Popular Posts!
Wednesday, September 5, 2012
CATWALK by TIGI Collection
ဒီမှာ TIGI ရဲ့ဗီဒီယိုများကိုကြည့်လို့ရပါတယ်>> CATWALK by TIGI Collection
Video dạy cắt tóc của TONI&GUY - Phần 02
Tuesday, September 4, 2012
ဘာအတွက် ဘာကြောင့် ငါတို့လိုချင်တာလဲ?
WHY WE WANT WHAT WE WANT?
လိင်ပညာပေးလေးတွေပါ! မူရင်းက The Desire Project ဆိုတဲ့ ပြင်းပြသောစိတ်ဆန္ဒခံစားမှုစီမံကိန်း  မိန်းမများကမ္ဘာက သူမတို့တတွေခံပြင်းမှုတွေ ခံစားနေရခံယူချက်တွေကို တင်ထားတဲ့ဝိတ်ဆိုဒ်က   ယောကျာင်္းလေးတွေကို သူမတို့တတွေခံစားနေရတဲ့စိတ်စေတနာတွေကိုနားလည်ပြီး ကောင်းစွာပြန်လည် တုန့်ပြန်စေချင်လို့ ရေးသားဖြန့်ဝေထားတာကိုတွေ့လို့ နားလည်သလို ပြန်ဆိုထားတာပါ၊ သီးခံပြီဖတ်ပေးကျပါလို့....း)
အမေးနှင့်အဖြေ: မိန်းမများလိုချင်ရင်ဘာလုပ်လဲ?
"The Desire Project " ဆိုတဲ့ အလွန်စိတ်ဝင်စား စွာကောင်းတဲ့အသစ်အွန်လိုင်းဗီဒီယိုဇာတ်လမ်းတွဲတွေ ထဲက.....
ထူးခြားအပျော်ပါးကြိုက်တတ်တတ်တဲ့မိန်းခလေး တွေ ရဲ့ အသက်၂၀နှင့် ၃၀ အရွယ်ကအိပ်ရာထဲက အချစ်ဇာတ်လမ်းတွေ နှင့် ပြင်းထန်တဲ့လိုအင်ရမ္မက် ဆန္ဒလေးတွေပါ...
Victoria Floethe and Kate Rose ဆိုသူတို့ရဲ့ အင်တာဗျူးအမေးအဖြေလေးတွေနှင့်ဘယ်လိုလေ့လာ လိုက်စားတွေကြုံခဲ့တာတွေကိုပြန်လည်ဖြန့်ဝေလိုက် ပါတယ်..
Marie Claire: မိန်းမစစ်စစ်တွေရဲ့ဘ၀ကိုသင်ဘယ်လိုသုံးသပ်လဲ?
Victoria Floethe: သင်မေးချင်တာ သင်ဆိုလိုချင်တာက အချစ်ရမ္မက်ကိစ္စတွေလား? ငါအသက်၂၀တုန်းကပေါ့နော် ငါပြင်းတန်နေတဲ့အချစ်စိတ်ဆန္ဒတွေကို အခုထိ မိမိသဘောကျတဲ့ယောကျာင်္းလေးတွေရဲ့တွေးတော် မြင်ရောင်ပြီး စိတ်ကိုကြိုးစားပြီးဖြေဖျောက်နေရသေးတယ်တဲ့၊
Kate Rose: ဒါကပိုဖြေရခက်ခဲတယ်၊ ဘာကြောင့်လဲ?
တခါတရံမိန်းမများဟာ သူမတို့တနေတွေလိုချင်ဆန္ဒတွေ တယောက်နှင့်တယောက် မတူကွဲပြားခြားနားကျ ပါတယ်လို့ပြောပါတယ၊် ဒါပေမဲ့ ငါတို့ မိန်းမမတွေများဟာ လိုချင်ရင်တက်မက်မှုစိတ်ထားကတော့အတူတူ ဘဲတဲ့ ၊ သူမတို့တတွေရဲ့ပြင်းပြဆန္ဒအတွက် ဘာကိုမှမရှက်မကြောက်ကျပါဘူးတဲ့?
MC: ထို့ကြောင့် ပြောကျပါတယ်မိန်းမတွေဟာ ပြင်းထန်တဲ့ရမ္မက်ဆန္ဒအတွက် ဘာမှာဆိုလုပ်ရဲကျတယ်တဲ့?
KR: မိန်းမတွေရဲ့ပြင်းပြတဲ့လိုအင်တက်မက်တဲ့ဆန္ဒတွေက ဘာတွေလဲ?
မိန်းမတွေရဲ့ ပြင်းပြသောတက်မက်တဲ့ဆန္ဒတွေဟာ ပြောပြရခက်ပါတယ်၊ တစုံတခုကို တမ်းတမ်းစွဲလန်း တမ်းတနေတာလဲဖြစ်နိုင်တယ်၊ မိန်းမတယောက်ပြောပြတာက ပြင်းပြသောဆန္ဒက အစားအသောက် ကောင်းတွေ စားသောက်ပြီး ရမ္မက်အချစ်ဇာတ်လမ်းတွေနှင့်ပျော်ပါးချင်တဲ့၊ တခြားသူတွေ ကောင်းစား နေတာကိုကြည့်ပြီး မနာလိုမှုတွေဖြစ်နေတာက ပိုပြင်ပန်းပါတယ်တဲ့လေ၊ တချို့မိန်းမတွေဟာ ဈေးတွက် တွက်ချက်ပြီး အချစ်ဇာတ်လမ်းများတွေကို အချိန်ကြာကြာ မစွဲမထားတတ်ပါဘူးးတဲ့၊ မိန်းမတယောက် ကပြောသေးတယ် ကောင်းလေးတွေအပိုထားတတ်ပါတယ်တဲ့ သို့သော် စိတ်မ၀င်စားတော့ဘူးဆိုရင်တော့ သူမတို့တတွေကဘဲစတင်ပြီး ဖြတ်တောက်တယ်တဲ့!
MC: မိန်းမနှင့်ယောကျာင်္း ပြင်းထန်တဲ့ဆန္ဒတွေတက်ကြွမှုက ဘာတွေကွာခြားသလဲ?
VF: ယောကျာင်္းတွေက သန်မာတာပိုမြန်ပါတယ်တဲ့၊ နာမည်ကြီးတဲ့ဇာတ်လမ်းလေးတခုက ယောကျာင်္းနှင့် မိန်းမတွေဟာသူတို့ရဲ့ သွေးမြန်မြန်ဆူစေဖို့အတွက် လိင်အသားပေးအချစ်ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် ယောကျာ်းနှင့်မိန်းမ ရမ္မက်ချစ်တမ်းကစားကျတယ်၊ ယောကျာင်္းနှစ်ယောက်ထိဇာတ်လမ်းရှုပ်တယ်၊ ယောကျာင်္းတွေကိုအိပ်ရာပေါ်မှလဲနေစေပြီး ၀တ်မပါတဲ့မိန်းမကကလိရင် ယောကျာင်္းနှစ်ယောက်လုံး အရင်ကျေနပ်သွားကျတယ်လို့ဇာတ်လမ်းကပြသတဲ့အဖြေတွေဘဲ မိန်းမတွေကဟိုမရောက်ဒီမရောက် ဖြစ်ကျန်နေပြီ၊ ဒါကြောင့်ယောကျာင်္းတွေသာ လိုအင်ဆန္ဒခံစားမှုအပြည့်ရသွားကျတယ်တဲ့၊ ယောကျာင်္းနှင့် အ၀တ်မပါတဲ့မိန်းမ အချစ်ဇာတ်တမ်းကစားကျရင် ယောကျာင်္းတွေဟာမိန်းမတွေထက် ပိုကျေနပ်ခံစားမှုတွေ ပိုရကျတာများပါတယ်တဲ့၊
MC: ဒီ ပြင်းပြသောစိတ်ဆန္ဒခံစားမှုစီမံကိန်း ကနေသင်ယူရခဲ့တယ်လို့ သင်တခုခုတော့ ပြောလို့ရပြီ!
KR: ဒါတွေကတော့သင်ဘာကိုလိုချင်တာလဲ? သင်ဘာလိုချင်တာဆိုတာ အခုသိပြီလား?
VF: ဒါတွေကို ကျွှန်တော်တို့အားလုံးအတူတူ ခက်ခဲစွာရုန်းကန်လှုပ်ရှားရပါမယ်၊
သင်ရဲ့လိုအင်ဆန္ဒတွေရရှိဖို့နှင့် သင်အရှက်ကွဲပြီးစွန့်စားရမယ်! သူတို့တွေကို သိစေမြင်စေချင်တယ်!
အကယ်၍ သင်တို့လုပ်ရင် ကမ္ဘာဟာသင့်တို့အတွက်ဖြစ်လာလိမ့်မယ်တဲ့....... :)
Ref:Marie Claire
Credit@ Ko Nge
Monday, September 3, 2012
HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင့်ပြု
Quantcast
Gileadခုခံအားကျဆင်းမှုကူးစက်ရောဂါဟုဆိုသော AIDS ရောဂါဝေဒနာကိုဖြစ်ပွားစေသော HIV ရောဂါပိုး ကို တိုက်ခိုက်၍ဟန့်တား ထိန်းချုပ် နိုင်မည့် ဆေးဝါး (၄) မျိုးကိုပေါင်းစပ်ထားသည့် ဆေးဝါးသစ်တမျိုးအား အများပြည်သူသုံးစွဲနိုင်ရန်အလို့ငှာ အမေရိကန် အစားအသောက်နှင့် ဆေးဝါးဆိုင်ရာအုပ်ချုပ်မှုဋ္ဌာန (FDA) မှ ၂၀၁၂ ၊ သြဂုတ်လ (၂၇)ရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ပေးလိုက်သည်။
HIV ပိုးရှိနေသော်လည်းတကြိမ်တခါမှုမခံယူခဲ့ရ သေး သော အရွယ်ရောက်ပြီးသူ ရောဂါရှင် များအနေနှင့်
၎င်းတို့ကိုယ်ခန္ဓာတွင်းရှိ HIV ပိုးများကိုထိန်းချုပ်နိုင်ရန် တနေ့လျှင် တကြိမ်သာသောက်ရမည်ဖြစ်သော
Gilead Sciences ကုမ္ပဏီမှသုတေသနပြု၍ ထုတ်လုပ်လိုက်သည့် စထရီဘိုင်းလ်ဒ် (Stribild) ဟုအမည်ရသော HIV ရောဂါပိုးထိန်းချုပ်ရေး ဆေးဝါးအား  အမေရိကန်အစားအသောက်နှင့်ဆေးဝါးဆိုင် ရာအုပ်ချုပ်ရေးဋ္ဌာန (FDA) မှတနင်္လာနေ့၌ခွင့်ပြုလိုက်သည်။
အဆိုပါဆေး၌ယခင်ကတည်းကခွင့်ပြုထားပြီးဖြစ်သည့် HIV ထိန်းချုပ်ရေးဆေးများဖြစ်သည့် အယ်လ်ဗိုက်ဂရေဗီယာ(Elvitegravir) နှင့် ကိုဘီစစ္စတက် (Cobicistat) တို့ပါဝင်သည်။ Elvitegravir ဆေးသည် HIV ပိုးပွားများစေနိုင်ရန်လိုအပ်သောအင်ဇိုင်း (Enzyme) တမျိုးအား Elvitegravir ဆေးမှကြားဖြတ်ဟန့်တား၍ Elvitegravirဆေးအာနိသင်အကျိုးသက်ရောက်သည့်အချိန်အား Cobicistat မှပိုမိုကြာမြင့်စေရန်အထောက်အကူပြုသည်။
Stribild ဆေးသောက်၍ကုသမှုခံယူသော HIV ပိုးရှိသူလူနာများ၏ (၈၈%) မှ (၉၀%) အထိသည် ထိုဆေးသောက်ပြီး (၄၈) ပတ်အကြာတွင် ၄င်းတို့၏သွေးထဲတွင် HIV ပိုးအားစမ်းသပ်စစ်ဆေးပါက ရှာ မတွေ့နိုင်တော့သည့်အဆင့်သို့ တိုးတက်ရောက်ရှိလာခဲ့ကြသည်။ ထရူဗာဒါ (Truvada) နှင့်အခြားဆေးတမျိုးတို့ပါဝင်သော အထရစ်ပလာ (Atripla)
ဆေးကိုသောက်သုံးသောလူနာများတွင်မူ (၈၇%) သာထိုအဆင့်ကိုရောက်ရှိခဲ့ကြသည်။
ခန့်မှန်းချေအားဖြင့် အမေရိကန် နိုင်ငံသား (၁.၂) သန်းခန့်တွင် HIV ရောဂါပိုးရှိနေပြီး HIV ပိုးထိန်းချုပ်ရေး ဆေးဝါးများမသောက်သုံးပါက ထိုသူ များအနေနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဖြစ်ပွားသောအဆင့်သို့ ရောက်ရှိ သွားမည်ဖြစ်သည်။
AIDS သည် လူ့ခန္ဓာကိုယ်တွင်းရှိ ရောဂါကာကွယ်ရေးစနစ်အား ရပ်ဆိုင်း သွားစေမည်ဖြစ်ပြီး အခြားရောဂါများ ကူးစက်ဝင်ရောက်လာစေမည်ဖြစ်ကာ နောက်ဆုံးတွင် အသက်ဆုံးပါးသွားမည်ဖြစ်ပါသည်။ HIV ရှိ သူလူနာများအနေနှင့် ရောဂါပိုးထိန်းချုပ်ရေးရောစပ်ဆေးဝါးများ (Antiviral Cocktail) ကိုသောက်သုံးလျှင် ကျန်းကျန်းမာမာဖြင့် သာမန်လူများအတိုင်းနီးပါး အသက်ရှင်နေထိုင်သွားနိုင်မည်ကြဖြစ်သည်။
အခြားသော HIV ဆေးဝါးများနည်းတူ Stribild ဆေးဗူးခွံပေါ်တွင်လည်း အသည်းကိုထိခိုက်နိုင်ခြင်းနှင့် ခန္ဓာကိုယ်အတွင်း လက်တစ်အက်ဆစ်ပမာဏ တိုးတက်များပြားလာနိုင်မှုတို့အပါအ၀င် ဆေးသောက်သူလူနာများအနေနှင့် ခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးများကို ဖေါ်ပြထားသည်။ အဓိကအားဖြင့် လူနာခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်းနှင့် ၀မ်းပျက်ဝမ်းလျှောခြင်းတို့ဖြစ်သည်။
Gilead ကုမ္ပဏီ မှသုတေသနပြုထုတ်လုပ်သော ထရူဗာဒါ (Truvada) ထိန်းချုပ်ဆေးအား HIV ပိုးရှိနေ သူများအား ကုသနိုင်ရန် (၂၀၀၄) ခုနှစ်တွင် FDA မှခွင့်ပြုခဲ့သည်။ ပိုးရှိမနေသော်လည်း HIV ပိုးကူးစက်ခံရနိုင်ရန် အလားအလာမြင့်မားသည့် သာမန်လူများအတွက် ပထမဆုံးသော ကာကွယ်ဆေးဖြစ်လာသည့် Truvada ဆေးအား ကာကွယ်ဆေးအဖြစ်ပါ ရောင်းချပေးနိုင်ရန် Gilead
ကုမ္ပဏီအား FDA မှ (၂၀၁၂) နှစ်အစောပိုင်း၌ ထပ်မံခွင့်ပြုခဲ့ပြီးဖြစ်သည်။ Gilead Sciences Inc. အား အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဖေါ်စတာမြို့တွင်အခြေစိုက်ထားပြီး၊ ၄င်း၏အစုရှယ် ယာတန်ဖိုးမှာ (၁၀) ဆင့် ခန့်ကျဆင်းခဲ့ပြီး(၅၇.၁၉) ဒေါ်လာနှင့် တနင်္လာနေ့တွင် ဈေးကွက်ပိတ်ခဲ့ပြီးနောက်မှ (၁၁) ဆင့်ခန့် ပြန်လည်မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်သောခေတ်ဆိုး၌ နိုင်ငံအတွက်မလိုအပ်သော စစ်လက်နက်များဝယ်ယူ၍ စစ်တပ်ကိုအဆမတန်တိုးချဲ့ရန် စစ်အသုံးစရိတ်ကို GDP ၏ထက်ဝက်ခန့်သတ်မှတ်ပြီး ဖြုန်းတီးခဲ့သော်လည်း ကျန်းမာရေးဘတ်ဂျက်စတိမျှသာချပေး၍ HIV ရောဂါရှင်များအတွက် ART ဆေးဝါးထောက်ပံ့မှု မပေးနိုင်ခဲ့သော်လည်း AZG ဟုခေါ်သော INGO အဖွဲ့မှဈေးကြီးသော ART ဆေးဝါးကို HIV/AIDS ဝေဒနာရှင်များအတွက်ထောက်ပံ့ပေးခဲ့သည်။
ART ဆေးဝါးကို ပညာရေးအားနည်းပြီး စီးပွားရေးနားမလည်သော မိမိတို့စစ်အစိုးရမှ မထောက်ပံ့ပေးနိုင်သည့်အတွက် ပညာမတတ်သော စစ်အစိုးရအနေနှင့် အစကတည်းကမရှိ သောသိက္ခာများ ဒင်းတို့ကြောင့်အတော်ပင်ကျဆင်းရသည်ဟူသော လူပြိန်းအတွေးများကြောင့် ထိုစဉ်ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၏လက်ချက်နှင့် ၂၀၀၇ ခုနှစ်ခန့်က AZG အဖွဲ့တွင် ဘဏ္ဍာ ငွေပြတ်လပ်သွားသည်ဟူသောသတင်းအမှားအားလွှင့်၍ AZG အားနှင်လွှတ်လိုက်ပြီး လူနာများအား ဘာမှအလုပ်မဖြစ်သော ဝေဘာဂီဆေးရုံသို့လွှဲပြောင်းရာ လူနာအများအပြား သေဆုံးခဲ့ကြသည်ဟု တော်တော်သတင်းကြီးခဲ့ပါသည်။ ယခုနောက်ပိုင်း AZG ပြန်ရောက်လာပြီးမှ ARTပြန်လည်ထောက်ပံ့ လာနိုင်ခဲ့သည်ဟု ထပ်မံသတင်းထွက်လာပါသည်။
အမေရိကန်သမ္မတကလင်တန်လက်ထက်မှစပြီး HIV ဝေဒနာရှင်များအား အမေရိကန်နိုင်ငံမှ Refugee အဖြစ်နှင့်စတင်လက်ခံခဲ့သည့်နောက်ပိုင်းရောက်ရှိလာကြသူများထဲမှ HIV/AIDS ရှိနေသူ မြန်မာများအပါအ၀င် ရောဂါရှင် Refugee များအား အမေရိကန်နိုင်ငံတော်မှ အိမ်ခန်းကျယ်ကြီးများအား သီးသန့်ငှားရမ်းပေး၍ အေးချမ်းစွာနေထိုင်စေကာ၊ နောက်ဆုံးပေါ် ART ဆေးဝါးများကို ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ထောက်ပံ့ပေးနေပါသည်။ ထို့ပြင် ထိုဝေဒနာရှင်များအတွက် လစဉ်ရိက္ခာထောက်ပံ့မှု (Food Stamp) နှင့် ငွေကြေးထောက်ပံ့မှု (Cash Assistance) များကို လောက်ရုံမဟုတ်ပဲ လိုအပ်သည်ထက် ပိုလျှံအောင်ပင် ထောက်ပံ့ပေးထားပါသည်။ ဆေးဝါးကုသမှုကုန်ကျစရိတ်အတွက်လည်း အမေရိကန်နိုင်ငံတော်မှ
အပြည့်အ၀တာဝန်ယူထား၍ ၀ါသနာပါလျှင် နေရပ်နိုင်ငံတွင်မိသားစုရှိပါက မိမိရသောငွေအား အိမ်ပြန်ပို့၍ပင်ရပါသည်။
ပုံပြင်လုံးဝမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိနေထိုင်ကြသူမြန်မာများထဲမှ လူအချို့သိကြပါသည်။
နေရာပေါ်မူတည်၍ ကံကြမ္မာအနေအထားကွာခြားမှုအား ဗဟုသုတအလို့ငှာ ဖေါ်ပြခြင်းဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲလိုသူဟု သတင်းကြီးသော ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင်မူ HIV/AIDS ဝေဒနာ
ရှင်များအားမည်ကဲ့သို့ ကူညီထောက်ပံ့ပေးသွားမည်ကို လေ့လာစောင့်ကြည့်ရပါဦးမည်။
Daniel Kane
by FNG on August 29, 2012
    မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာတွေလဲ?
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က၂၀၀၈ခုနှစ်က ပြဌာန်းထား သော အခြေခံဥပဒေတွေပါ၊ မြန်မာနိုင်ငံသားတိုင်း လိုက်နာရမဲ့ စည်းကမ်းဥပဒေတွေပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက အုပ်ချုပ် သူနှင့် အုပ်ချုပ်ခံ သူပြည်သူ လူထုအကြား ချုပ်ဆိုထားတဲ့ ပဋိဥာဉ်စာချုပ်ဖြစ်ပါတယ်၊ ပြည်တွင်းပြည်ပကမြန်မာနိုင်ငံသား တိုင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံသား တယောက် သို့မဟုတ် မြန်မာနိုင်ငံသားတိုင်းအနေနှင့် သိထားလေ့လာထားသင့်တယ်လို့ထင်လို့တင်ပြလိုက်ရပါတယ်၊
    အခုလိုဒီမိုကရေစီခေတ်ကိုဦးတည်ချီတက်နေချိန်မှာ ပိုပြီးနိုင်ငံတော် ရဲ့ဖွဲ့စည်းပုံဥပဒေတွေကို ပိုပြီးနားလည် သဘောပေါက်ထားသင့် ပါတယ်၊ ဒါတွေသိမှ နိုင်ငံတော်ကိုဦးဆောင်နေကျတဲ့ ခေါင်းဆောင်လူကြီးတွေ ရည်မှန်းချက်ပန်းတိုင် လုပ်ကိုင်မှု၊ အုပ်ချုပ်မှုတွေနှင့်လုပ်ဆောင်နေတာတွေ နိုင်ငံတော်အတွက် အကျိုးးရှိတယ်၊ ကောင်းတယ၊် မကောင်းဘူးဆိုတာကိုသိနိုင်မှာမို့ပါ၊ နိုင်ငံသားတွေ ဘာမှမသိရင် ဘာမှဖြစ်လာကျမှာ မဟုတ် ပါဘူး! ဘာတွေတောင်းဆိုမှန်းသိမှာ မဟုတ်ပါဘူး! နိုင်ငံသားတွေလိုအပ်ချက်တွေတောင်းဆိုလို့ရတာတွေနှင့် အခြားသောလိုအပ်ချက်တွေလဲပါပါတယ်၊ ဒါတွေက ဒီမိုကရေစီရဲ့အနှစ်သာရတွေပါဘဲ! ဒါကြောင့်
    မိမိနိုင်ငံရဲ့အနာဂတ် နိုင်ငံသားတွေရဲ့ အနာ ဂတ်တွေ ဒီဖွဲ့စည်းပုံဥပဒေကြီးထဲမှာရှိနေကျဆိုတာ နိုင်ငံသားတော်တော်များများသိလိမ့်မယ်မထင်ပါဘူး၊ မိမိရဲ့နိုင်ငံဖွဲ့စည်းပုံဥပဒေကိုဘာမှန်းမသိသည့် 
    နိုင်ငံသားများဖြင့်  တည်ဆောက်ပုံဖော်နေသော နိုင်ငံတခုသည် မည်သို့ဖြစ်မည်နည်းဆိုတာ စဉ်းစား တာကြည့်ပါတော့!!! 
    ဒါတွေကိုသိတဲ့ NLD အဖွဲ့စည်းတွေကဘဲ ဖွဲ့စည်းပုံဥပဒေမှာ လိုအပ်နေတဲ့ပြင်ဆင်မှုတွေကို တောက်လျှောက်တောင်းဆိုနေကျတာပါ၊ ခေတ်နောက်ကျနေတဲ့ အဓိက နိုင်ငံတော်အဖက်ဖက် ဖွံဖြိုးတိုးတက်ရေးတွေအတွက်ပါဘဲ၊
    ဟဲဟဲ! မြင်ဖူးဖတ်ဖူးကျတဲ့လူတွေလဲတော်တော်ရှားပါလိမ့်မယ်ထင်တယ်(ကျွှန်တော်အပါအ၀င်ပါ အခုမှ မြင်ဖူးပါတယ်ဖတ်ဖူးတာပါ)
    ကဲ! ဒါတွေကြောင့် မြန်မာနိုင်ငံသားတိုင်း သိထားသင့် ဖတ်သင့် လေ့လာထားသင့်ပါတယ်လို့ဘဲပြောပါရစေ....
    Constitution of the Republic of the Union of Myanmar (2008)
     အခြားဆက်စပ်သတင်း-မြန်မာဥပဒေမူကြမ်းများနှင့်နည်းဥပဒေများ
    Credit@KoNge
    Sunday, September 2, 2012
    ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်
    အင်း! သိကျတယ်မဟုတ်လား? Burmese ပြည်လေ! ဘာမှမလုပ်ရသေးဘူးပျက်ချင်နေပြီ! စိတ်ဓာတ်တွေ?.....း(
    ရင်းနှီးမြှုပ်နှံမှုဥပဒေ အပြောင်းအလဲကြောင့် နိုင်ငံခြားလုပ်ငန်းရှင်များ စိတ်အနှောက်အယှက်ဖြစ်ရပြီး မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ အေးစက်လာနေသည် (ဓာတ်ပုံ-Reuters )
    လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အပိုဒ်များ ထည့်သွင်းလာနေသောကြောင့် အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။
    ယင်းဥပဒေကြမ်းကို လက်ခံရရှိထားသော ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်း အဆိုအရ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်ခြောက်ထုတ်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် ကဏ္ဍ ၁၃ ခုတို့တွင် နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း အထိသာ သတ်မှတ်ကြောင်း၊ စတင်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅ သန်းမှ ၈ သန်း ရှိရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။
    ဂျပန်စီးပွားရေးသမားများ အနေဖြင့် ယင်းကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားရာ အဆိုပါဥပဒေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ အေးစက်လာနေကြောင်း အဆာဟိရှင်ဘွန်းက ရေးသားထားသည်။
    ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ ယင်းကာလအား အခွန် ၅၀ ရာခိုင်နှုန်းဖြင့် နောက်ထပ် ၅ နှစ် ထပ်တိုးခွင့်၊ အများဆုံး နှစ် ၆၀ အထိ မြေငှားပိုင်ခွင့်နှင့် အကျိုးအမြတ်အား နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ခွင့် စသည်တို့ ပါဝင်ပြီး ယခင်က နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်းထိ အာမခံမည်ဟု ဆိုခဲ့သည်။
    သို့သော် ဇွန်လနှင့် ဇူလိုင်လများအတွင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်တွင်းလုပ်ငန်းရှင်များက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာလျှင် မိမိတို့ မယှဉ်နိုင်ကြောင်း တင်ပြ၍ နိုင်ငံတော်အနေဖြင့် အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
    ယခုအခါ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားသည့် ယင်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးလျှင် သမ္မတအနေဖြင့် အတည်ပြု လက်မှတ်ထိုးရမည်ဖြစ်သည်။
    ယင်းဥပဒေအတိုင်းဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူထက် ပြည်တွင်းလုပ်ငန်းရှင်က အရင်းအနှီး ပိုမိုထည့်ဝင်ရမည်ဖြစ်၍ ယင်းငွေကြေးပမာဏကို ပိုင်ဆိုင်သူများမှာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ထိပ်တန်းစီးပွားရေးသမားများသာ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းတပုဒ်က ထောက်ပြဝေဖန်သည်။
    မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ဥပဒေကြမ်း ပြင်ဆင်မှုများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း နောက်ပြန်ဆွဲခြင်းဟု ဆိုသည်။
    “ပိုပြီး လစ်ဘရယ်ကျတဲ့ စီးပွားရေးဝန်းကျင်ဆီ ရွေ့ရမယ့်အစား ပြည်တွင်းက တချို့သော သူတွေဟာ မြန်မာ့စီးပွားရေးကို ထိထိရောက်ရောက် လက်ဝါးကြီးအုပ်နိုင်မယ့် အနေအထားမျိုး ပေါ်ထွက်လာရအောင် ဝိုင်းတွန်းနေပုံရတယ်” ဟု ရှောင်တာနယ်က ပြောဆိုကြောင်း ရိုက်တာသတင်းက ရေးသည်။
    သမ္မတရုံးအနေဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို လွှတ်တော်အမတ်များထံတင်ပြပြီး ပိုမိုပျော့ပြောင်းရေး တိုက်တွန်းသော်လည်း ဥပဒေပြုရေး အဓိက တာဝန်ရှိသည်မှာ သူရဦးရွှေမန်း ဦးစီးသော ပြည်သူ့လွှတ်တော်သာဖြစ်ကြောင်း ရိုက်တာက ဆိုသည်။
    ယခု သတင်းကြောင့် မြန်မာပြည်တွင်းလုပ်ငန်းများ ဝင်လုပ်ရန် ဝေခွဲမရဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေကြသော နိုင်ငံခြား လုပ်ငန်းရှင်များကို နှင်ထုတ်သလို ဖြစ်နေကြောင်း လန်ဒန်ထုတ် သတင်းစာ Financial Times ဝက်ဘ်ဆိုက်ပါ သတင်းတပုဒ်ကလည်း ဆိုသည်။
    ရန်ကုန်အခြေစိုက် အိမ်ယာရောင်းဝယ်ရေး အနောက်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တဦးက “ရှေ့နောက် မညီဘဲ ပြည်တွင်း လုပ်ငန်းတွေကို ဗြောင်ကာကွယ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှူဆွယ်မယ့် ဥပဒေဟာ တကယ်တော့ ကျနော်တို့ကို မောင်းထုတ်လိမ့်မယ်” ဟု ပြောသည်။
    ဇွန်လအတွင်းက မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီများ လာရောက်စုံစမ်းမှုများ ရှိသော်လည်း လက်တွေ့တွင် ထင်သလောက် ရင်းနှီးမြှုပ်နှံမှု မလုပ်ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဦးဝင်းမြင့်က ပြောဆိုခဲ့ဖူးသည်။
    Ref:irrawaddyburmese
    IT ခေါ် ကွန်ပျူတာနည်းပညာဆိုတာ ဘယ်လိုအလုပ်တွေလဲ? အပိုင်း(၁)
    အခုလက်ရှိ ခေတ်သစ်နည်းပညာ စီပွားရေးလောကတွေမှာ အသက်မွှေးဝမ်းကျောင်းအလုပ် တွေကို လုပ် ကိုင်နေရတာ အတော်ကိုပင်ပန်းပြီး ခေတ်ဟောင်းစက်မှုစီးပွားရေးစနစ်တွေနှင့် နည်းစနစ်တွေ တော်တော်ကိုကွာခြားလာတာကိုတွေ့ရလို့ ဒီစာကိုရေးသားလိုက်ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာနယ်ပယ်ဆိုတာက လူတွေရဲ့ Manpower ဆိုတဲ့ လူအင်အား စွမ်းအားတွေကို နေရာတော်တော် များများမှာ အသုံးချလာကျတာကိုတွေ့ရပြီး အလုပ်တခု သို့မဟုတ် Project တွေနှင့် အချိန်ပိုင်းအလိုက် အချိန်မှီပြီးစီးအောင် လူစွမ်းအားတွေအပေါ် မတရားဖိနှိမ့်ပြီးလုပ်ခိုင်းတဲ့ စနစ်တခုအနေ နှင့်တွေမြင်လာရပါ တယ်၊ ဒါတွေကြောင့်လဲ အောင်မြင်တဲ့စီပွားရေးစနစ်တခုအဖြစ်ရပ်တည်နိုင်လာရတာပါဘဲ၊ (ဒါတွေကြောင့် ပွဲစားလုပ်စားတဲ့စကာင်္ပူစီးပွားရေးအောင်မြင်လာရာတဲ့အဓိကအကြောင်းရင်းလေးပါဘဲ၊ ဒါကကျွှန်တော်ရဲ့ အမြင်တခုလေးပါ၊)
    ဒီ(၁၀)ချက်ကြောင့်ကွန်ပျူတာနည်းပညာလောကမှမထွက်ခွာသင့်ပါဘူး!
            ကွန်ပျူတာနည်းပညာသမားတွေ တခါတရံမကျေမနပ် စိတ်ပျက်စရာကောင်းတဲ့ ( Stand By Jobs ၂၄နာရီအလုပ်ချိန်) သူတို့ရဲ့ကွန်ပျူတာနည်းပညာအလုပ်တွေပါတဲ့၊ ဒါပေမဲ့ အကယ်၍ အားလုံးသော အမှန်တကယ် ကွန်ပျူတာအသက်မွှေးဝမ်း ကျောင်းနှင့်အလုပ်မလုပ်နေသူတွေကို မဆိုလိုပါဘူးတဲ့?
          ဒါကအသက်မွှေးဝမ်းကျောင်းအလုပ်တိုင်းအတွက် ကမ္ဘာတ၀ှမ်းကစိန်ခေါ်နေကျတဲ့ အခက်အခဲတွေပါ? ဘယ်လိုလူတစုံတယောက်သောသူက နည်းပညာနှင့် ပတ်သက်ပြီးထိတွေ့ဖူးရင်သိကျမှာပါနှင့် အကယ်၍သင်ဟာ အားလုံးနှင့်လုံးဝထိတွေ့ စိန်ခေါ်မရင်ဆိုင်နိုင်ဖူးဆိုရင် သင်နေရာ ကို အစားထိုးလုပ်နိုင် တဲ့ လူငယ်တွေကွန်ပျူတာလောကထဲမှာ အမြဲတစေရှိ နေ တယ် ဆို တာ သိနေ ဖို့ပါဘဲ၊ ဘယ်လိုပြီးသိနိုင်လဲ? ဘယ်လိုသိနိုင်လဲဆိုရင် သင်မလုပ်နိုင်ဘူးလား?  မလုပ်နိုင် ရင်သင်ကို အလုပ်ဖြုတ်ထုတ်ပြီး လုပ်နိုင်တဲ့လူငယ်လက်တက်တွေကို ရှာပြီး ရအောင်လုပ်ခိုင်းပါလိမ့်မယ် ဆိုတာ ပါဘဲ!  ကောင်ပြီး ဒါဆိုရင်  လက်ရှိကွန်ပျူတာလုပ်ငန်းခွင်ထဲ ဘာဘဲလုပ်ရလုပ်ရ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေလောက်ဘဲ အဆင်ပြေလိမ်မယ်လို့ထင်ပါတယ် သို့မဟုတ် ဒီစိန်ခေါ်မှုဒဏ်တွေ ကိုမခံနိုင်ရင် နည်းပညာလောကထဲက သင်ထွက်ခွာသွားတာက ပိုကောင်းးပါလိမ့်မယ်၊  ကဲဒါမှမဟုတ်ရင် သင်ဒီအချက် (၁၀)ချက်ကိုနားလည်ထားတာပိုကောင်းပါတယ်ဆိုတာပါဘဲ........
     ၁-သင်သီးခံနိုင်စိတ်ရှည်မှုရှိခြင်း
      သီးခံစိတ်ရှည်မှုဟာ အလွန်အရေးပါတဲ့ နည်းပညာသမားတွေအကြောင်းအရာအချက်ပါ၊  အချို့ပြဿနာတွေမှာ စိတ်တည်ငြိမ်စွာဖြေရှင်းတတ်ဖို့နှင့် စိတ်ရှည်သီးခံတတ်မှုတွေက အကောင်းဆုံးဖြေရှင်း ချက်တွေပါတဲ့၊ အကယ်၍ သင်စိတ်မရှည်သီးမခံနိုင်ဘူး၊ စိတ်တည်ငြိမ်စွာမထိန်းနိုင်ရင် ဆုံးရှုံးမှုတွေဘဲ သင်ရပါလိမ့်မယ် သို့မဟုတ် သင်ဟိုတွေးဒီတွေးနှင့် ပြဿနာတွေကိုဖြေရှင်းလို့ရမှာမဟုတ်ပါဘူးတဲ့၊ အကယ်၍ တချို့သောပြဿနာတွေမှာ အချိန်မှီဖြေရှင်းပေးမှ ရတာမျိုးတွေရှိတတ်သောကြောင့် စိတ်ရှည်တည်ငြိမ်မှုမရှိ စိတ်မထိန်းနိုင်ရင် ကျွန်တော်အကြံပေးတာက ဒီကွန်ပျူတာအလုပ်က နေချက်ချင်းထွက်သွားတာ ပိုကောင်းပါတယ်တဲ့၊
    ၂- သင်မှာဆက်လက်၍ပညာသင်လိုစိတ်ရှိခြင်း
            IT လို့ခေါ်တဲ့ နည်းပညာတွေကအမြဲအသစ်တွေထွက်နေတဲ့နယ်ပယ်ဖြစ်ပြီး အမြဲတမ်း ဆက်လက် လေ့လာ လို့မပြီးနိုင်သောပညာတွေကိုက သင်တို့တတွေကို အမြဲသစ်လွင်အောင်လေ့လာစည်းပူးနေမှရပါမယ်၊ ဆိုလို တာက သင်အမြဲမပြတ် အသစ် ထွက်ရှိသော နည်းပညာစာတွေ သတင်းတွေ တွေကို ဆက်လက်လေ့လာ သင်ယူဖတ်ရှု့နေရပါမယ်၊ သင်တန်း Workshop တွေတောက်လျှောက်တက်နေရပါတယ် နောက်ပြီး သင်ကိုယ်ပိုင် စာအုပ်ကိုလေ့လာဖတ်ရှု့ရပါမယ်၊ ဒါကြောင့် နည်းပညာရပ်နှင့်ပတ်သက်ပြီး ဘယ်လိုဘဲဖြစ်ဖြစ် သင်ဆက်လက်လေ့လာနေရမှရမဲ့နယ်ပယ်ဖြစ်ပါတယ်တဲ့၊
    ၃- သင်အလုပ်ချိန်ပြင်ပမှာလဲအလုပ်လုပ်နိုင်ရပါမယ်
         နည်းပညာကြီးဟာ ကိုယ်သတ်မှတ်ထားတဲ့  Schedule တွေ ဘာလိုအချိန်အစီစဉ်တွေလို သတ်သတ်မှတ်မှတ် သွားလို့မရပါဘူးတဲ့၊ Server ဆိုတာမျိုးကသူပျက်ချင်တဲ့အချိန်ပျက် တတ်ပါတယ်တဲ့ (ဆိုလိုတာက Electronic နှင့် ပတ်သက်တဲ့ပစ္စည်းမှန်သမျှ Power မလုံလောက်မှု မပြည့်ဝမှု ဆိုတာအမြဲရှိတတ်တေသာကြောင့်) ဒါပေမဲ့သူတို့ရဲ့စီပွားရေးလုပ်ငန်းကတော့ ဟန်မပြတ်ဆက်လက်ပြီး လုပ်ကိုင်သွားနေမှရပါမှာပါတဲ့၊ ထို့ကြောင့် သင်ဟာ ညနက်လဲထပြီး အလုပ်တွေ ပြီးပြတ်အောင် အပတ်တိုင်း အချိန်ကြာမြင့်စွာ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေမှာလဲ အလုပ်လုပ်ရပါတယ်၊  သင်တို့ဟာ သူများတွေလို နားချင်မှ နားရပါမယ်၊ အကယ်၍ သင့်မှလဲ သူများတွေလို ရုံးပိတ်ရက်တွေမှာလဲ အိမ်အလုပ်တွေ လုပ်စရာတွေ တပြုံကြီးရှိနေကျတော့ မိမိရဲ့အိမ်ကိုယ်ရေးကိုယ်တာက ကိုယ်နှင့်မဆိုင်သလိုဖြစ်နေ တတ်ပါလိမ့်မယ် ဒါတွေကိုသီးခံနိုင်မှရမှာပါလို့ပြောပါတယ်၊ ကောင်းပြီ-  ဒါကိုရှင်းပြရတော်တော်ခက်ပါတယ်လေ....
    ၄-သင်လူတွေနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းရပါမယ်
           ဒါကိုတော့ရှင်းပြနေစရာမလိုဘူးထင်ပါတယ်လေ၊ဟုတ်တယ်မဟုတ်လား? ကောင်းပြီး ဒါဆိုရင် IT Pro ခေါ် ကွန်ပျူတာ ပညာရှင် တွေရဲ့အလုပ်ဟာ endusers ဆိုတဲ့ မိမိရဲ့ Customer တွေရဲ့ အခက်အခဲတွေကို တောက်လျှောက်လိုအပ်တာတွေကို ကူညီဖြေရှင်းပေးနေရပါတယ်၊ အကယ်၍သင်ဟာလူတွေနှင့် ပေါင်းသင်းဆက်ဆံရေးမကောင်းရင်အဆင်မပြေရင် သင်ဒီကွန်ပျူတာ နည်းပညာနယ်ပယ်ထဲကို မ၀င် တာအကောင်းဆုံးပါဘဲတဲ့၊ စကားတွေအများကြီးကိုပြောရပြီး တဖက်သားနားလည်အောင် ဥပမာများစွာနှင့်သေသေချာချာ ရှင်းပြနိုင်ရပါမယ်တဲ့၊ အာပေါက်အောင်ပြောဆိုနေရတာတွေကြောင့် လူတော်တော်များများက ဒီကွန်ပျူတာနည်းပညာတွေကိုမကြိုက်ရတာပါဘဲတဲ့၊
    ၅-သွက်လက်လျင်မြန်ဖြတ်လတ်ရပါမယ်
        ဘယ်နှစ်ကြိမ်သင်ရဲ့ကိုယ်ရဲ့အရည်အချင်းတွေကို ပြန်လည်ဆန်းစစ်ဖူးပါသလား? သင်ဟာ ပြဿနာတွေ ကို ဘယ်နှစ်ကြိမ်လောက်အကောင်းဆုံးဖြစ်အောင်လုပ်ဖူးပါသလဲ? အကယ်၍ သင်ကိုယ်သင်သိရဲ့လား သင်ဟာဘယ်နှစ်ကြိမ် လောက်  အလုပ်မပြီးမပြတ်ဘဲပြဿနာတွေတက်ဖူးပါသလဲ? ဒါတွေဟာ ကွန်ပျူတာ နည်းပညာရဲ့ကျင့်ဝတ် တွေဖြစ်လို့  ဘယ်လိုမှလက်မခံနိုင်တဲ့အချက်တွေပါဘဲတဲ့၊ အကယ်၍ သင်ဟာအဆင်ပြေဖို့အချိန် ဘယ်လောက်လိုသေးသလဲ? သင်သေချာပြီလား! သင်ဟာဒီလိုပြဿနာတွေ ဖြေရှင်းနိုင်ဖို့ သင်ရဲ့ကိုယ်ရည် ကိုယ်သွေး အတွက် အချိန်ဘယ်လောက်လိုသေးလဲ? သို့မဟုတ် အကယ်၍ အချိန်စောင့်နိုင်သည်ထားအုံး! ဒီအလုပ်ကိုပြီးပြတ်အောင်လုပ်နိုင်ရပါမယ်နှင့် ဖြစ်ပျက်သမျှတွေကို သင်တာဝန် ယူနိုင်ရပါမယ်တဲ့၊ (ဒါတွေက IT လောကမှမဟုတ်ပါဘူး အခြားသောလုပ်ငန်း တွေမှာလဲရှိ ပါတယ်လေ)
    6-သင်တို့ဟာအဆင်ပြေစွာပြဿနာရှင်းနိုင်ရပါမယ်
         ဒီနယ်ပယ်ကနေ့စဉ်နှင့်အမျှ ပြဿနာတွေကိုတောက်လျှောက်ဖြေရှင်းနေရတော့ အများအားဖြင့် စိတ်မရွှင်လန်းကျပါဘူးတဲ့၊ ဒါပေမဲ့ သင်တို့ရဲ့ ဒေါသတွေစိတ်မကြည်လင်တာတွေကို အဝေးကိုလွင့်ထုတ် ပစ်မှအဆင်ပြေပါလိမ့်မယ်တဲ့၊ နေ့တိုင်းဒေါသထွက်နေရင် သင်သွေးတိုးတက်နေရုံဘဲရှိပါလိမ့်မယ်တဲ့၊  IT သမားဆိုတာက ပြဿနာတွေကို အနည်းနှင့်အများဖြေရှင်းနေရတော့ တခါတရံဒေါသထွက်တတ်ပါတယ်(Enduser ဆိုတာ တခါတရံဖြေရခက်ရှင်းပြရခက်တတ်တာတွေ မေးတတ်ကျလွန်းလို့ပါ) ဒါတွေကိုသင်မှာရှိနေရင် သင်အလုပ်အသစ်ကိုပြောင်းတာကောင်းပါတယ်တဲ့ နို့မဟုတ်ရင် သင်စိတ်ရောဂါရနိုင်ပါလိမ့်မယ်တဲ့၊ (ဒါတွေကြောင့် IT သမားတွေ ကိုယ်ကိုကိုယ်သတ်သေတာတွေ တဖြေး ဖြေးများလာတာကိုး - လက်တွေ့ ITသူငယ်ချင်းတယောက်တိုက်ပေါ်ကခုန်ချဖုးတာရှိပါတယ်)
    ၇-သင်ဟာစွယ်စုံလုပ်နိုင်ရပါမယ်
           တခါတလေကျရင် သင်ဟာ အလုပ်သုံးလေးခုကို အချိန်မှီပြီးအောင် တပြိုင်ထဲလုပ်ရတတ်ပါတယ်၊ ဒါတွေကိုလဲလုပ်နိုင်ရပါမယ်လေ၊ Supperman ကျနေတာဘဲ... (သေတာသေချင်တော့တဲ့အချိန်လေ! ဒါတွေကြောင့်ကိုယ်ကိုကိုယ် သတ်သေ တာတွေ များလာတာလဲကြည့်)  ဒါက အလုပ်တခုပြီးမှ တခုလုပ် တတ် တဲ့လူတွေကိုမှ အောင်မြင်တယ်လို့မဆိုလိုပါဘူးတဲ့၊ ဒါပေမဲ့ စွယ်စုံလုပ်နိုင်သူ တွေက ပိုပြီးသာပါ တယ်တဲ့၊
    ၈-သင်ဟာအဆင့်မြင့်နေရာတွေကိုမျော်မှန်းထားသူဖြစ်ရပါသလား
            ဒါကတော့ ITဌာနအတွက်မဖြစ်နိုင်ပါဘူးတဲ့၊ အကယ်၍သင်ဟာ အဆင့်မြင့်တဲ့ရာထူးကို သင်လိုချင် တော့တခြားနယ်ပယ်မှဘဲရပါလိမ့်မယ်တဲ့ တချို့သောဌာနတွေမှာတော့ ရာထူးတက်နိုင်ပါတယ် တဲ့ အလွန်ဆုံး CIO (Chief information Officer)လောက်ပါဘဲတဲ့၊ အကယ်၍ CEO (Chief Executive Officer) ကိုလိုချင်ရင်တော့ IT နယ်ပယ်မှာ သင်အတွက်မရှိပါဘူးတဲ့လေ......(ဒီလောက်ခေါင်းစားတဲ့ အလုပ်တွေလုပ်နေရပြီးမရှိဘူးတဲ့...ကောင်းသေးရဲ့လား)
    ၉-သင်ဟာနည်းပညာကိုမကြိုက်ဘူးလား
           ဒါကိုတော့ပြောဖို့မလိုပါဘူးလေ သို့သော် ရှိတာလေးနှင့်ကျေနပ်နေသူတွေကိုတော့မပြောတတ်ပါဘူး ကျွှန်တော်ထင်တယ် IT နယ်ပယ်ကိုမကြိုက်တဲ့လူတွေကတော့ အကယ်၍ သင်မှာ ရိုးရိုးဖုန်းရှိနေရင်တော်ပြီ အကယ်၍ သင်ဘေးမှာ Server,Destops,Switch,Routers and အခြားသော IT centric  Hardware တွေဟာ သင်အတွက် သုံးလို့ကောင်းမှန်းမသိတဲ့လူတွေရှိနေသလားလို့! သို့သော်လည်း ဒါတွေက သင်အလုပ်တွေမှာ ပြဿနာတွေကိုအချိန်မကုန်ဘဲ အလွန်အဆင်ပြေစွာပြီးစီးစေတာကို များပြားသောစက်ပစ္စည်းကြောင့် The Good Green Earth Earlier ဆိုတဲ့ တဘ၀ကမ္ဘာစိမ်းလန်း စိုပြေ နေမှု ကိုထိခိုက်နေတယ်လို့ထင်နေ ကြိုက်နေရင်တော့၊ IT ကိုစွန့်ခွာတာကောင်းပါတယ်လေ....
    ၁၀-သင်ရဲ့ဖုန်းကိုပိတ်ပြီးအိပ်တတ်သလား
            IT Pro ကွန်ပျူတာပညာရှင်တွေဟာ ၂၄နာရီပြီးပြည့်စုံအောင်ချိတ်ဆက်ထားတဲ့ stand by on call  service jobs အလုပ်ဖြစ်လို့ သင်အလုပ်ချိန်ပြင်ပအနားယူချိန်ညသန်းခေါင်မှာလဲ အလုပ်တွေ လုပ်ရတတ် ပါတယ်၊ တခါတရံ မဖြစ်ရင်ဘာမှဘာမှာမဖြစ်ပါဘူး အဲ! ဖြစ်လိုက်ရင်လဲ စုပြုံ ပြီးဖြစ်ရင်တော့လား အလုပ်ကလဲများ enduser တွေလဲ complain တွေတောက်လျှောက်တက်ဆိုတော့ တခါတရံအဖြရှာ လို့မရတဲ့ပြဿနာတွေဆိုရင် သေချင်အောင်စိတ်ပျက်ရတတ်ပါတယ်လေ၊ ရင်တထိပ်ထိပ်ညအိပ်ရတဲ့ရက်တွေပါဘဲတဲ့၊ မိသားစုတွေအတွက်အချိန်ပေးရတဲ့ရက်တွေနည်းပါတယ်လေ၊
    သင်ရဲ့သားဦးခလေးမွှေးနေရင်လဲ ဖုန်းလာရင်သင်အလုပ်ကိုပြေးရပါသေးတယ်၊မသွားလို့လဲမရဘူးလေ နို့မဟုတ်ရင် အချိန်မရွှေး ရုံးကဖုန်း ခေါ်နိုင်တာကြောင့် သင်ဖုန်းမကိုင်လို့မရပါဘူးတဲ့၊ ဒါတွေကြောင့် သင်မှာကိုယ်ပိုင်အချိန်တွေဆိုတာ ဘယ်ရောက်ကုန်လဲလို့မေးယူရတဲ့ အခြေနေမှာရှိပါတယ်တဲ့...
    ကဲ! သူငယ်ချင်းအပေါင်းအသင်းတို့တတွေထဲက အခုခေတ်စားနေတဲ့ IT Pro သမားတွေရဲ့ အလုပ်တွေကို ဘယ်သူတွေစိတ်ဝင်စားကျသလဲနော်!    အဲ! ဒါတွေဖတ်ပြီးတော့လဲ ကြောက်မသွားကျပါနဲ့ အုံးနော်!း) 
     အဖြေကဘာလဲ?း(   orး)
    Tallying up the cons
    Just because you suffer from one of two of these traits doesn’t mean you should jump off the IT train and start flipping burgers. But if you recognize quite a few of these signs, you might want to call it a career and head back to school. To help balance the pros and cons, I’ll follow up soon with a list of signs that IT is exactly where you need to be.
    သင့်တို့ရဲ့အမြင်ကကော ဘယ်လိုရှိလည်း comment ပေးနိုင်ပါတယ်။ ITသမားရဲ့ အမြင်တွေကိုပဲ ရေး ထားတာဖြစ်ပါကြောင်းနှင့် တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ!း)
    Ref:techrepublic
    Credit@ Ko Nge
    Saturday, September 1, 2012
    ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ကို ငါးနှစ်အတွင်း အာဆီယံအဆင့်မီရန် ရည်မှန်း
    ယွန်းနှင်းဖြူ
    အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
    ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့အား Centre of Excellence (COE) များ အနေဖြင့် ယခု ၂၀၁၂ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကာ အင်ဂျင်နီယာဘွဲ့ တိုက်ရိုက်ရယူ နိုင်မည်ဖြစ်ပြီး ငါးနှစ် အတွင်း နိုင်ငံတကာအဆင့်မီရန် မဖြစ် နိုင်သေးသော်လည်း အာဆီယံအဆင့်မီ ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
    ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့၌ ခြောက်နှစ် တက်ရောက်ရမည်ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့(B.E) အင်ဂျင်နီယာဘွဲ့ ချီးမြှင့်မည်ဖြစ်ရာ တက်ရောက်လိုသော ကျောင်းသားများသည် တက္ကသိုလ်ဝင် တန်းအမှတ် အနည်းဆုံး ၄၅၀ အထက် ရရှိရမည်ဖြစ်သည်။
    " ဒီလမ်းကြောင်းက အင်ဂျင်နီယာဘွဲ့ ရရှိဖို့ တိုက်ရိုက်တက်ရောက်ရတဲ့ လမ်း ကြောင်းပါပဲ။ အရင်ကဆို ဘွဲ့ရဖို့အတွက် AGTI နဲ့ B.Tech အဆင့်တွေအောင်မှ တက်ရောက်ခွင့်ရှိတာ။ AGTI သင်ရိုးဆို တာကလည်း သုံးနှစ်အတွင်း လုပ်ငန်းခွင် ပြင်ပမှာ အလုပ် လုပ် ကိုင်နိုင်အောင် အဓိကထား သင်ကြားပေးတာပဲ။ ဒါ ကြောင့် B.E တက်ရောက်ရမယ့်လမ်း ကြောင်းနဲ့ AGTI လမ်းကြောင်းတွေကို ခွဲ လိုက်တာ အရမ်းကို ကောင်းပါတယ်" ဟု သတ္တုတွင်းဌာနမှ အငြိမ်းစားဌာနမှူး ဦးသိန်းလှိုင်က ပြောကြားသည်။
    အစိုးရနည်းပညာကောလိပ် (GTC) တွင် သင်ကြားသော ဆရာမတစ်ဦးကမူ ဆရာဆရာမများဘက်မှလည်း အရည်အသွေး ဖြည့်တင်း ရန် လိုအပ်လာမည် ဖြစ်သည်ဟု ဆိုသည်။ "အခုလို တော်တဲ့ကျောင်းသားတွေကို အင်ဂျင်နီယာကျောင်းကို တက်ရောက်တာနဲ့ တစ်ပြိုင်နက် ဆရာမတွေဘက်ကလည်း အရည်အသွေးကိုဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အင်ဂျင်နီယာကျောင်းတွေအတွက် ကောင်းမွန်တဲ့ အလားအလာပါ။
    အရင်ဆို ကျောင်းသားတွေက စာမေးပွဲကို အလွယ်အောင်သွားတော့ အပြင်လောကမှာ အလုပ်လုပ်ကိုင်ဖို့ဆို ရင် အရည်အချင်း မပြည့်တာတွေ ဖြစ်နေတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဆရာတွေလိုပဲ အရည်အချင်းရှိတဲ့ ကျောင်းသားတွေရှိဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။
    AGTI အတွက်ကိုမူ တက္ကသိုလ်ဝင် တန်းအမှတ် ၃၆၀ သတ်မှတ်ထားပြီး အောင်လက်မှတ်ရရှိရန်အတွက် သုံးနှစ် တက်ရောက်ရ မည်ဖြစ်သည်။ AGTIမှ အောင်မြင်ကာ အင်ဂျင်နီယာဘွဲ့တက် ရောက်ရန်အတွက် အဆင့်မီသူများကိုမူ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည် နယ်များ၌ ဆက်လက်တက်ရောက်နိုင်ရန် နည်းပညာတက္ကသိုလ်တစ်ကျောင်း စီသာ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
    AGTI မှ အင်ဂျင်နီယာဘွဲ့သို့ ဆက်လက်တက်ရောက်ခွင့်ရသည့် ကျောင်းသားများသည် စတုတ္ထနှစ်မှ စတင်တက် ရောက်ရမည် ဖြစ်ပြီး၊ မတက်မီ အကြိုသင်တန်း (B.E Orientation)ကို တက် ရောက်ရမည်ဖြစ်သဖြင့် စုစုပေါင်း ခုနစ်နှစ် တက်ရောက် ရမည် ဖြစ်သည်။
    ၎င်းတို့အနက် ဂုဏ်ထူးတန်းတက် ရောက်ရန် အဆင့်မီသူများသည် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့တွင် ဆက်လက် တက်ရောက်နိုင်သည်။ ထို့ပြင်AGTI မှ B.Tech တက်ရောက်ရန် အဆင့်မီသောကျောင်းသားများမှာမူ နှစ်နှစ် တက်ရောက်ပြီး B-Tech (Bachelor of Technology) ဘွဲ့ရရှိမည် ဖြစ်သည်။
    B.Tech သင်တန်းတွင် လက်ရှိတက် ရောက်နေသော ကျောင်းသူ မငုငုက "အခုဆိုရင် AGTI အတွက် တက္ကသိုလ် ၀င်တန်း အမှတ် တွေက မြင့်ပြီသွားတယ်။ အရင်က ၃၂၀ ကနေအခု ၃၆၀ အထိ မြင့်သွားတော့ အမှတ်နိမ့်ပြီး ဒီဘာသာ ကို စိတ်ဝင်စားတဲ့ သူတွေ အတွက်ကတော့ နစ်နာတာပေါ့။ အခုလို စည်းကမ်း တွေကျပ်လာတော့ ပိုပြီးကြိုးစားရတော့မယ်" ဟု ပြောသည်။
    Ref:myanmartime      
    Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းနှင့်နိုင်ငံခြားသားများစာရင်း များကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
    Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းနှင့်နိုင်ငံခြားသားများစာရင်းများကို ကို နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင်၎င်း၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
    အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ မြန်မာနိုင်ငံသား ၉၃၅ ဦးနှင့် နိုင်ငံခြားသား ၁၁၄၇ဦးတို့ ပါဝင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဝက်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။
    ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် အမည်ပျက်စာရင်း Black List မှ ပယ်ဖျက်ပေးခဲ့ သူများတွင် ဒေါက်တာစိန်ဝင်း (MPU)၊ ဦးပီတာလင်းပင်(၁၉၉၀ ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလ အမတ်အဖြစ် ပြင်ဦးလွင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ)တို့ အပါအ၀င် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC)၊ ညီညွတ်သော တိုင်းရင်းသားများ လူငယ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း၊ မြန်မာ အမျိုးသမီးများ သမဂ္ဂနှင့် ကရင်အမျိုးသမီး အစည်းအရုံးတို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ပြီး အနုပညာရှင် အချို့လည်း ပါ
    ထိုသို့ ပယ်ဖျက်လိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။
    ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် ၆၁၆၅ ဦးအနက်၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက် ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။
    ယခင်အစိုးရ လက်ထက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်ပျက်စာရင်း Black List သတ်မှတ် ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက် ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။
    Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို အောက်ပါ http://www.president-office.gov.mm/briefing-room/daily-news/news1268 နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
    Rejected Myanmar Black List
    Rejected Foreigner Blacklist
    *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
    ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!