ဗမာလူမျိုးဖြစ်တည်လာပုံသမိုင်းအကျဉ်း
~~~~~~~~~~~~~~~~~~~~~~~~
(မိမိတို့၏အသက်နှင့် မမီခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည်ကားသမိုင်းစာမျက်နာထက်၌သာတွေ့ရ၏.. ထို့ကြောင့် သမိုင်းသည်စိတ်ဝင်စားစရာအလွန်ကောင်း၏)
လူသားမျိုးနွယ်တို့သည် တစ်မျိုးနဲ့တစ်မျိုးရောစပ်မိရာမှအချိန်ကာလကြာညောင်းလာသောအခါဝယ်အခြား
မျိုးနွယ်စုအမည်သစ်များဖြင့် လူမျိုးအသစ်များအဖြစ်သီးခြားရပ်တည်လာကြသည်။ ထိုအထဲတွင် ယနေ့ဗမာဟု ဖြစ်တည်နေသော မျိုးနွယ်စုသည်လည်းမျိုးနွယ်စုအချင်းချင်း ဒွေးရောယှက်တင်ရာမှတစ်ဆင့် ပေါက်ဖွားလာခြင်းဖြစ်သည်။
သို့သော်မျိုးနွယ်စုချင်း မည်မျှပင် ဒွေးရောယှက်တင် ရှိစေကာမူ အောက်ပါ စံချိန်စံညွှန်းများမရှိပါက လူမျိုး
တမျိုးအဖြစ်အသိအမှတ်ပြုခံရလိမ့်မည်မဟုတ်ပေ။
လူမျိုးတစ်ခုအဖြစ် သီးခြားရပ်တည်ရန်
၁။ကိုယ်ပိုင်ဘာသာစကား
၂။ကိုယ်ပိုင်စာပေ
၃။ကိုယ်ပိုင်ယဉ်ကျေးမှု တို့ သီးခြားရှိနေရမည်။
ထိုချက်အလက်များထဲမှ တစ်ခုခုပျောက်ကွယ်သွားခဲ့လျှင်ထိုလူမျိုးစုသည် သီးခြားလူမျိုးတစ်မျိုးအဖြစ်
ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
အားကြီးပြီးအင်အားများသော မျိုးနွယ်စုထဲတွင်ပျော်ဝင်ပျောက်ကွယ်သွားမည်မှာ သေချာနေသည်။သို့သော် ထိုအချက်အလက်များမည်မျှပင် ထိန်းသိမ်းထားစေကာမူ မိမိအမျိုးအနွယ်ကို မစောင့်ထိန်းဘဲ တွေ့သမျှလူမျိုး ဘာသာမရွေး အိမ်ထောင်သားမွေးနေပါကထိုလူမျိုးသည် အလျင်အမြန် ပျောက်ကွယ်တော့မည်မှာဗေဒင်ကြည့်စရာမလိုပေ။သို့အတွက် လူမျိုးတစ်မျိုးအဖြစ် ထာဝရ ရပ်တည်ရှင်သန်စေလိုလျှင် ထိုအချက် သုံးချက်ကိုမ ဖြစ်မနေတည်ရှိထိန်းသိမ်းရမည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် အမျိုးအနွယ်စောင့်ထိန်းခြင်း(လူမျိုးခြားကိုမယူခြင်း)ကို အထူးဂရုပြု၍ ထိန်းသိမ်းရပါမည်။
ဗမာလူမျိုးစုသမိုင်းဆရာများသည် ၄င်းတို့၏ဗမာလူမျိုးဖြစ်တည်ပုံသမိုင်းကို မည်သူမျှအပေါစားသမိုင်းဆရာ ဘုန်းတင့်ကျော်အဆုံးထိဗမာလူမျိုး၏ ဖြစ်တည်ပုံဇစ်မြစ်ကို လုံးဝလုံးဝမဖော်ထုတ်နိုင်သေး။ ထိုသမိုင်းဆရာကတစ်မျိုးသည်သမိုင်းဆရာကတစ်ဖုံဖြင့် မအူမလည်အဖြစ်ဖြင့် ဝိဝါဒကွဲပြားနေကြသည်မှာ မျက်မမြင်
ပုဏ္ဏား ခြောက်ယောက်ပုံပြင်ကဲ့သို့ဖြစ်နေသည်။
ဗမာသမိုင်းဆရာတစ်ချို့က ဗမာအစတိဗက်ကုန်းမြင့်(တရုတ်)ကဟူ၍ပင်။တစ်ချို့က ဗမာအစတကောင်းက၊တစ်ချို့ကဗမာအစကျောက်ဆည်က၊တစ်ချို့က ဗမာအစ အိန္ဒိယက၊တစ်ချို့က ဗမာအစပျူက စသည်ဖြင့် ဗမာရာဇဝင်ပြောလျှင်တုတ်ထမ်းပြောရမည်ဆိုသကဲ့သို့ တစ်ရွာတစ်မျိုးတစ်ကျောင်းတစ်ဂါထာဖြင့်အဖြေရှာမရတော့သည့်ပုစ္ဆာတစ်ပုဒ်ပမာအမျိုးမျိုးကွဲပြားလျက်ရှိနေဆဲဖြစ်သည်။မည်သို့ပင်ဝိဝါဒကွဲပြားနေစေကာမူ အမှန်ကန်ဆုံးနဲ့အတိကျဆုံးသောအဖြေမှာယနေ့ဗမာဟုခေါ်တွင်နေသောလူမျိုးစုသည် ပင်မလူမျိုးစုသုံးစုပေါင်းစပ် ပြီးမှသာလျှင်ဖြစ်တည်လာသော လူမျိုးသစ်တစ်ခု ဖြစ်သည်။
မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့သော ဒြာဗီဒီယန်လူမျိုး
****************************************
အသားအရောင်မှာ မီးသွေးခဲအလားမည်းမည်းပုတ်ပုတ်၊အရပ်မြင့်မြင့်၊ကိုယ်ခန္ဓာသန်မာထွားကျိုင်းသော ဒြာဗီဒီယန်လူမျိုးန်ွယ်စုသည် မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့ကြသည်။
ထိုလူမျိုးများကိုမွန်သမိုင်းနဲ့ရက္ခိုင်သမိုင်းများတွင် ဘီလူး ဟု တင်စားခေါ်ဝေါ်ထားကြသည်ကိုတွေ့ရသည်။ သားစိမ်းငါးစိမ်းများကိုစားပြီး ဘီလူးကဲ့သို့ကြောက်စရာကောင်းသော လူထွားကြီးများဖြစ်သောကြောင့် ထိုလူမျိုးများကို ဘီလူးဟုခေါ်သည်ဟုသိရသည်။ ထိုဘီလူးဒြာဗီဒီယန်လူမျိုးများကို ငရက္ခိုက် ဟုလည်းခေါ်ကြသည်။ထို ဘီလူးခေါ် ငရက္ခိုက် ခေါ်ဒြာဗီဒီယန်လူမျိုးများကို ကပ္ပလီဟု လည်း ခေါ်ကြပြန်သည်။ထိုကပ္ပလီများသည် အာရီယန်လူမျိုးများ မြန်မာပြည်ဒေသ မဝင်လာခင်ကတည်းမှပင် နေထိုင်ခဲ့သည်ဟုသိရသည်။
အာရီယန်လူမျိုး
•••••••••••••••••••
အာရီယန်များသည် မြန်မာပြည်ဒေသသို့ ဒုတိယအစောဆုံး ဝင်ရောက်ခဲ့သူများဖြစ်ပြီးနဂိုရှိနှင့်ပြီးဖြစ်သည့် ဘီဘူးခေါ် ဒြာဗီဒီယန်အသားမည်းများကို တိုက်ထုတ်ကာ မြို့ပြနိုင်ငံများထူထောင်ခဲ့ကြသည်ဟု မွန်သမိုင်း
ရခိုင်သမိုင်းများတွင် ဖော်ပြပါရှိသည်။
အာရီယန်လူမျိုးများသည် ယနေ့မြန်မာနိုင်ငံတွင် ခေတ်စားနေသော ပျူလူမျိုးများပင်ဖြစ်ပြီးယဉ်ကျေးမှု၊စာပေအတင့်အတန်း အထူးမြင့်မားသူများဖြစ်သည်။ ထိုအာရီယန်လူမျိုးများသည်မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယ မဇ္ဇျိမဒေသ မာဂဓတိုင်းပြည်မှဝင်ရောက်လာသူများဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံပင်မတိုင်းရင်းသားထဲမှ မွန်နဲ့ရခိုင်များသည် တစ်ချိန်ကမာဂဓတိုင်းတွင်နေထိုင်ခဲ့ကြသူများဖြစ်ပြီး ထိုမှတစ်ဆင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရက္ခပူရပြည်(ရက္ခိုင်)နဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ(မွန်)များသို့ရောက်ရှိခဲ့သည်။မွန်များသည် မြစ်ဝကျွန်းပေါ်ဒေသမှမှတစ်ဆင့် သုဝဏ္ဏဘူမိဘက်သို့ တဖြည်းဖြည်းချင်းရွေ့လျားသွားခဲ့သည်။အာရီယန်များမြန်မာပြည်ဒေသသို့ဝင်ရောက်ခဲ့ချိန်မှဘီစီ၃၀၀၀ ဝန်းကျင်ခန့်ဖြစ်သည်။
တိဗက်ဘားမန်းတို(တရုတ်အနွယ်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာပြည်ဒေသသို့ နောက်အကျဆုံးဝင်ရောက်ခဲ့သည့် မျိုးနွယ်စုမှာတိဗက်ဘားမန်းတိုအုပ်စုများဖြစ်သည်။
ဝင်ရောက်ခဲ့သော ရာစုနှစ်မှာ အေဒီ ၁၀ ရာစုတွင်ဖြစ်ပြီး နဂိုရှိနှင့်ပြီးသား အာရီယန်များ(ပျူ)၏ မြို့ပြနိုင်ငံများကို သိမ်းပိုက်ကာ အေဒီ ၁၁ ရာစုတွင် ပုဂံထီးနန်းကိုတည်ထောင်ခဲ့ကြသည်။တိဗက်ဘားမန်းတိုများသည် ယဉ်ကျေးမှုမြင့်မားသောအာရီယန်(ပျူ)မွန်၊ရက္ခိုင်တို့ထံမှတစ်ဆင့် စာပေယဉ်ကျေးမှုများကို ကူးချကာ အာရီယန်တို့၏ ထီးနန်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ထို အေဒီ ၁၀ရာစုတွင်ပင်ရက္ခိုင်တို့၏ ဝေသာလီပြည်အား ဖျက်ဆီး၍ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ အာရီယန်များသည် တိဗက်ဘားမန်းတို အုပ်စုတွင် သွေးရောရင်းတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ယနေ့ဗမာဟုခေါ်ဆိုနေသော မျိုးနွယ်စုသည်အထက်ပါဒြာဗီဒီယန်၊အာရီယန်၊တိဗက်ဘားမန်းတိုတို့ ရောစပ်ရာမှ ဖြစ်တည်လာသောလူမျိုးနွယ်စု အသစ်တစ်ခုဖြစ်သည်။ထို့ကြောင့် ဗမာလူမျိုးတို့သည် အေဒီ ၁၁ရာစုနောက်ပိုင်းမှသာ ပေါ်ပေါက်လာခဲ့သောနောက်ပေါက်ခေတ်ပေါ်လူမျိုးစုတစ်စုသာဖြစ်သည်။ဗမာတို့သည် အာရီယန်(ပျူ) ရက္ခိုင် မွန် တို့နောက် ယဉ်ကျေးမှု၊စာပေ အစစအရာနောက်ကောက်ကျခဲ့သည်ကိုအာရီယန် မွန် ရက္ခိုင်တို့၏ ယဉ်ကျေးမှုများဖုံးလွှမ်းနေသော ဗမာ့ကော်ပီယဉ်ကျေးမှုများကသက်သေတည်လျက်ရှိသည်မဟုတ်ပါလော။
အနှစ်ချုပ်လိုက်သော်-
ဗမာလူမျိုးဟူသည်မှာ ဒြာဗီဒီယန်၊အာရီယန်(ပျူ)တိဗက်ဘားမန်းတို၊ရက္ခိုင်နဲ့ မွန် တို့နဲ့ ပေါင်းစပ်ပြီးမှ ဖြစ်တည်လာခြင်းဖြစ်သည်။
ဒြာဗီဒီယန်သွေးနဲ့အဖြူအုပ်စု(အာရီယန်၊တိဗက်)ပါသောကြောင့်ဗမာလူမျိုး၏ အသားအရောင်မှာမဖြူမမည်းသာ အသားလတ် လူမျိုးအဖြစ်ကိုရရှိခဲ့သည်။ဒြာဗီဒီယန်သွေးများသော ဗမာများ၏အသားအရောင်မှာ ဘင်္ဂလီကဲ့သို့မည်းနက်နေ၍ တိဗက်နဲ့အာရီယန်သွေးများသော ဗမာများမှာအဖြူရောင်သန်းသော အသားအရည်ရှိသည်။
အညာဒေသရှိ ဗမာများမှာ ဘင်္ဂလီကဲ့သို့ဒြာဗီဒီယန်သွေးများသောသူများဖြစ်သဖြင့် အများအားဖြင့် မည်းမှောင်သော အရောင်အဆင်းရှိသည်။
ဗမာလူမျိုးဖြစ်တည်ပုံအား ဖော်မြူလာဖြင့်ချပြလိုက်သည်။
ဒြာဗီဒီယန်+အာရီယန်+တိဗက်ဘားမန်းတို=ဗမာ
နန်းမူရာစိုး
ဗမာလူမျိုးစုဆင်းသက်လာပုံအားအပတ်တကုတ် လေ့လာဆည်းပူးတင်ပြည်သည်။
ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်မှရှေးခေတ်ဗမာ့ပုံများအား ပူတွဲတင်ပြထားသည်။
(''ဇာမထီ အာဇာနီမျိုး''စာမျက်နာမှ ကူးယူဖေါ်ပြပါ၏)
Ref:https://m.facebook.com/aye.zaw.7/posts/pcb.862231960512551/?photo_id=862223923846688&mds=/photos/viewer/?photoset_token=pcb.862231960512551&photo=862223923846688&profileid=100003941173332&source=48&refid=7&_ft_=qid.6148331326297737511%3Amf_story_key.-8659766395275780943&cached_data=false&ftid=u_6_8&mdf=1
မြန်မာလူမျိုး ( မြန်မာ့စွယ်စုံကျမ်း )
မြန်မာ့စွယ်စုံ ကျမ်းကို စာပေဗိမာန်၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းက ၁၉၄၉ခုနှစ်တွင် စတင်ပြုစုခဲ့ ပြီး ၁၉၅၄ခုနှစ် အတွဲ(၁)မှ စ၍ ၁၉၇၆ခုနှစ် အတွဲ(၁၅)အထိ မြန်မာအက္ခရာစဉ်အတိုင်း ထုတ်ဝေခဲ့သည်။ စာပေဗိမာန်သည် ကမ္ဘာ့နိုင်ငံအ များအပြားတွင် ထုတ်ဝေသည့် စွယ်စုံကျမ်းများနည်းတူ မိမိတိုင်းပြည် အပါအ၀င် တကမ္ဘာလုံးရှိ တိုးတက်တီထွင် မှုများ၊ သိပ္ပံပညာရပ်များ၊ ကမ္ဘာ့သမိုင်းနှင့် နိုင်ငံ့သမိုင်း၊ စိုက်ပျိုးရေး၊
မွေးမြူရေး၊ ကူးသန်းသွားလာရေးနှင့် ယဉ် ကျေးမှု၊ စာပေ၊ ဂီတ၊ ပန်းချီ၊ အနုပညာ အရပ်ရပ်မှ ကျော်ကြား
ထင်ရှားသူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ ကမ္ဘာ့နိုင်ငံများ၊ မြို့ရွာများ၊ သက်ရှိသတ္တ၀ါများ စသဖြင့် ကောင်းကင်၊ ရေ၊ မြေ၊ စကြာဝဠာ ကဏ္ဍအသီးသီး၊ ဒေသန္တရ အရပ်ရပ်ရှိ သိစရာ မှတ်စရာ၊ ဗဟုသုတ အဖြာဖြာကို စုဆောင်းလျက် စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ် မြန်မာ့စွယ်စုံကျမ်းအဖြစ်
ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စွယ်စုံကျမ်းများမှာ ကြားဖူးသိဖူးသော အကြောင်းအရာများကို ပိုမိုသိရှိလာစေသလို၊ အနည်းငယ်မျှ မကြားခဲ့ မသိခဲ့ဖူးသော အကြောင်းအရာများကိုလည်း လေ့လာသိရှိလာစေသည့် ဗဟုသုတဟင်းလေးအိုးကြီးများဖြစ်သည်။
၁၉၆၇ခုနှစ် ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀) (မြတ်-ယူး)တွင် မြန်မာလူမျိုးအကြောင်းကို
စာမျက်နှာ ၃၃၇မှ ၃၅၃အထိ တွေ့ရှိရသည်။ မြန်မာလူမျိုးနှင့် ပတ်သက်၍ မျိုးနွယ်စု၊ မျိုးရိုးဗီဇ၊ မြန်မာဟူသော အမည်ဖြစ်ပေါ်လာပုံနှင့် အခြားမျိုးနွယ်စုများက ခေါ်ဝေါ်ပုံများ၊ မိရမာ၊ မရမာ၊ မြံမာ၊ မြန်မာ၊ မြမ္မာ စသဖြင့် ကျောက်စာ၊ မင်စာတို့တွင် ရေးထိုးလာခဲ့ပုံများနှင့် မြန်မာတို့၏ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သမိုင်း
ကြောင်း အထွေထွေကို အကိုးအကား အထောက်အထားများဖြင့် အတော်ကလေး ပြည့်စုံစွာ ဖော်ပြထားသည်။
မြန်မာလူမျိုးအကြောင်းကို သမိုင်းကြောင်းနှင့်ချီ၍ ပြည့်စုံစွာ ဖော်ပြထားသော စွယ်စုံကျမ်းကြီး၌ တိုင်း ပြည်နှင့်အ၀ှမ်း တွင်တွင်ကျယ်ကျယ် သုံးစွဲခေါ်ဝေါ်နေကြသော ဗမာဟူသည့် ဝေါဟာရနှင့် ဗမာလူမျိုးအကြောင်း လည်း အနည်းငယ်မျှပင်ဖြစ်စေ ပါကို ပါရှိရမည်ဟု ယူဆကာ ရှာကြည့်သည်။
ထိုမျှ ဖတ်စရာ မှတ်စရာ ဗဟုသုတအထွေထွေ စုံလင်ကြွယ်ဝသော မြန်မာ့စွယ်စုံကျမ်း၌ အတွဲ (၅) (တူ-နိ) စာမျက်နှာ ၄၄ မှ ၄၉တွင် ဖော်ပြပါရှိသည့် တို့ဗမာအစည်းအရုံး အကြောင်းမှလွဲ၍ ‘‘ဗမာ”ဟူသော လူမျိုးအ ကြောင်းကိုမူ ဗထက်ခြိုက် အက္ခရာပါသော အတွဲ (၇) (ပဉ်-ဗီး)နှင့် အတွဲ (၈) (ဗီး-မဟော)တွင်သာမက ရှိရှိသမျှ အတွဲများအားလုံး ကုန်အောင် ရှာကြည့်သော်လည်း တစွန်းတစမျှပင် မတွေ့ရှိရချေ။ ကမ္ဘာတွင် ဗမာလူမျိုးဟူ၍ မရှိ။ မြန်မာလူမျိုးဟူ၍သာရှိကြောင်း မြန်မာ့စွယ်စုံကျမ်းက သက်သေပြနေလေသည်။ ပုံ-(၃)
မြန်မာ့စွယ်စုံကျမ်းမှ မြန်မာလူမျိုး
မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁၀)တွင် ပါရှိသည့် မြန်မာလူမျိုးအကြောင်းတွင် ရှေးမြန်မာလူမျိုးတို့ ၀င် ရောက်လာပုံ၊ မြန်မာအစုဝင် လူမျိုး အမျိုးအနွယ်များ၊ ပြည်ထောင်စု၏ အပသို့ ရောက်နေသော မြန်မာများ၊ ရှေးဦး မြန်မာစကားပြောသူများ၊ ရှေးမြန်မာတို့၏ စရိုက်သဘာဝ ယျေဘုယျလက္ခဏာနှင့် မြန်မာများ ရွှေ့ပြောင်း ရောက်ရှိလာကြပုံ သမိုင်းကြောင်း အထောက်အထားများ၊ ခန့်မှန်းသုံးသပ်ချက်များဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
မြန်မာအစတကောင်းက ဆိုသည်မှာ မြန်မာလူမျိုး၏ အစကို ဆိုလိုခြင်းမဟုတ်ဘဲ မြန်မာမင်းတို့၏ အစ ကို ဆိုခြင်းဖြစ်ကြောင်း၊ မဇ္ဈိမဒေသ ကပ္ပိလ၀တ်မှ သကျသာကီဝင်မင်း အဘိရာဇာမှ အစပြုခဲ့သော တကောင်း မင်းဆက်၊ ၎င်းမင်းဆက်၏ အနွယ်တို့က၊ ဓည၀တီနှင့် သရေခေတ္တရာတို့ကို တည်ခဲ့ပြီးနောက်၊ သရေခေတ္တရာ အနွယ်ဝင် ပျဉ်ပြားမင်းက ပုဂံကို အေဒီ ၈၄၉ခုနှစ်မှာ တည်ခဲ့ကြောင်း၊ တကယ့်မြန်မာလူမျိုး၏ အစသည် တိဘက်ပြည် အရှေ့မြောက်ဖက် ကန်စုနယ်၏ တောင်ပိုင်းဒေသမှ ဖြစ်ခဲ့ဟန်တူကြောင်း သမိုင်းပညာရှင်
ဒေါက်တာဂျီအိတ်ခ်ျလု(စ်)၏ အဆိုများကို ကိုးကား ဖော်ပြထားသည်။
ရှေးမြန်မာတို့၏ အရည်အသွေးများတွင် ရှေးမြန်မာတို့သည် ယဉ်ကျေးမှုနှင့် လူမျိုး၏ အခြေအနေ တိုး တက်မှုတို့ထက် လွတ်လပ်ရေးကို မြတ်နိုးကြသူများဖြစ်ကြောင်း၊ တရုပ်တို့၏ ဖိနှိပ်မှုကြောင့် မူရင်းဒေသ ကန်စုမှ ဖဲခွာရှောင်တိမ်းလာကြရာ ဆင်းရဲဒုက္ခကျပ်တည်းပင်ပမ်းမှုမျိုးစုံကို အခြားသော တိဘက်-မြန်မာ အနွယ်ဝင်များ ထက် ပိုမိုတွေ့ကြုံခံစားခဲ့ရသူများဖြစ်ကြောင်း၊ ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံ၍ ရွှေ့ပြောင်းခဲ့ကြရာမှ
ဆင်းရဲမှုတို့ကို ခံယူနိုင်ခြင်း၊ ဇွဲ၊ သတ္တိနှင့် အမျိုးအတွက် ဂုဏ်ယူတတ်ခြင်း၊ လူမျိုးစု ယဉ်ကျေးမှုနှင့် ဓလေ့တို့ကို ထိန်းသိမ်း လိုခြင်း၊ စည်းလုံးညီညွတ်လိုခြင်း စသည့် စိတ်ဓာတ်နှင့် အရည်အသွေးများကို ခိုင်ခိုင်မြဲမြဲ ရခဲ့ကြသူများဖြစ် ကြောင်း၊ ထိုအရည်အသွေးများအပြင် ယူနန်နယ် အနောက်ပိုင်း နန်ကျောဝ် (နန်ချောင်) ဒေသတွင် နေခဲ့ရစဉ်က ကိုယ်တိုင်ပါဝင်ဆင်နွဲရသော စစ်များနှင့် တိုက်ပွဲများမှ ရရှိခဲ့သော အတွေ့အကြုံတို့ ကြောင့် စစ်ဆင်စစ်ထိုးအ တတ်နှင့် တိုက်ရည်ခိုက်ရည်တို့မှာ ပိုမိုတိုးတက်ကောင်းမွန်ခဲ့မည်သာ ဖြစ် ကြောင်း၊ နန်ကျောဝ်ဒေသတွင် နေစဉ် က ၎င်းလူမျိုးတို့အား မန်၊ မန်ကျောဝ်၊ ၀မ်ကျု၊ ၀မ်ဖိုင်ယု၊ ဖူ စသော
အမည်များဖြင့် တရုတ်တို့က ခေါ်ဝေါ်ခဲ့ ကြောင်း၊ စစ်ထိုးကောင်းသူများ၊ မြင်းသည်ကျော်များ၊ ခွန်အားကြီးသူများ၊ သတ္တိကောင်းသူများဖြစ်ကြောင်း ဖော်ပြ ထားသည်။
စွယ်စုံကျမ်းမှ မြန်မာအကြောင်းတွင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ၊ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပမှုများ၊ ဘာသာရေးယုံကြည်ကိုးကွယ်မှုများ စသည်တို့မပါရှိပဲ စစ်ရေးနှင့်ပတ် သက်၍သာ စစ်ထိုးကောင်းသူများ၊ သန်စွမ်းသူများ၊ နည်းပရိယာယ်ကျွမ်းကျင်သူများ စသဖြင့် စစ်ရေးကို အဓိက ထား၍ ဂုဏ်ယူစွာ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
စစ်ရေးနှင့်ပတ်သက်၍ ဖော်ပြရာတွင်လည်း လက်ဦးမဆွ ရောက်ရှိအခြေချနေထိုင်ကြသည့် ပျူ၊ မွန်၊ ကရင်၊ ပလောင်၊ ချင်း စသော တိုင်းရင်းသားတို့၏ နယ်မြေများသို့ ကျူးကျော်စစ်ပြု၊ တိုက်ခိုက်သိမ်းပိုက် နယ်ချဲ့မှုများ။ ယိုးဒယားနှင့် အာသံ မဏိပူရအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် တရုတ်တပ်များကိုပင် အနိုင်တိုက်နိုင်ခဲ့ကြောင်းများလည်း အကျဉ်းမျှ ဖော်ပြထားသည်။ တရုတ်တပ်ကြီးကို ရင်မဆိုင်ဝံ့ဘဲ အရှုံးပေးပြီး
ပြေးရသည့် တရုတ်ပြေးမင်းဟူ၍ ရှိခဲ့သည့် ရာဇ၀င်ကြောင်းကိုတော့ တစွန်းတစမျှ မဖော်ပြ။
တိုင်းရင်းသားနှင့် မြန်မာ
ဗမာလူမျိုးကို စွယ်စုံကျမ်းထဲ၌ အဘယ့်ကြောင့် မထည့်သွင်းရသနည်း။ ဗမာလူမျိုးဟူသည်မှာ တကယ်မရှိခဲ့၍ ဖြစ်သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်များ နှောင်းပိုင်း၊ ဗြိတိသျှတို့၏ အခေါ်အဝေါ် “ဘားမား”ကို မှီး၍ မိမိတို့ကိုယ်မိမိတို့ ခေါ်ဝေါ်သည့် “ဘမာ”ဆိုသည်မှာလည်း စွယ်စုံကျမ်းထဲတွင် မရှိ။ နှုတ်အ
ခေါ်အဝေါ်အားဖြင့်သာ ရှိနေသော ဘမာ စာလုံးကို ဘကုန်းဖြင့် မပေါင်းဘဲ အသံထွက် ပိုမိုမာကျော၍ ဖဦးထုပ် သံနှင့် အရောရောအထွးထွေး ဖြစ်စရာလည်း မလိုသော ဗထက်ခြိုက်ဖြင့် “ဗမာ”ဟု ရေးသားခေါ်ဝေါ်ခဲ့ခြင်းမှာ တို့ဗမာအစည်းအရုံး၏ တီထွင်မှုသာ ဖြစ်လေသည်။ တို့ဗမာအစည်းအရုံးသည် မြန်မာနှင့် မြန်မာမဟုတ်သော တိုင်းရင်းသားအားလုံးကို သိမ်းကျုံးပေါင်းရုံး ခေါ်ဆိုသည့် အမည်အဖြစ် မည်သည့်အခါကမျှ မရှိခဲ့သော “ဗမာ ပြည်” “ဗမာလူမျိုး”ဟူသော အသုံးအနှုန်းကို တီထွင်သုံးနှုန်း အသိအမှတ်ပြုစေခဲ့သည်။
ဤနိုင်ငံသည် မြန်မာလူမျိုးတဦးတည်း နေသည့်နိုင်ငံမဟုတ်။ မြန်မာများ ဤနိုင်ငံသို့ မရောက်မီ နှစ်ကာလ ကြာရှည်စွာကပင် တိုင်းရင်းသားလူမျိုးအချို့ ရေကြည်ရာ မြက်နုရာ၊ အင်အားကြီးသူများ၏ ထိပါးနှောက်မှု အန္တရာယ်ကင်းဝေး ငြိမ်းအေးရာ ရှာဖွေရွှေ့ပြောင်းရောက်ရှိ နထိုင်လာခဲ့ကြသည်။ မူလဒေသခံများဟု
ဆိုနိုင်သည်။ ထီးကျိုးစည်ပေါက် သူ့ကျွန်ဘ၀သို့ ရောက်ခဲ့ရသော နိုင်ငံအား လွတ်မြောက်ရန် တော်လှန် တိုက်ခိုက်ခဲ့ရာတွင်လည်း တိုင်းရင်းသားတို့၏ အခန်းကဏ္ဍမှာ အတော်ပင် အရေးပါအရာရောက်သည်။ မိမိတို့ ထက် လက်နက်အင်အားသာလွန်သည့် နယ်ချဲ့ကို အရှုံးမပေး အညံ့မခံဘဲ တိုက်ခိုက်ခဲ့သော တိုင်းရင်းသားများ အကြောင်း နိုင်ငံ့သမိုင်းမှာ ရှိခဲ့သည်။
ဝန်းသိုစော်ဘွား၊ စကားစော်ဘွား၊ ရှမ်းပြည်မှ လင်းပင်မင်းသား၊ ကျိုင်းတုံ၊ မိုးနဲ၊ မောက်မယ် ရပ်စောက်၊
မိုင်းပွန်တို့မှ စော်ဘွားများ၊ ကယား စောလပေါ၊ ချင်းတောင် ဗိုလ်ဆွန်ပက်၊ ကချင် ဖုန်ကန်ဒူးဝါး၊ ဆမားဒူးဝါး၊ လွယ်ဆိုင်ဒူးဝါး၊ ဆဒုံးဒူးဝါး၊ ၀နယ်မှ စောမဟာ၊ နော်ခမ်းဦး၊ ဓနုဖြူနယ်သား ဗိုလ်မြတ်ထွန်းနှင့် မန်းလုံး၊ ရခိုင် ဗိုလ်ဇော်ဂျီ၊ ဗိုလ်မျက်ကန်း၊ ပအိုဝ်းအမျိုးသား မရမ်းချောင်းဘုန်းကြီးနှင့် ဗိုလ်ခန့် ဦးစီးသည့် မွန်အမျိုးသား
ကရင်အမျိုးသားများ စသဖြင့် နယ်ချဲ့လက်အောက် သူ့ကျွန်မခံ ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့ကြသော
တိုင်း ရင်းသားများ၏ အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ နေ၍ မရ။ ဂျပန်ကို တော်လှန်ရာတွင်လည်း
တိုင်းရင်းသား တို့၏ ကြိုးပမ်းမှုကို လျစ်လျူရှု၍ မရ။
ထို့ကြောင့် ဗမာပြည်လွတ်လပ်ရေး တောင်းဆိုရာတွင် တိုင်းရင်းသားတွေမပါဘဲ အလုပ်ဖြစ်မည်မဟုတ်။
ဗြိတိသျှက ပြည်နယ်နှင့် ပြည်မကို တသီးတခြားစီ ခွဲထုတ်ချင်သည်။ တိုင်းရင်းသားတွေမပါဘဲ ပေးမည့်
လွတ်လပ် ရေးမှာ မြန်မာတို့အတွက် အကျိုးရှိနိုင်မည့် လွတ်လပ်ရေးမဟုတ်။ ပြည်မနှင့် ပေါင်းစည်းရန်အတွက် တိုင်းရင်း သားတို့၏ သဘောဆန္ဒကို ရယူဖို့လိုသည်။ အထူသဖြင့် တောင်တန်းဒေသ တိုင်းရင်းသားတွေကို စည်းရုံးဖို့ လို သည်။ တိုင်းရင်းသားတွေကို စည်းရုံးရန်မှာ ၎င်းတို့အပေါ် သဘောထား စေတနာမှန်ဖို့ လိုသည်။ ၎င်းတို့၏ အခွင့် အရေးတွေကို သိနားလည်ရမည်။ ၎င်းတို့ကို နေရာပေးရမည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသ တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့၏။
မြန်မာလူမျိုးနှင့် တိုင်းရင်းသားတို့၏ သမိုင်းကြောင်းကို သိထားနားလည်ကြသော ခေတ်ပညာတတ်များ
သည်လည်း ထိုအချိန်တွင် တိုင်းရင်းသားတို့အနေဖြင့် ဘမာလည်းမြန်မာ၊ မြန်မာလည်းဘမာဟု နားလည်မှုလွဲစွာ သိမြင်ထားကြသည်ကို ချေဖျက်ရှင်းလင်းပြီး တို့ဗမာအစည်းအရုံး၏ ရပ်တည်ချက်နှင့် “တို့ဗမာ”
ဟူသော ဝေါဟာ ရအပေါ် အဓိပ္ပါယ်ဖော်ဆောင်မှုများအားဖြင့် ဗမာနှင့် မြန်မာ အသုံးအနှုန်းကို ကွဲကွဲပြား ပြား သဘောပေါက်စေခဲ့ လေသည်။
“မဟာ” ပြဿနာ
တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့်အချိန်က တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု သည့် အခေါ်အ၀ါ်အဖြစ် “ဗမာပြည်” “ဗမာလူမျိုး”ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း တိုင်းပြည်လွတ်လပ်ရေးရသည့်အခါမှာတော့ မြန်မာလူမျိုးအပါအ၀င် တိုင်းရင်းသားလူမျိုးများ နေထိုင်နေကြသည့်နိုင်ငံကို မြန်မာနိုင်ငံဟူ၍ မှည့်ခေါ် လိုက်ခြင်းမှာ သခင်ဘသောင်း စတင်တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းတို့ ပါဝင် သော တို့ဗမာအစည်းအရုံးက ချမှတ်ထားခဲ့သည့်မူကို ပြောင်ပြောင်ကြီး ဖောက်ဖျက်ကျူးလွန်လိုက်ခြင်းပင် ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားတို့ အရေးကိစ္စအပေါ် နားလည်ထောက်ထားတတ်သော ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရပြီးဖြစ်၍ တိုင်းရင်းသားတို့အရေးအတွက် ကျန်ခေါင်းဆောင်များကို ဂရုစိုက်စရာ မလိုဟု ဖဆပလတွင်းမှ မဟာလူမျိုးကြီးဝါဒီများက မှတ်ယူခဲ့ကြသည်။ ထိုသူတို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မည် သည့်အခါကမျှ မတည့်ခဲ့သော စားဖားကြီးများ၊ ကိုယ်ကျိုးရှာသူများ၊ ၀ိသမလောဘသမားများ၊ ဒီမိုကရေစီ အရေ ခြုံနိုင်ငံရေးသမားများဖြစ်သည်။
မြန်မာလူမျိုးဟူသည်မှာ သမိုင်းကြောင်းနှင့်ချီ၍ ရှိနေခဲ့ပြီး ဖြစ်၏။ ဗမာလူမျိုးဆိုသည်ကတော့ မရှိ။ ဤနိုင်ငံ၌
မြန်မာလူမျိုးဟူ၍ ရှိနေသည်ကို မြန်မာနိုင်ငံဟူ၍ အမည်မှည့်လိုက်ခြင်းမှာ မြန်မာလူမျိုးတို့၏ နိုင်ငံဟု ဆိုလိုရာရောက်ပြီး။ ရှေးယခင်ကတည်းကပင် ရောက်ရှိနေထိုင်နေခဲ့ကြသော တိုင်းရင်းသားလူမျိုးစုများ၏
သဘောထားကို ဂရုမစိုက်ဘဲ နိုင်ငံအပေါ် လက်ဝါးကြီးအုပ်လိုက်သည့် အပြုအမူပင်ဖြစ်သည်။
Ref:http://dobamaasiayone.blogspot.sg/2013/01/blog-post_2824.html
Archaeological evidence shows that
Homo erectus lived in the region now known as Burma as early as 400,000 years ago.
[39] The first evidence of
Homo sapiens is dated to about 11,000 BC, in a
Stone Ageculture called the
Anyathian with discoveries of stone tools in central Burma. Evidence of
neolithic agedomestication of plants and animals and the use of polished stone tools dating to sometime between 10,000 and 6,000 BC has been discovered in the form of
cave paintings near the city of
Taunggyi.
[40]
The
Bronze Age arrived circa 1500 BC when people in the region were turning copper into bronze, growing rice and domesticating poultry and pigs; they were among the first people in the world to do so.
[41] The
Iron Age began around 500 BC with the emergence of iron-working settlements in an area south of present-day
Mandalay.
[42] Evidence also shows the presence of rice-growing settlements of large villages and small towns that traded with their surroundings as far as China between 500 BC and 200 AD.
[43] Iron Age Burmese cultures also had influences from outside sources such as India and Thailand, as seen in their funerary practices concerning child burials. This indicates some form of communication between groups in Burma and other places, possibly through trade.
[44]
Around the 2nd century BC the first-known
city-states emerged in central Burma. The city-states were founded as part of the southward migration by the
Tibeto-Burman-speaking
Pyu, the earliest inhabitants of Burma of whom records are extant, from present-day
Yunnan.
[45][46] The Pyu culture was heavily influenced by trade with
India, importing
Buddhism as well as other cultural, architectural and political concepts which would have an enduring influence on later Burmese culture and political organisation.
[47]
By the 9th century AD several city-states had sprouted across the land: the Pyu states in the central dry zone, Mon states along the southern coastline and Arakanese states along the western littoral. The balance was upset when the Pyu states came under repeated attacks from the
Kingdom of Nanzhao between the 750s and the 830s. In the mid-to-late 9th century the
Mranma (Burmans/Bamar) of Nanzhao founded a small settlement at
Pagan (Bagan). It was one of several competing city-states until the late 10th century when it grew in authority and grandeur.
[48]
http://en.wikipedia.org/wiki/Burma#History