Popular Posts!

Friday, August 29, 2014

ဂျပန်က ကမ္ဘာ့ပထမဆုံး သတင်းကြေညာသူ စက်ရုပ်ကို မိတ်ဆက်ပြသ

ဂျပန် သိပ္ပံနှင့် နည်းပညာပြတိုက်တွင်ုKodomoroid စက်ရုပ်နှင့်အတူ ဇွန်၂၄ ရက်က ဓာတ်ပုံအရိုက်ခံနေသော ရုပ်သံကြေညာသူ အာကီနာကာတာ(၀ဲ) (Photo:AFP)

လူနှင့် တစ်ရွယ်တစ်စားတည်းရှိပြီး ဟာသဉာဏ် ရှိသော ကမ္ဘာ့ပထမဆုံး သတင်းဖတ်ပြနိုင်သည့် စက်ရုပ်ကို ဂျပန်သိပ္ပံပညာရှင်များ ဇွန် ၂၄ ရက်တွင် မိတ်ဆက်ပြသခဲ့သည်။ လူရွယ်မျက်နှာရှိသော Kodomoroid စက်ရုပ်သည် ငလျင်သတင်းနှင့် အမေရိကန် ထောက်လှမ်းရေးဗျူရို၏ ဝင်ရောက် စီးနင်းမှု သတင်းတို့ကို ကြေညာခဲ့ပြီး သတင်းထောက်များကို အံ့အားသင့်စေခဲ့သည်။

စက်ရုပ်သည် ဖန်တီးသူ ပါမောက္ခ ဟီရိုရှီအီရှီဂူရိုကို “ရှင်က စက်ရုပ်တစ်ရုပ်နဲ့ တူလာနေပြီ” ဟုပင် နောက်ပြောင်ခဲ့သည်။

ပါမောက္ခ အီရှီဂူရိုတွင် နိုင်ငံရပ်ခြားသို့ လှမ်း၍စာတင်နိုင်သော လူတူစက်ရုပ်တစ်ရုပ် ရှိသည်။

“သူက ကျွန်တော့်ရဲ့ လုပ်ငန်းဆိုင်ရာ ခရီးသွားလာမှုတွေကို လျှော့ချပေးပါတယ်။ နည်းပညာ အဆင့်မြင့်လာမှုက စက်ရုပ်တွေဟာ လူနဲ့ ပိုတူလာပြီး ကျွန်တော်တို့ တန်ဖိုးက ဘာလဲဆိုတာကို အတွေးရစေပါတယ်” ဟု အီရှီဂူရိုက ပြောကြားခဲ့သည်။

တိုကျိုရှိ သိပ္ပံပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသားပြတိုက်တွင် Kodo-moroid စက်ရုပ်ကို လုပ်ကိုင်စေမည်ဖြစ်ပြီး လူနှင့်စက်ရုပ်တို့၏ အပြန်အလှန် တုံ့ပြန်ရန်အတွက် အချက်အလက်များ စုဆောင်းမည်ဖြစ်သည်။ Kodomoroid စက်ရုပ်နှင့်အတူ Otonaroid စက်ရုပ်ကိုလည်း အတူထားရှိသွားမည်ဖြစ်သည်။ Otonaroid စက်ရုပ်သည် ပြတိုက်တွင် သိပ္ပံဆိုင်ရာ ရှင်းလင်းပြောကြားသူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

Kodomo ဟူသည် ဂျပန်ဘာသာတွင် ကလေးဟု အဓိပ္ပာယ်ရပြီး Otona ဟူသည် အရွယ်ရောက်သူဟု အဓိပ္ပာယ်ရသည်။

ဂျပန်ဆက်သွယ်ရေးလုပ်ငန်း SoftBank သည် ဇွန်လအစောပိုင်းက အိမ်လုပ်ငန်းများ ကူညီဆောင်ရွက်နိုင်သော စက်ရုပ် Pepper ကို မိတ်ဆက်ခဲ့သည်။ SoftBank သည် Pepper ကို ဒေါ်လာ ၂ဝဝဝ ခန့်ဖြင့် ရောင်းချရန် စီစဉ်ထားသည်။ ဒေါ်လာ ၂ဝဝဝ သည် လက်ပ်တော့ကွန်ပျူတာတစ်လုံး၏ ဈေးနှုန်းလောက်ပင်ရှိကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။ လူနှင့်စက်ရုပ်တို့ကြား ပိုင်းခြားထားမှုသည် လျော့ပါးလာမှုအား သတင်းကြေညာသည့် အီရှီဂူရို၏ စက်ရုပ်က သာဓကပြခဲ့ပြီး လူသားများကို အံ့အားသင့်စေခဲ့သည်။

“ကျွန်မအိမ်မက်ကတော့ အနာဂတ်မှာ ကိုယ်ပိုင်ရုပ်သံ အစီအစဉ်တစ်ခု တင်ဆက်နိုင်ဖို့ပါပဲ” ဟု Kodomoroid စက်ရုပ်က ပြောကြားခဲ့သည်။      
Ref:news-eleven.com/


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!