Popular Posts!

Tuesday, March 26, 2013

ဧပြီ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း လျှော့ပေးတော့မည်

ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများကို ကောက်ခံနေသည့်
ဝင် ငွေခွန် နှုန်းထားကို ဧပြီ ၁ ရက်နေ့မှ စတင်ကာ ၅ ရာခိုင်နှုန်း လျော့ချသွားရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန် (ဘဏ္ဍာ/ အခွန်) ၀န်ကြီးဌာန ညွှန်ကြား ရေးမှူး ထံမှ သိရသည်။
 
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်တခုတွင် လာအပ်သည့် ပိုက်ဆံများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လက်ရှိတွင်၂၀၁၂ ဧပြီ ၁ ရက်မှ စတင်ကာ အသက်မွေးဝမ်းကြောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ၊တနိုင်တပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ၊ သမ၀ါယမ အသင်းနှင့် အသင်းစုများ၊နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ အပေါ်တွင် ၁၂ သိန်းနှင့် အထက် ၀င်ငွေရရှိမှုအပေါ် တနှစ်လျှင် ၃၀ ရာခိုင်နှုန်း ၀င်ငွေခွန် ကောက်ခံခဲ့သော်လည်း ဘဏ္ဍာရေး တစ်နှစ်တာမျှထိုသို့ ကောက်ခံခဲ့ပြီးနောက် ယခုအခါ ၅ ရာခိုင်နှုန်း လျှော့ပေါ့ကာ ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဟု သိရသည်။
“ကောက်ခံမှုမှာ ကုမ္ပဏီတခုကို သူတို့ရတဲ့ ၀င်ငွေစုစုပေါင်းထဲက တိုက်ရိုက်ကုန်ကျငွေ၊ သွယ်ဝိုက် ကုန်ကျငွေ၊အုပ်ချုပ်ရေးပိုင်း ကုန်ကျငွေတွေနဲ့ ဈေးလျှော့ ရောင်းချမှုတွေကို နုတ်ပြီး ကျန်တဲ့ငွေအပေါ်မှာ အခွန်ကောက်တယ်။ဒီအပေါ်မှာ လျှော့ချသွားမှာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် အိမ်၊ ကား၊ တိုက်ခန်း၊ ဆိုင်ခန်း ရောင်းဝယ်ခြင်းတို့၌ နှစ်တနှစ်အတွင်း ရရှိသည့် ၀င်ငွေစုစုပေါင်း ကျပ် သိန်း ၅၀ ထက် ပိုပါက ၃၀ ရာခိုင်နှုန်း ကောက်ခံသည့် အပေါ်တွင်လည်း ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အခွန် ကောက်ခံရာတွင် ၀င်ငွေနှစ်၊ စည်းကြပ်နှစ် ဟူ၍ နှစ်မျိုးရှိကြောင်း၊အမြတ်အပေါ်တွင် အခွန် ကောက်သည့်အတွက် ၂၀၁၂ ဧပြီ ၁ ရက်မှ ၂၀၁၃ မတ် ၃၁ အထိကို ၀င်ငွေနှစ်ဟု သတ်မှတ်ထားကြောင်း၊၂၀၁၃ ဧပြီ ၁ ရက်မှ စ၍ စည်းကြပ်နှစ်ဟု သတ်မှတ်ထားကြောင်း ၎င်းအပေါ်တွင် ကုမ္ပဏီများ အဆင်ပြေစေရေးအတွက် အခွန်လျှော့ပေါ့ခြင်း ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးက ဆိုသည်။
ဝါးခယ်မ ဆန်စပါးအထူးပြု ကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ပြောင်းလဲကောက်ခံမည့် အခွန်စနစ်ကို ကြိုဆိုကြောင်း၊ လက်ရှိ အစိုးရ ချမှတ်ထားသည့် အခွန်စနစ်မှာ သင့်တင့်သော ကောက်ခံမှု ဖြစ်သည်ဟု ထင်မြင်ကြောင်း အခွန် ကောက်ခံရာတွင် ကောက်ခံသည့် ၀န်ထမ်းများ အားနည်းခြင်း၊ ကြန့်ကြာမှုရှိနေခြင်း အပေါ်တွင် ပြင်ဆင်ဆောင်ရွက် ပေးစေချင်ကြောင်း ပြောသည်။
“အခွန်တွေနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်မှာ ဌာနအနေနဲ့ ၀န်ထမ်းပိုင်း အားနည်းနေတယ်။နောက်ပြီး ထစ်တာတွေ၊ ရစ်တာတွေကြောင့် တယောက်နဲ့တယောက် ယုံကြည်မှု ပျက်ခဲ့ကြတယ်။တဦးနဲ့တဦး ယုံကြည်မှုရှိအောင် အခွန်ထမ်းတွေ တင်ပြလာတာကို မှန်ကန်တဲ့ တင်ပြမှုလို့ပဲ လက်ခံပေးတယ်။ အခွန်ရှောင်တာတွေ ရှိတယ်။အသေးစိတ် စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူး” ဟု ဘဏ္ဍာ/ အခွန် ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
ပြည်ပနိုင်ငံမှ လာရောက်ဖွင့်လှစ်သည့် ကုမ္ပဏီများကို အခွန်ကောက်ရာတွင် ပြည်တွင်းနေ နိုင်ငံသား၊ ပြည်ပနေ နိုင်ငံသား ဟူ၍ နှစ်မျိုး ခွဲခြားထားရာတွင် ပြည်တွင်းနေ နိုင်ငံခြားသား ကုမ္ပဏီများသာ ယခုထုတ်ပြန်မည့် အခွန်ဆိုင်ရာ သက်သာခွင့်ကို ခံစားရမှာဖြစ်ကြောင်း၊ ၎င်းခံစားခွင့်တွင် ပြည်ပနေ နိုင်ငံသားများကို မူလတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းနေ နိုင်ငံသားဆိုတာက တနှစ်မှာ ရက်ပေါင်း ၁၈၃ ရက်ထက် ပိုနေတဲ့နိုင်ငံသားကို ပြောတာပါ။ ဒီလူတွေ ဖွင့်ထားတဲ့ ကုမ္ပဏီဆိုရင် အခုခံစားခွင့်ကို ခံစားလို့ရမယ်။ အဲဒီလို မနေတဲ့သူကို ပြည်ပနေ နိုင်ငံခြားသားလို့ သတ်မှတ်တယ်။ဒီလူဆိုရင်တော့ ဒီခံစားမှု မရဘူး။ နဂိုအတိုင်း ၃၅ ရာခိုင်နှုန်း အခွန် ပေးဆောင်ရမယ်။ဝင်ငွေဟာ နိုင်ငံခြားငွေနဲ့ ရရင် နိုင်ငံခြားငွေနဲ့ ပေးရပါမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပြင်ဆင်မှုမှာ ဘဏ္ဍာ/ အခွန် ၀န်ကြီးဌာန၏ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၁၁/ ၂၀၁၂ ကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ပြီး ပြင်ဆင်မည့် အမိန့်ကြော်ငြာစာ အသစ်မှာ ၂၀၁၃ ဧပြီ ၁ ရက်နေ့တွင် စတင် အသက်ဝင်မှာ ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဘဏ္ဍာ/ အခွန် ၀န်ကြီး ဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ၀င်ငွေခွန် ကောက်ခံမှုများကို ပြောင်းလဲပြင်ဆင် နိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်သည်ဟု သိရသည်။ ထို့အပြင် ၀င်ငွေခွန် ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စု အစိုးရသည် ၀င်ငွေရရှိသူ တဦးဦး သို့မဟုတ် ၀င်ငွေ ရရှိသူတမျိုးမျိုးနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ၀င်ငွေတရပ်ရပ် သို့မဟုတ် ၀င်ငွေ အမျိုးအစား တရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ
အခွန် ကင်းလွတ်ခွင့်ပေးခြင်း၊ အခွန် သက်သာခွင့် ပေးခြင်း၊ အခွန်နှင့် စပ်လျဉ်းသည့် တခြားခံစားခွင့် ပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။
Ref:Irrwaddyburmese

Friday, March 22, 2013

CNN ireport မှာ သတင်းတွေ တင်လို့ရနေပါပြီ!

Credit@ Ko Nge

ရွှေ သတင်းသမားတွေသိရှိစေဖို့ပါ.....

Be part of iReport & CNN


iReport invites you to share your story with CNN, and quite possibly the world. Log in to get started.
Sign up / Sign in


မြန်မာသတင်းဖြစ်ရပ်မှန်တွေကို ကမ္ဘာတန်းမှီ သတင်းတင်ဆက်နိုင်ဖို့ ဒီ CNN ireport တွေမှာ အသင်းဝင် ပြီး mobile တွေကနေလဲ တင်
လို့ရ ပေးပို့လို့ရပါတယ်၊ ဘာလဲဖြစ်ဖြစ် ရွှေတွေအာလုံးသိသင့်နေပါပြီ ထင်လို့တင်ပေး လိုက်ပါတယ်၊ ဒီလိုဘဲ  BBC,VOA,RFA တွေမှာလဲ အသင်းဝင်ပြီး တတ်နိုင်သလောက် အင်္ဂလိပ်လိုဝင် ရေးစေချင်ပါတယ် နောက်ဆုံး မီဒီယာတွေကိုလဲတင်လို့ရနေပါပြီ ဒါမှ BBC က သတင်းလိမ် တွေသတင်းမှားတွေကို တကယ်ဖြစ်ရပ်မှန်တွေကို ပြည်သူလုထုတွေနှင့် တကမ္ဘာလုံး က intrernational  Newsတွေမှာအမှန်တွေကိုသိကျအောင်ရေးဖို့အလွန်ကိုအရေးကြီးနေရတဲ့ အခြေနေတွေမှာ ရောက်ရှိနေ ပါပြီလို့သတိပေးချင်ပါတယ်.....

  • upload တွေကနေတင်လို့ရပါတယ်
CNN iReport is a little bit different from the rest of CNN.com, because everything here starts with a story from members of our community. We want to invite you to share the stories you care about with CNN, and the rest of the world.

iReport has been around since 2006, but it recently got a new look and lots of new features. Here are a few quick tips to help you get started and make the most of it:
1. Find stories you're interested in
Everyday people around the world share stories on iReport about interesting things happening in their communities. Start with the "Explore" page to see collections of iReports on various topics, the stories CNN has highlighted, and to find iReports on a map.
2. Mark your favorites
If you see something cool, spread the word.
The "favorite" button lets the iReporter know you appreciate their work, shows your followers the stories you're digging and helps CNN producers know which stories are generating a buzz. You can also share your stories on Facebook, Twitter and other social networks.
3. Meet people
CNN iReport is a community, so it's more fun when you get to know people. Check out these iReporters who are doing interesting things on the site. Visit their iReport page to follow them and you'll see their new stories each time you log in.
 
 
4. Join a Group
 
 There are a lot of news stories going on at any given time in the world. We want to make sure you see the ones that are important to you. You can do that by joining groups for topics you're interested in. You could join a few of them right here:


 
5. Get an Assignment
The assignment desk is a good place to find out what CNN is working on. Our producers regularly create new assignments to get iReporters' views on the news and invite you to participate in projects we're working on.

6. Tell a story
CNN is listening. Every day dozens of stories that start on iReport make their way to CNN (after they've been verified, of course). If you see something or know something you think CNN and the world need to know about, we hope you'll share it.

There are lots of ways to upload iReports, from apps to e-mail to the good old-fashioned web.

7. Get help, or just drop us a line
If you've got a question or a problem (or a great idea!) about CNN iReport, you can contact David Williams, our community manager, at david.williams@cnn.com or you can use our contact form.
8. OK, go!
The best way to learn what iReport is all about is just to dive in and get started. But if you want to keep learning, there's more:

http://ireport.cnn.com/welcome-to-ireport.jspa

ဒီမှာကြည့်လိုက်ကျပါအုံး!
Buddhist youths escorted the Muslim families to safety   ကို recommendလုပ်ပြီး  Share လို့လဲရပါတယ်....
 



- Posted using BlogPress from my iPhone5

အလွန်ကြောက်စရာကောင်းတဲ့ ရေတိမ်ရုတ်တရက်ြဖစ်ခြင်း

အလွန်ကြောက်စရာကောင်းတဲ့ ရေတိမ်ရုတ်တရက်ဖြစ်ခြင်း

အသက် ၄၀ကျော်လာရင် မျက်စီဆရာဝန်တွေနှင့် တနှစ်တခါပြသင့်ပါတယ် ရေတိမ်ရှိမရှိကို စစ်ဆေးဖို့လိုတာပါ၊ ကြိုတင်ပြီး နည်းနည်းဖြစ်တာနှင့် မျက်စင်းဆေးထည့် သို့ နည်းနည်းဆိုးရင်လေဆာနှင့်ပစ်လို့ ရပါတယ်၊ မျက်စီပါဝါ စမ်းခိုင်းတာမဟုတ်ဘူးနော်! ဒါကို အမြင်မမှားကျဖို့ပါ...
 
 
ကျွှန်တော် အလုပ်ထဲမှာ ညနေခင်း အားလပ်ချိန်(လဖ္ဘက်ရည်သောက်ချိန်)မှာ ရုတ်တရက် ညဖက်မျက်လုံးညဖက်ထောင့်မှာ အမှိုက်ဖတ်ကပ်သလိုရုတ်တရက် အမဲစက်လေးသေး သေးလေး ကွယ်သွားပါတယ် ကျွှန်တော်ထင်တယ်ရေဆေးလိုက်ရင်ပျောက်ပြီးပေါ့၊ ရေဆေးလိုက်တော့လဲ မပျောက် ဘူး နောက်တရက်ဆိုပိုဆိုးလာပြီး မျက်စီသုံးချိုးနှစ်ချိုးလောက်ကိုလောက် ကွယ်လာပါတယ်၊ ဒါနှင့် မသကာင်္တာနှင့် Tan Tock  Seng  ဆေးရုံက မျက်စီအထူးကု Dr ဇော်မင်းဒင်ကို လမ်းမေးကြည့်လိုက်တာ ချက်ချင်းဆေးရုံးကိုလာခိုင်းတယ်။ အလုပ်ထဲမှာဆိုတော့ နောက်တရက် ချိန်းပြီးဆေးရုံကို ၁၀ နာရီ လောက်သွားပြတော့ ညာဖက်မျက်စီကခွဲမှရမယ်တဲ့ ဒါနှင့် ချက်ချင်း အရေးပေါ်ကိုသွားမှချက်ချင်းခွဲပေးမှာမို့လို့  ချက်ချင်းခွဲဖို့လမ်းညွှန့်ပေးပါတယ်( အရေးပေါ်ဆိုတော့ $99 လက်ငင်း ရှင်းလိုက်ရတယ်လေ)  ချက်ချင်း မျက်စီအထူးကု အဆောင် 1A မှာ မျက်စီဆရာဝန်က မျက်စီကို နှစ်ဖက်လုံးကိုစစ်ဆေးပေးပြီး ဘယ်ဖက်မှာလဲ ရေတိမ်နဲနဲဖြစ်နေပြီး လေဆာနှင့်လုပ်ရင်ရပြီတဲ့ ဒီလေဆာကုန်ကျငွေက ကျွှန်တော်က PR ဆိုတော့ $ 1004.23 ကျတာကို NTUC INCOME Insurance နှင့်ရှင်းခိုင်းတာကိုက နပ်စ်မလေးတွေက လုပ်ရမှာ ကြာလို့လားမသိဘူး insurance internet ထဲကိုဝင်တာကိုက Server down နေတယ်ဆိုပြီး ကျွှန်တော်ရဲ့ CPFထဲက Medi Saveက နေ deposit တင်ပေးလိုက်ရပါတယ်၊  ဘယ်ဖက်မျက်လုံး ကိုတော့ နဲနဲလေးဒဏ်ရာရှိနေလို့လေဆာသေနတ်နှင့် ပစ်ပေးတာက မနာပါဘူး ဘာမှာလဲမကြာပါဘူး ၊
နောက်ပြီး ECG,အပ်ထရာဆောင်းရိုက်ခ $ 130 ကို လက်ငင်းရှင်းလိုက်ရသေးပါတယ်၊
နောက်ပြီး ညာဖက်မျက်လုံးကိုတော့ မျက်လုံးအိမ်ထဲမှာ နောက်ခံအကာလေးပေါက်ဗြဲပြီးလှန်နေတာကို မျက်လုံးကို ခွဲမှ ရမှာမို့  ညနေ ၄နာရီခွဲလောက်မှာ ခွဲဖို့လုပ်ပါတယ်၊ စပေါ်ငွေက $2102 ကို ဒါလဲဘဲ  NTUC INCOME Insurance နှင့်ရှင်းခိုင်းတာကိုက နပ်စ်မလေးတွေက လုပ်ရမှာ ကြာလို့လားမသိဘူး insurance internet ထဲကို
ဝင်တာကိုက Server down နေတယ်ဆိုပြီး ၀င်လို့မရပါဘူးဒါနှင့်ဘဲ CPFစာရွက်တွေမှာဘဲ လက်မှတ်ထိုးပေး လိုက်ရပါတယ်၊ (နောက်မှသိရတာက အားလုံးပြီးလို့ဆေးရုံကဆင်းတော့မှ Bill တွေကို   ပထမထပ်က ကောင်တာမှာ Insurance နှင့် Claim ရတာဆိုတာကိုလေ) ပထမဦးဆုံးဆေးရုံးကို တက်ဖူးတာဆိုတော့ ဘာမှာမသိဘူး ဖြစ်နေရပါတယ်၊ ညနေ ၄နာရီခွဲလောက်မှာ ခွဲဖြစ်ပါတယ်၊ ခွဲပြီးတော့ သတိရတော့ အဆောင်ကိုပြန်ရောက်နေပြီ ဘယ်အချိန်က ခွဲလိုက်မှန်းမသိဘူး မေ့ဆေးပေးပြီးဆရာဝန်မတွေ တယောက်ပြီးတယောက်လာစကားပြောနေရင်း မေ့သွားတာကိုး! ခွဲပြီးလို့ တညလုံးခေါင်းမထူနိုင်ပါဘူး တောက်လျှောက်သိုးနေအောင်အိပ်တေါ့တာဘဲ၊ ခွဲထားတဲ့မျက်စီမမြင်ရသေးတော့ မေးကြည့်တာ မျက်လုံးထဲမှာ  Gas  bubble in eye တွေရှိနေသေးတော့ ၂ပတ်ကနေ ၁လထိကြာမှာမို့လို့ Hospital Leave  ၁လပေးပါတယ်၊ နောက်တရက်မနက်မှာဘဲ ဆေးရုံးကဆင်ခိုင်းနေပြီ Bill တွေကိုတောင်းတော့ နောက်၂ပတ်မှာ အိမ်ကို စာပို့ပေးမယ်တဲ့လေ!  Final bill ထွက်လာတော့ $10,288(ကျပ်သိန်း၇၀) လောက်ကျပါတယ်၊ စင်င်္ကာပူအစိုးရက $5830 ကျခံပေးပါတယ်၊ CPF Medi save က $2654 နှင့် မိမိရဲ့ NTUC INCOME က $1803 အပြင် ငွေသားသက်သက် $500 လောက် ထပ်ကုန်ကျပါသေးတယ်၊ တော်တော်ကိုအီစိမ့်သွားတာပါဘဲ-:(
အိမ်ပြန်ရောက်ရောက်လို့  အလုပ်ထဲကို Hospital Leave တင်ကိုက Contract မှာက Medical Leave က ၂ပတ်ဘဲပေးထားပါတယ် ဒါနှင့် Holiday Leave ၂ပတ်နှင့် တွဲတင်လိုက်ရပြီးဒီနှစ် ခွင့်ရက်တွေကုန်ြ့ပီလေ!
 
 အဓိက သတိပေးချင်တာက မျက်စီနှင့်ပတ်သက်ရင် ပေါ့ပေါ့ မနေကျဖို့ပါဘဲ!
 
 Credit@
 
 
 
 
 
ဆက်စပ်သတင်းလေးတွေကိုကြည့်လိုက်ပါအုံး!
 

မျက်လုံးတိမ်စွဲခြင်း။ ရေတိမ် (Glaucoma)

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)
လူတစ်ယောက်ရဲ့မျက်လုံးမှာ အရည်တွေရှိပါတယ်။ အဲဒီအရည်တွေပာာ အ၀င်နဲ့အထွက် မျှတနေရပါတယ်။ အဲလိုမျှတနေရာကနေပြီး အထွက်လမ်းကြောင်းတစ်နေရာမှာ ပိတ်ဆို့ပြီး မျက်လုံးထဲမှာ ဖိအားတွေများလာပါတယ်။ အဲဒီ ဖိအားတွေက မျက်စိရဲ့ အကြောတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းတာကကို ရေတိမ် (Glaucoma) လို့ခေါ်ပါတယ်။
ရေတိမ်မှာ ၂မျိုးရှိပါတယ်။

Open angle glaucoma။ ။ ဒီအမျိုးအစားက တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။ အစပိုင်းမှာ ဘာလက္ခဏာမှမပြဘဲ မျက်စိအမြင်အာရုံရုတ်တရက် ထိခိုက်သွားတော့မှ သိရပါတယ်။ လူနာပာာ တဖြည်းဖြည်းချင်းအမြင်ချို့ယွင်းလာတာကို သတိမထားမိဘဲ နောက်ဆုံးလုံးဝအမြင်ကွယ်သွားမှ သိပါတယ်။ ဒီအမျိုးအစားကို အမြင်အာရုံ သူခိုးလို့ခေါ်ပါတယ်။
Closed angle glaucoma။ ။ဒီအမျိုးအစားကတော့ ရုတ်တရက်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူကမျက်စိတစ်ဖက်တည်းမှာ ဖြစ်လေ့ရှိပြီး လူနာက နီ၊မှုန်၊ကိုက် နဲ့ရောက်လာတတ်ပါတယ်။ မျက်လုံးပာာ နီလဲနီပါတယ်။ မျက်စိအာရုံလည်းထိခိုက်နေပါတယ်။ ဒါ့အပြင်သူက နာပါတယ်။ အဲဒီ၃မျိုးနဲ့ လက္ခဏာပြပါတယ်။

ရေတိမ်ပာာ အောက်ပါလူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။
  • Age over 45 years (အသက် ၄၅နှစ်ကျော်သူတွေ)
  • Family history of glaucoma (မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရှိတဲ့သူတွေ)
  • Black racial ancestry (လူမည်းတွေ)
  • Diabetes (ဆီးချိုရောဂါရှင်တွေ)
  • History of elevated intraocular pressure
  • History of injury to the eye (မျက်စိကိုထိခိုက်မိသူတွေ)
  • Use of cortisone (steroids), either in the eye or systemically (orally or injected) (steroid ပါတဲ့ဆေးတွေကို အသုံးပြုသူတွေ)


 

Glaucoma မျက်စိ ရေတိမ်


Medical Writings     
         
Mon, Jul 23, 2012 at 9:17 AM
ကျွန်မက အခု (့) နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အသက်က ၄၁ နှစ်ပါ။ အလုပ်က ကွန်ပျူတာကိုသုံးပြီး ပုံတွေ ဆွဲရတာပါ။ တနေ့လုံး ကွန်ပျူတာ သုံးနေရပါတယ်။ ရောက်စက ညာဘက်မျက်စိမှာ အဖြူစက်တွေတွေ့လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ အဲဒီအချိန်တုန်းက ဘယ်ဘက်ကိုဖုံးထားပြီး ညာဘက် တဖက်တည်း ကြည့်ရင် အရှေ့မှာ အလွှာပါးပါး တစ်ခု ကာထားသလိုဖြစ်ပြီး ဝါးနေပါတယ်။
အဲဒါ မျက်ကြည်လွှာမှာ အမာရွတ်ရှိနေလို့ဖြစ်တာဆိုပြီး မျက်စဉ်းတွေ ပေးပါတယ်။ အမြဲသွားပြပြီး စစ်ဆေးနေရပါတယ်။ မျက်လုံးကလည်း တဖြေးဖြေး သက်သာလာပြီး ပုံမှန်ဘဲ ပြန်မြင်လာပါတယ်။ မျက်စဉ်းကို လိုအပ်သလို အတိုး-အလျော့ လုပ်သွားပြီး ပေးခဲ့ပါတယ်။ အမာရွတ်ဆိုတာကို ပျောက်ဖို့ဆိုရင် မျက်ကြည်လွှာ အစားထိုးမှ ရမယ်လို့ ပြောပါတယ်။ နောက်ပိုင်း သက်သာလာပြီး အမြင်အာရုံကို အနှောင့်အယှက် မပေးဘူးဆိုတော့ မျက်စဉ်းဘဲ အမြဲခပ်ပြီးနေခဲ့ပါတယ်။ ဘယ်ဘက်မျက်လုံးက ဝါးလာလို့ ဘယ်ဘက်ကိုပါ မျက်စဉ်း ခပ်ခဲ့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကတော့ ဘယ်ဘက်က အရမ်းဝါးလာပါတယ်။ ကွန်ပျူတာကိုတောင် ကြည့်ရင် အရမ်း ဝါးနေလို့ အလုပ်လဲ မသွားနိုင်ခဲ့ပါဘူး။ ဆရာဝန်ဆီသွားပါတယ်။ မျက်စဉ်းအသစ် တမျိုး ထပ်ပေးပါတယ်။

အဲဒီ မျက်စဉ်း ခပ်တာလဲ မသက်သာခဲ့တော့ ဇွန်လ ၁၈ရက်နေ့မှာ Consultant တစ်ယောက်နဲ့ သွားပြပါတယ်။ စစ်လိုက်တော့ ဘယ်ဘက်မျက်လုံးမှာ Cataract ရှိနေလို့ ဖြစ်တာလို့ ပြောပါတယ်။ Eye pressure အရမ်း များနေတယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ ပေးခဲ့ပါတယ်။ Eye pressure ကို အရင်ကျအောင် လုပ်ရမယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ သုံးနေပြီး တပတ်အကြာမှာ Eye pressure လဲ ပုံမှန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ Left eye cataract surgery လုပ်ခဲ့ပါတယ်။ ခွဲပြီးတော့ ကွန်ပျူတာကိုလည်း ကြည့်နိုင်ပါတယ်။ စာလည်း ဖတ်လို့ မြင်နေရပါပြီ။ နှစ်ဘက်လုံးမှာ Glaucoma ရှိနေလို့ မျက်စဉ်းကိုတော့ ဆက်ပြီး ခပ်သွားရမယ်လို့ ပြောပါတယ်။ အမာရွတ်က ပျောက်အောင်လုပ်လို့မရဘူး။ သူ့ကြောင့် ဖြစ်လာမဲ့ မျက်လုံးခြောက်တာကို မျက်စဉ်းခပ်ပြီး ထိန်းရမယ်လို့ ပြောပါတယ်။

(၁) ကျွန်မမျက်လုံးမှာ အဲဒီိလိုကိစ္စတွေရှိနေတော့ အခုလက်ရှိ လုပ်နေတဲ့ ကွန်ပျူတာကို တနေ့လုံးသုံးနေရတဲ့ အလုပ်ကို ဆက်ပြီးလုပ်သင့်ပါသလား။ ဆက်ပြီးလုပ်နေရင် ပိုဆိုးလာနိုင်ပါသလား။
(၂) Glaucoma ကရော ဘယ်လိုကြောင့်ဖြစ်လာတာပါလဲ။ ပြီးတော့ ဘယ်လိုကုသမှ ပျောက်မှာလဲ။ မျက်စဉ်း အမြဲ ခပ်သွားရမယ်ဆိုတာ ဟုတ်ပါသလား။ အဲလို မျက်စဉ်းအမြဲခပ်သွားရင်ရော Glaucoma ကို ပိုမဆိုးအောင် ထိန်းနိုင်လို့လား။ Glaucoma ဆိုတာ ကုလို့ပျောက်တဲ့ ရောဂါလားဆိုတာသိချင်လို့ပါ။
(၃) Cataract ဆိုတာရော ဘယ်လိုကြောင့်ဖြစ်တာပါလဲ။ ကြားဖူးတာတော့ တစ်ဖက်ဖြစ်ပြီးရင် နောက်တဖက်လည်း ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အဲဒါရော ဟုတ်ပါသလား။ ညာဘက်မှာပါထပ်ဖြစ်မှာ စိုးရိမ်နေလို့ပါ။
(၄) ညာဘက်မျက်လုံးမှာ ရှိနေတဲ့ scar ကိုရော ဘယ်လိုလုပ်သင့်ပါလဲ။ မျက်စဉ်းအမြဲခပ်သွားရမှာလား။
(၅) ပြီးတော့ မျက်စဉ်း ကြာရှည်စွဲခပ်ရင် တိမ်ဖြစ်တတ်တယ်ဆိုတာရော ဟုတ်ပါသလား။
(၆) မျက်လုံးရောဂါရှိနေတဲ့သူတစ်ယောက်က ကျွန်မသုံးနေတဲ့ မျက်စဉ်းကိုယူခပ်ရင် သူ့ရဲ့မျက်လုံးရောဂါ ကျွန်မကို ကူးနိုင်ပါသလား။

အလုပ်နဲ့ ကိုယ့်မျက်စိအခြေအနေကို နောက်ဆုံးကုသပေးတဲ့ မျက်စိ အထူးကုဆရာဝန်က အကောင်းဆုံး အကြံပေးနိုင်ပါတယ်။ ဆင်ခြင်မှု တချို့နဲ့ အလုပ်ဆက်လုပ်နိုင်မယ်လို့ ဆရာအနေနဲ့ ပြောချင်ပါတယ်။ Glaucoma ရေတိမ်အကြောင်း သပ်သပ် မရေးဖြစ်သေးလို့ ရေးပါမယ်။ မျက်စိမှာ အရည်ထွက်လမ်း ကျဉ်းတာ-ပိတ်တာကြောင့် ဖိအားများနေတယ်။ မျက်စိကို ထိခိုက်လာတယ်။ ဒေါင့်ကျဉ်းအမျိုး၊ ဒေါင့်ကျယ်အမျိုးလို့ ရှိတယ်။ တချို့က ချက်ချင်းခွဲရတယ်။ တချို့က မျက်စဉ်းနဲ့ သက်သာနေအုံးမယ်။

Cataract အတွင်းတိမ် ကလဲ အကြောင်းမျိုးစုံကနေဖြစ်စေတယ်။ လူတွေ အသက်ရရင်ဖြစ်ကြတာများတယ်။ အိုနာသဘောလဲ ပါတယ်။ Scar အမာရွတ်ဆိုတာ ထိခိုက်မှုကနေဖြစ်တယ်။ မျက်ကြည်လွှာမှာဖြစ်တာကို အပြင်တိမ်လို့ခေါ်တယ်။ တခုခုကွယ်ထားသလိုနေမယ်။ အမာရွတ်သပ်သပ်ကို ထုတ်လို့၊ ရှင်းလို့မရတာမို့ Cornea မျက်ကြည်လွှာ တခုလုံး အစားထိုးရတယ်။

တိမ်ဖြစ်စေမဲ့ မျက်စဉ်းဆိုရင် ဆရာဝန်က ပေးမှာမဟုတ်ပါ။ ကူးစက်တယ်ဆိုတာ ရောဂါပိုးကသာဖြစ်စေတယ်။ အတွင်းတိမ်၊ အပြင်တိမ်၊ မျက်ကြည်လွှာ အမာရွတ်တွေက ပိုးနဲ့မဆိုင်ပါ။ မျက်စဉ်းဆိုတာလဲ အမျိုးမျိုးရှိလို့ ဘယ်မျက်စဉ်းလဲသိဘို့ လိုပေးပါတယ်။ မျက်စိနာအတွက်သုံးတာကို နောက်တယောက်ခပ်ရင် ကူးနိုင်ခြေ ရှိတယ်။

Glaucoma မျက်စိရေတိမ်
WHO အဆိုအရ တကမ္ဘာလုံးဆိုရင် မျက်စိကွယ်စေတဲ့ အကြောင်းရင်းထဲမှာ ဒုတိယလိုက်တယ်။ ပဌမက Cataracts အတွင်းတိမ် ဖြစ်တယ်။ မျက်စိရေတိမ်ကို "တိတ်တိတ်လေး အမြင်စွမ်းကို အခိုးခံနေရတယ်" လို့ တင်စားကြတယ်။ မျက်စိရောဂါတွေထဲမှာ အရေးကြီးရောဂါတခုဖြစ်တယ်။ မျက်စိအတွင်းထဲမှာ ဖိအားသက်ရောက်တာ ခံနေရတယ်။ အချိန်နဲ့ တပြေးညီ စနစ်တကျကုသမှု မလုပ်ရင် အမြင်အာရုံကြောကို ထိခိုက်ရာကနေ မြင်နိုင်စွမ်းကို ထိခိုက်စေမယ်။ အစပိုင်းမှာ ဘေးပိုင်းအမြင် အားနည်တာဖြစ်စေမယ်။ နောက်ဆုံး မျက်စိကွယ်မယ်။

Types of Glaucoma ရေတိမ်အမျိုးအစားတွေ
(၁) Primary open-angle glaucoma ဆိုရင် အရည်ထွက်လမ်း လုံးဝပိတ်နေတာတော့ မဟုတ်ဘူး။ Trabecular meshwork ဆိုတာလေး တစိတ်တပိုင်း ပိတ်နေတယ်။ တဖြေးဖြေးချင်း မျက်စိနှစ်ဖက်လုံး မှုံလာတယ်။ အသက်ကြီးထာရင် Tunnel vision ဖြစ်လာမယ်။

(၂) Acute angle-closure glaucoma ဆိုရင် မျက်စိအတင်းနာမယ်။ ပျို့-အန်မယ်။ ရုတ်တရက် မျက်စိမှုံလာမယ်။ အဝိုင်းကွင်းတွေ မြင်နေရမယ်။ မျက်စိနီနေမယ်။ Iris သူငယ်အိမ်ကြွက်သား ရှေ့ဖက်ကို ဖေါင်းတာတယ်။ ကြာတော့ Aqueous fluid အရည်က Trabecular meshwork ဆီ မရောက်နိုင်တော့ဘူး။ ရုတ်တရက်လဲဖြစ်သလို ဖြေးဖြေးချင်းလဲဖြစ်နိုင်တယ်။ ဒေါင့်ကျဉ်းနေသူမှာ သူငယ်အိမ်ကျယ်လာရင် Acute angle-closure glaucoma ဖြစ်လာနိုင်တယ်။ အမှောင်ထဲ ဝင်လိုက်ချိန်မျိုး၊ စိတ်ဖိအားများတာမျိုး၊ စိတ်လှုတ်ရှားမှု များတာမျိုး၊ ဆေးတချို့ကြောင့်လဲဖြစ်နိုင်တယ်။ ဥပမာ Desloratadine (Clarinex), Cetirizine (Zyrtec), Doxepin, Protriptyline (Vivactil), Atropine eyedrops

တခြား အမျိုးအစားခွဲနည်းတွေ -
(1) Primary open-angle glaucoma ဖြစ်နေသူ တဝက်လောက်က ဒီရောဂါရှိနေတာကို မသိကြဘူး။
(2) Angle-closure glaucoma ရုတ်တရက်ဖြစ်တယ်။
(3) Normal-tension glaucoma ကို normal-pressure glaucoma, low-tension glaucoma or low-pressure glaucoma လို့လဲခေါ်တယ်။ IOP က များမနေဘူး။ ဘာလို့ဖြစ်သလဲ မသေခြာဘူး။ ဂျပန်လူမျိုးတွေနဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။
(4) Pigmentary glaucoma ရှားတယ်။ ယောက်ျားတွေနဲ့ အသက် ၃ဝ-၄ဝ ကြားမှာ အဖြစ်များတယ်။
(5) Secondary glaucoma နာတာရှည်ဖြစ်တယ်။ မျက်စိထိခိုက်ခံထားရာကနေ ဆက်ဖြစ်တယ်။ Eye infection, Inflammation, Tumor or enlargement of the lens due to a Cataract တွေကနေလဲ ဆက်ဖြစ်နိုင်တယ်။
(6) Congenital glaucoma မွေးရာပါဖြစ်တယ်။ ကလေးငယ်တော့ စမ်းရခက်တယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။

Complications နောက်ဆက်တွဲဖြစ်လာနိုင်တာတွေ -
• Blind spots မျက်စိအမြင်စက်ဝန်း ဘေးပိုင်းမှာ မမြင်နိုင်တဲ့နေရာလေးတွေ ဖြစ်တယ်။
• Tunnel vision မြောင်းထဲကနေကြည့်နေရသလိုဖြစ်မယ်။
• Total blindness လုံးဝ မျက်စိကွယ်မယ်။

Tests and diagnosis စမ်းသပ်နည်းတွေ
အရေးကြီးတဲ့ ရောဂါတွေကို လူနာလာမှ ဆေးကုပေးတာမျိုး တင်မကဘဲ Screening ခေါ်တဲ့ လူအများကို ဆန်ကာတင် စစ်နည်းနဲ့ လုပ်ရတယ်။ ထုံးစံအတိုင်း မျက်စိစစ်ရင် Tonometer ကရိယာသုံးတယ်။ IOP မျက်စိထဲက ဖိအားကို တိုင်းတယ်။ ပုံမှန်ဆိုရင် IOP က 21 mmHg ထက်နည်းရတယ်။ 30 mmHg ထက်များနေရင် မျက်စိကွယ်ဘို့ ကောင်းနေသူတွေ 15 mmHg သာရှိနေသူတွေထက် အဆ ၄ဝ များနေပြီ။

Optic nerve damage မျက်စိအာရုံကြောစစ်ဆေးမယ်။ Visual field test မြင်ကွင်းအကျယ်တိုင်းမယ်။ Cornea thickness မျက်ကြည်လွှာအထူတိုင်းမယ်။ Sophisticated imaging technology နည်းအဆန်းနဲ့လဲ စမ်းနိုင်တယ်။ ဒီနည်းတွေထဲမှာ Scanning laser polarimetry (SLP), Optical coherence tomography (OCT) and Confocal scanning laser ophthalmoscopy တွေပါတယ်။ Gonioscopy နဲ့ Visual field testing ဆိုတာတွေလဲ လုပ်တယ်။

Glaucoma Treatments မျက်စိ-ရေတိမ်ကို ဘယ်လိုကုသမလဲ
နည်း (၃) နည်းသုံးတယ်။ မျက်စဉ်း နဲ့ ဆေးတွဲပေးတာဟာ IOP ကျအောင် လုပ်တာဖြစ်တယ်။ နာတာမရှိတော့ မျက်စဉ်း ခပ်ဘို့ ပေါ့ဆတတ်တယ်။

1. Eyedrops မျက်စဉ်း
• Prostaglandin-like compounds = Latanoprost (Xalatan) and Bimatoprost (Lumigan) တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနဲနဲနီမယ်၊ သူငယ်အိမ်ပိုနက်မယ်။ မျက်ခံအမှော ရောင်ချယ်ပိုများမယ်။ မျက်စိ သိပ်ကြည့်မကောင်း ဖြစ်မယ်။ အမြင်လွှာရောင်မယ်။
• Beta blockers = Timolol (Betimol, Timoptic), Betaxolol (Betoptic) and Metipranolol (Optipranolol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = အသက်ရှူခက်မယ်။ နှလုံးခုန်နှေးမယ်။ ဆံပင်ကျွတ်မယ်။ သွေးဖိအား ကျမယ်။ ကျား-အင်္ဂါသန်မှု နည်းမယ်။ အားယုတ်မယ်။ စိတ်ကျမယ်။ မှန်ဥာဏ်လျှော့မယ်။ ပန်းနာရှိသူ၊ အသက်ရှူလမ်းရောဂါရှိသူ၊ ဆီးချိုရှိသူတွေကို သတိနဲ့သာပေးတယ်။
• Alpha-agonists = Apraclonidine (Iopidine) and Brimonidine (Alphagan) တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = အားယုတ်၊ ခေါင်းမူး၊ မျက်စိနီ-ယား-ရောင်၊ အာခေါင်ခြောက်။
• Carbonic anhydrase inhibitors = Dorzolamide (Trusopt) and Brinzolamide (Azopt) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ဆီးခဏခဏသွား၊ ခြေ-လက်ကျင်။
• Miotic or cholinergic agents = Pilocarpine (Isopto Carpine) and Carbachol (Isopto Carbachol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနေရာနာ၊ မျက်စိကြည့်မကောင်း၊ နှာစေသလိုဖြစ်၊ တံတွေးများ၊ အစာမကျေ။
• Epinephrine compounds = Dipivefrin (Propine) ကို သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနီ၊ ရင်တုန်၊ သွေးဖိအားများ၊ ခေါင်းကိုက်၊ စိုးရိမ်။

2. Oral medications စားဆေးတွေ
Eyedrops မျက်စဉ်တခုတည်းနဲ့မရရင် သောက်ဆေးပေးမယ်။ Carbonic anhydrase inhibitor ဆေးကို အစာနဲ့ တွဲသောက်ရတယ်။

3. Surgery ခွဲစိတ်ကုသနည်း
သောက်ဆေး မခံနိုင်ရင်၊ သောက်ဆေး + မျက်စဉ်းနဲ့ မရရင် လိုအပ်ရင် ခွဲရမယ်။
• Laser surgery လေဆာနည်းနဲ့ခွဲခြင်း။ Open-angle glaucoma အတွက် Trabeculoplasty ကိုလုပ်တယ်။
• Filtering surgery မျက်စဉ်းရော လေဆာရောမရရင် Trabeculectomy နည်းလုပ်တယ်။
• Trabecular meshwork တစိတ်တပိုင်းကို Electrocauterizing tool သုံးပြီး ထုတ်ပေးတယ်။
• Drainage implants ဆိုတာ ထည့်ပေးတယ်။

Lifestyle and home remedies အိမ်မှာ ဘယ်လိုနေမလဲ
• Acute angle-closure glaucoma ဒေါင့်ကျဉ်းရေတိမ်ဆိုတာ အရေးပေါ်ဖြစ်တယ်။ ချက်ချင်း မျက်စိ အထူးကုဆရာဝန်ကို ပြပါ။
• Sip fluids frequently ရေ-အရည် များများသောက်ပါ။
• Exercise safely သင့်တော်တဲ့ ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁၂

Monday, March 11, 2013

အာလူးစိမ်း““ဖျော်ရည်““

သူငယ်ချင်းဘုန်းမြင့်အောင်က အီးမေးထဲကို ပို့ပေးလိုက်တကို တင်ပေးလိုက်တပါ..
ကင်ဆာရောဂါအတွက်
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများစိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်းပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကိုမှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီးသေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည်ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊
သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်ကထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ်။
 
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီးဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင်
ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေပျံနှံ့ကုန်လို့ ကုသလို့မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက်အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်
တယ် ။အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။
အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက်ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလအလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared)
ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင်လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။
သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကိုလူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကိုသောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကိုမှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ်။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီးချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကိုတွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့်ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာကိုင်နိုရှိတဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းကမဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်းသိရပါတယ် ။
အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်းဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါအလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကိုစာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကင်ဆာညီလာခံ (International Cancer Society Conference ) မှာဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကိုသခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကိုသန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့)အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင်ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်းတစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
 
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါ ဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေးအမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။
ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကိုစိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ(လုံးဝ)အရှင်းပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည်အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။

Credit@ဘုန်းမြင့်အောင်
 

Sunday, March 10, 2013

မြန်မာပတ်စ်ပို့ပျောက်ရင် အသစ်ရဖို့ ၁လခွဲ့နေ၃လထိလောက်ကြာတတ်!

 မြန်မာသံရုံးသတင်း(၅)

Credit@ Ko Ng
 
မိမိရဲ့ပတ်ပို့ပျောက်ရင် ဘာတွေလုပ်ရမလဲ?
 
ပထမဦဆုံး နီးစပ်ရာ ရဲစခန်းထောက်ခံစာ အရင်ယူရပါတယ်၊ ပျောက်ဆုံးသွားတဲ့ ပတ်ပို့မိတ္တူနှင့် သင့်ရဲ့ IC မူရင်းတွေလိုပါတယ်တယ်၊ မနက်စောစောသွားလုပ်ပါ ပြီးရင် မြန်မာသံရုံးကို ၁၂နာရီမထိုးခင်ရောက်ဖို့လိုပါတယ်၊
ပြီးရင် မြန်မာသံရုံးကို သွားပြီး ပတ်ပို့စာအုပ် အသစ်ပြန် လျှောက်ရပါတယ်၊ အဲဒီမှာ ရဲစခန်းထောက်ခံစာရရ ချင်းသွားပါ၊ Online appointment date ကြိုယူထားဖို့လိုပါတယ်၊ မရှိရင်သံရုံးမှာယူရင် စကာင်္ပူဒေါ်လ ၁၀ ပေးရပါမယ် နော်! ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးပေါ်ခေတ်မှီတဲ့ ဘားကုဒ်စနစ်တွေနှင့် အမြန်ဆုံးဆောင်ရွက်ပေး နေတာကြောင့် အကျိုးတော်ဆောင်ခတွေ ထပ်ပေးရပါလိမ့်မယ်နော်!
 
နောက်ပြီး အရင်နှင့်တော့ မတူတော့ပါဘူး ပိုပြီးခေတ်မှီလာတဲ့လို့ပြောနေကျတဲ့ အရင်နှစ်တွေ က လူကြီးတွေထက်တော့နဲနဲ ပိုသာတယ်ပေါ့၊   အဲ!နောက်ပြီး အရင်လူကြီးတွေတုန်းက လုံးဝမပေးရတဲ့ စာရွက်စာတမ်းကြေးတွေ တောက်လျှောက်ကိုနေရာတိုင်းမှာ တောင်းနေပါတယ်လေ! တီဗီတွေမှာ စာအုပ်စဉ်တွေမှာ တရားစာအုပ်တွေနှင့် တရားဟောနေတာကိုပြသပြီး အလှူငွေကောင်ခံနေပါတယ်! ဟီဟီ! ဘယ်သူအတွက်လဲတော့မသိရပါဘူး!
အပြင်ဖက်မှာ အမိုးတွေမိုးထားပေးပြီး ထိုင်ခုံနှင့် ပန်ကာတွေ၊ မဂ္ဂဇင်းတွေ၊တရားစာအုပ်တွေနှင့် သောက်ရေသန့်ဘူး သုံးလေးဘူးကိုတော့တွေ့ရပါတယ် ဒါပေမဲ့သောက်ရေသန့်တော့မရှိပါဘူးလို့ ! အမြန်ကြေးတွေ အလှူငွေတွေကောက်ပြီး ရေသန့်လေးတောင်မပေးနိုင်ဘူးလေ?    
 
တိုကင်ကောင်တာတွေ၊တီဗီတွေ ကွန်ပျူတာ တွေနှင့် သံရုံးဆောင်ရမဲ့ စည်းကမ်းလေးတွေကို ဖတ်ကြည့်လို့ရအောင်တော့ လုပ်ထားပေးပါတယ်၊ ဒါပေမဲ့ကျွှန်တော်သွားတဲ့ ရက်တွေမှာပျက်နေလို့ နောက်တပတ် မှလာပြင်မှာတဲ့ ၀န်ထမ်း တယောက်က လူကြီးတယောက်ကို ပြောပြနေတာကြားရပါတယ်လေ!
 
မြန်မာသံရုံးက မနက်၈နာရီလောက်ကတည်းက ရုံးဖွင့်နေပြီ ! ကျွှန်တော်က အွန်လိုင်းကနေ တိုကင်ယူတာ ၁လကြာလို့ သံရုံးကို အီးမေးပို့ပြီးမေးလိုက်တာ နောက်တရက်မှဘဲ အကြောင်း ပြန်ကြားပါတယ်၊ အမြန်သံရုံးကို ၉နာရီခွဲ လောက်လာပြီး လုပ်ပါတဲ့၊ စာအုပ်အသစ်ပြန်ဖို့ ရက်ပေါင်း၄၅-၉၀ကြာပါတယ်တဲ့လေ!  ဒါနှင့်ခွင့်ယူပြီးတော့ သံရုံးဝင်းတံခါးကနေ နဲနဲ လမ်းလျှောက်ပြီး ညာဖက် အဆောက်ဦ တိုကင်(ဗီဇာယူ)တဲ့နေရာမှာ မေးမြန်းစုံစမ်းလို့ရပါတယ်၊
ကျွှန်တော်က စာအုပ်ပျောက်ဆိုတော့ မေးမြန်းကြည့်ပြီး နာမည်စာရင်းပေးလိုက်ပြီး စာရွက်စာတမ်း စုံမစုံစမ်းပါတယ်၊စာအုပ်ပျောက်က ၁လခွဲလောက်ကြာတယ်တဲ့!(မြန်မာပြည်ကဲပြည်ထဲရေးကိုပို့ရလို့တဲ့ လေ!) ပြီးရင်အပြင်မှာ နာမည်ခေါ်ဆောင့်ခိုင်းပါတယ်၊
 
နာမည်ခေါ်လို့  ညာဖက်က အလယ်ကောင်တာ ၇ မှာ စာရွက် စာတမ်းစုံမစုံစစ်ပြီး ဘယ်ဖက်ဆုံး ထောင့် ခန်း ကကောင်တာ ၁၊၂ မှာ တန်းစီဆောင့်ခိုင်းပြီး စာရွက်စာတမ်း စစ်ဆေး လို့ပြည့်စုံရင် ဖိုင်တွဲခ စကာင်္ပူ ဒေါ်လာ၂၀ ပေးရ ပါတယ်၊ ဒါတောင် ဓာတ်ပုံမရိုက်ခိုင်းပါဘူး စကာင်္ပူ ဒေါ်လာ ၅သက်သာသွားပါတယ်၊ နောက်အပြင်မှာ အခွန် ဆောင်ဖို့တွက်ချက်ဖို့ကို နာမည်ခေါ် ထပ်စောင့် ရပါတယ်၊ နာမည်ခေါ်ရင် ဖိုင်တွဲအပ် အခွန်ဆောင်ဖို့တွက်ချက်ပေးပြီး နောက် ရက်ပေါင်း ၄၅-၉၀ လောက်စာအုပ်ရမဲ့ရက်မှာ အခွန်ဖိုး ပေးရပါတယ် ဒါလဲ အွန်လိုင်းကနေ ဘယ်အချိန်ရမယ် ကြည့်လို့ရပါတယ်တဲ့! တွက်ချက်ခထပ်ပြီး စကာင်္ပူဒေါ်လာ ၃၀ ထပ်ပေးရပါတယ်နော်၊ဘယ်အချိန် ပြန်လာချိမ်းပါတယ်၊ ညနေ ၄နာရီခွဲပါ၊ ညနေရောက်လို့ လူတွေအများကြီး နာမည်ခေါ် စောင့်နေကျပါတယ်၊ နာမည်ခေါ်ရင် စာရွက်စာတမ်းကြေး စကာင်္ပူ ၈ ထပ်ပေးမှ ပြန်လို့ရပြီလေ၊ ညနေ ၅နာရီခွဲနေပြီ! ပုံမှန်အခွန်ဆောင်စာအုပ်သက်တမ်းတိုးတာ တရက်ထဲနှင့်အပြီးလုပ်ပေးတာကိုလဲတွေ့ရပါတယ်၊ တနေကုန်ဆိုတော့ တရက်လုံးခွင့်ယူမှလုပ်လို့ရမှာပါလေ!  WP တွေ ကတော့ ICA  ၄ထပ်မှာ ဆက်ပြီး အကြောင်းကြားရအုံးမယ်နော်! မမေ့ပါနှင့်! PR ကတော့ စာအုပ်ထွက်ရင် ပတ်ပို့စာအုပ်အသစ်ရဲ့နံပတ်အသစ်ကို ICA ကို အကြောင်းကြားရအုံးမှာပါနော်!
 
 
၂၁-၁-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၁ အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားရရှိသည့်လစာခေါင်းစဉ်အောက်ရှိဝသ်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ဥပဒေပုဒ်မ၅၊ပုဒ်မခွဲ (၈) အရ၂၀၁၂ဇန်န၀ါရီ ၁ရက်နေ့မှစ၍ကင်းလွှတ်ခွင့်ပြုလိုက်ဖြစ်ပါသည်၊
 


၂၀၁၁ခုနှစ်သြဂုက်လ၁၉ရက်မတိုင်မှီကာလာအတွက် မူလနှုန်း ၁၀%ပင် ကောက်ခံမည်ဖြစ်ပါတယ်တဲ့!
၁၅၇/၂၀၁၁ အမိန့်ကြော်ငြာစာအရ (၁၉-၈၀၂၀၁၁)ရက်နေ့မှ(၃၁၀-၁၂-၂၀၁၁)ရက်နေ့ထိ ၂%ဖြင့် ကောက်ခံပါမယ်တဲ့!
























အခွန်ပေးဆောင်ရမှာက ၂၀၁၁ခုနှစ် သြဂုတ်လထိ ၁၀ %နှုန်းနှင့် WP/SP/EPက စကာင်္ပူဒေါ်လာ၄၀-၈၀နှင့် PRကို စကာင်္ပူဒေါ်လာ၁၂၀ပေးရမှာဖြစ်ပြီး နောက်ပိုင်းကျလတွေအတွက် မိမိလစာရဲ့၂% ပေးရမှာဖြစ်ပါတယ်၊
 

အခွန်လျော့ပြီးမြန်မာပြည်မှာဆောင်ထားရင်လဲ လိုနေတဲ့အခွန်ငွေတွေထပပဖြည့်စွက်ပေးရပါမယ်တဲ့လေ!
 

အထူးသတိပေးချက်--၂၀၁၁ခုနှစ် ဒီဇင်ဘာလထိ အခွန်ဆောင်ပြီးသားဖြစ်မှ သံရုံးနှင့် ပတ်သက် တဲ့ ကိစ္စတွေအားလုံးကို လုပ်ဆောင်ပေးမှပါတဲ့!


၂၆-၇-၂၀၀၇ရက်စွဲပါ စာအမှတ် ပတခ/၀ငခ/၇-၃/၂၀၀၇(၅၀၅)စာပုဒ်(၂)အရ “ ပြည်ပနေနိုင်ငံသားသည် နိုင်ငံခြားငွေဖြင့် ၀င်ငွေရရှိပါက ရရှိသောနိုင်ငံခြားငွေစုစုပေါင်း၏ ၁၀%ကို ၄င်းရ၇ှိသောနိုင်ငံခြားငွေဖြင့်ပင် ၀င်ငွေခွန်အဖြစ်နိုင်ငံတော်အစိုးရသို့ ပေးသွင်းရန် ၀င်ငွေခွန်ပေးဆောင်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာမြန်မာသံရုံးများ၌ ပေးသွင်းရန်“ ဟုပြဌာန်းထားပါသည်၊
သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် ပြည်ပနေနိုင်ငံသားများမှာ စကာင်္ပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်သာဝင်ငွေခွန်ပေးဆောင်ရန်ဖြစ်ပါသည်တဲ့!

 
 
စကာင်္ပူနိုင်ငံသားခံယူထားသူဇနီးအပေါ်မှီခိုခွင့်မရှပါဘူးတဲ့၊ အခွန်စဆောင်ရပါမယ်တဲ့လေ!


 
မှတ်ချက်-- အဲ! စကာင်္ပူမှာ အခွန်ဆောင်ထားတာတွေရှိရင် စာရွက်စာတမ်းတွေပြရင်နိုင်ရင်တော့ သံရုံးအခွန်တွေ လွတ်နိုင်ပါတယ်ထင်ပါတယ်လို့!
 
Credit@
 
 

Monday, March 4, 2013

မုံရွာကြေးစင်တောင် ၊ လက်ပံတောင်းတောင် ၊ စံပင်တောင် ဒေသခံတို့၏ မျှော်လင့်ချက်ရောင်ခြည် နှင့် ဘ၀ထွက်ပေါက်

ကမ္ဘာကြီးသည် တစ်နေ့တခြား ပူနွေးလာချေပြီ။ ထိုသို့ ကမ္ဘာ၏ ပူနွေးမှု ကမ္ဘာ့ရေချိန်အတိုင်း မြန်မာနိုင်ငံ၏ ပူနွေး မှုသည်လည်း တစ်နေ့တစ်ခြား ပိုမိုတိုးပွား လာချေပြီ။ ထိုသို့ ပူးနွေးမှုများ တိုးမြှင့် လာခြင်းမရှိရအောင် သစ်တောသစ်ပင် များနှင့် တောတောင်များ ပျက်စီးဆုံးရှုံး မှုများမရှိစေအောင် အထူးပင် ကာကွယ် ဖို့ လိုအပ်လာပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေ သော ကြေးနီတောင်၊ စံပယ်တောင်၊ လက်ပံတောင်းတောင်များ ပျက်စီးဆုံးရှုံး နေမှုအပေါ် မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ ကွယ်ပျောက်မှုမရှိစေရန် အထူးထိန်း သိမ်းသင့်လှသည်။ သစ်တောများ ပြုန်း တီးမှုကြောင့် သစ်ပင်များ ပြန်လည်စိုက် ပျိုးနိုင်သော်လည်း တောင်များ ပျက်စီး ဆုံးရှုံးမှုကိုမူ ပြန်လည်အစားထိုးနိုင်မည် မဟုတ်ချေ။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ရှိ လက်ပံတောင်းတောင်၊ ကြေးစင် တောင်၊ စံပယ်တောင်များရှိသည့်အနက် ကြေးစင်တောင်သည် အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး ဒေသခံများသည် ကြေးစင်တောင်၏ မူလနာမည်ကို မခေါ်ဆိုကြတော့ဘဲ မိုင်း(သို့)တောင်ကြီး မိုင်းဟု ပြောင်းလဲခေါ်ဆိုနေကြသည်။
နိုင်ငံအသီးသီးတွင် သဘာဝသယံ ဇာတပစ္စည်းများကို ထုတ်ယူမှုကြောင့် နိုင်ငံတွင် အမျိုးမျိုးသော ပြဿနာရပ် များ ထွက်ပေါ်လာနိုင်ပြီး သယံဇာတ ထုတ်ယူခံရတဲ့ ဒေသများ၌လည်း မကျေ နပ်မှုများ ထွက်ပေါ်လာနိုင်ဖြစ်သည်။
လက်ပံတောင်းတောင်ကို ယခင်က ဂျပန်များနှင့် ယူဂိုစလားဗီးယားများ ကြေး နီတူးဖော်မှု ပြုလုပ်ခဲ့ကြသည်။ ဂျပန်များ ကြေးနီသိုက်တူးဖော်ရာတွင် ကြေးနီ သိုက်အမျိုးအစား၊ သတ္တုပါဝင်မှုပမာဏ၊ ထွက်ရှိမည့်တန်ချိန်၊ ကုန်ကျစရိတ်၊ အလုပ်သမားခ၊ ပတ်ဝန်းကျင်ထိခိုက်နိုင် မှုအတိုင်းအတာ၊ ဒေသခံတို့၏ ကျန်းမာ ရေးထိန်းသိမ်းမှု၊ အကျယ်အ၀န်း၊ ထု ထည်များအပေါ် ထည့်သွင်းတွက်ချက် ပြီး ဆက်လက်တူးဖော်ခြင်းမပြုခဲ့ပေ။ ယခင်အစိုးရလက်ထက်၌ ယူဂိုစလားဗီး ယားနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်။ သို့သော်လည်း စံပယ်တောင်ရှိ သတ္ထု အိုးများကို မြန်မာနိုင်ငံတွင် သန့်စင်နိုင် မှုမရှိသဖြင့် နိုင်ငံခြားသို့ ပို့ဆောင်သန့်စင် ခဲ့ရသည်။ ထိုသို့ သန့်စင်ရာတွင် စရိတ် ကြီးခြင်း၊ ကြေးနီဈေးမရှိခြင်းတို့ကြောင့် ဆိုရှယ်လစ်စီမံကိန်းသည် အကြီးအကျယ် အရှုံးပေါ်ခဲ့သည်။
ကြေးနီသတ္တုသည် အလွန်အသုံး ၀င်သော သတ္တုတစ်မျိုးဖြစ်ပြီး အပူနှင့် လျှပ်စစ်ကူးနိုင်တဲ့ သတိ္တအင်မတန် ကောင်းမွန်လှသည်။ ထို့အပြင် ကြေးနီ ကို လိုသလို ပုံသွင်းယူနိုင်ခြင်းကြောင့် ကွန်ပျူတာပစ္စည်းများ၊ ကာရာအိုကေ စက်များတွင် လိုအပ်သော အချက် အလက်များကိုတစ်နေရာမှ အခြားတစ် နေရာသို့ပါ လွယ်ကူစွာပို့ပေးနိုင်သည်။ ကျန်းမာရေးအထူးဂရုစိုက်သော နိုင်ငံ များတွင် ရေသွယ်ရေပိုက်လုပ်နိုင်သလို၊ မီးလင်းဖို၊ ကွန်ပျူတာ၊ တယ်လီဖုန်းများ အလုပ်လုပ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ် ကို သယ်ဆောင်ရာတွင် ကြေးနီနန်းကြိုး ကို အသုံးပြုရသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ကြေးနီ တန်ချိန် နှစ်သောင်းခန့် ထွက်ရှိနေပြီး ကမ္ဘာ့ကြေးနီထုတ်သောနိုင်ငံများအနက် နံပါတ် ၂၈ ဖြစ်သည်။ အီလက်ထရော နစ်သုံး အဆင့်မြင့် သန့်စင်ပြီးသော ကြေးနီတစ်ပေါင်၏ ပေါက်ဈေးသည် လေးဒေါ်လာနီးပါးရှိနေပြီဖြစ်သည်။ ကြေးနီနှင့်ပတ်သက်၍ ကြေးနီထုတ်ယူ နိုင်သော သတ္တုရိုင်းအမျိုးအစားနှစ်မျိုးရှိ ပြီး ယင်းတို့မှ ဆာလ်ဖိုက်အိုး ((Sulphite Ores)နှင့် အောက်ဆိုဒ်အိုး (Oxide Oresu) တို့ဖြစ်သည်။ မုံရွာနယ်တွင်ရှိ သော ကြေးနီသိုက် အမျိုးအစားသည် ဆာလ်ဖိုက်အိုး အမျိုးအစားဖြစ်သော ပိုဖီရီကြေးနီသိုက်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဖိုးတန်ကြေးနီ သိုက်ထွက်ရှိမှုသည် ရာနှင့်ချီ၍ရှိနေ သည်။ မြန်မာနိုင်ငံသည် အိနိ္ဒယမြေ ကြော/အင်ဒိုချိုင်းနားမြေကြောနှင့် ယူ ရေးရှားမြေကြောသည် မြေကြောကြီး များဆုံရာအရပ်တွင်ရှိပြီး ဘူမိသက်တမ်း မှာလည်း အရင့်များပြီး သက်တမ်းအနု လည်းရှိနေသည်။ ယခုလက်ပံတောင်း တောင်၊ ကြေးစင်တောင်များသည် လားရှိုးပြတ်ရွေ့ဟု ခေါ်ဆိုကြသော ရှမ်း ပြည်နယ်မြောက်ပိုင်း မိုင်နှစ်ရာခန့်ရှည် လျားသည့် ပြတ်ရွေ့၏ ထိပ်တည့်တည့် လောက်အရပ်တွင် တည်ရှိနေသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်း ကြီးမြို့နယ်တွင်ရှိသော ကြေးနီသိုက်များ အနက် စံပယ်တောင်အောက်တွင်ရှိ သော သိုက်၏ အကျယ်အ၀န်းသည် အရှေ့အနောက် ဂိုက် ၄၀၀၊ တောင် မြောက်ဂိုက် ၆၆၀ ခန့်ရှိသည်။ စံပယ် တောင်သိုက်မှ ကြေးနီသတ္တုရိုင်း တန် ချိန်ပေါင်း ၅၄ သန်းကျော် ထွက်ရှိမည် ဟု တွက်ချက်ထားပြီး စံပယ်တောင် ဘေးဘက်တွင်လည်း တန်ချိန် ၁၄ သန်း ခန့်ထွက်ရှိမည့် သိုက်တစ်ခုရှိကြောင်း သိရသည်။ ထို့ပြင် ကြေးစင်တောင် အောက်၌ရှိသော သိုက်သည် ပို၍ပင် ကြီးမားပြီး အရှေ့အနောက် ကိုက် ၃၃၀၀ နှင့် တောင်မြောက်ဂိုက် ၁၃၅၀ ဖြစ်သည်။ ထိုသိုက်မှ ကြေးနီသတ္ထုရိုင်း အထွက် တန်ချိန် ၁၈၄ သန်းခန့် ရရှိနိုင် မှာဖြစ်သည်။ နောက်ဆုံးလက်ပံတောင်း တောင် ကြေးနီသိုက်သည် အရှေ့ အနောက် ဂိုက် ၃၃၀၀၊ တောင်မြောက် ဂိုက် ၂၂၀၀ ခန့်ရှိပြီး၊ ကြေးနီသတ္ထုရိုင်း တန်ချိန် သန်း ၈၀၀ ခန့်ထွက်ရှိမည်ဖြစ် သည်။ အထက်ရှိ စာရေးဇယားများအရ မြေအောက်တွင် ကျန်ရှိနေသော သိုက် များကို ကုန်စင်အောင် တူးဖော်သန့်စင် လျှင် ကြေးနီတန်ချိန် လေးသန်းတစ်သိန်း ကျော် ရရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ယနေ့ပေါက်ဈေး ဒေါ်လာ ၂၅ ဘီလီယံ ခန့်ရရှိနိုင်မည်ဖြစ်သည်။
သို့သော် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် ကြေးနီတောင် တူးဖော်ရေးလုပ် ငန်းများသည် သဘာဝပတ်ဝန်းကျင် ဆိုး ရွားစွာ ထိခိုက်စေနိုင်သော အကြီးစား စက်မှုလုပ်ငန်းများ၊ ကြေးနီသန့်စင်ရုံများ၊ မိုးကြိုးဆာလဖြူရစ်အက်စစ် စက်ရုံများ ပါဝင်လျက်ရှိသည်။ ယခုတည်ဆောက် မည့် ကြေးနီတောင်စီမံကိန်းသည် တစ် ရက်လျှင် ကြေးနီတန်ချိန်တစ်သိန်းတစ် သောင်းနီးပါး ထုတ်လုပ်နိုင်မည်ဖြစ် သည်။ ထို့ကြောင့် တန်ချိန်တစ်သိန်း ကျော်မှ ထွက်ရှိလာသော စွန့်ပစ်မြေစာ များ၊ ဓာတုဗေဒစွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုများ၊ ရေထု၊ လေထု၊ မြေထု၊ ညစ်ညမ်းထိခိုက်မှုများကို ဆိုးဝါးစွာ ထိခိုက်စေနိုင်မှာဖြစ်ပြီး ဒေသခံပြည်သူ များအနေဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများနှင့် ကင်ဆာဖြစ်ပွား မှုများ ပိုမိုများပြားလာနိုင်ပါသည်။
၁၉၈၈ ခုနှစ်က ကြေးနီတောင်စီမံ ကိန်းမှ စီမံကိန်းအင်ဂျင်နီယာတစ်ဦးမှ ““ကြေးနီမိုင်းက စွန့်ပစ်လိုက်တဲ့ အက်စစ် များကြောင့် ပတ်ဝန်းကျင်ရှိ ရေချိုများ ပျက်စီးခဲ့ရပုံများကို ပြောကြားရာမှာ မိုင်းမှ စွန့်ပစ်လိုက်တဲ့ အက်စစ်များ မြေ ကြီးထဲစိမ့်ဝင်ပြီးတော့ မြေအောက်ရေကို ညစ်နွမ်းအဆိပ်သင့်စေတာကြောင့် ဒီရေ ကိုပဲ မှီခိုနေရတဲ့ ဒေသခံလူထုမှာ အရေ ပြားရောဂါများ ခံစားရလို့ နောက်ဆုံး တော့ ဒီပတ်ဝန်းကျင်က ရေချိုဟာ လုံးဝ သောက်သုံးလို့မရတဲ့ အခြေအနေ ဖြစ်သွားတယ်””ဟု ပြောခဲ့သည်။
ထို့အတူ မိုးကြိုးဆာဖြူရစ်အက်ဆစ် စက်ရုံမှ ထွက်ရှိသော မီးခိုးငွေ့များ၊ ဓာတု ပစ္စည်းများကြောင့် စက်ရုံနှင့် ကိုက် ၂၀၀ ခန့်အကွာ ကံကုန်းရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကလေးသူငယ် များသည် ဆာဖြူရစ်အက်ဆစ်၏ ဆိုးကျိုးကို ခံစားနေရသည်ဟု သိရသည်။ လေထု၊ ရေထု ပျက်စီးမှုများကြောင့် ကင်ဆာရောဂါများ၊ မွေးရာပါ မသန်စွမ်း မှုများ ကြုံတွေ့နေရပြီဖြစ်ပြီး လက်ပံ တောင်းတောင်စီမံကိန်းနှင့် မလွတ်ကင်း သော ဆည်တည်း၊ ဇီးတော၊ ၀က်မှေး၊ ကံတော စသော ရွာလေးရွာပြောင်းရွှေ့ ခံခဲ့ရပြီး လယ်မြေဧက (၇၈၆၈.၇၈)ဧက အသိမ်းဆည်းခံခဲ့ရသည်ဟု သိရသည်။
ဝက်မှေးရွာနေ မသွဲ့သွဲ့ဝင်းက လည်း ““ကျွန်မတို့လယ်ယာမြေတွေထဲမှာ စွန့်ပစ်မြေစာတွေ မပုံဖို့နဲ့ ကုမ္ပဏီကို အဆောက်အအုံတွေ ဆက်မဆောက်ဖို့ သွားပြောကြတာ။ ၀မ်ပေါင်ကုမ်္ပဏီက တရုတ်တွေက ကျွန်မတို့ကို လှောင် တယ်၊ ဘေးက လုံခြုံရေးဝန်ထမ်းတွေက လည်း ဘာမှမပြောကြဘူး။ အဲဒါမျိုးတွေ ကို မကျေနပ်လို့ ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒ ပြခဲ့ကြတာဟု ပြောခဲ့သည်။
အဆိုပါနိုင်ငံရေးလှုပ်ရှားမှုများသည် နိုင်ငံရေးရေချိန်နှင့် ဒီမိုကရေစီ အသိ အမြင်ရင့်ကျက်မှုများကို မြှင့်တင်ရာတွင် နိုင်ငံရေးဝါဒထက် နိစ္စဓူဝ ကြုံတွေ့နေရ သော လူမှုစီးပွားကိစ်္စရပ်များကို အခြေခံ ၍ လှုပ်ရှားသော နိုင်ငံရေး(Issue based Politics ))သာဖြစ်သည်ဟု ယုံကြည်မိပါ သည်။ နိုင်ငံရေးယဉ်ကျေးမှုဖြစ်ထွန်းလာ စေရန် အပြုသဘောမျိုးဆောင်ရွက်သင့် သည်ဟု ယုံကြည်မိပြီး နိုင်ငံရေးယဉ် ကျေးမှုဖြစ်ထွန်းမှုတွင်လည်း အခြေခံ အချက် ၂ချက်ရှိပါသည်။ ပထမအချက် မှာ ပရိုပိုဆယ်လ်ခေါ် နိုင်ငံရေးကို ရှောင် ရှားသင့်ပြီး၊ ဒုတိယအချက်မှာ အထွေ ထွေဆုံးရှုံးနစ်နာမှုများ ခံစားနေရသော ဒေသခံများအတွက် မျှော်လင့်မှုများ ပေး သင့်ပါသည်။ အငြင်းပွားဖွယ်ရာဖြစ်သော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ကို ပြန်လည်၍ အဘက်ဘက်မှ သုံးသပ် ကာ ဆိုးကျိုးနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နိုင်ရန် ဆန္ဒပြုရေးသားအပ်ပါ သည်။
ရဲမာန်အောင်
Ref:hitnewsweekly

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!