Popular Posts!

Sunday, August 17, 2014

မြေယာများကိုဈေးကစားခြင်းကြောင့် ပြည်တွင်း မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာ

    ပြည်သူလူထုလေးတွေက လောလောဆယ်မှာ အဆမတန် ဈေးတောက်လျှောက်တက်နေတဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေလာရောက် ရင်နှီးမြှပ်နှံမယ်ထင်ရတဲ့ စီမံကိန်းနေရာတွေမှာ အားလုံးလိုလို စုံပြုံဝင်ရောက် ရင်နှီးမြှပ်နှံနေကျပြီး တခြားလုပ်ငန်း အတော်များများက စက်မှု လုပ်ငန်းတွေ ကလဲ အမိမြေက အစိုးရကလည်း မီးမှန်မှန်မပေးတော့ စက်ရုံတွေနှင့် ကျန်စီးပွားရေးလုပ်ငန်လေးတွေလဲ အခြေနေ မကောင်းကျတော့တဲ့ ရပ်၊ပိတ်လို့မရတာကြောင့် မရှံးအောင်တမယ် မေးပြီးဆက်လက် လုပ်ကိုင်နေ တာတဲ့ အခြေနေမှာရှိပါတယ်၊ တကယ်တန်းသေချာ စမ်းစစ်ကြည့်လိုက်ရင် အဓိကပြဿနာက မတည်ငြိမ်တဲ့ နိုင်ငံရေးရယ်၊ တရားဥပဒေတဆိုးတာရယ်၊ စက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ် ဓာတ်အားလေးတွေ အပြည့်မ၀မပေးနိုင်တရွှေ့ ဘာစီမံကိန်းဘဲ လုပ်လုပ်ဖြစ် လာမှာ မဟုတ်ပါဘူး ဆိုတာကို တွေ့ရှိရပါတယ်၊ ဒါပေမဲ့လူထုတွေကတော့ တကယ်မျှော်လင့် စောင့်စား နေတုန်းပါဘဲ....

 လေ့လာသုံးသပ်ကြည့်လိုက်ရင် သန်းရှင်းအစိုးရလက်ထက်မှာတော့ မြေဈေးလေးတွေ မယုံကြည်နိုင်လောက် အောင်ဈေးတနရားတက်တာဘဲ အဖတ်တင်ပါတော့တယ်၊အများပြည်သူ လူထုတွေ ပိုဆင်းရဲသွားကျပြီး လူတစုအတွက်ကတော့ ကမ္ဘာပေါ်မှာအချမ်းသာဆုံးထိပ်သီးတွေ ဖြစ်လာတော့တာပါဘဲ... ဒါပေမဲ့ ထူးခြားဖြစ်စဉ်တွေက မြေတွေကို နိုင်ငံခြားသားတရုတ်တွေက ၀ယ်တာလား နိုင်ငံသားက၀ယ်တာလားဆိုတာကိုတော့  သင်တို့သာစဉ်းစားတာကြည့်လိုက်ပါတော့နော်၊ ဒါလဲ နိုင်ငံတော်က လက်ရှိအုပ်ချုပ်နေတဲ့ လူကြီးတွေမှာ တာဝန်မကင်းပါဘူးလို့ထင်ပါတယ် သိသိကြီးနှင့်ကို လွတ်ထားတာပါ၊ ဘာကြောင့်လဲတော့ သင်တို့တာ တွေးကြည့်လိုက်ပါတော့နော်.....
အခုလဲအရင်က အရမ်းကိုနာမည်ကြီးမြို့လေးတွေ ဘယ်သူတွေလက်ထဲမှာဘဲရှိတော့လဲ ဆိုတာတွေးတာ ကြည့်လိုက်ပါအုံး၊ ဘယ်နှစ်မြို့လောက်ပါသွားပါပြီလဲဟင်? အခုလိုမြေဈေးတက်တာ နောက်ကျောက တစုံတရာလုပ်ဆောင်နေတာတယ်ဆိုတာ သိသာထင်ရှားနေပါကြောင်း.....နိုင်ငံရေးပရောဂမပါဘူးလို့ ဘယ်သူမှာ မပြောနိုင်ပါကြောင်း.....
ဒါကလဲ အာဏာနှင့်ငွေပိုလျှံနေကျတဲ့ လူတစုကဘဲ အခွင်းကောင်းယူပြီး လုပ်စားနေတာကိုလဲ သင်တို့
တွေ့ရမှာပါ၊ သတင်းတခုထုတ်လိုက် မြေဈေးတက်လိုက် နှင့် အ၀ယ်လိုက်လာရင် မဟုတ်တော့ဘူးလို့ သတင်းထုတ် လိုက် ဈေးကျအောင်လုပ်လိုက် နှင့် ကြားမှာ စားခွင်ဖန်တီးပြီး အမြတ်ရအောင်လုပ် နေကျတာပေါ့ဗျ၊ ဒီမှာ ဘာမှနားမလည် သူများတွေဝင်ကစားလို့ မြတ်တာကိုကြည့်ပြီး အရင်းနှီး နည်းနည်းမရှိမဲ့ရှိမဲ့နှင့် ၀င်ကစားသူတွေ ဗိုလ်နာပြီးပြန်ရောင်းရတဲ့သူတွေ သေတော့တာဘဲ လေ....
    အမှန်တကယ် ဒီစက်မှုဇုံတွေ မဖြစ်ခဲ့ရင်ကော ဘယ်လိုဆက်ပြီးဆိုးကျိုးလေးတွေဖြစ်လာနိုင်လဲ?   အဓိက ဂျပန်တွေ ဦးစီးလုပ်ဆောင်နေတဲ့ သန်လျှင်စက်မှုဇုံပါ၊ ဒီလိုဘဲ ကိုးရီးယားလဲ ဒီအခွင့်ရေးတောင်း ဆိုနေပါပြီ၊ သူတို့အတွက် သီးသန့် စက်မှုဇုံလိုချင်နေပါပြီ၊ ပဲခူးဖက်မှာလို့သတင်းကြားရတယ်လေ၊ ဟုတ်မဟုတ်သေချာမသိရပါဘူး၊ ဒီလိုဘဲ တရုတ်တွေလဲ ထပ်တောင်း ဆိုနေ ပါတယ်၊ အခုလည်းကူးမှာလို့သတင်းကြားရတယ်လေ၊ ၁၉ ၉ ၇ခုနှစ်တုန်းက မိုးရွာရင် ခါးလောက်ရေ တက်တဲ့ ပါမစ်မြေကွက်သစ် ၄၀x၆၀ ကို ၃သောင်းဘဲပေးရပါတယ်၊ အခုတော့ သိန်း ၂၀၀ကျော် နေပြီတဲ့ဗျ၊ပြည်ကြီးတရုတ်တွေ ဆင်းဝယ်ကျတယ်လို့ပြောတယ်၊ သူတို့က လယ်မြေတွေအမြှောက်အများတွေကို ၀ယ်သိမ်းတယ်နော်၊ မယုံချင်လောက်အောင် အရမ်းကို စွန့်စားလွန်းတယ်၊ ဘယ်လိုကနေ ဘယ်လို နိုင်ငံခြားသားတွေဝယ်လို့ရတာလဲ..ဟင်! အံ့သြမိပါရဲ့ဗျ.....ဗမာစကားတောင်မတတ်ဘူးဆိုဘဲ...


ကဲ...ဒီသတင်းလေးကိုလဲ ဖတ်ကြည့်လိုက်ပါအုံး....

မြေယာများကိုဈေးကစားခြင်းကြောင့် ပြည်တွင်း မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာ

မြေဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် ရန်ကုန် မြို့၏ အိမ်ဈေးနှုန်းများ၊ ကွန်ဒိုတိုက်ခန်း ဈေးနှုန်းများနှင့် မြေငှားရမ်းခနှုန်းများအပြင် အိမ်၊ ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းမှုများပါဈေးကြီးမြင့် ခဲ့ရသည်။

အိမ်နှင့် မြေယာများသည် လူနေထိုင်ရန် အတွက်သာဖြစ်သောကြောင့် စီးပွားရေး ဆန်ဆန် မဆင်မချင်မလုပ်ဆောင်သင့် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးမောင် အေးကပြောသည်။ "အိမ်မြေတွေကို စီးပွားရေးတစ်ခုလို လုပ်နေကြတော့ မြေနေရာတွေကို စီးပွားရေး ဆန်ဆန် အကျိုးအမြတ်တွက်ပြီး ဈေးကစား ကြတယ်။ မြေဈေးကစားတာကို စီးပွားရေးပုံစံ မလုပ်သင့်တော့ဘူးလို့တော့ ကျွန်တော်ယူဆပါတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးများမှာ ဆက်လက်မြင့်မားလာနိုင်သည့် အနေအထား တွင်ရှိနေသော်လည်း လက်ရှိတွင်ဈေးကစားသူများက ရန်ကုန်မြို့၏အိမ်ခြံမြေ ၀ယ်ရောင်း ငြိမ်သက်နေမှုများကြောင့် မြေယာရင်းနှီး မြှုပ်နှံမှုအား ရပ်တန့်လာကြကြောင်း အိမ်ခြံ မြေအကျိုးဆောင်များက ပြောသည်။

"လက်ရှိ မြေဈေးနှုန်းတွေမကျပေမယ့် လည်း အရောင်းအ၀ယ်ကတော့ တော်တော်ကိုအေးနေပါတယ်။ ဈေးကစားတဲ့သူတွေ လည်း ရင်းနှီးမြှုပ်နှံဖို့ကို ချင့်ချိန့်လာကြ တယ်။ သိပ်ပြီးဈေးမကစားရဲကြတော့ဘူး" ဟု ဏ့သနညငထ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းပိုင်ရှင် ကိုထွန်းထွန်းကပြောသည်။

ရန်ကုန်မြို့၏ မြေဈေးအကြီးဆုံးနေရာ များမှာ စီးပွားရေးဆိုင်ရာစီမံကိန်းများ အခြေစိုက်ရန် ပြင်ဆင်နေသော နေရာများ ဖြစ်ပြီး ယင်းစီမံကိန်းများကိုအကြောင်းပြုကာ မြေယာဈေးကစား သူများသည် ရင်းနှီးမြှုပ်နှံ လာခြင်းကြောင့် မြေယာဈေးနှုန်းများ လည်း အဆမတန်မြင့်တက်လာခဲ့သည်။

သို့သော် ယင်းစီမံကိန်းလုပ်ငန်းများ တစ်ရှိန်ထိုး မဖြစ်ပေါ်လာသည့်အချိန်တွင် အဆိုပါနေရာများ ရှိမြေယာများကို လူအများ စိတ်ဝင်စားမှုလျော့နည်းသွားပြီး မြေယာ အရောင်းအ၀ယ်လုပ်ငန်းများ နှေးကွေးသွား ခြင်းများက အိမ်ခြံမြေဈေးကစားရင်းနှီးမြှုပ်နှံ သူများကို အထိနာစေခဲ့ကြောင်း ကိုထွန်းထွန်း က ပြောသည်။

"အခုနောက်ပိုင်း ခံရတာတွေကများနေတော့ မြေကိုသိပ်ပြီး မ၀ယ်ရဲကြတော့ဘူး။ လှုပ်လှုပ်ရှားရှားဖြစ်တဲ့ နေရာတိုင်း ဈေး အမြင့်နဲ့ဝယ်ထားပြီး ကိုယ့်လက်ထဲမှာ ငွေက မြုပ်နေကြတယ်။တကယ်တမ်း အဲဒီနေရာ တွေက ထင်သလောက်အကောင်အထည်လည်းမပေါ်ရော ပြန်ရောင်းထုတ်ဖို့ ခက်ခဲ သွားရော" ဟု ၎င်းက ပြောသည်။ စီမံကိန်းများ အကောင်အထည်မပေါ် သေးသည့်နေရာများရှိ မြေဈေးနှုန်းများမှာ အမြင့်ဈေးနှုန်းနှင့်သာ ဆက်လက်တည်ရှိနေပြီး ဈေးကွက်အတွင်း စီးပွားရေး အမှန် တကယ်လုပ်ဆောင်မည့် လုပ်ငန်းရှင်များ၏ ၀ယ်ယူမှုများသာ ရှိတော့ကြောင်း Phoenix အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဒေါ်မြမြစိန်က ပြောသည်။

"စက်ရုံဆောက်ဖို့အတွက် မြေလိုတဲ့သူတွေရဲ့အ၀ယ်တွေတော့ ရှိတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်ဘက် ရွှေပြည်သာနဲ့ မင်္ဂလာဒုံတို့ဘက်မှာတော့ ၀ယ်ချင်တဲ့သူ တွေ ရှိတယ်။ သူတို့တွေက တကယ်စီးပွားရေးလုပ်ဖို့ စက်ရုံဆောက်မှာဆိုတော့ အမှန်တကယ်ဝယ်ကြတယ်။ ၀ယ်ရင်လည်းမြေဧက အများကြီးဝယ်ကြတယ်။ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်းတချို့ကတော့ လာကြည့်ရုံနဲ့ လေ့လာ ရုံသက်သက်လောက်ပဲ ရှိပါတယ်။ စက်ရုံဆောက်မယ့်သူတွေကတော့ ၀ယ်ကြတယ်။ အများစုက အထည်ချုပ်စက်ရုံတည်ဆောက်ဖို့ အတွက် မြေနေရာတွေကြည့်တာများတယ်" ဟု၎င်းကပြောသည်။

သန်လျင်မြို့ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းရှိ မြေဈေးများမှာ တည်နေရာအနေအထားပေါ်မူတည်၍ တစ်ဧကလျှင် ကျပ်သိန်း ၂,၀၀၀ ခန့်မှ ၅,၀၀၀ ခန့်ထိ ရှိပြီး ဒလမြို့နယ်တွင်မူ ပျမ်းမျှတစ်ဧကလျင် သိန်း ၁,၀၀၀ ခန့်ရှိကာ ပဲခူး ရန်ကုန် အမြန်လမ်းမ ပေါ်ရှိ စက်မှုဇုန်မြေများမှာ သိန်း၂,၀၀၀ ခန့် ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ဒလမြိုကဆိုရင်လည်း တံတားထိုးမယ်ဆိုလို့ အကုန်လုံးအဲဒီဘက်မှာပဲစုပြီး မြေတွေဆင်းဝယ်ကြတော့ ဈေးတွေတင် ရောင်းကြတယ်။ တံတားကချက်ချင်း အကောင်အထည်ဖော်မယ့် အခြေအနေလည်း မဟုတ်ရော ၀ယ်တဲ့သူတွေလည်း ဆက်ပြီး မ၀ယ်ရဲကြတော့ဘူး ပြန်ရောင်းဖို့လည်း ခက်သွားကြရော။ ပဲခူးလည်း အဲဒီအတိုင်းပဲ သတင်းစာတွေထဲမှာ ပုံတွေနဲ့ဖော်ပြလာတော့ အားလုံးက အဲဒီဘက်ကိုဦးတည်သွား ကြပြီး ဈေးတွေကလည်း အဆမတန်မြင့်ကုန် တယ်။ အခုတော့ အဲဒီမှာလည်း ဘာမှ လုပ်လို့မရတော့ဘူး"ဟု ကိုထွန်းထွန်းက ပြောသည်။

Ref:myanmar.mmtime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!