Android Device များတွင် App Crash ဖြစ်သွားခြင်းပြသနာနှင့် Font မြင်လိုက်မမြင် လိုက်ဖြစ် ရခြင်း ပြသနာ…
ကျွန်တော်အခုတစ်ခါပြောပြချင်တာကတော့ Android smartphone တွေ tablet တွေမှာကြုံတွေ့နေရတဲ့ App Crash ဖြစ်သွားခြင်းပြသနာနှင့် Font မမြင်ရခြင်းပြသနာတို့ပဲဖြစ်ပါတယ်။ အခုအကြောင်းအရာဟာ font နဲ့သာမက app တွေကို install လုပ်ပြီးသုံးလို့မရတာ ဘာကြောင့်လဲဆိုတာနဲ့ လည်း သက်ဆိုင် ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့စလိုက်ကြရအောင်….။
Android Fragmentation ရဲ့အစ….

Android Fragmentation ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေ…
Android device တွေသာမက Android ပေါ်မှာရေးသားထားတဲ့ app တွေ font တွေဟာဒီ fragmentation ကိုအသုံးပြုပြီးတီထွင်ရေးသားလာကြပါတယ်။ အခုလိုပြုလုပ်တဲ့နေရာမှာကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်။
Android Fragmentation ရဲ့ကောင်းကျိုးတွေ…
Android Fragmentation ရဲ့ကောင်းကျိုးတွေကတော့ ဒီ fragmentation ကိုအသုံးပြုခြင်းအားဖြင့် app တွေ font တွေဟာ device အမျိုးမျိုးနဲ့ screen size အမျိုးအမျိုးကို အထောက်အပံ့ပေးပြီးပိုမိုကောင်းမွန်တဲ့ User Interface (UI) တစ်ခုကိုတည်ဆောက်လို့ရပါတယ်။
Android Fragmentation ရဲ့ဆိုးကျိုးတွေ…

Android ရဲ့ App နှင့် Font ပြသနာရဲ့အစ…
ဒါကြောင့် developer တစ်ယောက်က app တစ်ခု font တစ်ခုကိုရေးသားတယ်ဆိုပါတော့အများစုဟာ Android version 2.3 Gingerbread ကိုပဲ target လုပ်ပြီးရေးသားခဲ့ကြပါတယ်။ ဒါဟာဘာလို့လဲဆိုရင် အခုလက်ရှိ၂၀၁၂ Android market share အရ version 2.3 Gingerbread ဟာ market share ရဲ့ ၅၅.၄% နှုန်းကိုပိုင်ဆိုင်ထားပါတယ်။ Android verison 2.2 Froyo က ၂၀.၅% နှုန်းပိုင်ဆိုင်ထားပြီး ကျန်တာတွေကတော့ version 3.0 Honeycomb version 4.0 Ice-Cream Sandwich နဲ့ version 4.1 Jelly Bean တို့က အနည်းငယ်စီပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် App တစ်ခု (သို့) Font တစ်ခုကို version 2.3 ကို target လုပ်ပြီးရေးသားထားတဲ့အခါ ဒီ app (သို့) ဒီ font ကို version 3.0 နဲ့ အထက်မှာသွားရောက်အသုံးပြုတဲ့အခါအဆင်မပြေမှုတွေနဲ့စတင်ကြုံတွေ့ရတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ဒီ app တွေဒီ font တွေမှာ UI အစိတ်အပိုင်းတွေများစွာပါဝင်မှာဖြစ်ပြီးဒီ UI အစိတ်အပိုင်းတွေကို Android ကနေပုံဖော်ပြတဲ့အခါမှာ ပြသနာစတင်တော့တာပါပဲ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ Android 3.0 နဲ့အထက်က UI တွေကိုပုံဖော်ပြတဲ့အခါမှာ fragment တွေအသုံးပြုပြီးပုံဖော်ပြတာဖြစ်ပြီး ဒီ OS ပေါ်မှာ run တဲ့ appတွေ font တွေ ကပုံဖော်ပြတဲ့အခါမှာတော့ fragment ကိုသုံးပြီးပုံဖော်ပြချင်ပေမယ့် version 2.3 ကို target လုပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက် ပုံဖော်ပြတဲ့အခါမှာ fragment နဲ့ပြလို့မရပဲ နဂိုမူလကရေးသားထားတဲ့အတိုင်းပဲ fragment မသုံးထားတဲ့ အစိတ်အပိုင်းတွေအနေနဲ့ပဲပြသပေးပါတော့တယ်။ အထက်ကပြောခဲ့သလို Google ကနေပြီး android-support-v4 ကို app developer များအတွက် fragment နဲ့အဆင်ပြေအောင်ထုတ်ပေးထားသော်လည်း တစ်ကယ် UI ကိုဖော်ပြတဲ့အခါမှာတော့ အဆင်ပြေလိုက်မပြေလိုက်ဖြစ်လာပါတော့တယ်။ ဒါဟာဘာလဲဆိုတော့ Android Fragmentation နဲ့ app တွေ font တွေဟာ compatibility (သဟဇာတ) မဖြစ်တာပဲဖြစ်ပါတယ်။ တစ်ခါတစ်ခါ မှာဆိုရင် ကိုယ်က app တစ်ခုကိုဖွင့်လိုက်ရင်လည်း တက်မလာပဲ “The application has stopped unexpectedly.” ဆိုတဲ့ message တက်လာပြီးရပ်သွားပါတယ်။ ဒါတွေဟာဘာ့ကြောင့်လဲဆိုတော့ ခုနကပြောခဲ့တဲ့ Android Fragmentation နဲ့ရေးသားထားတဲ့ app ဟာ သဟဇာတမဖြစ်လို့ပါ။ Font မှာလည်းဒီအတိုင်းပါပဲ။ Font တစ်ခုကိုရေးသားထားတဲ့ developer တစ်ယောက်က Version 2.3 အတွက်ရေးသားခဲ့တယ်ဆိုပါတော့။ ဒီ font app ကို version 4.0 (သို့) 4.1 မှာသွားရောက်အသုံးပြုတဲ့အခါမှာတော့ font ကိုမြင်လိုက်မမြင်လိုက်ဖြစ်နေပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ခုနကပြောခဲ့တဲ့ Android Fragmentation Issue ကြောင့်ပဲဖြစ်ပါတယ်။
Android Fragmentation နဲ့အနာဂတ်အလားလာ…
ဒီ Fragmentation Issue ဟာခုထိတိုင်အောင်တည်ရှိနေပြီး နောက်ပိုင်းလည်း ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ Google အနေနဲ့ကတော့ android-support-v4 API ကိုထုတ်ပေးရုံကလွဲပြီး ကျန်တဲ့ပြသနာတွေကတော့ App Developer တွေနဲ့ Smartphone Tablet Vendor တွေနဲ့သာသက်ဆိုင်ပါတယ်…။
Android Fragmentation ကြောင့်ကောင်းကျိုးတွေရှိလာသလို အခုလိုဆိုးကျိုးတွေကိုလည်းတွေ့ကြုံရမှာဖြစ်တဲ့အကြောင်း IT4M ကနေမှတစ်ဆင့် Android ကိုအသုံးပြုတဲ့ user တွေအကျိုးရှိအောင်ဖော်ပြပေးရခြင်းပဲဖြစ်ပါတယ်…။
ဆက်လက်ကြိုးစားပါဦးမည်….။
IT4MSee More
No comments:
Post a Comment