ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာပြောင်းလဲမှုနှင့် ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ခဲ့သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ဧရာဝတီတိုင်း လူထုတွေ့ဆုံပွဲများ နဲ့ သယံဇာတပေါများလှတဲ့ ဧရာဝတီတိုင်း ဆင်းရဲဆုံ ဒေသ၊ တောင်သူများ အကြွေးတင်၊ မြေသိမ်းပြသနာ၊ လျှပ်စစ်မီး၊ ကုမဏီများ အစိုးရလမ်းမြေသိမ်းယူ၊ ချောင်းသာ ဟိုတယ်ဇုံ ပြည်သူ ပြသနာများ နားထောင်ဖြေရှင်း နေပါတယ်။
.
ပြည်သူများရဲ့ အခက်ခဲ ဆိုတာ Empathy ဆိုတဲ့ နှလုံးသားထဲက ကိုယ်ချင်းစာနာမှု နဲ့ နားထောင်ပေး၊ စနစ်တကျ၊ ဥပဒေအရ ဖြစ်စေ၊ လူမှုထောက်ထား ညှာတာမှုနဲ့ ဖြစ်စေ ဖြေရှင်းပေးရမှာ အစိုးရ တာဝန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသအဆင့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသ ဌာနဆိုင်ရာ အကြီးအကဲများ ကို မေးခွန်းများ ဖြေခိုင်းပါတယ်။ မလုပ်မရှုပ် မပြုတ် ဖြေတဲ့ အရာရှိရြီးများ၊ ပြည်ထောင်စုဝန်ကြီးများကို ပြည်သူရဲ့မေးခွန်းလက်တွေ့ကျကျ ဖြေခိုင်းပါတယ်။ ဆင်ဝှေ့ရန်ရှောင် ဖြေရင်၊ အတိုင်ပင်ခံ က ကြားဖြတ်မေးပြီး လိုရင်းရောက်အောင် ပြန်တည့် မေးပေးပါတယ်။
.
ဥပမာ
တောင်သူ တစ်ဦး မေးခွန်း
သူတို့ အားလုံးလိုလို အကြွေးနဲ့ပိနေကြောင်း၊ အတိုးက တလကို အနည်းဆုံး ၅ကျပ်တိုးကနေ ၁၀ ၂၀ တိုးအထိ အတိုးနဲ့ပိနေတာဘယ်လိုဖြေရှင်းပေးနိုင်ပါသလဲ။ ကူညီပါ လို့ မေးပါတယ်။
.
Dr.အောင်သူ အဖြေ
လယ်စိုက်ပျိုး ပြည်ထောင်စု ဝန်ကြီး Dr.အောင်သူ ကို ဖြေခိုင်းတော့ ဝန်ကြီးက သမရိုးကျ ၃ချက် ဖြေပါတယ်။
၁။ တောင်သူ ကျေးလက်အဖွဲ့အစည်းများ စုပေါင်း လုပ်ဆောင်ဖို့ လိုကြောင်း။ မိမိကိုယ်တိုင် အလုပ်ရှင်လဲ ဖြစ်တယ်။ စားသုံးသူလဲ ဖြစ်တယ်။ စက်ယန္တယား များ၊ စက်မှုလယ်ယာ ပြောင်းလဲ ဝင်ငွေတိုးတက်အောင် လုပ်ရပါမယ်။
၂။ နည်းပညာဆိုင်ရာ Call Center တွေကို ဖုန်းခေါ် လေ့လာလုပ်ကိုင်ဖို့၊ နေပြည်တော်ထိ မသွားနိုင်လဲ မြို့နယ်စိုက်ပျိုးရေ ဌာနများထံမှ နည်းပညာရယူဖို့။
၃။ လယ်ယာထွက်ကုန် SME လုပ်ငန်းများ ကုန်ချောလုပ်ငန်းများလုပ်ဖို။ Dr အောင်သူ က မိမိကိုယ်တိုင် လယ်ဧက ၆၀ ကိုယ်တိုင်လုပ်ခဲ့ကြောင်း.. ပြောနေချိန် အတိုင်ပင်ခံက ဖြတ် မေးပါတယ်။
.
DASSK
တောင်သူတွေက အကြွေးဟောင်း တွေ ပြန်ဆပ်ဖို့ မေးနေတာ ဖြေပါအုန်း
.
Dr.အောင်သူ
ဝင်ငွေ တိုးတက်လာဖို့ ပဲလိုကြောင်း၊ မိမိအပေါ်ပဲ မူတည်ကြောင်း ဘာညာကွိကွ ဖြေပါတယ်။ အတိုင်ပင်ခံက ဖြတ်ပြီး ပြောပြပါတယ်။
.
.DASSK
အတိုး ၅ကျပ်ဆိုရင် တနှစ် ၆၀% အရမ်းများနေတယ်။ ဒါတွေက ပုဂလိက အနိုမ့်ဆုံး အတိုးဖြစ်ပြီး တချို့ အတိုးတွေက ၁၀ရာနှုန်း ကနေ ၂၀ရာနှုန်းထိ ရှိပါတယ်။ ဒါတွေ အကြွေးဟောင်းတွေ အစိုးရဆီ တင်နေတာမဟုတ်။ ပုဂလိက ဆီ အကြွေးတင်နေတာ ဖြစ်တယ်။ ကြားခံ ဆပ်ပေးထားမဲ့ အဖွဲ့အစည်း တွေနဲ့ ဆွေးနွေးနေတယ်။ အကြွေးသစ်တွေတော့ အလုပ်ကြိုးစား၊ စက်မှုလယ်ယာ၊ နည်းပညာ နဲ့ ပြန်လည်ထူထောင် နိုင်ပါတယ်။ ဒါပေမဲ့ အကြွေးဟောင်း အတိုးတွေနဲ့ ပိနေတဲ့ တောင်သူတွေ အခက်အခဲကို အခုထိ အဖြေရှာနေဆဲ။ အဖြေမရသေးပါဘူး..လို့ ပြောသွားပါတယ်။
.
(စကားချပ်။ .. ။ ကျနော်နှစ်သက်တဲ့ အဖြေ။
တောင်သူများ အကြွေးနွံက ဆွဲထုတ်မဲ့ နည်းကတော့ ဗဟိုကုန်စည် သိုလှောင်စနစ် ပဲ ဖြစ်ပါတယ်။ လယ်ယာမြေ ပြုပြင်ပြောင်းလဲခြင်း ကို တပြိုင်ထဲ လုပ်ရပါမယ်။ https://m.facebook.com/story.php?story_fbid=10154181630983472&id=755653471)
.
.
မြောင်မြတံတားသစ် ဖွင့်ပွဲ
===============
မြောင်းမြတံတားသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
-----------------------------------------
ဧပြီ(၁)ရက် မနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြောင်းမြတံတားအသစ်ကို တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီတံတားသစ်ကို အရင်ပျက်ကျခဲ့တဲ့ ကြိုးတံတားအနီးမှာ ပြန်လည်တည်ဆောက်ထားတာပါ။ တံတားသစ် ရေရှည်တည်တံ့ဖို့ ဒေသခံတွေက ၀ိုင်းဝန်းထိန်းသိမ်းစေလိုတယ်လို့လည်း တံတားအသစ်ဖွင့်လှစ်တဲ့ အခမ်းအနားရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။
တံတားသစ်ဟာ နှစ်ဖက်ချဉ်းကပ်လမ်းတွေ အပါအဝင် စုစုပေါင်း တံတားအရှည် ပေ (၂၇၀၀) ကျော်ရှိပြီး၊ တံတားအကျယ် (၃၄) ပေ ရှိပါတယ်။ ယာဉ်တစ်စီးခြင်း ဖြတ်သန်းနိုင်တဲ့ အမြင့်ဆုံး ခံနိုင်ဝန်အားကတော့ တန် (၆၀) ရှိတယ်လို့လည်း သိရပါတယ်။
မြောင်းမြကြိုးတံတားဟောင်းဟာ (၂၀၁၈) ခုနှစ် ဧပြီလ (၁) ရက်၊ မနက် (၂)နာရီခန့်မှာ ပျက်ကျခဲ့ပါတယ်။
အခု မြောင်းမြတံတား အသစ်ကို ကျပ်သန်းပေါင်း (၂၀၀၀၀)ခန့် ကုန်ကျခဲ့ပြီး တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။
သတင်း/ဓာတ်ပုံ- နိုင်မင်းထက်၊
အောင်မင်း (မြောင်းမြ)
One News Myanmar
===============
.
အခြားပြသနာများ
တိုင်စာများဖတ်ပြခြင်း၊ တိုင်းဒေအဆင့် ပုဂိုလ်မှ ဖြေပေးခြင်း၊ ပြည်ထောင်စုအဆင့် ဆိုရင် ပါလာတဲ့ ပြည်ထောင်စု ဝန်ကြီးများ ဖြတ်တဲ့ ပြည်တဲရေး၊ စိုက်ပျိုးရေး ဝန်ကြီးများက ဖြေကြားတယ်။ Workshop အလုပ်ရုံဆွေးနွေးပွဲ လိုပါပဲ။ အတိုင်ပင်ခံက မိုဒရေတာ လုပ်ပြီး ပြည်သူကမေး၊ တာဝန်ခံက ထပြီးဖြေ၊ ပြည်သူကလဲ မိုက်ကရိုဖုန်းရှေ့က မရှင်းတာ ဆက်မေး၊ အတိုင်ပင်ခံက အဆုံးသပ်ပေး တယ်။
.
ပြည်ထောင်စုအဆင့် တွေ၊ တိုင်းဒေသအဆင့်တွေ၊ ဌာဆိုင်ရာ ညွန်မှုး အဆင့်တွေ ကို Workshop တခု လုပ်ပေးနေတဲ့ နည်းလမ်းနဲ့ သင်တန်းပေး နေတာဖြစ်ပါတယ်။ အိမ်မဲမှာ ဝန်ထမ်းအိမ်ယာကိစ္စ မေးခွန်းကို မလုပ်မရှုပ် မပြုတ် ဖြေပေးတဲ့ တာဝန်ခံအမျိုးသမီး ကို အတိုင်ပင်ခံကပဲ စိတ်ဆိုးတဲ့အသံနဲ့ ကြားဖြတ် ဖြေကြားပေးတာ မြင်ရပါတယ်။
.
.
သုံးသပ်ရရင်
အတိုင်ပင်ခံနဲ့ တပ်မတော် ဆက်ဆံရေးလဲ ပိုကောင်းလာတယ်လို့ ရေးချင်ပါတယ်။ AA ရခိုင်တိုက်ပွဲများ အလွန်သတိကြီးစွာ အင်အားသုံး မချေမှုန်းဖို့ လိုပါတယ်။ တနင်္သာရီ ဝန်ကြီးချုပ် နဲ့ ကုမဏီဒါရိုက်တာများ ကို အဂတိနဲ့ အရေးယူပြီး၊ အခုပဲ သတ္တတွင်းဝန်ကြီးဌာန MD ဦးဆောင်ညွန်ကြားရေးမှုးကိုလဲ အဂတိ ထောင်၁၀နှစ်ကျစေတဲ့ ပုဒ်မနဲ့ ဖမ်းဆီးသတင်း ထွက်လာပါတယ်။ ပြည်သူတွေကို နှစ်သိမ့် အားပေးနေရုံမရပါ။ မအူပင် တောင်သူများကို လိမ်သွားတဲ့ လူလိမ် သူခိုး ဂျပိုးကို အမည်နာမနဲ့ ရဲဝံစွာ မေးခွန်းမေး တိုင်ကြား သူကိုလဲ အတိုင်ပင်ခံက. ဒီလူအမည်များ မှတ်ယူ စုံစမ်းပါမယ်..မိမိကိုယ်ကို ကာကွယ်ဖို့လဲ လုပ်ထားရမယ် လို့ ပြောပါတယ်။
.
လူတိုင်းလူတိုင်း မိမိဘဝ ဒီဘဝ၊ နောင်ဘဝ လုံခြုံရေးကို ဦးစားပေး အသက်ရှင်ကြတာ မဟုတ်ပါလား။
.
ဇော်အောင် (မုံရွာ)
02.April.2019
.
ကိုးကား
အတိုင်ပင်ခံ ဖေ့ဘုတ် Apirl မြောင်းမြ မအူပင် ပုသိမ် အိမ်မဲ ပန်းတနော် ညောင်တုန်း မြို့မိမြို့ဖ များနဲ့ တွေ့ဆုံပွဲ ဗွီဒီယိုများ
https://www.facebook.com/state.counsellor/
No comments:
Post a Comment