Popular Posts!
Tuesday, April 9, 2019
.
.
.
.
.
.
.
အဆုံးသပ်ရေးရင်တော့
.
MZA FB:
[Unicode]
ခေတ်သစ် လက်မှတ်ရအင်ဂျင်နီယာများ ယခု Present နဲ့ အနာဂါတ် Future 5 Years
ကျနော် B.E,(Mech) နဲ့ 1994 တွင် ကျောင်းပြီပြီး RSE (Building service) ရရှိထားသူဖြစ်ပါတယ်။ကျနော်တို့က စစ်တွေ က ဆိုတော သင်တန်းကြေး နှင့် စာမေးပွဲ ဖြေဆို ကြေးခ က ၄သိန်း နှင့် ၅သိန်း ကြား ကုန်ကျခဲ့ပါတယ်။ပြီတော ၎င်းအောင်လက်မှတ် အတွက် ၂၃၅,၀၀၀ ကျပ် နှင့် ကျနော် တို့က နယ်က ထုတ်တော ၁၅,၀၀၀ကျပ် ပိုပေးရပြီ စုစုပေါင်း ၂၅၀,၀၀၀ ကျပ်ကုန်ပြီတော ခုထိ ဘာတပြားမှ ဝင်ငွေ မရှိခဲ့ ပါ။ ယခု အခါ third party က စစ်ဆေးရမယ် ဆို ပြီ MICE အဖွဲ့ဝင် ဖြစ်ရမယ် ဆိုပြန်တော အသင်းကဒ် နှင့် ဝတ်စုံ တွေ အတွက် ငွေ ၂၀၀,၀၀၀ ကျပ် ခန့် သွင်းရ ပါပြန်တယ်။PE ,RSE , RE လက်မှတ် တွေ ကိုင်ထားပြီး အလုပ်အကိုင် မရရှိဘဲ လက်မှတ် အတွက် နှစ်ကုန် ယင် နှစ်စဉ် ကြေးကတော ပုံမှန် သွင်းနေရပါတယ်။ ဒီလောက် ငွေ အကုန်ကျ ခံပြီ M Eng C ကို ကျနော် တို့ အင်ဂျင်နီတွေ က ယုံကြည် အားကိုး မျှော်လင့် ကြသည့်အပေါ်တွင် M Eng C အနေနဲ့ ညီနောင် အင်ဂျင်နီယာ များ အပေါ် တွင် ဂရုဏာ စာနာစိတ် ထားကာ အလုပ်အကိုင်ရရှိအောင် အစိုးရ နှင့် တိုက် ရိုက်ဆွေးနွေး စေလိုပါ တယ်။ RSE (BS) အတွက် plumbing, sanitary နှင့် ပတ်သက်သည့် check list ပုံစံ ကွက် နှင့် guide line books ကို ပေးပိုပေးစေချင်ပါတယ်။ ရှိ မရှိ ကိုလဲ ဖြေပေးပါ။ အကယ်၍ ဝယ်ယူရမည် ဆိုလျှင်  မည့်သည့် နေရာ က ဝယ်ယူ ရမည် ကို ဖုန်း နံပါတ် နှင့် လိပ်စာ ကို ဖေါ်ပြပေးစေချင်ပါတယ်
================
.
ဒီ.ညီငယ်ရဲ့စာကို သုံးသပ်ရရင်
. . မြန်မာပြည်မှာ အင်ဂျင်နီယာကောင်စီ ဖွဲ့စည်းပြီး ကမ္ဘာ့အဆင့် မီအောင် ကြိုးစားကြတာ ပထမဥပဒေ ၂၀၁၃ မှာ အတည်ပြုတယ်။ PE, RSE တွေပေးကြတယ်။ ၅နှစ်အကြာမှာ P.E ပေါင်း ၁၁၀၀ နဲ့ RSE ထောင်ပေါင်းများစွာ ပေးအပ်ပြီးပါပြီ။ ရော့ရဲတဲ့ ဥပဒေကို ၂၀၁၉ မှာ အကြိတ်အနယ် ဆွေးနွေး ပြင်ဆင် အတည်ပြုလိုက်ပါပြီ။ 
https://m.facebook.com/story.php?story_fbid=10156470590383472&id=755653471
.
. . ဘယ်သူတွေ အကျိုးရှိတဲ့ ဥပဒေ လဲ မေးခွန်းအဖြေကတော့ လက်တဆုပ်စာ လက်ဝါးအုပ်ထားတဲ့ ကုမဏီကြီးများ သူကြွယ်ကြီးများအတွက် ဖြစ်ပါတယ် ဆိုရင် မမှားပါဘူး။ တရုပ် ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး တွေလဲ ပထမဆုံး အကျိုးရှိ သူများက အာဏာ-ငွေ ရှိသူများပဲ ဖြစ်တယ်။ ဒါ က လောက သဘာဝ ပါပဲ။ 
.
. . P.E. R.S.E တွေ အတွက် အချိန် နဲ့ငွေ ကုန်ကျစရိတ် များပေမဲ့ ဝင်ငွေရဖို့ တနည်းအားဖြင့် လက်မှတ်ထိုးစားဖို့ ကြံရွယ်ရင် လက်ရှော့လိုက်ပါ။ အာဏာ-ငွေ ရှိသူများက ကုမဏီထောင်ပြီး လက်မှတ်ရ အင်ဂျင်နီယာများကို လခစား ခန့် ကြမှာပါ။ 
.
. . PE, RSE တွေ ဘယ်လိုငွေရမလဲ. မေးခွန်းရဲ့ အဖြေကတော့ . ဝန်ထမ်းအလုပ်က ထွက်ပြီး ကိုယ်တိုင် ကုမဏီထောင်ကြပါ . .လို့. .နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိုလ် ပြောစကား ကြားမိပါတယ်။ အခုခေတ်က ဆောက်လုပ်ရေး ခေတ်ဆိုတော့ တိုက်တာအဆောက်ဦ ရေမြောင်း ရေကန်တူး လုပ်ငန်းတွေ (သိန်း၅၀ သိန်း၁၀၀ အလုပ်ကလေးတွေလဲ) သေချာလုပ်တဲ့ လျပ်စစ် စက်မှု ဓါတု သထ္ထု အင်ဂျင်နီယာများ အတွက် လခစားထက် အများကြီး ကိုက်ပါတယ်။ ဆင်ကျား ဖမ်းမယ် လုပ်နေရင် ဝင်ငွေရမှာမဟုတ်ပါ။ 
.
. . P.E မရ မလျှောက်ပဲ R.S.E လက်မှတ်နဲ့ မိမိမြို့နယ်မှာပဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ပြီး လူမသိ သူမသိ ကြီးပွား ချမ်းသာနေသူ အလွန်များလာပါပြီ။ အများစု လုပ်ငန်းရှင်တွေက P.E, R.S.E အင်ဂျင်နီယာတွေကို ခိုင်းစားတဲ့ ကုမဏီပိုင်ရှင်ပါ။ 
.
. . ဒါလောက်ဆို ဘာကြောင့် P.E တွေ ဝင်ငွေရဖို့ ခက်ခဲနေသလဲ သိလောက်ပါပြီ။ မြန်မာပြည်မပြောနဲ့ စင်ကာပူ ဂျပန် ဥရောပ မှာ P,E ရထားသူမျာလဲ လခစား ချည်းဖြစ်တယ်။ စင်ကာပူ P.E ခက်ခဲစွာ ရထားတဲ့ Thwin Zaw Toe က အသိဆုံးဖြစ်ပါမယ်။ P.E ရထားပြီး လက်မှတ်ထိုးစားဖို့ ကြံရင် မြန်မာပြည်မှာတော့ ထမင်းငတ်မှာ သေချာတယ်။ 
.
အဆုံးသပ်ရေးရင်တော့
. . P.E ဆိုတာ အဆောက်ဦ လမ်းတံတား စက်ရုံ စက်ကရိယာ များရဲ့ ဒီဇိုင်း ဒရော်ရင် Design Drawing များကို ဖတ်မှတ်ပြီး အတည်ပြုခြင်း ပယ်ချခြင်း အကြံပြုခြင်းများပဲ လုပ်ရပါတယ်။   ဒီထက်အဆင့် မြင့် P.E ဆ်ုတာတော့ ဥပဒေ နည်းစနစ်များ ရေးသား ကွပ်ကဲခြင်းဖြစ်တယ်။
.
Civil ဘွဲ့ ဒီပလိုမာ များပဲ အလုပ်ပေါပါတယ်။ တခြား စက်မှု လျှပ်စစ် ဓါတု သတ္တု လေကြောင်း. စတဲ့ B.E, GTI . BTech များအတွက်တော့ ငွေများများလိုရင် ပြည်ပထွက် အလုပ်လုပ်ရပါမယ်။ ပြည်တွင်းမှာလဲ နိုင်ငံခြား ကုမဏီများ လစာကောင်း ပေးတာတွေ များလာပါပြီ။ နောက်ဆုံး ပြည်တွင်း ငွေ များများ ရချင်ရင်တော့ P.E ရအောင်ဖြေမနေပါနဲ့ . .ဆောက်လုပ်ရေး ကုမဏီထောင်ပြီး လုပ်ငန်းရှင် လုပ်ပါ။ P.E RSE တွေကို အလုပ်ခန့်ပါ။
Saturday, April 6, 2019
တိုးတက္လာလား?
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာပြောင်းလဲမှုနှင့် ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ခဲ့သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ဧရာဝတီတိုင်း လူထု​တွေ့ဆုံပွဲများ နဲ့ သယံဇာတ​ပေါများလှတဲ့ ဧရာဝတီတိုင်း ဆင်းရဲဆုံ ​ဒေသ၊ ​တောင်​သူများ အ​ကြွေးတင်​၊ ​မြေသိမ်းပြသနာ၊ လျှပ်​စစ်​မီး၊ ကုမဏီများ အစိုးရလမ်း​မြေသိမ်းယူ၊ ​ချောင်းသာ ဟိုတယ်​ဇုံ ပြည်​သူ ပြသနာများ နား​ထောင်​​ဖြေရှင်း ​နေပါတယ်​။
.
ပြည်​သူများရဲ့ အခက်​ခဲ ဆိုတာ ​Empathy ဆိုတဲ့ နှလုံးသားထဲက ကိုယ်​ချင်းစာနာမှု နဲ့ နား​ထောင်​​ပေး၊ စနစ်​တကျ၊ ဥပ​ဒေအရ ဖြစ်​​စေ၊ လူမှု​ထောက်​ထား ညှာတာမှုနဲ့ ဖြစ်​​စေ ​ဖြေရှင်း​ပေးရမှာ အစိုးရ တာဝန်​ဖြစ်​​ကြောင်း ပြည်​​ထောင်​စုဝန်​ကြီးများ၊ တိုင်း​ဒေသအဆင့်​ ဝန်​ကြီးချုပ်​နဲ့ ဝန်​ကြီးများ၊ တိုင်း​ဒေသ ဌာနဆိုင်​ရာ အကြီးအကဲများ ကို ​မေးခွန်းများ ​ဖြေခိုင်းပါတယ်​။ မလုပ်​မရှုပ်​ မပြုတ်​ ​ဖြေတဲ့ အရာရှိရြီးများ၊ ပြည်​​ထောင်​စုဝန်​ကြီးများကို ပြည်​သူရဲ့​မေးခွန်းလက်​​တွေ့ကျကျ ​ဖြေခိုင်းပါတယ်​။ ဆင်​​ဝှေ့ရန်​​ရှောင်​ ​ဖြေရင်​၊ အတိုင်​ပင်​ခံ က  ကြားဖြတ်​​မေးပြီး လိုရင်း​ရောက်​​အောင်​ ပြန်​တည့်​ ​မေး​ပေးပါတယ်​။ 
.
ဥပမာ
တောင်​သူ တစ်​ဦး ​မေးခွန်း
သူတို့ အားလုံးလိုလို အ​ကြွေးနဲ့ပိ​နေ​ကြောင်း၊ အတိုးက တလကို အနည်းဆုံး ၅ကျပ်​တိုးက​နေ ၁၀ ၂၀ တိုးအထိ အတိုးနဲ့ပိ​နေတာဘယ်​လို​ဖြေရှင်း​ပေးနိုင်​ပါသလဲ။ ကူညီပါ လို့ ​မေးပါတယ်​။
.
Dr.​အောင်​သူ အ​ဖြေ
လယ်​စိုက်​ပျိုး ပြည်​​ထောင်​စု ဝန်​ကြီး Dr.​အောင်​သူ ကို ​ဖြေခိုင်း​တော့ ဝန်​ကြီးက သမရိုးကျ ၃ချက်​ ​ဖြေပါတယ်​။ 
၁။ ​​တောင်​သူ ​ကျေးလက်​အဖွဲ့အစည်းများ စု​ပေါင်း လုပ်​​ဆောင်​ဖို့ လို​ကြောင်း။ မိမိကိုယ်​တိုင်​ အလုပ်​ရှင်​လဲ ဖြစ်​တယ်​။ စားသုံးသူလဲ ဖြစ်​တယ်​။ စက်​ယန္တယား များ၊ စက်​မှုလယ်​ယာ ​ပြောင်းလဲ ဝင်​​ငွေတိုးတက်​​အောင်​ လုပ်​ရပါမယ်​။
၂။ နည်းပညာဆိုင်​ရာ Call Center ​တွေကို ဖုန်း​ခေါ် ​လေ့လာလုပ်​ကိုင်​ဖို့၊ ​နေပြည်​​တော်​ထိ မသွားနိုင်​လဲ မြို့နယ်​စိုက်​ပျိုး​ရေ ဌာနများထံမှ နည်းပညာရယူဖို့။
၃။ လယ်​ယာထွက်​ကုန်​ SME လုပ်​ငန်းများ ကုန်​​ချောလုပ်​ငန်းများလုပ်​ဖို။ Dr ​အောင်​သူ က မိမိကိုယ်​တိုင်​ လယ်​ဧက ၆၀ ကိုယ်​တိုင်​လုပ်​ခဲ့​ကြောင်း.. ​ပြော​နေချိန်​ အတိုင်​ပင်​ခံက ဖြတ်​​ ​မေးပါတယ်​။
.
DASSK
တောင်​သူ​တွေက အ​ကြွေး​ဟောင်း ​တွေ ပြန်​ဆပ်​ဖို့ ​မေး​နေတာ ​ဖြေပါအုန်း 
.
Dr.​အောင်​သူ
ဝင်​​ငွေ တိုးတက်​လာဖို့ ပဲလို​ကြောင်း၊ မိမိအ​ပေါ်ပဲ မူတည်​​ကြောင်း ဘာညာကွိကွ ​ဖြေပါတယ်​။ အတိုင်​ပင်​ခံက ဖြတ်​ပြီး ​ပြောပြပါတယ်​။
.
.DASSK
 အတိုး ၅ကျပ်​ဆိုရင်​ တနှစ်​ ၆၀% အရမ်းများ​နေတယ်​။ ဒါ​တွေက ပုဂလိက အနိုမ့်​ဆုံး အတိုးဖြစ်​ပြီး တချို့ အတိုး​တွေက ၁၀ရာနှုန်း က​နေ ၂၀ရာနှုန်းထိ ရှိပါတယ်​။ ဒါ​တွေ အ​ကြွေး​ဟောင်း​တွေ အစိုးရဆီ တင်​​နေတာမဟုတ်​။ ပုဂလိက ဆီ အ​ကြွေးတင်​​နေတာ ဖြစ်​တယ်​။ ကြားခံ ဆပ်​​ပေးထားမဲ့ အဖွဲ့အစည်း ​တွေနဲ့ ​ဆွေး​နွေး​နေတယ်​။ အ​ကြွေးသစ်​​တွေ​တော့ အလုပ်​ကြိုးစား၊ စက်​မှုလယ်​ယာ၊ နည်းပညာ နဲ့ ပြန်​လည်​ထူ​ထောင်​ နိုင်​ပါတယ်​။ ဒါ​ပေမဲ့ အ​ကြွေး​ဟောင်း အတိုး​တွေနဲ့ ပိ​နေတဲ့ ​တောင်​သူ​တွေ အခက်​အခဲကို အခုထိ အ​ဖြေရှာ​နေဆဲ။ အ​ဖြေမရ​သေးပါဘူး..လို့ ​ပြောသွားပါတယ်​။ 
.
(စကားချပ်​။ .. ။ ကျ​နော်​နှစ်​သက်​တဲ့ အ​ဖြေ။ 
တောင်​သူများ အ​ကြွေးနွံက ဆွဲထုတ်​မဲ့ နည်းက​တော့ ဗဟိုကုန်​စည်​ သို​လှောင်​စနစ်​ ပဲ ဖြစ်​ပါတယ်​။ လယ်​ယာ​မြေ ပြုပြင်​​ပြောင်းလဲခြင်း ကို တပြိုင်​ထဲ လုပ်​ရပါမယ်​။ https://m.facebook.com/story.php?story_fbid=10154181630983472&id=755653471)
.
.
မြောင်​မြတံတားသစ်​ ဖွင့်​ပွဲ
===============
မြောင်းမြတံတားသစ်ကို  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
-----------------------------------------
ဧပြီ(၁)ရက် မနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြောင်းမြတံတားအသစ်ကို တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ 
အဲဒီတံတားသစ်ကို အရင်ပျက်ကျခဲ့တဲ့ ကြိုးတံတားအနီးမှာ ပြန်လည်တည်ဆောက်ထားတာပါ။ တံတားသစ် ရေရှည်တည်တံ့ဖို့ ဒေသခံတွေက ၀ိုင်းဝန်းထိန်းသိမ်းစေလိုတယ်လို့လည်း တံတားအသစ်ဖွင့်လှစ်တဲ့ အခမ်းအနားရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။ 
တံတားသစ်ဟာ နှစ်ဖက်ချဉ်းကပ်လမ်းတွေ အပါအဝင် စုစုပေါင်း တံတားအရှည် ပေ (၂၇၀၀) ကျော်ရှိပြီး၊ တံတားအကျယ် (၃၄) ပေ ရှိပါတယ်။  ယာဉ်တစ်စီးခြင်း ဖြတ်သန်းနိုင်တဲ့ အမြင့်ဆုံး ခံနိုင်ဝန်အားကတော့ တန် (၆၀) ရှိတယ်လို့လည်း သိရပါတယ်။ 
မြောင်းမြကြိုးတံတားဟောင်းဟာ (၂၀၁၈) ခုနှစ် ဧပြီလ (၁) ရက်၊ မနက် (၂)နာရီခန့်မှာ ပျက်ကျခဲ့ပါတယ်။ 
အခု မြောင်းမြတံတား အသစ်ကို ကျပ်သန်းပေါင်း (၂၀၀၀၀)ခန့် ကုန်ကျခဲ့ပြီး တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။ 
သတင်း/ဓာတ်ပုံ-  နိုင်မင်းထက်၊ 
အောင်မင်း (မြောင်းမြ)
One News Myanmar
===============
.
အခြားပြသနာများ
တိုင်​စာများဖတ်​ပြခြင်း၊ တိုင်း​ဒေအဆင့်​ ပုဂိုလ်​မှ ​ဖြေ​ပေးခြင်း၊ ပြည်​​ထောင်​စုအဆင့်​ ဆိုရင်​ ပါလာတဲ့ ပြည်​​ထောင်​စု ဝန်​ကြီးများ ဖြတ်​တဲ့ ပြည်​တဲ​ရေး၊ စိုက်​ပျိုး​ရေး ဝန်​ကြီးများက ​ဖြေကြားတယ်​။ Workshop အလုပ်​ရုံ​ဆွေး​နွေးပွဲ လိုပါပဲ။ အတိုင်​ပင်​ခံက မိုဒ​ရေတာ လုပ်​ပြီး ပြည်​သူက​မေး၊ တာဝန်​ခံက ထပြီး​ဖြေ၊ ပြည်​သူကလဲ မိုက်​ကရိုဖုန်း​ရှေ့က မရှင်းတာ ဆက်​​မေး၊ အတိုင်​ပင်​ခံက အဆုံးသပ်​​ပေး တယ်​။
.
ပြည်​​ထောင်​စုအဆင့်​ ​တွေ၊ တိုင်း​ဒေသအဆင့်​​တွေ၊ ဌာဆိုင်​ရာ ညွန်​မှုး အဆင့်​​တွေ ကို Workshop တခု လုပ်​​ပေး​နေတဲ့ နည်းလမ်းနဲ့ သင်​​တန်း​ပေး ​နေတာဖြစ်​ပါတယ်​။ အိမ်​မဲမှာ ဝန်​ထမ်းအိမ်​ယာကိစ္စ ​မေးခွန်းကို မလုပ်​မရှုပ်​ မပြုတ်​ ​ဖြေ​ပေးတဲ့ တာဝန်​ခံအမျိုးသမီး ကို အတိုင်​ပင်​ခံကပဲ စိတ်​ဆိုးတဲ့အသံနဲ့ ကြားဖြတ်​ ​ဖြေကြား​ပေးတာ မြင်​ရပါတယ်​။
.
.
အတိုင်​ပင်​ခံနဲ့ တပ်​မ​တော်​ ဆက်​ဆံ​ရေးလဲ ပို​ကောင်းလာတယ်​လို့ ​ရေးချင်​ပါတယ်​။ AA ရခိုင်​တိုက်​ပွဲများ အလွန်​သတိကြီးစွာ အင်​အားသုံး မ​ချေမှုန်းဖို့ လိုပါတယ်​။ တနင်္သာရီ ဝန်​ကြီးချုပ်​ နဲ့ ကုမဏီဒါရိုက်​တာများ ကို အဂတိနဲ့ အ​ရေးယူပြီး၊ အခုပဲ သတ္တတွင်းဝန်​ကြီးဌာန MD ဦး​ဆောင်​ညွန်​ကြား​ရေးမှုးကိုလဲ အဂတိ ​ထောင်​၁၀နှစ်​ကျ​စေတဲ့ ပုဒ်​မနဲ့ ဖမ်းဆီးသတင်း ထွက်​လာပါတယ်​။ ပြည်​သူ​တွေကို နှစ်​သိမ့်​ အား​ပေး​နေရုံမရပါ။ မအူပင်​ ​တောင်​သူများကို လိမ်​သွားတဲ့ လူလိမ်​ သူခိုး ဂျပိုးကို အမည်​နာမနဲ့ ရဲဝံစွာ ​မေးခွန်း​မေး တိုင်​ကြား သူကိုလဲ အတိုင်​ပင်​ခံက. ဒီလူအမည်​များ မှတ်​ယူ စုံစမ်းပါမယ်​..မိမိကိုယ်​ကို ကာကွယ်​ဖို့လဲ လုပ်​ထားရမယ်​ လို့ ​ပြောပါတယ်​။
.
လူတိုင်းလူတိုင်း မိမိဘဝ ဒီဘဝ၊ ​နောင်​ဘဝ လုံခြုံ​ရေးကို ဦးစား​ပေး အသက်​ရှင်​ကြတာ မဟုတ်​ပါလား။ 
.
ဇော်​​အောင်​ (မုံရွာ)
02.April.2019
.
ကိုးကား
အတိုင်ပင်ခံ ဖေ့ဘုတ် Apirl မြောင်းမြ မအူပင် ပုသိမ် အိမ်မဲ ပန်းတနော် ညောင်တုန်း မြို့မိမြို့ဖ များနဲ့ တွေ့ဆုံပွဲ ဗွီဒီယိုများ
https://www.facebook.com/state.counsellor/
အာဆီယံနိုင်ငံတွေထဲမှာ အဆင့်နိမ့်ဆုံးအဖြစ်သတ်မှတ်ခံရတဲ့ မြန်မာ့နိုင်ငံကူးလက်မှတ်
အာဆီယံနိုင်ငံတွေထဲမှာ အဆင့်နိမ့်ဆုံးအဖြစ်သတ်မှတ်ခံရတဲ့ မြန်မာ့နိုင်ငံကူးလက်မှတ်
April 4, 2019 - by Editor
 မြန်မာနိုင်ငံသားတွေရဲ့ ဘဝမှာ အမှတ်ရစရာတွေ၊ရင်နာစရာတွေကတော့ အများသားလို့ ဆိုရမှာပါ။ဒီအထဲမှာ အတိတ်က နိုင်ငံကူးလက်မှတ်ကိစ္စလည်းပါပါတယ်။ နိုင်ငံကူးလက်မှတ်တစ်ခုရဖို့အတွက် ရန်ကုန်မြို့လယ်၊ ပန်းဆိုး တန်းလမ်းပေါ်က ကျဉ်းမြောင်းလှတဲ့ ရုံးဟောင်းကြီးပေါ်မှာ ချွေးတလုံးလုံးကျအောင် အထက်တက်အောက်ဆင်း လုပ် ခဲ့ရတာကို ကြုံခဲ့ရသူ တိုင်း အမှတ်ရကြဦးမယ်ထင်ပါတယ်။အဲဒီမတိုင်ခင်တုန်းကတော့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံ ရပ်ခြားဆိုတာ ထီးတော်မိုးခံရသူတွေ၊သံတမန်မိသားစုတွေနဲ့ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ သင်္ဘောသားတွေကလွဲလို့ ကျန်လူအများစုက စိတ်ကူးထဲတောင်မစဉ်းစားရဲခဲ့ကြပါဘူး။
ခုတော့ခေတ်စနစ်တွေပြောင်းလဲလာတဲ့အတွက် ပြည်ပနိုင်ငံတွေကို သွားရောက်လည်ပတ်ကြသူတွေ၊ အလုပ်အကိုင် သွားလုပ်ကြမယ့်လူတွေနဲ့ ရန်ကင်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့နေရာဟာ အရင်ကနဲ့စာရင် အတော့်ကို တိုးတက် လာတယ်လို့ဆိုရပါလိမ့်မယ်။ ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် မြို့ကြီးတွေမှာလည်း စီစဉ်ပေးထားတာကြောင့် နယ်ကပြည်သူ တွေအတွက်လည်း ပိုအဆင်ပြေလာတယ်လို့ ဆိုရမှာပါ။ ကိုယ်သွားချင်တဲ့ ပြည်ပခရီးကို သွားရောက်နိုင်ဖို့အတွက် ကိုယ့်လက်ထဲကို အနီရဲရဲ နိုင်ငံကူးလက်မှတ်စာအုပ်လေးရလာပြီဆိုရင် မြန်မာနိုင်ငံသားတွေအားလုံး ပီတိဖြစ်ကြတတ် ပါတယ်။
ဒီစာအုပ်လေးဟာ မိမိတို့ ပြည်ပဂိတ်တံခါးတွေဝင်ရောက်နိုင်ဖို့အတွက် မပါမဖြစ်ဆောင်ထားရတဲ့ အမှတ် သင်္ကေတ တစ်ခုဖြစ်သလို ကိုင်ဆိုင်သူရဲ့အချက်အလက်တွေကိုလည်း နိုင်ငံအလိုက်ခေတ်အမီဆုံး မှတ်တမ်း တင်ထား တဲ့ စာအုပ်လေးဖြစ်ပါတယ်။ဒါ့အပြင် ကိုင်ဆောင်သူဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ ခွဲခြားဖေါ်ပြနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ အမှတ်တံဆိပ်တွေကို ရိုက်နှိပ်ထားကြပါတယ်။ ဒါတင်ပဲလား။မဟုတ်ပါဘူး။ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ အခြေ အနေခွင့်ပြုပေးမှုတွေအရ နိုင်ငံတစ်ခုနဲ့တစ်ခု သွားရောက်လည်ပတ်နိုင်တဲ့ ပါဝါကကွာပါသေးတယ်။ ဒါကို နိုင်ငံကူး လက်မှတ်တစ်ခုရဲ့ စွမ်းပကားလို့ ဆိုပါတယ်။
ဒီလို နိုင်ငံကူးလက်မှတ်တွေရဲ့ ပါဝါကို လေ့လာဆန်းစစ်ပြီး အဆင့်သတ်မှတ်ချက် အညွှန်းကိန်းတွေကို နှစ်စဉ်ထုတ် ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ယူကေနိုင်ငံအခြေစိုက် Henley & Partners ကုမ္ပဏီပဲဖြစ်ပါတယ်။ ဒီ အညွှန်းကိန်းကို ထုတ်ပြန်ခဲ့တာ အခုဆိုရင် ၁၄နှစ်ရှိခဲ့ပါပြီ။Henley ဟာ ဒီအညွှန်းကိန်းကို ထုတ်ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)ကစုဆောင်းရရှိတဲ့ အချက်အလက်တွေ အပေါ်အခြေခံ ထားတာဖြစ်ပါတယ်။
၂၀၁၉ အတွက် အညွှန်းကိန်းကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အာရှနိုင်ငံတွေက ထိပ်ဆုံး ပါဝါနေရာ တွေကို ယူခဲ့ကြပါတယ်။ ဒီအထဲမှာ ဂျပန်လူမျိုးတွေရဲ့လက်ထဲက နိုင်ငံကူးလက်မှတ်ဟာ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာမဲ့၊ ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တဲ့ အတွက် ကမ္ဘာပေါ်မှာ ပါဝါအရှိဆုံး နိုင်ငံကူးလက်မှတ်အဖြစ် နံပါတ်တစ် အဆင့်ကိုဆွတ်ခူးသွားခဲ့ပါတယ်။ ဂျပန်တွေအခုလိုခေါင်းမော့ရင်ကော့ပြီး ထိပ်ဆုံးနေရာကို ယူခဲ့တာ ၂နှစ် ဆက်တိုက် ရှိပါပြီ။သူ့နောက်မှာတော့ စင်ကာပူနဲ့ တောင်ကိုရီးယားတို့က ပူးတွဲ ဒုတိယနေရာကိုရရှိပါတယ်။ ဒီနှစ် နိုင်ငံက နိုင်ငံသား တွေဟာလည်း နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာမလို၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ကြပါတယ်။ Henley ရဲ့ ၁၄နှစ်တာလေ့လာထုတ်ပြန်ခဲ့တဲ့အထဲမှာ အီရတ်နဲ့ အာဖဂန်နစ္စတန်ကတော့ အဆင့် ၁၀၄ နဲ့ အနိမ့်ဆုံး နိုင်ငံတွေအဖြစ်ဆက်လက်ရှိနေခဲ့ပြီး ဗီဇာမပါပဲသွားနိုင်တာ နိုင်ငံပေါင်း ၃၀ ပဲရှိပါတယ်။
မြန်မာအပါအဝင် အာဆီယံဒေသတွင်းအခြေအနေ
အာဆီယံထဲမှာတော့ စင်ကာပူပြီးရင် ဒုတိယထိပ်သီးနိုင်ငံကတော့ မလေးရှားပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၂ မှာ ရှိပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံကို သွားရောက်နိုင်ပါတယ်။ သူ့နောက်မှာတော့ ဘရူနိုင်းက ကမ္ဘာ့အဆင့် ၂၁နဲ့ ၁၆၅ နိုင်ငံ၊ တီမောကအဆင့် ၅၄ နဲ့ ၉၇နိုင်ငံ၊ထိုင်းကအဆင့် ၆၈နဲ့ ၇၅နိုင်ငံ၊အင်ဒိုက အဆင့်၇၂နဲ့ နိုင်ငံပေါင်း ၇၁နိုင်ငံ၊ ဖိလစ် ပိုင်ကတော့ အဆင့် ၇၄နဲ့ နိုင်ငံပေါင်း ၆၆နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တဲ့ ပါဝါတွေ အသီးသီး ရှိကြပါတယ်။
အာဆီယံထဲမှာ အရာရာနောက်မှာရှိတဲ့ လေးနိုင်ငံက နိုင်ငံတွေကို အက္ခရာအလိုက်အတိုကောက်ခေါ်ဝေါ်တဲ့ CLMV နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီလေးနိုင်ငံမှာ ပထမရတဲ့ နိုင်ငံကတော့ ကမ္ဘောဒီးယားပဲဖြစ်ပါတယ်။ကမ္ဘာအဆင့် ၈၄ ရှိ ပြီးတော့ နိုင်ငံပေါင်း၅၄ နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ပါတယ်။ ဒီနောက်မှာ ဒုတိယ လိုက် လာတာကတော့ ကုန်းတွင်းပိုင်းနိုင်ငံ ဖြစ်သလိုမိမိတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ လာအိုဖြစ်ပါတယ်။ ကမ္ဘာ့အဆင်ပါဝါ ၈၆ရှိပြီး နိုင်ငံပေါင်း ၅၂ နိုင်ငံ ကို သွားရောက်နိုင်ပါတယ်။ သူ့နောက်မှာတော့ ဗီယက်နမ်ဖြစ်ပါတယ်။ကမ္ဘာ့အညွှန်းကိန်းအရ အဆင့် ၈၇ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ပါတယ်။
နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ် ရွှေတွေလို့တင်စားပြီးကြွားတတ်တဲ့ မြန်မာပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၉၀ ရှိပြီး နိုင်ငံနဲ့ဒေသပေါင်း၄၈ခုကို ဗီဇာမလို၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တယ်လို့ သိရပါတယ်။
ဘယ်စစ်တမ်းအညွှန်းကိန်းတွေပဲထွက်လာထွက်လာ မြန်မာတွေထိပ်ရောက်တာဆိုလို့ အလှူဒါနရက်ရောတာတစ်ခုပဲ ထိပ်ဆုံးရှိခဲ့ပါတယ် ကျန်အများစုကတော့ ဆက်လက်နိမ့်ကျနေဆဲပါပဲ။ တိုင်းပြည်ကြီးအရာရာ နိမ့်ကျနေတုန်းမှာပဲ တိုင်းပြည်အတွင်းက လက်နက်ကိုင်တွေကတော့ အငြိုးအတေး၊မာန်မာနတွေနဲ့ အပြိုင်အဆိုင်တိုက်လို့ ကောင်းနေကြတုန်း ပါပဲ။တိုက်ပွဲတွေမရပ်သမျှ၊ငြိမ်းချမ်းရေးမရသမျှတော့ အောက်ဆုံးအဆင့်ကတက်ဖို့ လုံးဝမဖြစ်နိုင်ပါ ကြောင်း ရေးသား တင်ပြလိုက်ပါတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
ကိုးကား။ Henley Index 2019
  • https://www.henleypassportindex.com/passport
  • https://www.henleyglobal.com/files/download/HPI2019/PI%202019%20INFOGRAPHS%20GLOBAL%20190107_1.PDF
  • https://www.xyznews.co/archives/35382?fbclid=IwAR2l0jE8FLy5HGVggY3oAXNQ8MbD9jzF63vu2fPITgVizjSBO2TmGIAUCi4
Friday, April 5, 2019
နည်းနည်းလေးတော့ တိုးတက်လာပါသေးတယ်
အကောင်းမြင်ချက်
ကျနော် ရေးချင်တာကိုလဲ လူတွေနားမလည်ဘူး။ ဒါလဲ ကျနော့်  အားနည်းချက်ပါပဲ။  
အခု မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ခေတ်ကတည်းက အားလုံးနီးပါး မြေရရှိရေး (မောင်နှမတွေ ဘိုးဘွားပိုင်မြေခွဲယူဖို့ .. အစိုးရအရာရှိဆိုရင်လဲ ဌာနပိုင်မြေကို ငှားဖို့) ဒါပဲ စိတ်ဝင်စားနေကြတာလဲ ၀မ်းနည်းစရာပါ။ အကြမ်းဖျင်းသုံးသပ်ကြည့်ရင်..။ 
.
၂နှစ်ခွဲအတွင် အထိရောက်ဆုံးလုပ်ရပ်တွေက
.
* တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ပွင့်လင်းစွာ ပြောလာအောင် လမ်းဖွင့်ပေးတယ်။ ပြောချင်တာ ပြောလိုက်၊ ရေးပြလိုက်တော့ တင်းမာမှု အတိုင်းတာတခု အထိ ရော့ ကျသွားပါတယ်။ ၂နှစ် အချိန်ပေးလိုက်ရပါတယ်။ 
.
* ပညာရေးစနစ်မှာ ဆရာတွေကို နေ့တွက်အနည်းငယ် ပေး၊ လုပ်ပိုင်ခွင့်ပေး၊ ရာထူးတိုးဖို့ ပွင့်လင်းမြင်သာအောင်လုပ်ပေးပြီး၊ ဘတ်၈ျတ်ကို မိုဘိုင်းဖုန်း ၅% ထည့်၊ 3% to 7.1% of Budget  တိုးပေးပါတယ်။ ကလေးတွေကို ကျောင်းစိမ်း၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့စာရေးကရိယာများ အခမဲ့ ပံ့ပိုးတယ်။  ၁၀တန်းအထိ မအောင်မနေရ . အဆင့်၁ ၂ ၃ စနစ် ကနေ Grade A, B, C, D ပြောင်းပေးလိုက်တော့ မိဘတွေ ကျောင်းအုပ်၊ အတန်းပိုင်ဆရာတွေကို လာပ်ပေးစရာမလိုတော့ပါ။ ဆရာတွေ ကျူရှင်ပြတာ ၀ိုင်းလောက်ပဲ ရှိတော့မယ်။ ဆရာတွေ အင်္ဂလိပ်စာ သင်တန်းပို့ချနေတာပါ။ ကလေးတွေတော့ မတတ်သေးပါဘူး။
 ဂျပန် သင်ရိုး ပထမတန် စတင်နိုင်တယ်။၊ ဒုတိယတန်းတွေ ဒီနှစ်စပါမယ်။ ဒါက ရေရှည် မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး စိတ်ဓါတ်တွေ ပျက်စီးနေတာကို ကျောင်းဆရာ ၄သိန်း ကိုပဲ စတင်ပြောင်းလဲ ဖို့ ကြိုးစားပါတယ်။ တက္ကသိုလ် ဆရာတွေကတော့ သိပ်မထူးခြားပါ။ ကျောင်းသား မိဘချမ်းသာသူတွေက ဆရာမတွေကို လာပ်ပေးနေဆဲပါပဲ။ ကျောင်းသားတွေ အရက်၊ မူးရစ် နဲ့ မပျက်စိးအောင် ကလေးထိန်းခ တဲ့။ 
.
* တရားရုံးတွေက အဂတိအလွန်များလို့ အမြင့်ဆုံး တရားသူကြီးချုပ်အဖွဲ့ကို လူတွေလဲခြင်း၊ လူသစ်၎ယောက်ထပ်ဖြည့်ခြင်း တွေကလဲ ချီးကျူးစရာပါ။ 
.
* မြေသိမ်း အမှုတွေကိုလဲ တရားရုံးမသွားပဲ မြေယာကော်မတီနဲ့ ပြီးပြတ်အောင်လုပ်နေကြပါတယ်။ လွှတ်တော်က အစိုးရကို မောင်းနှင်နိုင်ခဲ့တယ်။ 
.
* ၂နှစ်ကျော်အကြာမှာ သမ္မတဦးဝင်းမြင့် တက်လာပြီး၊  လွှတ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသ ၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေကို ..ပိုင်ဆိုင်မှု ကြေငြာခိုင်ပါတော့တယ်။ အဂတိလည်း စတင် အရေးယူပါတော့တယ်။ ပြည်ထောင်စု ၀န်ကြီးအဆင့်ထိ အရေးယူနေတဲ့ အခြေအနေရောက်နေပါတယ်။ 
.
* စီးပွားရေး ကတော့ ဦးအောင်နိုင်ဦး တို့ ကုမဏီမှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှတ်နှံမှု ဌာနက ဥပဒေတွေ အများကြီးရှော့ ပေါ့ပေးလိုက်ပါတယ်။ စိုက်ပျိုးမွေးသမျှ ..တိုးတက်နေတဲ့ တရုပ်နိုင်ငံကြီးက ၀ယ်စားနေတော့ ဆန်တောင်မှာ မြန်မာသမိုင်းတွင်အောင် အများဆုံး တင်ပို့နိုင်ပါတယ်။ 
.
* Corruption Index ဆိုတဲ့ အဂတိအညွန်း တော်တော်လေး တိုးတက်လာပါတယ်။ ၂၀၁၁ တုံးက အဆင့် ၁၇၀ (ရမှတ် ၇) ကနေ ၂၀၁၇ မှာ အဆင့် ၁၃၀ (ရမှတ် ၃၀) တိုးတက်လာတာ အံ့သြစရာ လုပ်ရပါ။ 
.
.
အားနည်းချက်တွေကတော့ 
အများကြီးပါ။ စစ်တပ်ကို ခေါင်းဆောင်ပိုင် ရင်ကြားစေ့စပ်နိုင်ပုံ ရပေမဲ့ လွှတ်တော်ကိုယ်စားလှယ် အဆင့်တောင် စစ်တပ်ကို မနိုင်သေးပါဘူး။ အလုပ်အကိုင်တွေလဲ နည်းပါးနေဆဲ၊ ဆင်းရဲမွဲတေလွန်းတာ ၀ိသမ ငွေချေးစားသူများကို မထိန်းနိုင်သေးဖြင်း ကြောင့်ပါ။ အဂတိ တိုက်ဖျက်ရေးကို ဥက္ကဌ ဦးအောင်ကြည် အဖွဲ့သစ်နဲ့ လှုပ်ရှားနေပြီး FDA ညွန်ချုပ် (မိုးကျကိုယ်တော်) ကို ဖမ်းဆီးနိုင်ပေမဲ့ ငါးကြီးကြီး ကြော်ဖို့တော့ မလွယ်သေးပါဘူး။ ဦးသိန်းစိန် ခေတ်မှာ ရာထူးချ၊ နယ်ပြောင်း၊ အလုပ်ထုတ် ဒါတွေပဲ လုပ်ပြီး အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း မလုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် ၂နှစ်ခွဲ ကာလမှာလဲ မလုပ်နိုင်သေးပါဘူး။ ထွက်ပြေးနေတဲ့ တရားသူကြီးတွေ၊ မြေစာရင်းအရာရှိတွေ များပါတယ်။ 
.
တောင်သူတွေကို ငွေတိုးချေးစား နေတဲ့ ငွေရှင်များကို မထိန်းကွပ်နိုင်ပါ။ စိုက်ပျိုးစရိတ် ချေးငွေများအစား စိုက်ပျိုးပစ္စည်း ၀ယ်ယူတဲ့ တိုကင် ပေးနိုင်ရင် တောင်သူများ ငွေရလို့ ဖြုန်းတီး၊ ပျော်ပါး ခြင်းများကို ကာကွယ်နိုင်မှာပါ။ ရိတ်သိမ်းချိန်လွန် နည်းပညာ (ကုန်လှောင်ရုံစနစ် နိုင်ငံတော်က ရင်းနှီးမြှတ်နှံရင်) စပါး၊ ပဲ ပွဲစားများကြောင့် တောင်သူများ နစ်နာမှုတွေ ကာကွယ်နိုင်မှာပါ။ တောင်သူများလည်း သူတို့ဒေသတွေမှာ အဖွဲ့စည်းနဲ့ လုပ်ကိုင်တတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုးများကို မောင်းနှင်ဖို့လိုပါတယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှု ရွေးကောက်ပွဲများမှာ ပညာတတ်များ ၀င်အရွေးမခံပဲ၊ ၁၀တန်းမအောင်သူများပဲ လုပ်နေဆဲပါ။ ရန်ဖြစ်၊ မူရစ်၊ လောင်းကစား၊ အရက်၊ လူမှုရေးတွေချည်း ဖြေရှင်းနေရလို့ အရည်အချင်းရှိသူများက ရပ်ကျေး အုပ်ချုပ်ရေးမှု (ထွေအုပ်) မလုပ်ချုင်ကြပါ။ 
.
ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ခံနိုင်မဲ့ လူမရှိပါ။ အမှားတွေ အများကြီး ရှိပေမဲ့ သူ့လူတွေကလဲ လူသစ်တွေချည်းပါပဲ။ စစ်တပ်က ခံနေတော့ နောက်ကွယ် လက်မဲကြီးတွေ ရဲ့ ခရိုနီလုပ်ငန်းများက ပန်းပန်နေဆဲ ဖြစ်ပေမဲ့ ၂၀၁၈ မတ်လ နောက်ပိုင်း ခေါင်းဆောင်တွေ ခေါင်မိုးလုံဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့် ကို တာဝန်ပေးနေတာ .. အောင်မြင်ပါစေပဲ မျှော်လင့်ပါတယ်။ ကျနော် အမြင်ကတော့ (အကောင်းမြင်စိတ်၊ ဒေါ်အောင်ဆန်းစုကြည် ကြည်ညိုစိတ်) နဲ့ဆိုတော့ အခြေအနေ ကောင်းနေတဲ့ ပုံပါပဲ။ 
.
ကျွန်တော်လို စီးပွားရေး ပညာရှင်မဟုတ်သူက နောက်ဆုံးသုံးသပ်ချက်ကတော့ ကြွေးမြီ (ပြည်တွင်း၊ ပြည်ပ) နဲ့ ဂျီဒီပီ အချိုးက ၃၈.၀ ထက် ရော့ နည်းသွားတာပဲ ၀မ်းသာစရာပါ။ ချေးငွေ ပီပီပီ နိုင်ငံခြားရင်းနှီးမှျုွှေကို ကုန်ထုတ်လုပ်ငန်း ဂျီဒီပီ နဲ့ လျှပ်စစ်၊လမ်းတံတား တွေမှာ အကျိုးရှိအောင် သုံးနိုင်ဖို့လိုပါတယ်။ အဂတိ နည်းပါးရေးပဲ အလွန်အရေးကြီးနေပါတယ်။ အောက်ခြေ ၀န်ထမ်းများကို ပေးရတာ အရေးယူစရာမလိုပါ၊ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ၀န်ကြီး၊ တိုင်းဒေသ ၀န်ကြီးချုပ်နဲ့ဝန်ကြီးများကို ရိုးသားကြိုးစားရုံမက၊ ထက်မြတ်တဲ့ အကြံပေးပုဂ္ဂိုလ်များ ပံ့ပိုးပေးဖို့လိုပါတယ်။ သူတို့မှားယွင်း သုံးသပ်ခြင်း၊ အဂတိပါရှိခြင်း တွေက ဘတ်ဂျတ်ရဲ့ ၅% ကနေ ၁၀% အထက် အများကြီး နစ်နာ သွားနိုင်ပါတယ်။ 
.
ပုံ - ၂၀၁၁ မှ ၂၀၁၇ အထိ ကြွေးမီနှင့် ဂျီဒီပီ အချိုး ၊ ပြည်ထောင်စုလွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ မှ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ အလွယ်တကူ ပွင့်လင်းမြင်သာစွာ ဒေါင်းလုပ်နိုင်ပါတယ်။ 
.
အာဖဂန်စစ်ပွဲ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ICC ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာရုပ်သိမ်း
[Zawgyi]
[Unicode]
အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးနိုင်ဖွယ် ရှိမှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ၏ ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်း၏ရုံးက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့ သည်။
ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါသည် ဗီဇာရုပ်သိမ်းခံရသော်လည်း ICC အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ICC သည် ကုလသမဂ္ဂခုံရုံးမဟုတ်သော်လည်း ရှေ့နေဘင်ဆူဒါသည် ကုလသမဂ္ဂက ICC သို့ လွှဲပြောင်းသော အမှုများနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီသို့ မကြာခဏ သွားရောက်ရသည်။
အမေရိကန်နှင့် မဟာမိတ်ကို စုံစမ်းစစ်ဆေးနေသည့် ICC တာဝန်ရှိသူအား ကန့်သတ်ထိန်းချုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံသား ဘင်ဆူဒါအား ဗီဇာရုပ်သိမ်းမှုပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်ရှိ အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်ကို ICC က စုံစမ်းစစ်ဆေးရန် အကြံပြုမှုအတွက် တာဝန်ရှိသူသည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်ရှိ စီအိုင်အေက တာဝန်ယူဆောင်ရွက်နေသော လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများတွင် အမေရိကန်စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်း ICC က ၂၀၁၆ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားချင်း ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနှင့် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များက ဆောင်ရွက်နိုင်ခြင်းမရှိသော သို့မဟုတ် မဆောင်ရွက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် OCC က စုံစမ်းစစ်ဆေးဆောင်ရွက်သည်။
ICC ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ငြင်းဆိုထားသည်။ အာဖရိကနိုင်ငံသားများကို မမျှမတဆက်ဆံသည်ဟု ယုံကြည်သောကြောင့် အာဖရိကနိုင်ငံအချို့က ICC မှ ပြန်လည်နုတ်ထွက်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဘူရွန်ဒီက ICC မှ နုတ်ထွက်သွားခဲ့ပြီး ဇမ်ဘီယာနှင့် တောင်အာဖရိကတို့ကလည်း ICC မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။
ဖိလစ်ပိုင်တွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ICC က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လတွင် ဖိလစ်ပိုင်က ICC မှ တရားဝင် နုတ်ထွက်သွားသည်။
၂၀၀၂ ခုနှစ်တွင် တည်ထောင်ထားသော ICC တွင် ပါဝင်ရန် အမေရိကန်က ငြင်းဆိုထားသည်။ အာဖဂန်တွင် တာလီဘန်၊ အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များနှင့် အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဘင်ဆူဒါက ၂၀၁၇ နိုဝင်ဘာတွင် ICC တရားသူကြီးများကို တိုက်တွန်းခဲ့သည်။ သို့သော်လည်း အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်မှုနှင့် ပတ်သက်၍ ICC က မဆုံးဖြတ်ရသေးပေ။ ICC သည်အမေရိ ကန်၏ ဥပဒေနှင့်အညီ အုပ်ချုပ်မှုကို တိုက်ခိုက်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။                      
Ref:
“ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ၏ အကူအညီနှင့် ရခိုင်က စစ်ဘေးရှောင် ပြည်သူတို့ ဘ၀”
ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး sniper top 10
မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း
မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း 
  1. စံပြစပါးစိုက်​ကွက်​​နေရာ ရှုံးရှုံးမြတ်​မြတ်​ စပါးသာစိုက်​ရန်​အမိန့်​​ပေး(​ရေသွင်းနှမ်းစိုက်​ပြီး​ရောင်းလို့ရသည့်​​ငွေဖြင့်​ကမ္ဘာမှာအ​ကောင်းဆုံးဆန်းဝယ်​စားရင်​​တောင်​လက်​ကျန်​​ဒေါ်လာတ​ထွေးကြီး) 
  2. မြန်​မာနိုင်​ငံသို့ ကမ္ဘာ မှ ဝင်​​နေ​သော သွင်းအားစုများ(စိုက်​​ဆေး/မျိုး​စေ့) အမှန်​အကန်​လားအကြံအဖန်​လား စစ်​​ဆေးသုံးသပ်​​ပေးမည့်​ အဖွဲ့မရှိခြင်း 
  3. စိုက်​ပျိုး​ရေး​တောင်​သူများအမှန်​တကယ်​လိုအပ်​​နေ သည့်​အရာများကို (တာဝန်​ရှိသည့်​/စိုက်​ပျိုး​ရေး ဝန်​ကြီး/ဆည်​​မြောင်းဝန်​ကြီး/စီးပွားကူးသန်းဝန်းကြီးများမှ မသိရှိခြင်း)
  4. သစ်​​တောဝန်​ကြီးများမှသစ်​​တော​မြေပုံကို မြက်​ခင်းမှန်းသစ်​​တောမှန်းမသိခြင်းနှင့်​ ကိုယ်​ပိုင်​​ငွေဖြင့်​သစ်​​တောစိုက်​ခင်းတဧက(၁ဧက) ​အောင်​မြင်​​အောင်​မစိုက်​ဖူးခြင်း
  5. သထ္တုတွင်းဝန်​ကြီးများ သယံဇာတ ၏တန်​ဘိုးမသိခြင်း(ဥပမာ)ကမ္ဘာမှာ အဖိုးတန်​​သော​ကျောက်​များအားမြန်​မာတွင်​လမ်းခင်း​နေသည်​ကိုမသိခြင်း 
  6. စွမ်းအင်​ဝန်​ကြီး ထုတ်​လုပ်​သည့်​လျှပ်​စစ်​ယူနစ်​နှင့်​​ကောက်​ခံရရှိသည့်​ယူနစ်​ကွားခြားမှု တဝက်​​ကျော်​​နေသည်​ကို မ​ဖြေရှင်းနိုင်​ခြင်း 
  7. မိမိနိုင်​ငံမှ​ရေနံနှင့်​ဂက်​စ်​ဝယ်​​သောထိုင်းနိုင်​ငံမှပြည်​သူများမှ​ရောင်းချ​သော ဂက်​စ်​ဖြင့်​မြန်​မာနိုင်​ငံသားများချတ်​ပြုတ်​စား​သောက်​​နေရသည်​ကိုမသိခြင်း
  8. ဘဏ္ဍာအခွန်​ဝန်​ကြီးမှ ကမ္ဘာအတိုးနုံးမသိခြင်း ဘယ်​အ​ရောင်းအဝယ်​ဘယ်​​လောက်​မြတ်​မည်​မသိ၍အခွန်​​ငွေမ​ကောက်​တတ်​ခြင်း
  9. ကမ္ဘာနိုင်​ငံ​ဆေးရုံများသို့မြန်​မာလူနာများမှ​ဆေးကုသ​ငွေသုံးစွဲမှုမှာမြန်​မာတနိုင်​ငံလုံး၏ကျမ်းမာ​ရေးအသုံးစရိတ်​ထက်​ပိုမိုများပြား​နေပြီးမြန်​မာအထူးကုဆရာဝန်​ကြီးများ၏ဝင်​​ငွေသည်​ ကမ္ဘာဆရာဝန်​ကြီးများ၏ဝင်​​ငွေထက်​အဆတရာမကဝင်​​နေသည်​ကို တာဝန်​ရှိသူများမှမသိရှိခြင်း
မြန်​မာနိုင်​ငံမွဲရခြင်း  ( ဒုတိယပိုင်း)
#Ye myint thu ထံမှcopy ယူပါသည်
ယိုးဒယား က ဟိုတယ်တွေက မြန်မာနိုင်ငံထက် အများကြီးဈေးလျော့တယ်။ ဘန်ကောက်သွားတဲ့ လေယာဉ်လက်မှတ်က ငပလီထက် သက်သာတယ်  လျော့တယ် ဆိုတာမျိုးတွေ ကြားကြားနေရတယ်။
မှန်ပါတယ်။ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ဝန်ဆောင်မှု့၊ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ပစ္စည်း စတာတွေရဲ့ နောက်ကွယ်မှာ ချိတ်ဆက်နေတာတွေ အများကြီးပါ။
ယိုးဒယားမှာ ရှိတဲ့ အင်တာနက် မြန်တာ အိန္ဒိယက တယ်လီဖုန်းပြောခတွေ သက်သာတယ်ဆိုပေမဲ့ အဲဒီတွေမှာ လုပ်နေတဲ့ Telenor နဲ့ မြန်မာပြည်က အင်တာနက် ဖုန်းပေးတဲ့ Telenor တကယ်တော့ အတူတူဘဲ။
မတူတာက သူတို့ ဝင်လာတဲ့ အခါပေးရတဲ့ လိုင်စင်ကြေး Spetrum field တွေ၊ ယိုးဒယားမှာ တိုင်စိုက်လို့ $10000 ကုန်ပေမဲ့ ကိုယ်ဆီမှာ $40000-100000 ကုန်နိုင်တာ ။ ကိုယ်ဆီက မီးစက်ထပ်တတ်ရတာ Service outsources တွေရဲ့ SLA မှာ ပညာရှင် သုံးရတဲ့ စားရိတ်ကွာတာ။ နိုင်ငံတကာကပစ္စည်း သူတို့ ဆီပို့ရင် ကုန်ကျစရိတ်ကွာတာ 
လမ်းမှာ ရောက်ချိန် မြန်တာကြာတာကွာတာ။ 
ကိုယ်ဆီမှာ လိုအပ်လို့ မြေငှားတာ ဆိုင်ခန်းငှားတာ လူတွေခန့်တာတွေမှာ ကွာတာ။ 
Inverestment policy တွေကွာတာ၊ Procedure တွေကွာတာ Risk Management  တွေ Coperate government အတွက် သုံးရတာ Safety အတွက်သုံးရတာတွေကွာတာ။ HR နဲ့ resourecs တန်ဘိုးတွေကွာတာ စတာတွေက အရင်းကွာသွားရင် ထုတ်ကုန်တန်ဘိုးကွာသွားသလိုပါဘဲ။
ဘန်ကောက်မှာ ရှိတဲ့ မြေနဲ့ ကိုယ်ဆီက မြေဈေးကွာတာ သာမက၊ အဆောက်အဦဆောက်ရင်လည်း အရည်အသွေးနဲ့ ဈေးနှုံးကွာတာတွေက သက်ရောက်နေသလို
 ပြည်ပက လူတိုင်းသွင်းနိုင်ပို့နိုင် စွမ်းတွေမှာလည်း ကွာနေတယ်။ အခွန်အထုတ်တွေနဲ့ စနစ်တွေ ဘဏ်လုပ်ငန်းတွေ အာမခံလုပ်ငန်းတွေလည်း ကွာနေတာပါဘဲ။ နောက်ကွာတာတွေက Infrastructure ပါ၊
 Logistic အတွက် တစ်မိုင် တစ်တန် အတွက် ကုန်ကျစားရိတ်အပြင် ရောက်ချိန် ပို့ချိန် တွေ ကြာတာမြန်တာလည်းကွာပါတယ်။ 
နောက်အလုပ်လုပ်သူတွေရဲ့ စရိတ်တွေ သူတို့ တစ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ အစားအသောက်အဟာရတန်ဘိုးတွေ နေထိုင်စားရိတ်တွေ ပညာရေး စရိတ်တွေ ကလေးစရိတ်တွေက အစ ကွာပါတယ်။
ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်မှု့ အရင်းဆိုတာဟာ ကုန်ကြမ်း ဘဝမရောက်ခင် သုတေသနတွေ ကစပြီး ထုတ်လုပ်တာ ထုတ်ပိုးတာ QC စစ်တာ ပို့တာသယ်တာ အာဏာပိုင်တွေ ဥပဒေတွေကို ဖြတ်တာ ဘဏ်တွေသုံးတာ အာမခံတွေသုံးတာ ဖြန်ချိသူတွေ သယ်ဆောင်သူတွေ Call center တွေ After sale ဝန်ဆောင်မှု့တွေ နဲ့ များပြားလှတဲ့ အပိုင်းတွေပါ ပါတဲ့ Supply chain တစ်ခုလုံးနဲ့ဆိုင်သလို နည်းပညာတွေ အရောင်းအဝယ် Brand  တန်ဘိုးတွေ Trust အနေအထားတွေ တဲ့ Process မှာပါတဲ့ Value Chain တစ်ခုချင်းရဲ့ ကုန်ကျစားရိတ်တွေ ပါနေတတ်ပါတယ်။
အခုလို Globalization ခေတ်မှာဆိုရင် AirBus လို ဥရောပတစ်ခုလုံးလုပ်တာနဲ့ Apple iPhone  လို နိုင်ငံ ဆယ်ချီတဲ့ ဆီက ရာချီတဲ့ လုပ်ငန်းတွေရဲ့ ပစ္စည်းတွေ သုံးကြတဲ့ခေတ်မှာ After sale -  call center က တစ်နိုင်ငံ ထုတ်တာတစ်နိုင်ငံ Accounting audit တစ်နိုင်ငံနဲ့ Global ပေါင်းလုပ်နေကြတဲ့ ၂၁ရာစုမှာ ကိုယ်အသိုင်းအဝိုင်းလေးကို ဘဲ ထင်ရာပြဋ္ဌာန်းလုပ်ကိုင်နေကြလို့ မလွယ်တဲ့ခေတ်ပါ။
ကိုယ်ဆီမှာ ထုတ်ရင် ပိုဈေးသက်သာမယ်လို့ တရားသေမှတ်လို့မရတော့သလို ကမ္ဘာ Supply chain ကြီးမှာ အပြိုင်အဆိုင်အရ နေရာတစ်ခုရဖို့ သူများထက် သက်သာတာ ပိုကောင်းတာ မြန်ဆန်တာ စတဲ့ အားသာချက်တွေမရှိဘဲ ထုတ်လို့မရသလို Economy of Scale ခေါ်တဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း ဈေးကွက်အရွယ်အစားတွေနဲ့လည်း ကွာပါတယ်။
အုပ်ရေနဲတဲ့ စာအုပ်နဲ့ များတဲ့ စာအုပ် တစ်အုပ်စားရိတ်ကွာသလို ကွာပါတယ်။
 မော်တော်ကားလို စက်ရုံတောင် မော်ဒယ်တစ်မျိုးကို တစ်နှစ် အစီး ၃၀၀၀ -၄၀၀၀ မှ ဝယ်လိုအားမရှိဘဲ စက်ရုံလာတည်ထောင်ဖို့ မကိုက်ပါဘူး။ သူများတွေဆီမှာ စက်ရုံလာတယ်ဆိုတာ ပုံမှန်ပို့တာထက် ပိုကိုက်မှ လာကြတာပါ။ ပိုကိုက်ဖို့ Infrastructure ဖြစ်တဲ့ မီးတွေအင်တာနက်တွေနဲ့မပြီးပါဘူး Legal infrastructure ဆိုတဲ့ ဥပဒေတွေထိမ်းကြောင်းမှု့တွေ ရယ် Risk Factor နဲစေတဲ့ သပိတ်မှောက်တာ ဆန္ဒပြတာ နိုင်ငံရေးမတည်ငြိမ်တာတွေ နဲ့လည်းတွက်သလို
 ငွေပြန်ထုတ်တာ တွေ သွင်းတာတွေ ဘဏ်လုပ်ငန်းတွေ စတော့တွေစတာတွေနဲ့လည်း ပက်သက်ပြီး ပြည်တွင်းက လုပ်သားထုရဲ့ အသိပညာ အတတ်ပညာနဲ့ လိုအပ် ပညာရှင်ရရှိနိုင်မှု့နဲ့လည်း ဆိုင်နေပါသေးတယ်။
နောက် တစ်ခုက ငွေတွေစီးဝင်လာတာ လာရောက်ရင်းနှီးမြုတ်နှံတာ လုပ်ရင် အတွေ့အကြုံ အသိပညာ နည်းပညာတွေ ပေးသွားနိုင်စွမ်းတွေနဲ့လည်း ဆိုင်နေပါသေးတယ်။
သေချာတာကတော့ မိတ္တူကူးစက်ကလေး ဖွင့်လုပ်စားရင်တောင် ရန်ကုန်မှာ ဖွင့်တာနဲ့ နယ်လာဖွင့်တာ တစ်မျက်နှာ ဈေး အရင်းမတူနိုင်ပါဘူး။ 
ရန်ကုန်မှာ ပစ္စည်းဝယ်ရလွယ်တယ် အရောက်ပို့တယ် ပျက်ရင် ပြင်တဲ့ သူခေါ်ရင်လွယ်တယ်။ မှင်ဈေးသက်သာတယ်။ ကျွမ်းကျင်လုပ်သား ခန့်ရလွယ်တယ် တိုးရလွယ်တယ်။ တစ်ရက်ကူးရတဲ့ ပမာဏများတယ်ဆိုရင် ဈေးလျော့ပြီး ပြိုင်လုပ်နိုင်တယ်။ 
နယ်ရောက်လို့ သယ်စားရိတ်တွေကျရင် တခုခုဖြစ်လို့ ရန်ကုန်ပြန်ပြန်ပို့နေရရင် ပစ္စည်းဝယ်တိုင်း သယ်စားရိတ် အချိန်တွေစားနေရင် ကူးတတ်တဲ့ ဝန်ထမ်း က မွေးရခက်ခဲရင် ရန်ကုန်ကသူကို စားရိတ်ပေးခေါ်ထားရရင် ရန်ကုန်လို ဈေးမရနိုင်တဲ့အပြင် မီးစက်နှိုးရရင် တစ်ရက်လာကူးတဲ့သူနဲရင် ပိုတောင် မကိုင်လို့ နဲနဲကူးတဲ့အပေါ် စားရိတ်ကျေအောင်တင်ရင်း ရန်ကုန် မှာထက် များမှာသေချာပါတယ်။ 
ဒီလိုအချိန်မှာ ကိုယ်မြို့က များများကူးချင်သူတွေက ဈေးကွာလို့ဆိုပြီး မြို့ပို့ကုရင် ကြာရင်ကိုယ်လုပ်ငန်း ပိတ်ရမလိုတောင်ဖြစ်နိုင်ပါတယ်။
တကယ်တော့ စရိတ်ဆိုတာ ဈေးနှုံးဆိုတာ ကိုယ်ဆီမှာ ဖြစ်နေတာတွေ နဲ့ ချိတ်ဆက်ပြီး ဖြစ်နေကြတာပါ။ သူများတွေ ကဒ်သုံးတာနဲ့ ကိုယ်က သုံးနိုင်ဖို့ဆိုတာ သူတို့ ဆီက ဗဟိုဘဏ်နဲ့ ကိုယ်ဆီက ဗဟိုဘဏ်တွေရဲ့ ကြားထဲကောက်တဲ့ စားရိတ်အပေါ်တည်သလို တည်ဆဲ အခွန်အခတွေ ပေါ်လည်းမူတည်ပါတယ်။ Public Transport တွေ မရှိလို့ အသားတွေ ဈေးကြီးလို့ ဝန်ထမ်းတွေ ရဲ့ စားရိတ်ကြီးသွားကြတာတွေလည်းပါနိုင်သလို နောက်ဆုံးလူတွေဘဏ်တွေကို မယုံလို့မသုံးကြရာက ငွေလည်ပတ်နိုင်စွမ်းတွေ ပွားနိုင်စွမ်းတွေ ကွာတာတွေနဲ့လည်း ပတ်သက်မှု့ ရှိနေနိုင်ပါသေးတယ်။ နောက်ဆုံးကားကျပ်တာကအစ တိုင်းပြည်ရဲ့ Resource တွေ ရဲ့ မချိန်တွေ စားသွားတာ ဆီတွေပိုကုန်တာ အလုပ်မပြီးတွေမှာ သက်ရောက်မှု့ အများကြီးပါ။ 
တကယ်တော့ ဘဏ်တိုးကြီးငွေ သယ်လို့ကြာချိန်ကြောင့်တက်ငွေ အခွန်အခနဲ့ အာရကေစရိတ်တွေ စတာတွေအားလုံး ပြောရရင် ဘယ်သူကမှ သူတို့ အိတ်တွေထဲက မစိုက်ကြပါဘူး။ 
ဒါတွေအားလုံးကို အရင်းကျအဖြစ်သတ်မှတ်ပြီး အဂတိလိုက်စားတာတွေ က အစ အလကားနေရင်းပလုံသွားတဲ့ ပျက်စီးသွားတဲ့ အရာတွေအဆုံး စရိတ်အားလုံးဟာ ရောင်းဈေးပေါ်ပြန်တင်တတ်ကြတာမို့ စားသုံးသူတွေကို ဘဲ ပြန်ထိပါတယ်။ 
ရှေးဖတ်စာအုပ်တွေထဲကလို အရင်းရှင်တို့ ဂုတ်သွေးစုတ်တယ်ထင်ရင် လူတိုင်းကို အလုပ်အကိုင် လုပ်ခွင် ငွေချေးခွင့်နဲ့ ကာမပေးဘဲ လူတိုင်းပြိုင်လုပ်ခွင့်ပေးရင် သူက ပိုယူတာနဲ့ သူဈေးကွက်ကထွက်သွားရမှာပါ။ ဘယ်သူမှ ထွက်မသွားဘဲ ထပ်တိုးလာသူလည်း ဒီထက် မလျော့နိုင်ရင်တော့ ကိုယ်စီက Overhead တွေ လို့ဘဲ သတ်မှတ်ရတော့မှာပါဘဲ။ 
ဒါတွေကို မလျော့နိုင်ရင်တော့ အဲဒီနေရာကလူတွေ ပေါ်မှာ ဒီဝန်ထုတ်ဝန်ပိုးတွေ ဘယ်တော့မှ လျော့သွားမှာ မဟုတ်လို့ ဘယ်တော့မှာ ကိုယ်ဆီက လူတွေ ပြောင်ယောင်တိုးတက်လာကြမှာမဟုတ်ပါဘူး။ အကြောင်းအရင်း အစစ်အမှန်ကို  ရှာနိုင်မြင်နိုင် သုံးသပ်နိုင်ကြပါစေခင်ဗျား။
#Ye Myint Thus
မြန်​မာနိုင်​ငံမွဲရခြင်း  (တတိယပိုင်း)
အစိုးမရသော ဒီမိုး ဒီရေနဲ့ ကမ်းနားသစ်ပင် မြန်မာပြည်စိုက်ပျိုးရေးခရီးစဉ်
---------------------------------------------
ရေးသားသူ- ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး)
မြန်မာပြည်ရဲ့ ရေမြေသယံဇာတပေါကြွယ်ဝမှုကို အပေါ်ယံကြောကြည့်ရုံနဲ့ စိတ်ကူးယဉ်အိပ်မက်ဖော်လို့ အလွန်ကောင်းပါတယ်။ စိုက်ပျိုး မြေဧရိယာသည် အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကျယ်အ၀န်းပမာဏရှိတယ်။ မြစ်ကြီးလေးစင်းနဲ့ မြစ်ဝကျွန်း ပေါ်တွေဖြစ်တဲ့ ဧရာဝတီ၊ပဲခူး၊ ကုလားတန်၊ သံလွင်မြစ်ဝကျွန်းပေါ်တွေရှိတယ်။ ဒါတွေကိုအပေါ်ယံမျှသာကြည့်ပြီး မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆောင်ပုဒ်လို မြန်မာပြည်က တစ်နေ့သောအခါ ထိုင်း၊ ဗီယက်နမ်ကိုကျော်လွန် ပြီး ကမ္ဘာအထိ ဆန်စပါးထောက်ပံ့ကျွေး 
မွေးနိုင်မယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ခန့်မှန်းသုံးသပ်ခဲ့ကြတယ်။ ယခုထိတိုင်လည်း နိုင်ငံရဲ့ ထိပ်ပိုင်းဦးဆောင်သူများနဲ့ စိုက်ပျိုးရေးကို အဓိကထားလို့ဦး ဆောင်ဦးရွက်ပြုနေသူအကြီးအကဲ များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ ကုမ္ပဏီကြီးများဟာ ဒီအပေါ်သယံဇာတပေါ ကြွယ်ဝတာတစ်ခုကို ကမ္ဘာကို ရောင့်ရဲနှစ်သိမ့်ဆဲဖြစ်ပြီး အဓိကနဲ့သာမညကို ခွဲခြားစိတ်ဖြာမသုံးသပ်နိုင်ဘဲ မျက်မမြင်ပုဏ္ဏားခုနစ်ယောက်လို ဆင်တစ်ကောင်ကို လိုရာဆွဲပုံ ဖော်နေကြတယ်။
သက်ဆိုင်ရာစိုက်ပျိုးရေးထုတ်လုပ်သူ၊ ကုန်သွယ်သူ၊ တာဝန်ရှိသူများရဲ့ လက်ရှိအဓိကသုံးသပ်ချက်က မြန်မာ့ဆန်စပါးထုတ်လုပ်မှုပမာဏကို ယခုလက်ရှိအနေအထားထက် ပိုမိုတိုးတက်ဖို့အဓိကလုပ်ဆောင်ရန်ဆိုပြီး  လက်ရှိတောင်သူတွေရဲ့ လယ်မြေကွက်ငယ်များကို ဧက ကျယ်များ၊ အကွက်ကျယ်များအဖြစ် ပြောင်းရန်၊ သမန်းပြင်ညီညာရန်နှင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးစဉ်းမျှ နေရာမယူနိုင်သော စပ်မျိုးစပါးစိုက်ပျိုးရန်နဲ့ တန်ဖိုးမြင့်ထုတ်လုပ်ရန်ဆို ပြီး နေ့ရောညပါ ကြိုးစားပြနေတာ ယခုဆိုရင် သုံးနှစ်နီးပါးတိုင်ခဲ့ပေပြီ။ ဒီလို နိုင်ငံတော်ရဲ့စိုက်ပျိုးရေးဘတ်ဂျက်သုံးပြီး နေပြည်တော်ပြကွက်ကြီးကနေ နေ့ရောညပါ အရပ်တကာ၊ နိုင်ငံတကာကို ကြိုးစားပြနေသော် လည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုဟာ အရှေ့တောင်အာရှရော ကမ္ဘာကိုပါ ကျော်လွှားနိုင်မယ့်အစား မြန်မာသည် အချိန်နဲ့အမျှ နောက် ဆုံးအဆင့်သို့ရောက်ဖို့ အလားအလာရှိနေပါတယ်။ ယခင်က မြန်မာရဲ့ဆန်ကိုစားသုံးတဲ့ အိနိယနိုင်ငံကြီးဟာ အခု မြန်မာကနေ နေ ပြည်တော်ပြကွက်ကြီးလုပ်ပြနေတဲ့ သုံးနှစ်နီးပါးအတွင်းမှာ မြန်မာတို့ အားကျခဲ့တဲ့ ဗီယက်နမ်နဲ့ထိုင်းကို သာလွန်လို့ ဆန်တင်ပို့မှု ထိပ်ဆုံးနေ ရာကို ယူလို့နေတယ်။ 
 မြန်မာ့ဆန်ပို့မှ အသက်ရှင်နိုင်တဲ့ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ သူတို့ရဲ့လူဦးရေသန်းရာကျော်ကို ဖူလုံအောင်ထုတ်နိုင်
ရုံသာမက နောင်နှစ်တွေမှာ ကမ္ဘာ့ဈေးကွက်မှာ ၀င်တိုးဖို့လုပ်နေတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့သည်လည်း ကိုယ်စီဖူလုံပြီး ကမ္ဘောဒီးယား
သည် ယခုဆို  ကမ္ဘာ့ဈေးကွက်မှာမြန်မာ့ အထက်ကနေသာလွန်နေတယ်။လက်ရှိမှာတော့ နေပြည်တော်သီးသန့်ကမ္ဘာမှာသာ မြေကြီးက ရွှေ
သီးအောင် ပြရုံပြနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာတော့ မြန်မာ့ဆန်ဟာတရားဝင် ကမ္ဘာ့ဆန်ဈေးကွက်မှာ မနည်းကြိုးစားပြီးနေရာယူနေရပြီး တရားမ
ဝင် သည့်နယ်စပ်တရုတ်ဈေးကွက်မှာတော့ ဆန်တန်ချိန်သောင်းကျော်ကို အခက်အခဲများစွာအောက်မှာ အဆင်ပြေသလို ရောင်းနေရတယ်။
ရေမြေသယံဇာတပေါကြွယ်ဝတဲ့ မြန်မာက ကိုယ်တိုင်ဖူလုံအောင် ထုတ်နိုင်လျက်နဲ့ ပြည်ပမလေးရှားနိုင်ငံက နှစ်စဉ် ဒေါ်လာသန်း ၅၀၀ နီးပါးတန်ဖိုးရှိတဲ့ ဆီအုန်းကိုသွင်းနေတယ်။ နှစ်စဉ် ကော်ဖီမစ်ပစ္စည်းသန်း ၁၀၀ ဖိုး၊ သကြားသန်း ၇၀ ဖိုး၊ ဂျုံသန်း ၇၀ ဖိုး၊ နို့နှင့်နို့ထွက်ပစ္စည်း သန်း ၈၀ ဖိုးကို နှစ်စဉ် သွင်းနေရဆဲဖြစ်တယ်။ ရေမြေသယံဇာတ အကြယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်လျက် ဒီလိုနှစ်စဉ် သန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပကနေ တင်သွင်းနေရတဲ့ ယိုပေါက်ကိုပိတ်ဖို့ အဓိကလုပ်ဆောင်ရမယ့် အစား စိုက်ပျိုးမြေကွက်အကျယ်ချဲ့ဖို့ ခေတ်မီဆန်စက်ကြီးတွေ ဆောက် ပြလုပ်ပြရုံနဲ့ နိုင်ငံတကာစမ်းသပ်ဖို့ပေးသမျှသီးနှံတွေကို စိုက်ပြရုံမျှဖြင့် တော့ အနာနဲ့ဆေးတလွဲဖြစ်လို့နေတယ်။ ကတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်လို့နေပါတယ်။
အမှန်မှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ ကြိုးတန်းလမ်းလျှောက်သူပမာ စိုးရိမ်ဖွယ်ရာအပြည့်ပါ။ စိုက်ပျိုးရေးအတွက် မရှိ မဖြစ်အဓိကလိုအပ်တဲ့စိုက်ပျိုးရေ ကို မသေချာမရေရာသော မုတ်သုံ မိုးအပေါ်မှာ လုံးဝတည်မှီနေရဆဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ သီးနှံစိုက် ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းသည် မိုးရေအပေါ်အားကိုးရပြီး ၁၅ ရာခိုင်နှုန်းသည် ဆည်ရေသောက်ဖြစ်တယ်။ ဒီလိုစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းရှိ တဲ့ ဆည်ရေသောက်လယ်မြေတွေတောင် ဒီနှစ်မှာ ရေမလှောင်နိုင်လို့ နိုင်ငံတော်ရဲ့ ဒုတိယဆန်အိုးပမာ စိုက်ပျိုးနေတဲ့ သဖန်းဆိပ်ဆည်ရေ သောက်ရွှေဘိုခရိုင်မှာ သီးနှံစုစု ပေါင်းစိုက်ဧက လေးသိန်းမှာ တစ်သိန်းကျော်လောက်ပဲ စိုက်နိုင်တယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးတာဝန်ရှိ သူမျာ၊ ကြီးကြပ်ရာ နေပြည်တော် ဒေသမှာတောင် ရေဆင်း၊ ငလိုက်၊ ဆင်သေဆည်တွေကနေ ဒီနှစ်နွေမှာ ၄၀ ရာခိုင်နှုန်းလောက် စပါးစိုက် ဧရိယာများအတွက်သာ စိုက်ပျိုးရေ ရလို့ စပါးစိုက်နိုင်တယ်။  အခုလက် ရှိအခြေအနေ မိုးရာသီမှာလည်း ဒီနေပြည်တော်ပတ်ဝန်းကျင်မှာ တောင် စပါးစိုက်ဖို့ ရေအခက်အခဲ ဖြစ်လို့နေတယ်။ ဧရာဝတီတိုင်းအတွင်း နွေစပါးအတွက်ရေလှောင် ပြီးစိုက်နိုင်တဲ့ ၀ါးခယ်မရွှေလောင်း ကျွန်းပတ်ဆည်၊ မအူပင်သုံးခွကျွန်း ပတ်ဆည်၊ လပွတ္တာကျွန်းပတ်ဆည် တံခါးတွေက ရေတံခါးတွေမလုံလို့၊ ရေ မလှောင်နိုင်လို့ နွေစပါးမစိုက်နိုင် ခဲ့တာကို မျက်ကွယ်ပြုခဲ့တာ နှစ် ပေါင်းများစွာကတည်းကပါပဲ။ နွေ စပါးစိုက်နိုင်တောင် ငါးသမားနဲ့ တိုက်ထိပ်တွေ့လို့ စပါးစိုက်ရေရော၊ အောင်ရေမှာပါ အခက်အခဲဖြစ်လို့ နွေစပါးကို အဆင်ပြေပြေအခုထိ မစိုက်နိုင်သေးဘူး။ အခုမိုးတွင်းမှာ လည်း ကျွန်းပတ်တာတွင်း လယ်တွေ မှာ မြစ်ရေမ၀င်တော့ စပါးစိုက်ဖို့ အခက်အခဲဖြစ်လို့နေတယ်။ ဒီတော့ မြန်မာပြည်ရဲ့ ရေသောက်ဧရိယာ ၁၅ ရာခိုင်နှုန်းကိုလည်း အားကိုးစရာ မမြင်ပါဘူး။
ဒီတော့ သဘာဝမိုးရေကိုပဲ အားကိုးစရာဖြစ်တယ်။ မိုးအားကိုးပေမယ့် သူရွာမှရသမို့ ၄င်းမိုးရွာသွန်းမှုကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ၂၀၁၀ ကနေ လုံးဝပြောင်းခဲ့တယ်။ မိုးဦးဝင်ချိန် တစ်လနောက်ကျခဲ့ပြီး မိုးဆုတ်ချိန်စောခဲ့လို့ မိုးရွာသွန်းကာ လပိုတိုတောင်းပြီး မိုးရွာသွန်းပမာဏ လျော့ကျခဲ့တယ်။ မိုးဦးနောက်ကျလို့ စိုက်ပျိုးပြီးပြီးချင်း လယ်မြေတွေမှာလည်း မိုးသည်းထန်စွာရွာသွန်းခံခဲ့ရလို့ စိုက်ပျိုးမြေတွေ မနှစ်က ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးတယ်။ ရိတ်သိမ်းချိန်မှာလည်း အချိန်အခါမဟုတ်မိုးရွာလို့ ဧရာဝတီနဲ့ တစ်ပြည်လုံးစပါးခင်းတွေ ပျက်စီးပြန် တယ်။ အခု ဒီနှစ်ကျပြန်တော့လည်း အောက်မြန်မာပြည်လောက်သာ မိုး ကောင်းပြီး အထက်မြန်မာပြည်တစ်ခွင်လုံး မိုးနည်းလို့ စပါးစိုက်လယ်မြေတွေ အဆင်ပြေပြေမစိုက်နိုင်သေးဘူး။ ရေလှောင်ဆည်တွေတောင် ရေမရှိလို့  အထက်မြန်မာပြည်လယ်မြေ အများစုစိုက်ပျိုးရေအတွက် အခက်အခဲရှိနေတယ်။ နောက်ဆည်တွေရဲ့ လက်ရှိအနေအထားက မိုးများလာ တဲ့အခါ ရေမထိန်းနိုင်လို့ တောင်သူ အများစုရဲ့ စိုက်ခင်းအတွင်းသို့ ရေများဖောက်ချနေရတဲ့အတွက် လယ်တွေ နှစ်စဉ်ပျက်စီးကုန်တယ်။ မိုးနည်းတဲ့အခါကျတော့ ဆည်တွေ ပပ်ကြားကွဲလို့ ရေမပေးနိုင်ဘူး။ ဒါက အဓိကဘာကိုပြသလဲဆိုရင် ဆည်တွေဟာ နှစ်ကာလရှည်ကြာတဲ့ အခါမှာ ဆည်အတွင်းစီးဝင်လာတဲ့ ရေနဲ့အတူ နုန်းအနည်အနှစ်များ နှစ်စဉ်စုဆောင်းကာ ကြာရှည်လာတော့ ရေလှောင်ဧရိယာပမာဏတွေ လျော့
ကျလို့နေခြင်းပါ။ ဒီတော့ဆည်အများစု မိုးများလာရင် ဆည်ကျိုးမှာစိုးလို့ ရေဖောက်ချကြတယ်။
ဒီဆည်တွေကောလို့ ရေမလှောင်နိုင်သလိုပါပဲ။ မြန်မာပြည်ရဲ့ ပြည်မကြီးတစ်ခုလုံးမှာ မိုးရေလှောင်ပေးတဲ့ ကချင်ပြည်နယ်မှ သစ်တောများ၊ ပဲခူးရိုးမသစ်တောကြီးက ဟင်းလင်းပြောင်လေတော့ မိုးကိုမဖိတ်ခေါ်နိုင်၊ မိုးရွာပြီဆိုတာနဲ့ မိုးရေတွေဟာ ရိုးမတစ်ခုလုံးနဲ့ ပြည်မကြီးရဲ့ လယ်မြေတွေကို ဖြတ်တိုက် စားလို့ဧရာဝတီ၊ စစ်တောင်းမြစ်ကြီးတွေတောင် ကိုယ်စီအပြည့်နဲ့ မြစ်ကောကြီးတွေဖြစ်ဖို့ တာစူနေလေရဲ့။ ဒီလိုမိုးရေနဲ့ တိုက်စားလို့ပါလာတဲ့ သဲ၊ နုန်းတွေကြောင့် မြန်မာပြည်ရဲ့ဆန်အိုး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံးရဲ့ အင်းအိုင်လည်း
ကောလို့နေတယ်။ ဒါကြောင့် မိုးရွာတာ အနည်းငယ်ရက်ရှည်လာရင်စိုက်ခင်းတွေ ရေမြုပ်တာ အခုဆိုရင်ပဲ ဧရာဝတီတိုင်းရဲ့ ဇလွန်၊ ဟင်္သာတ စိုက်ခင်းတွေမှာ စပါးခင်းတွေ ရေမြုပ်မှာစိုးရိမ်နေကြတယ်။
ဒီလိုရာဦဥတု ပြောင်းလဲမှုကြောင့် ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို သုံးနှစ်ကြာတိုင် ခါးစည်းခံစားလာခဲ့ရတဲ့ မြန်မာလယ်သမားဘ၀ အနေအထားကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုး ရေးကို အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ အကြီးအကဲများနဲ့ ဆိုင် ရာဆန်စပါးအဖွဲ့အစည်းတွေဟာ ဒီအဓိကသဘာဝဘေးဒဏ်၊ စိုက်ပျိုးရေး အခက်အခဲကို ကူညီဖြေရှင်းဖို့ လုပ်ငန်းကို ဦးစားပေးပြီး လုပ် ဆောင်ရမည့်အစား မြန်မာပြည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးသည် ဆန်စက်များ အရည်အသွေးညံ့လို့ဆိုပြီး နေပြည်တော်မှာ ခေတ် မီဆန်စက်ကြီးတွေ ဆောက်ဖို့ ဦး စားပေးပြီး စံပြစက်ရုံကြီးတွေ နိုင်ငံ တော် စရိတ်အကုန်အကျကြီးမားစွာ နဲ့ ဆောက်ပြနေခြင်းသည်လည်း ကောင်း၊ မြန်မာစိုက်ပျိုးရေးရဲ့ ထုတ်လုပ်မှုကျဆင်းတာသည် လယ်ကွက်တွေ ကျဉ်းလို့ဆိုပြီး နေပြည်တော်မှာ ရော နိုင်ငံရဲ့ အချို့ဒေသတွေမှာ စက်မှုလယ်ယာအကွက်ကျယ်စီမံ ကိန်းများကို နေရောညပါ ငွေကုန်ကြေးကျခံပြီး လုပ်ပြနေခြင်းသည်လည်းကောင်း လွန်စွာမှ အနာနဲ့ ဆေးလွဲချော်ပြီး ကတောင်းကြိုက်တလွဲ ဖင်တလွဲ ဖြစ်နေတယ်။
အမှန်စင်စစ် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ပြီးနောက် မုန်တိုင်းဒဏ်က နာလန်ထစဆဲဆဲမှာ ၂၀၁၀ ပြည့်နှစ်က နေစပြီး မိုးလေ၀သ ရာသီဥတု ဖောက်ပြန်ခဲ့တာ ယနေ့ထိတိုင်ပဲ။ စိုက်သမျှ မိုးစပါးရိတ်ချိန်ကျတော့ ဈေးမရ၊ ဒါနဲ့ စပါးမရ၊ ပဲဘက်လှည့် ကြိုးစားပေမယ့် ပဲဈေးကလည်း သုံးနှစ်တိုင်အောင် ကျဈေးနဲ့တွေ့လေတော့ လယ်သမားတွေရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးအနေအထားကို စာ နာကြည့်စေချင်ပါတယ်။ မနှစ်က ဒီလိုမိုးလယ်ချိန်မှာ ၀ါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်တွေရဲ့ ကျေးရွာအများစုမှာ ၀မ်းစာလက်ကျန်စပါးမရှိ ကြလို့ ဟာလာဆန်စက်တွေမှာပင့် ကူအိမ်တက်လို့နေကြတယ်။ ဆန်စက်ပိုင်ရှင် လယ်သမားတွေတောင် ထက်ပိုင်းကျိုးဝယ်စားနေရတယ်။ ထက်ပိုင်းကျိုးလို့ သူတို့ပြောတဲ့ ဝေါဟာရကတော့ ဆန်ကွဲလို့ဆိုလိုရင်းပါ။ ဒီလိုနှစ်အစဉ်အဆက် သဘာဝရာသီဥတုပြောင်းလဲမှုဒဏ်
ကြောင့် ခါးစည်းလို့ရုန်းကန်နေဆဲဖြစ်တဲ့ တောင်သူတွေရဲ့လက်ရှိအနေအထားကို မျက်ကွယ်ပြုပြီး ၂၀၁၃ ခုနှစ်မှာ ဆန်တစ်သန်းခွဲပဲ
ပို့နိုင်လို့ ၂၀၁၄ ခုနှစ်မှာဆန်သုံးသန်းထိပို့ဖို့လုပ်နေတဲ့ နေပြည်တော်မှ စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်ကြီးနဲ့ ဆန်ကုန်သည်
ကြီးများ အသင်းလူကြီးဆိုသူများရဲ့ လေထဲတိုက်အိမ်ဆောက် စိတ်ကူးယဉ်နိုင်ငံတော်စီမံကိန်းတွေမှာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ အကြံပေးပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ဆက်လက်မျောပါနေလို့ကတော့ လာမယ့်နှစ်များအတွင်း ဆန်ဝယ်အားရမယ့်ကိန်းကို မြင်မိပါတော့တယ်။
ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မှာရှိတဲ့ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုသူများသည် ခေတ်မီဆန်စက်ကြီးတွေ တည်ဆောက်ဖို့ လက်ကွက်ကျယ်ကြီး တွေချဲ့ပြီး ခေတ်မီစက်မှုလယ်ယာထူထောင်ဖို့က အဓိကလား။ အခုလောလောဆယ် ပြောင်းလဲတဲ့ ရာသီဥတု သဘာဝဘေးဒဏ်များကို ရင်ဆိုင်နေရပြီး ဒုက္ခအကြီးအကျယ် ရောက်လို့နေတဲ့ မြန်မာပြည်ရဲ့ ရာနှုန်းပြည့်စိုက်ပျိုးနေတဲ့ သီးနှံစိုက် လယ်မြေတွေမှာ အဓိက မရှိမဖြစ်လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိရေးကအဓိကလား။ နောက်ပြီး လောလောဆယ် စိုက်ပျိုးဖြစ်ထွန်းနေတဲ့ သီးနှံ
စိုက်ခင်းတွေကို ရေဖုံးလွှမ်းမခံရဖို့က အဓိကလားဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ အကြံပေးအဖွဲ့ကပါအဓိကနဲ့ သာမညကို ခွဲခြားဆောင်
ရွက်နိုင်အောင်ကတောင်း ကြိုက်တလွဲ၊ ဖင်တလွဲမဖြစ်အောင် တည့်မတ်ပေးစေလိုပါတယ်။
အခုရေတွင်းတူး အခုရေ ကြည်သောက်သလို ချက်ချင်း မမျှော်လင့်နိုင်ပေမယ့် အဓိက မဖြစ်မနေစတင်လုပ်ဆောင်သင့်သည့် လုပ်ငန်းများ
ကို အောက်ပါအတိုင်း အကြံပေးတင်ပြလိုပါတယ်။
ထင်း၊ မီးသွေး၊ သစ်တောထွက် ပစ္စည်းတွေအပေါ်မှာ လောင်စာအဖြစ် နေ့စဉ်သုံးစွဲနေတဲ့ ၇၄ ရာခိုင်နှုန်းသော လျှပ်စစ်မီးမရှိတဲ့ ပြည်သူ အများစုအတွက် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်များ ရောင်းချနေ မည့်အစား လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ် မီးအလွယ်တကူ မသွယ်တန်းနိုင်ပါက ဖိလစ်ပိုင်နိုင်ငံလို တောတွေ၊ တောင်တွေထဲရှိ ပြည်သူတွေဆီအ ရောက် သဘာဝဓာတ်ငွေ့သုံးမီးဖို ငယ်များ ပံ့ပိုးပေးနိုင်မည်ဆိုလျှင်လည်းကောင်း၊ ဒါမှမဟုတ် အဖျင်းဆုံး တစ်ချောင်းထိုး မီးဖိုငယ်များကို တစ်ပြည်လုံးရှိ ပြည်သူများအတွက် အလုံအလောက် ဖြန့်ဖြူးပေးမည်ဆိုလျှင်လည်းကောင်း၊ ပြည်သူတွေဟာ လောင်စာထင်းအတွက် လက်ရှိ တောတွေကို မထိနိုင်လို့၊ လက်ရှိ သစ်ပင် အကြင်းအကျန်တွေကို ဆက်လက်ရှင်သန်စေမည်။ လူထု နည်းဖြင့် ထင်းအဖြစ်သုံး တောအုပ် တောငယ်တွေကို ကျေးရွာအုပ်စု အ လိုက် ထူထောင်ကြမယ်။ နိုင်ငံတော် အစီအမံနဲ့ ပဲခူးရိုးမကို ပြန်လည်ပြီး စိမ်းစေမယ်။
တစ်ချိန်တည်းမှာ မြန်မာပြည် အနှံ့ ဧရာဝတီမြစ်မှစ၍ ချင်းတွင်း၊ စစ်တောင်းမြစ်ကောကြီးများမှာ ရေ၀င်ထုထည်ကြီးမားလာအောင် နိုင်ငံတော် စီမံကိန်း၊ ပြည်ပအကူအညီများဖြင့် ရေရှည်၊ ရေတိုစီမံကိန်းဖြင့် ဇောက်ချပြီး တူးဖော်ပေးခြင်း ဖြင့်လည်းကောင်း၊ ဒီမှာ ဧရာဝတီ မြစ်ကြီးကို ပြန်လည်တူးဖော်ပြီး စိုက်ပျိုးရေလှောင်စီမံကိန်းနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အားစိုက်ဆောင်ရွက်နေတဲ့ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကို မှတ်တမ်းတင်အပ်ပါတယ်။
နောက်မြန်မာပြည်ရဲ့ ကော နေသော ဆည်ကြီးများကို ပြန်လည် တူးဖော်ပေးခြင်း၊ ဒီနောက် အင်း၊ အိုင်ကောတွေ ဖြစ်နေတဲ့ အင်းလေး၊ မိတ္ထီလာ၊ သာစည်ကန်ကြီးတွေကို ဇောက်ချတူး၍ ရေလှောင်ပေးခြင်း၊ မြန်မာပြည်တစ်နံတစ်လျား ကျေးရွာ အုပ်စုများတစ်ဝိုက် ကောနေသော အင်းအိုင်၊ ချောင်းမြောင်းတွေကို လူထုလုပ်အားဖြင့် နိုင်ငံအင်အားဖြင့် တူးဖော်ပေးခြင်း၊ တစ်ချိန်တည်းမှာ ၈၅ ရာခိုင်နှုန်းသော မိုးရေသောက် လယ်မြေများကို ရေသောက်နိုင်ဖို့ မြစ်၊ ချောင်း မရှိတဲ့ဒေသများမှာ ငါးပွင့်ဆိုင်မြေအောက်ရေတွင်း စီမံ 
ကိန်းတူးဖော်ပေးခြင်းဖြင့်လည်း ကောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများမှာ နေ့စဉ်ကမ္ဘာဆွဲအားကြောင့် နှစ်ကြိမ်ရေတက်၊ နှစ်ကြိမ် ရေကျကို အသုံးချလို့ မြစ်ရေ၊ ချောင်းရေတင်စီမံကိန်းတွေကို နိုင်ငံခြားကို ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့စွမ်းအင်ကို တစ်ဖက်လှည့်
သုံးလို့ မြစ်ရေတင်စီမံကိန်းတည်ဆောက်၍လည်းကောင်း၊ ဆန်စက်ကြီးများ ပတ်ဝန်းကျင်မှာ စပါးဖွဲကြမ်းလောင်စာသုံး ဂက်စီဖိုင်ယာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသုံး၍လည်းကောင်း လက်တွေ့ကူညီဆောင်ရွက်ပေးမည်ဆိုလျှင်တော့ မြန်မာပြည်ရဲ့ အဓိကဖြေရှင်းရန် လိုအပ်နေတဲ့ စိုက်ပျိုး ရေရရှိရေးအတွက် ရင်အေးဖွယ်ရာပါပဲ။ သို့မဟုတ်ဘဲ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားနေသော နေပြည်တော်
စီမံကိန်းကွက်ကွက်လောက်တွင်သာ အချိန်ကုန်၊ ငွေကုန်၊လူပန်းလျက်ဆက်လက်၍ စိတ်ကူးယဉ်အိမ်မက်စီမံကိန်းကို အကောင်အထည်ဖော်နေသရွေ့တော့ မကြာသော ကာလအတွင်းမှာပဲ မြန်မာပြည်ရဲ့ စိုက်ပျိုးရေးနှင့် စားဝတ်နေရေးဟာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်းပါဗျာ။  ။
Tinaungmoe Kpg GoldenCrownKpg
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!