Popular Posts!

Sunday, February 2, 2014

၂၀၁၄ အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများ ခန့်မှန်းချက်တွင် မြန်မာပါဝင်


ဝါရှင်တန်၊ ဇန်နဝါရီ ၃၁



ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၏ နိုင်ငံရေးစနစ်များ၊ လွတ်လပ်ရေး ရရှိသည့် နှစ်၊ လိုအပ်သည့် တိုင်းရင်းသား ပညာတတ် အသိုင်းအဝိုင်းရှိမှု မရှိမှု စသည့်အချက်ပေါင်း ဒါဇင်ပေါင်း များစွာကို လေ့လာ သုံးသပ်ပြီး နိုင်ငံရေး သိပ္ပံပညာရှင် ဂျေးယူဖဒါက ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများကို သုံးသပ် ခန့်မှန်းရာတွင် မြန်မာနိုင်ငံလည်း ပါဝင်ထားသည်ကို Washington Post သတင်းတွင် ပုံများနှင့်တကွ ဖော်ပြထားသည်။



နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင်မူ အာဏာသိမ်းမှု ပေါ်ပေါက် လာနိုင်ခြေမှာ ထိုင်းနိုင်ငံနှင့် ယှဉ်လျှင် နည်းပါးလျက် ရှိပြီး ၄ ရာခိုင်နှုန်းကျော်ခန့်သာ ရှိသည်။



ပုံ (စာမျက်နှာ ၅) တွင် အညိုရောင်ဖြင့် ဖော်ပြထားသည့် နိုင်ငံများသည် အာဏာသိမ်းမှု ပေါ်ပေါက်ရန် အလားအလာ များနေပြီး အဝါရောင်ဖြင့် ဖော်ပြထားသည့် နိုင်ငံများမှာ အာဏာသိမ်းမှု ပေါ်ပေါက်နိုင် ခြေအနိမ့်ဆုံး နိုင်ငံများ ဖြစ်သည်။



သို့သော်လည်း အညိုရောင်ဖြင့် ဖော်ပြထားသော နိုင်ငံများတွင် အာဏာသိမ်းမှု ပေါ်ပေါက် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိသည့်အတွက် လက်တွေ့တွင် အာဏာသိမ်းမှု အမှန်တကယ် ပေါ်ပေါက်လာနိုင်ခြေ မရှိပေ။



အနောက်အာဖရိက နိုင်ငံများဖြစ်သော ဂီနီယာ၊ မာလီ စသည့် နိုင်ငံများမှာ အာဏာသိမ်းနိုင်ခြေ ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၂ ဒသမ ၇ ရာခိုင်နှုန်းထိ ရှိပြီး မာဒါဂါစကာနိုင်ငံမှာ ၂၃ ဒသမ ၉ ရာခိုင်နှုန်းထိ ရှိသည်။



အဆိုပါ အချက်အလက်များကို ကြည့်ခြင်းဖြင့် ဆာဟာရ အောက်ပိုင်း အာဖရိက နိုင်ငံများတွင် အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေ များနေသည်ကို တွေ့နိုင်သည်။



ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ရှုပ်ထွေးသော နိုင်ငံရေး၊ လူမျိုးရေးနှင့် ကိုလိုနီခေတ်လွန် အကြောင်းတရား များကြောင့် ဖြစ်သည်။



အာဏာသိမ်းနိုင်ခြေ များသည့် အာဖရိကနိုင်ငံ မဟုတ်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေမှာ ၁၀ ဒသမ ၉ ရာခိုင်နှုန်းထိ ရှိသည်။



ထိုင်းနိုင်ငံမှာ ကမ္ဘာ့နိုင်ငံများအနက် အာဏာသိမ်းမှု အများဆုံး ပေါ်ပေါက်သည့် နိုင်ငံတစ်ခု ဖြစ်ပြီး လက်ရှိတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။



အာဖဂန်နိုင်ငံတွင်မူ လူမျိုးရေးနှင့် နိုင်ငံရေး ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်း၊ ပါကစ္စတန်နိုင်ငံတွင် လွတ်လပ်စွာသီးခြား ရပ်တည်လေ့ရှိသော စစ်တပ် ရှိခြင်း၊ အရပ်သား အစိုးရအင်အား ချည့်နဲ့ခြင်း စသည့် အချက်များကြောင့် အာဏာသိမ်းနိုင်ခြေ မြင့်တက်လျက် ရှိသည်။



အနောက်ဘက် ကမ္ဘာခြမ်းအတွင်း အာဏာသိမ်းနိုင်ခြေ အမြင့်ဆုံးနိုင်ငံ နှစ်ခုမှာ ဟေတီနှင့် အီကွေဒေါ နှစ်နိုင်ငံ ဖြစ်ပြီး ၉ ဒသမ ၂ နှင့် ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိသည်။



အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေသော အီရန်နိုင်ငံတွင်မှု အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေ ၁ ဒသမ ၄၃ ရာခိုင်နှုန်းသာ ရှိပြီး အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံအများစုတွင် အာဏာသိမ်းမှု ပေါ်ပေါက်နိုင်ခြေ ၀ ဒသမ ၁၅ ရာခိုင်နှုန်းသာ ရှိသည်။



ယင်းကဲ့သို့သော ခန့်မှန်းချက်များကို ထုတ်ပြန်ရာတွင် လေ့လာသုံးသပ်ရေး နည်းလမ်းနှစ်ရပ်ကို အသုံးပြုပြီးနောက် ပျမ်းမျှရလဒ်ကို ရယူခြင်း၊ ၁၉၆၀ နှင့် ၂၀၁၀ ပြည့်နှစ်ကာလ ကမ္ဘာ့နိုင်ငံများတွင် ယင်းနည်းလမ်း အသုံးပြုပြီး စမ်းသပ် လေ့လာကြည့်ခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ပြီးနောက် နိုင်ငံရေးသိပ္ပံ ပညာရှင် ဂျေးယူဖဒါက ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။



စစ်အာဏာသိမ်းမှုများမှာ တရားဥပဒေ စိုးမိုးမှုကို ယိုင်နဲ့စေကာ ဒီမိုကရက်တစ် အစဉ်အလာများနှင့် အင်စတီကျူးရှင်းများကို လုံးဝနီးပါး ပစ်ပယ်ထားခြင်းကြောင့် အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများ ပေါ်ပေါက် လာနိုင်စေသော အရာများ ဖြစ်သည်။




Ref:The Voice Weekly 


A worrying map of the countries most likely to have a coup in 2014


Click to enlarge. Data source: Jay Ulfelder coup forecasts for 2014. (Max Fisher/Washington Post)
Click to enlarge. Data source: Jay Ulfelder coup forecasts for 2014. (Max Fisher/Washington Post)
Coups are bad news for any country. They weaken the rule of law, throw governments into chaos, undermine or outright jettison democratic norms and institutions, and can lead to violence, oppression or worse. They can also be tough to see coming, particularly since the people looking for them tend to focus on a single country, which can lead them to overemphasize local events and understate the broader dynamics that make coups happen, or not.
That's a big part of why political scientist Jay Ulfelder has, for the past three years, maintained a mathematical model to predict the likelihood of coups in almost every country around the world. By tracking over a dozen variables – from political system to years of independence the presence of absence of an "elite" ethnic group – Ulfelder's model roughly estimates the likelihood that each country will experience a coup this year. He "trained" the model by applying it over the years 1960 to 2010, further developing its ability to predict future coups by looking at past ones.
Ulfelder kindly shared his full dataset with me, which I've mapped out above. The redder countries are at higher risk for a coup and the yellower countries at lower risk. You can read his post here for much, much more about how he designed this model and what makes it work.
Here are a few notes to help you read this map. First, even the most extreme cases are well below a 50 percent likelihood of a coup, meaning that a coup probably won't occur. Those would be the West African countries of Guinea and Mali (26.5 percent and 22.7 percent likelihoods of coups) and Madagascar, at 23.9 percent likelihood. Those numbers are high enough, though, to be appropriately alarming. Second, the numbers drop off quickly, with the vast majority of countries less than 5 percent likelihood of a coup, and half of them less than 1.5 percent. So the difference between a dark red country and a light orange or yellow country is very significant.
There are a few immediately obvious trends in the data. First, it doesn't look good for sub-Saharan Africa, which has the top nine most at-risk countries. Not all of Africa, to be clear, much of which is quite stable, but the risk is heavily concentrated in Africa's Sahel region (that east-west strip just below the Saharan desert) and in West and Central Africa. There are complex political, ethnic and post-colonial reasons for this,which I wrote about here. Looking forward, political instability and competition risks holding back a part of the world that is otherwise poised for long-overdue economic growth.
Here is a chart Ulfelder put together showing the 40 most at-risk countries. For each country, he's run two different models and then averaged the results. That bold dot is the average score:
The 40 countries most at risk for a coup in 2014 (Jay Ulfelder)
The 40 countries most at risk for a coup in 2014 (Jay Ulfelder)
The stand-outs beyond sub-Saharan Africa also tell some interesting stories. The highest-ranked non-African country is Thailand, with a projected 10.9 percent likelihood of a coup this year. By some measurements, Thailand has more coups than any other countries on earth (here's why) and is currently experiencing another round of protests and political turmoil. Afghanistan and Pakistan are at high risk, though for different reasons (deep ethnic and political competition in Afghanistan, an independent-leaning military in Pakistan, weak civilian governments in both). Egypt, which saw a coup in 2013, has a projected 9 percent chance of another this year. Further afield are Haiti and Ecuador, the only two countries in the Western hemisphere with significant risks for coups, with 9.2 and 8.5 percent projected, respectively. (This is why I wrote, in June, that NSA leaker Edward Snowden would be wise to turn down Ecuador's offer of asylum; the next government could change its mind.)
It's also worth pausing to appreciate the luxury many countries have of not worrying about coups. A lot of democratic as well as authoritarian states, rich as well as poor, have strong enough rule of law and institutional norms that they don't have to worry about coups. Ulfelder's model predicts only a 0.15 percent chance in the United States; many Western democracies show similar scores. So do some countries experiencing political turmoil, such as Greece and Cuba (0.14 and 0.21 percent risk, respectively). Iran, for all its problems and political infighting, only rates a 1.43 percent chance of a coup. That's probably great news for the United States: even if we don't like the Iranian government, it's preferable to chaos, and a government that can negotiate without worrying about a military coup has a freer hand to accept any U.S. nuclear deal.
For more on coups, what makes them likely or not, and the implications of this data, bookmark Ulfelder's blog, which will be revisiting these topics throughout the year.

မြန်မာ့ငွေကြေးဖောင်းပွမှုဆက်လက်မြှင့်မှုရဲ့ အန္ထရယ်!

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်


မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့် တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။ စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါဥပဒေကြမ်းတွင် ပါရှိသည်။ 

ယင်းဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက တင်ပြထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့က အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန် ထားပြီဖြစ်ကြောင်း ကော်မတီဝင်တို့က ပြောဆိုသည်။

 ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ပြည်ပပို့ကုန်အခွန် ပြင်ဆင်ခြင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဥပဒေကြမ်းကို လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

စီမံကိန်းဥပဒေကြမ်းပါ အချက်များအရ ယခုနှစ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှစီးပွားရေးအရ ဝင်ငွေကို ကျပ်ဆယ်သိန်းခွဲကျော်အထိ ရရှိလာရန် ရည်မှန်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ 

လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာနိုင်သဖြင့် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ ယနေ့မြန်မာငွေနှင့် ဒေါ်လာလဲလှယ်ရာမှာ မြန်မာငွေတန်ဖိုး တရိပ်ရိပ် တက်လာနေပါသည်။ မြန်မာငွေတန်ဖိုးတက်လာပေမယ့် ကုန်စည်ဈေးနှုန်းတွေဘာလို့မကျတာလဲလို့မေးတော့ ပတ်ဝန်းကျင်မှာရှိတဲ့စီးပွားရေးသမား တွေက ပြောကြပါတယ်။ဗမာငွေတက်တာမဟုတ်ဘူး၊ ဒေါ်လာဈေးကျတာတဲ့။ အဲဒီအဖြေဟာမှန်ပါသလား။ မှန်သည်ဟုယူဆလိုက်ပါ။ ဒါဆိုရင် ဒေါ်လာလို အင်အားကြီးတဲ့ ငွေမာတွေတောင်တန်ဖိုးကျတဲ့အချိန်မှာ ဗမာငွေက ဘာလို့ မကျဘဲနေတာလဲဆိုရင်ရော အဖြေကဘာလဲ။ ဗမာငွေတန်ဖိုး တက်နေလို့သာတန်ဖိုးကျမသွားတာ ဆိုတဲ့ အဖြေပဲ ဖြစ်လာရပါတယ်။ ထပ်ပြီးသုံးသပ်စရာတခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ 




တန်ဖိုးတက်လာတဲ့မြန်မာ့ငွေကြေး


ယခင်က ဒေါ်လာဈေးနှင့်ယွမ်ဈေးများတက်တယ်လို့ ပြောကြတုန်းကရော ....  အဲဒီငွေကြေးတွေက တက်တာလား၊ ဗမာငွေက ကျတာလား။ မြန်မာငွေနဲ့ ကန်ဒေါ်လာချိတ်ဆက်မှု၊ မြန်မာငွေနဲ့ ယွမ်ငွေချိတ်ဆက်မှုမှာ မြန်မာငွေတန်ဖိုးကျစဉ်တုန်းက ဒေါ်လာနဲ့ ယွမ်လဲနှုန်း၊ ဒေါ်လာနဲ့ ဘတ်လဲနှုန်း၊ ဒေါ်လာနဲ့ Singapore Dollar လဲနှုန်းတွေဟာ မပြောင်းလဲဘဲ ရှိနေကြတဲံအတွက် မြန်မာငွေကျတာ ထင်ရှားပါတယ်။ ယခုအချိန်မှာ မြန်မာငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲရာမှာတင်မကဘဲ ယွန်နဲ့ လဲရာမှာပါ တန်ဖိုးတက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသောအိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုးတက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးသမားများ မ၀န်ခံချင်လည်း မြန်မာငွေတန်ဖိုးတက်နေတာဟာထင်ရှားပါတယ်။ ဒီလိုဆိုရင်လိုရင်းကို ပြောကြပါစို့။



      မြန်မာငွေသည် ဒသမနောက်က အစွန်အဖျားလေးကျသွားခဲ့တာနဲ့ တပြိုင်နက် ကုန်စည်ဈေးနှုန်းတွေ ဒုန်းကနဲ ဒိုင်းကနဲ အားရပါးရ ခုန်တက်ခဲ့သလောက် မြန်မာငွေတန်ဖိုး တရိပ်ရိပ်တက်နေသော်လည်း import ကုန်စည်ဈေးများမကျဘဲ တင်းခံနေခြင်း၊ ချပေးတော့လည်း မဖြစ်စလောက် အနည်းငယ်မျှသာဖြစ်နေခြင်း တွေဟာ ဘာ့ကြောင့်ပါလဲ။ import တင်သွင်းလာသော ကုန်သည်ကြီးများနှင့် export ကုန်သည်ကြီးများကလည်း မြန်မာငွေတန်ဖိုးတက်လာသဖြင့် ငြီးငြူနေကြပါသည်။ ဒေါ်လာစားနှင့် FEC စားများကလည်း ညီးတွားနေကြပါသည်။ ဒါဆိုရင်မြန်မာငွေတန်ဖိုးတက်လာတာဟာ တိုင်းပြည်အတွက်အကျိုးမရှိဘူးဟု ယူဆနေကြပါ သလား။


     မြန်မာငွေတန်ဖိုးကျလို့ ကုန်စည်နဲ့ အခြေခံစားသောက်ကုန်တွေ မတန်တဆ ဈေးတွေမြင့်တက်ပြီး ငွေဖောင်းပွမှုတွေဖြစ်စဉ်တုန်းကပြင်ပ ၀န်ထမ်းတွေရဲ့ လစာတွေ တိုးတက်မှု   တစုံတရာမရှိခဲ့ပါဘူး။ နဂိုလုပ်ခ လစာအနေအထားနဲ့ပဲ ကုန်ဈေးနှုန်းတက်မှုဒဏ်ကို ခါးစည်းပြီး ခံခဲ့ကြရပါတယ်။ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်ချိန်မှာ ၀င်ငွေတိုးမလာမှုဒဏ်တွေနဲ့ ပတ်သက်ပြီး မိသားစု စားဝတ် နေရေးမပြေလည်မှု သားသမီးတွေရဲ့ ပညာရေးအသုံးစရိတ်မလုံလောက်မှုတွေ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုစရိတ် မသုံးစွဲနိုင်ကြမှုတွေနဲ့ ပတ်သက်တဲ့ ငိုညည်းသံတွေက ခပ်သဲ့သဲ့ ထွက်လာရှာပါတယ်။

     မြန်မာငွေတန်ဖိုးတက်လို့ ကုန်စည်ဈေးတွေ မဖြစ်စလောက်ကျတဲ့အတွက်ကြောင့် လူတစ်စုဆီက ပေါ်လာတဲ့ ညည်းတွားသံတွေက ကျယ်လောင်လွန်းလှပါတယ်။ ယခင်တုန်းက စာမျက်နှာတွေပေါ်မှာ ငွေဖောင်းပွမှု Inflation Rateနှင့်ပတ်သက်ပြီး ငွေတန်ဖိုးကျလည်း ဘာလုပ်ရမှာလည်း၊ ပို့စရာ Export မှ မရှိတာ၊ အကျိုးမရှိလှပါဘူး။ လို့ ရေးခဲ့ပြောခဲ့ကြတဲ့ လူတွေက ခုလိုမြန်မာငွေတန်ဖိုးတက်ချိန်မှာ လက်ခုပ်တီးပြီး ခပ်ရဲရဲ လေး ကြိုဆိုပေးကြရင်ကောင်းမယ်ထင်ပါတယ်။ ခုချိန်မှာမြန်မာငွေ တန်ဖိုးတက်လို့ ကုန်စည်ဈေးတွေကျသင့်သလောက်မကျတာတွေ၊ ပြည်သူတွေအကျိုးရှိသင့်သလောက်မရှိတာတွေနဲ့ ပတ်သက်ပြီး များများလေး ရေးစေပြောစေချင်ပါတယ်။ ပြည်သူတွေရဲ့ခံစားချက်နဲ့ တိုင်းပြည်အတွက် ရေရှည် အဆိုးအကောင်းကို ဝေဖန်ထောက်ပြပြီး ရေးပေးကြပါ။ လူတစ်စုရဲ့ ဆန္ဒနဲ့ခံစားချက်ကို သိပ်ဦးစားပေးပြီး ရေးလွန်းဖော်ပြပေးလွန်းလို့ မသင့်တော်ဘူးထင်ပါတယ်။
     ယခင်တစ်ဒေါ်လာဈေးနှုန်းမြန်မာငွေ (၁၃၅၀) ကျပ်ခန့်ရှိစဉ်က ဒေါ်လာနဲ့ တွက်ပြီးရောင်းချနေကြတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက ဒီနေ့ တစ်ဒေါ်လာဈေး (၇၅၀) ကျပ်နီးပါးဖြစ်နေချိန်မှာ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ၄၀ရာခိုင်နှုန်းလောက် ဘာလို့ မကျတာလဲ။ မြတ်တုန်းက အမြတ်ယူပြီး ရှုံးတော့ကျ အရှုံးမခံနိုင်လို့ မရပါဘူး။ ဒီလိုသာလုပ်နေကြရင် ပီပြင်တဲ့ဈေးကွက်စီးပွားရေးစံနစ် Market Economy ဖြစ်မလာနိုင်ပါဘူး။ ယခုဆိုလျှင် Loreal cosmetic company က တစ်ဒေါ်လာကိုမြန်မာငွေ (၁၄၀၀) ကျပ်နီးပါးပေါက်ခဲ့စဉ်က ပစ္စည်းဈေးနှုန်းများကို ယခုအခါမှာ ၅၀ရာခိုင်နှုန်းလျှော့ပြီး ဈေးတင်ရောင်းချခြင်းမျိုးကို ကြိုဆိုရပါမယ်။

 မြန်မာငွေတန်ဖိုးတက်ရတဲ့ အဓိကအကြောင်းအရင်း(၃)ချက်ရှိပါတယ်။

၁။    Government ကနိုင်ငံရေးအလှည့်အပြောင်းကြီးကို တည်ငြိမ်စွာကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့်  မြန်မာ့နိုင်ငံရေး အလားအလာ ကောင်းတွေ ပေါ်ထွက်လာခြင်းရဲ့ ရလဒ်ကလည်း တစ်ခုဖြစ်ပါတယ်။
၂။သဘာဝ ဓာတ်ငွေ့တွေ ပိုမိုတွေ့ရှိမှုနှင့် တင်ပို့နိုင်မှုတွေ များပြားလာတဲ့အတွက်ကြောင့် လည်းဖြစ်ပါတယ်။
၃။     နိုင်ငံတော်က ကျင့်သုံးနေတဲ့ စီးပွားရေးဆိုင်ရာ Fiscal Policy ပိုင်းမှာContractionary Monetary Policy ဘက်ခြမ်းကို ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းဆိုတာတွေကြောင့်ဖြစ်ပါတယ်။

     မြန်မာငွေတန်ဖိုးတက်ခြင်းဟာ မြန်မာ့စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကနေရာကနေ ပါဝင်နေသလို သန်းပေါင်းများစွာသော ပြည်သူတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီး အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါလိမ့်မယ်။ ငွေတန်ဖိုးကျ ကုန်စည်ဈေးနှုန်းတွေတက်ပြီး ငွေဖောင်းပွမှုတွေဖြစ်နေတုန်းက ဝေဖန်ခဲ့သူတွေဟာ ခုလို ငွေတန်ဖိုးတက်ချိန်မှာ သတ္တိရှိရှိနဲ့ ထောက်ခံပေးစေချင်ပါတယ်။

     ယခုလက်ရှိအနေအထားဟာ ဆင်တစ်ကောင်လုံးမျက်စေ့ရှေ့ရောက်နေတာကို ဆင်ခြေရာဘယ်မှာလဲ၊ ဆင်ဖြစ်ကြောင်းဘာနဲ့ သက်သေ ပြမှာလဲလို့ ၀ိုင်းပြောနေကြသလိုပါပဲ။ မြန်မာငွေတန်ဖိုးကို ရေရှည်ခိုင်မာအောင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် တိုင်းပြည် စီးပွားရေးဖြစ်ထွန်းတိုးတက်မှု Economic Development ရအောင်ကြိုးစားပေးရမှာဖြစ်ပါတယ်။ လက်တစ်ဆုပ်စာငွေကြေးအင်အားကြီးသူ လူတစ်စုရဲ့ စီးပွားဖြောင့်အောင်၊ အခြေအနေကောင်းအောင် ဦးစားပေးကယ်တင်ခြင်း၊ လုပ်ကိုင်ပေးခြင်းတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး ကြီးထွားလာရုံ Economic Growth လောက်ပဲဖြစ်လာမှာကို သတိပြုရပါမယ်။ မြန်မာငွေ တန်ဖိုးတက်ပြီး ကုန်စည်ဈေးနှုန်းတွေကျဆင်းခြင်းဟာ လစာနည်း၊ ၀င်ငွေနည်းလူတန်းစားသန်းပေါင်းများစွာကို အလိုအလျောက်လုပ်ခလစာ တိုးပေးနေသကဲ့သလို့ ဖြစ်နေတယ်ဆိုတာကိုပါ သတိပြုမိကြစေလိုပါတယ်။


နေထက်ထက်အောင် (Mandalay Times Journal)



ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ်

by Khin Maung Nyo (Notes) on Thursday, May 16, 2013 at 4:10am

 နောက်ခံ အခင်းအကျင်း
လွန်ခဲ့သော နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အ၀န်းအ၀ိုင်းအတွင်း၊ ကမ္ဘာ့ စီးပွားရေး အ၀န်းအ၀ိုင်း အတွင်း ပြန်လည် ရောက်ရှိလာပြီ ဟူသော စကားကို အများဆုံး ကြားရပါသည်။ ထိုစကား၏ အဓိပ္ပါယ် သက်ရောက်မှုကိုလည်း စဉ်းစားကြည့်သင့်ပါသည်။ အနည်းဆုံး အဓိပ္ပါယ်နှစ်ခု ကောက်ယူနိုင်ပါသည်။ ပထမ တစ်ခုမှာ ကမ္ဘာတစ်ဝှမ်း ယေဘုယျအားဖြင့် လက်ခံထားသည့် စံချိန်စံညွှန်းများကို အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံက လက်ခံကျင့်သုံးလာခြင်းဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒုတိယတစ်ခုမှာ ကမ္ဘာ့ စီးပွားရေး အတက်အကျ၊ အပြောင်းအလဲ၊ အကောင်းအဆိုးတို့၏ အကျိုးသက်ရောက်မှုကို မြန်မာနိုင်ငံက ပိုမို ခံစားရမည်ဆိုသည့် အဓိပ္ပါယ် ထွက်ပါသည်။

မျှော်လင့်ချက်များ


နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာသည်နှင့်အမျှ မြန်မာငွေတန်ဖိုး ပို၍ ခိုင်မာလာမည်ဟု တွက်ဆကြပြီး အစိုးရိမ် အကြီးဆုံးသူများမှာ နိုင်ငံတကာဈေးကွက်တွင် ပြိုင်ဆိုင်နိုင်စွမ်း လျော့ပါးမည်ကို ပူပင်ကြသော ပို့ကုန်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တစ်ဖက်တွင် သွင်းကုန်လုပ်ငန်းများ၊ သွင်းကုန်များကမူ ဒေါ်လာဈေးတက်သွားလျှင် (မြန်မာငွေတန်ဖိုး ကျဆင်းသွားလျှင်) သွင်းကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။
အချို့သော စီးပွားရေးပညာရှင်များက မြန်မာကျပ်ငွေဈေးနှုန်း ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း (အများအားဖြင့်) တက်လာခဲ့သည်ကို သဘောမကျပါ။ မြန်မာကျပ်ငွေသည် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် တန်ဖိုးမြင့်နေသည်။ ထို့ကြောင့် ပို့ကုန် ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းကောင်း မရ၍ ထိခိုက်ရသည်ဟု တွက်ဆကြပါသည်။ သို့သော လယ်သမားများ ရင်ဆိုင်နေရသော ကိစ္စများမှာ မြေယာပိုင်ဆိုင်မှု ကိစ္စ၊ ချေးငွေ ကိစ္စ အစရှိသဖြင့် တစ်ခုမက များပြားပါသည်။



မြန်မာငွေကြေးမူဝါဒ?


အစိုးရသစ်၊ အခင်းအကျင်းသစ်အောက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ နည်းပညာ အကြံဥာဏ်များ ရယူ၍ ဘတ်ဂျက်လိုငွေ လျော့ချရန် ရည်ရွယ်ခြင်း၊ လိုငွေကို ငွေစက္ကူ ရိုက်သည့်နည်းထက် ငွေချေးစာချုပ် ထုတ်ဝေရောင်းချသည့် နည်းကို ပိုမိုအားကိုးခြင်း၊ ငွေလဲလှယ်နှုန်းကို လွှတ်ပေးလိုက်ပြီးနောက် အနီးကပ် စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။ ဈေးနှုန်း တည်ငြိမ်ရေး၊ ငွေဖောင်းပွမှု ဆန့်ကျင်ရေး မူဝါဒ ရှိသည်ဟု တွက်ဆရပါသည်။
သို့သော် လွှတ်တော်ဘက်တွင် မြန်မာငွေဈေးနှုန်း ကျဆင်း၊ ဒေါ်လာဈေးနှုန်း တက်စေလိုသော မူဝါဒ ရှိသည်ဟု မှန်းဆရပါသည်။



အနီးကပ် မြင်ကွင်းများ



နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းတွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာသည်ဟု ပြောကြားသွားခဲ့ပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ငွေသား အဖြစ် မြင်လျှင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အမြောက်အများ ၀င်ရောက်နေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းသင့်ပါသည်။ သို့သော် ငွေသားစီးဝင်မှု အဖြစ် မမြင်ဘဲ အရင်းအနှီး စက်ကိရိယာ ပစ္စည်းများ၊ အသုံးအဆောင်များ ၀င်ရောက်ခြင်း အဖြစ် ရှုမြင်လျှင် ဒေါ်လာဈေး ကျဆင်းစရာ အကြောင်း မရှိပါ။
သင်္ကြန်အနီးတ၀ိုက်တွင် မြန်မာ ပုဂ္ဂလိကဘဏ်များ ATM ငွေထုတ်စက်ကို Visa, Mastercard များ သုံး၍ နိုင်ငံခြားငွေလဲလှယ်နိုင်စေရန် စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တိုးပွားလာနေသော ကမ္ဘာလှည့် ခရီးသည်များသည် ပြင်ပဈေးကွက်ကို အားမကိုးပဲ ဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ တွင် မြန်မာငွေ တရားဝင် ထုတ်ယူနိုင်သည်။ တရားဝင်လမ်းကြောင်းမှ ဒေါ်လာ စီးဝင်မှု များပြား မည် ဖြစ်၍ ဒေါ်လာဈေး တက်စရာ အကြောင်း မရှိပါ။



သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အမေရိကန်၏ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားလာသဖြင့်လည်းကောင်း၊ ဥရောပနှင့် အခြားနိုင်ငံ၏ စီးပွားရေးမှာ မရေမရာ ဖြစ်နေသေးသဖြင့်လည်းကောင်း ရွှေဈေးကျဆင်းကာ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ ရွှေဈေး ဆက်တိုက် ကျဆင်းမည်ဟု တွက်ဆမှုများလည်း ရှိနေပါသည်။

မသေချာ မရေရာသော ခန့်မှန်းချက် တစ်ခုမှာ ပြည်တွင်းတွင် ဒေါ်လာဝယ်ယူမှု တိုးပွားလာခြင်း၊ သွင်းကုန်များ အတွက် ဒေါ်လာဝယ်ယူမှု များပြားခြင်း ဟူသော ကိစ္စ ဖြစ်ပါသည်။
အနာဂတ်တွင် အနည်းဆုံး ရေ၊ မီး၊ လမ်း၊ တံတား အစရှိသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် အရင်းအနှီး အသုံးစရိတ်များ၊ မြင့်မားလာသော နေထိုင်မှု ပုံစံများ အတွက် သာမန် အသုံးစရိတ်များ ဟူ၍ နိုင်ငံခြားငွေ သုံးစွဲမှု (သို့မဟုတ်) သွင်းကုန် တင်သွင်းမှု ဆက်လက် များပြားနေဖွယ်ရာ ရှိပါသည်။ ကုန်သွယ်မှု လိုငွေကို ဖြည့်ဆည်းရန် အတွက် အမေရိကန် ဒေါ်လာ ၀ယ်ယူရန် လိုအပ်ပါသည်။
ပြည်တွင်း အကြောင်းတရား အနေဖြင့် ဒေါ်လာ ၀ယ်ယူမှုက ရောင်းအားထက် များပြားလျှင် ဒေါ်လာငွေ၏ တန်ဖိုး (ယခု ကြုံတွေ့နေရသကဲ့သို့) တက်လာနိုင်ပါသည်။ သို့သော် ဤသို့ တက်ခြင်းသည် ပြည်တွင်း အကြောင်းတရား၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်၊ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာ တန်ဖိုးတက်ခြင်း၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်ကို ခွဲခြားရန် ခက်ပါသည်။



 ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု ကြီးမားလာနေသော အချိန်တွင် ကမ္ဘာ့ စီးပွားရေး အလားအလာကို မြန်မာ့ စီးပွားရေးက ဆန့်ကျင်နိုင်မည့် အလားအလာ ရှိသည်ဟု မယူဆပါ။ (ကမ္ဘာတွင် ဒေါ်လာဈေးတက်နေသည်ကို မြန်မာနိုင်ငံတွင် ဒေါ်လာဈေးကျအောင် လုပ်နိုင်မည် မထင်ပါ။)

မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ကြည့်ရာတွင် ညွှန်းကိန်းတစ်ခု အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အရေးပါမှုကို ကြည့်ရန် လိုအပ်ပါသည်။ ဤညွှန်းကိန်းအရ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး အချိုးအစား အလွန်နိမ့်ကျနေပါသေးသည်။ သို့သော် အမှန်တကယ် ကုန်သွယ်မှုသည် တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်ထက် သိသိသာသာ များပြားနိုင်ပါသည်။ သို့ဖြစ်ရာ ယခင့် ယခင် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ကုန်သွယ်မှု အချိုးအစား ကြီးမားလာပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည်ဟု သေချာပေါက် ဆိုနိုင်ပါသည်။
တဖန် ဗဟိုဘဏ်တွင် အခြေခံငွေလဲလှယ်နှုန်း သတ်မှတ်ရာတွင် နှစ်နှင့်ချီ၍ အတော်အတန် တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်း (မေလလယ်)တွင် သိသိသာသာ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်ကို တုံ့ပြန်ဆောင်ရွက်မှုဟု ယူဆပြီး ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်း မှု မြင့်မားလာသည့် သာဓက တစ်ခု အဖြစ် ရှုမြင်နိုင်ပါသည်။



ရှေ့အလားအလာ


မြန်မာ့စီးပွားရေး အလားအလာကို တွက်ဆရာ၌ ကိုယ်ရရှိထားသော အချက်အလက်များ၊ အခြေအနေများထက် မိမိ လက်လှမ်းမမီသော အချက်အလက်များ၊ အခြေအနေများကို လျော့တွက်၍ မရကြောင်း သင်ခန်းစာ အထပ်ထပ် ရရှိခဲ့ပြီး ဖြစ်ပါသည်။ သာဓက တစ်ခု အနေဖြင့် ဘဏ်အတိုးနှုန်း လျှော့ချ၍ အပ်ငွေ လျော့ကျမည်ဟု တွက်ဆရသော်လည်း အခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း မရှိသော အခြေအနေတွင် ဘဏ်အပ်ငွေ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရပါသည်။
မြန်မာ့ဈေးကွက် အတွင်း၌လည်း အပြောင်းအလဲများ ဖြစ်ပေါ်လျှက် ရှိရာ ကားဈေးကွက်သည် ဈေးကစားစရာ နယ်ပယ်တစ်ခု မဟုတ်တော့ဘဲ အိမ်ခြံမြေဘက် လှည့်လာခဲ့သကဲ့သို့ ယခုနှစ်အတွင်းတွင် အိမ်ခြံမြေလည်း အတက်ဈေး၌ အရောင်းအ၀ယ် အေးနေသည်ကို တွေ့ရပါသည်။ ယခင် တစ်နှစ်ခန့် အတွင်း ဒေါ်လာဈေးကွက်သည်လည်း ဈေးကစား၍ ကောင်းသော နယ်ပယ်တစ်ခု ဖြစ်ခဲ့ပုံ မရပါ။
နိုင်ငံခြား ငွေလဲလှယ်နှုန်း အလားအလာသည် အဓိကအားဖြင့် နိုင်ငံတကာ ဈေးကွက်၏ အပြောင်းအလဲ အပေါ် မူတည်မည်ဟု ယူဆပါသည်။ ရွှေဈေး ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆကြရာ ကမ္ဘာတစ်ဝှမ်းတွင် (အခြား ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါက) ဒေါ်လာဈေး ဆက်လက် အားကောင်းနေနိုင်ပါသည်။



ပြည်တွင်း စီးပွားရေး အကြောင်းတရားများသည် နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိဘဲ အားဖြည့်ပေးသည့် အကြောင်းတရားများ အဖြစ်သာ ရပ်တည်နိုင်မည်ဟု တွက်ဆပါသည်။



ခင်မောင်ညို (ဘောဂဗေဒ) 

၁၆.၅.၂၀၁၃

မိမိဘယ်လိုအမျိုးစားထဲမှာဘာလဲ ကြည့်လိုက်ကျပါ!

ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ)



ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ် သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ် သည်) လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ 
Ref:myanmarcnn

မြန်မာလူငယ်ကျောင်းသားတစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ



Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။
စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။
တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။
NS က စစ်မှုထမ်းအနေနဲ့ တိုင်းပြည် ကာကွယ်ဖို့ အသက်ပေးရတာမို့ ရထားပေါ်မှာ ရေသောက်တာ လက်ခံပေးနိုင်ကြောင်း ခွင့်ပြုနိုင်ကြောင်း ၎င်းတို့ နိုင်ငံသားများက ထောက်ခံ ဖြည့်တွေးပေးကြ ပါတယ်။ သို့ပေမယ့် Post တင်သူ Hopimgu ကိုတော့ အပြင်းအထန် ကန့်ကွက်ဝေဖန်ပြီး ဆိုးရွားလှတဲ့ comment များလည်း တွေ့ရ ပါတယ်။
သတင်း ဖတ်ရှုရန် -
ဒီတော့ ကာယကံရှင်ကို ရိုးရာလေးက စာပို့ဆက်သွယ် မေးမြန်းလိုက်ချိန်မှာ သူဟာ Stomp မှာ အကောင့်လည်း မဖွင့်ဖူးကြောင်း၊ ယင်းသတင်းလည်း မရေးကြောင်း၊ ဓာတ်ပုံလည်း သူမရိုက်ရကြောင်း၊  ပိုပြီးတော့ ထင်ရှားတဲ့အချက်တစ်ခုကတော့ သူဟာ စင်္ကာပူမှာ မဟုတ်ပဲ မြန်မာပြည်က Forever Group မှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရ ပါတယ်။ စင်္ကာပူမှာ ကျောင်းတက် ခဲ့ဖူးပေမယ့် ယခု မြန်မာပြည်မှာ ရှိနေသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အသစ်လုပ်တဲ့ Passport နဲ့ ဘယ်နိုင်ငံခြားခရီးစဉ်မှ မသွားရသေးကြောင်း ဆိုပါတယ်။
ဒီတော့ သွားပုပ်လေလွင့်တဲ့ The Real Singapore ဝဘ်ဆိုဒ်မှာ စင်္ကာပူများ က ထောက်ခံအားပေးပေမယ့် ရွှေ့ ပြောင်းလုပ်သား နဲ့ မြန်မာလူမျိုး များကတော့ အတော်လေး ပြင်းထန် ရှုံ့ ချနေပါပြီ။ မင်းသန့်နိုင်လို့ အမည် ရတဲ့ မြန်မာလူငယ်အနေနဲ့ ယခုလို အသရေအဖျက်ခံရမှုအတွက် တရားဝင် တရားစွဲဖို့လည်း အစီအစဉ် ရှိကြောင်း ဆိုပါတယ်။
စင်္ကာပူမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့ သတင်းကြောင့် မို့ ရွှေ့ ပြောင်းလုပ်သား၊ ရွှေပြောင်း နေထိုင်သူများကိ မလိုလားတဲ့ စင်္ကာပူ နိုင်ငံသားများက ကန့်ကွက်မှု၊ လှုံ့ဆော်မှုများ ပြုလုပ်နေပါတယ်။ ယခု ပြဿနာက စင်္ကာပူရောက်နေတဲ့ မြန်မာလူမျိုး လူများစုကို သွားရောက် ထိခိုက်စေနိုင်ပါတယ်။ လက်ရှိမှာ ကာယကံရှင်ကိုယ်တိုင် ယင်းသတင်း မှားယွင်းကြောင်း အများသိအောင် ရိုးရာလေးကို ယခုလို ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။

Yoyarlay

Ref:myanmarcnn

Saturday, February 1, 2014

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်!



စင်ကာပူ၊ စက်တင်ဘာ ၂၃

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက် အသစ်များကို ပညာရှင်အဆင့် နိုင်ငံခြားသား ဝန်ထမ်းအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာရမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လ မှ စတင်ကာ သက်ရောက်မှုရှိမည် ဖြစ်သည်။

ယခု စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ အသစ်ပြဋ္ဌာန်းလိုက်သော စည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များသည် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည့် ရာထူး နေရာတိုင်းအတွက် စင်ကာပူ နိုင်ငံသားများကိုလည်း လျှောက်ထားခွင့် ပေးရမည်ဖြစ်ပြီး အလုပ်ခေါ် ကြော်ငြာကိုလည်း စင်ကာပူ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှာဖွေပေးနေသော ဌာနတွင် အနည်းဆုံး ၁၄ ရက် ကြော်ငြာထားပြီးမှသာ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များသည် ၎င်းတို့အနေနှင့် စင်ကာပူ နိုင်ငံသား အလုပ်သမား ခေါ်ယူရန် ကြိုးစားပြီးပြီ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စင်ကာပူနိုင်ငံသား အလုပ်သမားများနှင့် အင်တာဗျူးထားသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအပေါ် စည်းကမ်းချက် အသစ်များ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနက စည်းကမ်းချက် အသစ်များမှာ စင်ကာပူ နိုင်ငံသားများကိုသာ ဦးစားပေး အလုပ်ခန့်ထားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များအနေနှင့် စင်ကာပူ နိုင်ငံသားများ အပေါ်တွင် မျှမျှတတ စဉ်းစားပေးစေရန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသော ကုမ္ပဏီများ အနေနှင့်လည်း ယခုထုတ်ပြန်လိုက်သော စည်းကမ်းချက် အသစ်များနှင့်အညီ ပြောင်းလဲလုပ်ဆောင် သွားရမည် ဖြစ်ပြီး ထိုသို့ပြောင်းလဲ လုပ်ဆောင်ရန် လုံလောက်သော အချိန်ရရှိမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း သက်တမ်း ကုန်ဆုံးမည့် EP ကတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ အနေနှင့် ၎င်းတို့၏ ကတ်များကို လက်ရှိ စည်းမျဉ်း စည်းကမ်းများ အတိုင်း တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရဦးမည် ဖြစ်သည်။


Read more.....



The Employment Act: Who it covers

Employment Act

Note:
  • From 1 April 2014, persons employed in managerial and executive positions earning a basic monthly salary not exceeding $4,500 will be covered under the Employment Act, except for the provisions in Part IV.
  • From 1 April 2014, non-workmen employees earning a basic monthly salary not exceeding $2,500 will be covered under Part IV of the Employment Act.


Amendments to the Employment Act

The Employment Act (EA), enacted in 1968, is Singapore's main labour law that seeks to ensure reasonable employment standards while balancing businesses' need to stay competitive.
The Ministry of Manpower (MOM) has recently made changes to the EA to extend better protection for more workers and improve employment standards, while allowing flexibility for employers where there are practical business concerns. These changes are the outcome of Phase One of the Employment Act Review. Feedback was obtained through several platforms, including an eight-week public consultation exercise from 19 November 2012 to 11 January 2013. The proposals were also carefully evaluated by employers, unions and the Government.
Most of the changes, unless otherwise stated, will take effect on 1 April 2014.

Summary of Key Amendments to the EA

a.Better Protection for More Workers
Extend Part IV protection of EA to more non-workmen
i.The salary threshold for non-workmen, such as clerical staff and frontline service staff, to be covered under the working hours-related provisions (Part IV) of the EA will be raised from a basic monthly salary of $2,000 to $2,500, in line with increases in salary levels. This will benefit about 150,000 workers.

Extend more protection to Professionals, Managers and Executives (PMEs)
ii.In addition to the salary protection currently accorded to them, PMEs earning a basic monthly salary of up to $4,500 will be covered under the general provisions of the EA, including sick leave benefits and protection against unfair dismissal. This will benefit about 300,000 PMEs.

Improve Employment Standards and Benefits
iii.A 25% sub-cap will be imposed for deductions to employees' salaries for accommodation, amenities and services, to prevent excessive deductions to their salaries. This is within the existing 50% total cap for authorised deductions.

  • For example, if an employee earns a monthly salary of $2,000 and receives accommodation, amenities and services provided by his employer, the employer’s deduction for these should not be more than $500 (25% of $2,000). You can refer to the section on allowable salary deduction for more information.
iv.The non-eligibility period for retrenchment benefits will be reduced to two years from three years, in line with shorter employment tenures. This will take effect on 1 April 2015.
v.Today, in the event of a company restructuring, unions can only represent employees transferred to another company if the pre-existing collective agreement with the original employer remains valid. To provide greater reassurance for affected employees, the validity of the collective agreement will be extended for 18 months after the date of transfer, or until the expiry of the collective agreement, whichever is later.
b.Flexibility for Employers
i.Presently, non-workmen earning up to $2,000 and workmen earning up to $4,500 can claim overtime pay. Though the salary threshold of non-workmen will be increased to $2,500, the overtime rate payable for non-workmen will be capped at the salary level of $2,250 to help employers manage costs. For more information about how OT would be calculated, please refer to the pdfinfographic on the EA Amendments.
ii.PMEs earning up to $4,500 will need to have served with the same employer for at least 12 months to be eligible to seek redress against unfair dismissal, where notice is given. This will provide employers time to assess suitability of the PMEs for their jobs.
iii.Employers will be allowed the additional option to grant time-off in-lieu for PMEs who are required to work on public holidays, subject to mutual agreement. In the absence of mutual agreement, at least half a day off in-lieu has to be granted.
iv.Employers will not be obliged to grant paid sick leave and bear medical examination expenses of employees for cosmetic consultations and procedures, such as mole removal or nose jobs. The assessment of whether a treatment is cosmetic or not would be based on the opinion of the medical practitioner performing the examination and providing the medical certificate.
c.Enhancing Enforcement of and Compliance with Employment Standards
i.The penalty for failure to pay salary in accordance with the EA will be raised. A first-time offence will be liable to a fine of between $3,000 and $15,000 and/or 6 months' jail. A subsequent offence will be liable to a fine of between $6,000 and $30,000 and/or 12 months' jail.
ii.The maximum composition fine will be increased from $1,000 to $5,000.
iii.Employment inspectors will be granted the power to arrest any person whom he reasonably believes is guilty of the failure to pay salary. They will also be allowed to enter any workplace to conduct checks.
iv.Individuals such as directors or partners of companies will be made more accountable for EA offences committed by the company. Such individuals, who are primarily responsible for the offence and have failed to exercise reasonable supervision or oversight, will be presumed to be negligent and be held liable. He/she will be able to rebut the presumption by proving that he/she has exercised reasonable supervision or oversight to avoid commission of the EA offence.

Tripartite Guidelines on Payslips and Employment Records

A set of PDFTripartite Guidelines has been released to encourage and guide employers to issue itemised payslips for all its employees. We will closely monitor the adoption of the guidelines, before phasing in the requirements over time.
We will also provide the necessary tools to help employers implement these requirements. These include simple payslip booklets and downloadable payslip / employment record templates. These tools will be available on MOM's website by 1 April 2014.

Marriage & Parenthood Related Amendments

Some technical amendments will be made to clarify the application of some of the existing Marriage and Parenthood measures:
a.The Child Development Co-Savings Act (CDCA) will be updated such that it accurately reflects the policy that parents’ total child care and extended child care leave is based on their youngest qualifying Singapore Citizen (SC) child under the CDCA. This is to avoid situations where parents who have both an older SC child and a younger non-citizen child double-claim leave under both the EA and the CDCA.
b.The EA and the CDCA will prescribe new formulae to compute the minimum number of days of maternity, paternity, shared parental or adoption leave an employee is entitled to, if there is mutual agreement between the employer and employee for the leave to be taken flexibly by days instead of by block week. This will provide greater certainty for both employers and employees.

More Information

a.Second Reading Speech for the Employment, Parental Leave and Other Measures Bill 2013
Second Reading Speech for Employment, Parental Leave and Other Measures Bill by Mr Tan Chuan-Jin, Acting Minister for Manpower, 11 November 2013
b.More information on the Amendments to the EA
pdfInfographic on EA Amendments
pdfFrequently Asked Questions


Credit @ Ko Nge

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!