Popular Posts!

Saturday, December 8, 2012

Kidsgeo အင်တာနက်စာမျက်နှာ

ဒီတစ်ခါ geolfriends အဖွဲ့သားများကို ညွှန်းဆိုချင်တဲ့ အင်တာနက်စာမျက်နှာကတော့ kidsgeo.com ဖြစ်ပါတယ်။
Address : http://www.kidsgeo.com
kidsgeo
 Kids Know It Network ကနေတင်ဆက်ထားတဲ့ ကလေးများအတွက် အခမဲ့ သင်ကြားရေးစာမျက်နှာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
Kidgeo.com ဟာ A Study of The Earth And Her People ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးများအတွက် ရည်ရွယ်ပြီး ကမ္ဘာမြေအကြောင်းလေ့လာနိုင်အောင် တင်ပြထားတဲ့ အင်တာနက် စာမျက်နှာပါ။
ဒီစာမျက်နှာမှာ Geology for Kids နဲ့ Geography for Kids ဆိုပြီး နှစ်ပိုင်းခွဲတင်ပြထားပါတယ်။ တစ်ပိုင်းစီမှာ online လေ့လာမှုအပိုင်းနဲ့ games ပိုင်းကို ထပ်မံတင်ဆက်ထားပါတယ်။
Geology online မှာဆိုရင် Chapter (၅)ခု ပါဝင်ပြီး Chapter One-Examing The soil, Chapter Two- Earth, Rocks, and Landforms, Chapter Three- The Earth Inside Out, Chapter Four- An Introduction To Erosion နဲ့ Chapter Five- Erosion By Water Process တို့ဖြစ်ပါတယ်။
Geology game ပိုင်းမှာတော့ Rock Types Game ကိုတင်ဆက်ထားပြီး၊ ဒီ game မှာ rock type တစ်ခုကို ပုံနှင့်တကွ၊ သူရဲ့ အချို့သော physical properties တွေကို ဖေါ်ပြပေးထားပြီး rock types ရဲ့ အမည်ကို မှန်ကန်အောင် ရွေးထုတ် ခွဲခြားပေးရမယ့် ကစားနည်းဖြစ်ပါတယ်။
Geography online မှာဆိုရင် Chapter (၉)ခု ထိပါဝင်ပြီး Chapter One- Hello Earth, Chapter Two- Describing Our Planet, Chapter Three- Our Atmosphere, Chapter Four- Atmospheric Temperatures, Chapter Six- Atmospheric Moisture, Chapter Seven- Atmospheric Disturbances, Chapter Eight- The Hydrosphere, Chapter Nine- The Biosphere တို့ပါဝင်ပါတယ်။
Geography game ပိုင်းမှာတော့ Geography Map Match game, Geography Capital Catch game နဲ့ Latitude & Longitude Map Game တွေပါဝင်ပါတယ်။ Geography Map Match games တွေကတော့ ပြည်နယ်တွေနဲ့ တိုင်းပြည်တွေရဲ့ တည်နေရာနဲ့ ပုံသဏ္ဍာန်ကို လေ့လာနိုင်မယ့် ကစားနည်းပါ။ Geography Capital Catch game တွေကတော့ USA ပြည်နယ်မြို့တော်များနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ မြို့တော်တွေကို လေ့လာရင်း ရှာဖွေပေးရမယ့် ကစားနည်းပါ။ Latitude & Longitude Map Game ကတော့ Latitude and Longitude အကြောင်းကို ပျော်ရွင်စွာ ကစားရင်း လေ့လာသင်ယူနိုင်မယ့် ကစားနည်းဘဲဖြစ်ပါတယ်။
Ref:geolfriends

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!