Popular Posts!

Tuesday, December 25, 2012

ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျမှုဖြစ်ပွား

Tuesday, 25 December 2012 11:20
AddThis Social Bookmark Button
ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) မနက် ၇နာရီခွဲခန့်တွင်  ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan  လေယာဉ်အမှတ်(W-9011)သည် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းနှင့် ၂-မိုင်အကွာခန့်တွင် ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်မှာ ဟဲဟိုးလေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီး ထုတ်နိုင်ခြင်းမရှိဘဲ ဆင်းသက်ခဲ့ရမှု ကြောင့် လေယာဉ်ခါးကျိုးပြီး မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။လေယာဉ်က စိုက်ပျိုးရေး မျိုးသန့်ခြံကို အရောက်မှာ ပျက်ကျပြီး ခါးထပ်ပိုင်း ကျိုးသွားတယ်။ လောလောဆယ်တော့ ဒဏ်ရာမရတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူအချို့ကိုတော့ ဆေးရုံကိုပို့တာတွေ့ရတယ်။ ကနဦး စစ်ဆေးမှုအရ ၇ယောက်ပျောက်တယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အပြီးသတ် စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မှာပါ။ အခုနောက်ဆုံးသတင်းအရတော့ လေယာဉ်ထဲမှာ တစ်ဦး ပြန်တွေ့တယ်။ဒါပေမယ့် သေဆုံးပြီလို့ သိရတယ်။သူ့ကိုတော့ လေယာဉ်ထဲက သယ်ထုတ်သွားပါပြီ”ဟု ဟဲဟိုး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းနားကို ထိုးကျပြီး လေယာဉ်ခါးကျိုးသွားတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ ကနဦးသတင်းအရ သိရတယ်၊လေယာဉ်မှူး နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု ဟဲဟိုး ရှိ ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၆၅ ဦးပါရှိပြီး ၄၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရှိရသည်။ယခုလက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရပါသည်။
Air Bagan facebook စာမျက်နှာတွင်မူ ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း နှင့် Air Bagan  Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
(လတ်တလောရရှိသော သတင်းများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက်များနှင့် နောက်ဆုံးရရှိသော သတင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။)
thn-25-12-12-1
thn-25-12-12-2
thn-25-12-12-3
thn-25-12-12-4
thn-25-12-12-5
thn-25-12-12-6
thn-25-12-12-7
thn-25-12-12-8
thn-25-12-12-9
thn-25-12-12-10
Updated 4:53 PM

လက်ရှိအခြေအနေတွင် ခရီးသည် ၂၆ ဦးကို ရန်ကုန်မြို့ရှိ ၀ိတိုရိယ ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရှိရပြီး ကျန်ရှိသော တောင်ကြီး စ၀်စံထွန်းဆေးရုံ၌ ဆေးကုမှုခံယူနေသော ခရီးသည်များကို ၀ိတိုရိယ ဆေးရုံကြီးသို့ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ ရှိကြောင်း၊ယင်းခရီးသည်များထဲမှာ ပါရှိသော နိုင်ငံခြားသား ခရီးသည်များကိုလည်း ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် အနားယူခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုရောက်ရှိလာသော ခရီးသည် ၂၆ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) ညနေ ၄နာရီခန့်က ပြည်တွင်းဆိုက်ရောက်မှ ရောက်ရှိလာကြောင်းကိုလည်း Air Bagan မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
Updated 6:05 PM
Air Bagan လေကြောင်းလိုင်းမှ ဟဲဟိုးလေယာဉ်မတော်တဆမှုတွင်ကွယ်လွန်ခဲ့သူမှာ မနွဲ့လင်းရှိန်(Tour Guide)ဖြစ်ပြီး၊ ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဆိုသူ ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့ပါသည်။  ယနေ့ နံနက်ပိုင်းတွင် မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ခရီးသည်များအနက် ၂၆ ဦးမှာ ရန်ကုန်မြို့ရှိ ၀ိတိုရိယဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူလျက်ရှိပြီး၊ ကျန်ခရီးသည်များ အားလုံးကိုလည်း ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယင်းခရီးသည်များတွင် တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခရီးသည် ၈ဦး (၁ဦးမှာ ၎င်း၏ ခရီးသွားဖော်အတွက် လိုက်ပါသွားခြင်းဖြစ်) အပါအ၀င်ဖြစ်ကြောင်း သိရှိရပါသည်။

Comments
Zawtika 2012-12-25 11:34
Landing Gear Fault ဖြစ်နေတာ ဘာဖြစ်လို့ Crash Landing လုပ်သလဲ...
Landing Gear Fault နဲ့ တော့ ဟဲဟိုးလို ကွင်းမျိုးမှာ Crash Landing လုပ်စရာ မလိုသလို လုပ်လဲ မလုပ်သင့်ပါဘူး...
ပုံမှန် Domestic Flight တွေမှာ ကွင်းကြီးတွေကို လှည့် ပြန် ဘို့ ဆီအလုံအလောက် ပါတတ်ပါတယ်။
Pilot Fault မဟုတ်ရင် ကွင်းမရောက်ခင် Crash Landing လုပ်ရတာ/ဖြစ်ရတာ ဟာ Engine Failure ဘဲဖြစ်ပါလိမ့်မယ်
Flight Number : W-9011
Aircraft Type : Fokker-100
ကျွန်တော် အမှတ်မမှားရင် Air Bagan က Crash Landing ကြောင့် လေယာဉ် ခါးကျိုးတာ ဒါ ဒုတိယ အစီးပါ။
ပထမ အစီးက ပူတာအိုမှာ ဖြစ်ပီး Aircraft Type က ATR-72-212 ပါ။Zawtika 2012-12-25 11:34
Landing Gear Fault ဖြစ်နေတာ ဘာဖြစ်လို့ Crash Landing လုပ်သလဲ...
Landing Gear Fault နဲ့ တော့ ဟဲဟိုးလို ကွင်းမျိုးမှာ Crash Landing လုပ်စရာ မလိုသလို လုပ်လဲ မလုပ်သင့်ပါဘူး...
ပုံမှန် Domestic Flight တွေမှာ ကွင်းကြီးတွေကို လှည့် ပြန် ဘို့ ဆီအလုံအလောက် ပါတတ်ပါတယ်။
Pilot Fault မဟုတ်ရင် ကွင်းမရောက်ခင် Crash Landing လုပ်ရတာ/ဖြစ်ရတာ ဟာ Engine Failure ဘဲဖြစ်ပါလိမ့်မယ်
Flight Number : W-9011
Aircraft Type : Fokker-100
ကျွန်တော် အမှတ်မမှားရင် Air Bagan က Crash Landing ကြောင့် လေယာဉ် ခါးကျိုးတာ ဒါ ဒုတိယ အစီးပါ။
ပထမ အစီးက ပူတာအိုမှာ ဖြစ်ပီး Aircraft Type က ATR-72-212 ပါ။
Ref;weeklyeleven

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!