုးစင်းစင်း  ရှင်းပြထားပါတယ် ။ ''လူတစ်ယောက်ဟာ တစ်လောကလုံးမှာ မေတ္တာအကြီးမားဆုံးလူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် မှန်ကန်တဲ့ ဥာဏ်ပညာသာမရှိရင် ကယ်တင်ချင်တဲ့လူကို မကယ်တင်နိုင်ပါဘူးတဲ့ ။ တစ်ဖက်ကလည်း အဲဒီလူဟာ ဥာဏ်ပညာအကြီးဆုံးလူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် မေတ္တာမရှိပြန်ရင်လည်း မကယ်တင်နိုင်ပါဘူး ''   တဲ့ ။

  • တစ်နည်းအားဖြင့် စစ်သားအနေနဲ့ အသက်မွေးဝမ်းကျောင်းမှုမှာလည်း ဒီလိုပါဘဲ ။  စောင့်ရှောက်ပေးလိုစိတ် ၊ ကာကွယ်ပေးလိုစိတ် ၊ ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးလိုစိတ် ရှိရပါမယ် ။ ဒီလိုလုပ်ဖို့လည်း ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိရပါမယ် ။ ပေးဆပ်ချင်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။ ဘယ်လိုနည်းနဲ့အကောင်းဆုံး ပေးဆပ်အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်း သိမှ ဖြစ်မှာပါ ။

  • လူကြီးမင်းတို့ကို ဆင်းဟပ်မှာ ဒါတွေကို သင်ပေးတယ်လို့ ကျမ ထင်ပါတယ် ။ ကျမလည်း လူကြီးမင်းတို့ဆီက ဒါတွေကို ပြန်ကြားချင်ပါတယ် ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ဆင်းဟပ်မှာ သင်တာကို လူကြီးမင်းတို့အနေနဲ့ ဘယ်လို ထင်ပါသလဲ ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကိုယ့်အရည်အသွေးကို အကောင်းဆုံး အသုံးပြုတတ်အောင် ဆင်းဟပ်က သင်ပေးတဲ့အပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကို ပြောပြပါ ။ 
  • နိဂုံးချုပ်အနေနဲ့ ယူလစ်ဆီ အကြောင်းကို ဆက်ပြောရင်း ကဗျာဆရာ တင်နစ်ဆင်  ( Tennyson  )  ရဲ့ နာမည်ကြီးကဗျာ '' ယူလစ်ဆီ '' ထဲက တစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် ။ ငယ်ငယ်တုန်းက ယူလစ်ဆီအကြောင်းကို ဖတ်တိုင်း ကျမတစ်ခါမှ သူ့ကို သဘောမကျခဲ့ဖူးပါဘူး ။  သိပ်ပြီး မောက်မာတယ် ၊ ရဲတင်းလွန်းတယ်လို့ ထင်ခဲ့လို့ပါ ။  ဒါပေမယ့် တင်နစ်ဆင်ရဲ့  '' ယူလစ်ဆီ '' ကဗျာကို ဖတ်တော့ စိတ်ပြောင်းသွားခဲ့တယ် ။ ယူလစ်ဆီကို အမြင်သစ်တစ်မျိုးနဲ့ ကြည့်တတ်လာခဲ့တယ် ။ ဒီအပိုဒ်က ယူလစ်ဆီ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ ကိုယ်တိုင်းရေးထားတဲ့ပုံစံနဲ့ ရေးထားတာပါ ။  အဆုံးသတ်က သိပ်ကို နာမည်ကြီးတော့ လူကြီးမင်းတို့ထဲက အများစုလည်း သိပြီးသား ဖြစ်မှာပါ ။ ဖတ်ပြပါရစေ ။ 
We are not now that strength which in old days
Moved earth and heaven; that which we are, we are;
One equal temper of heroic hearts,Made weak by time and fate, but strong in will
To strive, to seek, to find, and not to yield.


  •  ယခင်ကလို ၊ တောင်မြင်းမိုရ်နဲ့
  • ကမ္ဘာမြေပြင် ၊ ရွှေ့ပစ်ချင်ရဲ့
  • ထိုသည့်အင်အား ၊ ယခုများဝယ်
  • ပျောက်ဆုံးခဲ့ပြီ ၊ ခန်းခဲ့ပြီလေ ။ 
  • အချိန် ကြမ္မာ ထိုနှစ်ဖြာကြောင့်
  • ငါတို့သည်ကား ၊ ချည့်နဲ့အားအင်
  • မှေးကာမှိန်ငြား ၊ သတ္တိအားမူ
  • မပျက်မူခဲ့ ၊ စည်းလုံးလျက်ပင်
  • အားထုတ်ကြိုးပမ်း ၊ ဖွေရှာစွမ်းလျက်
  • မပေးအရှုံး ၊ စိတ်နှလုံးသည်
  • သက်ဆုံးထိတိုင်ရှိမည်တည်း ။







  • ကျမအတွက်တော့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကြာရှည်ခံမယ့်အရည်အချင်းတွေဟာ ဒါတွေပါဘဲ ။ ယူလစ်ဆီဟာ အချိန်ရဲ့ တိုက်စားမှုကြောင့် နွမ်းနယ်ကောင်း နွမ်းနယ်ခဲ့ပါလိမ့်မယ်  ။  တခါတလေမှာ လူတွေဟာ အခြေအနေတွေကြောင့် မီးဇာကုန် ဆီခမ်းဖြစ်ရတာတွေလည်း ရှိတာပါဘဲ ။ ဒါပေမယ့် စိတ်ဆန္ဒ ( will ) ကတော့ ရှိနေရပါမယ် ။ အားထုတ်ချင် ၊  ရှာဖွေချင် ၊ ကြိုးစားချင်တဲ့ စိတ် ၊ အရှုံးမပေးချင်တဲ့ စိတ်ကတော့ ရှိနေရပါမယ် ။
  • အားထုတ်ကြိုးပမ်းတယ် ( strive ) ဆိုတဲ့ စကားကို ရှေ့တင်ထားတာကို ကျမ ၀မ်းသာမိတယ် ။  ဘယ်လောက်ဘဲ အားနည်းနေပါစေ ..... ပိုကောင်းမွန်တဲ့အရာတစ်ခုကို ရဖို့ အားထုတ်ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒနဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ။ ကိုယ်လိုချင်တာကို တွေ့ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ရပါတယ်  ။ ရည်ရွယ်ချက်မဲ့စွာလုပ်နေတာမျိုး မဖြစ်ရပါဘူး ။ ပန်းတိုင်တော့ရှိရပါတယ် ။ မူတွေ စံတွေလည်း ရှိရပါမယ် ။ ဒီကမ္ဘာကြီးဆီက ကိုယ်ဘာကို လိုချင်တာလဲ ၊ သူများဆီကရော ဘာလိုချင်သလဲ ၊ မိမိကိုယ်တိုင်ဆီကရော ဘာကို လိုချင်တာလဲ ဆိုတာ သိရပါမယ် ။ ကိုယ့်အသိုင်းအ၀ိုင်းဆီကရော ဘာကို လိုချင်တာလဲ ။ ဒါတွေကို သိရပါမယ် ။

  • ကျမအတွက်တော့ Leader   ဆိုတာ အလုပ်အကြွေးပြုချင်တဲ့စိတ်တစ်ခုတည်းနဲ့ မရပါဘူး ။ ဘာကြောင့်  serve လုပ်နေတာလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘာအတွက် serve လုပ်နေသလဲဆိုတဲ့ စံတွေလည်း ရှိရပါမယ် ။ နောက်ဆုံးပန်းတိုင်ကိုလည်း သိရပါမယ် ။ ကိုယ်ဘယ်ကို ဦးတည်သွားနေသလဲဆိုတာလည်း သိရပါမယ် ။ကိုယ်ဘယ်သွားနေမှန်းမသိရင် နောက်က လိုက်တဲ့သူတွေက ဘယ်လိုလုပ်သိမှာပါလဲ ။  သိတယ်ဆိုတဲ့နေရာမှာလည်း တစ်နှစ်အတွက်သာ ၊ နောက်တစ်နှစ်အတွက် ၊ အခု serve လုပ်နေရတဲ့အချိန်ကလေးအတွက်သာ မဟုတ်ဘဲ အနာဂတ်ရေရှည်မြင်တတ်ရပါမယ် ။ ပန်းတိုင်ရဲ့အလွန်အထိ မြင်တတ်ရပါမယ် ။


  • ဒီတော့ ကျမအတွက် အဆုံးစွန်သော ပန်းတိုင်ဟာ အလုပ်အကျွေးပြုခြင်းပါဘဲ ...တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို အကျိုးပြုစေမယ့် တက်မြက်စူးရှတဲ့အမျှော်အမြင် ( vision ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမတို့တစ်ဦးချင်းစီဟာ ဒီကမ္ဘာကြီးကို ဖွဲ့စည်းထားတဲ့ လူသားမျိုးနွယ်ထဲမှာ ပါနေတယ်လေ ။ ကျေးဇူးတင်ပါတယ် ။












































Speech by Aung San Suu Kyi to the Royal Military Academy Sandhur




The Royal Military Academy Sandhurst hosted the Burmese opposition leader Aung San Suu Kyi as part of her official visit to the UK.


She addressed the officer cadets and visited them being taught in the classroom and simulator facilities, and witnessed an outdoor training exercise.

Defence Secretary Philip Hammond said: "The focus of our future defence engagement with Burma will be on the creation of modern armed forces, subject to democratic accountability and compliance with international law.

"I am delighted to see that Aung San Suu Kyi has chosen to look at the Royal Military Academy Sandhurst as an example of how to train professional soldiers to cope with the many challenges we face in the modern world."

Learn about Sandhurst at www.army.mod.uk/sandhurst

For more British Army news and features: www.army.mod.uk/new

Ref:https://m.facebook.com/notes/spring-flowers/ဒေါ်စုရဲ့-ဆင်းဟတ်-တော်ဝင်စစ်တက္ကသိုလ်-မိန့်ခွန်း-အင်္ဂလန်-/564043600334215

Friday, November 1, 2013

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ

ကဲ ရွှေလေးတွေ ပြည်တော်ပြန် စီးပွားရေးလုပ်ဖို့ စဉ်းစားနေသူတွေ ......

၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရန် အကောင်းဆုံး နေရာ၌ ပါဝင်ခဲ့သည်။ အလားတူ အခြားအာဆီယံ နိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံ တို့သည်လည်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေးလုပ်ရန် ကောင်းမွန်သည့် ထိပ်ဆုံး နိုင်ငံ ၂၀ အတွင်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်နေသော်လည်း စာရင်းတွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် ၁၈၂ နေရာသာ ရရှိခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်။
ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်မြဲ စီးပွားရေး အစီရင်ခံစာ တစ်စောင်ဖြစ်သော “Doing Business 2014: Understanding Regulations for Small and Medium Size Enterprises” တွင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းမှစ၍ ကြွေးမြီကိစ္စ ဖြေရှင်းပေးခြင်းအထိ စီးပွားရေး လုပ်ကိုင်ခြင်းကို လွှမ်းမိုးချုပ်ကိုင်သည့် အချက် ၁၁ ချက်ကို လေ့လာသုံးသပ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်နေသော်လည်း စာရင်းတွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် ၁၈၂ နေရာသာ ရရှိခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသည်...


စင်ကာပူနိုင်ငံ အနေဖြင့် ထိပ်ဆုံးနေရာသို့ ရောက်ရှိနေသည်မှာ ထူးဆန်းသောအရာ တစ်ခုမဟုတ်ပေ။ သမုဒ္ဒရာထဲမှ နိုင်ငံငယ်လေး အနေဖြင့် စီးပွားရေး လုပ်ကိုင်ရန်အတွက် အကောင်းဆုံးနေရာ ရရှိခဲ့သည်မှာ ယခုနှစ်နှင့်ပါဆိုလျှင် ရှစ်နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။ မလေးရှားနိုင်ငံ အနေဖြင့်မူ စီးပွားရေး လုပ်ကိုင်ရန် ကောင်းမွန်သော ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းထဲတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံသည် ယမန်နှစ်က အဆင့် ၁၂ ဖြစ်ပြီး ယခုနှစ်တွင် အဆင့်ခြောက်ဆင့် ခုန်တက်သွားကာ အဆင့် (၆) နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မလေးရှားသည် ဆောက်လုပ်ရေး ပါမစ်ရရှိရန် လုပ်ငန်းစဉ် အဆင့်များ နည်းသွားအောင် လျှော့ချပေးခဲ့ခြင်း၊ လျပ်စစ်ဓာတ်အားလိုင်း အသစ်များ တည်ဆောက်ရန် ကြာချိန်ကို လျှော့ချပေးခဲ့ခြင်းတို့အပြင် ကုမ္ပဏီမှတ်ပုံတင် ကြေးကိုလည်း လျှော့ချပေးခဲ့သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ပျမ်းမျှသတ်မှတ်ချက်အရ လုပ်ငန်းတစ်ခု စတင်ရန် လျှောက်ထားရာ၌ လုပ်ငန်းစဉ် ခုနစ်ဆင့်၊ အချိန် ၂၅ ရက်နှင့် တစ်ဦးချင်း ၀င်ငွေ၏ ၃၂ ရာခိုင်နှုန်း ကုန်ကျစရိတ် ရှိရမည်ဖြစ်သည်။
သို့သော် ဒေသတွင်း တစ်ခုတည်းမှာတွင်ပင် စီးပွားရေးတစ်ခု စတင်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များမှာ အလွန်အမင်း ကွာခြားနေသည်။ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေး ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံ ၂၀ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဘရူနိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့က ထိပ်တန်းနိုင်ငံ ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော်ကျန်သည့် အရှေ့တောင်အာရှ နိုင်ငံများ၏ အဆင့်အတန်းမှာမူ ကောင်းမွန်ခဲ့ခြင်း မရှိပေ။
ယခုအကြိမ်သည် မြန်မာနိုင်ငံမှ အချက်အလက်များ ပထမဆုံးအကြိမ် ရရှိစုဆောင်း နိုင်ခဲ့သည့် အကြိမ်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး အောက်မှ ရုန်းထွက်လာသည့် နိုင်ငံအတွက် ယခုကဲ့သို့ စာရင်း၌ ပါဝင်လာခြင်း သည်ပင်လျှင် အပြုသဘောဆောင်သည့် ကြီးမားသော ခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း ပြဆိုနေသည်။ အာရှတွင် နောက်ဆုံး ကျန်နေသည့် အကြီးမားဆုံး ဈေးကွက် ဖြစ်သော်လည်း ယုံကြည်စိတ်ချရမှု မရှိသော လျှပ်စစ်စွမ်းအင် ထောက်ပံ့မှုနှင့် တိကျလုံလောက်မှု မရှိသော လုပ်ထုံးလုပ်နည်းများကြောင့် မြန်မာနိုင်ငံသည် ကွန်ဂိုနှင့် လစ်ဗျားနိုင်ငံတို့ ကဲ့သို့ပင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင် နိုင်ရန်အတွက် အခက်ခဲဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။

Ref:Myanmartime

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!