Popular Posts!

Tuesday, December 18, 2012

Instant noodles ခေါက်ဆွဲခြောက်ထုပ်ရဲ့ဘေးထွက်ဆိုးအန္တရယ်များ

ကျွှန်တော်တို့တတွေအတော်များများကြိုက်တတ်တဲ့ ခေါက်ဆွဲခြောက်ထုပ်ရဲ့ဘေးထွက်ဆိုးအန္တရယ်လေး တွေ ကိုသိတဲ့လူတွေနည်းကျလိမ့်မယ်ထင်လို့ကူးပြီးတင်ပေးလိုက်ပါတယ်၊ အဓိကနိုင်ငံခြားရောက်နေကျ တဲ့ လူတွေချက်ပြုတ်ရသက်သာတယ်ဆိုပြီး(အိမ်ရှင်တွေချက်ခွင့်မပေးကျဘူးလေ)အရမ်းကိုသတိထားပြီး စားသောက်ကျဖို့ပါဘဲ! ဟိုတလောက ကိုးရီးယားခေါက်ဆွဲထုပ်တွေကို အထုပ်ကြီးပြီးစားလို့ကောင်းလို့ Bugi ကကိုးရီးယားဆိုင်မှာဝယ်စားနေတာ (စကာင်္ပူမအိမ်ဌားနေတုန်းက)အခုဒီသတင်းဖတ်ပြီး လန့်ဖန့် သွားရပါတယ်၊ အခုတော့ ဗမာသူငယ်ချင်းမကချက်ကျွှေးတဲ့ညစာ ဗမာစာကောင်းကောင်းလေးတွေ စားပြီး ပိုဝလာလို့ ဒုက္ခပိုရောက်နေရပါပြီလေ?(ဘောင်းဘီတွေအရမ်းကိုကျပ်ကုန်လို့...သွားမပြောနှင့်နော်!-း) ဒီလိုပြောလို့သူငယ်ချင်းမကောင်းကောင်း ချက်မကျွေးတော့ဘဲနေလိမ့်မယ်)
ကဲ! အပေါင်းအသင်းများသတိထားပြီးဆင်ချဉ်စားသောက်ကျပါလို့....

Instant noodles ခေါက်ဆွဲခြောက်ထုပ်

အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ် စားဖြစ်နေလို့ သိချင်ပါတယ်။

Instant noodles အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Dried noodles ခြောက်အောင် လုပ်ထားတာ ဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ် ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ၁၉၇၁ ခုမှာ Nissin နစ်ဆန်ကနေ Cup Noodles ဆိုတာ စထုတ်တယ်။ ရေစိုခံခွက် Polystyrene cup ခွက်နဲ့လာတယ်။ ၂ဝ၁ဝ စာရင်းအရ တကမ္ဘာလုံးမှာ နှစ်စဉ် ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၉၅ ဘီလျန်စားသုံးနေကြတယ်။ တရုတ်နိုင်ငံမှာ ၄၂ ဘီလျန်စားသုံးတာမို့ ၄၄% ရှိတယ်။

Health concerns ကျန်းမာရေးရှုဒေါင့်
ဝေဖန်သူတွေက ခေါက်ဆွဲခြောက်ထုပ်ကို Junk food စာရင်းထဲထည့်ပြီး၊ ကျန်းမာရေးနဲ့မညီဘူးလို့ ထောက်ပြကြတယ်။ (ကာဗွန်ဟိုက်ဒရတ်) နဲ့ အဆီများတယ်။ (ဖိုက်ဘာ)၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ နည်းတယ်တဲ့။ ဒါပေမဲ့ PFC balance (Protein/Fat/Carbohydrate) ကို စစ်ဆေးရင် Protein က 12-13% ရှိသင့်တာမှာ 9% ပါတယ်။ Fat က 20-30% ရှိသင့်တာမှာ 36% ပါတယ်။ Carbohydrate က 57-58% ရှိသင့်တာမှာ 55% ပါတယ်။ တဖက်စောင်းနင်းမဖြစ်ဘူး။ ပိုကောင်းစေချင်ရင် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်၊ အသား-ငါးကိုပါ ရောစားနိုင်ပါတယ်။

ဆား (ဆိုဒီယမ်) များတယ်လို့ ထောက်ပြတာလဲရှိတယ်။ အမေရိကန်စံနုန်းအရ အသက် ၄ နှစ်ကျော်ကလေးကနေ လူကြီးတိုင်း 1,500 mg/day ဖြစ်ပါတယ်။ ဒါကြောင့် ပိုပြောနေကြာတာလို့ ပြန်ငြင်းဆိုတယ်။ လူတွေ ကောင်းတယ် ပြောပြောနေကြတဲ့ Soup (ဆုပ်) ထက် ဆားနည်းပါတယ်။

စစ်စစ်ပေါက်ပေါက်ပြောရရင် ထုပ်ပိုးပစ္စည်းကနေ ဘာတွေပါနေနိုင်သလဲ။ ဟောမုန်းလိုဟာ ပါသလား။ စစ်ဆေးသူတွေက မတွေ့ဘူးလို့ ထုတ်ပြန်ပါတယ်။ လူအများ စိတ်ချလက်ချ စားသုံးနိုင်အောင်ဆိုပြီး World Instant Noodles Association နဲ့ ဂျပန် Convenience Food Industry Association စတာတွေကနေ အရည်အသွေးအတွက် ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။

၁။ အထဲမှာ အဓိက (ကာဗွန်ဟိုက်ဒရိတ်) တွေပါတယ်။ လူတိုင်းအထွက် နေ့တိုင်းလိုတာမျိုးပါ။ သတိထားရမှာက တနေ့မှာ လိုတာထက် ပိုစားလိုက်ရင် အပိုကို သကြားဓါတ်အနေနဲ့ ကိုယ်ထဲမှာ သိုလှောင်ထားတယ်။ ဒါကို ထုတ်မသုံးနိုင်ရင် အဆီအဖြစ် သိုလှောင်မယ်။ ဒါကြောင့် လိုတက်ပိုမစားရင် ကျန်းမာရေးအတွက် မထိခိုက်နိုင်ဘူး။ ဆီးချိုရှိသူတွေက မများရပါ။
၂။ Ingredients ဘယ်လိုဟာတွေပါနေသလဲသိသင့်တယ်။ နာမည်ရနေတဲ့ Maggi Noodles ကို Atta Noodles လို့ ကြော်ညာထားတယ်။ ဂျုံညိုနဲ့လုပ်တာက ဂျုံဖြူထက်ကောင်းတယ်။ များရင်တော့ မကောင်းလှပါ။
၃။ ခေါက်ဆွဲထုပ်နဲ့တွဲစားမဲ့အစာတွေ သတိပြုပါ။ (ပရိုတင်း) ရအောင် ကြက်သား၊ ကြက်ဥရောမယ်ဆိုရင် ဒါတွေကိုပါ သတိထားပါ။ အလားတူ ဟင်းသီးဟင်းရွက်၊ အနံ့မွှေးတွေ ပါနေတာလဲ သတိထားပါ။
၎။ ဘယ်ဆီသုံးသလဲ။ ထောပတ်ပါလား။ ဆီ (အဆီ) ၁၈% ပါတယ်။

ဂျပန်မှာ အနုမြူဓါတ်ပေါင်းဖို မတော်တဆဖြစ်ပြီးနောက်
ဂျပန်ကလာတဲ့ခေါက်ဆွဲခြောက်ထုပ်တွေကို အတော် သတိထားကြရတယ်။ ၂၈-၃-၂ဝ၁၂ နေ့ တိုင်ဝမ်ကသတင်းတပုဒ်မှာ ဂျပန်ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ဓါတ်ရောင်ခြည် သင့်ထားတယ်လို့ ဖတ်ရတယ်။ Iodine 131, cesium 134 and cesium 137 တွေ ပါနေသတဲ့။

ခေါက်ဆွဲအရောင် ဝါလာအောင်၊ ဝါးလို့ကောင်းအောင် Potassium carbonate (ပိုတက်စီယမ်-ကာဗွန်နိတ်) ကို ထည့်တယ်။ အာဟာရတန်ဘိုး မရှိပါ။

ကျွန်တော်ကိုယ်တိုင်လဲ နိုင်ငံရေးလုပ်ရင်း ဟိုနိုင်ငံ၊ သည်နိုင်ငံတွေ ခရီးထွက်ရတော့ စီစဉ်သူတွေက ခရီးစရိတ်နဲ့ တည်းခိုတာဘဲ စီစဉ်ပေးတဲ့အခါဆိုရင် ဟော်တယ်မှာတည်းပြီး ခေါက်ဆွဲထုပ်ဘဲ အားပေးရပါတယ်။

ဒေါက်တာတင့်ဆွေ


ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် များနှင့် ဓါတု အညစ်အကြေးများ

ဇွန်လ (၁၁)ရက် ကွာလာလမ်ပူ ။ ။ စားသုံးသူများမှ နံမည်ကြီး ကိုရီးယား ခေါက်ဆွဲခြောက် (Shin Ramen) ကို ဝယ်ယူစားသုံးခြင်း မပြုကြရန် စားသုံးသူများအကြား တိုက်တွန်း နှိုးဆော်မှုများ ရှိလာသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌါနမှ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။

၎င်းခေါက်ဆွဲခြောက်များကို စစ်ဆေးမှုများ ပြုလုပ်ဖို့ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ပလပ်စတစ်နှင့် ဓါတ်သုံးမျိုး (2-ethylheyl) (DEHP) (DINP) ပါရှိနိုင်ကြောင်းကို သင်္ကာမကင်း ဖြစ်ရခြင်းကြောင့် "စမ်းသပ် စစ်ဆေးမှုများမှ ဓါတုဗေဒပစ္စည်းများ ကင်းစင်ကြောင်း အတည်ပြုချက်မပေးခင် အချိန်အထိ အဆိုပါ ခေါက်ဆွဲခြောက်များကို စားသုံးခြင်း မပြုကြရန် အသိပေးချင်ပါတယ်" ဟု ကျန်းမာရေးဝန်ကြီး ဒါတွတ် ဆရီ လျောင်တန်းလိုင် မှ ပြောကြားခဲ့ပါသည်။

ကိုးရီးယား ခေါက်ဆွဲခြောက် (Shin Ramyun) ကိုလည်း ၎င်းကုမ္မဏီမှ ထုတ်လုပ်လျှက် ရှိသောကြောင့် ဝန်ကြီးမှ စီမံ ခန့်ခွဲ စမ်းသပ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။

တိုင်ဝမ်နိုင်ငံ စားသောက်ကုန်များ ကိုလည်း မလေးရှားစားသောက်ကုန် သတင်းအချက်အလက် (FoSIM)မှ အဆင့် (၄) သတ်မှတ်မှု ပြုလုပ်ထားပြီး ဓါတုဗေဒ ကင်းစင်မှုရှိမရှိ စစ်ဆေးခဲ့ပြီး ဈေးကွက်တွင်းသို့ ဖြန့်ချိခွင့်ပေးကြောင်း ထပ်မံ ပြောကြားသွားသည်။

နိုင်ငံတကာ စားသောက် သွင်းကုန်များကို အဆင့် ခြောက်ဆင့် ခွဲခြား သတ်မှတ်ထားပြီး အဆင့် (၄) ရှိ စာသောက်ကုန် အားလုံးကို စစ်ဆေးမှု အောင်မြင်သည့် စားသောက်ကုန်များ အဖြစ် သတ်မှတ်ကြောင်းနှင့် အဆင့် (၁) သတ်မှတ် ခံရသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ ဝင်ရောက်လာသည့် စစ်ဆေးမှု မပြုလုပ်ရသေးသော ကုန်ပစ္စည်းများ ဖြစ်ကြပြီး အဆင့် (၂) နှင့် (၃) မှာ သင်္ကာမကင်းဖြစ်ဖွယ် ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆင့် (၅) မှာ စစ်ဆေးပြီး ဈေးကွက်တွင်းသို့ မရောက်ရှိသေးသော ကုန်ပစ္စည်းများ ဖြစ်ကြောင်း၊ အဆင့်(၆) သတ်မှတ်ထားသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ သွင်းကုန်အဖြစ် ယူဆောင်ခွင့် ပိတ်ပင်ခံထားရသော စားသောက်ကုန်များ ဖြစ်ကြောင်း သိရှိရပါသည်။
Ref:လမ်းသစ်ဂျာနယ်

Dangers of Instant Noodles

instant-noodlesHealthy Lifestyles - Instant noodle has now become a popular lifestyle. Foods that are most favored by the people because it's cheap but affordable, it's also delicious. Makes it relatively easy too, just boiled, put seasoning and serve. But not many of our people who know about the dangers of instant noodles when consumed continuously.

Instant noodles are the noodles are cooked half-cooked, flavored and preserved. Seasoning of instant noodle are also delicious and tasty. Of course it was taken from the taste or flavor giving msg that exceeds levels. This has become one of the dangers of instant noodles.
 
Excessive preservatives and MSG is not good for the body. Too much to drink and eat food preservatives will make the body vulnerable to cancer virus. Another danger of instant noodles is to make the organs of the body becomes weaker and prone to various diseases. Good food is food that is fresh with no preservatives and less use of MSG.
 
If so, whether we should not eat instant noodles? Of course, should, insofar as not every day and not too excessive. Eating instant noodles every day to make the stomach work extra hard to destroy the preservative noodles, seasonings sharp will also make the hull is damaged and tend to stomach ulcers.
 
The following tips if you really want to eat instant noodles:
  1. Boil the noodles thoroughly and dispose of used cooking water. Use hot water as the sauce another. Do not cook instant noodles brewed in a way.
  2. Do not give all the flavor of instant noodles. Give it a little and mix with homemade condiments. At least avoid the danger of instant noodles a little of your body.
  3. Consider the packaging of instant noodles, when the expiration date, do not let you eat instant noodles that have been damaged.
  4. Do not eat instant noodles every day. Unless you are in desperate circumstances such as natural disasters are in shelters. Simply eating instant noodles once in two weeks, because the materials are in instant noodles for a long time to be digested by the stomach.
  5. After eating instant noodles, there is great drinking water. Do not hit a soft drink.
  6. Eat instant noodles you like best and has often you eat. No need to try the new instant noodles. Because when you are disappointed with the new instant noodles, you will eat instant noodles again to cover your disappointment. Of course this behavior is triggered you to eat too much instant noodles so that adds to the danger of instant noodles in your body.
Well, hopefully some useful tips on to you. Remember, the danger of instant noodles will not be directly visible now but 10 or 20 years from now, the danger that will threaten you.
 
Most of them are not educated to eat healthy foods. Parents tend to let their children eat instant noodles three times a day, as long as the kids happy and eating ravenously. Beware! Care about your family.
Ref:healthy-ls.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!