Popular Posts!

Sunday, December 30, 2012

အုပ်စုဖွဲ့ မုဒိန်းမှုကြောင့် အိန္ဒိယအနှံ့ ဆန္ဒပြပွဲများ အရှိန်ပြင်း၊ ရဲတစ်ဦးသေဆုံး

အုပ်စုဖွဲ့ မုဒိန်းမှုကြောင့် အိန္ဒိယအနှံ့ ဆန္ဒပြပွဲများ အရှိန်ပြင်း၊ ရဲတစ်ဦးသေဆုံး

နယူးဒေလီ၊ ဒီဇင်ဘာ ၂၇


အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို မြို့တော်ဒေလီတွင် ဘတ်စ်ကားပေါ်၌ အမျိုးသားအုပ်စု လိုက် ဝိုင်း၍ မုဒိန်း ကျင့်ကြံခဲ့မှု ယခုလ အစောပိုင်းတွင် ဖြစ်ပွားခဲ့လေရာ နိုင်ငံအနှံ့ ကရုဏာ သက်သူများ ဒေါသပေါက်ကွဲ ကြပြီး တရားမျှတမှု ရရှိစေရေးအတွက် လမ်းမပေါ် ထွက်ပြီး အာဏာပိုင်ကို ဖိအားပေးကြလေရာ ဆန္ဒပြပွဲများ အရှိန်တိုးမြင့်လာပြီး ထိပ်တိုက်ပြဿနာ ဖြစ်ကြသည့် ရဲများထဲမှ တစ်ဦးပင် သေဆုံးသွားကြောင်း သတင်းမီဒီယာ အသီးသီးက ဖော်ပြထားကြသည်။

အကြမ်းဖက်လိင် အနိုင်အထက် ပြုလုပ်ခံရသည့် မိန်းကလေးကို စင်ကာပူသို့ ပို့ဆောင် ကုသပေးနေ ကြကြောင်း အိန္ဒိယ အရာရှိတစ်ဦးက အတည်ပြုပေးကာ ဝေဒနာ အခြေအနေ မှာ အသက်လု နေရကြောင်းနှင့် အထူး ကြပ်မတ် ကုသနေရပြီး လိုအပ်လျှင် ကိုယ် တွင်းအင်္ဂါ အစားထိုးမှုပင်ပြုလုပ် ရမည်ဟုလည်း ထုတ်ပြန်ထားသည်။ အထက်ဖော်ပြပါ ကျူးလွန်မှု အတွက် လူခြောက်ဦးကို ဖမ်းဆီးထား ပြီး ရဲအရာရှိ နှစ်ဦးကိုလည်း ရာထူးမှ ရပ်နား ထားသည်။

စင်ကာပူရှိ မောင့်အဲလီဇဘတ် ဆေးရုံတွင် ၄င်းမိန်းကလေးကို ကြပ်မတ် ကုသနေသည်ဟု အိန္ဒိယ အကြီးတန်းသမားတော် ဒေါက်တာ ဘီဒီအေသာနီက ဆိုသည်။ ထိခိုက်ခံရ သူ မိန်းကလေး၏ ကိုယ်တွင်းဒဏ်ရာ များအတွက် ကိုယ်တွင်းအင်္ဂါအစားထိုးရန်လိုအပ်သည်ဟုလည်း   ၄င်းကဆိုသည်။

ဆန္ဒပြသူများကလည်း သမ္မတ နန်းတော်အထိ ချီတက် ဆန္ဒပြကြပြီး ရဲက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက် များဖြင့် လူစုခွဲကြသည်။ အစိုးရက ကျူးလွန်သူများ ပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမည်ဟု ကတိပြုသော်လည်း ဒေါသထွက်နေသည့် ဆန္ဒပြသူလူအုပ် ကြီးက မကျေနပ်နိုင်ဘဲ သေဒဏ်ပေး ပါရန် တောင်းဆို နေကြသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း လည်း ရုပ်သံလိုင်းများတွင် ထွက်ပေါ် လာပြီး အမျိုးသမီးများအတွက် လုံခြုံ သော အိန္ဒိယ ဖြစ်ရပါစေမည်ဟု ပြည်သူကို ကတိပေးခဲ့သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆန္ဒ ပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ထိုရဲမှာ နောက်ပိုင်း ထိုဝေဒနာဖြင့် ကွယ်လွန် သွားခဲ့သည်။ "ပြည်သူတွေဟာ ဒီမုဒိန်းမှု တစ်ခုကိုပဲ တုံ့ပြန်နေကြတာမဟုတ် ပါဘူး။ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မကျေမချမ်း ဖြစ်နေကြတာပါ။ ခေါင်း ဆောင်တွေရဲ့ ကိုင်တွယ်မှုအတွက် မကျေ နပ်တာပါ" ဟု နိုင်ငံရေးသုံးသပ်သူ နီရာဂျာချောင်ဒူရီက ပြောကြားသည်။ ဆန္ဒပြပွဲ များကြောင့် ရုရှား သမ္မတ ဗလာတီမာပူတင်၏ အိန္ဒိယခရီးစဉ် လည်း ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ ရသည်။
Ref:thevoicejournal

ဆက်စပ်သတင်းများ>>အဓမ္မပြုကျင့်ခံရသူ အိန္ဒိယကျောင်းသူ ဒဏ်ရာအခြေအနေဆိုး

                              အုပ်စုလိုက် စော်ကားခံရတဲ့ အိန္ဒိယဆေးကျောင်းသူ သေဆုံး
 

India gang rape: 33-year-old bus driver nicknamed "Mental" said to be leader of group          

A 33-year-old bus driver who was nicknamed "Mental" by friends has been said to be the leader of the six-man group accused of the horrific gang rape of a 23-year-old female student who passed away in Mount Elizabeth Hospital this morning (Dec 29).

According to a report on The Straits Times, Ram Singh, a former school dropout whose bad temper sprung the nickname, was revealed by Delhi police to be the main accused in this case.

Singh was named along with his 26-year-old brother Mukesh and four others -- 19-year-old vegetable vendor Pawan Gupta; 20-year-old gym instructor Vinay Sharma; 28-year-old bus cleaner Akshay Thakur and a 17-year-old who worked as a helper on long-distance buses.

On Dec 16, the six were believed to have been drinking before they decided to take a bus -- which had tinted windows and curtains -- out for a joyride.

The group had robbed another man of his money before picking up the student and a male companion who were both heading home after a movie.

It was then that they took turns to rape the girl and beat up her friend, before stripping the pair and dumping them on the side of a road.

Ram Singh, his brother, Vinay Sharma and Pawan Gupta went back home after the incident and were arrested 48 hours later while the other two fled the city but got apprehanded by the police as well.

The six will face murder charges, which brings about a maximum punishment of the death penalty.

The victim was in a "critical" treatment at a Delhi hospital before the Indian cabinet acted on the professional advice of a team of doctors and flew her into Singapore, together with her father and two brothers, for treatment at the Mount Elizabeth Hospital.

Her condition took a turn for the worse yesterday (Dec 28) as she suffered cardiac arrest, infections in her lungs and abdomen, "as well as significant brain injury", before succumbing to her injuries earlier today.

This incident has sparked massive outrage across India, triggering demonstrations in New Delhi which claimed the life of a police constable after things turned violent between the protestors and the authorities.


Bollywood celebrity Salman Khan also condemned the perpetrators of this incident at a press conference to promote his latest movie, and said that rapists should be sentenced to life imprisonment if not "killed".

Click on thumbnails for larger image

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!