Popular Posts!

Sunday, December 25, 2011

စလုံး၊ ထိုင်း၊ မလေးတို့ကနေ မြန်မာပြည်ကို တရားဝင် ငွေလွှဲနိုင်တော့မယ်!


စင်ကာပူ၊ ထိုင်း၊ မလေးရှား ဒီသုံးနိုင်ငံ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘဏ်ကတဆင့် ငွေလွှဲနိုင်တော့မယ်လို့ ဆိုပါတယ်။

လုပ်ပိုင်ခွင့် ရသွားတဲ့ ဘဏ် ၄ ခု စာရင်းကို မနေ့က သတင်းစာတွေမှာ အခုလို တွေ့ရပါတယ်။

သမဝါယမဘဏ်
ကမ္ဘောဇဘဏ် (ဦးအောင်ကိုဝင်း)
ဧရာဝတီဘဏ် (ဦးဇော်ဇော်)
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (ဦးတေဇ)


Ref:irrawaddyblogs.com

Friday, December 23, 2011

စင်ကာပူတွင် နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် ရုပ်သိမ်းမည်ဆိုခြင်းသည် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သိရှိရ

Wednesday, 21 December 2011 13:39
4383

SMU

စင်ကာပူ၏ နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် အီးပီအီးစီစနစ် ရုပ်သိမ်းမည်ဆိုခြင်းသည် စင်ကာပူရောက် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များဖြစ်လာ နိုင်ဖွယ်ရှိသည်ကို စင်ကာပူ ပညာရေး ကျွမ်းကျင်သူအချို့က မှတ်ချက်ပြု ကြသည်။
“အီးပီအီးစီစနစ် ရုပ်သိမ်းမယ် ဆိုခြင်းမှာ ဒီက ၁၀ တန်းအောင်ပြီးစ ကျောင်းဆက်တက်မယ့် ကလေးတွေ မှာ ပြဿနာရှိသွားမယ်။ ဘွဲ့မရသေးခင် စင်ကာပူမှာ အလုပ်ရှာထားဖို့ကျ ပြန်တော့လည်း စင်ကာပူမှာ Fresh Degree ရတဲ့သူတွေရဲ့နေရာကကျဉ်းတယ်။ ဒီက ဘွဲ့ရမာစတာသမားတွေ သွားမှာ ပြဿနာမရှိနိုင်ပေမယ့် ၁၀ တန်းအောင်တွေ သွားမယ်ဆိုရင်တော့ နည်းနည်းခက်ခဲသွားနိုင်တယ်”ဟု Smart Resources ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောပြခဲ့ပါသည်။
အီးပီအီးစီ နေထိုင်ခွင့်ဆိုခြင်းတွင် မြန်မာကျောင်းသား အများစုမှာ စင်ကာပူကျောင်းပြီး တစ်နှစ်နေထိုင်ခွင့် ရကာ အလုပ်အကိုင်ရှာဖွေနိုင်သည့် နေထိုင်ခွင့်မျိုးဖြစ်ရာ ယခုကဲ့သို့ ရုပ်သိမ်းခြင်းသည် စင်ကာပူသွားမည့် မြန်မာများအတွက် ကန့်သတ်ချက်တစ်ခုပင် ဖြစ်လာနိုင်ကြောင်းကို စင်ကာပူ SMU တွင် လက်ရှိမာစတာတန်း တက်ရောက်နေသူ မြန်မာကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
EmploymentPass Elibigility Certificate (EPEC) ကို စင်ကာပူ MOM(Ministry of Manpower) က ဒီဇင်ဘာလ၁ရက်နေ့မှ စတင်ကာ ရုပ်သိမ်းခဲ့ပြီး စင်ကာပူအစိုးရ အသိအမှတ်ပြုထားသည့် ကျောင်းများမှ ပြီးထားသူများ၊ အခြားသတ်မှတ် အရည်အချင်း ပြည့်မီသူများကိုသာ ပေးသည့် စင်ကာပူတွင် တစ်နှစ် အလုပ်ရှာနေထိုင်ခွင့်ပေးသည့် ပတ်စ်အမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။
အီးပီအီးစီစနစ်အစား Long Term Visit Pass (LTVP) ကို စင်ကာပူအိုင်စီအေမှ တစ်ဆင့်ကန့်သတ်ချက်များ ပြည့်မီလျှင် လျှောက်ထားနိုင်ပြီး ယေဘုယျအားဖြင့် သုံးလသက်တမ်းသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

+31#7SOL152011-12-22 12:05
သတင်းမှာလိုတာလေးတွေ ထပ်ထည့်ရေးလိုက်တာပါ။ ဆရာကြီး ဝင်လုပ်တာမဟုတ်ပါဘူးခင်ဗျ။ တော်ကြာစာဖတ်သူတွေက လူတိုင်း ကို (၃)လပဲပေးနေတယ်ထင်မှာစိုးလို့ပါ။
ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရကျောင်းသားကျောင်းသူများအတွက် Long Term Social Visit Pass (LTVP) ကို ၂ မျိုးခွဲပြီး ပေးထားပါတယ်။ စင်္ကာပူအစိုးရရဲ့ University ကြီး (၃) ခုဖြစ်တဲ့
NUS, NTU, SMU နဲ့ အစိုးရအသိအမှတ်ပြု University SIM စင်္ကာပူအစိုးရရဲ့ ပေါ်လီကျောင်း (၅) ခု နဲ့ အခြားအသိအမှတ်ပြု University, Institute စတဲ့ ကျောင်း (၁၈) ကျောင်းက ပြီးတဲ့ ကျောင်းသား/သူတွေကို သတ်တမ်းတိုးလို့မရတဲ့ LTVP (၁) နှစ်အထိနေထိုင်ပြီး အလုပ်ရှာခွင့်ပေးထားပါတယ်။ အခြားသော private ကျောင်းများကပြီးတဲ့သူတွေကိုလဲ သက်တမ်းတိုး လို့မရတဲ့ LTVP နဲ့ (၃) လအထိ နေထိုင်အလုပ်ရှာ ခွင့်ပေး ပါတယ်။ လျှောက်ထားခွင့်ရတဲ့သူတွေအနေနဲ့ ICA online ကနေလျှောက်ထားရမှာဖြစ်ပြီး processing time တပါတ်ကြာ ပါ့မယ်။ ကိုယ်တင်ထားတဲ့လျှောက်ထားချက်အခြေအနေကို online ကနေပဲ စောင့်ကြည့်လို့ရပါတယ်။ ICA က လျှောက်ထား ချက်ကိုလက်ခံရင်တော့ ICA ရုံးမှာ လိုအပ်တဲ့စာရွက်စာတမ်း တွေယူပြီး ကိုယ်တိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ processing fee, Insuance fee and extension fee အဖြစ်စုစုပေါင်း S$130 ကုန်ပါမယ်။ ICA ကလိုအပ်ခဲ့ရင် လျှောက်ထားသူပေါ် မူတည် ပြီးတော့ လုံခြုံရေးအာမခံအဖြစ် ပမာဏတစ်ခုသော ငွေကို deposit တောင်းခံကောင်းတောင်းခံနိုင်ပါတယ်။

အသေးစိတ်ထပ်မံသိလိုတဲ့သူများကတော့ http://www.ica.gov.sg/services_centre_overview.aspx?pageid=396
သွားကြည့်နိုင်ပါတယ်ခင်ဗျာ။

Ref:news-eleven.com

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

 

Wednesday, 21 December 2011 14:34


ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်အောက်ရှိ
ဝင် ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို
ဝင်ငွေခွန်ဥပဒေပုဒ်မ-၅၊ပုဒ်မခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော်ဝင်ငွေလျော့သွားပေမယ့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင်ငွေလွှဲတဲ့သူ များလာမယ်။ နိုင်ငံခြားငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ချိတ်ပြီး တိုက်ရိုက်ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ်ဆိုတာလည်း ကြားသိရတယ်ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်းဆိုရင် နိုင်ငံခြား ဘဏ်လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာဆိုတော့ ငွေလွှဲတဲ့ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည်ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။

ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင်နေသူများ၏ လစာဝင်ငွေ အပေါ်ကောက်ခံသောဝင်ငွေခွန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref:news-eleven.com

Ban That Scene! Myanmar Comedy Short Film

Sunday, December 18, 2011

စားကြဦးမလား အသားလုံးခေါက်ဆွဲ..

မြန်မာပြည်ကိုမပြန်ဖြစ်တာရယ်၊သတိရတာနှင့် ကြိုက်တတ်သောရှမ်းအစားအစာတွေ့လို့
မချောရဲ့အစိမ်းရောင်လွင်ပြင်မှ ကူးယူထားတာပါ

စားကြဦးမလား အော်နေလို့ မချောတစ်ယောက် ဘလောဂ့်ပေါ်ကနေ ဈေးရောင်းနေတာ မဟုတ်ပါဘူးနော်။ ဒီတစ်ပတ် စားစရာသောက်စရာအတွက် ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့ အသားလုံး ခေါက်ဆွဲ လုပ်နည်းလေး ဖော်ပြချင်လို့ပါ။ ခုလို အေးချမ်းတဲ့ ဆောင်းရာသီရောက်လို့ လာတဲ့ အခါမှာ ခေါက်ဆွဲ ပူပူလေး စားရတာဟာလည်း အရသာတစ်မျိုးပါ။ ဒီတစ်ပတ် လုပ်ဖြစ်တဲ့ ခေါက်ဆွဲမှာ ( Snow Pea leaves) ပဲရွက်နဲ့ မုန်ညှင်းဖြူရွက်တို့ ထည့်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ခေါက်ဆွဲထဲကို ခုလို ပဲရွက်လေးတွေ ထည့်စားကြတာ ရောက်ဖူးတဲ့သူတွေ သိကြမှာပါနော်။ သို့သော်လည်း ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဆောင်းရာသီဆို ပဲရွက်ကိုသာ (ပဲရွက်က ဆောင်းမှသာ ရပါတယ်) သုံးကြပြီး ရှမ်းပြည်မြောက်ပိုင်း ဘက်မှာတော့ ပဲရွက်အပြင် မုန်ညင်းရွက်လေးတွေပါ ထည့်ပါတယ်။ ကျွန်မက ခေါက်ဆွဲကို ခုလို အရွက်တွေနဲ့ ထည့်စားရတာကို သဘောကျပါတယ်။ ဒီတော့ အရွက်ကြိုက်တဲ့ ကျွန်မက ရွှေပဲရွက်ရော မုန်ညင်းပါ ထည့်လိုက်ပါတယ်။

အသားလုံး ခေါက်ဆွဲဆိုတာဟာလည်း ရှမ်းပြည်မှာ စားကြတဲ့ ခေါက်ဆွဲဖြစ်ပါတယ်။ အသားလုံးကို မိမိနှစ်သက်ရာ အသားနဲ့ လုပ်နိုင်ပြီး အချို့ကတော့ အမဲလုံးခေါက်ဆွဲကို ပိုကြိုက်ကြပါတယ်။ သို့သော် ကျွန်မက အမဲသားမစားတဲ့အတွက် ဝက်သားနဲ့ လုပ်ပါမယ်။ ပထမဦးဆုံး ခေါက်ဆွဲဟင်းရည်နဲ့ အသားလုံးပြုတ်ဖို့အတွက် ဝက်ရိုးနည်းနည်းကို ကြက်သွန်ဖြူ၊ဂျင်း၊ အား၊ အရသာမှုန့် ထည့်ပြီး ပြုတ်ပါတယ်။ ချောက်ကော ပါးကော အလုံးကိုနည်းနည်းစီ ထည့်ပါတယ်. (မရှိလျှင် မထည့်လည်းရပါတယ်)
Image Hosted by PicturePush - Photo Sharing

ဝက်သားများကို ကြိတ်ပါတယ်.. မကြိတ်လိုပါက တောက်တောက်စင်းနိုင်ပါတယ်. ပြီးလျင် ကြက်သွန်ဖြူ၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး နှံ့အောင် နယ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အသားများကို ခုလို အလုံးလေးတွေ လုပ်ပါတယ်။ (ဒီလောက်ဘဲလုပ်တာဟုတ်ဘူးနော်.. နမူနာ ပြထားတာ ) :P

ရလာတဲ့အသားလုံးတွေကို အစောက ဝက်ရိုးပြုတ်အိုးထဲ ထည့်ပြုတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
မုန်ညှင်းဖြူနဲ့ ရွှေပဲရွက်ပါ။ အဲဒါကို ရေနွေးဆူဆူမှာ ခနလေး ပြုတ်လိုက်တာပါ။ ဆိုင်တွေမှာတော့ ခေါက်ဆွဲပြုတ်ရင်း တစ်ခါတည်းထည့်ပြုတ်ပေးပါတယ်။
 
Image Hosted by PicturePush - Photo Sharing
ရွှေပဲရွက်၊ မုန်ညှင်းပြုတ်
Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ ပြင်ထားတဲ့ အဆာပလာတွေပါ။ ခါတိုင်းခေါက်ဆွဲချက်သလိုဘဲ သိပ်မထူးတဲ့ အဆာပလာတွေဖြစ်ပါတယ်။

ပန်းကန်ပြားအကြီးက မုန်ညင်းနဲ့ ပဲရွက်ပြုတ်ထားတာပါ။ နံနံပင်၊ကြက်သွန်မြိတ် ၊ ပဲငပိ( တိုကျန်)၊ ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ ငရုပ်သီးကြော်နဲ့ ချောက်ကောပါးကော အလုံးတွေကိုကြော် ထားတာ ဖြစ်ပါတယ်. ဆီမွှေးအောင်လို့ပါ။ အလုံးမရှိလဲ အမှုန့်ကို ဆီသတ်ပြီး ထည့်နိုင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံ ငရုပ်သီးစိမ်းတို့ကို သံပုရာသီးနဲ့ အချဉ်လုပ်ထားတာပါ ။ အသားလုံးနဲ့ တို့စားဖို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အသားလုံးပြုတ်ထားတာ ကျက်ပြီဆိုရင် ဆားအပေါ့အငံမြည်းလို့ အနေတော်ဆိုရင် ခေါက်ဆွဲဟင်းရည် အတွက် ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ အဆာပလာစုံသွားပါပြီ။
Image Hosted by PicturePush - Photo Sharing
ရှမ်းခေါက်ဆွဲ၊ ဆန်စီး မိမိနှစ်သက်ရာနဲ့ စားသုံးနိုင်ပါတယ်။ ကျွန်မက ရေစိမ်ကို ပိုကြိုက်ပါတယ်.. ရေစိမ်ကို ကချင်နဲ့ ရှမ်းပြည်နယ်မှာ ရေစိမ်ေ ခါက်ဆွဲလို့ခေါ်ကြပြီး ရန်ကုန်မန္တလေးကတော့ ရှမ်းခေါက်ဆွဲ လို့ ခေါ်ကြ ပါတယ်။ ဆန်ခေါက်ဆွဲလို့ ကျွန်မတို့က ခေါ်တဲ့ ခေါက်ဆွဲကိုတော့ ဆန်စီးလို့ ခေါ်ကြပြန်ပါ တယ်။


 
Image Hosted by PicturePush - Photo Sharing

ဟင်းရည်နဲ့ အသားလုံးလေးထည့်လိုက်ရင် ပူပူနွေးနွေး အရသာရှိရှိ စားသုံးနိုင်တဲ့ အသားလုံး ခေါက်ဆွဲ ရပါပြီနော်။


ခေါက်ဆွဲက အငွေ့တောင်ထနေပါသေးတယ်. ရာသီအေးအေးမှာ ပူပူနွေးနွေး စားလိုသူများအတွက်တော့ အရသာရှိလှပါတယ်။
Image Hosted by PicturePush - Photo Sharing
အချဉ်ရည်နဲ့ တွဲစားပါ။
Image Hosted by PicturePush - Photo Sharing
စားဖို့နယ်ထားတာပါ။ ထမင်းမစားဖြစ်ရင် ဒီလိုခေါက်ဆွဲလေးတွေ စားဖြစ်ပါတယ်. တစ်ခွက်ဆို ဝပါပြီ။
မယုံဘူး ဟုတ်လား.။ မယုံရင် အိမ်လာကြည့်ပါ :P

ဒီပိုစ့်လေး ရေးနေချိန်က မနက် ၃နာရီရှိပါပြီ။ အိပ်ရာက တစ်ရေးနိုးတာမို့ ဗိုက်ကလဲ ဆာနေတော့ ခေါက်ဆွဲ ပုံတွေမြင်ပြီး ဗိုက်ထဲက အသံပိုမြည်လာတော့တာပါဘဲ။ ကိုယ်တိုင်လည်း မြင်သာမြင်ပြီး မကြင်လိုက်ရ တဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်.(ခုမှ မရှိတော့တာ။ ) စာ လာဖတ်သူတွေကိုမှ ပုံတွေပြပြီးနှိပ်စက်သလို ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ နှိပ်စက်သလို ဖြစ်ရပါတော့တယ် :P

ချစ်ခင်ရသော မိတ်ဆွေများအားလုံးအတွက် Happy Weekend ဖြစ်ပါစေနော်.
Ref: ချော(အစိမ်းရောင်လွင်ပြင်)atSaturday, December 03, 2011
 

 
 

Saturday, December 17, 2011

ကားပါမစ်နောက်ဆက်တွဲသတင်းအပိုင်း(၇)

ငွေစာရင်းဒေါ်လာတစ်သောင်းအထက်ရှိသော သင်္ဘောသားများကိုကားသွင်းခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ-၄-အတွဲ (၁၀)၊ အမှတ်(၃၉)
နိုင်ငံခြား ၀င်ငွေရှိသည့် သင်္ဘော သားများ၏ ငွေစုဘဏ်စာရင်းတွင် ဒေါ်လာ တစ်သောင်းမှ ငါးသောင်းကြားရှိသူများ မော်တော်ယာဉ် အမျိုး အစား သုံးမျိုးထဲမှ တစ်မျိုးဝယ်ယူ တင်သွင်းခွင့်ပါမစ်များကို လူကိုယ်တိုင်လျှောက် ထားနိုင်ပြီဟု နိုဝင်ဘာနောက်ဆုံးပတ်မှ စတင်၍ တရားဝင်စာထုတ်ပြန်လိုက်ကြောင်း ဒေါပုံသင်္ဘော ကျင်းနှင့် သင်္ဘောသားများထံမှ သိရသည်။

“သင်္ဘောသားက နောက်ဆုံးအခေါက်ရောက်လာတုန်းက ၁၀ ရာခိုင်နှုန်းအခွန်ဆောင်ထားတဲ့ အခွန်ကြေကြောင်းအထောက်အထားပြရမယ်။ ဘဏ်ထဲမှာ ဒေါ်လာ တစ်သောင်းကနေ ငါး သောင်းကြား ရှိရမယ်။ လူစီးကား၊ ဘတ်စ်နဲ့ကုန်တင်ကား အဲဒီ သုံးမျိုးကို လူကိုယ်တိုင် လျှောက်နိုင်တယ်”ဟု ဒေါပုံသင်္ဘောကျင်းမှဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြော်ငြာချက်ကြောင့် မော်တော်ကားဝယ်ယူတင်သွင်းခွင့် ပါမစ်လျှောက်ထားရန် စိတ်ဝင်စားသော်လည်း အများစုက ဘဏ်စာအုပ်တွင်ထည့်သွင်းထားခြင်းထက် ပြင်ပပေါက်ဈေးဖြင့် ရောင်းချလေ့ရှိရာသတ်မှတ်ငွေပမာဏရှိသူ နည်းပါးကြောင်းလုပ်သက် ၁၀ နှစ်ကျော် ရှိသည့် သင်္ဘောသားတစ်ဦးက ပြောသည်။
“ဘဏ်စာအုပ်ထဲမှာ ဘယ်သူမှ မထည့်ကြဘူး။ ကျွန်တော်တို့က ထည့်တုန်းက အစိမ်းထည့်ရပေမယ့် ပြန်ထုတ်တဲ့အခါကျတော့ အက်ဖ်အီးစီနဲ့ ပြန်ရတာဆို တော့ ဘဏ်စာအုပ်ထဲ မထည့် ကြဘူး။ ပြန်ရောက်တာ လနဲ့ချီကြာနေတဲ့လူတွေက ရောင်းပြီး သုံးလိုက်ကြတာများတယ်။ အခုမှ ပြန်ရောက်တဲ့လူတွေအတွက်တော့အိုကေတာပေါ့” ဟု သင်္ဘောအရာရှိကိုအောင်ဟိန်းက ပြောကြားသည်။
သတ်မှတ်ငွေ ကြေးပြည့်မီ ပြီး သင်္ဘောပြန်ထွက်ရမည့်သူများ အနေဖြင့် မော်တော်ကားတင် သွင်းခွင့် ပါမစ်လျှောက်မည် ဆိုပါက မိသားစုဝင်များအား ဂျင်န ရယ်ပါဝါ လွှဲထားခဲ့နိုင်ကြောင်း အသေးစိတ် သိလိုသူများသည် သင်္ဘောရုံးများမှ တာဝန်ရှိသူများထံသို့လည်းကောင်း၊ ငွေစာရင်းဌာနသို့လည်းကောင်း၊ နိုင်ငံခြားဘဏ်တွင် လည်းကောင်း သွားရောက် စုံစမ်းနိုင်ကြောင်း ဒေါပုံသင်္ဘောကျင်းမှ ၀န်ထမ်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ ခုနစ်သောင်းခန့်ရှိ ကြောင်းသင်္ဘောအရာရှိ ကိုအောင်ဟိန်းက ပြောသည်။
“အခု အပြင်ကငွေဝယ်ပြီး ပြန်ထည့်ထားတာနဲ့ လျှောက်တာတွေလည်း လက်ခံနေတယ်။ တော်တော်များများကတော့ ပြန်ဝယ်ထည့်ပြီးလျှောက်နေကြတယ်။
လျှောက်လွှာတင်ကြေးမပေးရဘူး။ တော်တော်များများတော့လက်ခံနေတယ်။ ရမယ်၊ မရဘူးတော့ မသိသေးဘူး”ဟု ကိုအောင်ဟိန်းက ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။


Ref:7daynewsjournal

သည်းခြေအိတ်ကျောက်တည်ရောဂါဘာကြောင့်ဖြစ်သလဲ







သည်းခြေအိတ်ကျောက်တည် ရောဂါ ( Gallstone ) ဟူသောရောဂါသည် လူအများကြားတွင် ကြားဖူးနားဝရှိနေကြသော ရောဂါအမည်တစ်မျိုးပင်ဖြစ်သည်။ လူ
အများလည်း ဖြစ်လေ့ရှိကာ အချို့မှာလည်း ဆေးသောက်ကာ ပျောက်သွားလေ့ရှိကြသော်လည်း အချို့မှာမူ ခွဲစိတ်ကုသမှုခံယူသည် အထိ ရောဂါပြင်းထန်ခဲ့ကြသူများ လည်း ရှိခဲ့ကြမည်ဖြစ်သည်။

သို့သော် အဆိုပါရောဂါ သည် မည်သို့သောအကြောင်းများ ကြောင့်ဖြစ်ပွားလာရသည်၊မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ကျောက်များ မည်သို့သော အကြောင်းများ ကြောင့်ဝင်ရောက်လာသည်ကိုမူ သိရှိသူနည်းပါနေသေးကြောင်း Fame ဆေးဝါးထုတ်လုပ်ရေးကုမ္ပ ဏီမှ မန်းနေးဂျင်းဒါရိုက်တာ ပါ မောက္ခဒေါက်တာခင်မောင်လွင် က ပြောသည်။
““ကျွန်တော် ဆေးခန်းထိုင်ပါ တယ်။ကျွန်တော့်ဆေးခန်းကိုလာ ပြကြတဲ့ သည်းခြေအိတ်ကျောက် တည်ရောဂါ လူနာအများစုက ဒီ ရောဂါဘာကြောင့်ဖြစ်မှန်းမသိကြ
ဘူး””ဟုဒေါက်တာခင်မောင်လွင် ကပြောသည်။
သည်းခြေအိတ်တွင် ကျောက်တည်ခြင်းနှစ်မျိုးရှိသည်ဟု သိရပြီးတစ်မျိုးမှာ အဆီကြောင့်ဖြစ်သည့် ကိုလက်စထရော ကျောက်တည်ခြင်း ( Cholesterol Stone )အခြားတစ်မျိုးမှာ စားသောက် လိုက်သည့် အစားအစာများတွင် ကြေးနီ၊ သံဓာတ်ထုံးဓာတ် အစရှိသည့် သတ္တုဓာတ်များကြောင့်ဖြစ် သည့် Pigment Stone တို့ဖြစ်ကြောင်း သိရသည်။
ကျောက်တည်ခြင်းနှစ်မျိုးစ လုံးသည် ခန္ဓာကိုယ်မှချေဖျက်နိုင် သည့် ပမာဏထက် ကျော်လွန် စားသုံးလိုက်မိသည့် အစားအစာ များကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း
သိရသည်။ ““သည်းခြေကျောက်တည် နေတဲ့ကျောက်တွေကို ခွဲစိတ် ကြည့်လိုက်ရင် မပျော်ဝင်တဲ့အ နည်ကျကျောက်တွေနဲ့ ဖွဲ့စည်းထားတာ ကို တွေ့ရလိမ့်မယ်””ဟု ဒေါက်တာခင်မောင်လွင်ကပြောသည်။ သည်းခြေအိတ်ကျောက် တည်ခြင်းဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ အနောက်
တိုင်းအစားအစာ ( Western Diet ) များစားသုံးခြင်းကြောင့်ဖြစ် သည်ဟုသိရသည်။
ကမ္ဘာပေါ်တွင် သည်းခြေ အိတ်ကျောက်တည်ရောဂါဖြစ်ပွား မှု အများဆုံးသောနိုင်ငံများမှာ အမေရိကန်၊ချီလီ၊ပီရူး စသည့်နိုင်ငံများဖြစ်ကြောင်း သိရသည်။
သည်းခြေအိတ် ကျောက် တည်ရောဂါသည် အစားအ သောက်ကြောင့်လည်း ဖြစ်ပွားတတ်သကဲ့သို့ မျိုးဗီဇကြောင့်လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။
““မျိုးဗီဇကြောင့်ဖြစ်နိုင်ခြေရှိ တဲ့ကြားထဲမှာ Environmental Factor လို့ခေါ်တဲ့ အစားသောက် အနေအထိုင်ပါမဆင်ခြင်ရင် ပိုဖြစ်နိုင်တယ်””ဟုဒေါက်တာခင်
မောင်လွင်က ပြောသည်။
မြန်မာလူမျိုးများသည် သည်းခြေအိတ်ကျောက်တည် ရောဂါဖြစ်စေတတ်သည့်မျိုးဗီဇမပါရှိသဖြင့် မြန်မာလူမျိုးများတွင်ဖြစ်ပွားသည့် အဆိုပါရောဂါသည် အစားအသောက်အနေအ ထိုင်ကြောင့်သာဖြစ်ပွားလေ့ရှိသ ဖြင့်ကြိုတင်ကာကွယ် ၍ရရှိနိုင် သောရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် အမျိုး သားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အသက်လေး ဆယ်ကျော်သူများတွင် အဖြစ်များ လေ့ရှိကြောင်းသိရသည်။
အသက်လေးဆယ်ကျော် အမျိုးသမီးများတွင် အဆိုပါရော ဂါဖြစ်ပွားနိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိပြီး အမျိုးသားများတွင်မူ ၈ ရာ ခိုင်နှုန်းသာရှိကြောင်းသိရသည်။
ထို့အပြင် အသက် ၇၅ နှစ် ကျော်အမျိုးသမီးများတွင် နှစ်ဦး လျှင်တစ်ဦးဖြစ်ပွားလေ့ရှိပြီး ဖြစ် ပွားနှုန်း ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သည်းခြေအိတ်တွင် ဖြစ် သည့်ရောဂါအားလုံးသည် သည်း ခြေအိတ် ကျောက်တည်ခြင်းကြောင့် ဖြစ်ပွားသည့်ရောဂါများပင်ဖြစ်သည်။
““သည်းခြေအိတ်ရောင်တာ ပဲဖြစ်ဖြစ်၊ ပိုးဝင်တာပဲဖြစ်ဖြစ်၊သည်းခြေအိတ်ကြီးပိတ်သွားလို့ပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ပြည် တည်ပြီး ပေါက်သွားလို့ပဲဖြစ်ဖြစ် နောက်ဆုံး ကုန်ကုန်ပြောရရင် သည်းခြေအိတ်မှာ ကင်ဆာဖြစ် တာအထိ သည်းခြေကျောက်တည်လို့ပဲ””ဟု ဒေါက်တာခင်မောင်လွင်ကပြောသည်။
သည်းခြေအိတ်ကျောက် တည်ရောဂါသည် အမျိုးသမီးများ တွင်ဖြစ်ပွားနှုန်းပိုမိုများပြားပြီး5Fs နှင့် အကျုံးဝင်သည့် အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေပိုမို များပြားကြောင်းသိရသည်။
5Fs ဟူသည်မှာ Female အမျိုးသမီးဖြစ်ခြင်း၊ Fat ၀ခြင်း၊ Forty လေးဆယ်ကျော်ခြင်း၊ Fertile ကလေးမွေးထားဖူးခြင်းနှင့် Fair အသားအရေ လတ်ဆတ်ဖြူ ၀င်းခြင်း စသည်တို့ဖြစ်ကြောင်း ဒေါက်တာခင်မောင်လွင်ကပြော သည်။
သည်းခြေကျောက်တည် ခြင်းနှစ်မျိုးရှိသည်ဖြစ်ရာ ပထမ တစ်မျိုးဖြစ်သည့် ကိုလက်စထ ရောကျောက်တည်ခြင်း Cholesterol Stone သည် အဆီအစားများခြင်းကြောင့်ဖြစ် ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးအစားတွင် ဖြစ်ပွား သည့်ကျောက်မှာ အဆီကျောက် ဖြစ်သည့်အတွက် ဆေးသောက်၍ ခြေဖျက်ရနိုင်ကြောင်း သိရသည်။
အခြားတစ်မျိုးဖြစ်သည့် သ ထ္ထုဓာတ်များပါဝင်သည့်ကျောက် တည်ခြင်း Pigment Stone သည်မာကျောသည့် သတ္တုဓာတ်များဖြင့် ဖွဲ့ စည်းထားသည့် ကျောက်ဖြစ်သ ဖြင့် အများစုမှာခွဲစိတ်ကုသမှုခံယူ ရလေ့ရှိကြောင်း သိရသည်။
Cholesterol Stone သည် အမျိုးသမီးများတွင် အဖြစ်များ သည်။ အမျိုးသားများတွင် သည်း ခြေကျောက်တည်ခြင်းဖြစ်ပွားပါ က Pigment Stone အဖြစ်များ ကြောင်းသိရသည်။
သည်းခြေကျောက်တည် ခြင်းကိုဖြစ်ပွားစေသည့် အစားအ စာများမှာ ဆီကျော်များ၊အချိုရည် များဖြစ်ကြောင်းသိရ သည်။
ထို့အပြင် အရက်သောက် ခြင်း၊အသက်လေးဆယ်ကျော် သွေးဆုံးပြီးသည့် အမျိုးသမီးများ လည်းဖြစ်ပွားတတ်ကြောင်း သိရ သည်။
ပုံမှန်လမ်းလျှောက်ပေးခြင်း၊ ပန်းသီး၊ နာနတ်သီးစားခြင်း၊ပဲပိစပ်၊ ပဲပုပ်စားသုံးပေးခြင်း စသည့်အချက်များသည် သည်းခြေကျောက်တည်ခြင်းအား ကာ ကွယ်နိုင်ကြောင်း သိရသည်။

 Ref:7daynewjournal

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!