Popular Posts!
Sunday, February 16, 2014
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် အလားအလာ
လွန်ခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်လိုက် တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆.၈ ရာ ခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ထားပါတယ်။
ဒီလို တိုးတက်လာနိုင်တဲ့ အကြောင်းရင်းက သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု မြင့်တက်လာတာ၊ ကုန်သွယ်မှုလုပ်ငန်း တိုးတက်လာ တာနဲ့ စိုက်ပျိုးရေးလုပ်ငန်း ကောင်းမွန်လာတာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Standard Chartered ဘဏ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အကြီးအကဲ တင်နာ ဆင်းဆာခြာက ''ဒီလို တိုးတက်လာမှုဟာ အံ့သြစရာတော့ မဟုတ် ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့အကျိုးကို စတင်ခံစားလာရလို့ပဲ ဖြစ်ပါတယ်။ ပြည် ပ ရင်းနှီးမြှုပ်နှံတာ များပြားလာမှု၊ စီး ပွားရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံချက်တွေ အကောင်အထည် ဖော်မှုနဲ့ ကုန် သွယ်ရေး မြင့်တက်လာမှုတွေက စီးပွားရေး တိုးတက်ဖို့ တွန်းအား ပေးခဲ့တယ်'' လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်က ဒီလို စီးပွားရေး တိုးတက်လာပေမယ့် ပြည်တွင်းမှာရော၊ ပြည်ပကရော စွန့်စားပြီးလုပ်ရမယ့် လုပ်ငန်းတွေ ရှိနေ တယ်လို့ ထောက်ပြထားပါတယ်။ ပြည်တွင်းမှာ စွန့်စားပြီး လုပ်ရမယ့် လုပ်ငန်းကတော့ ပြု ပြင်ပြောင်းလဲမှုတွေရဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်သွားဖို့လိုတဲ့ စိန်ခေါ်မှုကြီးပဲ ဖြစ်ပါတယ်။  ပြည်ပ စိန်ခေါ်မှုတွေကတော့ တရုတ်နိုင်ငံ ရဲ့ မြန် မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာရယ်၊ ကမ္ဘာ့ကုန် ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းလာမှုတွေက မြန်မာ့စီးပွားရေး တိုး တက်မှုကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးမော်နီတာ- Myanmar Economic Monitor လို့ အမည်ပေးထားတဲ့ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ကြီးက မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လွန်ခဲ့တဲ့ သြဂုတ်လက ၇.၃ ရာခိုင်နှုန်းအထိ တက်လာတဲ့အတွက် အာဆီယံဒေသရဲ့ ပျမ်းမျှတစ်နှစ်ငွေကြေး ဖောင်းပွမှုနှုန်း ၅. ၁ ရာခိုင်နှုန်းထက် များနေတယ်လို့ ထောက်ပြထားပါတယ်။ ဒီလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရင် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်လာစေနိုင်တယ်လို့ ညွှန်ပြထားပါတယ်။ ယခုလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်းက စားသောက်ကုန် ဈေးနှုန်းတွေနဲ့ အိမ်ခြံမြေ ငှားရမ်းခတွေ တိုးမြင့်လာတာကြောင့် ဖြစ်တယ်လို့ ဖော် ပြထားပါတယ်။ တင်နာဆင်းဆာ ခြာက ''လောလောဆယ် ငွေကြေး ဖောင်းပွမှုနှုန်းဟာ နည်းပါသေးတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုနှုန်း များလာရင် စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့ လာနိုင်ပါတယ်။
ဒါကြောင့် ငွေကြေးစနစ် ကောင်းမွန်တိုးတက်လာအောင် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဆောင်ရွက်သွားဖို့ လိုတယ်'' လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဘောဂဗေဒပညာရှင်ဖြစ်သူ ဒေါ်မေသက်ဇင် ကတော့ ''ငွေကြေးဖောင်း ပွလာမှုကြောင့် ဆင်းရဲတဲ့ ပြည်သူတွေကို အတိုင်းအတာတစ်ခုအထိ နစ်နာ စေပါတယ်။ ဒါပေမယ့် မြန်မာနိုင် ငံလို စီးပွားရေးအသွင် ကူးပြောင်းနေတဲ့ နိုင်ငံမျိုးတိုင်းမှာ ငွေကြေးဖောင်းပွမှုပြဿနာနဲ့ ကြုံတွေ့နိုင်တာဟာ သိပ်တော့ မဆန်းပါဘူး။ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်း ပွမှု နှုန်းက ခုဂဏန်းလောက်ပဲ ရှိတဲ့ အတွက် စိုးရိမ်ထိတ်လန့်စရာတော့ မရှိပါဘူး'' လို့ ပြောပြပါ တယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ လောလောဆယ် မြန်မာအစိုးရက ပြုလုပ်ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နဲ့ နောင် ပြုပြင်ပြောင်းလဲဖို့ ရည်မှန်းထားချက်တွေက နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေဖို့ ဦးတည်နေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ကုန်ပစ္စည်းအမျိုးပေါင်း ၆ဝဝ ခန့်ရဲ့ သွင်းကုန်၊ ထုတ်ကုန် လိုင်စင် ပြုလုပ်ဖို့ လိုအပ်ချက်တွေကို ဖယ်ရှားပေးခဲ့တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာ၊ အနှစ် ၅ဝ အတွင်း ပထမ ဆုံးအကြိမ် ပုဂ္ဂလိက အာမခံကုမ္ပ ဏီတွေကို လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့တာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့တာစတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်တယ်လို့ ညွှန်ပြထားပါတယ်။
ဒါ့အပြင် ပုံမှန် ထိရောက် မှုရှိတဲ့ ငွေကြေး ဖလှယ်တဲ့ နှုန်းကို ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့တဲ့အတွက်လည်း လွန်ခဲ့တဲ့ ဇူလိုင် လမှာ အမေရိကန် တစ်ဒေါ်လာရဲ့ တန်ဖိုး ဟာ မြန်မာငွေ ၉၇၅ကျပ် အထိ တန်ဖိုးတက်လာပါတယ်။ ဒီလို တန်ဖိုးတက်လာတဲ့အတွက် မြန်မာ့ပို့ကုန်တွေ ပိုမို ယှဉ်ပြိုင် ရောင်း ချလာနိုင်တယ်လို့ ထောက် ပြထားပါတယ်။
အဲဒီ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ ဘတ်ဂျက်လိုငွေ ဟာ ၂ဝ၁၁-၁၂ ခုနှစ်တုန်းက ဂျီ ဒီပီရဲ့ ၄.၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၂-၁၃ ခုနှစ်မှာ ၃.၇ ရာခိုင် နှုန်းကို ကျဆင်းလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ၂ဝ၁၁-၁၂ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရှိခဲ့ရာ မှ ၂ဝ၁၂-၁၃ ခုနှစ်မှာ ဒေါ်လာ ၂.၇ ဘီလီယံအထိ တိုးတက်လာ ပါတယ်။ အဲဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုဟာ စွမ်းအင်ကဏ္ဍ၊  အထည်ချုပ်လုပ်ငန်း၊ အိုင်တီနည်း ပညာလုပ်ငန်း၊ အစားအစာနဲ့ ဖျော်ရည် လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်တဲ့ ကန် သန်းရှန်ကာ က ''ယခုလို ကမ္ဘာ့ ဘဏ်မှ နောက်ဆုံးရရှိတဲ့ စီးပွား ရေး ကိန်းဂဏန်းအချက်အလက်တွေအပေါ် လေ့လာဆန်းစစ်ချက်တွေကို အစိုးရရဲ့ မူဝါဒ ရေးဆွဲသူတွေ၊ လူထုအဖွဲ့အစည်းတွေ နဲ့ ပြည်သူ သိရှိအောင် အချိန်မှန်မှန် ထုတ်ပြန်ပေးလာနိုင်ရင် လျင်မြန် စွာ ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာ နိုင်ငံအဖို့ စီးပွားရေးနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းရာမှာ ဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာဖြစ် ဖြစ် အသုံးဝင်ပြီး အကျိုးများစွာ ရှိ လာနိုင်တယ်'' လို့ ပြောကြောင်းပါ ခင်ဗျား။
Ref: www.mmbiztoday.com
(Nov : 14-20, 2013)
မောင်ပုဆိုးကြမ်း
Ref:Zaygwet
အာရှစီးပွားရေးနဲ့ အတိတ်သမိုင်းထောင်ချောက်
အာရှနိုင်ငံ အတော်များများရဲ့ ဆက်ဆံရေးဟာ စီးပွားရေးအရပြောရင် နွေးနွေးထွေးထွေး ရှိကြပေမယ့် နိုင်ငံရေးအရ ပြော ရင်တော့ အေး တိအေးစက်နိုင်တယ်။
အကြောင်းက ဘာလဲဆိုတော့ အာရှနိုင်ငံများရဲ့ စီးပွားရေး အခင်းအကျင်းဟာ တစ်ဘက်မှာ တိုးတက်စည်ပင်လာသော်လည်း အခြားတစ် ဘက်မှာ အတိတ်သ မိုင်း မြင်းမိုရ်တောင်ကို ဖြတ်ကျော် မတက်နိုင်ဘူး ဖြစ်နေကြတယ်။
၁၉၄၉ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုရှင် အမေရိကန် စာရေးဆရာကြီး ဝီလျံဖောက်ကနာ- William Faulkner ပြောခဲ့သလို ''အတိတ်ဟာ ဘယ်တော့မှ မသေဘူး။ ဘယ်တော့မှလည်း ပျောက်ပျယ်မသွားဘူး-The Past is Never Dead. It's not Even Past'' ဆိုတာ ဟုတ်များဟုတ်နေ သလားတော့ မပြောတတ်ဘူး။
ဒီအတွက် အာရှတစ် လွှားမှာ သာဓကပေါင်း မြောက်များစွာ ရှိတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်၊ တရုတ်နဲ့ အိန္ဒိယ၊ ဗီယက်နမ်နဲ့ တရုတ်၊ တရုတ်နဲ့ ဂျပန်၊ ဂျပန်နဲ့ တောင်ကိုရီးယား၊ ဖိလစ် ပိုင်နဲ့ဂျပန် ...။
ဒီအာရှနိုင်ငံတွေကြားမှာ စီးပွားရေးအရ ဆက်ဆံရေး အနည်းနဲ့အများ ရှိကြတယ်။ သို့ပေမယ့် အတိတ်ရဲ့ သမိုင်းဖြစ်ရပ်များက ကြား မှာ ကန့်လန့်ခံနေတယ်။ ဒီတော့ စီးပွားရေးက တိုးတက်သင့်သလောက် မတိုးတက်ဘူး။ နိုင်ငံတိုင်းမှာ အမျိုးသား အကျိုးစီးပွား-  National Interest အတွက် စီးပွားရေးမူဝါဒ- Economic Policy နဲ့ နိုင်ငံခြားရေးမူဝါဒ- Foreign Policy များ ချမှတ်ထား ကြ တယ်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးများဟာ ဒီမူဝါဒတွေအပေါ် မှာ အခြေခံထားကြတယ်။
ဒီကနေ့အာရှနိုင်ငံများအကြားသမိုင်းဖြစ်ရပ်များ ရှေ့တန်းတက်လာရတဲ့ကိစ္စက အထူးသဖြင့် တရုတ်နဲ့ပတ်သက်တယ်။ တရုတ်နိုင်ငံ ဟာ ဆယ်စုနှစ် သုံးခု အတွင်း စီးပွားရေးအရ အကြီးအကျယ် တိုးတက်လာတယ်။ စီးပွား ရေး တိုးတက်လာတော့ စစ်ရေးကိုပါ တိုးချဲ့လာတယ်။ ဒါနဲ့မပြီး သေးဘူး။ ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများ ချောင်ထိုးထားခဲ့တဲ့ တရုတ်သမိုင်းစာအုပ်ကြီးတွေ ကို လှန်လှောပြီး ဟိုဟာကိုလည်း သူတို့ပိုင်တယ်၊ ဒီဟာကိုလည်း သူ တို့ပိုင်တယ်လို့ လက်ညှိုးထိုး တောင်းဆိုလာတယ်။
ဒါနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့ တရုတ်နိုင်ငံကို ဝိုင်းရံထားတဲ့ အိမ်နီးချင်းနိုင်ငံတိုင်းလိုလိုနဲ့ ပြဿနာတွေ ရှိတယ်။ (နောက်တော့မှ ဒီအကြောင်း သီးခြားရေး သားတင်ပြပါဦးမယ်။)
ကနဦးအနေနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံဆိုရင် အတိတ်ဖြစ်ရပ်များကြောင့် စီးပွားရေးအရ ဆက်ဆံမှု ကျိုးတိုးကျဲတဲပဲ ရှိတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံများအကြား တိုက်ရိုက်ခရီးသည်တင် လေကြောင်းလိုင်းတောင် မရှိဘူး။ လေကြောင်းနဲ့ သွားချင်ရင် ထိုင်း နဲ့ စင်ကာပူတို့လို နိုင်ငံတွေ ကတစ်ဆင့် သွားကြရတယ်။
တကယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံမှု ကောင်းတယ်ဆိုရင် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေး အကျိုးအမြတ် ရှိနိုင်တယ်။ ဒါကို နှစ်နိုင်ငံခေါင်းဆောင်များ သိကြတယ်။ စီးပွားရေးဆက်သွယ်မှု တိုးမြှင့်ချင်ကြတယ်။ ဒါပေမယ့် နှစ်နိုင်ငံ ဆက်သွယ်ရေး ကောင်းမွန်မှုကို မလိုလားကြတဲ့ ပါကစ္စတန် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်များက ဖျက်လိုဖျက်ဆီး လုပ်ကြတယ်။
အခုလို နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေ ဖြစ်နေကာဟာ တကယ်တော့ အတိတ်သမိုင်းရဲ့ အရိပ်မည်းကြောင့် ဖြစ်တယ်။ ဗြိ တိသျှတို့ လက်အောက်က လွတ်လပ်ရေးရချိန်မှာ အိန္ဒိယနိုင်ငံကို ဟိန္ဒူနဲ့ မွတ်စလင် ခွဲခြားပိုင်းကန့် ပေးခဲ့တဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ဖြစ်သွားခဲ့တယ်။ အဲ ဒီအချိန်ကစပြီး အိန္ဒိယနဲ့ ပါကစ္စ တန် နှစ်နိုင်ငံအကြား စစ်ပွဲအကြိမ် ကြိမ် ဆင်နွှဲခဲ့ကြပြီးပြီ။ အခုအခါ မှာလည်း နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာနေကြဆဲပါပဲ။
ဗီယက်နမ်နဲ့ တရုတ်နိုင် ငံများအကြားမှာလည်း ရှည်လျားပြီး ခါးသီးတဲ့ သမိုင်းကြောင်းတွေ ရှိကြတယ်။ မကြာသေးမီကမှ ကွယ်လွန်ခဲ့တဲ့ ဗီယက်နမ်ဗိုလ်ချုပ်ကြီး Vo Nguyen Giap ဆိုရင် ကိုလိုနီနယ်ချဲ့ပြင်သစ်တွေကို အောင်မြင်စွာ တော်လှန် တိုက်ပွဲ ဆင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်။ ပြီးတော့ Giap ဟာ တောင်ဗီယက်နမ် နယ်မြေထဲက အင်အားကြီးမားတဲ့ အမေရိကန်တပ်များကိုလည်း အပြတ်အသတ် မောင်းထုတ်နိုင်ခဲ့တဲ့အပြင် တောင် နဲ့မြောက် ဗီယက်နမ်ကို ပေါင်း စည်းပေးနိုင်ခဲ့သူလည်း ဖြစ်တယ်။
ဗီယက်နမ်စစ်ပွဲအပြီးမှာ  တရုတ်တို့က ဗီယက်နမ်နယ်ပယ်အချို့ကို တရုတ်ပိုင်တယ်ဆိုပြီး ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့ ကြ တယ်။ ဒါကိုလည်း ဗီယက်နမ်တပ်သားတွေက တိုက်ခိုက်ဖယ်ရှား နှင်ထုတ်နိုင်ခဲ့ကြတယ်။ သိပ်ပြီး မကြာမြင့်သေးတဲ့ နှစ်များက တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲက ဗီယက်နမ်ပိုင် ကျွန်းစုကို သူတို့ပိုင်တယ်ဆိုပြီး သိမ်းပိုက် ခဲ့ကြတယ်။ ဗီယက်နမ်ရေတပ် က တရုတ်ရေတပ်သင်္ဘောများကို တိုက်ခိုက်ပေမယ့် အရေးနိမ့်ခဲ့ရတယ်။
ဗီယက်နမ်နဲ့ တရုတ်ဟာ စီးပွားရေးအရ အဆက်အသွယ် ရှိပေမယ့် နိုင်ငံရေးအရ မပြေလည်ဘူး။ ဗိုလ်ချုပ်ကြီး Giap ဟာ သူကွယ် လွန်ချိန် အထိ ဗီယက် နမ်မြေပေါ်မှာ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို အမြဲတမ်း ကန့် ကွက်နေခဲ့သူ တစ်ယောက်ပါ။
သမိုင်းကြောင်းနဲ့ဆက်နွယ်ပြီး အာရှမှာ ပေါ်ထွက်လာတဲ့ ပြဿနာတွေအနက် အဆိုးရွားဆုံးကတော့ တရုတ်နဲ့ဂျပန် ထိပ်တိုက်တွေ့ လာခြင်း ဖြစ်တယ်။ ဒီနှစ်နိုင်ငံ ရင်ဆိုင်တွေ့မှုက အာရှအတွက် အင်မတန် အန္တရာယ်ကြီးမားတယ်။ တောင်တရုတ်ပင်လယ်ထဲက ဂျပန်ထိန်းချုပ်ထားတဲ့ Jh Senkaku ကျွန်းစုကလေးကို တရုတ်တို့က သူတို့ပိုင်တဲ့ Diaoyu ကျွန်များ ဖြစ်တယ်ဆိုပြီး သမိုင်း အထောက် အထားတွေ ကိုးကားပြီး တောင်းဆို လာတယ်။ ဂျပန်ကလည်း သမိုင်းကို လှန်လှောပြီး သူတို့သာ ပိုင်တဲ့ ကျွန်းစု ဖြစ် တယ်လို့ ပြောတယ်။ တကယ်တော့ အဲဒီကျွန်းစုကလေး က လူသူမနေတဲ့ ကျွန်းစုကလေး ပါ။
ဒါပေမယ့် တရုတ်တို့ကျူးကျော်လာရင် ဂျပန်တွေက လက်ပိုက်ကြည့်နေဖို့ မလွယ်ဘူး။ ကမ္ဘာ့အလယ်မှာ သိက္ခာအကျခံမှာ မဟုတ်ဘူး။ တစ်ပွဲတစ်လမ်းတော့ စမ်းနိုင်တယ်။ တလောက တရုတ်အနေနဲ့ အရှေ့တရုတ်ပင်လယ်မှာ လေကြောင်း ကာကွယ်ရေး ဇုန်တစ်ခု သတ်မှတ်ပြီး Senkaku ကျွန်းများ ကို အဲဒီဇုန်အတွင်း ထည့်သွင်းခဲ့ တယ်။
သမိုင်းကြောင်းအရ ဂျပန်အနေနဲ့ တရုတ်အပေါ် လွန် ကျူးမှုတွေ ရှိခဲ့တာ မှန်ပေမယ့် ဒါ တွေကို မေ့ပျောက်ကျော်လွှားရေး အတွက် ဂျပန်က ဆောင်ကြဉ်းပေး ခဲ့တာတွေ ရှိတယ်။ Deng Xiao-ping လက်ထက် တရုတ်စီးပွားရေး နိုးထရှင်သန်ရေး စတင်ချိန်မှာ ဂျ ပန်တွေက တရုတ်နိုင်ငံမှာ ယန်းငွေ ထရီလီယံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပြီး ခေတ်မီနည်းပညာ တက်ကနိုလိုဂျီအချို့ကိုလည်း လွှဲ ပြောင်းပေးခဲ့တယ်။ တစ်နည်းပြော ရင် ဂျပန်က တရုတ်နိုင်ငံကို ဂလို ဘယ်စီးပွားရေး လမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တယ်။
ဒီလိုဆိုပေမယ့် အတိတ် သမိုင်းကို ဖုံးဝှက်ဖို့ ကြိုးပမ်းတဲ့ ဂျပန်နဲ့ အတိတ်ဇာတ်ကြောင်းကို တူးဆွဖော်ထုတ်ဖို့ ကြိုးစားတဲ့ တရုတ်တို့အကြား Senkaku/Diaoyu ကျွန်းစုကိစ္စမှာ ပက်ပင်း ရင်ဆိုင်တွေ့လာခဲ့ကြတယ်။ ညှိ နှိုင်းဖြေရှင်းလို့ မရရင်တော့ ပြာ သာဒ်မီးလောင်တဲ့အထိ ကြီးထွား သွားနိုင်တယ်။
ဒိလိုပဲ တောင်ကိုရီးယား နဲ့ ဂျပန်တို့ အကြားမှာလည်း အတိတ်သမိုင်းဖြစ်ရပ်များက စကားပြောနေတယ်။ ကိုရီးယား နိုင်ငံဟာ ဂျပန်တွေရဲ့ ကိုလိုနီအဖြစ် နေခဲ့ရတဲ့အပြင် ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂျပန် တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခါးစည်းခံခဲ့ကြ ရတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်အကြား ကျွန်းပိုင် ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ရှိသလို တောင်ကိုရီးယားနဲ့ တရုတ် အကြား မှာလည်း ကျွန်းပိုင် ဆိုင်မှု ပြဿနာ ရှိနေတယ်။
တရုတ်တို့က အရှေ့တရုတ်ပင်လယ်မှာ လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်တဲ့အခါ တောင်ကိုရီးယား ပိုင် ကျောက်ဆောင်ကျောက်တန်းများကို ဇုန်အတွင်း ထည့်သွင်းခဲ့တယ်။ ဒီတော့ တောင်ကိုရီးယားနိုင်ငံကလည်း သူတို့ ရဲ့ လေကြောင်းကာ ကွယ်ရေးဇုန်သစ်တစ်ခု ဖော် ဆောင်ပြီး အဲဒီ သူတို့ပိုင် ကျောက် ဆောင် ကျောက်တန်းတွေကို သူ တို့ဇုန်အ တွင်း ပြန်လည်ထည့်သွင်း ခဲ့တယ်။ ဒါတွေက နောင်တစ်ချိန် မှာ တောက်လောင်လာနိုင်တဲ့ အတိတ်သမိုင်းရဲ့ မီးကြွင်း မီးကျန် တွေ။
ဂျပန်နဲ့ တောင်ကိုရီးယားဟာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိ တယ်။ နှစ်နိုင်ငံစလုံးမှာ အမေရိကန် စစ် စခန်းများ ရှိတယ်။ တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာရင် ဂျပန် နဲ့ တောင် ကိုရီးယားကို အမေရိ ကန်တို့က အကာအကွယ်ပေးမယ် လို့ ကတိကဝတ် ပေးထားတယ်။ ဒါပေမယ့် နှစ်နိုင်ငံစလုံး အတိတ် သမိုင်း ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ် က ပစ်မချနိုင်ကြဘူး။
ဒီလိုအခြေအနေကို ဂျ ပန်တို့က Seirei Keinetsu လို့ ခေါ်ကြတယ်။ အဓိပ္ပာယ်က အေး စက်စက် နိုင်ငံရေး၊ ပူပူနွေးနွေး စီး ပွားရေးပါတဲ့။ ဒီလိုဆိုပေမယ့် နိုင်ငံ ရေး အေးစက်နေခိုက်မှာ စီးပွားရေး က ရှင်သန်တိုးတက်ဖို့ ခက်ခဲ တယ်။ တရုတ်-ဂျပန်အကြား ကျွန်းပိုင်ဆိုင်မှုပြဿနာ တက်လာ တော့ တရုတ်အစိုးရက တရုတ် ပြည်သူများကို မျက်ကန်း မျိုးချစ် စိတ်ဓာတ် သွတ်သွင်းပေးပြီး တ ရုတ်နိုင်ငံမှာ တည်ထောင်ထားကြ တဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ဂျပန်ကား တွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။
ဒီတော့ ဂျပန်နိုင်ငံအနေ နဲ့ တရုတ်ကို ရင်ဆိုင်နိုင်ဖို့အတွက် စီးပွားရေးမူဝါဒနဲ့ နိုင်ငံခြားရေး မူ ဝါဒများကို စတင် ပြုပြင်ပြောင်းလဲ လာတယ်။ ဗြောင်ကျကျ ပြောရရင် တော့ ဂျပန်နိုင်ငံဟာ စစ်လက်နက် ပြန်လည်တပ်ဆင်ရေးဘက် ရှေးရှု လာတယ်။ ဂျပန်အမျိုးသား အကျိုးစီးပွားအတွက် ဝန်ကြီးချုပ် Shinzo Abe ဦးဆောင်တဲ့ အစိုးရ အဖွဲ့က မဟာဗျူဟာသစ်တွေ ချ မှတ်ခဲ့တယ်။
စီးပွားရေးနယ်ပယ်မှာ အဓိက ပြောင်းလဲခဲ့တဲ့ အချက် တစ်ချက်ကတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ သစ် ခန့်အပ်ပြီး ငွေဖောင်းပွမှု သတ်မှတ်ချက်-Inflation Targeting  ကို တစ်ရာခိုင်နှုန်းကနေ နှစ် ရာခိုင်နှုန်းအထိ တိုးမြှင့်စေခဲ့ခြင်း ဖြစ်တယ်။ ဆိုလိုချက်ကတော့ ဂျပန်ယန်းငွေကြေးကို တဖြည်းဖြည်း နဲ့ နှစ်ဆမြှင့်တင် ပုံနှိပ်ထုတ်ဝေပြီးမာနေတဲ့ ယန်းငွေတန်ဖိုးကို လျှော့ချရေး ဖြစ်တယ်။ ယန်းငွေ တန်ဖိုး ပျော့သွားမှပဲ ဂျပန်ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်မယ်။ ဒီတော့မှ ဂျပန် စီးပွားရေး ဟာ ပြန်လည် တက်ကြွ လာနိုင်တယ်။
နိုင်ငံရေးအရ အဓိက ပြုပြင်ပြောင်းလဲရေးအတွက် ပြင်ဆင်နေတဲ့ အချက်ကတော့ စစ်ပြီး ခေတ် အမေရိကန်တွေ စိတ်တိုင်း ကျ ရေးဆွဲပြဋ္ဌာန်းထားခဲ့တဲ့ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ရေး ဖြစ်တယ်။ ဖွဲ့စည်းပုံ ဟောင်းက ဂျပန်နိုင်ငံရဲ့ စစ်အင်အား ထူထောင်တိုးချဲ့မှုကို ကန့်သတ်ချုပ်ချယ်ထားတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်မယ်။ ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံးထား ပြီး ပြင်ဆင်မယ်လို့ အစိုးရက ဆို တယ်။
ခုတောင် အစိုးရအနေ နဲ့ ကာကွယ်ရေးအတွက် ဘတ် ဂျက်အသုံးစရိတ်ကို တိုးမြှင့်နေပြီ။ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ် အပြင် ကမ်းတက်မရင်း- Marine တပ်ဖွဲ့များကိုပါ တိုးချဲ့ဖွဲ့စည်း တော့မယ်။ အမျိုးသား လုံခြုံရေး ကောင်စီ ဖွဲ့စည်းပြီးပြီ။ လျှို့ဝှက် ချက်များ မပေါက်ကြားရေးအတွက် ဥပဒေ ပြဋ္ဌာန်းထားတယ်။ သတင်း ထောက်လှမ်းရေးအတွက်  မောင်း သူမဲ့ ဒရုန်းလေယာဉ်တွေ တည် ဆောက်မယ်။ ဝယ်ယူမယ်။ တက္က သိုလ်တွေမှာ လုံခြုံရေးပညာ သင် ကြားပေးမယ်။ ဂျပန်ပြည်သူတွေ ကို တိုင်းပြည်ချစ်စိတ် ကြီးထွားရင့် သန်လာအောင် နိုးဆော်မယ်။
ဂျပန်နိုင်ငံရဲ့ မဟာဗျူ ဟာ အပြောင်းအလဲမှာ အရှေ့ တောင်အာရှနိုင်ငံများဟာ ထိပ် တန်းဦးစားပေးအဆင့်မှာ ပါဝင် လာခဲ့တယ်။ ဝန်ကြီးချုပ် အာဘေး ဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အားလုံးဆီကို အနည်းဆုံး တစ်ကြိမ်စီလောက်တော့ အလည်အ ပတ် သွားရောက်ခဲ့ပြီးပြီ။ ဒီတော့ အာဘေးဟာ သူ့ရဲ့ မူဝါဒများကို အာဆီယံ ခေါင်းဆောင်ကြီးများ အား ရှင်းလင်းတင်ပြခဲ့ပြီးပြီလို့ ယူ ဆနိုင်တယ်။
အရှေ့တောင်အာရှနိုင်ငံ အတော်များများဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေရဲ့ ကျူး ကျော်သိမ်းပိုက်မှုကို ခံခဲ့ကြရ တယ်။ ဒါကြောင့် ဒီကနေ့မှာ ဂျပန်နိုင်ငံက ဒီနိုင်ငံများကို စီးပွားရေးနဲ့ စစ်ရေးအရ အကူအညီ အထောက်အပံ့တွေပေးပြီး သင့်မြတ်ဖို့ ကြိုးပမ်းလာတယ်။ ယခင် အခါများထက် ပိုပြီးရင်းရင်းနှီးနှီး ဆက်ဆံဖို့ အားထုတ်လာတယ်။
ပမာအားဖြင့် စစ်ကြီးအတွင်း ဂျပန်တွေရဲ့ဒဏ်ကို အခံခဲ့ရဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို အကူအညီတွေ တိုးမြှင့်ပေးလာတယ်။ ဖိလစ်ပိုင်ကပိုင်တယ်ဆိုတဲ့ Scarborough ရေအောက်သောင်ပြင်ကို တရုတ်တို့က သူတို့ပိုင်တယ်လို့ဆိုလာတဲ့အတွက် နှစ် နိုင်ငံ အကြား အငြင်းပွားနေကြတယ်။ ဒီလိုအချိန်မှာ ဂျပန်ကတစ်စင်းကို အမေရိကန်ဒေါ်လာ ၁၁သန်းတန်တဲ့ ကမ်းခြေစောင့် ကင်းလှည့် သင်္ဘောငယ် ၁ဝ စင်း ထောက်ကူပေးခဲ့တယ်။ ဖိလစ်ပိုင် အစိုးရကလည်း ဝမ်းသာအယ်လဲ လက်ခံခဲ့တယ်။
စစ်ကြီးအတွင်းက မြန်မာနိုင်ငံလည်း ဂျပန်လက်အောက် ရောက်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီဘက် ကူးပြောင်းလာ တယ်ဆိုတာနဲ့ ဂျပန်က အကြွေးတွေ လျှော်ပစ်တယ်။ အခြားငွေရေးကြေးရေး အခက်အခဲတွေကို ဝင်ရောက်ကူညီဖြေရှင်းပေး တယ်။ ဂျပန်က ပေးခဲ့ပြီးတဲ့ ချေး ငွေနဲ့ ထောက်ပံ့ပေးတဲ့ ငွေဟာ ယန်းငွေ ဘီလီယံ ၉ဝ ကျော်ရှိ တယ်လို့ ဆိုတယ။်
ဒီဇင်ဘာလလယ်လောက်မှာ အာဆီယံနဲ့ ဂျပန်ဆက်ဆံရေး နှစ်လေးဆယ်မြောက် ထိပ်သီးစည်း ဝေးပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ တယ်။ အဲဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်အာဘေးက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ယန်းငွေ နှစ် ထရီလီယံဖိုးလောက် ထောက်ပံ့ငွေ နဲ့ ချေးငွေပေးဖို့ ရှိကြောင်းနဲ့ မြန်မာနိုင်ငံကို အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် နောက်ထပ် ယန်းငွေ ၆ဝ  ဘီလီယံ ထုတ်ချေးဖို့ရှိကြောင်း ဂျပန် Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့ တယ်။
ပြီးတော့ ဂျပန်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှာ ရင်းနှီးမြှုပ်နှံမှု- Investment ကို မြှင့်တင်တိုးချဲ့လာတယ်။ ၂ဝ၁၃ ခုနှစ် ပထမခြောက်လမှာတောင် ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုက ၈၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်။ ကိန်းဂဏန်းအရဆိုရင် ယန်းငွေ တစ် ထရီလီယံလောက်ရှိတယ်။ ဂျပန်က ကားထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေကို အရှေ့တောင် အာရှနိုင်ငံ များဆီ ရွှေ့ပြောင်းလျက် ရှိတယ်။
ဒီလို စီးပွားရေး အလားအလာတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေက ဂျပန်နဲ့ တရုတ်တို့ ထိပ်တိုက်မတွေ့ကြဘဲ ရှောင် ရှားနိုင်ကြပါစေလို့ ဆုတောင်းနေကြတယ်။ ဂျပန်နိုင်ငံဟာ အဆင့် မြင့်နည်းပညာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အရှေ့တောင် အာရှနိုင်ငံတွေရဲ့ စီး ပွားရေး ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ချက် အများကြီး ရှိနိုင်တယ်။
တကယ်လို့များ (ဖွဟဲ့ လွဲစေ ဖယ်စေ) တရုတ်နဲ့ ဂျပန် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထိပ်တိုက်တွေ့ကြရင်ဖြင့် တိုး တက်လာတော့ မယ့် အရှေ့တောင်အာရှ စီး ပွားရေးဟာ ရပ်တန့်သွားပြီး အတိတ်သမိုင်း ရဲ့ ထောင်ချောက်ထဲ သက်ဆင်းသွားနိုင် တယ်။
မင်းရွှေမောင်
Ref: Jaswant Singh : "Many Asian Countries Still Fighting Historical Enmities" , Bangkok 
Ref:zaygwet
Saturday, February 15, 2014
မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိ
Corruption
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် အကျင့်ပျက် လာဘ်စား မှု ကို တိုက်ဖျက်မည် ၊  အစိုးရ ဌာန များ ၏ လာဘ်ငွေ တောင်း ခံ မှု များ ကို တိုင်ကြား နိုင်သည် ဟု လူသိနတ်ကြား ပြော ဆို ခဲ့သည်။
ထိုသို့  ပြော ဆို ပြီး မကြာမှီ မှာ ပင် စာတိုက်၊  ကြေးနန်း နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း နှင့် ဌာန မှ အရာ ရှိ တစ်ချို့ ကို ရာထူး မှ ဖယ်ရှား ပြီး ခေါ်ယူစစ်ဆေးမှု များ ပြု ကာ ပြစ်ဒဏ်ပေး အရေး ယူမှု များ ပြု လုပ် ခဲ့သည်။ ဆက်သွယ်ရေး ၀န်ကြီး ဌာန ၏ အကျင့် ပျက် ချ စား မှု အရှုပ် တော် ပုံ တွင် နိုင်ငံ ခြား မိုဘိုင်းဖုန်းကုမ္မဏီ များ နှင့် ဆက်သွယ်ရေး ကုမ္ပဏီ များ ပင် ပါဝင် ခဲ့သည်။
မြန်မာ ပြည်သူ လူထု က ဦးသိန်းစိန် ၏ အကျင့်ပျက် ချစား မှု တိုက် ဖျက်ရေး မဟာဗျုဟာ ကို ချီးကျုးကြ သည်။ ထို့  နောက် တွင် တော့ အရာရှိ ငယ် ၊ မထင်မရှား ညွှန်မှုး ရာထူး လောက် အဆင့် ကို သာ လာဘ်သပ် ပကာ ယူမှု ဖြင့် အရေး ယူမှု များ သာ ရံဖန်ရံခါ ရှိ ခဲ့ ပြီး အကောင်ကြီး အမြီး ရှည် များ ကို အကျင့် ပျက် ချ စား မှု ဖြင့် အရေးယူ အပြစ်ပေး သည် ဆိုသည် ကို လုံးဝ မကြား ရတော့ ချေ။
ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်း ကို ရာထူး မှ ဖယ်ရှား ပြီး သည့် နောက် တွင် ဦးသိန်းစိန် အစိုးရ အဖွဲ့  ဉ် အက်ရာ ထင် သွား ခဲ့သည် ဟု အချို့  က သုံးသပ် ကြသည်။ လာဘ်မစားသူ မရှိ သည့် ဦးသိန်းစိန် အစိုးရ အဖွဲ့ တွင် ဦးသိန်းထွန်း ကို  ဖယ်ရှား လိုက် ခြင်း က ဦးသိန်းစိန် အတွက် နောက် ကျော မလုံစာရာ ဖြစ် နေသလို ၊ အခြား ၀န်ကြီး များ ၊ အရာရှိ ကြီးများ၏ အရှုပ်တော် ပုံ မှတ်တမ်း သည် လည်း ဆက်သွယ်ရေး ၀န်ကြီးဌာ န လက် ထဲ တွင် ရှိနေပြီး ပြန်လည် ဖွင့် ချ မည် ဟု ခြိမ်းခြောက် မှု များ ထွက် ပေါ် လာ ခဲ့သည်။
အကျင့်ပျက် လာဘ်စားမှု ဖြင့် ရာထူးမှ ဖယ်ရှား ခဲ့ရသည့် ဦးသိန်းထွန်း
အကျင့်ပျက် လာဘ်စားမှု ဖြင့် ရာထူးမှ ဖယ်ရှား ခဲ့ရသည့် ဦးသိန်းထွန်း
ထို့  နောက် တွင် တော့ ဦးသိန်းထွန်း ကို အေးအေးလူလူ အနားပေး ၊ အရာ ရှိ ကြီး အချို့  ကိုတစ်လ ခန့် ခေါ်စစ် ၊ အရာရှိ ငယ် အချို့  ထောင်ချ (နောက်တော့ လွှတ်ပေး) ပြီး ဖုံးဖုံးဖိဖိ ဖြင့်အကျင့် ပျက် ချစာ မှု တိုက်ဖျက် မှု အရေးတော် ပုံ ဇာတ်ထုတ် တော် ကြီး ဟန်မပျက် ကန့် လန့် ကာ ချ နိုင်ခဲ့သည်။
ဦးသိန်းထွန်း နောက် တွင် တော့ မည်သည့် အကောင်ကြီးများ ၏ အမြီး ကို မျှ ဦးသိန်းစိန် က တက်နင်းချင်း မရှိ တော့ ချေ ။
ဤ သည် မှာ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ဘယ်တော့ မှ က ပြ အသုံးတော် ခံ မှာမဟုတ် တော့ သည့် အကျင့်ပျက် ချစား မှု တိုက်ဖျက် ရေး ပြဇာတ် ကြီး အတွက် အစမ်းလေ့ကျင့် ခြင်း ဟု ရန်ကုန် ရောက် အနောက် တိုင်း သံတမန် တို့  က သုံးသပ် ကြသည်။
ဂျပန် ၀န်ကြီး ချုပ် နဲ့  မြန်မာ သမ္မတ ဓာတ်ပုံ - စိုးဇေယျထွန်း (ရိုက်တာ)
ဂျပန် ၀န်ကြီး ချုပ် နဲ့  မြန်မာ သမ္မတ ဓာတ်ပုံ – စိုးဇေယျထွန်း (ရိုက်တာ)
ဦးသိန်းစိန် အစိုးရ လက်ထက် တွင် နိုင်ငံ ခြား အကူအညီ များ ပို ရရှိ လာ ခဲ့ သည်။ နိုင်ငံ ရေးအကျဉ်းသား များ ကို လွှတ် ပြီး ပြု ပြင် ပြောင်းလဲ မှု များ ဆောင်ရွက် ခြင်း ကြောင့် ဒီမိုကရေစီဖော် ဆောင် မှု ပိုမို လွယ်ကူရေး အတွက် ထောက်ပံ့ ခြင်း ဟု မြန်မာ အစိုးရ ကို ငွေကြေး အကူအညီပေး သည့် နိုင်ငံ တို့  က ဆို ကြသည်။
ဂျပန် နိုင်ငံ က မြန်မာ နိုင်ငံ သို့  ယခင် က ချေးထား သည့် ကြွေးမြီ ၃.၇၂ ဘီလျံ ကို လျှော်ပစ်ခဲ့ပြီး ဆယ်စုနှစ် တစ်ခု ကျော်ကြာ ရပ် နားထား သည့်  မြန်မာ နိုင်ငံ သို့  ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ချေးငွေ (ODA) များ ကို ပြန်လည် ပေး အပ် ခဲ့သည်။ ODAအစီအစဉ် ၏ အထူးကူညီ မှု ဖြင့် မြန်မာ အစိုးရသည် ဂျပန် ထံ မှ နှစ် ရှည် အတိုးမဲ့ ချေး ငွေနှစ် ဘီလျှံ ကျော် ကို ရရှိ ခဲ့သည်။
ဦးသိန်းစိန် သမ္မတ တာဝန်ထမ်းဆောင် ပြီး တစ်နှစ် အတွင်း နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့  လို  ထင်ရှား သူများ လွှတ်ပေး အပြီး သုံး လ အကြာ တွင်ဗွေဆော် ဦး နိုင်ငံ ခြား အကူအညီ ငွေ ရခြင်း ဖြစ်သည်။
ဥရောပ သမဂ္ဂ အဖွဲ့  ၀င် နိုင်ငံ များ မှ မြန်မာ နိုင်ငံ အတွက် စုစု ပေါင်း ၉ ဘီလျှံ ကျော် ခန့် ကူညီ ခဲ့ ကြ ပြီး နော်ဝေး တစ်နိုင်ငံ တည်း က ပင်လျှင် ဒေါ်လာ သန်း ၅၀ ကျော် ကူညီ ခဲ့သည်။
အမေရိကန် အစိုးရ က လည်း မြန်မာ အစိုးရ အပြောင်းအလဲ များ စတင် ချိန် မှာ ဒေါ်လာ သန်းချီ ကူညီ ခဲ့ ပြီး ရေနံ ထုတ်လုပ် ရောင်းချ သည့် နိုင်ငံ များ အဖွဲ့  (OPED) က လည်း ၁၂.၃ သန်းချေးငွေ ရရှိခဲ့သည်။
အာရှ ဖွံ့  ဖြိုးရေး ဘဏ် ADB မှ ယခင် မြန်မာ အစိုးရ တင်ရှိ သည့် အကြွေး တစ်ဘီလျှံ ကျော် ကို၂၀၁၂ ခုနှစ် ဇွန် လတွင် လျှော် ပစ် ခဲ့ ပြီး အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော် ကို လျှပ်စစ် ကဏ္ဍ ၊ပညာရေး ကဏ္ဍ နှင့် ကျန်းမာရေး ကဏ္ဍ များ အတွက် ထပ်မံ ချေးငှားခဲ့သည်။
ဒီမိုကရေစီရေး နှင့် ပြု ပြင် ပြောင်းလဲ မှု များ အရှိန် အဟုန် မြင့် ဖော် ဆောင် နိုင်ရေး ဆိုသည့် ခေါင်းစဉ် ဖြင့် ဦးသိန်းစိန် သည် ချေးငွေ ကူညီ ထောက်ပံ့ ငွေ များ သုံးနှစ် အတွင်း အမေရိကန် ဒေါ်လာ၂၃ ဘီလျှံ ကျော် ရရှိခဲ့သည်။
ထောက်ပံ့ငွေ ၊ ချေးငွေ များ ရရှိ ပြီး နောက် ဦးသိန်းစိန် က လည်း လာဘ်စား မှု တိုက် ဖျက် မည် ၊အကျင့် ပျက် မှု များ ချေမှုန်း မည် ဟု ရဲရဲကြီး ကြွေးကျော် ခဲ့သည်။ ဆက်သွယ်ရေး ၀န်ကြီးဌာနအတွင်း လာဘ်ငွေကြေး ယူမူ ကို ချေးမှုန်း သလို  အခြား ၀န်ကြီးဌာန များ မှ လာဘ်ပေး လာဘ်ယူမှုများ ကို လည်း ချေမှုန်း ခဲ့သည်။ သို့  သော် ..   ၀န်ကြီး … ဒုဝန်ကြီး အဆင့် များ မပါ တော့ ချေ ။ဌာနမှုး၊ ညွှန်ကြားရေး မှုး အဆင့် လောက် ကို သာ စံပြ ပြစ်ဒဏ် ပေး အရေး ယူ ခဲ့ ပြီး ညွှန်ကြားရေးမှုး ချုပ် ရာထူး အဆင့် ရှိသူများ မှာ မည်သည့် ချစား မှု ကို ကျုးလွန်ထား ပစေ ပိုနေမြဲ ကျားနေမြဲ ဖြင့် အေးအေး လူလူ ရှိနေ ခဲ့သည်။
ဤ သည် ကား ဗိုလ်ချုပ် ကြီး ဟောင်း ဦးသိန်းစိန် ၏ လာဘ်စားမှု တိုက်ဖျက် ရေး လုပ်ငန်းစဉ် ပင်ဖြစ်သည်။
ဂျာမဏီ နိုင်ငံ တွင် အခြေစိုက်သည့် Transparency International ၏ အကျင့် ပျက်ချစားမှု စစ်တမ်း ကောက်ယူ ခြင်း ညွှန်းတမ်း တွင် နိုင်ငံ ပေါင်း ၁၇၇ နိုင်ငံ ဉ် မြန်မာ က ၁၅၇ နိုင်ငံမြောက် အဖြစ် အဆိုးရွား ဆုံး အကျင့် ပျက် ချစားမှု နိုင်ငံ များ တွင် ပါဝင်ခဲ့သည်။
မြန်မာ အစိုးရ ၀န်ကြီးဌာန များ ၏ လာဘ်ပေး လာဘ်ယူ အကျင့် ပျက် ချစား မှု များ 
သာသနာရေး ၀န်ကြီးဌာန
သာသနာရေး ၀န်ကြီး ဌာန သည် မြန်မာ အစိုးရ ၏ ၀န်ကြီးဌာန များ အနက် မှ လာဘ်စား မှု အနည်းဆုံး ၀န်ကြီးဌာ န ဖြစ်သည် ဟု Myanmar Corruptions Report တွင် ဖော်ပြထား သည်။ မြန်မာပြည်သူ လူထု အနေဖြင့် လည်း ထိုဝန်ကြီးဌာန ဖြင့် များများစားစား ဆက်သွယ် ဆောင် ရွက် စရာမရှိ သော ကြောင့် မည်သည် လာဘ် ငွေ တောင်းခံ မှု ကို မျှ ကြုံ့  တွေ့ ရ ခြင်း မရှိ ခဲ့ ။ သို့  သော်လည်း ပြည်ပ ဘုရားဖူး ပို့ ဆောင်ရေး ၀န်ဆောင်မှု ဧဂျင်စီ တစ်ခု မှ အကြီးတန်း ၀န်ထမ်း တစ်ဦးက ” တိတ်တိတ် လေး နဲ့  ကြိတ်ဝါး နေသော ဌာန “ ဟု ဆိုသည်။
သာသနာရေး ၀န်ကြီးဌာန ၏ ၂၀၁၃ ခုနှစ် အတွင်း လာဘ်စားငွေ ပဏာမ (ခန့် မှန်းချက်)
မြန်မာ ကျပ် ငွေ သိန်းကိုး ထောင် ကျော်  (အမေရိကန် ဒေါ်လာ ကိုး သိန်းခန့်  ရှိ )
သာသနာ ရေး ၀န်ကြီး ဌာန သည် မြန်မာ အစိုးရ ၀န်ကြီး ဌာန များ တွင် လာဘ်စားမှု အနည်းဆုံး ဖြစ်သည်။ ၂၀၁၃ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ရှစ်သိန်း မြန်မာ ကျပ်ငွေ သိန်း ရှစ်ထောင် ခန့် သာ လာဘ်စား မှု ရှိသည် ဟု Myanmar Corruption Reportမှ ခန့် မှန်းထား သည်။ သာသနာရေး ၀န်ကြီးဌာန နှင့် နီးစပ် သူ အချို့  က မူ ထို့  ထက် ပိုမည် ဟု FNG ကို ပြောသည်။
သာသနာ ရေး ၀န်ကြီး ဌာန တွင် လာဘ်စား မှု အဖြစ် ပေါ် ဆုံး နေရာ များ မှာ လူအများအပြား လာရောက် သည့် ဘုရား ၊ ပုထိုးစေတီ များ တွင် ဖြစ်သည်။
ရန်ကုန် မြို့  ရွှေတိဂုံ စေတီတော် တွင် ရှိသည့် ကန် ထရိုက် လုပ်ငန်းများ ရရှိ ရန် အတွက်ဘုရား ဂေါ ပက ၊ သာသာနာရေး ဦးစီးဌာန မှ အရာ ရှိ များ ကို ရင်းနှီးမှု ရရှိ ရန် ပြု လုပ် ခြင်း၊လာဘ် ထိုးခြင်း တို့  ကို ပြု လုပ် ရသည်။
ရွှေတိဂုံ စေတီတော် ရှိ ဖယောင်း ကန်ထရိုက် လုပ်ငန်း သည် တစ်နှစ် လျှင် သိန်းထောင်ချီ အမြတ် အစွန်း ထွက် သည့် လုပ် ငန်း ဖြစ်သည်။ ထို လုပ် ငန်း ကို ရရှိ ရန် အတွက် ဘုရားဂေါ ပက အဖွဲ့  မှ တာဝန် ရှိ သူ ၊ သာသနာ ရေး ၀န်ကြီးဌာ မှ အခွင့် အာဏာ ရှိ သူ များ ကိုအနည်း ဆုံး သိန်း ၁၀၀ ကျပ် ထက် မနည်း နှစ် စဉ် လာဘ်သပ်ပကာ ပေး မှ ထို လုပ်ငန်း ကိုရရှိသည်။
ဆူးလေစေတီ တော် ရှိ ဖယောင်း ကန် ထရိုက် လုပ် ငန်းအတွက် မူ ဆူးလေစေတီတော် ဂေါပကနှင့် သာသနာရေး ၀န်ကြီး ဌာ န ရန်ကုန် တိုင်း မှ စီမံဌာန ရေးရာ အကြီး တန်း အရာ ရှိ တစ်ဦးအား သိန်း ၂၀ ခန့်  တန် ဖိုး ရှိ ငွေ သား နှင့် လက်ဆောင် ပစ္စည်းများ ၀ယ်ပေး ခဲ့ ရသည် ဟုဆူးလေ စေတီတော် ဖယောင်း ကန်ထရိုက် လုပ် ငန်း လုပ်ကိုင် သူ နှင့် ရင်းနှီးသူ တစ်ဦး ကMCR သို့  ပြောသည်။
ဖယောင်း ကန် ထရိုက် လုပ် ငန်း လို ပင်လျှင် ရင် ပြင်တော် အသေးစား ပြု ပြင် ခြင်း ၊ တင်ဒါခေါ် ယူ ခြင်း လုပ် ငန်း များ တွင် လည်း အကျင့် ပျက် ချစား မှု များ ရှိသည်။
မန္တလေး မဟာ မြတ် မုနိ ဘုရား ကြီး ပြင်ဆင် ခြင်း အတွက် ဗိုလ်မှုးချုပ် ဟောင်း တစ်ဦး ၏ မိသားစုမှ ကန် ထရိုက် ရ ယူ လုပ် ကိုင် ရာ တွင် ကုန်ကျ ငွေ များ ကို ကာလ ပေါက် ဈေး ထက် ပိုမို တင်ပြထား သော် လည်း မန္တလေး တိုင်း သာသနာ ရေး ၀န်ကြီး ဌာန မှ ခွင့် ပြု ခဲ့သည်။
အိမ်နီး ချင်း နိုင်ငံ များ သို့  ခရီးသည် ပို့  ဆောင်ရေး လုပ် ငန်းများ တွင် ဘုရားဖူး ပို့  ဆောင်ရေး များ မှာ ပို၍ တွက် ခြေကိုက် စီးပွား ဖြစ်သည်။ နိုင်ငံ ရပ် ခြား ဘုရားဖူး ခရီးသည် ပို့ ဆောင်ရေး ကုမ္ပဏီ များ သည် အခြား ဌာန များ ၏ ခွင့် ပြု မှု ရရှိ ရန် လိုအပ်သလို  ၊ သာသနာ ရေး ၀န်ကြီးဌာ ၏ အတည် ပြု မှု ကို ရရှိ ရန် လည်း လို အပ်သည်။
နိုင်ငံ ခြား ဘုရား ဖူး ပို့  ဆောင် ရေး လုပ်ငန်းများ သည် သာသနာ ရေး ၀န်ကြီးဌာန၏ ခွင့် ပြု မှု ကို ရရှိ ရန် ငွေကြေး လာဘ်သပ် ပကာ ပေး ကမ်း ရသည် ။ နေ ပြည်တော် ရှိ သာသနာ ရေး ၀န်ကြီးဌာ တာဝန် ရှိသူ များ ကို တိုက်ရိုက်ပေး ကမ်းရသည်။ လုပ်ငန်း အရွယ် အစား ပေါ် မူတည် ပြီး သိန်း ၅၀ မှ သိန်း ၃၀၀ ထိ ဈေးပေါက်သည်။ ခရီးသွား ဦးရေ ပိုမို များ ပြား သည့် ကုမ္ပဏီ များ မှာ ပိုမို လာဘ်ပေး ရသည်။
ပြည်တွင်း ဘုရား ဖူး ခရီးသည် ပို့  ဆောင် ရေး ကုမ္ပဏီ များ က မူ သက်ဆိုင်ရာ ဘုရားဂေါ ပ က လောက် နှင့် သာ ပြီး သည်။ ကျိုက်ထီးရိုး စေတီ သို့  ခရီးသည် ပို့  ဆောင် ပေးသည့် ၀န်ဆောင် မှု ကုမ္ပဏီ မှ တာဝန်ရှိ သူ တစ်ဦး က ကျိုက် ထီး ရိုး စေတီ သို့  ခရီးသည်ပို့  ဆောင် မှု အတွက် ဘုရား ဂေါပ က ထံ နှစ်စဉ် စာ အိတ် ဖြင့် ကျပ် ငွေ သိန်း ၂၀ ခန့် အလှု ငွေ ပြု ရသည် ဟု ပြောသည်။
” သူတို့  က ပြော တာ ဘုရား အတွက် လှုပါ အုံး လေ လို့  နှစ်တိုင်း ခရီးသည် ကျပ် တဲ့ဒီဇင် ဘာလ လောက် ရောက်ရင် ပြော တာ ပဲ ။ ကျွန်တော် က လည်း ချက် လက်မှတ်ကို စာ အိတ် ထဲ ထည့် ပြီး လှုတာ ပဲ ။ ဒီနှစ် တော့ နဲနဲ ပိုလှု တယ် ” လို့  MCR အဖွဲ့  ၀င်တစ်ဦး ကို ပြော ပါတယ်။
ကျိုက်ထီးရိုးစေတီ တော် ကင်မွန်းစခန်း ရှိ စားသောက် ဆိုင် တစ်ခု ကို FNG မှ ဆက်သွယ်မေး မြန်း ရာ တွင် တရားဝင် ဆိုင်ခန်း ခ တွေ ပေး ရတယ်။ လူ ကြီး နဲ့  အဖွဲ့  လာမှာ မို့  ရှယ်ပြင်ထား  တာ တွေ လည်း လုပ်ပေး ရတယ်။ ကျွန်တော့် ဘေး က ဆိုင်က တော့ ဆိုင်း ကြီးနှစ် ဆိုင် တွဲ ရေမြောင်ကြီး မှာ လည်း တစ်ဆိုင် ရှိ သေးတာ မို့  ဂေါ ပ က ကို တစ်နှစ် ၂၅ သိန်းဂါရတယ် လို့  FNG ကို ပြောသည်။
သာသနာ ရေး ၀န်ကြီး ဌာန သည် မော် တော် ကားပါမစ် များ ကိုင် ထား သည့် ၀န်ကြီး ဌာနတစ်ခု လည်း ဖြစ်သည် နံပါတ် ပြား ” သာ ” ဟု ရေးထား သည့် မော်တော် ကားများ ကို ဘွဲ့ တံဆိပ် တော် ရ ဆရာ တော် ကြီးများ ၊  ထေကြီး ၀ါကြီး များ အတွက် စီစဉ် ပေး ထား သည်။တစ်ခါ တစ်ရံ တွင် ထို သာ နံ ပါတ် ပြား မော်တော် ကား များ ကို နံ ပါတ်ပြား ကို ညကလပ်များ တွင် လည်း တွေ့ ရသည်။
FNG က ညကလပ် ပိုင်ရှင် တစ်ဦး အားထို မော်တော် ကား ကို စီး ပြီး ဘုန်းတော်ကြီး ညကလပ်သို့  ကြွမြန်းလာ သည် လား ဟု မေး ရာ ကလပ် ပိုင် ရှင် က ” မဟုတ် ဘူး သာသနာ ရေး က အဖိုးကြီး သား လေ သူ  ရော ၊ သူ့  မိတ် ဆွေ လုပ် ငန်း ရှင် ရော သာ တံဆိပ် ကား နဲ့  ဗျာ ဟု FNG ကိုပြောသည်။
၂၀၁၃ ခုနှစ် နှစ်ဆန်း တွင် သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး အဖြစ် ဦးဆန်းဆင့် တာဝန်ယူသည်ဦးဆန်းဆင့် လက် ထက် တွင် သာသနာ ရေး နှင့် ပတ်သက် သည့် မော်တော်ကား ပါမစ် လုပ်ငန်းတစ်ခောတ် ဆန်းလာသည်။ သာသနာပြု လုပ်ငန်းများ အဆင်ပြေစေ ဖို့  အတွက်  မော်တော်ယာဉ်
တင်သွင်းရန် တောင်းဆို လာ  ပါ က ၀န်ကြီး ကိုယ်တိုင် သော် လည်း ၎င်း အခြား တာဝန် ပေးထားသည့် အလုပ် အဖွဲ့  မှ သော် လည်းကောင်း စီစစ် ပေး သွားမည် ဟု ဆိုသည်။
သို့  သော် ရန်ကုန် အခြေစိုက် နယ် မြို့  ရှိ ဘုရား ပုထိုး စေတီ တော် များဆီးမီး ပူဇော် ရေး အဖွဲ့ က သူတို့  တောင်းခံ ထား သည် မှ မရ ၊ လမ်းထိပ် ရှိ တရုတ် ဘုံကျောင်း မှ ကားသုံးစီး ရသွားသည် ဟု MCR ကို ပြောသည်။
သာသနာ ရေး ၀န်ကြီး ဌာန သည် ယူနက် စကို ၊ ကမ္ဘာ့ ဘဏ် နှင့် နိုင်ငံ ခြား အဖွဲ့  အစည်း အချို့  နှင့်အလှု ရှင် တစ် ချို့  မှ တိုက် ရိုက် သို့  မဟုတ် အစိုးရ တစ်ဆင့် ခံ ဖြင့် လှုဒါန်း ထောက်ပံ့ ငွေများကိုရရှိသည့် အဖွဲံ့  အစည်း လည်း ဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ ၊ ယဉ်ကျေးမှု အစီအစဉ် က နှစ် စဉ် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်များ ထိမ်းသိမ်း ရန် အတွက် ငွေကြေး ထောက်ပံ့သည်။ ပုဂံ မြို့  ဟောင်း ရှိ ဘုရား ပု ထိုးများ အတွက်လည်း သာသနာ ရေး ၀န်ကြီးဌာန က ယဉ်ကျေးမှု ဌာန နှင့် တွဲ ဖက် ပြီး ပြပြင် ထိမ်းသိမ်း မှု လုပ်ငန်းအတွက် နှစ်စဉ် ဒေါ်လာ သိန်း နှင့် ချီ ရရှိ သည်။
သာသနာ ရေး ၀န်ကြီး ဌာန နှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန ကို ထို ငွေ ကို ခွဲ ယူ သည် ။ သာသနာ ရေးက ဘုရား များ ကို ထုံး သုတ် ပြီး ယဉ် ကျေးမှု ၀န်ကြီး ဌာန က စေတီ အနီးရှိ မြက် နှင့် ခြုံပင် များကိုရှင်း ပေးသည်။ ပို ငွေ ကို တော့ အိတ် ထဲ ထည့် လိုက်ကြသည်။
Myanmar Corruption Report ၏  ၂၀၁၃ ခုနှစ် အစီရင်ခံစာ နှင့် FNG ၏ လွတ်လပ်သော သီးခြား စုံစမ်း မှု များ ကို ပူးပေါင်း ၍ ဤ စုံစမ်း ထောက် လှမ်း သတင်း ဆောင်းပါး ကို ဖော် ပြပါသည်။
ပြုစု ဖော် ပြ မှု နှင့် တည်း ဖြတ် မှု ကို ဂျပန် နိုင်ငံ ၊ အမေရိကန် နိုင်ငံ ၊ ထိုင်း နိုင်ငံတို့  တွင် ပြု လုပ်သည်။၉၅ မျက် နှာ အစီရင်ခံစာ အပိုင်း ၂ တွင် (နက်ဖြန်) တွင် အားကစား ၀န်ကြီးဌာနနှင့် သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာ ကြွယ်ဝ လာမှု (စောင့်မျှော် ဖတ်ရှု ပါ)
(၂၀၁၃ ခုနှစ် ဧပြီ လ မှ ဒီဇင်ဘာ လ ထိ မြန်မာ နိုင်ငံ မြို့  အသီးသီး ရှိ အစိုးရ ဌာန
များ ၊ ၀န်ထမ်း များ ၊ အဖွဲ့  အစည်းများ ၊ စီးပွားရေး လုပ်ငန်း များ နှင့် ဆိုင်ရာ
နယ် ပယ် မှ လူပုဂ္ဂိုလ် အချို့  ကို စုံစမ်း မေးမြန်းထား ခြင်းဖြစ်သည်)
ဤ ဆောင်း ပါး နှင့် ပတ်သက် ပြီး သင့် တွင် ပြောလို သည် များ ရှိ ပါက info@freedomnewsgroup.com
အကျင့် ပျက် ချစားမှု ညွှန်းကိန်း
အကျင့် ပျက် ချစားမှု ညွှန်းကိန်း
582817_594099403939192_2036017415_n
Ref;freedomnewgroup
မြန်မာ့ အိမ်ခြံမြေ ဈေးကွက် နောက် မှာ ဂျော့ဆော့ရောစ် ရဲ့  လက်မည်းကြီး ရှိနေ
soros5
မြန်မာ နိုင်ငံ ရဲ့ အိမ်ခြံမြေ ဈေးကွက် ကို အမေရိကန် ဘီလျှံနာ သူဌေးကြီးဂျော့ဆော့
 ရောစ် နဲ့  ဆက်စပ် မှု ရှိ တဲ့ စီးပွား ရေး အဖွဲ့  အစည်း တွေ ရဲ့  အမှီအခို ကို ရယူထား တဲ့ မြန်မာ နိုင်ငံ က စီးပွားရေး အဖွဲ့  အစည်း
တွေ က ၀ယ်ယူထား တာ ဖြစ် တယ် လို့  မြန်မာ့ အိမ်ခြံ မြေ ဈေးကွက် မှာ အထင် ကရ ဖြစ် တဲ့ အကျိုးဆောင် တစ်ဦး က FNG ကို ပြောပါတယ်။
၂၀၁၀ ခုနှစ် လောက် မှာ ကျပ် သိန်း တစ်ထောင် ပေါက် ဈေးလောက် သာ ရှိ တဲ့ ရန်ကုန်မြို့  လည် က မြေကွက် တစ်ခု ဟာ နောက် သုံးနှစ် ကျော်လောက် အကြာမှာ တော့ မယုံ နိုင် လောက် အောက် ကြောက်ခမန်းမန်းလိလိ ဈေးနှုန်း တွေ ဖြစ် သွား တာ ဟာ ဆော့ရောစ် ရဲ့  ကွမ်တန်ဖန် က ကျွမ်းကျင် သူ တွေ ကိုယ်တိုင် ရန်ကုန် မြို့  ကို လာ ရောက် လေ့လာခဲ့ ပြီး ၀ယ်ယူ ရမယ့် တည် နေရာတွေ ကို အသေးစိတ် ညွှန်ကြား ပြီး ဒေါ်လာသန်း ရှစ် ထောင် လောက် သုံးကာ အသေးစိတ် ၀ယ်ယူ စီစဉ် မှု ပြု ခဲ့ တာ ကြောင့် 
လို့   သိရ ပါတယ်။
ဆော့ရောစ် ကြောင့် အိမ်ခြံမြေ ဈေး တက် ပေ မယ့် ၊ သူ က ” ပြန်ရောင်း လိုက်တော့ ကွာ” လို့  ညွှန်ကြား လိုက် တဲ့ အချိန် ဒါမှမဟုတ် ငွေကြေး နဲ့  နိုင်ငံရေး ကစား လို တဲ့ အခါ မျိုး မှာ တစ်လုံး တစ်ခဲ ထုတ်ရောင်းဖို့  မှာကြားလိုက်ရင် မြန်မာ ဟာ ၁၉၉၇ ထိုင်း အိမ်ခြံမြေ ဈေးကွက် ပြို ကွဲ မှု လို မျိုး
ထက် ဆိုး ရွား ဖွယ် ရှိ တယ် လို့   ရန်ကုန် မြို့  က စီးပွားရေး မဂ္ဂဇင်း တစ် စောင် က အယ်ဒီတာ တစ်ယောက် က FNG ကို ပြောပါတယ်။
၁၉၉၇ ခုနှစ် အရှေ့  တောင် အာရှ နဲ့  အာရှ စီးပွား ပျက် ကပ် ဖြစ် ပေါ်ခဲ့ ရာ မှာ ထိုင်းမှာ တော့ ချာဗလစ် ယောင်ချိုင် ယုဒ် နှုတ် ထွက် ခဲ့ ရ ပြီးအင်ဒိုနီးရှား မှာ ဆူဟာ တို ပြုတ် ကျ ခဲ့ ပါတယ်။
သူဌေး ကြီး ဂျော့ ဟာ မြန်မာ နိုင်ငံ ကို လာရောက် လည် ပတ် ခဲ့ ဖူး ပြီးသမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့  တွေ ဆုံ ခဲ့ ပြီး ၈၈ မျိုးဆက်နဲ့  တွေ့ ဆုံ စဉ် မှာ တော့ ကိုကိုကြီး ကို လိုရာသုံး 
ဖို့  မုန့် ဖိုးအမေရိကန် ဒေါ်လာ ခြောက် သောင်း ကျော် ပေး ခဲ့ သူ လည်း ဖြစ် ပါတယ်။
ဆော့ရောစ် ရဲ့ မြန်မာ နိုင်ငံ ကွန်ယက် မှာ အရေး ပါတဲ့ စစ်ဗိုလ် ချုပ် တွေ ၀န်ကြီး တွေ ပါဝင် ပြီး အိမ်ခြံမြေ ၀ယ်ယူရေး အစီအစဉ် မှာ Quantum Fund  နဲ့  ဆက် စပ် တဲ့ လုပ် ငန်း တွေ ဖျောင့် ဖြူး စေဖို့  မြန်မာ အရာ ရှိ ကြီးတွေ ကကူ ညီ ခဲ့ ကြ ပါတယ်။
သူဌေးကြီး ဆော့ရောစ် နဲ့  ဆက် စပ် တဲ့ အဖွဲ့  က တော့ ပြန် ပြီး ကြည့် တဲ့ အနေနဲ့  ဗိုလ်ချုပ်တွေ ၊ ၀န်ကြီး တွေ ကို အိမ် အကောင်းစား တွေ ပြန် ပြီး လက် ဆောင် ပေး  ခဲ့ တယ် လို့  သိရ ပါတယ်။
ဂျော့ဆော့စ်ရောစ် ဟာ အရှေ့  ဥရောပ နိုင်ငံ တွေ ဒီမိုကရေစီ အသွင် ပြောင်းခါစ မှာ ခု လို ပဲ အိမ်ခြံမြေ တွေ ၊ စက်ရုံ တွေ ၊ ဟိုတယ် တွေ ကို ၀ယ် ယူ ပြီးဈေးတက် အောင် လုပ် ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ ရန်ကုန် မြို့  က အိမ် ခြံ မြေ အကျိုးဆောင် တစ်ဦး ကတော့ “ရန်ကုန် အိမ် ဈေးကွက် ဘယ်လို ဆက် ဖြစ်မလဲ တော့ မခန့်  မှန်းတတ်သေးဘူး” လို့  ပြော ပါတယ်။
မြေဈေး တွေ တက် တာ ကြောင့် လည်း ယခင် စစ်အစိုးရ လက်ထက် မှာ မြေသိမ်းခခံရ သူ တွေ က ပြန်လည် ရရှိ ရေး ဆန္ဒ ပြ မှု တွေ ကြုံရ တာ ဟာ လည်း ဦးသိန်းစိန်အစိုးရ အတွက် ခေါင်းခဲ စရာ ဆက် ဖြစ် နေ ပြီး အချုပ် အား ဖြင့် ဆိုရင် တော့ ယခင်စစ် အစိုးရ ရော လက် ရှိ အစိုးရ ကို ပါ စုပ်လည်းဆူး စား လည်း ရုး လုပ်ထားတဲ့ဆော့စ်ရောစ် ရဲ့ မဟာဗျုဟာ တွေ ထဲ က တစ်ခု မျှ သာ ဖြစ် ပါတယ်။
ဤ သတင်း ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့  ရှိ FNG သတင်းဌာန ခွဲ မှ ရေးသားတည်း ဖြတ် မှု ပြု သည်။
Ref;freedoomnewgroup
မြန်မာ ဘဏ်ဈေးကွက် မငြိမ်မသက် ဖြစ်
Kခိုင်၊   ၊
သမ၀ါယမဘဏ် (CB Bank)၊ မြ၀တီ ဘဏ် နဲ့ ၊ ရန်ကုန် မြို့ တော် စည်ပင် ယာရေး ကော်မတီ ရဲ့ မြို့ တော် ဘဏ်တို့ မှာ ငွေ အပ်နှံ ထား သူတွေက သူတို့ ရဲ့  အပ်နှံငွေ တွေ ကို စတင် ထုတ် ယူနေတယ်လို့ သတင်း ရရှိပါတယ်။့
ပြည်ထောင်စု ကြံ့ ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေး ပါတီ (ကြပ်ဖွတ်) က ရွေးကောက်ပွဲ မဲဆွယ် တုန်း က သုံးတဲ့ ငွေ တွေ ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  အမိန့် နဲ့  မြ၀တီ ဘဏ် ကနေ ထုတ်ယူခဲ့တာကြောင့် စစ်အစိုး ရ ပိုင် မြ၀တီ ဘဏ်မှ အပ်နှံငွေ တွေ ကို စစ်အရာရှိ တွေ ကိုယ်တိုင် ထုတ် ယူနေတာ ဖြစ်တယ်
လို့  ရန်ကုန် မြို့ က မြ၀တီ ဘဏ်မှာ ငွေ အပ်နှံ သူ တစ်ဦးက Freedom News ကိုပြောပါတယ်။
ကြပ်ဖွတ် က အခု ရောင်တော်ဖွင့် အစီအစဉ် အနေနဲ့  နိုင်ငံတ၀ှမ်း က ဘုရား စေတီ တွေ ကို ပြန်လည် ပြုပြင်မယ့် သူတွေ ကို လည်း ငွေကျပ် သန်း ၅၀၀ စီ ထုတ်ချေးနေတာ လည်း မြ၀တီဘဏ်က နေ ပဲ ဖြစ်တယ် လို့ ဘဏ်ဝန် ထမ်း တစ်ဦး ကပြောပါတယ်။
နောက်ပြီး ကြပ်ဖွတ် ရဲ့ စိတ်ဓာတ် မြှင့်တင် ရေး သင်တန်း အတွက် လို အပ် တဲ့ ငွေကျပ် သိန်း ကိုး ထောင် ကျော် ကို တော့ " ဒေါ်ကြိုင်ကြိုင် က မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း ကို အမိန့် ပေး ခဲ့တာ ကြောင့် မြို့ တော် ဘဏ်က လည်းငွေကြေး စိုက်ထုတ် ပေးခဲ့ရတယ် လို့ ဆိုပါတယ်။
မင်္ဂလာဈေး မီးလောင် မှု ကြောင့် နစ်နာ ခဲ့ရတဲ့ ဈေးသူ ဈေးသား များ ကိုလည်း မြို့ တော် ဘဏ်က ငွေ ချေးမယ်လို့ ကြေငြာ ထားပြီး အချိန် ဆွဲ နေတာကြောင့်  ဈေး သူဈေး သား တွေ ဟာ ယခင် က မြို့ တော် ဘဏ် နဲ့ ချိတ် ဆက် ပြီး နယ်မြို့ တွေ ကို လွှဲပြောင်း ဖို့ အပ် နှံ ထား တဲ့ ငွေ တွေ ကိုအခု စတင် ထုတ် နေကြ ပြီ လို့ သိရပါတယ် သမ၀ါယမ ဘဏ်ကတော့ အာဏာ ရ အသိုင်းအ၀ိုင်း ရဲ့ မျက် မုန်း ကျိုးတာခံရတာကြောင့် ဘဏ်မှ အပ်နှံ ငွေတွေ ကို ပြန်လည် ထုတ်ယူကြတာ လို့ ဆိုပါတယ်။
တရုတ် နှစ် သစ် ကူး နဲ့  နီးနေတာ ကြောင့် ရန်ကုန် မြို့ မှာ အရောင်း အ၀ယ်တွေ စည်ကား နေပေမယ့် တရုတ် နှစ် သစ် ကူးချိန် မှာတော့ အရောင်းအ၀ယ်တွေ နည်းသွား မှာကြောင့် ဒေါ်လာ ဈေး ကျဖို့ ရှိပေမယ့် ဘဏ်မှာ ငွေ ထုတ်ပြီး ဒေါ်လာ ၀ယ်သူတွေ ၊ အိမ်ခြံမြေ ၀ယ်သူတွေ များ လာတာကြောင့် အိမ်ခြံမြေ နဲ့  အမေရိကန် ဒေါ်လာဈေးတွေ ကလည်း တက်ရိပ်ပြနေ ပါတယ်။
ထိုင်း စက်မှုဇုန်တွေ ရွှေ့ မယ့် သတင်းကြောင့် ရွှေပေါက်ကံ နဲ့  ရွှေပြည်သာ မြေဈေးထိုးတက်
Three Storeys Buiding Under Construction
FNG၊         ၊ထိုင်းနိုင်ငံ မှာ ရေကြီး နစ်မြုပ်ပြီး ပျက်စီး ကုန် တဲ့ စက်ရုံ့ တွေ ကို ရင်းနှီးမြုပ် နှံထား
တဲ့ နိုင်ငံတကာ လုပ်ငန်း ရှင် တွေ ဟာ သူ တို့  ရဲ့  စက်ရုံ တွေ ကို မြန်မာ နိုင်ငံ ရန်ကုန် မြို့  ကို
ရွှေ့ မယ်ဆိုတဲ့ သတင်း ကြောင့် ရန် ကုန် မြို့  က စက်မှုဇုန် ပါ ရှိ ပြီး လူနေအိမ်ငြိမ် နဲ့  နီးတဲ့ ရွှေပေါက္ကံ၊
ရွှေပြည်သာ စတဲ့ နေရာ တွေ မှာ အိမ်ခြံဈေး တွေ ဟာ အဆမတန် မြင့် တက် သွား ကြောင်း
FNG မှ သတင်း ရရှိ သည်။
ရွှေပြည်သာ မြို့ နယ် နှင့် ရွှေပေါက်ကံ မြို့ နယ် များ တွင် ထိုင်းနိုင်ငံ မှ လုပ်ငန်း ရှင် သူဌေးများ
၏ ကိုယ်စားလှယ် များ က မြေနေရာ လွတ် များ နှင့် စက်ရုံများ ကို လာရောက်ကြည့် ရှု ကြ
သဖြင့် ယခု ကဲ့ သို့  ဈေးတက် သွား ခြင်း ဖြစ်သည်။
မိုးရာသီ ကာလ က သိန်း ၅၀၀ ခန့် တန် သည့် ရွှေပေါက်ကံ မြို့ ရှိ လုံးချင်း အိမ် တစ်လုံးမှာ
ယခု သိန်းတစ်ထောင် ခန့် ထိ ဈေး ခေါ် နေသည် ဟု သိရသည်။
ရန်ကုန် ရှိ ရတနာထွန်း အကျိုးဆောင် လုပ်ငန်းမှ တာဝန် ရှိ သူ တစ်ဦး က လူ အိမ်၊ခြံမြေ ဈေး
တက်ရခြင်း မှာ ဂျပန် မှာ မော်တော် ကား များ ၀င်လာ ပြီး ကား ဈေး ပြုတ် ကျ ခြင်း နှင့် သက်
ဆိုင် သည် ဟု လည်း သုံးသပ် ပြောကြားသည်။
ပြီးခဲ့ သည့် သီတင်း တစ်ပတ် ကျော်က ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် ရှိ ကန်ထရိုက် တိုက် တစ်
လုံး ပြိုကျရာမှ ၀ယ်လက် များ က ကန် ထရိုက် တိုက် ကို ရှောင် ပြီး မြေပါ သည့် လုံးချင်း များ
ကို အဆွဲ များ ခြင်း ကြောင့် ဟု ဆို သည်။
ထိုင်း နိုင်ငံ တွင် လာရောက် ရင်းနှီးမြုပ် နှံ ထား သည့် စီးပွားရေး လုပ်ငန်း ရှင် များ ကလည်း
ဆိုးရွား လှသည့် ရေဘေးကြောင့် ထိတ်လန့် ခြောက် ခြာားကာ တစ်ပြည်တစ်ကျေး သို့  ပြောင်း
လဲအခြေစိုက် ရန် ကြိုးပမ်းလာကြသည်။
လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ
HKTလက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach
Teen couple kissing in park outdoorsခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့်
Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာ သည် ဟု
ရန်ကုန် အခြေစိုက် အလှ အပ ရေးရာ မဂ္ဂဇင်း တစ်စောင် မှ တာဝန်ခံ အယ်ဒီတာ တစ်ဦး က ပြော
သည်။
သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း
ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။
အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။
၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။
သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။
No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။
” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။
လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။
No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။
အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။
လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။
အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!