ဇော်အောင် (မုံရွာ)
1990
တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်
တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်
အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်
တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်
2007 သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၉၀၀ကျပ်
တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်
2011 ရောက်ပါပြီ၊
အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၆၂၀ကျပ် .. ဟိုက်၊ကျလှချည်လား...
တိုက်ခန်းတစ်ခု ၅၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်
(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။
မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2011 တွင် 20 billions ရရှိပြီး၊ ဗီယက်နမ်နိုင်ငံထက် များမည်ဟုဆိုသည်။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။ သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။
တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသူ ဒေါက်တာဦးမြင့်ကို ခန့်ထားရာမှ၊ အကြံပေးမှုများကို မီဒီယာများတွင် တွေ့ရပါသည်။ အစိုးရသစ်က မည်သို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ.. ဓါတ်ငွေ့ ၊ ရေနံ၊ ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။
မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။
အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။

Year | US$1=Kyat | S$1=Kyat | မြန်မာနိုင်ငံ၊အထင်ကရဖြစ်ရပ်များ | US1=S$ | ||
1952 | 4.76 | 14.22 | အိန္နိယငွေကြေးမှခွဲထွက် | 3.03 | ||
1962 | 4.76 | 14.22 | ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်း | 3.03 | ||
1972 | 8 | 22 | started black market rate | 2.81 | ||
1982 | 20 | 42 | အစိုးရပေါက်ဈေး 1US$=5kyats | 2.13 | ||
1988 | 27 | 55 | ရှစ်လေးလုံး၊ စစ်အာဏာသိမ်း | 2.01 | ||
1990 | 30 | 50 | ဗိုလ်ချုပ်သန်းရွှေ၊တပ်ချုပ်ဖြစ် | 1.81 | ||
1995 | 113 | 80 | 1.41 | |||
1997 | 178 | 120 | မြန်မာဘဏ်များပြသနာဖြစ် | 1.48 | ||
1998 | 334 | 200 | ASEAN စီးပွားကပ်ဆိုက် | 1.67 | ||
2000 | 344 | 200 |့ မြန်မာပြည်၊နိုင်ငံခြားနှင့်အဆက်ဖြက် | 1.72 | ||
2001 | 448 | 250 | 1.79 | |||
2002 | 591 | 330 | 1.79 | |||
2003 | 1044 | 600 | ဒိပဲယင်းအရေးခင်း | 1.74 | ||
2004 | 879 | 520 | ဗိုလ်ချုပ်ခင်ညွန့်၊တာဝန်ရပ်နား | 1.69 | ||
2005 | 913 | 550 | 1.66 | |||
2006 | 1264 | 800 | 1.58 | |||
2007 | 1350 | 900 | စက်တင်ဘာ၊သံယာအရေးခင်း | 1.5 | ||
2008 | 1269 | 900 | မေ၊ နာဂစ်မုန်တိုင်း | 1.41 | ||
2009 | 1233 | 850 | အမေရိကန်လွှတ်အမတ် Jim Webb လာ | 1.45 | ||
2010 | 945 | 700 | ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ရွေးကောက်ပွဲကြံ့ဖွံ့ နိုင် | 1.35 | ||
2011 | 750 | 620 | လွှတ်တော်ခေါ်၊ သမ္မတဦးသိန်းစိန် | 1.21 |
ကျပ်ငွေသမိုင်း
ဇယားကို့မှတ်တမ်းတင်ပါသည်။
၂၀၁၁ လွှတ်တော်တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို နှုန်းသစ်သတ်မှတ်ရန်ဆွေးနွေးနေကြပါသည်။ ကျွန်တော် ပြည်ပတွင်နှစ်ပေါင်း၂၀ အလုပ်သွားလုပ်ရသောကြောင့် မြန်မာပြည်ကြီး ရှိတာအကုန်ထုတ်ရောင်းရခြင်းကိုပဲ စိတ်ပျက်ပြီး၊ မြန်မာ့စိးပွားရေးကိုလည်း လုံးဝနားမလည်ပါ။ ယခုအစိုးရသစ်အနေနှင့် ကျပ်ငွေတန်ဖိုးမြင့်အောင်လုပ်နိုင်ခြင်းအတွက် စိတ်အားတက်မိပါသည်။
ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာမည့် အရိပ်ယောင်ပြနေပါသည်။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများတက်နေပါသည်။ စီးပွားရေးကျဆင်းမည့်ပုံရှိသည့် နိုင်ငံများတွင်လည်း အိမ်ယာဈေးများတက်လာပြန်ပါသည်။ ယခု စင်ကာပူတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင့် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။
မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။
GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။ အောက်ပါဇယားအရ၊ မြန်မာနိုင်ငံ GDP တဟုန်ထိုးတက်လာသည်။ ဗီယက်နမ်ကို ကျော်ပြီးလျှင် စင်ကာပူ၊ မလေးရှားကို မှီရန် ပြည်ပရောက်၊ မြန်မာများ၊ ပြည်တော်ပြန်လာမှဖြစ်ပါမည်။ အခုပြန်လို့မရပါ။ အလုပ်မရှိ၊ စီးပွားရပ်ချိန်ခဏစောင့်ရန်ဖြစ်သည်။ နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာပြီး ပြန်နိုင်မည်ဖြစ်သည်။
အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။ http://fx.sauder.ubc.ca/etc/USDpages.pdf ၊ အမေရိကန်ဒေါ်လာသည်လည်း အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ ကျပ်ငွေ ခိုင်မာခြင်းဖြင့်၊ ပြည်ပရောက်မြန်မာများထံမှ ၀င်ငွေခွန်ကောက်စရာမလိုတော့ပါ။ သူတို့မျာနိုင်ငံခြားငွေရှာပေးသူများဖြစ်သည်။ ယခုအခါ ၁၀% မှ ၂% သို့ ခေတ္တလျှော့ကောက်နေပါသည်။ ကောင်းပါသည်။ နိုင်ငံတကာတွင် ပြည်ပလုပ်ကိုင်သူများကို ၀င်ငွေခွန်မကောက်ကြပါ။
မည်သို့ပင်ဖြစ်စေ၊ ကျပ်ငွေတန်ဖိုးတက်လာခြင်းကို ကြိုဆိုရပါသည်။
ဇော်အောင် (မုံရွာ)
21-Sept-2011
အရှေ့ တောင်အာရှနိုင်ငံများ GDP နှိုင်းယှဉ်ချက်ဇယား
ကမ္ဘာချမ်းသာသောနိုင်ငံများ၏ GDP. တရုပ်သည် ဂျပန်ကိုကျော်ပြီး ဒုတိယစူပါနိုင်ငံဖြစ်လာ၏။

US$, Sin$, and Burmese Kyat's History
(Direct translation of Zaw
Aung’s Article from Moemakha
Site.)
In 1990, one
American Dollar was 30 kyats, one Singapore Dollar was 45 kyats, an average
apartment was 300,000 kyats, a Toyota Hilux pickup truck was 300,000 kyats as
well, the telephone connection with a handset was 300,000 kyats too, and a plate
of Biriani (Dan-bouk) was just 5 kyats.
In 2007 the
year of so-called Saffron Revolution, one American Dollar was 1,350 kyats, one
Singapore Dollar was 900 kyats, an average apartment was 30 million kyats, a
Toyota Hilux pickup truck was 30 million kyats as well, the telephone connection
with a handset was 2.5 million kyats, and a plate of Biriani was 800
kyats.
In 2011 the
year of so-called semi-democracy, one American Dollar was 750 kyats, one
Singapore Dollar was 620 kyats, an average apartment was 50 million kyats, a
Toyota Hilux pickup truck was 20 million kyats, the telephone connection with a
handset was 500,000 kyats, and a plate of Biriani was 1,200 kyats. (All are
approximate prices.)
***************************
In 1999 the
GDP of Burma was only 14 billion US$. But the Gross Domestic Product has risen
drastically since the Yadana Gas Pipeline was constructed and Burma started
exporting her abundant natural gas to the neighboring energy-hungry
Thailand.
In 2010 the
GDP of Burma reached to 77 billion US$ and still increasing. Foreign Direct
Investment in Burma in 2011 is 20 Billion US$ which is much higher than Vietnam.
That is very promising for Burma.
Particularly
promising is there are many reformists and a few business oligarchs (so-called
cronies) in new Burmese Government. And ASSK and the opposition parties are also
positive and cooperative about the serious reforms promised and being slowly
brought in by President Thein Sein-led Government.
Positive
improvements such as relaxing of media restrictions and effective tax collection
from economic enterprises have bee carried out so far and to everyone’s surprise
Burmese kyat has been found seriously appreciating against other currencies in
last two years.
US Dollar
exchange rate have gone down below 900 kyats in last two years and caused many
difficulties nationwide. Most media in Rangoon even wrote about the academic
paper of Dr. U Myint the Chief Economics Adviser for the President and a close
friend of ASSK on the issue of appreciating foreign exchange rate.
Even though
the new Government has been trying to attract Foreign Direct investment for
various sectors of economy most FDI in Burma are for particular sectors like
natural resources and labor-intensive manufacturing. For example: natural gas,
petroleum, hydro-electric, jade, teak, and garments.
Modern History of Burmese
Kyat
Kyat was
established on 1 July 1952 with the base rate of one Kyat an Indian Rupee. At
that time one US Dollar was 4.7619 Kyat or Rupee. Following table is the US$
rate for both Burmese Kyat and Singapore Dollar together with the chronological
events from Burmese political scene.
List of significant events in Burma (From
the Table above).
1952 - Separated from Indian Monetary
System.
1962 - General Ne Win’s
Coup.
1972 - Started black market
rate.
1982 - Official rate is 5 Kyats a US
Dollar.
1988 - Military Coup after failed
8-8-88 Uprising.
1990 - General Than Shwe became
Commander-in-Chief.
1995 -
1997 - Banking crisis in
Burma.
1998 - ASEAN Economic
Crisis.
2000 - Economic Sanctions
Began.
2001 -
2002 -
2003 - De-pa-yin Murders of ASSK’s
followers.
2004 - Prime Minister General Khin
Nyunt was removed.
2005 -
2006 -
2007 - Monks’ Protest in
September.
2008 - Nargis Cyclone in May in
Irrawaddy Delta.
2009 - American Senator Jim Vebb’s
Visit to Burma.
2010 - Large Scale Privatization. USDP
won General Election.
2011 - New Union Parliament. U Thein
Sein elected as the President.
But the official exchange rate used
by the Burmese Government is still fixed at ridiculously low 6.50 Kyats a US$
and even the 2011 Parliament has now been discussing how to re-rate Kyat
officially and realistically.
I’ve been
working overseas last 20 years as I was really sick of our country surviving by
selling everything we have both under-ground and above-ground. Also I have to
admit that I don’t know much about the economy of Burma. But I still am
encouraged by the new Government’s action in raising the value of
Kyat.
If you look
at the world economy, the 2008 Global Financial Crisis (GFC) appears to be
repeating. Normally the property prices go up if the economy is bad. Back in
Burma the house prices are going up. Other countries with seemingly bad
economies also have rising house prices.
Now many
Burmese people working in Singapore are facing serious difficulties. Due to the
obstacles in renewing their work-permits, difficulties in getting new
work-permits, more expensive housing, and getting fewer Kyats for their Sin$
earnings it is no longer lucrative or even economical for Burmese nationals to
come and work in Singapore
***************************
It is almost
impossible for the Burmese Government to raise Burma to the economic and
prosperity level of Singapore in a short period. In term of per-capita income
Singapore is right at the top with other small but prosperous nations like
Norway and Qatar. Despite its tiny size Singapore has a GDP double that of Burma
and Vietnam among the SE Asia nations.
The whole
world will acknowledge the currency of a country once its GDP grows to a decent
level. People can even say that the country is getting richer.
Growing GDP
implies that the tax revenue is more since about 10% of GDP goes into the
Government coffers. The more tax revenue there is the more money could be spent
on the nation’s military, education, social welfare, health, roads, bridges, and
housing constructions.
In Singapore
every working person is forced by the Government to save 30% of their income
(salary) as the CPF (Compulsory Provident Fund) system. That money is used by
the State to invest in the nation’s economy and the obvious result being
Singapore getting richer and richer over time.
***************************
From the
following tables you can see the Burma’s GDP is rising drastically over the
years. And to overtake Vietnam and then reach Singapore and Malaysia the Burmese
now working overseas must come back home to Burma.
But we can’t
go home yet as there are not enough jobs and we still need to wait till this
global economic crisis is over. Burma still needs to accumulate national savings
or Foreign Reserve Money, attract more Foreign Direct Investment, and eliminate
Tax Evasion and Systemic Corruption. Only then there will be enough jobs for all
of us to go back home.
If you study
the history of US$ Exchange Rate you will find out that the currencies of
Singapore, Japan, Germany, and Switzerland are historically very strong.
Compared to many other currencies American Dollars also is very strong. United
States is still the most economically powerful country.
By having a
strong Kyat Burmese Government no longer needs to tax the income of Burmese
working overseas as they are the ones bringing in much needed hard currency to
Burma. So the foreign income tax now is reduced from 10% to only 2%. That is
good, no it is great. No other country ever taxes the personal incomes of their
citizens working overseas.
Anyway, we
must welcome the appreciation of our Burmese Kyat!
အမေရိကန်ဒေါ်လာ တစ်သိန်းတန် ငွေစက္ကူ
စင်ကာပူမှာ ဒူဘိုင်းငွေစက္ကူ ဒေါ်လာတသိန်းတန်
100,000 dirham ကို ကိုင်ပြပြီး၊ ငွေလဲဖို့ ကြံရွယ်နေတဲ့ မြန်မာ တယောက်အကြောင်းပါ။
ဟိုး .. ဒူဘိုင်း ဟိုတယ်ကြီးမှာ ၄နှစ်အလုပ်လုပ်စဉ် သူဌေးကြီးတယောက်ရဲ့ ကျန်ခဲ့တာ
ရယူထားတယ်ပြောပါတယ်။ စင်ကာပူဒေါ်လာ သုံးသောင်း ကျော် တန်ဆိုပဲ။
စင်ကာပူမှာ ငွေလဲလို့ရမလား သင့်ကို လာမေးရင်၊ ဝေးဝေး က ရှောင်ကြပါ။
စင်ကာပူမှာ ငွေလဲလို့ရမလား သင့်ကို လာမေးရင်၊ ဝေးဝေး က ရှောင်ကြပါ။
၁။ ဒူဘိုင်းမှာ တသိန်းတန်ငွေစက္ကူ မရှိပါဘူး။ အများဆုံးက တသောင်းတန်ထိ ရှိပါတယ်။
၂။ စင်ကာပူမှာ တန်ဘိုးအများဆုံး ဒေါ်လာတသောင်းတန်ငွေစက္ကူရှိပါတယ်။
၃။ အမေရိကန်မှာတော့ ဒေါ်လာ တစ်သိန်းတန်ရှိပါတယ်။ ၁၉၃၄ခုနှစ်မှာ တကြိမ်တည်း ထုတ်ဖူးပါတယ်။ အပြင်မှာသုံးလို့မရပါဘူး။ အစိုးရဌာန ငွေပေး၊ငွေယူ လုပ်ငန်းများမှာပဲ သုံးပါတယ်။
တကယ်လို့ သင်က ဟ၊ ပွတာပဲဆိုပြီး သူ့နဲ့အတူ၊ ငွေသွားလဲရင်၊ ၂ယောက်စလုံး ရဲဖမ်းခံထိ၊ ကွိသွားမယ်ဖြစ်တယ်။ ဒါမှမဟုတ် ဈေးချိုချိုနဲ့ ရောင်းတာကို ပွတာပဲဆိုပြီး ၀ယ်ထားလိုက်ရင် .. မိတ်ဆွေရဲ့ လောဘအကျိုးခံရပါမယ်။ သတိထားပါ။
မှတ်ချက်။
- ပြည်ပရောက်မြန်မာအလုပ်သမားများကို အခွန်ကောက်ခြင်း Jan2012 မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ အနှစ်၂၀ကျော် တလဒေါ်လာ၁၅၀၊ ၁၂၀ စသဖြင့် အခွန်ဆောင်ခဲ့သူ စာရေးသူ (Blog owner) နှင့် စင်ကာပူနှင့် ပြည်ပရာက်မြန်မာမိတ်ဆွေများ၊ (ပတ်စပို့ သက်တမ်းတိုးရန်ဖြစ်စေ၊ အခြား မည်သည့် အကြောင်းကြောင့်ဖြစ်စေ) အခွန် မှန်မှန် ပေးဆောင်ခဲ့သူ မြန်မာများအတွက် အောက်မေ့ဘွယ်ရာဖြစ်ပါသည်။ မကြာမီ ဂျပန်အကူညီဖြင့် Myanmar Stock Exchange ကို စတင်တော့မည်ဟု အစိုးရသစ်က ကြေညာခဲ့ပါသည်။
Ref: hlaoo1980 blog's
**************************
Ref:burmeseamericasingapore.blog's
No comments:
Post a Comment