Popular Posts!

Friday, January 25, 2019

၂၀၁၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး အခြေအနေနှင့် ၂၀၁၉ အလားအလာ


၂၀၁၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး အခြေအနေဟာ ရေတို စီးပွားရေးအကြပ်အတည်းနဲ့ ငွေလဲနှုန်း မတည်ငြိမ်တာတွေ ရှိပေမယ့် အနာဂတ်အတွက် အလားအလာ ကောင်းတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ စီးပွားရေး ကျွမ်းကျင်သူနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ ပြည့်ဖြိုးကျော် တင်ဆက်ထားပါတယ်။

 




မြန်မာကျပ်ငွေတန်ဖိုးနှင့် မြန်မာ့စီးပွားရေး

၂၀၁၇ ဆောင်းပါး ကို ၂၀၁၈ အခြေနေ ထူးခြားချိန် ဒေါ်လာဈေးကောင်း၊ ရေနံ ဈေးကောင်း လာချိန်. ပြန် တင်ပြ ပါတယ်။ (Re.post )။
.
တနေ့က ရန်ကုန်မှာ ငွေလိုလို့ ရှိတဲ့ စင်ကာပူဒေါ်လာ ၁ရာတန်၂ရွက်ကို ဘဏ်ဖွင့်ချိန် ဘဏ်မှာသွားလဲတယ်။ ပေါက်ဈေးက ၉၉၇ကျပ် ဆိုပေမဲ့ ငွေစက္ကူမှာ ၁မီလီမီတာ အနားပြဲနေလို့ လက်မခံနိုင်ပါ ..တဲ့။ ပုဂ္ဂလိကဘဏ်မှာ လဲလို့မရတော့ ညအချိန်ဖြစ်နေလို့ အရေးပေါ် ဖွင့်တဲ့အပြင်ဆိုင်မှာလဲရတယ်။ ဟိုတယ်တွေမှာလဲ လဲလို့တယ် ဆိုတော့ လိုက်လဲတာ ၈၅၀ကျပ်ပဲ ပေးကြတယ်။ အေးဗျာ ..စင်ကာပူမှာဆို ဒေါ်လာအသစ်ချက်ချွတ် ပေးရင် ဘဏ်တွေ၊ ငွေလဲကောင်တာတွေ၊ ဆိုင်တွေက သေချာကိုင်တွယ်စစ်ဆေးတယ်။ အတုဖြစ်မှာစိုးလို့။ အဲ.. မြန်မာပြည်မှာတော့ ဒေါ်လာငွေ နဲနဲလေး ဟောင်းနေရင် သေချာကိုင်တွယ်စစ်ဆေးတယ်။ အတုဖြစ်မှာစိုးလို့…တဲ့။ အခုလို အနည်းငယ် ပွန်းပဲ အစွန်းအထင်း၊ မှင်စွန်း၊ ရေးခြစ်ထားရင်တော့ အသစ်ချက်ချွတ်ဖြစ်ရင်လဲ ဆောရီးပါပဲ။ ဘဏ်တွေက လုံးဝလက်မခံတော့ပါ။ အပြင် ငွေလဲကောင်တာတွေက ၁၅% လောက် နှိမ်ပြီး လက်ခံကြတယ်… အဲဒီလို ညည်းညူပြလိုက်တယ်။ ငွေလဲကောင်တာက တရုပ်ကြီးက  အုတ်တယ်၊ အုတ်တယ်၊ ဗမာနိုင်ငံနဲ့နိုင်ငံခြား မတူဘူးနော် ..လို့ ထောက်ခံပြောပြီး အမြတ်ငွေ ၁၅% ယူသွားပါတော့တယ်။ ကျနော်တို့က အရဲစွန့်ပြီး လက်ခံရတာပါ ..လို့ပြောလိုက်သေးတယ်။ 
.
ဒေါ်လာတွေ၊ နိုင်ငံခြားငွေတွေ ကိုင်ဆောင်ရင် ဥပဒေကတော့ ဖမ်းခွင့်ရှိနေဆဲ ပေမဲ့ မဖမ်းတော့ဘူး ဆိုတော့ နဲနဲပေါက်ရောက်သူများက ဒေါ်လာတွေ သိမ်းထားတယ်၊ ဒေါ်လာနဲ့အပေးယူလုပ်တယ်။ 
.
မြန်မာသူဌေးကြီးတွေက ဒေါ်လာဘီလျံပေါင်း ရာနဲ့ချီပြီး နိုင်ငံခြားဘဏ်တွေမှာ ပို့ထားတယ်။ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ မသေချာလို့ ပြည်တွင်းမှာမထားကြဘူး၊ စီးပွားရေး မကောင်း၊ ဆင်းရဲချမ်းသာ အလွန်ကွာခြား၊ အိမ်ခြံမြေဈေးက အမေရိကန်နိုင်ငံဈေးနှုန်းထက်တောင် မြင့်နေတယ်၊ အရောင်းအ၀ယ်လဲမရှိ၊ ပါးစပ်ပြောစကားနဲ့ ၂၀၁၇ မှာတော့ ဒေါ်လာဈေး တည်ငြိမ်စပြုလာပြီး ဗဟိုဘဏ်ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ဥပဒေတွေ၊ အုပ်ချုပ်သူလူတန်းစားတွေ ထိပ်ပိုင်းအဆင့် တော်တော်လေးပြောင်းလဲခဲ့တယ်။ အောက်ခြေတွေကတော့ မပြောင်းလဲပဲ တင်းခံနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်လက်ထက်မှာ ဒေါ်လာငွေ ဘဏ်အကောင့်တွေ ဖွင့်ခွင့်၊ ငွေလွဲခွင့်တွေ ရလာတော့ Western Union, Money Gram တွေ မြို့တိုင်းနီးပါး ရောက်လာတယ်။ ဒေါ်လာ သိန်း၊ သန်း လွှဲငွေတွေလဲ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ မြန်ဆန်စွာလုပ်နိုင်လာတယ်။ 
.
ဝန်ထမ်းလောက မှာတော့ ဒေါ်လာစား ၀န်ထမ်းတွေက တပမ်းသာနေဆဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်တဆုပ်စာ နိုင်ငံခြားကုမဏီဝန်ထမ်း ဖြစ်ရတာက လစာ၃ဆ၊ ၄ဆ ပိုရကြတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်လာရဲ့ အရေးပါမှုက ရော့မသွားပါဘူး။ 
.
.
ကျပ်ငွေဈေးနှုန်း
.
ကျပ်ငွေလဲနှုန်းဈေးနှုန်းကတော့ အခုစာရေးနေချိန် US$ (1388), Chinese Yuen (205), Singapore $ (1003), Euro (1600), Japanese Yen (12) စသဖြင့် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၅နှစ် ကမ္ဘာ့ရေနံဈေးကျမယ်၊ စီးပွားရေးကျဆင်းမယ် ဆိုကတည်းက ကမ္ဘာ့နိုင်ငံများ အိမ်ခြံမြေတွေ ထိုးရောင်းလို့ ဈေးကျသွားပြီး ဝယ်မဲ့သူ မရှိဖြစ်သွားပါသည်။ မြန်မာနိုင်ငံမှာတော့ အဲဒီအချိန်က အိမ်ခြံမြေဈေး တဟုန်ထိုး တက်နေဆဲ (ကမ္ဘာနဲ့ပြောင်းပြန်) ဖြစ်ခဲ့ပါတယ်။  တကယ်ပဲ အမေရိကားမှာ ကျောက်ခဲတွေကနေ ရေနံနဲ့ဓါတ်ငွေ့ စက်ရုံတွေ Shale Oil & Gas စရိတ်သက်သာစွာ ထုတ်နေကြသောကြောင့်  ကမ်းလွန်ရေနံလုပ်ငန်းတွေ ဆက်မလုပ်ဖြစ်ပဲ ရေနံစိမ်းဈေး ၂၀၁၄ တွင်  တဝက်ဈေးထိ တကယ်ကျဆင်းသွားပါသည်။ စက်သုံးဆီ ဈေးတွေလည်း တဖြေးဖြေးကျဆင်းသွာပါသည်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်လက်ထက်မှာတော့ အိမ်ခြံမြေဈေး ကျသွားတဲ့အပြင် အရစ်ကျ ၁၅နှစ် ပေးတဲ့ တိုက်ခန်းတွေ ပေါ်ပေါက်လာတာ ဒေါ်လာဈေး တည်ငြိမ်စေတဲ့ သဘောဖြစ်နေပါတယ်။
.
တကမ္ဘာလုံး ငွေကြေးအကျပ်အတည်း ဖြစ်နေချိန် မြန်မာနိုင်ငံလဲ ပွင့်လင်းမြင်သာ ရှိလာတော့ ၊ မြန်မာ့စီးပွားရေးလဲ သိပ်မတိုးတက်နိုင်ဘူး ဖြစ်နေပါတယ်။ လုပ်အားခ ၁၀ဆ မက ဈေးချိုတဲ့အတွက် အဂတိနည်းလာရင် ရင်းနှီးမြှတ်နှံမှုတွေ များစွာ ရောက်လာမှာပါ။ ၁၉၉၈ ခုနှစ်တုန်းကလည်း လူလတ်တန်းစားတွေ မြေကွက်တွေ ငွေထုတ်နဲ့လဲ  အကြီးကျယ် အရောင်းတက်ခဲ့ဖူးပါသည်။ 
.
.
မြန်မာကျပ်ငွေ 
* ၁၉၉၀ တုန်းက အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်၊ တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်
* ၂၀၀၇  သံယာအရေးအခင်းကျတော့၊ အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်၊ စင်ကာပူတစ်ဒေါ်လာ  ၉၀၀ကျပ်၊ တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်
* ၂၀၁၁ နိုင်ငံပြုပြင်ပြောင်းလဲမှု အစကာလမှာ အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်၊ စင်ကာပူတစ်ဒေါ်လာ  ၆၂၀ကျပ် .. ဟိုက်၊ကျလှချည်လား…၊ တိုက်ခန်းတစ်ခု ၅၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်
* ၂၀၁၅ နှစ်လည်မှာတော့၊ အမေရိကန်တစ်ဒေါ်လာ ၁၃၀၀ကျပ်၊ စင်ကာပူတစ်ဒေါ်လာ  ၉၂၀ကျပ်၊ တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၁၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၁၅၀၀ကျပ်၊၊ ဒန်ပေါက်တစ်ပွဲ ၂၂၀၀ကျပ်။ 
.
အခု ၂၀၁၇ အောက်တိုဘာလမှာတော့ အမေရိကန်တစ်ဒေါ်လာ ၁၃၈၈ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၁၀၀၃ကျပ်၊ တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီ ၁၃၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၁၅၀၀ကျပ်၊ ဒန်ပေါက်တစ်ပွဲ ၂၅၀၀ကျပ် …
(မှတ်ချက်။ မှန်းချေ၊ ဈေးနှုန်းများ ဖြစ်ပါတယ်။ ၂၀၁၈ စက်တင်ဘာလ.အမေရိကန် ဒေါ်လာဈေး တက်ခြင်းကြောင့် ကျပ် ၁၆၃၀ အထိ ၃လအတွင်း ၂၀% ထိုးတက်သွား ခဲ့ ပါ တယ်။ ဖမ်းဆီး မှု များကြောင် ၁၅၀၀ ဈေး ပြန်ကျ သွားပေမဲ့  ပြန်တက်လာနေပါတယ်)။ 
.
.
.
ကျပ်ငွေ ရာဇဝင်ကို ကြည့်ရင်
မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့ပါတယ်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။  ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိပါတယ်။
ပုံ ။ ကျပ်ငွေသမိုင်း ဇယားကို့မှတ်တမ်းဖြစ်ပါတယ်။ 
.
.
ကျပ်ငွေတန်ဖိုး အရှင်သတ်မှတ်ပြီ
.
၂၀၁၁ မှာ အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို ရပ်ဆိုင်းနိုင်ပြီး၊ ဗဟိုဘဏ်ကို ဈေးကွက်စီးပွားရေးအရ ငွေတန်ဖိုး ညှိနှိုင်းသတ်မှတ်စေခဲ့ပါတယ်။
.
စင်ကာပူ
မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှ စင်ကာပူကို တစ်ဦးချင်းဝင်ငွေ  မှီရန် မိမိတို့တစ်သက်မှာ မဖြစ်နိုင်ပါ။ မှီဖို့နည်းလမ်းကတော့ စင်ကာပူနိုင်ငံကို ပြောင်းရွှေ့အခြေချခွင့် ရရင် မှီမှာဖြစ်ပါတယ်။ ဒါကြောင့် အခုဆို မြန်မာနိုင်ငံက ဘွဲ့ရလူငယ်များ နိုင်ငံခြားထွက်နှုန်း ပိုမြင့်လာပါတယ်။ ပတ်စပို့နဲ့ အလုပ်ကိုင်အခွင့်လမ်း၊ ပညာသင်ဆုအခွင့်အလမ်းတွေ ပိုမို များပြားလာလို့ ဖြစ်ပါတယ်။ လူငယ်တွေ၊ ကြိုးစား အင်္ဂလိပ်စာ တတ်ကြွမ်းသူ၊ ငွေကြေးတတ်နိုင်သူများအတွက် နိုင်ငံခြားသွားပြီး ပညာရှာခြင်းက အခွင့်ရေးကြီးတစ်ခု ဖြစ်နေပါတယ်။ 
.
 မြန်မာနိုင်ငံ တစ်ဦးချင်း ၀င်ငွေ စင်ကာပူကို နှစ်၂၀အတွင်း လုံးဝမမှီနိုင်ပေမဲ့၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသားထွက်ကုန်တန်ဖိုး GDP ကတော့ နောက်အနှစ်၂၀ဆို စင်ကာပူကို မှီနိုင်ပါတယ်။ GDP ထိုးတက်လာရာမှာ  နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI ကုန်ထုတ်လုပ်ငန်းများစွာ ရောက်လာမယ်။ အဂတိ (Corruption) နည်းရလာတာနဲ့အမျှ ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာမည် ဖြစ်သည်။ ဒါကတော့ သီအိုရီ ဖြစ်ပြီး လက်တွေ့မှာတော့ အလွန်ခက်ခဲစွာ စစ်တပ်နဲ့အစိုးရ ယုံကြည်မှုနဲ့ တည်ဆောက်ရပါမယ်။ 
.
အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။  http://fx.sauder.ubc.ca/etc/USDpages.pdf  ၊
အမေရိကန်ဒေါ်လာ ဟာ အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ တရုပ်နိုင်ငံရဲ့ ယွမ် ငွေကြေးကလည်း ကမ္ဘာ့ ထိတ်တန်း ခိုင်မာတဲ့ငွေကြေးအဖြစ် ဂျပန်၊ စင်ကာပူ ငွေကြေးများလို တည်တည်ငြိမ်ငြိမ် ဖြစ်လာနေပါပြီ။ ငွေကြေးတန်ဖိုး ဖောင်းပွခြင်း Inflation ဆိုသည်မှာ ဆင်းရဲနိုင်ငံများတွင် အလွန်များပြားပြီး မထိန်းနိုင်၊ ငွေစက္ကူများကို ဗဟိုဘဏ်မှ ထိန်းချုပ်ရိုက်ထုတ်ရပါသည်။ ဥပဒေကြီးစိုးလာပါက နိုင်ငံတစ်ခု (မြန်မာနိုင်ငံ) ဘဏ်များအတိုးနှုန်းထက် မြန်မာကျပ် ငွေကြေးဖောင်းပွနှုန်း နိုမ့်နေပါက ကျပ်ငွေတန်ဖိုးမြင့်မည်။ စီးပွားရေးပညာရှင်များ ဘယ်လိုပဲ လုပ်ဆောင်နေပေမဲ့ အုပ်ချုပ်သူအစိုးရ အဂတိလုပ်စားနေသရွှေ့ GDP မြင့်မားလာပေမဲ့ ဖိလစ်ပိုင်လို ခရိုနီတွေပဲ ကျိကျိတက် ချမ်းသာနေမယ်၊ မြန်မာနိုင်ငံသားတွေလဲ ဒေါ်လာပေးတဲ့ နိုင်ငံခြားကို ဖိလစ်ပိုင်တွေလို ကျွန်ခံ၊ အလုပ်သွားလုပ်နေရဦးမှာ ဖြစ်ပါတယ်။ ဗီယက်နမ်လို ဖြစ်လာဖို့ ဆိုရင် အစိုးရက တလုံးတ၀တည်း ခေါင်းဆောင်တစ်ဦးအောက်မှာ ရှိနေမှ ဖြစ်လာမှာပါ။ 
.
.
ဇယားပုံ ငွေလဲနှုန်း အချက်အလက်များအရ .. စစ်အာဏာရှင် စိတ်ပြောင်းပြီး၊ နာဂစ်အခြေခံ ဥပဒေနဲ့ နိုင်ငံပြုပြင်ပြောင်းလဲဖို့ သေချာနေတဲ့ ကာလတွေမှာ ကျပ်ငွေတန်ဖိုး ခိုင်မာလာတာ တွေ့ရပါတယ်။ ကန်တစ်ဒေါ် ၁၀၀၀ကျပ်ကနေ ဒေါ်လာ ၆၀၀ကျပ် အထိ ဈေးဖြစ်သွားခဲ့ပါတယ်။
.
 နောက်ပိုင်း သမ္မတဦးသိန်းစိန် အစိုးရက လက်တွေ့ ပြုပြင်ပြောင်းလဲမှု အကောင်ထည်ဖော်ချိန်မှာ  ဖွံ့ဖြိုးဆဲနိုင်ငံ သဘာဝအရ ၂၀၁၁ ကျပ်ငွေ တန်ဖိုးကျလာပါသည်။ စီးပွားရေးသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ် တည်နေပါသည်။ ငွေလဲနှုန်းကို ထိန်းမထားနိုင်လို့ စီးပွားလုပ်ငန်းရှင်များ ငွေလဲနှုန်းကြောင့်ပဲ ၁၀%အထက် နစ်နာနေကြပါတယ်။ နောက်ကွယ်က လက်မဲကြီးတွေပဲ အမြတ်ထွက်နေကြပါတယ်။  စီးပွားရေး မတည်ငြိမ်နိုင်သေးပဲ ၆နှစ်အတွင်း ကန်ဒေါ်လာငွေ 1US$ = Kyat 1388 အထိ ဈေးတက်လာနေဆဲ ဖြစ်ပါတယ်။ 
.
.
.
နိဂုံး 

ကန်ဒေါ်လာ ဈေးတက်မှု  တနည်းအားဖြင့် မြန်မာကျပ်ငွေ အဆက်မပြတ်ဈေးကျမည်ကို တားဆိးဖို့ တစ်ခုတည်းသောနည်းလမ်းက အလုပ်ကိုင်ပေးနိုင်မဲ့ ကုန်ထုတ်လုပ်ငန်းများစွာ ပွင့်လင်းမြင်သာစနစ်နဲ့ ၀င်ရောက် ရင်းနှီးမြှတ်နှံခွင့် ပေးဖို့ပဲ ရှိပါတော့တယ်။  ကမ္ဘာ့ ဖွံဖြိုးဆဲ နိုင်ငံများမှာ အဂတိလိုက်စားမှုများ က စီမံကိန်းအသေးစား၊ အလတ်စားများမှာ ၅၀% အထိ ဆီးသီးဗန်းမှောက်လေ့ ရှိပြီး၊ ဒေါ်လာသန်းနဲ့ချီတဲ့ အကြီးစား စီမံကိန်းကြီးများမှာတော့ ၁၇% ကနေ ၃၀% အထိ ဆီးသီးဗန်း မှောက်တတ်ပါတယ်။ အဂတိတွေ မထိန်းချုပ်နိုင်ရင် ငွေဖောင်းပွနှုန်းက မြင့်နေမှာပဲ ဖြစ်ပြီး၊ ငွေလဲနှုန်းတွေလဲ ဆက်တက်နေဦးမယ် ဖြစ်ပါတယ်။ 
.
မိမိကိုယ်တိုင် စီးပွားမလုပ်ကိုင်တတ်ရင် ဒေါ်လာငွေ လက်ထဲကိုင်ထားခြင်း (သို့မဟုတ်) ရွှေများဝယ်ယူထားခြင်း (သို့မဟုတ်) တိုက်တာများဆောက်ထားပြီး တချိန်မှာ ငှားစားရန်ကြံရွယ်ခြင်း နည်းလမ်းတွေပဲ လုပ်နေကြပါတယ်။ လက်တွေ့မှာတော့ စီးပွားလုပ်တတ်အောင် ကြိုးစားခြင်းက ငွေကြေးဖောင်းပွခြင်းကို အနိုင်ယူတဲ့နည်းလမ်းပဲ ဖြစ်ပြီး၊ စီးပွားလုပ်ရာမှာလဲ ချွေတာစုဆောင်း၊ မလေလွင့်ရအောင်၊ ကိုယ်လုပ်တဲ့စီးပွားရေးကို နေ့ညအချိန်ပေး ကြိုးစားလေ့လာခြင်း နည်းလမ်းပဲ ဖြစ်ပါတယ်။ 
.
ကျပ်ငွေများ ပိုလျှံနေရင် ဘဏ်ထဲ သိမ်းထား အတိုးလေးထုတ်စားတဲ့နည်းက၊ အသက်ကြီးပင်စင်စားများအတွက်ပါ။ မိတ်ဆွေကတော့ ကျပ်ငွေများ စုဆောင်းပိုလျှံလာရင် ဘယ်လိုတိုးပွားအောင် လုပ်မလဲ မေးခွန်းကိုဖြေကြည့်ပါ။ 
.
ဇော်အောင်.http://moemaka.com/archives/45680

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!