Popular Posts!

Thursday, December 20, 2012

Cholesterol (ကိုလက်စထော) ဆိုတာဘယ်လိုမျိုးလဲ?

Cholesterol (ကိုလက်စထော)

ဟိုတလောက သူငယ်ချင်းမတယောက် မကြာခဏ ခေါင်းတခြမ်းကိုက်နေတာတောက်လျှောက် ဆိုသလို ဖြစ်နေတာကို အကိုက်အခဲပျောက်ဆေးဘဲသောက်ပြီး ကိုယ်ကိုယ်ကိုဆေးသောက်နေတာကို တရင်တော့ အသိတယောက်ပေးတဲ့ အကိုက်အခဲဆေးသောက်ပြီး မှုးလို့အနီးနား အပြင်ဆေးခန်း ကိုသွားနေစဉ် မှာလမ်းမှာမှုးလဲလို့ အရေးပေါ်ဆေးရုံကြီးကိုရောက်လို့ သွေးတိုင်းကြည့်တော့ သွေးပေါင်ချိန်က သုန်ဝ (0)ဖြစ်ပြီးလေဖြတ်ညာဖက်လက်တခြမ်းဖြတ်သလိုဖြစ်သွားတာ သွေးတိုင်းကြည့်တော့ သွေးပေါင်ချိန်လုံးဝမတက်ဘဲ(0) ကနေမတက်ပါဘူး ! တခြားဘယ်ဖက်လက်ကိုတိုင်းမှသွေးပေါင်ချိန်တင်ပါတယ်၊ သူမက နဂိုကတည်းက သွေးကြောကျဉ်းပြီး (ကိုလက်ထောပိတ်)သွေးတွေခဲပြီး သွေးကြောပိတ်နေသလိုဖြစ်နေ တာကို တကိုယ်လုံးကိုအပ်ထရာဆောင်း ရိုက်ကြည့်လိုက်မှသိလိုက်ရပါတယ်လေ၊ ဒါကြောင့် ခေါင်းကိုက် ကိုက်နေတာလေ၊
ဒါကြောင့် နောက်ကြောခေါင်းတခြမ်းခဏခဏကိုက်နေရင်သတိထားကျပါလို့! အခုဒေါက်တာတင့်ဆွေ ရဲ့ကိုလက်စထောကို ကော်ပီကူးရင်းသတိပေးရေးသားလိုက်တာပါ၊ အဲ!ပြောရအုံးမယ်ကျွှန်တော်လဲ ကိုလက်စထောများနေလို့ ၃လ၆လတခါဆိုသလိုဆေခန်းသွားပြီး ဆေးတွေတောက်လျှောက်သောက် နေရပါကြောင်း! အစားနည်းနည်းသောင်းကျန်းလိုက်ရင်တက်ပြီလေ(၀တ်သားကိုမရှောင်နိုင်ဘူးလေ)နောက်ပြီးသူငယ်ချင်းမကလက်စွမ်းပြပြနေတော့ နဲနဲပိုဝလာလို့ ဆရာဝန်ကဆေးခန်းက ၆လချိန်းနေရာကနေ ၃လပြန်ဖြစ်သွားရပါကြောင်း! ဟီး! (အရက်သောက်လို့ သူငယ်ချင်းအင်ဂျင်နီယာက အဖော်မရှိလို့အဖော်လုပ်ပေးရင်းနှင့် အခုတော့ မသောက်တော့ပါဘူးလေ)
ကျွန်တော်ဟာ အသက် (၆၁) နှစ်ရှိ လက်ရှိသင်္ဘောလိုက်နေသော သင်္ဘောသားတဦး ဖြစ်ပါတယ်။ အခုကျွန်တော် တာဝန် ထမ်းဆောင်နေသော ကုမ္မဏီ၏ လိုအပ်ချက်အရ ဆေးစစ်ကြည့်ရာ ကျနော်၏ Cholesterol Level ဟာ အောက်ပါအတိုင်း ပေါ်လာသည်ကို သိရှိခဲ့ရပါသည်။ ထို့ကြောင့် ကျနော်အတွက် HDL မြင့်တက်လာရန်နှင့် LDL ကျဆင်းသွားရေန် အတွက် အကူအညီ တောင်းလိုက်ပါ သည်။
- Total Cholesterol level is 4.3 MMOL/L < 5.2
- Total Cholesterol level is 165 MG/DL < 200
- HDL cholesterol level is 0.84 L MMOL/L >1.04
- HDL 32L MG/DL>40
- LDL cholesterol level is 3.1HMMOL/L <2.6
- LDL 117HMG/DL: <100

လူတိုင်း အသက် ၂ဝ ကျော်လာရင် Cholesterol levels (ကိုလက်စထော) အနည်း-အများ စစ်တာကို ၅ နှစ်တခါ လုပ်သင့်တယ်လို့ သတ်မှတ်ထားတယ်။ Lipid profile လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီး ခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် -
1. LDL (low-density lipoprotein cholesterol) = Bad cholesterol
2. HDL (high-density lipoprotein cholesterol) = Good cholesterol
3. Triglycerides နဲ့
4. Total Cholesterol တွေကို သိရမယ်။

1. LDL Cholesterol (ကိုလက်စထော) အဆိုး၊
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol (ကိုလက်စထော) အကောင်း • 60 mg/dL နဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dL ထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာ စိုးရတယ်၊
• 60mg/dL ထက်များရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။

3. Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်) • 150 mg/dL ထက်နည်းတာ ပုံမှန်၊
• 150 – 199 mg/dL နဲနဲများတယ်၊
• 200 – 499 mg/dL များတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol (ကိုလက်စထော) စုစုပေါင်း
• 200 mg/dL ထက်နည်းနေတာ ကောင်းတယ်၊
• 200 – 239 mg/dL နဲနဲများတယ်၊
• 240 mg/dL နဲ့အထက် များတယ်။


High Cholesterol (ကိုလက်စထော) များနေရင် ဘာလုပ်ရမလဲ?

တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေရင် LDL ကို 70 ထက် နည်းနေအောင် လုပ်သင့်တယ်။ ဆီးချို နဲ့ တခြား ရောဂါရှိနေသူတွေက LDL 100 ထက် နည်းနေသင့်တယ်။ နှလုံးရောဂါ၊ (စထုပ်ခ်)၊ အဖျားပိုင်း သွေးကြော ရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။
(၁) တသက်လုံး လူနေမှုပုံစံကို ပြောင်းပါ။
(၂) လိုအပ်ရင် ဆေးသောက်ပါ။


(၁) Lifestyle changes include လူနေမှုပုံစံကောင်းဆိုတာ -
1. Exercise ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
2. Weight control ကိုယ်အလေးချိန် ထိန်းနေပါ။
3. Smoking ဆေးလိပ် မသောက်ပါနဲ့။
4. Healthy diet ကျန်းမာရေးနဲ့ ညီညွတ်တာသာ စားပါ။

  • Unsaturated fats နဲ့ Cholesterol နည်းတာတွေသာ စားပါ။
  • အသီးအနှံနဲ့သစ်သီးတွေ စားပါ
  •  ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ (အောလစ်ဖ်) ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ (ကင်နိုလာ) ဆီတွေ သုံးပါ။
  •  ဖိုက်ဘာများတဲ့ အစားအစာ စားပေးပါ။ (ဘာလီ)၊ အုတ်စပါး၊ ပန်းသီး၊
  • Nuts အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊ 
  •  ပဲသီးစားပါ။ Kidney, Chick peas, Lentils, Split peas, Black-eyed peas, and White beans ပဲအမျိုးမျိုး စားပါ။
 
၁- အသားတွေက ရတဲ့အဆီက ဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။
၂- မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာ ရွေးပါ။ ကျော်မဲ့အစား ပြုတ်ပါ။
၃- ကြက်သား နဲ့ ကြက်ဆင်သားတွေက ငန်းသား နဲ့ ဘဲသား အဆီထက် သက်သာတယ်။ အရေခွံ မစားပါနဲ့။
o၄- ပြုပြင်ထားတဲအသားတွေ ဥပမာ Sausage ဝက်အူတောင့်၊ Hot dogs (ဟောဒေါ့ခ်)၊ တွေမှာ အဆီ နဲ့ ဆား များတယ်။ ရှောင်ပါ။
၅- Organ meats ကလီစာကို တခါတလေမှသာ စားပါ။
o Margarine (မာဂျရင်း) က Butter ထောပတ်ထက် သင့်တော်တယ်။

(၂) Cholesterol-lowering medications (ကိုလက်စထော) ကျဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေ နောက်တမျိုး ပြောင်းပေးရတာလဲ ရှိတယ်။

- Statins ကိုအများဆုံးသုံးတယ်။ Statins ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသဲထိခိုက်၊ ကြွက်သားတွေ နာ-အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ Atorvastatin (Lipitor) နဲ့ Rosuvastatin (Crestor) တွေက ပိုပြင်းတယ်။ Fluvastatin (Lescol) က သိပ်မပြင်းဘူး။

- Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကို ပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, (Lopid) နဲ့ fenofibrate (Tricor, Fibricor) တွေဖြစ်တယ်။

- Resins (bile acid sequestrants) ဆေးက အသဲကနေ (ကိုလက်စထော) ကို ပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

- Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL cholesterol ကိုများစေမယ်။ အသဲထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

(ကိုလက်စထော) များနေသူတွေကို ဆေးကုရတာ တယောက်နဲ့ တယောက် မတူပါ။ လူတိုင်းက (ကိုလက်စထော) ကို ထုတ်ပေးနေပြီး ဒါကို အသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောက်ျားတွေနဲ့ မိန်းမတွေကို ဆေးကုရတာ မတူဘူး။ (ကိုလက်စထော) များနေလို့ ချက်ချင်း စိတ် မပျက်ပါနဲ့ အမေရိကားမှာ ကိုယ်လိုလူမျိုး သန်း ၁ဝဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dL ထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ် ဆိုတာတောင် ရှားတယ်။ အစား ဆင်ခြင်တာနဲ့ ကိုယ်လက်လှုတ်ရှားမှုတွေလုပ်တာနဲ့ အဆင်ပြေသွားသူတွေ ရှိတယ်။

Triglyceride and Sinus bradycardia နှလုံးခုန် နှေးလွန်းတာ မကောင်းပါ http://dts-medicaleducation.blogspot.in/2011/03/triglyceride-and-sinus-bradycardia.html

Cholesterol Quiz (ကိုလက်စထော) အမေး-အဖြေ

• (ကိုလက်စထော) ဆိုတာ (၂) မျိုးရှိတယ်။ LDL ဆိုတာက အဆိုး နဲ့ HDL က အကောင်းဖြစ်တယ်။

• သံသယရှိသူတိုင်းကို Lipid profile ဆိုတာ အစစ်ခိုင်းတယ်။ LDL တခုတည်းသာ ကြည့်ရတာ မဟုတ်ပါ။ တခြား နံပါတ်တွေကိုလဲ ကြည့်ရတယ်။ LDL, HDL, Triglycerides နဲ့ Total cholesterol ဆိုတာတွေ အားလုံး သိဘို့လိုတယ်။
• LDL များနေသူမှာ သွေးလွှတ်ကြောလေးတွေကို ပိတ်တာ ဖြစ်လာနိုင်တယ်။
• LDL နည်းလေ ကောင်းလေဖြစ်တယ်။ ဒါတခုတည်းတော့မဟုတ်သေးဘူး။ ဆီးချို၊ အသက်အရွယ်၊ မိသားစု နှလုံးရောဂါ ရာဇဝင်၊ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်။
• LDL levels ဓါတ်ခွဲခန်းအဖြေမှာ -
- လူအများစုမှာ 130 mg/dL ထက်နည်းနေသင့်တယ်။
- နှလုံးရောဂါ အလားအလားရှိနေရင် 100 mg/dL ထက်နည်းနေသင့်တယ်။
- နှလုံးရောဂါ အန္တရယ်ရှိနေပြီဆိုရင်တော့ 70 mg/dL ထက်နည်းနေသင့်တယ်။
• Triglycerides ဆိုတာ အဆီတမျိုးဖြစ်တယ်။ ကိုယ်ထဲမှာ စုဆောင်းထားတယ်။ (အင်နာဂျီ) လိုလာရင် ထုတ်သုံးတယ်။ သကြားပါတာ အများကြီးစားပြီး (ကယ်လိုရီ) များရင် (ထရွိုင်ဂလစ်ဆရိုက်) တွေများလာမယ်။
• Total cholesterol 200 mg/dL ထက်နည်းတာ အကောင်းဆုံးဖြစ်တယ်။
- 200-239 ဆိုတာ ကြားကျတယ်။
- 240 ထက်ကျော်ရင် များတယ်။
- စစ်ရင် Fasting test ဘာမှမစားဘဲ ဓါတ်ခွဲခန်းသွားစစ်တာအဖြေမှန်မယ်။
- နှလုံးကို ကာကွယ်ချင်ရင် Triglyceride ကို 150 mg/dL နည်းအောင် ဦးတည်စားသောက်၊ နေထိုင်ပါ။ တချို့ဆရာဝန်တွေက 100 mg/dL ဆိုတာအကောင်းဆုံးလို့ သတ်မှတ်တယ်။
- Triglyceride 150 -199 mg/dL ဆိုတာ ကြားကျတယ်။
- Triglyceride 200 – 499 များတယ်။
- Triglyceride 500 ထက်ကျော်ရင် အလွန်များတယ်။
• ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့
- Bacon ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။
- Chocolate cake ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။
- Alcohol အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။
• Diabetes ဆီးချိုရောဂါရှိနေရင်လဲ Triglyceride levels များနေနိုင်တယ်။
- Lose extra pounds ကိုယ်အလေးချိန်လျှော့ချပါ၊
- Exercise ကိုယ်လက်လေ့ကျင့်ခန်းပိုလုပ်ပါ၊
- Fiber များများပါတဲ့ Beans ပဲသီး၊ Veggies ဟင်းသီးဟင်းရွက်တွေနဲ့ Whole grains သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။
• Good cholesterol level (HDL) ကောင်းတဲ့ (ကိုလက်စထော) က 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာ ကျတယ်။ ဒီအမျိုးအစားနည်းနေတာဟာ မကောင်းပါ။
- ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊
- မိန်းမတွေဆိုရင် 50 mg/dL ထက်နည်းနေရင် မကောင်းပါ။
- အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ (ကိုလက်စထော) ပါနေမဲ့ Saturated fat တွေပါတယ်။
- Walnuts သစ်ကြားသီးကို အသင့်အတင့်စားပေးတာဟာ Junk-food snack ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေထက် ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ Fiber (ဖိုင်ဘာ) နဲ့ Omega-3 (အိုမီဂါ ၃) တွေပါလို့ဖြစ်တယ်။

Dr. တင့်ဆွေ
Ref:dts-medicaleducation blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!