Popular Posts!

Friday, December 21, 2012

၁၇၈၇ ခုနှစ် ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေး တစ်ပြားကို၊ ဒေါ်လာ ၇.၄သန်းနဲ့ ရောင်း!


                                                                                         
၁၇၈၇ ခုနှစ်ထုတ် ရှားပါး ရွှေဒင်္ဂါးပြား ဒေါ်လာ ၇.၄သန်း ပေးဝယ်အလွန့်အလွန် ရှားပါးတဲ့ ၁၇၈၇ ခုနှစ် ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေး တစ်ပြားကို၊ ဒေါ်လာ ၇.၄သန်းနဲ့ ရောင်းချလိုက်ရပါတယ်။ ရွှေဒင်္ဂါးပြား ရောင်းခဲ့ဘူးသမျှထဲမှာ ဈေးအမြင့်မားဆုံး တစ်ခုပါပဲ။ နယူးအော်လင် အခြေစိုက် ရွှေဒင်္ဂါးပြားနဲ့ အဘိုးတန်သတ္ထုတွေ ရောင်းဝယ်တဲ့ ဗလင်ချာ့ဒ် အင် ကုမ္ဗဏီက ဒီအရောင်းဝယ်ဖြစ်အောင် ကမကထ လုပ်ပေးခဲ့တာပါ။
 
ဘရပ်ရှာ ဒေါက်ဗလွန်
George Washingtonpainting artist Gilbert Stuart the first American President
Trademark  stamp was Brasher hallmark when began minting coins နံရံတံတိုင်းလမ်းကလေး Wall Street မှာရှိတဲ့ အရင်းအနှီးမြှုပ်နှံမှု ကုမ္ပဏီတခုက ဒီ ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေးကို ဝယ်သွား ခဲ့တာပါလို့ဆိုပါတယ်။ ဝယ်သူနဲ့ ရောင်းသူတွေရဲ့ အမည်နဲ့ တခြား အထောက်အထား အချက် အလက် တွေကိုတော့ လျှို့ ဝှက် ထားပါတယ်။
 
 
 
 
 
 
 
 
ဂျော့ဝါရှင်တန်ရဲ့ အိမ်နီးချင်း ရွှေပန်းထိန်ဆရာ အက်ဖ်ရိမ်း ဘရတ်ရှာက ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တာပါ။ ဒီ ရွှေဒင်္ဂါးပြားလေးဟာ ၂၆.၆၆ ဂရမ် (တအောင်စ ထက်နည်းနည်း လျှော့တဲ့ အလေးချိန်) သာ လေးပါတယ်။
ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တဲ့ အချိန် တုန်းက ၁၅ ဒေါ်လာပဲတန်ပါ တယ်။  အခုခေတ်တန်ဘိုးနဲ့ဆိုရင် ဒေါ်လာ ၁၅ဝဝ ပေါ့။
 
 
 
http://l3.yimg.com/bt/api/res/1.2/mfSAajUwhzwtIxhBoWMNvA--/YXBwaWQ9eW5ld3M7Zmk9aW5zZXQ7aD02MzA7cT04NTt3PTQyMA--/http://media.zenfs.com/en_us/News/ap_webfeeds/25de8703d91b101b010f6a7067000214.jpghttp://l3.yimg.com/bt/api/res/1.2/M3rEsv6_4APBt84uArQ70w--/YXBwaWQ9eW5ld3M7Zmk9aW5zZXQ7aD02MzA7cT04NTt3PTQyMA--/http://media.zenfs.com/en_us/News/ap_webfeeds/73d8e3fdd91c101b010f6a70670021bd.jpg
 
 

This rare  gold Brasher doubloon has been sold for million  one the highest prices ever paid for gold coin ရွှေဒင်္ဂါးပြားဟာ ဒေါ်လာငွေကြေး တန်ဘိုးနဲ့ သွန်း လုပ်တဲ့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး ရွှေဒင်္ဂါးဖြစ်တယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဖီလာဒါးဗီးယားမှာ ရှိတဲ့  အမေရိကန် ပြည်ထောင်စု ဒင်္ဂါး သွန်းစက်ရုံက ၁၇၉ဝ နှစ်တွေထိတောင်မှ ဒင်္ဂါးထုတ်တာ မစသေးပါဘူး။
 
Reporter:မင်းဆန်းမင်း| PatheinCity News
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!