Popular Posts!

Wednesday, December 12, 2012

စင်္ကာပူမှာအလုပ်ရှာရအောင်!

 စင်္ကာပူကအလုပ်တွေနှင့်နေထိုင်မှုတွေကိုမသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်.....သိပြီးဖြစ်တဲ့ သူတွေ ကတော့သီးခံပြီးနားလည်ပေးပါ...အခုနှစ်တွေမှာအရာရာတိုင်းတောက်လျှောက်တက်နေတဲ့ ကုန်ဈေးနှုံး တွေ ကို ကြည့်ပြီးအသိပေးချင်လို့ပါ! အဖြစ်ပျက်တွေက အရင်နှစ်တွေနှင့် မတူတော့ပါဘူးလို့နှင့် ဒါကလဲ ဒီက စင်္ကာပူက၀င် ငွေနည်းတဲ့ လူတွေငြီးနေတာကိုတွေ့နေရလို့လဲပါပါတယ်လေ! နောက်ပြီးဒီကို မရောက် သေးတဲ့ သူတွေကိုအသိပညာပေးချငိလို့ပါ ဘာဖြစ်လို့လဲဆိုတော့ ဒီကအလုပ်ပန်ပန်းတဲ့ဒဏ်တွေနှင့် လစာနည်းပြီးမကိုက်လို့ပြန်သွားတဲ့လူတွေကိုတွေ့နေရလို့ပါဘဲ!
 
စင်္ကာပူအလုပ်တွေကို အလုပ်အေဂျင့်  ဆီမှာ အလုပ်ရှာတာအမြန်ဆုံးပါဘဲ! သူတို့က ကန်ထရိုက်စနစ်နှင့် ပေးတဲ့ လစာတွေကတော့ သိတဲ့ အတိုင်း ဘဲ local    ဒီကစင်္ကာပူ တွေ PR တွေဆိုရင် ဈေးကတမျိုးနှင့် နိုင်ငံခြား သားတွေ ဆိုရင်ဈေးတမျိုး ပေးတတ် ကျပါတယ၊် ဒီလိုဘဲ စင်္ကာပူတွေ PR တွေလဲ အလုပ်ရှာကျ ရတာပါ၊ သတင်းစာတွေ မှာ ၀တ်လ်ဆိုဒ်တွေ မှာ အလုပ်ခေါ်နေတာက ဒီအေဂျင့် တွေပါဘဲ! ဘယ်နေရာမှ ဒီလိုအေဂျင့် နှင့် လွတ်ကင်းတဲ့နေရာခပ်ရှားရှားပါဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရုံးတွေ ကုမ္ပဏီကြီး တွေ အစ ဒီလိုအေဂျင့်ကိုဘဲအားကိုးပြီး အလုပ်သမားတွေကိုရှာကျရလို့ပါဘဲ! အားလုံးက ပရောဂျက်တွေနှင့် လုပ်နေရတာပါဘဲ၊ အချိန်မီအလုပ်ပြီးစီးဖို့ကအရေးကြီးတကိုး၊ ဒါပေမဲ့ ဒီလိုအေဂျင့်ကြီးတွေက အလုပ်အပ် တဲ့ ကုမ္မဏီတွေဆီကဘဲ ပွဲခကိုယူလေ့ရှိတာပါ၊ အလုပ်သမားတွေ ဆီက နေယူလေ့မရှိကျပါဘူးလို့ သိရပါတယ်၊ တခြား အေဂျင့်ငယ်တွေတော့မသိပါဘူး!
 
အဲ! ဒီလိုအေဂျင့်ကြီးတွေကလဲ အစိုးရတပိုင်း ပုဂ္ဂိုလ်ကတပိုင်းပါဘဲ! ဒီလောက်ဆိုသဘောပေါက်တော့နော်!
ဒီလိုလုပ်မှာ လုပ်အားခပေါပေါနှင့် ဈေးပေါတဲ့အလုပ်သမားတွေရမှာပေါ့လို့! ဒီလိုစကာင်္ပူတွေ လုပ်စားနေတာကြာပါပြီလေ၊  အားလုံးကလဲ Custom Service ဖြစ်လို့နဲနဲသက်သာတဲ့ အလုပ်တွေဖြစ်တာ များတတ်ပြီး တချို့ကတော့စက်ရုံတွေမှာလုပ်ရပါလိမ့်မယ် မနားတမ်းစက်ရုပ်လိုလုပ်ရတာပါ အချိန်ပိုကြေး
ရတတ်ပါတယ်၊ ရွှေဗမာတွေတော်တော်များများထင်နေတာက ဒီစကာင်္ပူမှာ အလုပ်လုပ်တာ လုပ်ခက
ပိုကောင်းကျတယ်လို့မှန်တာတော့မှန်ပါတယ် ပိုပြီးပင်ပန်းတယ်ဆိုတာသိတဲ့လူက ဒီကိုရောက်ဖူးတဲ့ သူတွေ လောက်ဘဲသိကျမှာပါလေ! ဗမာပြည်ကထက်ပိုရမှာပေါ့ ပိုလုပ်ရလို့သိကျတာ မဟုတ်ဘူးလေ!
ဒါကလဲ နိုင်ငံတကာစံနှုန်းတွေအတိုင်းလုပ်ရတာကိုး! သူ့အဆိုင်းနှင့်သူ၂၄ နာရီတောက်လျှောက် လုပ်နေ တာပါ၊ မ နက်၉မှညနေ၆နာရီပါ (၈နာရီ) တပတ်၅ရက်ပါ ဒါကအစိုးရကရုံးတွေမှာပါ၊ ဒါပေမဲ့ စနေနေ့
နေ့ဝက် အလုပ်ဆင်းပေးရသေးပါတယ် (၄၄နာရီပါ)မနက်၈မှ ည၈နာရီ(၁၂နာရီ)ပါ၊ ဒါပေမဲ့ နိုင်ငံခြားသား အလုပ်ကြမ်းသမားတွေကိုတော့တလ၂၆ရက်လောက်ကိုခိုင်းနေတာကိုတွေ့နေရပါတယ်၊ တချို့လောက်ဘဲ အချိန်ပိုကြေးရတတ်ပြီး တချို့တော့ မရပါဘူးလို့သိရအတယ်၊ ဗမာပြည်ကလို မနက်၉မှညနေ၅နာရီ
မဟုတ်ပါဘူး!
ဒါကလဲစုဆောင်းမိကျတဲ့လူတွေအနည်းငယ်လောက်ပဲရှိပါလိမ့်မယ်ထင်တယ်နော်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာက bands အသစ်တွေတောက်လျှောက်ထွက်ရှိနေတော့ဝယ်သုံးကျတာ တခြားလူမျိုးတွေ ထက် ရွှေတွေပိုများ နေတာကိုတွေ့နေရပါတယ်လေ၊
ဒီမှာလူတယောက်ရဲ့စရိတ်က အများနှင့်နေရင်$ ၅၀၀-၇၀၀လောက်ရှိပြီးတယောက်ထဲနေရင် $၈၀၀ကနေ၁၁၀၀ကျော်ပတ်လည်လောက်ရှိပါတယ်၊ ကဲ! လာချင်သေးလား? ဒီနှစ်ထဲမှာ အခန်းဌားခတွေ တောက် ရှောက်တက်နေပါတယ်လို့သတိပေးပါရစေ! ချက်စားလို့ရတဲ့ ရွှေအိမ်ဦးခန်းပိုင်ရှင်တွေဆို ပိုဈေးကြီး တတ်ပြီး (တဆင့်ဌားရလို့) အခုလောလောဆယ်၃ယောက်တွဲ အခန်းကို ၂၅၀-၃၀၀အောက်မှာ မရတော့ပါဘူး ! တချို့ဆို ၂ယောက်တွဲကို ၄၀၀ကျော်တောင်ယူပါတယ်! ကဲ! တယောက်ထဲကို ၆၅၀ကနေ ၈၀၀လောက်ယူချင်နေပါတယ်လို့သိရပါတယ်၊ အရင်နှစ်ကထက် ၁၀၀-၂၀၀လောက်ပိုများ နေတာကို တွေ့ရပါတယ်၊ လစာတက်နှုံးထက်ပိုများနေတယ် လေ၊  အသိတယောက်   Technician ပညာရှင်က ပြောတယ် ဒီမှာအလုပ်လုပ်တာမကိုက်ချင်တော့ဘူးတဲ့ (မိန်းမနှင့်ခွဲရလို့နှင့်ဖုန်းခေါ်ရလို့လေ) ဒီကြားထဲ ဖုန်းဖိုးချည်း ဘီလ် တလ ၂၀၀-၃၀၀လောက်ကျတယ်လေ! ကဲ!  ဒီလိုဆို ဘယ်လိုစုမီမလဲနော်! ကျွှန်တော်တို့ဖုန်းဘီလ် တလ ၈၀ကျော်ရင်အော်နေပြီ၊ ဘယ်လိုပြောလဲ မသိဘူး!
 
စကာင်္ပူမှာအလုပ်လာရှာချင်ရင်တော့ ယောင်္ကျားလေးတွေဆိုရင်   အသက်ငယ်တဲ့ဘွဲ့ရ နှင့် နိုင်ငံတကာအသိမှတ်ပြုထားတဲ့ Technician level အင်ဂျင်နီယာပညာရှင်တွေကိုမှာ ဒီမှာ ခေါ်ယူတာ ကိုတွေ့ပါကြောင်း အသိပေးလိုက်ပါတယ၊် လစာကတော့ $1200ကနေ2000 ပတ်လည်အများဆုံးပါဘဲ လို့သိရပါကြောင်း၊  ဒီကကျောင်းဆင်းတွေကတော့ ပိုရပါလိမ့်မယ်၊ မိန်းခလေးတွေ ဆိုရင်  အသက်ငယ် တဲ့ဘွဲ့ရ နှင့်နိုင်ငံတကာ အသိမှတ်ပြုထားတဲ့ လက်မှတ်ရထားတဲ့လူတွေကိုဘဲ ဦးစားပေးတတ်ပါတယ် admin နှင့် account တွေမှာဘဲတွေ့ရတတ်ပါတယ်၊ အဓိက အင်္ဂလိပ်ဘာသာ စကားတွေပါဘဲ တရုတ်လိုပြောနိုင်ရင် ပိုအဆင်ပြေပို အလုပ်လွယ် နေတာကိုတွေ့နေရပါတယ်၊ နေရာပိုရပါတယ်၊ နောက်ပြီးအလုပ်ကျွှမ်းကျင်မှုတွေလဲလိုပါတယ် ၊ အစမ်းခန့် ၃လကနေ၆လကြာတတ်ပြီး ၁နှစ် ၂နှစ် ကန်ထရိုက် စနစ်ဘဲ သက်တမ်းရှိပါတယ်၊ permanent ဆိုတဲ့ အမြဲတမ်းအလုပ်ရဖို့ မလွယ်ကူပါဘူး! အထက်အရာရှိတွေ ကြိုက်ရင်တော့ဆက်လက် ခေါ်ယူတတ်ပါကြောင်း ဒါကြောင့် ဘာသာစာကားများများ တတ်ကျွှမ်းမှုက ဒီနေရာမှာ ပိုအသုံးဝင်နေတတ်ပါတယ်၊ အတင်းပြောလို့ ကောင်းတာနှင့် ဖားလို့ကောင်း တာလေ၊ နောက်ပြီးအလုပ်ထဲမှာ ခေါင်းပုံဖြတ်တတ်ပါတယ် သူအလုပ်ကို ကိုယ်ထဲထည့်ပြီး နောက် ပြဿနာတက်ရင် ကိုယ်ကိုထိုးပေးတတ်ပါတယ် ဒီနေရာမှာ စကားတတ်ရင်ဖြေရှင်းလို့ရပေမဲ့ ဘာသာ
စကား မကျွှမ်းကျင်ရင်သေပြီပေါ့၊  ဒါကြောင့်ဒီမှာ ဘာသာစကားနားလည်မှု ၇၀% အဓိကကျပြီး အလုပ်ကျွှမ်းကျင်မှုက ၃၀% က နောက်ပိုင်းမှ ကိုယ်ရဲ့အရည်အချင်းကိုသူတို့သိတာပါလေ၊ နောက်ပြီးအဓိကသိထားဖို့ကဒီမှာက အလုပ်ရှင်ကအချိန်မရွှေး အလုပ်ဖြုတ်နိုင်တယ်ဆိုတာပါဘဲ! ဒါတွေကြောင့် အလုပ်သမားတွေကလဲ ပိုပေးရင် ထွက်ဖို့ဝန်မလေးပါဘူး၊ အမြဲတမ်းအလုပ်ရှာနေ ရတော့တာပါဘဲလေ! ဒီမှာက အလုပ်တခုမှာနှစ်ကြာကြာလုပ်တဲ့လူတွေရှားပါတယ်!
ဒါကြောင့် ပွဲစားနိုင်ငံဆိုတော့ ဖြတ်စားလပ်စားရှိမှ ကိုက်မှလုပ်တတ်တဲ့နိုင်ငံ မဟုတ်ဘူးလား! ၀န်ဆောင်မှု ကောင်းတဲ့ ဘဏ်စနစ်တွေ နှင့် ဒီကလူတွေကို လစာ ၂၅၀၀အထက်ရတဲ့သူတွေကို Credit Cardဆိုတဲ့အကြွေးဝယ်ကဒ်တွေပေးပြီး တောက်လျှောက် ခိုင်းစားနေတာလေ၊ ဒါကလဲ   လူလတ်တန်းစား အရာရှိတွေ လောက်ဘဲခံစားနေရတပါ၊ (PR ဖြစ်တဲ့နိုင်ငံခြားသားတွေများ နေတာကို တွေ့နေရပါတယ်၊ ဘဏ်ချေးငွေရပြီး အိမ်ဝယ်နိုင်ကျတယ်လေ အိမ်ဌားခတွေတောက်လျှောက်တက်တော့ မြန်မာပြည်က ထက်ပိုကိုက်တယ်)၊ PR အသိလင်မယားတွေ ဒီလိုဘဲ HDB အိမ်သစ်ကိုငွေအကြေချေပေးဝယ်ပြီး ၅နှစ် ကျော်ရင် တအိမ်လုံး ဌားလို့  ရတဲ့ငွေနှင့်မြန်မာပြည် ပြန်နေတယ်လေ၊
ကိုယ်ပိုင်အိမ်မ၀ယ်နိုင်တဲ့ဝင်ငွေနည်းတဲ့ လစာ ၂၅၀၀အောက်ရှိတဲ့  လူတန်းစားအတွက်တော့ ၀င်ငွေ ထွက်ငွေ လုံးချာလိုက်ပါဘဲ၊ အရင်နှစ်တွေထက် ဒီနှစ်ပိုင်းမှာ ကုန်ဈေးနှုံး၊အိမ်ခန်းခတွေ၂ဆလောက် တောက်လျှောက်တက်တော့ ၀င်ငွေနှင့်ထွက်ငွေမမျှတော့ပါဘူး! လစာက ဘာမှတက်တာ မဟုတ်ဘူးလေ ဒါကြောင့် ပိုပေးတဲ့ အလုပ်ပြောင်းရတော့တာပေါ့!
 
နောက်ပြီးသိရသလောက်(တွေ့ဖူးကြုံဖူးတာနော်) အလုပ်ထဲမှာလက်ရှိရွှေမိန်းခလေးတွေ အချင်းချင်း ဘာဖြစ်လိုလဲတော့မသိဘူး မတည့်ကျတာများနေပါတယ် (ယောကျာင်္းလေးတွေထက်) တခြားလူမျိုးတွေ ထက်ပိုများနေတာကိုထူးခြားနေတာကိုတွေ့နေရလို့ပါ! စည်းရုံးမှုပိုင်းမှာပိုအားနည်းနေတတ်တာကိုပိုတွေ့ နေရပါကြောင်း!
 
Are you looking for Singapore IT jobs! ဒီဆိုဒ်တွေက နာမည်ကြီးရုံးတခုရဲ့  jobs Agency တွေပါဘဲ....ဘယ်လိုဖြစ်လို့ Agency တွေခံထားလဲ သဘောပေါက်တော့နော်! ဘာမှဆက်မပြောရဲပါဘူးလို့၊ ဒီလိုဘဲ တခြားရုံးတွေလဲရှိမှာပါလေ! ဒါကြောင့်လဲ နိုင်ငံတော်ကပရောဂျက်အကြီးကြီးတွေရနေရတာပေါ့လို့! ဒါနှင့် နိုင်ငံခြားသားကိုခေါ်နေတာတွေ့လိုတင်ပေးလိုက်ပါတယ်! ကြိုးစားကြည့်လိုက်ပါအုံးနော်?
http://www.jobguru.com/?mobile=n

နောက်ပြီးနည်းနည်းလောက်သတိပေးလိုက်ချင်ပါသေးတယ်..
Customer Service မှာ နှစ်မျိုးရှိပါတယ် Work Permit နှင့် ၀င်လာတဲ့လူတွေကို တနာရီကို $ ၃.၅၀-၅ လောက်ဘဲအများဆုံးရကျတာကိုတွေရပါတယ၊်တချို့ဆိုတလမှာ၂-၄ရက်ဘဲနားရက်ရှိတယ်လို့သိရပါတယ်၊
နောက်တမျိုး Technician/Engineer ဆိုတဲ့ outdoor  Service တွေကိုသွားရတဲ့ SPass နှင့် EPသမားတွေကိုတော့ တနာရီကို $၈-၁၅လောက်ဘဲရကျပါတယ်၊ ဒါလဲဘဲ တလကို ၆ရက်လောက်ဘဲနားရက် ရကျပါတယ်၊ ပင်ပင်ပန်းပန်းလုပ်ရတဲ့စက်ရုံတွေလဲ ဒီနှုန်းတိုင်းလောက်ဘဲရှိပါတယ်၊ ဒါပေမဲ့အချိန်ပို လုပ်ခ ပိုရတတ်ပါတယ်!
တကယ်တန်း စကာင်္ပူရဲ့ရုံးချိန်က တနလာင်္ကနေသောကြာလို့ မနက်၉နာရီကနေညနေ၆နာရီပါ၊ ဒါပေမဲ့ တော်တော်များရုံးတွေမှာ အခုထိစနေနေ့နေ့ဝက်လဲ (၄၄နာရီ) အလုပ်ဆင်းပေးနေရပါသေးတယ်၊ အဲင်္ဒီလိုပြောလို့ ကြောက်မသွားပါနှင့် ဒါအမှန်ပါဘဲ! ဟင်း!ဟင်း!
ဒါပေမဲ့ IT သမားတွေက ၂၄နာရီလုံးတာဝန်ယူကျရတော့ ၈ နာရီဆိုင်း ၁၂နာရီဆိုင်းဆိုပြီး သူအဆိုင်း နှင့်သူလုပ်ကျရပါတယ်၊ အဲဒီမှာ ၁ရက်လုပ်တရက်နား ၁၂နာရီဆိုင်းနှင့် ၁၅ရက် ကို မနက် ၈ကနေ ည၈နာရီ(သို့) တရက်နေ့ဆိုင်းနောက်တရက်ညဆိုင်းဝင်ရရင် ၃/၄/၄/၃ဆိုပြီးဝင်ကျရပါတယ်၊ ၈နာရီိဆိုင်း သမားတွေကတော့ ရုံးချိန်နှင့်အင်ဂျင်နီယာကြီးတွေကတော့ Server  down စက်တွေပျက်ရင်တော့ နေ့နှင့်ညရုံးပိတ်လဲ အလုပ်ဆင်းရပါကြောင်း! နောက်အရေးကြီးတဲ့အချက်ကတော့ အလုပ်တော်တော်များများ ကတော့ Contract ဆိုတဲ့ တနှစ်နှစ်နှစ်စာချုပ်လောက်စာချုပ်ပြီးတော့အလုပ်ခန့်ကျပါတယ်လို့ပြောရင်း ဗမာပြည် ကလို အမြဲတမ်းရှေရှည်တရားဝင်ခေါ်ယူပြီး အလုပ်ခန့်တာမဟုတ်ကျပါဘူးလို့ပြောပါရစေ...
အဲ!အလုပ်ရလို့ပျော်မယ်မကျန်သေးဘူး အလုပ်မှာတခုခုမှားလို့ကတော့ (Customer တခုခု Complain တက်လို့ကတော့) အလုပ်ဖြုတ်ဖို့လဲဝန်မလေးကျပါဘူးသိထားစေချင်ပါတယ် (သို့)  နောက်နှစ်တွေမှာ ကန်ထရိုက် တွေဆက်မရရင် အလုပ်ဖြုတ်ပစ်ကျမှာကတော့ အသေချာပါဘဲလေ!
နောက်ပြီးပြောချင်သေးတယ်  လစာများများလိုချင်ကျတဲ့ကိုကိုမမလေးတွေသိထားဖို့ကလစာများများ ပေးလေ အလုပ်တွေက pressureတွေများတယ်ဆိုကိုသိစေချင်တယ်၊ ဒီဒဏ်ကိုခံနိုင်ရင် လစာကောင်း ကောင်းလေး တွေရနိုင်ပါကြောင်း! အသိတယောက်ဆို မန်နေဂျာဝင်လုပ်ကြည့်တော့ ဒဏ်မခံနိုင်လို့ အောက်နိမ့်တဲ့အဆင့်ဆင်းပြီး ၀င်လုပ်နေရတယ်လေ! :(
ကဲ..အပေါင်းအသင်းတွေ စကာင်္ပူမှာအလုပ်လုပ်ချင်သေးရဲ့လား! ဒါကြောင့်လဲ စကာင်္ပူတိုးတက်နေရတဲ့ အကြောင်းရင်းတွေပါဘဲ!

ဆက်စပ်သတင်းတွေကို ဒီမှာဖတ်ကြည့်လိုက်ပါ>>
စင်္ကာပူကလက်ရှိလစာများ! [သို့] Salaries in Singapore!
အလုပ်အကိုင်သတင်းများ!
စင်ကာပူမှ ဆောက်လုပ်ရေးအလုပ်အကိုင်များနှင့် မြန်မာများ


ဒါက လစာအကြောင်းဆင်ခြေတက်ထားတာကိုကြည့်လိုက်ကျပါအုံး!
forums.salary.sg/income-jobs
Reviews in Singapore, Singapore Area!
Salaries in Singapore, Singapore Area!

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!