Popular Posts!

Friday, April 5, 2019

အာဖဂန္စစ္ပြဲ စုံစမ္းစစ္ေဆးမႈႏွင့္ ပတ္သက္ၿပီး ICC ေရွ႕ေနခ်ဳပ္ကို အေမရိကန္က ဗီဇာ႐ုပ္သိမ္း





[Zawgyi]
အာဖဂန္နစၥတန္တြင္ အေမရိကန္စစ္သားမ်ား၏ လုပ္ရပ္မ်ားကို စုံစမ္းစစ္ေဆးနိုင္ဖြယ္ ရွိမႈႏွင့္ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံး ICC ၏ ေရွ႕ေနခ်ဳပ္ကို အေမရိကန္က ဗီဇာ ျပန္လည္႐ုပ္သိမ္းခဲ့ေၾကာင္း ၎၏႐ုံးက ဧၿပီ ၅ ရက္တြင္ ေျပာၾကားခဲ့ သည္။

ICC ေရွ႕ေနခ်ဳပ္ ဖာတိုအူဘင္ဆူဒါသည္ ဗီဇာ႐ုပ္သိမ္းခံရေသာ္လည္း ICC အတြက္ တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္း ၎၏႐ုံးက ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ICC သည္ ကုလသမဂၢခုံ႐ုံးမဟုတ္ေသာ္လည္း ေရွ႕ေနဘင္ဆူဒါသည္ ကုလသမဂၢက ICC သို႔ လႊဲေျပာင္းေသာ အမႈမ်ားႏွင့္ပတ္သက္ၿပီး လုံၿခဳံေရးေကာင္စီသို႔ မၾကာခဏ သြားေရာက္ရသည္။


အေမရိကန္ႏွင့္ မဟာမိတ္ကို စုံစမ္းစစ္ေဆးေနသည့္ ICC တာဝန္ရွိသူအား ကန႔္သတ္ထိန္းခ်ဳပ္ သြားမည္ျဖစ္ေၾကာင္း အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုက ေၾကညာခဲ့ၿပီးေနာက္ သီတင္းပတ္ အနည္းငယ္အၾကာတြင္ ဂမ္ဘီယာနိုင္ငံသား ဘင္ဆူဒါအား ဗီဇာ႐ုပ္သိမ္းမႈေပၚ ေပါက္ခဲ့ျခင္းျဖစ္သည္။

အာဖဂန္နစၥတန္ရွိ အေျခအေနမ်ားႏွင့္ပတ္သက္၍ အေမရိကန္ကို ICC က စုံစမ္းစစ္ေဆးရန္ အႀကံျပဳမႈအတြက္ တာဝန္ရွိသူသည္ အေမရိကန္နိုင္ငံတြင္းသို႔ ဝင္ေရာက္ခြင့္ရမည္မဟုတ္ေၾကာင္း ပြန္ပီယိုက ေျပာၾကားခဲ့သည္။

အာဖဂန္နစၥတန္ရွိ စီအိုင္ေအက တာဝန္ယူေဆာင္႐ြက္ေနေသာ လွ်ို႔ဝွက္ ထိန္းသိမ္းေရးစခန္းမ်ားတြင္ အေမရိကန္စစ္တပ္က ညွဥ္းပန္းႏွိပ္စက္မႈမ်ား ေဆာင္႐ြက္ခဲ့သည္ဟု ယုံၾကည္ေၾကာင္း ICC က ၂၀၁၆ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။ လူမ်ိဳးတုံး သတ္ျဖတ္မႈ၊ လူသားခ်င္း ရာဇဝတ္မႈ က်ဴးလြန္မႈ၊ စစ္ရာဇဝတ္မႈႏွင့္ သက္ဆိုင္ရာနိုင္ငံ အာဏာပိုင္မ်ားက ေဆာင္႐ြက္နိုင္ျခင္းမရွိေသာ သို႔မဟုတ္ မေဆာင္႐ြက္ေသာ ရာဇဝတ္မႈမ်ားအတြက္ တာဝန္ရွိသူမ်ားကို အျပစ္ေပးရန္ OCC က စုံစမ္းစစ္ေဆးေဆာင္႐ြက္သည္။

ICC ကို နိုင္ငံေပါင္း ၁၂၃ နိုင္ငံက အတည္ျပဳလက္မွတ္ေရးထိုးထားေသာ္လည္း အေမရိကန္၊ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွားအပါအဝင္ နိုင္ငံအမ်ားအျပားက အဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ရန္ ျငင္းဆိုထားသည္။ အာဖရိကနိုင္ငံသားမ်ားကို မမွ်မတဆက္ဆံသည္ဟု ယုံၾကည္ေသာေၾကာင့္ အာဖရိကနိုင္ငံအခ်ိဳ႕က ICC မွ ျပန္လည္ႏုတ္ထြက္သြားခဲ့သည္။ ၂၀၁၇ ခုႏွစ္တြင္ ဘူ႐ြန္ဒီက ICC မွ ႏုတ္ထြက္သြားခဲ့ၿပီး ဇမ္ဘီယာႏွင့္ ေတာင္အာဖရိကတို႔ကလည္း ICC မွ ႏုတ္ထြက္ရန္ ႀကိဳးပမ္းခဲ့သည္။

ဖိလစ္ပိုင္တြင္ သမၼတရိုဒရီဂိုဒူတာေတး၏ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးစစ္ပြဲအား ICC က စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ မတ္လတြင္ ဖိလစ္ပိုင္က ICC မွ တရားဝင္ ႏုတ္ထြက္သြားသည္။

၂၀၀၂ ခုႏွစ္တြင္ တည္ေထာင္ထားေသာ ICC တြင္ ပါဝင္ရန္ အေမရိကန္က ျငင္းဆိုထားသည္။ အာဖဂန္တြင္ တာလီဘန္၊ အာဖဂန္အစိုးရ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေမရိကန္အပါအဝင္ အျပည္ျပည္ဆိုင္ရာ တပ္ဖြဲ႕ဝင္မ်ား၏ စစ္ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးရန္ ဘင္ဆူဒါက ၂၀၁၇ နိုဝင္ဘာတြင္ ICC တရားသူႀကီးမ်ားကို တိုက္တြန္းခဲ့သည္။ သို႔ေသာ္လည္း အျပည့္အဝ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္မႈႏွင့္ ပတ္သက္၍ ICC က မဆုံးျဖတ္ရေသးေပ။ ICC သည္အေမရိ ကန္၏ ဥပေဒႏွင့္အညီ အုပ္ခ်ဳပ္မႈကို တိုက္ခိုက္ေနေၾကာင္း သမၼတ ေဒၚနယ္ထရန႔္က ေျပာၾကားထားသည္။                      


[Unicode]
အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးနိုင်ဖွယ် ရှိမှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ၏ ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်း၏ရုံးက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့ သည်။

ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါသည် ဗီဇာရုပ်သိမ်းခံရသော်လည်း ICC အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ICC သည် ကုလသမဂ္ဂခုံရုံးမဟုတ်သော်လည်း ရှေ့နေဘင်ဆူဒါသည် ကုလသမဂ္ဂက ICC သို့ လွှဲပြောင်းသော အမှုများနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီသို့ မကြာခဏ သွားရောက်ရသည်။


အမေရိကန်နှင့် မဟာမိတ်ကို စုံစမ်းစစ်ဆေးနေသည့် ICC တာဝန်ရှိသူအား ကန့်သတ်ထိန်းချုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံသား ဘင်ဆူဒါအား ဗီဇာရုပ်သိမ်းမှုပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်ကို ICC က စုံစမ်းစစ်ဆေးရန် အကြံပြုမှုအတွက် တာဝန်ရှိသူသည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ စီအိုင်အေက တာဝန်ယူဆောင်ရွက်နေသော လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများတွင် အမေရိကန်စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်း ICC က ၂၀၁၆ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားချင်း ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနှင့် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များက ဆောင်ရွက်နိုင်ခြင်းမရှိသော သို့မဟုတ် မဆောင်ရွက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် OCC က စုံစမ်းစစ်ဆေးဆောင်ရွက်သည်။

ICC ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ငြင်းဆိုထားသည်။ အာဖရိကနိုင်ငံသားများကို မမျှမတဆက်ဆံသည်ဟု ယုံကြည်သောကြောင့် အာဖရိကနိုင်ငံအချို့က ICC မှ ပြန်လည်နုတ်ထွက်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဘူရွန်ဒီက ICC မှ နုတ်ထွက်သွားခဲ့ပြီး ဇမ်ဘီယာနှင့် တောင်အာဖရိကတို့ကလည်း ICC မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။

ဖိလစ်ပိုင်တွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ICC က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လတွင် ဖိလစ်ပိုင်က ICC မှ တရားဝင် နုတ်ထွက်သွားသည်။

၂၀၀၂ ခုနှစ်တွင် တည်ထောင်ထားသော ICC တွင် ပါဝင်ရန် အမေရိကန်က ငြင်းဆိုထားသည်။ အာဖဂန်တွင် တာလီဘန်၊ အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များနှင့် အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဘင်ဆူဒါက ၂၀၁၇ နိုဝင်ဘာတွင် ICC တရားသူကြီးများကို တိုက်တွန်းခဲ့သည်။ သို့သော်လည်း အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်မှုနှင့် ပတ်သက်၍ ICC က မဆုံးဖြတ်ရသေးပေ။ ICC သည်အမေရိ ကန်၏ ဥပဒေနှင့်အညီ အုပ်ချုပ်မှုကို တိုက်ခိုက်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။                      

Ref:

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!