Popular Posts!

Sunday, August 3, 2014

ဈေးတက်ပြန်ပြီ မဟာရန်ကုန်အနီး ဆင်ခြေဖုံးမြို့နယ်က မြေကွက်လေးဈေးလေးတွေ...

ဟုတ်ကောဟုတ်သေးရဲ့လား....

မထင်မှတ်လောင်အောင် တာက်လျှောက်ထိုးတက်နေသော မဟာရန်ကုန်အနီး ဆင်ခြေဖုံးမြို့နယ်က မြေကွက်လေးဈေးလေးတွေ...

လူကြီးတွေ လုပ်စားပြန်ပြီ!.....သတင်းတွေအမျိုးမျိုးပေးပြီး လက်ဝါးကြီးအုပ် ဈေးကွက်ကောလဟသ သတင်းပေးပြီး ရှေ့ဆုံးက လိုက်ဝယ်ပြ...နောက်က  ငွေပိုလျှံနေတဲ့လူထု အရူးလေးတွေ လိုက်လာ ရင် ပြန်ရောင်းလိုက်ဈေးကစားနေတာ ဘယ်နှစ် နှစ်ရှိပြီလဲ?

လူနေမှုစရိတ်အတွက် အခြေခံအရေးကြီးဆုံးဖြစ်တဲ့ အိမ်ခြံမြေဈေးတခုထဲ ဈေးတက်ပြီး 


စီမံကိန်းအသံများကြောင့် ဆင်ခြေဖုံး မြို့နယ်များတွင် မြေဈေးလှုပ်


ရန်ကုန်မြို့၏ မြို့စွန်နေရာ အနှံ့တွင် အစိုးရက လုပ်ဆောင် မည့် စီမံကိန်းအချို့ကြောင့် မြေ ဈေးနှုန်းများ မြင့် တက်နေပြီး အ ရောင်းအ၀ယ် ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံ မှ သတင်းရရှိသည်။ 

အထူးသဖြင့် ဒဂုံအရှေ့ပိုင်း ရွာသာကြီးမြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ် လှိုင်သာ ယာမြို့နယ်၊လှည်းကူးမြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ယခုနှစ်ပိုင်း၌ ပြုလုပ်မည်ဆို သည့် အစိုးရ ထုတ်ပြန်လိုက်သော စီမံကိန်းများကြောင့် မြေဈေးမှာ မူလပေါက်ဈေးထက် ခေါ်ဈေးများ မြင့်တက်လာ ခဲ့ကြောင်း မြမြင့်မိုရ် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။ 

ရွာသာကြီး မြို့နယ်တွင် ကုန်သေတ္တာများကို မီးရထားမှတစ်ဆင့် မြို့တွင်းသို့ သယ်ယူပို့ဆောင်မည့် ကုန်းတွင်းဆိပ်ကမ်းသိုလှောင်ရုံစီမံကိန်း တည် ဆောက်ခြင်းများ အပါအ၀င် ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် သရ၀ဏ် နှင့် ရတနာအိမ်ရာစီမံကိန်း တွံတေး မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဇုန်စီမံကိန်းသစ်အပါအ၀င် လှိုင်သာယာမြို့နယ်တွင် လက် ရှိတည်ဆောက်နေသည့် ရွှေလင် ပန်းအိမ်ရာစီမံကိန်းများကြောင့် ယင်းနှင့် အနီးတစ်ဝိုက်နယ်မြေများတွင် ခေါ်ဈေးများ မြင့်တက်နေပြီး အရောင်းအ၀ယ်လည်း ဖြစ်ပေါ်နေကြောင်း အထက်ပါ အကျိုးဆောင်လုပ်ငန်းရှင်က ရှင်းပြသည်။ 

‘‘ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ဖို့အတွက် လူတွေက စမ်း တ၀ါးဝါးနဲ့ စုံစမ်းမေးမြန်းနေကြ တယ်။ တကယ်ငွေရှိတဲ့သူတွေက လည်း မြေကို ကြိုစုပြီး ၀ယ်နေကြတာ’’ ဟု အထက်ပါ လုပ်ငန်းရှင် က ဆိုသည်။ 

လက်ရှိပြည်တွင်း၌ အသေး စား၊ အလတ်စားစီးပွားရေး လုပ် ငန်းများတွင် အားနည်းနေသေးခြင်း ၊ မော်တော်ယာဉ်ဈေးကွက်တွင် အစိုးရ၏ မူဝါဒအပြောင်းအ လဲများကြောင့် ဈေးလျော့ကျလာ ခြင်း တို့ကြောင့် လတ်တလော ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံးအခြေအနေဖြစ်သည့် မြေဈေးကွက်သို့စီးပွားရေး လုပ်ငန်းရှင်များ ဦး တည်လာခြင်းဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် စီးပွားရေးလုပ်ငန်းရှင်ဦးကြီးမြင့်က သုံးသပ်သည်။ 

စီမံကိန်း အသံကြားတိုင်း ယင်းနယ်မြေနှင့် အနီးစပ်ဆုံးရှိ သည့် နေရာများတွင် ဈေးတက်လေ့ရှိ သည့် မြန် မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုအပေါ်ထိန်းချုပ်ရန် နိုင်ငံတော်အဆင့် ပညာရှင်များနှင့် ဌာနဆိုင် ရာများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် အောက်တိုဘာမတိုင်မီ ကျင်းပရန် အစိုးရက စီစဉ်ထား သည်။ 

Ref:7Dayjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!