Popular Posts!

Monday, November 7, 2011

ဘဏ်များအားလုံး အပ်ငွေအာမခံ ထားရှိရမည်

Wednesday, 26 October 2011 01:25 | 


မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် ယခုလ ၁ ရက်နေ့မှ စတင်၍ အပ်ငွေအာမခံစနစ် စတင်ထားရှိရမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပ်ငွေအမျိုးအစားသည် ဘဏ်များတွင် အပ်နှံမည့် ငွေအပ်နှံသူများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ကြောင်းနှင့် အပ်နှံသူ၏ အပ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အာမခံကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုလုပ်တာက ငွေအပ်နှံသူကို ပိုမိုယုံကြည်စေပါတယ်။ အရင်ကလည်း ဘဏ်တစ်ဘဏ်လိုင်စင်ရုပ်သိမ်းခံရတယ်။ သူ့မှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ရောင်းတာ ဈေးမြင့်တက်လာတော့ မပေးနိုင်တာရှိခဲ့ဖူးတယ်။ ဒါက မိုးမပြို၊ ပြိုခဲ့ရင်ဆိုတဲ့ ပုံစံမျိုးပါ” ဟု ပုဂ္ဂလိက ဘဏ်တစ်ဘဏ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များ ဒေဝါလီခံရခြင်း၊ တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လိမ်ခံရခြင်း၊ တစ်စုံတစ်ရာဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လျော်ကြေးငွေပြန်လည်ရရှိမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များအပေါ် ယုံကြည်မှုပိုရှိလာစေရန်၊ ဘဏ်လုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် ဘဏ်စနစ် ကောင်းမွန်စေခြင်းဖြင့် နိုင်ငံပိုင် စီးပွားရေးကို အထောက်အကူပြုစေရန်ဖြစ်ကြောင်း သိရသည်။
ယခင်က ဘဏ်များသည် ပိုင်ဆိုင်သည့် အဆောက်အအုံများငွေပို့ငွေလွှဲများအတွက်သာ အာမခံထားရှိခဲ့ကြပြီး၊ အပ်ငွေအာမခံကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးရှိပြီး ယခုနှစ်တွင် ပြုလုပ်သော အပ်ငွေအာမခံသည် အသစ်ထပ်မံ ဝန်ဆောင်မှုပေးလာသော အာမခံအမျိုးအစားတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။
အပ်ငွေအာမခံအတွက် ဘဏ်များက ပေးသွင်းရမည့် ပရီမီယံကြေးမှာ ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်နေသော စံနှုန်းများ၊ နှုန်းထားများနှင့် ညှိနှိုင်းကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အပ်ငွေပမာဏကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက် ၁၀၆ နိုင်ငံတွင် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ၁၀၇ နိုင်ငံမြောက် ဝန်ဆောင်မှုပေးလာမည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
Ref :myanmarnewszone

ငါးဟင်းထုပ်

Wednesday, 26 October 2011 01:47 | 


ပါဝင်သောပစ္စည်းများ
ရဲယိုရွက် - အနည်းငယ်
ငါးဖယ်ခြစ် - ဆယ့်ငါးကျပ်သား
ငှက်ပျောဖူး - တစ်ခြမ်း
ဆန်မှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ငါးဟင်းထုပ်ထုပ်ဖို့အတွက် ပထမဦးဆုံး ငှက်ပျောဖူးအတွင်းသားနုနုကို ခပ်ရိတ်ရိတ်လှီး ပါမယ်။ ပြီးရင်ဆား၊ ဆန်စိမ်းမှုန့်တိုနဲ့ နယ်ထားပါ။ ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ ဆားထည့်ပြီး ထောင်းထားပါ။ ရဲယိုရွက်နုနုကို သန့်စင်အောင် ရေဆေးပြီးမှ ရေကိုခါကာ ဆီသုတ်ပါမယ်။ ဆီသုတ်ပြီးတဲ့ ရဲယိုရွက်ပေါ်ကို ငှက်ပျောဖူးနဲ့ ဆန်မှုန့်နယ်ထားတာကို အပြန့်လိုက်လေးခင်းပေးပါ။ ပြီးရင် အပေါ်တစ်ထပ်က ခုနက ထောင်းထားတဲ့ ငါးဖယ်ခြစ်ကို အနေတော်ထည့်လိုက်ပါ။
အစာတွေထည့်လို့ပြီးသွားရင်တော့ ရဲယိုရွက်ကို မုန့်ဖက်ထုပ်ထုပ်သလို အထုပ်လေးထုပ် လိုက်ပါမယ်။ ထုပ်ပြီးသား ဟင်းထုပ်တွေကို ရေထည့်ထားတဲ့ ထမင်းပေါင်းအိုးက ပေါင်းခံ ခွက်ထဲကို ဆီထည့်ပြီး နာရီဝက်လောက် ပေါင်းပေးပါ။ နာရီဝက်လောက်ဆိုရင် မွှေးပြီး အရသာစိမ့်တဲ့ ငါးဟင်းထုပ်တွေကိုရပါပြီ။ အဲဒီတော့မှ ငါးဟင်းထုပ်တွေကို အနေတော် အပိုင်းလေးတွေ ဓားနဲ့ လှီးပြီး ပန်းကန်ထဲထည့်ကာ ကြိုက်ရာအချဉ် တစ်မျိုးမျိုးနဲ့ တွဲဖက် စားသုံး လို့ရပါတယ်။
တကယ်လို့ ငါးဖယ်ခြစ်မသုံးဘဲ သက်သတ်လွတ် စားမယ်ဆိုတဲ့ သူတွေကတော့ ငါးဖယ်ခြစ် အစား မုန်လာဥနီနဲ့ မုန်ညင်းထုပ်ကို ခပ်ပါးပါးလှီးပြီး သက်သတ်လွတ် အစာသွပ်လို့ရပါတယ်။
Ref : 7 Day News

ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ ယခုလ ဒုတိယပတ်အတွင်း ကားသွင်းခွင့်ရမည်

Sunday, 06 November 2011 Written by The Voice Weekly


ရန်ကုန်၊ နိုဝင်ဘာ ၃

အစိုးရသစ်၏ ကားသွင်းခွင့် မူဝါဒသစ်တွင် ပါဝင်သော ဘဏ်အပ်ငွေ ဒေါ်လာတစ်သိန်း ရှိသည့် ကုမ္ပဏီများနှင့် ဘဏ်အပ်ငွေ ဒေါ်လာ သုံးသောင်း ရှိသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ ယခုလ (နိုဝင်ဘာ) ဒုတိယပတ်အတွင်း ကားသွင်းခွင့် စတင်ရရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

" မကြာခင် ရက်ပိုင်းအတွင်း ကြေညာချက် ထွက်မှာပါ။ အသေးစိတ် အချက်အလက်တွေကို မီဒီယာတွေကို ထုတ်ပြန်ပေးပါ့မယ် " ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဘဏ်ထဲတွင် ဒေါ်လာ သုံးသောင်း သွင်းထားသော ပြည်ပရောက် မြန်မာလုပ်သားများနှင့် ဘဏ်ထဲတွင် ဒေါ်လာ တစ်သိန်း သွင်းထားသော ကုမ္ပဏီများ ကားသွင်းခွင့်ကို ယခုလ ဒုတိယပတ်တွင် စတင်ခွင့်ပြုနိုင်ရန် ဆွေးနွေးညှိနှိုင်း ထားပြီးဖြစ်ကာ အသေးစိတ် လုပ်ဆောင်ရန် ရှိနေသည်များကို ဆက်လက်ဆွေးနွေး လုပ်ဆောင်နေရာ ယခုရက်ပိုင်းအတွင်း အပြီးပြတ် ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ပရောက် ဘဏ်ထဲတွင် ဒေါ်လာ သုံးသောင်းနှင့် ဒေါ်လာ တစ်သိန်းရှိသော မြန်မာလုပ်သားများနှင့် ကုမ္ပဏီများ ကားသွင်းခွင့် ပြုမည့်အပြင် အခွန်ပေးဆောင်သော နိုင်ငံသားတိုင်း ကားသွင်းခွင့် ရရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။

" ပြည်ပရောက် မြန်မာလုပ်သားတွေနဲ့ ကုမ္ပဏီတွေ ကားသွင်းခွင့် ပေးတော့မယ် ဆိုတော့ ကားသောင်းဂဏန်း ထပ်ဝင်လာ နိုင်တယ်။ ဒီတော့ ပြည်တွင်းကားဈေး နိုင်ငံတကာ ပေါက်ဈေးနီးပါး ပြုတ်ကျသွားမယ်။ ဒါ ကြိုဆိုရမှာပါ။ ဒါပေမဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ မဖြစ်ဖို့ကိုလည်း စဉ်းစားပြီး ကြိုတင်လုပ်ဆောင် သွားသင့်ပါပြီ " ဟု ပို့ကုန် လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ်ပြသည်။

ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်းတို့တွင် မြန်မာ ကော်လံဖြူများနှင့် သင်္ဘောသားများ စုစုပေါင်း သုံးသိန်းနီးပါး ရှိပြီး ၎င်းတို့၏ သုံးပုံတစ်ပုံ ကားသွင်းရန် စိတ်ဝင်စားပါက လူတစ်သိန်းခန့် ရှိမည်ဖြစ်ရာ ပြည်တွင်း ကားဈေးကွက်တွင် ကားဈေးနှုန်းများ သေချာပေါက် ကျဆင်းသွားနိုင်ကြောင်း၊ ယင်းအပြင် အဆိုပါ လူတစ်သိန်းက မြန်မာနိုင်ငံသို့ ပို့ထားသောငွေများကို ဟွန်ဒီလွှဲ၍ ဒေါ်လာဝယ်ပြီး မြန်မာနိုင်ငံရှိ ဘဏ်တစ်ခုခုသို့ တရားဝင် ဒေါ်လာအဖြစ် ဒေါ်လာ သုံးသောင်းစီ ထည့်သွင်းလျှင် မြန်မာနိုင်ငံရှိ ဘဏ်များတွင် အမေရိကန် ဒေါ်လာ သုံးဘီလီယံ ရောက်ရှိလာမည် ဖြစ် (သတင်းဖော်ပြပြီး The Voice Weekly Vol.7/ No.40) သည်။

Saturday, October 29, 2011

ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ




ဝါရှင်တန်အခြေစိုက် FreedomHouse အဖွဲ့ကြီးက နှစ် ၇၀ မြောက် နှစ်ပတ်လည် အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Freedom Award လွတ်လပ်မှုဆုကို ချီးမြှင့်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားရုန်းကန် လှုပ်ရှားမှုတွေအတွက် အခုလို ဆုချီးမြှင့်လိုက်တာလို့ Freedom House အဖွဲ့ကြီးက ပြောပါတယ်။

Freedom House အဖွဲ့ဟာ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေအတွက် လှုပ်ရှားနေသူတွေကို ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုချီးမြှင့်တာဖြစ်ပြီး လွတ်လပ်စွာ ရေးသားမှုမှာ ဦးဆောင်တဲ့ Google နဲ့ နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့တဲ့ Washington Post သတင်းစာ အယ်ဒီတာ အဖွဲ့တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယ ကမ္ဘာစစ်ဒဏ် ခံနေရချိန် ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Freedom House အဖွဲ့ဟာ သက်တမ်းအရင့်ဆုံး လူ့အခွင့်ရေး အဖွဲ့ကြီးဖြစ်ပါတယ်။ Freedom House အဖွဲ့ကြီးရဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ချီးမြှင့်မယ့် Freedom Award လွတ်လပ်မှုဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဒေးဗစ် ဂျေ ခရေမာ David J. Kramer ကပြောပါတယ်။

”လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက်သာမကဘဲ ဒီလိုရုန်းကန်နေကြရတဲ့ ကမ္ဘာတ၀ှမ်းက လူတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က အားကျစေခဲ့ပါတယ်။ ဒါ့ပြင် သူ့နိုင်ငံ လွတ်လပ်ရေးရဖို့ တောင်းဆိုတဲ့အခါမှာ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ ဘာလဲဆိုတာ သိလာအောင် ကိုယ်တိုင် လက်တွေ့ဦးဆောင်ပြီး လုပ်ပြနေတဲ့သူ ဖြစ်ပါတယ်။

သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေအတွက် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ရုန်းကန်ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြတ်နိုးလေးစား ဂုဏ်ယူကြောင်း ပြသနေသူတွေထဲမှာ Freedom House ကလည်း ပါဝင်တယ်ဆိုတာ ပြချင်လို့ပါ။ နောက် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသအရေးကို အားလုံးက စိတ်ဝင်တစား ဖြစ်နေကြချိန်မှာ အလားတူ လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးလည်း ရှိနေသေးတယ်ဆိုတာ ကမ္ဘာက မမေ့စေချင်တာလည်း ပါပါတယ်”

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အတွင်း ကမ္ဘာတ၀ှမ်း လွတ်လပ်မှု အရသာ အပြည့်အ၀ ခံစားကြစေဖို့အတွက် ပညာပေး အစီအစဉ် အမျိုးမျိုးနဲ့ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ် အတွင်း ပထမဆုံး ဂုဏ်ပြုနိုင်တဲ့အတွက် ၀မ်းမြောက်တယ်လို့ ဆိုပါတယ်။

” Freedom House က အခုလို ဆုမပေးတာ ၁၅ နှစ်ရှိပါပြီ။ ဒါပေမယ့် လူ့အခွင့်ရေးနဲ့ လွတ်လပ်မှုကို သိရှိခံစားလာစေဖို့ ကြိုးပမ်းလုပ်ဆောင်နေသူတွေ၊ လှုပ်ရှားတဲ့သူတွေကို အသိမှတ်ပြု ထုတ်ဖော်ရေး ဟာ သိပ်ကိုအရေးကြီးတယ်လို့ ခံယူ မိတာနဲ့အမျှ ကမ္ဘာတ၀ှမ်းမှာ လိုက်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လောက် စွမ်းဆောင်နိုင်သူကို မတွေ့ရပါဘူး။ အခုလို ကျွန်တော်တို့ အဖွဲ့က ပေးတဲ့ ဆုကို သူလက်ခံခဲ့ပြီး ဗီဒီယိုမိန့်ခွန်း ပေးပို့မှာမို့ သူ့ကို အခုလိုဂုဏ်ပြုရတာ ကျွန်တော်တို့ ကျနော်တို့ သိပ်ကို ၀မ်းမြောက်ခဲ့ရပါတယ်”

Freedom House အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီခွဲမှာ ၀ါရှင်တန်ဒီစီမှာရှိတဲ့ နယူဆီယမ် Newseum အဆောက်အဦးမှာ ထင်ရှားတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကော်မတီ ရှေ့မှောက် ဆုပေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပေးမယ့်ဆု အားလုံးပေါင်း လေးခုပါ။ Freedom Award လွတ်လပ်မှုဆုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်းကို အခမ်းအနားမှာ ဖွင့်ပြမှာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ပေးမယ့်ဆုတွေထဲမှာ Corporate Leadership Award လို့ခေါ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်မှု အတွက် ဦးဆောင်တဲ့ဆုကို ချီးမြှင့်မှာဖြစ်ပြီး ဒီဆုကို Google အဖွဲ့က ရရှိခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာဆောင်းပါးတွေ အယ်ဒီတာ့ အာဘော်တွေကို ထူးထူးခြားခြား တင်ဆက်လေ့ရှိတဲ့ ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာအဖွဲ့ကိုတော့ Raising Awareness Award လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုင်ရာ အသိပညာကို မြှင့်တင်နိုင်တဲ့ ဆုကို ချီးမြှင့်တာဖြစ်ပြီး Freedom House အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးတဦးဖြစ်သူ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးရာတွေကို တသက်တာလုံးဆောင်ရွက်ခဲ့သူ Max M. Kampelman ကိုတော့ Lifetime Achievement Award တသက်တာ အောင်မြင်မှုဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။


- Posted using BlogPress from my 4GiPhone

Friday, October 28, 2011

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်




အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတ၀န်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

Akamai ကော်ပိုရေးရှင်းက ကမ္ဘာတ၀န်းနိုင်ငံတွေနဲ့ ဒေသပေါင်း ၂၃၈ ခုက အင်တာနက်လိပ်စာပေါင်း ၆၀၄ သန်းကျော်ကို လေ့လာစောင့်ကြည့်ရာမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ ပထမနဲ့ ဒုတိယ ၃ လပတ်တွေအတွင်း မြန်မာနိုင်ငံဟာ အင်တာနက် တိုက်ခိုက်မှုတွေ အဓိက အခြေခံလာတဲ့ တိုင်းပြည်တစ်ခုအဖြစ် တွေ့ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ အင်တာနက် စာမျက်နှာတွေကို ၀င်ရောက်ကြည့်ရှုရာ လမ်းကြောင်းဖြစ်တဲ့ Ports 80 လို နေရာမျိုးမှာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက် ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အထူးသဖြင့်ကတော့ လူအများ ၀င်ရောက်ကြည့်ရှုကြတဲ့ ၀က်ဘ်စာမျက်နှာတွေ၊ လုံခြုံစိတ်ချရအောင် စီမံထားတဲ့ အီးမေးလ်လို အင်တာနက် ဆက်သွယ်မှုတွေမှာ မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေက ပစ်မှတ်ထားတာ တွေ့ရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၃ လပတ်အစီရင်ခံစာ ရေးသားပြုစုသူတစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန် (David Belson) က ပြောပါတယ်။

”မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေဟာ Ports 80 နဲ့ Ports 443 တို့ကို အထူးသဖြင့် အာရုံစိုက်နေတာကို ကျနော်တို့ တွေ့နေရပါတယ်။ Port 80 ဆိုတာကတော့ ပုံမှန် http လိပ်စာနဲ့ ၀က်ဘ်စာမျက်နှာတွေပါ။ Port 443 ကတော့ လုံခြုံမှုရှိတဲ့ ၀က်ဘ်စာမျက်နှာတွေပဲ ဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေဟာ သတင်းမီဒီယာတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေကတော့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပင်ခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့အင်တာနက် စာမျက်နှာ အပါအ၀င် ပြည်ပက ၀က်ဘ်ဆိုဒ်တွေ အားလုံးလောက်လိုလိုကို ပြန်ဖွင့်ပေးခဲ့တာပါ။ တချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေကို အတိအကျ ခြေရာမခံနိုင်ပေမဲ့ ဒါတွေဟာ အင်တာနက်လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေဖို့၊ ဆက်သွယ်မှုတွေကနေ အခွင့်ကောင်းယူဖို့ ရည်ရွယ်ပုံရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန်က ပြောပါတယ်။

”ကျနော်ခန့်မှန်းတာကတော့ မြန်မာနိုင်ငံကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေဟာ အင်တာနက် ၀က်ဘ်ဆိုက်ဒ်တွေကို အခြေခံထားတဲ့ လုပ်ငန်းတွေက အားနည်းချက်တွေကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဆက်သွယ်မှုတွေမှာ ပိတ်ဆို့ကုန်အောင် လုပ်တာမျိုးတွေ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်က ဆွေးနွေးပြောဆိုမှုတွေကနေ အခွင့်ကောင်းယူတာမျိုးလို လုပ်ရပ်တွေ လုပ်ကောင်းလုပ်တာတွေ ဖြစ်နိုင်ပါတယ်။”

၂၀၁၁ ခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာအရ အင်တာနက် တိုက်ခိုက်မှုတွေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု ဒုတိယ ၃ လပတ်ကာလမှာတော့ တိုက်ခိုက်မှုတွေ လျော့ကျလာတာမို့ ဒုတိယအဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ဆက်သွယ်မှုတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေအနက် ၁၃ ရာခိုင်နှုန်းအထိ ရှိရာက အခု ဒုတိယ ၃ လပတ်မှာတော့ ၉ ဒဿမ ၁ ရာခိုင်နှုန်း ကိုလျော့ကျသွားတာပါ။

အခုနောက်ဆုံး ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှု အခြေအနေ ဒုတိယ ၃ လပတ် အစီရင်ခံစာရဲ့ ထိပ်ဆုံးနေရာကိုတော့ တိုက်ခိုက်မှုတွေ ၁၀ ရာခိုင်နှုန်းအထိ ရှိတဲ့ ထိုင်ဝမ်က နေရာယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြီးရင် တတိယ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဖြစ်ကြပါတယ်။



- Ref:voamurmese;Posted using BlogPress from my 4GiPhone

Wednesday, October 26, 2011

အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ

WRITTEN BY လူထုစိန်ဝင်း
SUNDAY, 23 OCTOBER 2011 11:29

မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။

ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ 'ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်' ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကရဲ့ လောကီကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေးမွေးဖွားတဲ့ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင်ကိစ္စမှာလည်း ၀င်မပါဘူး။ ကွာရှင်းပြတ်စဲကိစ္စမှာလည်း ၀င်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီး ပင့်ပြီး 'သရဏဂုံ' တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာမဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံတင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင် နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။

အမျိုးသမီးတွေ ဓားဆွဲထကြ
သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုးတွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံးအတိုင်းအတာက ကျော်လွန်သွားပြီဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။နယ်ချဲ့စစ်တပ်တွေ မန္တလေးကိုသိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ်ပိပြားရေးအတွက်ဆိုပြီး ခုခံတိုက်ခိုက်သူရှိတဲ့ကျေးရွာ မှန်သမျှမြေလှန်မီးရှို့လုပ်တဲ့အခါမှာ အမျိုးသမီးတွေဓားဆွဲပြီး ကုလားဖြူတွေကိုဝင်ခုတ်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတယ်။

အထူးအဆန်းမဟုတ်
ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေ ရောဝင်ရောက်တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမားသပိတ်ကြီးမှာလည်း အလားတူပါဝင်ကြတယ်။ ဂျပန်ခေတ်ရောက်တော့လည်း ပါး ရိုက်နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်းလာတဲ့အခါရောက်တော့ သည်းခံနိုင်မှုဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူမှန်သမျှ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ရရာလက်နက်စွဲကိုင်ပြီး အုံကြွတော်လှန်ခဲ့ကြတယ်၊ ဒါအထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြားလူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။

ဒုက္ကရစရိယာခြောက်နှစ်ကြာ
နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ်မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်းအားထုတ်ဖို့ အမြဲဟောပြောဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင်ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော် တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တကြိုးစားအားထုတ်ခဲ့ရပြီး နောက်ဆုံးဘ၀မှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင်ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ဘယ်လောက် ဆင်းရဲပင်ပန်းခံပြီး ကျင့်ကြံအားထုတ်လဲ ဘယ်သူမှ ဘုရားမဖြစ်နိုင်ဘူး။ ကြိုးစားအားထုတ်ရင် ဘုရားဖြစ်နိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။

ထိုးတော့မယ့်ဆင်
ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေသည်းခံရောင့်ရဲပြီး လည်းစင်းခေါင်းငုံ့ခံနေကြတာမဟုတ်တဲ့အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှမလုပ်ဘူးလို့တော့ မထင်နဲ့။ ပင် လယ်ပြင်မှာ လေလုံးဝမတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီးလာတော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာပဲ။ ထိုးတော့မယ့်ဆင်ဟာလည်း နောက်တစ် လှမ်းဆုတ်ပြီး ငြိမ်နေလေ့ရှိတယ်။ ဗုဒ္ဓဘာသာအကြောင်း၊ မြန်မာလူမျိုးများအကြောင်း သေသေချာချာမသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေဒီဘ၀က မကျွတ်မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံနိုင်ပါတယ်။ မြန်မာလူမျိုးတွေကိုယ်တိုင်က သံယောင်လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီးစိတ်ဆိုးတယ်။

လက်ချိုးရေတွက်ကြည့်ပါ
စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲတင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုးရေတွက်ကြည့်လိုက်ပါ။ လွတ်လပ်ရေးရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန်အစိုးရခေတ်လို အချိန်ကာလတွေကြုံတွေ့ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူထုတ်လုပ်နိုင်တာ အာရှတိုက်တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။

'ကပ်ပါးကောင်'တွေကိုပါ တစ်ပါတည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက်လာနိုင်လိမ့်မယ်။ ကပ်ပါးကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များ အများအပြားပေါ်ထွက်လာအောင် တွန်းအားပေးရမယ် . . .
တွေ့သမျှပြည်သူပိုင်သိမ်း

စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကိုဘယ်သူမှ မမီဘူး။ ဂျပန်လည်းမမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုးဖလိတ်၊ ဘလက်ကက်ဆိုတဲ့ စီးကရက်တံဆိပ်တွေကို အိမ်နီးချင်းနိုင်ငံအားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှုလုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ်လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင်သိမ်းပစ်လိုက်တယ်။ စာသင်ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များအတွင်း အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအားလုံး ပြိုလဲကျဆင်းသွားခဲ့ရတယ်။

စီးပွားရေး

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေးစနစ်က စစ်တပ်အုပ်စိုးတဲ့ အာဏာရှင်စနစ်ဆိုတော့ စနစ်နှစ်ခု သဟဇာတမဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အာဏာရှင်စနစ်များနဲ့ ဖွားဖက်တော်လို အမြဲတွဲပါလာတတ်တဲ့ 'ကပ်ပါးကောင်' လူတန်းစားသစ် တစ်မျိုးကြောင့်၊ ဈေးကွက်စီးပွားရေးဟာ မျက်စိကြီး၊ နားကြီးတို့ရဲ့ 'ဇီးကွက်စီးပွားရေး' ဖြစ်သွားခဲ့ရတယ်။ အကျိုးဆက်က ချမ်းသာဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက်သွားတယ်။

မရှိမရှားဘဲ

မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲမွဲတေတဲ့လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီအစိုးရမျိုးနဲ့ အစားထိုးဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်။ အာဏာရှင်စနစ်ကို စွန့်လွှတ်လိုက်သလို 'ကပ်ပါးကောင်' တွေကိုပါ တစ်ပါတည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့လိုတယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက်လာနိုင်လိမ့်မယ်။ ကပ်ပါးကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအားပေးရမယ်။

ချုပ်ကိုင်ခဲ့တယ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလအစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင်ကလေးတွေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်လေးတွေကို မြေရှင်ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေအဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်အစိုးရလက်ထက်ရောက်တော့ ချုပ်ကိုင်ရုံမကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင်သိမ်းလိုက်တယ်။တိုင်းရင်းသားလုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက်သွားခဲ့တယ်။

ကူညီထောက်ပံ့ပေး

၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်ကွယ်ပျောက်ခဲ့ပြီဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။ အဲဒီနေရာမှာ 'ကပ်ပါးကောင်' တွေ ပေါ်ထွက်လာပြီး ရသမျှ လက်ဝါးကြီးအုပ်ကြတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ် သဟဇာတဖြစ်ဖို့လိုတယ်။ နိုင်ငံသားအားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ်လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့လိုတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့အခါ တိုင်းရင်းသားလုပ်ငန်းရှင်က သာ အားကိုးရမှာဖြစ်တယ်။ နိုင်ငံခြားသားဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။

အရင်းရှင်အရင်ရှင်း

တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှုမျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ်အလုပ်လုပ်တဲ့အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ်ဆိုတာမျိုးနဲ့ ဘယ်လိုမှလုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ်ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ဖြစ်တယ်။ 'အရင်ရှင်း' ပစ်ရမှာက တိုင်းရင်းသား အရင်းရှင်မဟုတ်ဘဲ 'ကပ်ပါးကောင်' ဇီးကွက်စီးပွားရေးသမားတွေသာ ဖြစ်ပါတယ်။
- Ref: Weeklyeleven-
Posted using BlogPress from my 4GiPhone

Sunday, October 23, 2011

ဇာဂနာ ရဲ့ လတ်တလော နိုင်ငံရေး ပြက်လုံးများ




ကျော်ခ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၇ မိနစ်
အောက်တိုဘာ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများတွင် ပြောကြား ခဲ့သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ နိုင်ငံရေး ပျက်လုံးများကို စုစည်း တင်ပြလိုက်ပါသည်။

မီးဖိုမှာချက်တယ်

“နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ။ ဒီအင်တာနက် ပုဒ်မမှာ ကျနော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာ ဘယ်လောက်ကောင်းလဲဆို ခင်ဗျား မိုးသီးဇွန်တို့၊
အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဖိုမှာ ချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ Meebo ဆိုတဲ့
ဝက်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျနော်မသိလို့ပြောမိတာတဲ့။ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့
အဲလိုလူက အမိန့်ချတာ”

Gmail မဟုတ် Email

“အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့် Email ပြောတဲ့။ thura61@gmail.com ပေးတော့ ကျမ ပြောနေတာ အီးမေးလ် နော် … ဂျီမေးလ် မဟုတ်ဘူးတဲ့။ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျနော်သုံးနှစ်ကျော်နေရတာ များတောင် များသေးတယ်”

Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

ရောင်စုံဘောလုံး လေးဖြူဆိုသလို

“သမ္မတလည်း ပြောထားတဲ့စကားရှိတယ်လေ။ အဲဒီပြောထားတဲ့ စကားတွေထဲမှာ အမျိုးသားရင်ကြား ပြန်စေ့ရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဆိုပြီး ပြောပြီးတော့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အခါကြတော့ ဘာနဲ့တူသလဲဆိုတော့ လေးဖြူကို ရောင်စုံဘောလုံး သီချင်းဆိုခိုင်းသလိုဖြစ်သွားတယ်။ လေဖြတ်နေတဲ့ မယ်ကြီး
အိုကြီးကို မိတ်ကပ်လိမ်း လွှတ်လိုက်သလိုပဲဗျာ။ ဘာမှကို ခံစားချက်က ပြောရမှန်းကို မသိလောက်အောင် ဆိုးတယ်”

BBC- မြန်မာပိုင်းအစီအစဉ် - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

မုန်တိုင်းကို ခဏရပ်ခိုင်းဖို့

“ကျနော့်ကိုချတော့ Video Act ဆိုတာပါတယ်။ အဲဒီ Video Act က ဘာလို့ သုံး နှစ်ချလဲလို့ ကျနော်မေးတော့
နာဂစ် မုန်တိုင်း ဓါတ်ပုံပါလို့တဲ့။ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ။ ဆင်ဆာမတင်လို့တဲ့။ မုန်တိုင်း တိုက်တာ
ကို ဆင်ဆာ တင်ရဦးမှာလား။ ကျနော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင် ပါရစေဦးလို့ ပြောလို့မရဘူးလေ”

Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


ဆိုမာလီဓါးပြလို

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

မဇ္ဈိမ - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

အတိုးနှုန်းပြောင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့်

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု သုံး နှစ် ငါး လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား Ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့”

RFA - မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်

အသီးပုပ်များနှင့် ဂေါ်ပြား

“အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ နှစ်သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း
မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေးရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။”

DVB - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။”

RFA- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

အားထားဖွယ်ရာ စတုတ္ထမဏ္ဍိုင်

“ပြောရေးဆိုခွင့် ရတယ်ပြောတာပဲ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှတွေ့တာတော့ စတုတ္ထမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် လို့ပြောတာပဲ။ ကျနော်သိသလောက်တော့ အဲဒီ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ လေ့လာတော့ စတုတ္ထမဏ္ဍိုင် ဆိုတာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေတာကိုးဗျ”

BBC- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

မြန်မာ့ လွှတ်တော်အမတ်

"အိုင်စတိုင်းနဲ့ လူ လေးယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စတိုင်း
ရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈ဝ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ်ဆက်ပြီး
ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ကျနော်နဲ့တော့ Quantum Physics (ကွမ်တန်သီအိုရီ ရူပဗေဒ) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။”

“နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅ဝ ပဲရှိတယ်၊ အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြောတယ်။ ကျနော်ကတော့ ၁၂ဝ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။”

“နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ
၅ဝ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ဝမ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်
ထဲမှာ ဘာတွေတင်ပြခဲ့သလဲတဲ့”

VOA မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်

နေတိုး မလုပ်နဲ့ ပြေတီဦးလုပ်

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်။”

RFA မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


- Ref:mizzizmaburmese-Posted using BlogPress from my 4GiPhone

Wednesday, October 19, 2011

သင့်ဘ၀အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ? Manulife iphone app!

ကျွန်တော်တို့မြန်မာပြည်က လူတွေ တော်တော်များများ အာမခံဆိုတာ မသိတဲ့သူတွေများပါတယ်၊

ဘာတွေ အကျိုးအမြတ်ရှိသလဲ?

ဘာတွေဝန်ဆောင်မှုတွေပေးလဲ?

ဘာအတွက် လုပ်ပေးတာလဲဆိုတာ မသိတာများပါတယ်၊


ဒါက အာမခံကုမ္မီ ထဲက ကနေဒါနိုင်ငံက အာမခံကုမ္မီလေးတခုဘဲ? သူရဲ့ iphone App လေးပါ

သူရဲ့ စတော့အိမ်ချိန်းက-http://finance.yahoo.com/q?s=MFC



Manulife (International) Limited

From now on, tracking investment performance will be so much easier

Manulife Widget is an innovative tool to keep track of the performance of your investment in Manulife Hong Kong, including all mutual funds, investment-linked assurance schemes and MPF funds, any time, everywhere!


What is Manulife Widget?

Manulife Widget will keep you updated on your investment performance round the clock, wherever you may be. Now you don't have to open your browser to view your Manulife investment performance, Manulife Widget will bring it to you directly. What’s more, with the widget, you can also keep track of your favourite Hong Kong Stock Quotes, Hang Seng Index, as well as real-time Hong Kong weather information.
One Widget, Many Features

The Manulife Widget has many great features: it allows you to bookmark all your investments, access daily unit prices, cumulative performances, performance charts, and even historical unit prices. And with just a few taps on your iPhone, you can access detailed investment insights such as assets allocations and fund managers’ comments. All this valuable investment information is available to you any time, everywhere.


Manulife Widget is now available to you on your iPhone, iPad and iPod Touch, with iOS3.1.2 or above, FREE.
http://itunes.apple.com/ca/app/manulife/id414826427?mt=8

About Manulife
Manulife (International) Limited is a member of the Manulife Financial group of companies.
Manulife Financial is a leading Canadian-based financial services group operating in 22 countries and territories worldwide. For more than 120 years, clients have looked to Manulife for strong, reliable, trustworthy and forward-thinking solutions for their most significant financial decisions. Our international network of employees, agents and distribution partners offers financial-protection and wealth-management products and services to millions of clients. We provide asset management services to institutional customers worldwide, as well as reinsurance solutions, specializing in life and property and casualty retrocession.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!