Popular Posts!

Saturday, December 29, 2018

အပယ္ခံ မာယား


By ကျော်ခ 6 April 2017



လူသေရုပ်အလောင်းတွေ သင်္ဂြိုဟ်ထားတဲ့ ရွာအပြင်က သင်္ချိုင်းကုန်းကြီး တခုဟာ လူသူသွားလာမှု ကင်းမဲ့ပြီး ချောက်ချားစရာ ဖြစ်နေပေမယ့် မာယား လို့ခေါ်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းမငယ်လေး တယောက် အတွက်တော့ ပုန်းခိုစရာ နေရာ ဒါမှမဟုတ် ခွဲခြားဆက်ဆံမှု ကင်းမဲ့ဇုန် တခု ဖြစ်လို့ နေပါတယ်။

အလင်းရောင် ရှိတဲ့ အချိန်တွေမှာ သာမကဘဲ အမှောင်ဖုံးတဲ့ အချိန်တွေအထိ ဒီနေရာလေးမှာပဲ ရက်ပေါင်း၊ လပေါင်းများစွာ ခိုလှုံ ခဲ့ရပါတယ်။ ဒီသင်္ချိုင်းကုန်းမှာ သူ့ကို မောင်းထုတ်မယ့်သူတွေ မရှိဘူး။ သူ့ကို မသတီတဲ့ အကြည့်မျိုးနဲ့ ကြည့်မယ့်သူတွေ မရှိဘူး။ အဲဒီလို ခွဲခြား ဆက်ဆံတတ်တဲ့ လူတွေက ရွာထဲမှာပဲ နေကြတယ်လေ။

ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ရွာလေး တရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တခု ဆိုပေမယ့် အသက် ၆၀ ခန့် ရှိနေပြီဖြစ်တဲ့ ကာယကံရှင် မာယား အတွက်ကတော့ အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အတိတ်က ဒဏ်ရာတွေက အခုချိန်ထိ အသစ်တွေ ဖြစ်နေဆဲပါ။

မာယား အသက် ၁၃ နှစ်အရွယ်လောက်မှာ အနာကြီးရောဂါ လက္ခဏာတွေ ပြလာတယ်။ အဖေဖြစ်သူမှာလည်း ဒီရောဂါ ရှိတာကြောင့် ဖခင်ကို ပြုစုရင်း ကူးစက်ခံရတယ်လို့  သူမ ယုံကြည်ခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ တခြား ညီအစ်ကို မောင်နှမတွေမှာတော့ ကူးစက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကုသဖို့ အတွက် ဗဟုသုတကလည်း အားနည်းလေတော့ ဒီအတိုင်းပဲ နေလိုက်ရာက ရောဂါလက္ခဏာတွေ ပိုမို ထင်ရှားလာတဲ့ အခါမှာတော့ ရွာထဲက လူတွေ ရိပ်မိကုန်ပြီ။ သူငယ်ချင်းတွေကလည်း သူတို့နဲ့ ဝေးဝေးနေဖို့ ပြောဆို လာကြတယ်။ ဆွေမျိုး သားချင်းတွေကတောင် အိမ်ဝိုင်းထဲကို မဝင်လာဖို့အထိ ပိတ်ပင် မောင်းထုတ်တာတွေကို ဆက်တိုက် ကြုံလာရတယ်။

“သူငယ်ချင်းတွေ ကလည်း အကပ်မခံတော့ဘူး။ ကျမကို ရွံတယ်၊ မုန်းတယ် ပြောတယ်။ ရွာကလူတွေက ရွာမှာ ပေးမနေဘူး။ တောထဲမှာ သွားနေလို့ ပြောကြတယ်။ အဲဒီလို ပြောတဲ့ အခါကျတော့ စိတ်ထဲမကောင်းဘူး” လို့ ပြောရင်း တိမ်ဝင်သွားတဲ့ မာယား ရဲ့ အသံနဲ့ အတူ မျက်ဝန်းအစုံကနေ မျက်ရည်တွေ စီးကျလာပါတယ်။

အတိတ်က အကြောင်းတွေကို ပြန်ပြောရင်း ကြေကွဲ ဆို့နင့်နေတဲ့ မာယားတယောက် စကားမပြောနိုင်လောက်အောင် စိတ်ထိခိုက်ပြီး ငိုချလိုက်ပါတယ်။ ရောဂါပိုး တိုက်စားခံထားရလို့ မညီမညာ ဖြစ်နေတဲ့ သူမရဲ့ လက်အစုံနဲ့ တသွင်သွင် စီးကျနေတဲ့ မျက်ရည်တွေကို အကြိမ်ကြိမ်သုတ်ပြီး သုံးမိနစ်လောက် ငြိမ်သက်နေပြီးမှ ဆက်ရှင်းပြနိုင်ပါတယ်။

ရောဂါ စတင်ခံစားနေရတဲ့ အချိန် ရွာခံတွေကလည်း ဗဟုသုတ အသိပညာ နည်းပါးတာကြောင့် ဒီရောဂါဖြစ်ရင် တရွာလုံး ကူးစက်မယ် လို့ ယူဆကြတယ်။ ပတ်ဝန်းကျင်ကလည်း မာယား တင်မကဘဲ မိသားစုဝင်တွေကိုပါ ဖယ်ကြဉ်လာကြတယ်။ နောက်ဆုံး မာယား ကို ရွာထဲမှာ မထားဖို့ ဖိအားပေး ပြောဆိုလာမှုတွေဟာ တအိမ်လုံး ပြောင်းရွှေ့ရတော့မယ့် အခြေအနေအထိ ဖြစ်လာခဲ့ရတယ်။

မိခင်တယောက် အနေနဲ့ ၁၅ နှစ်အရွယ် သမီးပျိုလေး တယောက်ကို ရွာပြင်မှာ ပုန်းရှောင်နေဖို့ အတွက် ဆုံးဖြတ်ဖို့ ခက်ခဲပေမယ့် တအိမ်လုံး ရွှေ့ပြောင်းရမယ့် အခြေအနေကြောင့် သမီးဖြစ်သူကို ရွာအပြင်မှာ တယောက်တည်း ရှောင်နေဖို့ ဉာဏ်မီသလောက် ဆုံးဖြတ်ခဲ့ပါတယ်။
သူငယ်ချင်း အပေါင်းအသင်းတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေ၊ ရွာသူရွာသားတွေရဲ့ မသတီတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခံရမှု တွေ အပြင် မွေးကတည်းက ရင်အုပ်မကွာ နေလာခဲ့တဲ့ မိဘကပါ ရွာပြင်မှာ ပုန်းအောင်းနေဖို့ ပြောလာတဲ့ အခါမှာတော့ မာယား တယောက် ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူး။ တခြားရွေးချယ်စရာလည်း မရှိခဲ့ဘူးလေ။

အရွယ်နဲ့ မလိုက်အောင် ခါးစည်းခံနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါ ဝေဒနာတွေကြောင့် ဒီလို အဖြစ်ဆိုးကြီးကနေ အဆုံးသတ်ဖို့ တွေးမိတာက ကိုယ့်ကိုယ်ကို သတ်သေဖို့ပါပဲ။ အဆိပ် သောက်သေတယ် ဆိုတဲ့ ကြားဖူးနားဝ စကားအတိုင်း သူမ စားလိုက်တယ်။ အရသာ မကောင်းမွန်ပေမယ့် ကြိတ်မှိတ်ပြီး စားခဲ့တယ်။

စားပြီး ခဏအကြာမှာတော့ မူးဝေအော့အန်ပြီး လောကကြီးနဲ့ အဆက်ပြတ်သွားတယ်။ မျက်လုံးအစုံ ပြန်ပွင့်လာချိန်မှာ  သေကြောင်းကြံဖို့ စိတ်ကူးနဲ့ စားလိုက်မိတာက ဆေးရွက်ကြီးတွေ ဖြစ်နေကြောင်း သူမအမေ ရှင်းပြလို့ သိလိုက်ရ တယ်။

နောက်ဆုံးတော့ အမေဖြစ်သူရဲ့ နားချမှုနဲ့ ရွာပြင်မှာ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာပြင်ဆိုပေမယ့် နေရာ တော်တော်များများက ရွာသူ၊ ရွာသားတွေ အသွားအလာ များတာကြောင့် ပုန်းခိုဖို့ နေရာက ကျဉ်းမြောင်းတဲ့ အတွက် နောက်ဆုံးတော့ ဘယ်သူမှ မလာနိုင်တဲ့ သင်္ချိုင်းကုန်းကို ရွေးချယ်လိုက်ပါတယ်။

“သင်္ချိုင်းထဲမှာ သွားသွားနေတာ။ မိုးကလည်း ရွာသေးတယ်။ တညလုံး ဒီအတိုင်းပဲ နေရတာပေါ့” ဆိုပြီး မညီမညာ ဖြစ်နေတဲ့ သူ့ရဲ့ လက်အစုံကို ဆုပ်ပြီး မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းတုန်နေခဲ့ရပုံလေး လုပ်ပြပါတယ်။

ရွာထဲက လူတွေ ကြောက်လှပါတယ် ဆိုတဲ့ တစ္ဆေ၊ သရဲတွေကို လူမှန်းသိတတ်စ အရွယ်ကတည်းက ကြောက်တတ် ခဲ့သူ ဖြစ်ပေမယ့် ရွာထဲက လူတွေ သူ့ကို တွေ့သွားရင် ဒီနေရာကနေ နောက်တနေရာကို မောင်းထုတ်ခံရမှာ စိုးရိမ်နေတဲ့ စိတ်က တစ္ဆေ၊ သရဲတွေကို ကြောက်တာထက် ပိုလို႔ လွှမ်းမိုးနေခဲ့တယ် လို့ ဆိုပါတယ်။

ရွာပြင်ကို ထွက်သွားလိုက်ကတည်းက မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာကို အလင်းရောင် ရှိချိန်တွေမှာ တွေ့မြင်ခွင့် မရတော့ပါဘူး။ ဖခင် ဆုံးသွားပြီးတဲ့နောက် ဆင်းရဲချို့တဲ့ပြီး  တအိမ်လုံးရဲ့ စားဝတ်နေရေးတွေကို တာဝန်ယူနေရတဲ့ မိခင်ဖြစ်သူ ကိုယ်တိုင်ကလည်း မာယား ပြန်လာတာကို ရွာသူရွာသားတွေ မြင်သွားရင် တမိသားစုလုံး ရွာပြင် မောင်းထုတ်ခံရမှာကို စိုးရိမ်နေရ ပြန်ပါတယ်။

“အမေတို့ ပြောတာတော့ မလာနဲ့တဲ့။ နင်လာရင် အမေတို့ ရွာမှာ မနေရဘူး။ မောင်းထုတ်ခံရမယ်တဲ့” လို့ ပြောရင်း ရစ်ဝဲလာတဲ့ မျက်ရည်တွေ ပြုတ်မကျလာအောင် မျက်နှာလွှဲပြီး ထိန်းလိုက်ပါတယ်။ သူ႔ ရင်ထဲမှာ အနာကျင်ဆုံး ဖြစ်ရတဲ့ ဒီစကားမျိုးကို အကြိမ်ကြိမ် ကြားရပေမယ့် ကြားတိုင်း၊ ကြားတိုင်းမှာ တဆတ်ဆတ်နာခဲ့ရတယ် လို့ ဆိုပါတယ်။

မာယား တယောက် သင်္ချိုင်းကုန်းမှာ အမှောင်ထု ကျရောက်မယ့် အချိန်တွေကိုပဲ နေ့စဉ် ထိုင်စောင့်နေခဲ့ရပါတယ်။ ညရောက်လို့ လူခြေတိတ်သွားချိန်ကျမှ တခြား လူတွေ မတွေ့အောင် ရွာထဲက အမေ့အိမ်ကို ခိုးပြန်ပြီး ထမင်းစား ရတယ်။ တခြားအိမ်တွေ ရိပ်မိမှာ စိုးတဲ့ အတွက် အမှောင်ထဲမှာပဲ စားပြီး ရွာက လူတွေ မနိုးခင်မှာပဲ သူ နေထိုင်ရာ သင်္ချိုင်းကုန်းကို ပြန်ခဲ့ရတယ်။

သင်္ချိုင်းကုန်းမှာ နေ့စဉ်နဲ႔ အမျှ စဉ်းစားမိတာက ခွဲခြား ဆက်ဆံသူတွေနဲ့ ကင်းဝေးရာကို ထွက်သွားဖို့ပါ။ နောက်ဆုံးတော့ သူပုန်းခိုနေတဲ့ ရွာပြင်သင်္ချိုင်းနဲ့ မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေ ရှိတဲ့ ရွာလေးကို ကျောခိုင်းပြီး ရှမ်း-ကယား နယ်စပ်ကို ထွက်ခွာသွားခဲ့ပါတယ်။ သူ႔ကို ခွဲခြားမှု မရှိတဲ့ နေရာမှာ ဘဝကြင်ဖော်နဲ့ တွေ့ပြီး သားလေး တယောက် ထွန်းကားခဲ့ပါတယ်။

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သားကလေးကို ကိုယ်ဝန် လွယ်ထားရချိန် နေ့စေ့လစေ့ အချိန်မှာပဲ သူ႔ရဲ့ ရောဂါ အခြေ အနေကို ခင်ပွန်းဖြစ်သူက သိသွားပြန်တယ်။ ခင်ပွန်းဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့် သားကလေး မွေးပြီး ၂ လသား အရွယ်မှာတော့ သားနဲ့ ခင်ပွန်းကို ခွဲခွာသွားဖို့ မျက်စိမှိတ် ဆုံးဖြတ်လိုက်ပါတော့တယ်။

မွေးရပ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ အတွေ့အကြုံတွေကြောင့် မိသားစုနဲ့ ရွာလေးကို ပထမအကြိမ် ကျောခိုင်းခဲ့ရပြီး တဲ့နောက် သူ႔ဘဝ အတွက် သံယောဇဉ်တွေ တွယ်နေရပြီ ဖြစ်တဲ့ သားနဲ့ ခင်ပွန်းကိုလည်း နာနာကျင်ကျင်နဲ့ပဲ ဒုတိယအကြိမ် ကျောခိုင်းခဲ့ရပြန်ပါတယ်။ အထူးသဖြင့် မိခင်တယောက် အနေနဲ့ လူ့ဘဝထဲ ရောက်ခါစ ရင်သွေးလေးကို ခွဲခွာဖို့ အင်မတန် ခက်ခဲခဲ့ကြောင်း ဝမ်းနည်းစွာ ငိုကြွေးရင်း ပြောဆိုပါတယ်။

“ကျမယောက်ျားက ပြောတယ်…၊ နင့်ရောဂါ ကလေးကို ကူးမယ်တဲ့” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ ပြောပြချက်ကို ပြန်ရှင်းပြပါတယ်။ မာယားရဲ့ မျက်နှာမှာတော့ လွမ်းဆွတ်၊ နာကျင်မှုတွေက အထင်းသားပါပဲ။

သားနဲ့ ခင်ပွန်းကို စွန့်လွှတ် ထွက်ခွာခဲ့ရပြီးတဲ့နောက် စိတ်ဓာတ်ကျနေတဲ့ မာယား တယောက် ဖြစ်သလို နေထိုင်ရင်း ရောဂါ အခြေအနေက ဆိုးသထက် ဆိုးလာပါတယ်။ အထူးသဖြင့် လက်ဖျား၊ ခြေဖျားတွေက ရောဂါပိုးတွေရဲ့ တိုက်စားမှုကြောင့် လူတောထဲ မသွားရဲလောက်အောင် ဖြစ်လာပါတယ်။

နောက်ဆုံး အဆက်အသွယ် ပြန်ရတဲ့ မိခင်ဖြစ်သူနဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် လက်ရှိ သူမ ခိုလှုံနေတဲ့ “စိန့်ဂျိုးဇက် ကိုတိုလင်းဂို” အမည်ရ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်ထဲက အနာကြီးရောဂါကု ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဟိုခိုက် လို့ လူသိများပြီး အနာကြီးရောဂါသည် အယောက် ၁၀၀ လောက်ကို ဆေးကု ပေးပြီး ဂေဟာ သဘောမျိုး ပြုလုပ်ပေးထားတာပါ။

ဒီနေရာလေးကို လွန်ခဲ့တဲ့ ၁၉၃၈ ခုနှစ်က မြန်မာနိုင်ငံကို သာသနာပြု ရောက်ရှိခဲ့တဲ့ အီတလီ ဘုန်းတော်ကြီး Rev. Fr. Rocco Pereco က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဟိုခိုက် အပါအဝင် အနီးနားက ကျေးရွာ အချို့မှာလည်း အနာကြီး ရောဂါသည်တွေ နေထိုင်ကြ ပါတယ်။
မာယား တယောက်လည်း ဟိုခိုက်မှာ ဆယ်စုနှစ်တွေနဲ့ ချီခဲ့ပါပြီ။ ဆေးတွေ ပုံမှန်သောက်ခဲ့ ပေမယ့်လည်း အချိန်လွန် သွားလို့ ရောဂါ တိုက်စားမှု ခံထားရတဲ့ ခြေတွေ၊ လက်တွေ ကတော့ နဂိုအတိုင်း ပြန်မကောင်းတော့ပါဘူး။ မိခင်ဖြစ်သူ နဲ့ ခင်ပွန်းတို့လည်း သူ႔ရဲ့ မျက်ကွယ်မှာပဲ ဆုံးသွားတယ် ဆိုတာ သတင်းစကားတွေက တဆင့် သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့တော့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ် လို့ ဆိုပါတယ်။

တနေ့တော့ မျှော်လင့်မထားတဲ့ အသက် ၂၀ ကျော် အရွယ် ဧည့်သည် တယောက် ရောက်လာပါတယ်။ သူ႔ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသူကတော့ မွေးပြီး ၂ လသားအရွယ်နဲ့ ထားခဲ့တဲ့ သူ႔ရဲ့ သားလေးပါ။ မာယား တယောက် အပျော်ရွှင်ဆုံး မိခင်တယောက် ဖြစ်သွားစေခဲ့တဲ့ တွေ့ဆုံမှုပါ။ သားဖြစ်သူက မိခင်အဖြစ် အသိအမှတ် ပြုခဲ့တယ် လေ။

လာတွေ့တဲ့ သားဖြစ်သူက အိမ်ထောင်ကျပြီး ကလေး တယောက်တောင် ရနေပါပြီ။ သားဖြစ်သူဆီက မျှော်လင့် မထားတဲ့ အရာတခုကို ထပ်ရလိုက်ပြန်ပါတယ်။ အဲဒါကတော့ သားဖြစ်သူက သူတို့မိသားစုနဲ့ အတူလာနေဖို့ မာယားကို တောင်းဆိုတာပါ။ ဒီစကား ကြားတော့ ဝမ်းသာ ကြည်နူးမိပေမယ့် နာကျင်တဲ့ ဝေဒနာကိုပါ ရောပြီး ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီတခါတော့ အရင်တုန်းကလို သူများတွေက သူ့ကို ငြင်းဆန်ခဲ့တာမျိုး မဟုတ်ဘဲ သူကိုယ်တိုင်က အတူလိုက်နေဖို့ ငြင်းလိုက်ပါတော့တယ်။ သိသာထင်ရှားနေတဲ့ ရောဂါ အခြေအနေကြောင့် သားဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ မြေးကလေးကို သူတို့နေတဲ့ အသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်မှာကို စိုးရိမ်တဲ့ အတွက် စိတ်ထဲက ခံစားချက်တွေကို ဖုံးကွယ်ပြီး သားဖြစ်သူရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။

သားဖြစ်သူ ရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြခဲ့ပေမယ့် သားပြန်သွားတဲ့ အချိန်မှာတော့ ရင်ထဲမှာ နေမထိ ထိုင်မသာ ခံစားခဲ့ရတယ်။ တကယ်တမ်းမှာတော့ မာယား ဟာ တခြားမိသားစုတွေလို သား၊ ချွေးမ၊ မြေးကလေးတို့နဲ့ အတူ နေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရောဂါက အတူနေခွင့်ကို စည်းခြားထားသလို ဖြစ်နေခဲ့ပါတယ်။

လက်ရှိ မာယား နေထိုင်ရာ ဟိုခိုက် အနာကြီးရောဂါ ဝေဒနာရှင် စောင့်ရှောက်ရေး ဂေဟာမှာတော့ ဘဝတူ ဝေဒနာရှင်တွေ စုဝေးနေထိုင်ကြတယ် ဆိုပေမယ့် လူတွေရဲ့ ခွဲခြားဆက်ဆံမှုတွေက သူတို့ နေထိုင် နေရတဲ့ ဘဝတွေကို ရိုက်ခတ် လာတာတွေလည်း ကြုံတွေ့ရပါသေးတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့မှု နည်းပါးလာတဲ့ သူတို့ဂေဟာမှာ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေ လုပ်ကိုင်ပါတယ်။ လမ်းလျှောက်ပြီး အလုပ် လုပ်နိုင်တဲ့ ရောဂါ ဝေဒနာရှင်တွေ ကတော့ မွေးမြူရေး၊ စိုက်ပျိုးရေးတွေ လုပ်ကြတယ်။ တချို့က ခြင်းတောင်းရက်တာ အပါအဝင် လက်မှု လုပ်ငန်းတချို့ လုပ်ကိုင်ကြတယ်။

စိုက်ပျိုးရေး ထွက်ကုန်တွေ မြို့ပေါ် တင်ပို့ ရောင်းချတဲ့ အခါမှာ ဗဟုသုတ နည်းသူ အချို့ရဲ့ နှာခေါင်းရှုံ့ ရှောင်ဖယ်တာ မျိုးတွေ ခံခဲ့ရသလို တချို့ဆိုရင် ဂေဟာဘေးကနေ ဖြတ်သန်း စီးဆင်းနေတဲ့ ချောင်းထဲက ငါးတွေကိုတောင် မသန့်ဘူး ဆိုပြီး မစား ကြတာ ရှိတယ် လို့ ဆိုတယ်။ ဒီလို သတင်းတွေဟာ သူတို့ နေထိုင်ရာ ဂေဟာလေးဆီကို တခါတရံ ရောက်ရှိလာတတ် ပါတယ်။ စိတ်မကောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူးပေါ့။

ဂေဟာလေးကို ခိုကိုးနေထိုင်နေကြရတဲ့ သူတို့ တတွေဟာ နေ့စဉ် မနက် အရုဏ်တက်ချိန်ဆို ဘုရားဝတ်ပြုဖို့ ကက်သလစ် ဘုရားကျောင်းလေးဆီ အလျှိုအလျှို ရောက်လာကြပါတယ်။ ဘုရားဝတ်ပြုသူတွေထဲမှာ မာယား လည်း ပါပါတယ်။ မာယား ဘာဆုတွေများ တောင်းနေမလဲ။ ဆိုးဝါးလှတဲ့ သူ႔ရဲ့ ကံကြမ္မာ၊ ရိုက်ခတ်ချက်ကြမ်းတမ်းတဲ့ လောကဓံတရား၊ ဖြေဆည်ရာရဖို့ မာယား ဘာဆုတွေများ တောင်းနေလေမလဲ။

“အခုတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်ဆီမှာ အပ်နှံလိုက်ပြီ။ အဖြစ်အပျက်တွေ အားလုံးက ဘုရားသခင် အလိုတော် အတိုင်းပါပဲ” လို့ သူပြောခဲ့တဲ့ အသံကို ပြန်ကြားမိရင်း မာယား တယောက် ဘုရားသခင်ရဲ့ မေတ္တာတော် အေးရိပ် အောက်မှာ ငြိမ်းချမ်းမှုတွေ ရရှိပါစေ၊ မာယား နဲ့ ဘဝတူ ဒုက္ခခံစားနေရသူတွေလည်း ငြိမ်းချမ်းမှုတွေ ရရှိကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။    ။

Ref:https://burma.irrawaddy.com/article/2017/04/06/133021.html

တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာဒေါက်တာအမည့်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့


တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာဒေါက်တာအမည့်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့

ဇီးပင်ကြီးသင်တန်းကိစ္စ လူပြောများနေလို့၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ရဲ့  နောက်ထပ် လွဲမှားနေတဲ့ အကြောင်းအရာတခုကို ပြောပြချင်ပါတယ်။ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့က အမေရိကန်နှင့်မလေးရှားနိုင်ငံက ပညာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစိုးရ၀န်ထမ်းတွေအတွက် သင်တန်းတွေ၊ မဟာဘွဲ့တွေပို့ချနေပါတယ်။

သူတိုနဲ့တွဲလုပ်နေတဲ့ကျောင်းတွေက အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်က Akamai University နဲ့ မလေးရှားက EDS Business School တို့ပါ။ 

ကောင်းမွန်သော လုပ်ရပ်ဖြစ်လို့ ကြိုဆိုသင့်သော်လည်း၊ တကယ်တော့ ဒီအဖွဲ့အစည်းတွေက တက္ကသိုလ်အစစ်တွေမဟုတ်ဘဲ၊ စီးပွားရှာသက်သက် လုပ်စားသင်တန်းကျောင်းတွေပါ။

ကျွန်တော် ဟာဝိုင်ယီမှာ ၂ နှစ် နေခဲ့ပါတယ်။ ဟာဝိုင်ယီမှာတော့ ဟာဝိုင်ယီပြည်နယ်တက္ကသိုလ် University of Hawaii က အကြီးဆုံးဖြစ်ပြီး၊ မြန်မာကျောင်းသားအချို့သွားတဲ့ ဟိုနိုလူလူမြို့လယ်ကောင်က Hawaii Pacific University က ဒုတိယအကြီးဆုံးပါ။ သူတို့နောက်မှာတော့ ခရစ်ယန်ဘာသာရေးတက္ကသိုလ် Brigham Young University နဲ့ ဒေသကောလိပ်အချို့ ရှိပါတယ်။ ဒီကျောင်းတွေကလွဲရင် ကျန်တဲ့ တက္ကသိုလ်၊ကောလိပ်တွေဆိုတာ အမည်သာရှိပြီး တကယ့်ကို သေးသေးလေးတွေပါ။ 

မြန်မာပြည်အစိုးရနဲ့တွဲလုပ်နေတဲ့ ဟာဝိုင်ယီက Akamai University ကို ဒေသခံအများစု မကြားဖူးပါ။ မကြားဘူးဆို ဟာဝိုင်ရီမှာရှိတဲ့ တက္ကသိုလ်များစာရင်းဆိုပြီး ၀ီကီပီဒီယားမှာ ရှာကြည့်ရင်တောင် Akamai University အမည်ကို တွေ့ရမှာ မဟုတ်ပါ။ အဲလောက်အထိ အခြေအနေဆိုးပါတယ်။ ပြီးတော့ သူက လူဦးရေထူထပ်ပြီး၊ စီးပွားရေးအချက်အချာဖြစ်တဲ့ ဟိုနိုလူလူမြို့တည်ရာ Oahu ကျွန်းမှာလည်း မရှိပါဘူး။ လူနေကျဲပြီး မီးတောင်တွေရှိတဲ့ Big Island ဆိုတဲ့ကျွန်းပေါ်မှာပါ။ 

နောက်ပြီး Akamai University ကို အမေရိကန်အစိုးရက တရားဝင်အသိအမှတ်မပြုပါဘူး။ Akamai University ရဲ့ ဝက်ဆိုက်ဒ်မှာလည်း  သူတို့သည် အမေရိကန်ပညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုပါကြောင်း ထင်ထင်ရှားရှား ရေးထားပါတယ်။ 

ဒါကတော့ အမေရိကန်ပြည်ထောင်စုက Akamai University အကြောင်းပါ။ မလေးရှားက EDS Business School ဆိုလည်း မလေးရှားအစိုးရက တရားဝင်အသိအမှတ်မပြုဖို့ များပါတယ်။ ကျွန်တော် မလေးရှားရဲ့ Malaysian Qualifications Register ၀က်ဆိုဒ်မှာ ရှာကြည့်တာတော့ မတွေ့ရပါဘူး။ မြန်မာတွေသွားတဲ့ တခြားတက္ကသိုလ်တွေကိုတော့ ရှာလို့ရပြီး အခု EDS Business School က မရှိပါ။  

ဒီကျောင်းကလည်း တကယ့်ကို အခြေအနေဆိုးဆိုးပါပဲ။ ကျောင်းအီးမေးလ်တောင် gmail ကို သုံးနေတာတွေ့ရပါတယ်။ 

ဒီလို သူတို့နိုင်ငံအစိုးရက အသိအမှတ်မပြုတဲ့ကျောင်းတွေက မြန်မာပြည်ကိုလာပြီး မြန်မာပြည်က အစိုးရအရာရှိကြီးတွေကို သင်တန်းတွေပို့ချနေတယ်ဆိုတော့ နည်းနည်းတော့ လွှဲနေပါပြီ။ 

ဒီကျောင်းတွေက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ စီစဉ်ပေးမှုနှင့် မြန်မာပြည်က ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးများအတွက် နိုင်ငံ့ ဝန်ထမ်း ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ မဟာဘွဲ့ (Master of Leadership in Civil Service) ကို ပေးနေပါတယ်တဲ့။ တခြားသင်တန်းတွေ ပေးနေတာလည်းရှိပါတယ်။ screenshot မှာကြည့်ပါ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဒီအဖွဲ့အစည်းတွေအကြောင်း တကယ်ကို ရိုးရိုးသားသား မသိတာလား၊ သိရက်နဲ့ လက်တွဲလုပ်နေတာလား မေးဖို့လိုလာပါပြီ။ 

ဒီကျောင်းတွေကကော သင်တန်းတွေကို အခမဲ့လာပေးနေတာလား၊ မြန်မာအစိုးရက ပိုက်ဆံပေးရသေးလားဆိုတာကိုလည်း မေးချင်ပါတယ်။ ပိုက်ဆံပေးရတယ်ဆိုရင်တော့ ဒါက ဇီးသီးဗန်းမှောက်တာပါ။ အကျင့်ပျက်ခြစားမှုပါ။ 

တကယ်လို့ သူတို့က အခမဲ့လာသင်ပေးတယ်ဆိုရင်တောင် ဒီလို စီးပွားရှာသက်သက်ကျောင်းတွေကို မြန်မာအစိုးရက လက်ခံချင်းအားဖြင့် သူတို့ကို ထောက်ခံအားပေးနေသလို ဖြစ်နေပါတယ်။ ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဒေါက်တာဝင်းသိမ်းက သူတို့ကျောင်းကို ထောက်ခံချက် endorse ပေးပါကြောင်း Akamai University နဲ့ EDS Business School တို့က  သူတို့ ဝက်ဆိုက်ဒ်မှာ ရေးနေပါပြီ။ 

ဒီနေရာမှာ ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဒေါက်တာဝင်းသိမ်းအကြောင်း နည်းနည်းပြောပါရစေ။ သူက စစ်တက္ကသိုလ် DSA ဆင်းဖြစ်ပြီး၊ ဘယ်ကနေ ဒေါက်တာဘွဲ့ရလာလဲ မသိရပါ။ အင်တာနက်က သူ့ ကိုယ်ရေးရာဇ၀င်မှာ ဒါကို သေချာ ဖော်ပြမထားပါ။ ဟာဝိုင်ယီမှာရှိတဲ့ Akamai University (အမေရိကန်အစိုးရ အသိအမှတ်မပြုတဲ့ကျောင်း) ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၂၀၁၄ မှာ ချီးမြှင့်ခံရကြောင်းတော့ ဖော်ပြထားပါတယ်။ 

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတိုင်း ဒေါက်တာလို့ မသုံးသင့်ပါ။ ဥပမာ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုရင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ အများကြီးရပါတယ်။ ဒါပေမဲ့ သူတို့က သူ့တို့ကိုယ် ဒေါက်တာအိုဘာမား၊ ဒေါက်တာဒေါ်အောင်ဆန်းစုကြည်လို့ မသုံးပါ။ သုံးလည်း မသုံးသင့်ပါ။ တက္ကသိုလ်မှာ ပါရဂူကျမ်းပြုပြီး၊ ပါရဂူဘွဲ့ အောင်မြင်ခဲ့သူများသာ ဒေါက်တာအဖြစ် မိမိနာမည်အရှေ့မှာ တပ်သင့်ပါတယ်။ 

ဒေါက်တာဝင်းသိမ်းက တက္ကသိုလ်တခုခုကနေ ပါရဂူကျမ်းတင်သွင်းပြီး ဒေါက်တာဘွဲ့ ရခဲ့တာလား၊ ဒါမှမဟုတ် Akamai University က ပေးတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကြောင့် သူ့ကိုယ်သူ ဒေါက်တာလို့အမည်တပ်တာလား မရှင်းလင်းပါ။ ဂုဏ်ထူးဆောင်ဘွဲ့ကြောင့်ဆိုရင်တော့ ဒေါက်တာ မတပ်သင့်ပါ။  ဦးဝင်းသိမ်းပဲ ဖြစ်သင့်ပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတာက Akamai University ကနေ သူ့ကို ၂၀၁၄ မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၆/၁၇/၁၈ မှာ ဒေါက်တာဝင်းသိမ်းဥက္ကဌလုပ်နေတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နဲ့ Akamai University၊ EDS Business School တို့က ပေါင်းပြီး အစိုးရ၀န်ထမ်းတွေကို သင်တန်းတွေ၊ မဟာဘွဲ့တွေ ပေးလာပါတယ်။ 

ဒီနှစ်ခု ဘယ်လိုဆက်စပ်လဲမေးခွန်းထုတ်သင့်ပါတယ်။ 

Akamai University နဲ့ EDS Business School က မြန်မာပြည်ကို ၀င်ချင်လို့ ဒေါက်တာဝင်းသိမ်းကို ပါရဂူဘွဲ့ပေးလိုက်တာတာလား။ သို့မဟုတ် ဒါက တမင်တကာ မတော်တဆ တိုက်ဆိုင်မှုများလား။ 

ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုရာထူဝန်အဖွဲ့အနေနဲ့  Akamai University၊ EDS Business School တိုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်သင့်ပါတယ်။ ဒီကျောင်းတွေက တက္ကသိုလ်အဆင့်မရှိဘဲ၊ အရည်အသွေးကောင်းတဲ့ ပညာရေးအင်စတီကျူးရှင်းတွေလည်း မဟုတ်ပြန်ပါဘူး။ ငွေရှာသက်သက် လုပ်စား သင်တန်းကျောင်းတွေပါ။ သူတို့ သက်ဆိုင်ရာ နိုင်ငံတွေကလည်း သူတို့ကို တရားဝင် အသိအမှတ်မပြုပါဘူး။ 

မြန်မာပြည်က ၀န်ထမ်းတွေအတွက် သင်တန်းတွေပေးဖို့ အကူအညီလိုတယ်ဆိုရင်လည်း  မြန်မာအစိုးရကို အကူအညီပေးချင်တဲ့ နာမည်ကျော်၊ ဂုဏ်သိက္ခာရှိ၊ ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တွေ အများကြီးရှိပါတယ်။ ဥပမာ လက်ရှိ ကျွန်တော်တက်နေတဲ့ အောက်စဖိုဒ့်တက္ကသိုလ်က Blavatnik School of Government ဆိုရင် မြန်မာပြည်ကို ကူဖို့ အသင့်ရှိနေပြီး၊ ဒေါက်တာဝင်းသိမ်းကိုတောင် ကွန်ဖရင့်တစ်ခုအတွက် Oxford ကို ဖိတ်ပါသေးတယ်။ အောက်စဖိုဒ့်တက္ကသိုလ်လိုပဲ ထင်ရှားတဲ့ အမေရိကန်တက္ကသိုလ်တွေ၊ သြစတေးလျတက္ကသိုလ်တွေကလည်း မြန်မာအစိုးရကို ကူညီဖို့ အဆင်သင့်ပါ။ 

ဒါကြောင့် ဘယ်ကမှန်းမသိ၊ နာမည်မရှိ၊ လုပ်စားတက္ကသိုလ်နှစ်ခုဖြစ်တဲ့ Akamai University၊ EDS Business School တိုနဲ့ လက်တွဲလုပ်ဆောင်နေတာကို ပြန်လည် သုံးသပ်ဖို့ လိုပါကြောင်း အကြုံပြလိုပါတယ်။

နေယံဦး
အောက်စဖိုဒ့်၊ အင်္ဂလန်

ဒါက အပိုင်း (၁) ပါ။ အပိုင်း (၂) ကို ဒီမှာ ဖတ်ပါ။ 

https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

ဆက်စပ်ဖတ်ရန်

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၁) - https://www.facebook.com/nayyanoo.nayyan/posts/228897664729634

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၂) - https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

ဒေါက်တာဝင်းသိမ်း Akamai University ကို ရေးပေးတဲ့ ထောက်ခံစာ Endorsement Letter 
http://www.akamaiuniversity.us/Myanmar_CivilService_AU_Endorsement.PDF

Akamai University ကနေ မြန်မာအစိုးရ၀န်ထမ်းတွေအတွက်ရည်ရွယ်ထားတဲ့ မာစာဘွဲ့အကြောင်း 
http://www.akamaiuniversity.us/MasterofPublicAdministration.pdf

ဒေါက်တာဝင်းသိမ်းကို Akamai University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးတဲ့သတင်း (အဲတုန်းက ဦးဝင်းသိမ်းလို့ပဲ သုံးတယ်။)

http://www.globalnewlightofmyanmar.com/phd-in-educational-leadership-conferred-on-former-principal-of-mmmc/

Akamai University  - www.akamaiuniversity.us (အမေရိကန်တက္ကသိုလ်တွေက .edu  သုံးပါတယ်။ သူကတော့ .us တဲ့။)

EDS Business School - http://eds.my 

ပြည်ထောင်စုရာထူးဝန်အဖွဲ့  - http://www.ucsb.gov.mm







® ရက်သုံးဆယ်မာစတာဘွဲ့၊ ၀န်ကြီးဖြစ်သူရဲ့တူ နဲ့ တက္ကသိုလ်အတုများအကြောင်း ®

ပြည်ထောင်စုရာထူးဝန်အဖွဲ့ စီစဉ်ပေးမှုနဲ့ ဟာဝိုင်ယီရှိ Akamai University၊ မလေးရှားနိုင်ငံ EDS Business School တို့က မြန်မာပြည်က အစိုးရ၀န်ထမ်းတွေကို သင်တန်းနဲ့ မာစတာဘွဲ့ တွေ ပို့ချနေကြောင်း မနေ့ကရေးခဲ့ပါတယ်။ 

ဒီနေ့တော့ ကျန်ရှိနေသေးတဲ့ အပိုင်း (၂) ကို ဆက်ရေးပါမယ်။ အပိုင်း (၁) ကို မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်လို့ရပါတယ်။ 

https://www.facebook.com/nayyanoo.nayyan/posts/228897664729634 

မြန်မာအစိုးရနဲ့တွဲလုပ်နေတဲ့ Akamai University၊ EDS Business School တို့ဆိုတာ တကယ်တော့ အဆင့်မှီတဲ့တက္ကသိုလ်တွေမဟုတ်ဘဲ၊ စီးပွားရှာသက်သက် သင်တန်းကျောင်းတွေသာဖြစ်ပါတယ်။ သူတို့သက်ဆိုင်ရာနိုင်ငံတွေမှာတောင် အရည်အသွေးပြည့်မှီခြင်း အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ သင်တန်းကျောင်းတွေ မဟုတ်ပါဘူး။ 

ဒီကျောင်းတွေ မြန်မာပြည်ထဲဝင်လာတော့ သူတို့ နဲ့ ချိတ်ဆက်မိတာက ပြည်ထောင်စုရာထူးဝန် ဦးဝင်းသိမ်းတယောက်ထဲ မဟုတ်ပါဘူး။ သူရဲ့ တူဖြစ်သူ ဒေါက်တာ ၀င်းမင်းသိမ်းလည်း ပါပါတယ်။ 

ဒေါက်တာဝင်းမင်းသိမ်းဆိုတာ ဗဟန်း၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ Nanyeng International College-NIC ရဲ့ ကျောင်းအုပ်ကြီးပါ။ နဂိုကတော့ အဲဒီကောလိပ်ကို YCTC Business Institute လို့ခေါ်ပါတယ်။ 

၂၀၁၂ မှာ ဒေါက်တာဝင်းမင်းသိမ်း နိုင်ငံခြားကနေပြန်လာပြီး၊ YCTC Business Institute ကို တည်ထောင်ပါတယ်။ ၂၀၁၃ လောက်ကစပြီး ဒေါက်တာဝင်းမင်းသိမ်းကျောင်းနဲ့  မလေးရှားက EDS Business School တို့ အဆက်အသွယ်ရှိနေပါပြီ။ 

၂၀၁၄ အောက်တိုဘာမှာတော့ Akamai University နဲ့ EDS Business School တို့ မြန်မာပြည်လာပြီး ဒေါက်တာဝင်းမင်းသိမ်းရဲ့ ဘကြီးတော်စပ်သူ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးပါတယ်။

ဦးဝင်းသိမ်းက အဲဒီအချိန်မှာ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ ၀င်ပါ။ သူက သူရဦးရွှေမန်းလိုပဲ စစ်တက္ကသိုလ် DSA အပတ်စဉ် (၁၁) ဆင်းဖြစ်ပြီး၊ နောက်တော့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းရဲ့ ကျောင်းအုပ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ 

၂၀၁၄ ခရီးစဉ်အတွင်းမှာပဲ ဟာဝိုင်ယီနဲ့ မလေးရှားကျောင်းဘက်ကလူတွေ ဒေါက်တာဝင်းမင်းသိမ်းနဲ့ ထပ်မံတွေ့ဆုံပြီး ရန်ကုန် နဲ့ မန္တလေးမှာ MBA Program တွေဖွင့်ဖို့ ဆွေးနွေးပါတယ်။ 

ရွေးကောက်ပွဲအပြီး ၂၀၁၆ ဧပြီလမှာတော့ ဦးဝင်းသိမ်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။  ဟာဝိုင်ယီ Akamai University က ဦးဝင်းသိမ်းကို Outstanding Contributions to the advancement of his nation မြန်မာပြည်တိုးတက်မှုအတွက် ထူးထူးချွန်ချွန်ဆောင်ရွက်သောဆုကို ချီးမြှင့်ပါတယ်။ တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းကျောင်းနဲ့  Akamai University တို့ ပူးပေါင်းပြီး စီးပွားရေးစီမံခန့်ခွဲမှု BBA ဘွဲ့  ပို့ချဖို့အတွက် ပြင်ဆင်နေတာတွေ့ရပါတယ်။ 

၂၀၁၇-၁၈ မှာတော့ အများသိတဲ့အတိုင်း Akamai University၊ EDS Business School တို့ မြန်မာပြည်ထဲ ရောက်နေပါပြီ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ခွင့်ပြုမိန့်နဲ့  မြန်မာပြည်က၀န်ထမ်းတွေကို သင်တန်းနဲ့ မာစတာဘွဲ့တွေ ပို့ချနေပါပြီ။ 

တူဖြစ်သူ ဒေါက်တာဝင်းမင်းသိန်းကို Akamai University က လက်ထောက်ပါမောက္ခရာထူး ကမ်းလှမ်းပါတယ်။ အလားတူပဲ EDS Business School က ၂၀၁၇ နှစ်ကုန်မှာတော့ ဒေါက်တာဝင်းမင်းသိမ်းကို Presidential Award for Distinguished Achievement ဆု ချီးမြှင့်ပါတယ်။

ဒေါက်တာဝင်းမင်းသိမ်းက လက်ရှိသူ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Nanyeng International College-NIC  မှာ စာသင်နေတဲ့အပြင် သူ့ဘကြီး ဥက္ကဌလုပ်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးနဲ့ ဇီးပင်ကြီးတို့မှာ ဧည့်ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ လစာယူ၊ မယူ မသိရပါ။ 

အပေါ်ကပြောခဲ့တဲ့ MBA၊ BBA သင်တန်းတွေကို ဆက်လုပ်ဖြစ်၊ မဖြစ် မသိ ရပေမဲ့ ဒေါက်တာဝင်းမင်းသိမ်း Akamai University ကနေ လက်ထောက်ပါမောက္ခရာထူးရတာ၊ EDS Business School ကနေ ဆုချီးမြှင့်ခြင်းခံရတာတွေကတော့ အင်တာနက်မှာ အလွယ်တကူ ရှာလို့တွေ့နိုင်ပါတယ်။ 

ကျွန်တော် ဒီအကြောင်းတွေရေးနေတာက ဒေါက်တာဝင်းမင်းသိမ်းနဲ့ သူ့သင်တန်းကျောင်း Nanyeng International College-NIC  ကို ဝေဖန်လိုလို့ မဟုတ်ပါ။ ဒေါက်တာဝင်းမင်းသိမ်းကို ကျွန်တော် မသိသလို၊ သူ့သင်တန်းကျောင်း အကြောင်းလည်း မသိပါ။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအကုန်လုံးကလည်း လျှို့ဝှက်ဒေတာတွေ မဟုတ်ဘဲ၊ သူတို့တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေ၊  ဖေ့စ်ဘွတ်ခ်တွေထဲက အချက်တွေကို ကိုကားထားတာ ဖြစ်ပါတယ်။ 

အဓိက ထောက်ပြချင်တာက ဒေါက်တာဝင်းမင်းသိမ်းနဲ့ Akamai University၊ EDS Business School တို့  ပတ်သတ်မှုရှိခဲ့တယ်ဆိုတာကိုပါ။ 

ဒီအဖွဲ့တွေ မြန်မာပြည်ထဲ ဘယ်လိုရောက်လာပြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ဘယ်လို ချိတ်ဆက်သွားလဲဆိုတာ တာဝန်ရှိသူတွေ ရှင်းပြသင့်ပါတယ်။ Conflict of Interest လို့ခေါ်တဲ့ အကျိုးစီးပွား ဆက်နွှယ်မှုတွေရှိနေလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ 

****************************************

Akamai University နဲ့ EDS Business School တို့ ပူးပေါင်းဖွင့်လှစ်နေတဲ့ နိုင်ငံ့ ဝန်ထမ်း ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ မဟာဘွဲ့ (Master of Leadership in Civil Service) အကြောင်းလည်း ပြောပြချင်ပါတယ်။ ဒီဘွဲ့က မြန်မာပြည်က ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးများအတွက်ဖြစ်ပြီး၊ အခုဆို ဖွင့်တာ ဒုတိယအပတ်စဉ် (Second Batch) တော့ အနည်းဆုံး ရှိပါပြီ။ 

ဒီဘွဲ့ကိုရဖို့  ဘာသာရပ်ဆယ်ခု သင်ယူဖို့လိုပြီး၊ မာစတာပရောဂျက်တစ်ခုလည်း လုပ်ဖို့လိုပါတယ်။ သင်တန်းကာလက (၂) နှစ်ဖြစ်သော်လည်း၊ ဒီ (၂) နှစ်အတွင်း စုစုပေါင်း စာသင်ချိန် ရက်ပေါင်း သုံးဆယ်ပဲရှိပါတယ်။ တစ်ဘာသာကို သုံးရက်နဲ့ အပြတ်သင်မှာဖြစ်ပြီး၊ (၁၀) ဘာသာအတွက် စုစုပေါင်း ရက်ပေါင်း သုံးဆယ်သာ ကြာမှာ ဖြစ်ပါတယ်။ screenshot ပုံမှာကြည့်ပါ။ 

တစ်ဘာသာကို သုံးရက်နဲ့ အပြတ်သင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ရက်ပေါင်းသုံးဆယ်အတွင်း ဘာသာရပ် (၁၀) မျိုးစလုံး ကျွမ်းကျင်သွားဖို့ဆိုတာ ဘယ်လိုမှ လက်တွေ့မကျပါ။ ဂုဏ်သိက္ခာရှိသော ဘယ်တက္ကသိုလ်မှ ဒီလို တစ်ဘာသာ သုံးရက်အပြတ်သင်တန်းပေးမှာ မဟုတ်ပါ။ 

သူတို့ပေးမယ့် မာစတာဘွဲ့ရဲ့ အရည်အသွေးကို ဒီလောက်ဆို ခန့်မှန်းလို့ ရပါပြီ။ 

ဒါပေမဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတော့ ဒီမာစတာဘွဲ့အတွက် လိုအပ်တဲ့ဘတ်ဂျက်ကို  အစိုးရအဖွဲ့ဆီကနေ တောင်းခံထားတယ်လို့  ဂျပန်နိုင်ငံ JICA အေဂျင်စီကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇-၁၈ ဘတ်ဂျက်နှစ်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ သုံးစွဲတာက ကျပ်ငွေသန်းပေါင်း ၉၂၆၆.၇၂၉ ဖြစ်ပြီး၊ အဲဒီထဲက ကျပ်ငွေသန်း ၇၈၁၃.၉၇ (၈၄.၃%) က ပုံမှန်သုံးစွဲတဲ့ဘတ်ဂျတ် recurrent budget ဖြစ်ပြီး (ဥပမာ ၀န်ထမ်းစရိတ်၊ ရုံးသုံးပစ္စည်းတို့အတွက်)၊ ကျန်တဲ့ ကျပ်ငွေသန်း ၁၄၅၂.၇၅၉ (၁၅.၇%) ကတော့ စွမ်းရည်မြှင့်တင်မှု development budget ပါ။ နိုင်ငံခြားဆရာခေါ်သင်တာ၊ လိုအပ်တဲ့ စာအုပ်တွေဝယ်တာတွေကိုတော့ စွမ်းရည်မြှင့်တင်မှုဘတ်ဂျက်ထဲကနေ သုံးလို့ရတယ်နဲ့တူပါတယ်။ 

ဟာဝိုင်ယီနဲ့ မလေးရှားက တက္ကသိုလ်အမည်ခံ အဖွဲ့အစည်းနှစ်ခုအတွက် ဘယ်ဘတ်ဂျက် ခေါင်းစဉ်အောက်က သုံးနေပြီး၊ ဘယ်လောက် ပမာဏ သုံးနေလဲဆိုတာ စိတ်ဝင်စားစရာပါ။ 

ပြည်ထောင်စုရာထူးဝန်အနေနဲ့ ပြည်သူတွေ သိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားပေးစေလိုပါတယ်။ မေးခွန်းတွေက ဒါတွေ ဖြစ်
နိုင်ပါတယ်။ 

၁။ ဘာကြောင့် Akamai University၊ EDS Business School တို့လို  တက္ကသိုလ်အဆင့်မရှိတဲ့ ငွေရှာသက်သက် သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလဲ။ ဘယ်လိုပူးပေါင်းဖြစ်သွားတာလဲ။ 

၂။ ထိုကျောင်းတွေကကော မြန်မာပြည်ကို အခမဲ့လာသင်ပေးတာလား။ မြန်မာအစိုးရက ပိုက်ဆံပြန်ပေးရသေးလား။

၃။ ပေးရရင်ကော ဘတ်ဂျက် ဘယ်လောက်တောင် သုံးပြီးခဲ့ပြီလဲ။ 

၎။ ဒီဖြစ်စဉ်တခုလုံးမှာ အကျိုးစီးပွားဆက်နွှယ်မှု (conflict of interest)၊ အကျင့်ပျက်ခြစားမှု (corruption) တွေကော ပါဝင်နေလား။ 

၅။ လက်ရှိကိစ္စအတွက် မည်သူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းမလဲ။ နောင်ရှေ့ဆက်လည်း ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုပြင်ဆင်ထားမလဲ၊ ဘယ်လိုပေါ်လစီတွေ ချမှတ်သွားမလဲ။ 

ပြည်သူတွေ စိတ်ဝင်စားနေတဲ့ကိစ္စဖြစ်လို့ ပြန်လည်ဖြေကြားပေးမယ်လို့ မျှော်လင့်ပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောင်မြင်တာကို ကျွန်တော်တို့အားလုံး မြင်ချင်ပါတယ်။ 

နေယံဦး 
အောက်စဖိုဒ့်၊ အင်္ဂလန်

ဆက်စပ်ဖတ်ရန် 

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၁) - https://www.facebook.com/nayyanoo.nayyan/posts/228897664729634

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၂) - https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

JICA အစီရင်ခံစာ - http://open_jicareport.jica.go.jp/pdf/12301099.pdf

ဒေါက်တာဝင်းမင်းသိမ်းရဲ့ ကိုယ်ရေးအပြည့်အစုံ - https://www.facebook.com/groups/156608508330664/permalink/275282229796624/

မြန်မာ့အလင်းရဲ့ သတင်းဖော်ပြချက် 
https://www.facebook.com/MYANMAALINNNEWS/posts/1906589816248184

Friday, December 28, 2018

ရုရှားဂိတ်​ ပြသနာ



ရုရှား​တွေ ဟာ အ​မေရိကန်​သမ္မတ ​လောင်းအဖြစ်​ ထရန့်​ကို ​ရွေးချယ်​ခဲ့ပြီး on-line က​နေ အနိုင်ရ​​အောင်​ကလဖန်ထိုး​ခဲ့တယ်​လို့ အစ္စ​ရေး ​မော့ဆက်​ အဖွဲ့အကြီးအကဲ​​ဟောင်း​ကဖွင့်​ချလိုက်​ပါတယ်​။

၂၀၁၆ အ​မေရိကန်​ ​ရွေး​ကောက်​ပွဲ မှာ "ဘယ်​သမ္မတ​လောင်းက အိမ်​ဖြူ​တော်​ ​ရောက်​သင့်​သလဲ? ဘယ်​သူက ငါတို့ရဲ့ ရည်​မှန်းချက်​ ကိုဖြည့်​ဆည်း​ပေးမှာလဲ?ဆိုတဲ့ ​ခေါင်းစဉ်​ ​အောက်​မှာ ထရန့်​ကို​ရွေးချယ်​ခဲ့တယ်​လို့ ဖွင့်​ချ လာပါတယ်​။

မှတ်​မိသ​လောက်​​တော့ ... ထရန့်​ သမ္မတ ​လောင်းဘဝမှာတင်​ အစ္စ​ရေး က " ခင်​ဗျား သမ္မတ ဖြစ်​ရင်​ ​ဂျေရူဆလင်​ကို အစ္စ​ရေး နိုင်​ငံ မြို့​တော်​ အဖြစ်​အသိအမှတ်​ပြု​ပေးပါ" လို့သွား​ရောက်​ ​တောင်းဆိုဘူးပါတယ်​။ ထရန့်​ကလည်း ok ဆိုပြီး သူသမ္မတဖြစ်​ပြီး အ​မေရိကန်​သံရုံးကို ​တဲအဗစ်​ မှ ​ဂျေရူဆလင်​သို့​ပြောင်း​ရွှေ့ ဖွင့်​လှစ်​​ပေးခဲ့ပါတယ်​။( အဲ့ဒီကတည်းက​ထောက်​လှမ်း​ရေး သတင်းအရ ထရန့်​ လည်​ပင်းသွားညစ်​ခဲ့ပုံပါ။)

အခုဟာက ဆီးရီးယား မှ အ​မေရိကန်​တပ်​​တွေ အကုန်​Withdraw လုပ်​ပစ်​တာ ကို အစ္စ​ရေး က ​​တော်​​တော်​စိတ်​ပျက်​​နေပုံပါ။ ဒီအတွက်​ ဒီကိစ္စ ကို ​ဖော်​​ကောင်​လုပ်​ပြီး တိုက်​ကွက်​ဆင်​လာပုံပါ။

ကမ္ဘာ ​ထောက်​လှမ်း​ရေး​လောက မှာ ​မော့ဆက်​ ကအဆင့်​တစ်​ ပါ။ ​မော့ဆက်​ အဖွဲ့ကြီးရဲ့ ​ခေါင်း​ဆောင်​က သက်​​သေ အ​ထောက်​အထား မရှိပဲ ​ပြောလို့ရတာ မဟုတ်​ပါဘူး။

ထရန့်​က အီရတ်​ ဆီးရီးယား အာဖဂ္ဂန်​နစ္စတန်​ မှ သူတပ်​​တွေ ပြန်​ရုတ်​သိမ်းပြီး အ​မေရိကန်​ဟာ world policeမလုပ်​​တော့ပါဘူးတဲ့။

ဆီးရီးယားအစ္စ​ရေးနယ်​စပ်​ မှာ အီရန်​ တပ်​ဖွဲ့​တွေ ရှိ​နေပါတယ်​။ ဟစ်​ဘိုလာ အဖွဲ့​တွေကလည်း အများကြီးပါ။နည်းမျိုးစုံ နဲ့ အစ္စ​ရေး ကိုတိုက်​​နေပါတယ်​။ ရုရှားတပ်​ဖွဲ့​တွေက အစိုးရဘက်​က ဝင်​တိုက်​​ပေး​နေတာပါ။ 

ထရန့်​က တူရကီ ကို "ငါတို့​တော့ တိုက်​ပွဲစည်းဝိုင်းကထွက်​ပြီ ကျန်​တာက မင်းတို့သ​ဘောရှိပါဆို​တော့ တူရကီ တင့်​ကားတပ်​​တွေ အလုံးအရင်းနဲ့ ဝင်​​ရောက်​ခဲ့ပြီးကဒ်​ သူပုန်​​တွေ ကို အကြီးအကျယ်​ ထိုးစစ်​ ဆင်​နွှဲခဲ့ပါတယ်​။ သူစိတ်​ဝင်​စားတာ က ဆီးရီးယား နယ်​​မြေ​တွေ မဟုတ်​ပါဘူး ကဒ်​ လူမျိုး​တွေ အပြတ်​ရှင်းဘို့ပါ။

ရုရှားက​တော့ တူရကီကို သတိ​ပေးမူ့​တွေ ပြုလုပ်​ခဲ့ပါ​သေးတယ်​။

ဆီးရီယား နဲ့ အီရတ်​က​နေ အ​မေရိကန်​ တပ်​​တွေရုတ်​သိမ်းတာ အစ္စ​ရေး ​တော်​​တော်​ ပြာသွားပုံပါ။ ဒါ​ကြောင့်​လဲ အစ္စ​ရေး ​ထောက်​လှမ်း​ရေး အကြီးအကဲ​ဟောင်း ကိုယ်​တိုင်​ခိုင်​ခိုင်​မာမာ နဲ့ "ထရန့်​ ကိစ္စ " ကိုဖွင့်​ချ ပုံပါ။

ထရန့်​ အတွက်​​တော့ "ကံဆိုးမိုး​မှောင်​ကျတဲ့ ရက်​​တွေ နီးလာပါပြီး။

နိုင်​ငံတနိုင်​ငံ ကို သြဇာ​ညောင်းဖို့ စိတ်​ကြိုက်​ သမ္မတ​လောင်းတ​ယေက်​ ကို ​ရွေးထုတ်​ပြီး ​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအတွက်​ မဲ ကလားဖန်​ ထိုးခဲ့တဲ့ ရုရှားအကြံ က ပက်​စက်​တယ်​ဆို​ပေမဲ့ ထိထိ​ရောက်​​ရောက်​Shot to the point ဖြစ်​​နေတာကလဲ ငြင်းလို့မရပါဘူး။

ကိုယ့်​ပြိုင်​ဘက်​ ကမ္ဘာ​ပေါ်မှာ နည်းပညာ အမြင့်​ဆုံးဖြစ်​​နေတဲ့ Super power နိုင်​ငံကြီး ကို လူတ​ယောက်​ထိန်းချုပ်​ပြီး ကိုယ်​စကား နား​ထောင်​​စေတာ ကလဲ"ဂတုံး​ပေါ် ထိပ်​ကွက်​ ရတာ" ​တော်​​တော်​အရသာ ရှိ​နေမှာပါ။

တကယ့်​နိုင်​ငံ​ရေးသမား စစ်​စစ်​ကို မ​ရွေးပဲ ကုန်​သည်​ကြီးတ​ယောက်​ ကို ပစ်​မှတ်​ထားခဲ့တာ ရုရှားဗျူဟာမှန်​ခဲ့ပါတယ်​။

တကယ့်​နိုင်​ငံ​ရေးသမား စစ်​စစ်​က ဒီလိုအလုပ်​မျိုးလုပ်​မယ်​မထင်​....

https://www.facebook.com/18343191100/posts/10156777996946101/

လေးစားလျှက်​ wns


BY CRISTINA MAZA ON 12/27/18


Russia chose Donald Trump as the U.S. presidential candidate who would be most advantageous to Moscow, and used online tactics to win him the presidency, according to a former agent of the Israeli intelligence agency the Mossad.

"Officials in Moscow looked at the 2016 U.S. presidential race and asked, ‘Which candidate would we like to have sitting in the White House? Who will help us achieve our goals?’ And they chose him. From that moment, they deployed a system [of bots] for the length of the elections, and ran him for president,” former Mossad chief Tamir Pardo told the audience at the Marker’s digital conference in Israel on Monday, where experts gathered to discuss online disinformation campaigns and bots.

“What we’ve seen so far with respect to bots and the distortion of information is just the tip of the iceberg. It is the greatest threat of recent years, and it threatens the basic values that we share—democracy and the world order created since World War Two,” Pardo noted, according to Haaretz.

Earlier this month, two Senate-commissioned reports determined that Russia had used every social media tool available to influence the U.S. 2016 presidential election in favor of Trump. One of the reports, completed by the company New Knowledge, detailed the wide reach of the Russian troll farm called the Internet Research Agency (IRA).

“Run like a sophisticated marketing agency in a centralized office environment, the IRA employed and trained over a thousand people to engage in round-the-clock influence operations, first targeting Ukrainian and Russian citizens, and then, well before the 2016 US election, Americans. The scale of their operation was unprecedented—they reached 126 million people on Facebook, at least 20 million users on Instagram, 1.4 million users on Twitter, and uploaded over 1,000 videos to YouTube,” the New Knowledge report stated.

gettyimages-1074777070-594x594President Donald Trump makes a video call to service members. Russia chose Trump as the U.S. presidential candidate who would be most advantageous to Moscow, former Mossad chief Tamir Pardo told the audience at the Marker’s digital conference in Israel. ZACH GIBSON/GETTY IMAGES 

Indictments from the Department of Justice recently revealed that the Internet Research Agency had a budget of over $25 million and continued to operate well into 2018.

The second report, authored by Oxford University and the company Graphica, noted that Russian influence operations attempted to sow divisions in U.S. society and promote Trump’s candidacy.

“On Facebook, the five most shared and the five most liked posts focused on divisive issues, with pro-gun ownership content, anti-immigration content pitting immigrants against veterans, content decrying police violence against African Americans, and content that was anti-Muslim, anti-refugee, anti-Obama, and pro-Trump,” the report read.

Ref:https://www.newsweek.com/russia-picked-donald-trump-and-ran-him-president-former-israeli-intelligence-1273009?utm_source=Facebook&utm_campaign=NewsweekFacebookSF&utm_medium=Social

Thursday, December 27, 2018

ဒုက္ခသည်စခန်းမှ ဘုရင်မကြီး ဂုဏ်ပြုတပ်ဖွဲ့ဆီသို့





ခြေလျင်တပ် သင်တန်းကျောင်းမှာ အောင်မြင်တဲ့ ပထမဆုံး အမျိုးသမီး

ထိုင်းမြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ ကရင်အမျိုးသမီး နော်အနီတာ အောင်ခင်ဟာ အခုတော့ ဗြိတိသျှ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီး ဘုရင်မကြီးရဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။
ဗြိတိသျှ တပ်မတော်မှာ သူ့ရဲ့အဓိကအလုပ်က Royal Logistic Corps မှာ Logistics supply specialist တာဝန်ထမ်းဆောင်ရပါတယ်။
အဲဒီ ဌာနရဲ့ ဘင်ခရာ အဖွဲ့မှာလည်း ဒရမ်တီးသမားဖြစ်တဲ့ အတွက် လန်ဒန်မြို့တော်က ဘာကင်ဟမ်နန်းတော်၊ ဝင်ဆာမြို့က ဝင်ဆာ ရဲတိုက်ကြီးတို့မှာ နေ့စဉ် ပြုလုပ်တဲ့ အစောင့်တပ်တွေ လဲလှယ်ရာမှာ ပါဝင်ချီတက်ရတဲ့ ဘင်ခရာအဖွဲ့မှာ နော်အနီတာ ပါဝင်ရပါတယ်။
တော်ဝင် မိသားစုနဲ့ ဆိုင်တဲ့ အခမ်းအနားတွေ၊ တပ်မတော် ဘွဲ့နှင်းသဘင် အခန်းအနားတွေမှာ ဖျော်ဖြေတာအပြင် ပြည်တွင်းပြည်ပမှာ လုပ်တဲ့ အခမ်းအနားတွေမှာ ဖျော်ဖြေဖို့လည်း ဂုဏ်ပြု ဘင်ခရာအဖွဲ့နဲ့ အတူ သူလိုက်ပါသွားရပါတယ်။
ဗြိတိသျှတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်ရှိပြီဓာတ်ပုံ မူပိုင်NAW ANITA AUNG KHIN
ဗြိတိသျှတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်ရှိပြီ

တော်ဝင်မိသားစုဝင်တွေထဲက ဘုရင်မကြီး၊ အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နဲ့ တော်ဝင် မင်းသမီး အန်းတို့ကို တွေ့ဖူးတယ်လို့ အနီတာက ဆိုပါတယ်။
အဲလစ်ဇဘက်ဘုရင်မကြီးကိုတော့ လန်ဒန် နားက Epsom မြို့မှာ လုပ်တဲ့ မြင်းပွဲကိုလာတုန်း တွေ့ဖူး စကားပြောဖူးတယ်လို့ နော်အနီတာက ပြောပါတယ်။
ဘုရင်မကြီးက သူတို့ တပ်ဖွဲ့တွေကို စစ်ဆေးတယ်၊ တစ်ယောက်ချင်းကို ကောင်းကောင်း မွန်မွန် လိုက်လံ စကားပြောနှုတ်ဆက်ပြီး နေ့စဉ်လုပ်ငန်းနဲ့ အလုပ်အကိုင် အကြောင်းမေးရာမှာ သူ့ကို အလုပ် အကြောင်းမေးတော့ အလုပ် လုပ်တာ ၅ နှစ် ရှိပြီ၊ အဆင်ပြေတယ်ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ အနီတာက ပြောပါတယ်။
ဘင်ခရာအဖွဲ့မှာ ပါသူတွေက အနည်းဆုံး တူရိယာ နှစ်မျိုး တီးခတ်တတ်ဖို့ လိုပြီး အနီတာကတော့ ဒရမ်နဲ့ Bugle လို့ ခေါ်တဲ့ ခရာ ကိုပါတီးမှုတ်တတ်ပါတယ်။
ခြေလျင် တပ်ဖွဲ သင်တန်းကျောင်းဆင်း ပွဲမှာ သင်တန်းသားများနဲ့ နော်အနီတာအောင်ခင်ဓာတ်ပုံ မူပိုင်NAW ANITA AUNG KHIN



ခြေလျင် တပ်ဖွဲ သင်တန်းကျောင်းဆင်း ပွဲမှာ သင်တန်းသားများနဲ့ နော်အနီတာအောင်ခင်

ဗြိတိသျှ တပ်မတော် ဝင်ဖို့ လိုအပ်ချက်များ
ဗြိတိသျှ တပ်မတော်ကို ဝင်နိုင်ဖို့ အရပ်အမောင်း သတ်မှတ်ချက်က ၅ ပေနဲ့ ၆ လက်မ ဖြစ်ပါတယ်။
အင်္ဂလိပ်စာနဲ့ သင်္ချာ မှာ ဗြိတိန်က သတ်မှတ်ထားတဲ့ GNVQ Level 2 အသက်မွေးဝမ်းကျောင်း ကောလိပ်ဝင်ခွင့် အဆင့် ၂ အောင်ဖို့လို တယ်၊ ကျန်းမာ ကြံ့ခိုင်ရေး ဆေးစစ်ချက်တွေ အောင်ဖို့ လိုတယ်လို့ အနီတာက ပြောပါတယ်။
စစ်ဆေးမှုတွေ အောင်မြင်ရင် တောထဲမှာ လေ့ကျင့်ရတဲ့ တိုက်ခိုက်ရေး သင်တန်း အပါအဝင် တခြား သင်တန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်စခန်းမှသည် ဘုရင့်တပ်မတော် ဆီသို့
နော်အနီတာအောင်ခင်ဟာ ကရင်လူမျိုးမိဘတွေက မွေးဖွားတဲ့ တိုင်းရင်းသူလေးဖြစ်ပါတယ်။
ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ မွေးတာ ဖြစ်လို့ မြန်မာနိုင်ငံသားလည်း လျှေက်ထားလို့မရ၊ ထိုင်းနိုင်ငံကလည်း အသိအမှတ်မပြုလို့ နိုင်ငံမဲ့ ဘဝနဲ့ နေခဲ့ရပါတယ်။
refugee campဓာတ်ပုံ မူပိုင်PORNCHAI KITTIWONGSAKUL



ဒုက္ခသည်စခန်းက မရေရာတဲ့ ဘဝတွေ
၂၀၀၆ ခုနှစ် ရောက်တော့ ဗြိတိသျှ အစိုးရရဲ့ ဒုက္ခသည်တွေ နေရာချထားရေး အစီအစဉ်အရ မိသားစုနဲ့ အတူ ဗြိတိန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်က အနီတာက အသက် ၁၄ နှစ် အရွယ်ဖြစ်ပါတယ်။
သူ့ရဲ့ မိခင်ဘာသာစကားက ကရင်ဘာသာစကားဖြစ်ပြီး မြန်မာလို အနည်းအပါးသာ ပြောနိုင်ပါတယ်။
ဒုက္ခသည်စခန်းမှာ အလှူရှင်တွေရဲ့ အကူအညီတွေ ရပေမယ့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဘဝ အာမခံချက် မရှိသလို အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ ဘဝလုံခြုံမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဗြိတိန်ကို ရောက်လာတော့ ဘာသာစကား အခက်အခဲ၊ နေထိုင်စားသောက်ရေး အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဗြိတိန်က သူ့ကို ခိုလှုံခွင့် ပေးပြီး နိုင်ငံသား ဖြစ်ခွင့် ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ လူ့အခွင့်အရေး အပြည့်အဝ ခံစား ရတယ်လို့ အနီတာက ပြောပါတယ်။
နိုင်ငံမဲ့ ဘဝကနေ ဗြိတိန်နိုင်ငံသား ဖြစ်ခွင့် ရလာတဲ့အတွက် ဒီနိုင်ငံကို ကျေးဇူးဆပ်တဲ့ အနေနဲ့ရော ဝါသနာပါရာ အလုပ်ကို လုပ်ဖို့ အတွက်ပါ တပ်မတော်ထဲ ဝင်ခဲ့တာလို့ သူက ပြောပါတယ်။
အခု ဗြိတိသျှ တပ်မတော်မှာ တာဝန် ထမ်းဆောင်ရတဲ့ အတွက် ဂုဏ်ယူမိတယ်၊ မျှော်လင့်ချက် မရှိတဲ့ ဒုက္ခသည်စခန်းကနေ အခုလို အခြေအနေအထိ ဖြစ်လာဖို့ ကြိုးစားခဲ့ရတာတွေရဲ့ အတွေ့အကြုံအရ တိုင်းရင်းသူတွေအပါအဝင် မိန်းကလေးတွေ ကို လည်း ရည်မှန်းချက်ထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ရင် မဖြစ်နိုင်စရာ မရှိဘူးလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။




စီးပွားရေး ဖွင့်လှစ်မှုအဖြစ် တရုတ်က ကုန်စည် အမျိုးပေါင်း ၇၀၀ ကျော်အတွက် အခွန်လျှော့ချပေး


နောက်ထပ် အခွန်အကောက် လျှော့ချမှုအဖြစ် လာမယ့် ဇန်န၀ါရီလ ၁ ရက်ကစလို့ ကုန်စည်ပစ္စည်းပေါင်း ၇၀၀ ကျော်အတွက် သွင်းကုန်ခွန်တွေ လျှော့ချပေးသွားတော့မှာဖြစ်ကြောင်း တရုတ် အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ နိုင်ငံ စီးပွားရေးကို ယခုထက် ပိုမိုဖွင့်လှစ်ဖို့ နဲ့ ပြည်တွင်းက consumers တွေအတွက် ကုန်ကျစရိတ် လျော့ပါးစေလို့တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

အလားတူ ပြည်ပ ပို့ကုန် အခွန်အကောက်တစ်ချို့ကိုလည်း လျှော့ပေါ့မှုတွေ လုပ်သွားမယ့်အပြင်  ကုန်စည်တစ်ချို့အတွက် ယာယီ သွင်းကုန်ခွန်နှုန်းထားတွေကို ဇီးရိုးအထိ လျှော့ချပေးသွားဖို့ ရှိနေကြောင်း တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဒါဟာ ယခုနှစ်အတွင်း တတိယမြောက် ကြေညာတဲ့ အခွန်အကောက်လျှော့ချမှုလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping က နိုင်ငံစီးပွားရေးကို ထပ်မံ ဖွင့်လှစ်ပေးမယ်လို့ ကတိပြုထားတာနဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ယင်း ကတိက၀တ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာနေတာဖြစ်ပါတယ်။

ယခု အခွန်လျှော့ချမှုမှာတော့ ယင်းနိုင်ငံနဲ့အကြား ကုန်သွယ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ အမေရိကန်ရဲ့ ပို့ကုန်တွေလည်း တစ်စိတ်တစ်ဒေသ အကျိုးဖြစ်ထွန်းဖို့ ရှိနေတယ်လို့ 




China announced another round of tariff cuts, lowering import taxes on more than 700 goods from Jan. 1 as part of its efforts to open up the economy and lower costs for domestic consumers.

  • There will also be cuts to some export tariffs, and temporary import tariff rates will be as low as zero for some goods, the Ministry of Finance said in a statementon Monday. 
  • The ‘temporary’ rates can be changed ad hoc and can be lower than the current Most-Favored Nations standard though they are also available to all World Trade Organization members.

Key Insights

  • This is the third round of tariff cuts announced this year, as China looks to cut costs for consumers and implement President Xi Jinping’s promises to open up further. 
  • U.S. exports will get the benefit of the reductions as well, although most products will still be subject to the retaliatory tariffs until there is a breakthrough in the ongoing talks. 

Xi Says China to Cut Import Taxes Further, Import $30 Trillion

Get More

  • Table with the details of the tariffs 
  • With tariffs on U.S. soybeans stopping a key source of edible meal (often used for animal feed), China will implement zero tariffs on imports of a variety of meals including sunflower and canola. 
  • Some materials for pharmaceutical manufacturing will also be subject to zero tariffs, and taxes on high-tech imports will be set "relatively low," including at 1 percent for a type of generator for aircraft, and 5 percent for a type of welding robots used in car assembly lines.
  • The ministry said MFN tariffs will be further cut for a wide-range of information technology imports starting from July 1, 2019, including for medical diagnosis machines, speakers and printers, according to a separate table on its website.
  • The nation will also scrap export tariffs on 94 items of products starting from the new year, including fertilizers, iron ore, coal tar, and wood pulp. Export tariffs on these goods are as high as 40 percentcurrently. 
  • Imports from nations that have reached a trade pact with China will be levied at the rates agreed by both sides. China’s bilateral deals with New Zealand, Peru, Costa Rica, Switzerland, Iceland, South Korea, Australia, Georgia already included promises to further lower tariffs in 2019, as does the Asia-Pacific Trade Agreement. 
  • Imports from Hong Kong, Macau will also enjoy lower taxes. 

— With assistance by Miao Han

Ref:https://www.bloomberg.com/news/articles/2018-12-24/china-cuts-tariffs-on-more-than-700-goods-amid-open-trade-drive?srnd=premium-asia

နိုင်ငံတကာမှ ဆန်ဝယ်လိုအားကျဆင်း၍ ဆန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် လျော့နည်း

နိုင်ငံတကာမှ ဆန်ဝယ်လိုအားကျဆင်း၍ ဆန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် လျော့နည်း



ရန်ကုန် ဒီဇင်ဘာ ၂၅

နိုင်ငံတကာမှ မြန်မာ့ဆန်ဝယ်လိုအားကျဆင်းလာခြင်းကြောင့် ပြည်ပသို့ဆန်တင်ပို့မှုကဏ္ဍမှ ၀င်ငွေရရှိမှုမှာ ယခုနှစ်အတွင်းအမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်လျော့နည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ ၀ယ်ယူမှုလျော့နည်းသွားသည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မှုလျော့ကျသွားပြီး ယခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း ပြည်ပဆန်တင်ပို့မှုကဏ္ဍတွင် တန်ချိန် ခုနစ်သိန်းကျော်လျော့နည်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးဦးနေလင်းဇင်ကပြောသည်။

အဆိုပါရှစ်လတာကာလအတွင်း ပြည်ပဆန်တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၄၉၀ ကျော်ရရှိပြီး ၂၀၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ဆန်တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၆၇၀ ခန့်ရရှိခဲ့သည်။

သို့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလမှ၂၀၁၉ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံမှပြည်ပဆန်တင်ပို့မှုတန်ချိန် ၂ ဒသမ ၅သန်းရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၇ ခုနှစ် ဧပြီလမှ၂၀၁၈ ခုနှစ် မတ်လအထိ ပြည်တွင်းမှပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး မြန်မာ့ဆန် ပြည်ပတင်ပို့မှု သမိုင်းတစ်လျှောက်တွင် စံချိန်တင်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်တစ်ခုဖြစ်သော ဘုရင့်နောင်ကုန်စည်ဒိုင်၌ပြည်ပသို့တင်ပို့ရန် ၀ယ်လိုအားမြင့်တက်ခဲ့ခြင်းကြောင့် ဆန်ကြမ်းဈေးနှုန်းများဆက်တိုက်မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းဝယ်လိုအားထက် ရောင်းလိုအားပိုများခဲ့ဖူးသည်။

လက်ရှိတွင် ပြည်ပသို့တင်ပို့မည့် ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းနေသော်လည်းစပါးဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းခြောက်သောင်းဝန်းကျင်၌ ရှိကြောင်းသိရသည်။

"အနာဂတ်အတွက် အနှိုင်းမဲ့ပျော်ရွှင်မှု"


ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက် 


ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယမန်နှစ်က ကျင်းပခဲ့သည်။ ရှန်ကျန်းနှင့် တုံးဂွမ်ဒေသများရှိ စက်ရုံထွက်ပစ္စည်းများကို ပြပွဲတွင် လာရောက်ပြသနေသလို ကမ္ဘာ့ထုတ်ကုန် များကိုလည်း ပူးပေါင်းပြသခဲ့ကြသည်။ ကုန်စည်ပြပွဲအမည်က “လူကြီးပွဲ” ဖြစ်သည်။ ဟောင်ကောင်ကွန်ဗင်းရှင်း ပြပွဲစင်တာတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဝါသနာအိုးတွေကို သီးသန့်ဖိတ်ခေါ်သည့် ပွဲဖြစ်နေသည်။ သာမန် လူတွေမသွားနိုင်သည့် ထိုပွဲတွင်ဆီလီကွန် အရုပ်များနှင့် ပစ္စည်းစုံကို ပြသထားသဖြင့်လည်း ထူးခြားသည့် ပွဲတစ်ပွဲဟု ဆိုရမည်ဖြစ်သည်။




ကုန်စည်ပြပွဲက လိင်ဖျော်ဖြေမှုဆိုင်ရာ အရုပ်နှင့် ပစ္စည်းများပြပွဲဟုဆိုထားသဖြင့် ဟောင်ကောင်တွင် ထူးဆန်းသည့် ပွဲတစ်ပွဲလည်း ဖြစ်နေသည်။ ဂျပန်ပြခန်းတွင် တကယ့်လူနှင့်မခြား အဆင့်မြင့်အရုပ်တွေကို ပြထားသည်။ တန်ဖိုးကလည်း ဟောင်ကောင် ဒေါ်လာတစ်သိန်းခန့်တန်ဖိုးရှိသည်။ ထိုအရုပ်တွေကို ကွမ်ကျိုးသို့ တစ်လလျှင် အနည်းဆုံးနှစ်ရုပ်ရောင်းချ ပေးနေရသည်ဟုဆိုသည်။ ပြပွဲတွင် ပြသထားသည့် အရုပ်များထဲတွင် ဟောင်ကောင် ဒေါ်လာ နှစ်သိန်း (အမေရိကန်ဒေါ်လာ ၂၅၀၀) ခန့်တန်သည့် အရုပ်များလည်း ပါသည်။ သို့သော် ဂျပန်နှင့်ပြိုင်နေသည်မှာ တရုတ်ဖြစ်သည်။ တရုတ်ထုတ် အရုပ်တွေက ဟောင်ကောင် ဒေါ်လာ ၂၀၀၀ ခန့်နှင့် ပြပွဲတွင် ပြသထားသည်။

အခမ်းအနားတွင် မနားတမ်း ကြေညာနေသည်က “အနာဂတ်အတွက် အနှိုင်းမဲ့ပျော်ရွှင်မှု”ဆိုသည့် စကားလုံးဖြစ်သည်။ လူကြီးတွေ VR ခေါ် သရုပ်မှန် မျက်မှန်တပ်ပြီး အစွမ်းကုန် စမ်းသပ်အာရုံခံနေကြသည်ကိုလည်း တွေ့နိုင်သည်။ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအချို့ကလည်း အနာဂတ်တွင် အမြင်သာမက လက်တွေ့ အာရုံဖြင့် အရသာကို ခံစားနိုင်မည့် ဗီဒီယိုများပေါ်ထွက်လာရေးအတွက် သူတို့တီထွင်ထားသည်များကို ပြသနေကြသည်။ နည်းပညာအဆင့်မြင့် တိုးတက်လာမှုများက အနာဂတ်အတွက် လူသားတို့၏ အိမ်ထောင်သားမွေးကိစ္စများကို ဖျက်ဆီးကောင်း ဖျက်ဆီးလာနိုင်သည်။ ယခုလို အနေအထားမျိုးမှာပင် အိမ်ထောင်ရေးကို စိတ်ကုန်နေကြသည့် လူငယ်များအတွက် တီထွင်မှုအသစ်များက တစ်နည်းတစ်ဖုံ ပြောင်းလဲသွားရန် လမ်းစဖော်နေပြီဖြစ်သည်။

VR (Virtual Reality) ခေါ် လက်တွေ့ဘဝနှင့် အနီးစပ်ဆုံး အာရုံခံစားနိုင်သည့် မြင်ကွင်းကြည့် မျက်မှန်များ ပေါ်လာခြင်းသည် အဆိုးအကောင်းရှိ နိုင်ပါသည်။ ထိုပွဲတွင် အဆိုးဘက်ကရှိသည် ဆိုစေ ပညာရေးအတွက် လိင်ပညာပေး အစီအစဉ်များကို ကြည့်ရှုသင်ကြားနိုင်မည့် အစီအစဉ်ကို ပြသထားခြင်းကလည်း စိတ်ဝင်စားစရာ ဖြစ်သည်။ ပြပွဲသို့ရောက်လာသည့် ပုရိသအများစုကတော့ အားလုံးကို စူးစမ်းလေ့လာကြည့်နေကြသည်။




AAE ပြပွဲက ပေါက်မြောက်သွားသည်ဟု ဆိုရမည်။ သုံးရက်အတွင်း ဝယ်ယူသူပေါင်း ၅၀၀၀ ရှိသွားသည်။ ယမန်နှစ်ပြပွဲတွင် ၄၄၀၀ ခန့်သာရောင်းချခဲ့ရသည်ဆိုခြင်းကြောင့် စံချိန်ချိုးပြီး အောင်မြင်သွားသည်ဟု ဆိုရမည်။ ပြပွဲကို နိုင်ငံပေါင်း ၄၀ ကျော်က လာရောက်ကြည့်ရှုလေ့လာကြသည်။ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျာမနီနိုင်ငံတို့ကလည်း လာရောက်ကြည့်ရှုလေ့လာကြသည်။

ပြပွဲတွင် အများဆုံးကြီးစိုးထားသည်မှာ ပြည်တွင်း ထုတ်လုပ်သူများဖြစ်သည်။ ပြည်တွင်းထုတ်လုပ်သူတွေက ရောင်းသူတွေကို တိုက်ရိုက်ရောင်းချပေးနေကြသည်။ သူတို့၏ ဈေးပေါပေါထုတ်လုပ်နိုင်ခြင်းများကြောင့် နိုင်ငံတကာပွဲများတွင် တရုတ်ပါဝင်ပြသခွင့်များကို ပိတ်ပင်ထားခြင်း ခံနေရသည်။ ထို့ကြောင့် ဈေးနှုန်း သက်သာစွာဖြင့် လိုချင်သူတွေက ဟောင်ကောင်ကို တိုက်ရိုက်ဆင်းလာကြသည်။

ဤပွဲမျိုးမှာ တရုတ်နိုင်ငံတွင် ပြသခွင့်ရရန် မလွယ်ပေ။ သို့သော် ဟောင်ကောင်တွင် လွတ်လပ်စွာဖြင့် လိင်ဖျော်ဖြေရေးဆိုင်ရာ အရုပ်တွေကို ပြသနေကြသည်။ ထူးဆန်းသည်မှာ ဤပွဲကို ရောက်လာပြီး အရုပ်များကို ဝယ်ယူကြသူ လေးပုံသုံးပုံမှာ တရုတ်နိုင်ငံကလာသော သူများဖြစ်နေခြင်းပင်။ ပြပွဲက အရွယ်ရောက်ပြီးသည့် လူကြီးများကိုသာ ဝင်ခွင့်ပြုသည်။




တရုတ်နိုင်ငံအတွင်း လူကြီးကြိုက်အရုပ်များကို တီထွင်ထုတ်လုပ်နေသော စက်ရုံပေါင်း ၁၀၀၀၀ ကျော်ရှိသည်။ နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့်တိုးတက်နေပြီး မကြာမီ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တစ်ခုအဖြစ် အများဆုံး ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေကြသည်။ တရုတ်ထုံးစံ အတိုင်းဈေးကို သူများတွေ မယှဉ်နိုင်အောင် လျှော့ချပေးနေကြသည်။

တရုတ်က စက်ဘီး၊ ထီး၊ ဘတ်စ်ကက်ဘောတွေအပြင် အိမ်ထောင်ရေးကိစ္စများအတွက်ပါ အရုပ်တွေကို ပေါပေါများများထုတ်ပြီး ဈေးကွက်ကိုလက်ဦးမှု ရယူရန် စီစဉ်နေကြသည်။ လိင်ဖျော်ဖြေရေးဆိုင်ရာ အရုပ်များကို တရုတ်တို့က ပုံစံအမျိုးမျိုးထုတ်နေသည်။ နိုင်ငံတကာအကြိုက် တရုတ်၊ ကိုရီးယား၊ ရုရှား ပုံစံတွေအပြင် အမေဇုန်အကြိုက် ကြမ်းကြမ်းရမ်းရမ်း မိန်းမအရုပ်တွေကိုပင် ဓားနှင့်ဒိုင်းကိုင်ခိုင်းထားပြီး ထုတ်လုပ်ပေးနေသည်။ ထို့ပြင် မိမိတို့စိတ်ကြိုက်ပုံစံ၊ အသားအရောင်၊ အရွယ်အစားတို့ကို ဖုန်းနှင့်မှာလိုက်ရုံဖြင့် တစ်ပတ်အတွင်း ရရှိစေရမည်ဆိုသော အာမခံချက်များကိုလည်း ပေးထားသည်ကိုတွေ့နေရသည်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ရှီအန်မင်မြို့တွင် အရုပ်များနှင့် ပြည့်တန်ဆာခန်းဖွင့်ထားသော ဇိမ်ခန်းများကိုပင် ထူထောင်လာကြသည်။ အရုပ်မလေးများနှင့် တွေ့ဆုံခက တစ်ည ၂၉၈ ယွမ် (၄၅ ဒေါ်လာ) ဖြစ်သည်။ ထိုအရုပ်မတွေက တကယ့်လူနှင့်မခြား ပြုစုခံစားမှုများပေးနိုင်သည်ဟုဆိုသည်။ ကိုယ်ခန္ဓာအရွယ် အစားကအစ လူအတိုင်းဖြစ်နေပြီး ဖန်တီးထည့်သွင်းထားသည့် စက်ပစ္စည်းနှင့် စနစ်များကလည်း စွဲမက်စရာဖြစ်သွားစေရမည်ဟု အာမခံထားသည်။

တရုတ်တွင် လူသားအရွယ်တူပုံစံ ဖျော်ဖြေရေး ဆီလီကွန်အရုပ်တစ်ရုပ်မှ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၅၀၀) ခန့်ပေးလျှင် ရနိုင်သည်။ ထို့ပြင် နေ့စဉ်အသုံးအတွက် ငှားရမ်းမည်ဆိုလျှင် ၂၉၈ ယွမ်ဖြင့် အိမ်ကိုငှားနိုင်သည်။ သို့သော် အပေါင်ငွေ ယွမ် ၈၀၀၀ တင်ခဲ့ရသည်။ Touch ဆိုသည့် ကုမ္ပဏီကလည်း အရုပ်ငှားအလုပ်ကို အွန်လိုင်းပေါ်ကပါ ကြော်ငြာပြီး လုပ်ဆောင်နေသည်။




Touch ဝန်ဆောင်မှုကို ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ဝေဖန်မှုတွေ ဖောင်းပွနေသည်။ ကြိုက်သူတွေကထောက်ခံ၊ မကြိုက်သူတွေက ဆဲကြသည်။ လူ့ဘောင်လောကကြီး ပျက်စီးတော့မည်ဟု ဝေဖန် ပြစ်တင်သူများပင်ရှိလာကြသည်။ ဒေသဆိုင်ရာ ရဲတွေကလည်း ဆင့်ခေါ်ပြီး စစ်ဆေးမည့် သဘောတွေ ပြဆိုလာကြသည်။ ရဲတွေကတော့ အောက်တန်းကျသည့် ရိုင်းပျသော လုပ်ရပ်ဟုဝေဖန်ကြသည်။ ကုမ္ပဏီကလည်း သူတို့အရုပ်တွေကို ဖော်ထုတ်ပြပြီး ဒီအရုပ်တွေကို အောက်တန်းကျတယ်ဆိုရင် ဘယ်နေရာက အောက်တန်းကျသလဲဆိုပြောပြစမ်းပါဟု တုံ့ပြန်သည်။

ဟောင်ကောင်တွင် ပထမဆုံး အရုပ်ပြည့်တန်ဆာခန်းကို ဖွင့်လှစ်စဉ်ကလည်း ရဲများကဝင်ဖမ်းပြီး ပိတ်ခိုင်းခဲ့သည်။ ယခုနှစ်မေလအတွင်းက ကွမ်တုံရှိ စက်ရုံအဆောက်အအုံတစ်ခုတွင် ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းကို ရဲများက ဝင်စီးပြီး လူ ၃၀ ခန့်ကို ဖမ်းဆီး အရေးယူခဲ့သည်။

ရဲများဝင်ဖမ်းစဉ်က အခန်းများထဲတွင် အရုပ်များနှင့်အတူ အပြာကားများကြည့်နေသည့်သူများကို ပူးတွဲဖမ်းဆီးခြင်းဖြစ်သည်။ သို့သော် သူတို့ကို အရေးယူနိုင်မည့် ဥပဒေမရှိသဖြင့် နောက်တစ်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီး ရုံးချိန်းကို တစ်လချိန်းလိုက်ရသည်။

Mary ဟုအမည်ပေးထားသော ထိုပြည့်တန်ဆာခန်းတွင် ဆီလီကွန်အရုပ်မများနှင့် တစ်နာရီပျော်ပါးခမှာ ဟောင်ကောင်ဒေါ်လာ ၄၈၀ ဖြစ်သည်။ အကယ်၍ သမီးရည်းစားနှစ်ယောက်က အရုပ်နှင့်အတူ ပျော်ပါးချင်လျှင် မိနစ် ၉၀ ကို ဟောင်ကောင်ဒေါ်လာ ၈၆၀ ယူသည်။ ထိုအရုပ်မျိုးများ၏ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂၃၀၀ မှ ၃၈၀၀ အတွင်းရှိသည်။

Rex ဆိုသည့်ဆိုင်ကလည်း စက်တင်ဘာလက အရုပ်ရောင်းသည့်ဆိုင်ကို စတင်ဖွင့်ခဲ့သည်။ သူတို့ သူငယ်ချင်းတွေ စုပေါင်းဖွင့်သည့်ဆိုင်မှာ စီးပွားရေး အလွန်ကောင်းလာသည်။ ရဲတွေက ထိုဆိုင်ကို ဝင်ဖမ်းသည်။ သူတို့က အရုပ်တွေကို လမ်းဘေးတွင် တန်းစီပြထားပြီး ရောင်းချနေသောကြောင့်ဖြစ်သည်။ သို့သော် သူတို့ကို ဆိုင်အတွင်း အပြာကားများ ရောင်းချမှု၊ ပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေမှု၊ တရားဝင်လိုင်စင်မရှိဘဲ ရောင်းချမှုများဖြင့် ဖမ်းဆီးအရေးယူရန် ပြင်ဆင်နေသည်။ သို့သော် တရုတ်တွင် ၂၈ ရက် တိတိ လိုင်စင်မယူဘဲပစ္စည်းများကို ရောင်းချခွင့်ရှိသည်။

တရုတ်နိုင်ငံ ဘေဂျင်းတွင် AI ဟုခေါ်သည့် လူသားတို့အတိုင်း တုပနိုင်သည့် ဉာဏ်ရည်တုနည်း ပညာများကို တီထွင်ထုတ်လုပ်မှုအပိုင်းသည် တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်။ တရုတ်နိုင်ငံတွင် WMDOLL ဆိုသည့် ကုမ္ပဏီသည် အကြီးမားဆုံးသော လူသားအတိုင်း တုပနိုင်သည့် လိင်ဖျော်ဖြေရေးဆီလီကွန်အရုပ်များကို ထုတ်လုပ်ပေးနေသည့် စက်ရုံကြီးတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်တွင်ရှိသည်။ AI ဆီလီကွန်အရုပ်မယ်များကို ၂၀၁၆ ခုနှစ်ကတည်းက ထုတ်နေခြင်းဖြစ်သည်။ ထိုအရုပ်များသည် မျက်လုံးလေးတွေကို ပုတ်ခတ်နိုင်သည်။ လက်နှင့် သိုင်းဖက်နိုင်သည်။ ရင်သားများကို လှုပ်ခတ်နိုင်သည်။ အရုပ်များကို အရပ်၊ အရွယ်၊ အရောင်၊ ဆံပင်၊ မျက်လုံး စိတ်ကြိုက်မှာယူနိုင်သည်။

စကားပြောစရာမရှိ အဖော်မဲ့နေသူများအတွက် ချစ်ဖွယ်သော အသံလေးများဖြင့် တုံ့ပြန်ပေးနိုင်သည်။ ဘာသာစကားစုံဖြင့် ထုတ်လုပ်ပေးနိုင်ရန် စီစဉ်နေကြသည်။ အရုပ်တွေ စကားပြောဆိုနိုင်ရန်နှင့် မေးသမျှကို ပြန်လည်ဖြေကြားနိုင်ရန် Baidu ဆိုသည့် အွန်လိုင်းမှ ဒေတာစနစ်များနှင့် တိုက်ရိုက်ချိတ်သုံးနိုင်ရန် ပြင်ဆင်နေသည်။ ယခုတော့ မေးတစ်ခွန်း ဖြေတစ်ခွန်း အကန့်အသတ်ဖြင့်သာ ပြောဆိုနိုင်သေးသည်။

AI နည်းပညာကို လူကြီးများအတွက် အရုပ်ထုတ်လုပ်ရန် တရုတ်တို့ စိုင်းပြင်းကြံဆောင်နေကြသည်။ အနာဂတ်ဈေးကွက်ကို ကြိုမြင်သည့်တရုတ်တို့သည် မိမိတို့တိုင်းပြည်အတွင်း သုံးစွဲလျှင် အရေးယူသယောင် ဟန်ပြနေသော်လည်း ကမ္ဘာကိုဖြန့်ရန် ဈေးကွက်ကို အခိုင်အမာတည်ဆောက်နေကြသည်။

WMDOLL ကုမ္ပဏီမှ ထုတ်လုပ်မှု မန်နေဂျာ လျူတင်းက မိမိတို့အနေနှင့် လူသားအတိုင်း အတိအကျ တူနိုင်မည့် ဆီလီကွန် AI အရုပ်များကို ထုတ်လုပ်ရန် မရည်ရွယ်ပါကြောင်း၊ သို့သော် နည်းပညာကို အစွမ်းရှိသလောက်ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးပေးလိုကြောင်း၊ အသားအရေများကို လူသားအတိုင်း အထိအတွေ့၊ အလှုပ်အခတ်များ ဖြစ်လာသည်အထိ တီထွင်သွားရန် ရည်ရွယ်ထားကြောင်း ပြောပြသည်။




ထိုကုမ္ပဏီအနေနှင့် လူသားအတိုင်းပုံစံတု အရုပ်ပေါင်း ၂၀ ကို တီထွင်ထားပြီးဖြစ်သည်။ ဈေးနှုန်းကိုလည်း ယွမ် ၁၀၀၀၀ မှ ၅၀၀၀၀ အထိရောင်းချရန် ပြင်ဆင်ထားကြသည်။ အမေရိကန်ဒေါ်လာ ၁၄၇၀ မှ ၇၃၅၀ အတွင်းဖြစ်သည်။ တစ်နှစ်ကို AI ဆီလီကွန် အရုပ်ပေါင်း ၂၀၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း လျူတင်းက ပြောကြားသည်။

တရုတ်ကတော့ရှင်းပါသည် ပြည်တွင်းထက် ပြည်ပဈေးကွက်ကို ရည်ရွယ်ကာ ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုထားသည်။ သူတို့အရောင်း၏ ၈၀ ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုကိုပို့ရန် မျှော်မှန်းထားသည်ဟုလည်း သိရသည်။

တရုတ်သည် စက်ဘီးခေတ်က စက်ဘီးဈေးကွက်ကိုပျက်အောင် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ဖုန်းတွေကိုလည်း အကုန်ရအောင်ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့သည်။ ယခုအနာဂတ် ပစ်မှတ်က ဆီလီကွန်အရုပ်တွေဖြစ်လာနိုင်သည်။ တရုတ်က ဘာထုတ်ထုတ် ဈေးကို အပေါဆုံးထုတ်သည်။ တရုတ်စက်သည် တစ်ရက်နှင့်စုတ် သွားကောင်း စုတ်သွားနိုင်သည်။ သို့သော် အမြင်ကောင်းသည်။ အပြကောင်းသည်။ စွဲမက်စရာကောင်းသည်။ မည်သို့ဆိုစေ ကမ္ဘာကသူ့ကို မယှဉ်နိုင်အောင် ဈေးနှုန်းပြိုင်ဆိုင်ထုတ်လုပ်ပြီး Made in China လမ်းစဉ်အတိုင်း အကောင်အထည်ဖော်နေသည်မှာ ကမ္ဘာကို ခြိမ်းခြောက်စရာတစ်ခုဖြစ်လာသည်ကိုတော့ သတိထားကြရပေလိမ့်မည်။

Ref:http://swalsonenews.com/international-news/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%80%E1%80%AD%E1%80%AF%E1%81%BF%E1%80%81%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%81%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%A1/


ဈေကွက်ပျောက်နေသော အမိမြေက ဖရဲတောင်သူတွေဘဝ

ဒီရက်ပိုင်း စိတ်မသက်သာစရာ သတင်းကတော့ ဖရဲသီးစိုက်တောင်သူတွေရဲ့  ပြဿနာတွေပါဘဲ။





မြန်မာပြည်အလယ်ပိုင်းဒေသတွေဟာ ဖရဲသီးကို အားထားစိုက်ပျိုးနေတာကြာပါပြီ။

အထူးသဖြင့် ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်းမြစ်ဝှမ်းဒေသတွေဖြစ်တဲ့ တံတားဦး၊ မြင်ခြံ ၊ စစ်ကိုင်း၊ မြင်းမူ၊ ဘုတလင်နဲ့ အရာတော်နယ် ပဲခူး ဘက်တွေမှာ စိုက်ကြတာပါ။

ဖရဲသီးတစ်လုံးဖြစ်ဖို့အတွက် မြေင်ပြင်ရက်မပါ ။ရက်ပေါင်း(၇၀)ကနေ (၇၅)ရက်အထိ အချိန်ပေးစိုက်ပျိုးရပြီး တစ်နှစ်မှာမိုးဖရဲနဲ့ဆောင်းဖရဲ (၂)ခါ စိုက်ပျိုးလို့ဘဲရပါတယ်။ ဒီအချိန်မှာဆောင်းဖရဲတွေ လှိုင်လှိုင်တင်ပို့ချိန်ပါ။

တစ်နှစ်မှာ ရက်ပေါင်း(၃၆၅)ရက်ရှိတဲ့အတွက် ကျန်တဲ့ ရက်ပေါင်း(၂၀၀)ကျော်ဟာ အဲဒီဖရဲသီးစိုက်ပျိုးတဲ့ကိုင်းမြေတွေဟာ အခြေနေအကြောင်းကြောင်းတွေကြောင့် ဘာမှစိုက်ပျိုးလို့မရပါဘူး။

တစ်ဧကရဲ့ ကုန်ကျစားရိတ်ဟာ မဆွတ်ခူးရသေးတဲ့အချိန်အထိဆိုရင် (၃၅)သိန်းကနေ သိန်း(၄၀)အထိအောင်ရှိပါတယ်။ဒီနှစ်မှာ ဓ့တ်မြေသြဇာ သွင်းအားစုဈေးတွေတက်လို့တောင်သူတွေ ညည်းသံအစုံထွက်နေတာပါ။

ဆွတ်ခူးတဲ့အခါ လုပ်သားစားရိတ်၊ ကုန်တင်ပို့ခစားရိတ်တွေနဲ့ဆိုရင် ဖရဲသီးတစ်ခင်းဟာ သိန်း(၆၀)ကျော်ဝန်းကျင်အထိ ကုန်ကျပါတယ်။

မနှစ်ကဆိုရင် စိုက်ပျိုးမှုနည်းပညာ အမှားအယွင်းတွေကြောင့် ဖရဲသီးအထွက်နှုံးမကောင်းကြတဲ့အပြင် တစ်ချို့ဖရဲသီးစိုက်ပျိုးသူတွေဟာ အရှုံးပေါ်တဲ့အနေအထားအထိရောက်ခဲ့ကြပါသေးတယ်။

ဒီနှစ်မှာတော့ မှားယွင်းခဲ့တဲ့ နည်းစနစ်တွေ သင်ခန်းစာယူစိုက်ပျိုးခဲ့ကြကာ အထွက်နှုံးမှန်ခဲ့ပေမဲ့ မူဆယ်(၁၀၅)မိုင်နဲ့ ဝမ်တိန်ဂိတ်ကြားမှာ တရုပ်ပြည်ဘက်ကိုပို့တဲ့ ဖရဲသီးကားတွေ ပိတ်ဆို့နေတဲ့အတွက် ဒုက္ခတွေ ထပ်ပြီးရောက်ကြရပြန်ပါတယ်။

အရင်ကဆိုရင် အဲဒီဘက်မှာ ရှိနေတဲ့ ပြည်သူ့စစ်တွေက ကားတွေ အသွား၊အပြန် အဆင်ပြေစေဖို့အတွက် လမ်းတွေရှင်းပေးတဲ့အတွက် အခုလိုပိတ်ဆို့မှုမရှိခဲ့ပါဘူး။

ဒါပေမဲ့ နယ်စပ်မှာ ပြည်သူ့စစ်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ပြည်သူ့စစ်တွေဟာ ကားတွေကို ရှင်းလင်းပေးတဲ့အလုပ်မလုပ်တော့ပါဘူး။ 

အဲဒီနောက်ပိုင်းမှာ ကားတွေဟာ နေ့စဉ်ထောင်နဲ့ချီပြီး မူဆယ်(၁၀၅)မိုင်နဲ့ နယ်စပ်ကူးတဲ့ ဝမ်တိန်ဂိတ်ကြားမှာ ပိတ်ဆို့နေပါတော့တယ်။

တစ်ခါတစ်လေ တစ်ချို့ကားတွေဟာ အဲဒီကြားထဲမှာတင် (၅)ရက်နီးပါးလောက်ကျန့်ကြာနေပါတယ်။

ဒီကြားထဲ တရုတ်ပြည်ရဲ့ နိုင်ငံရေးကစားမှုကြောင့် အရင်နှစ်က ဂိတ်မှာ တရုတ်အရာရှိ(၂)ယောက်ထားပြီး အဝင်တုံးတွေထုပေးနေရာကနေ အခုလိုအချိန်မှာ ရုတ်ချည်း(၁)ယောက်ထဲ ထားလိုက်တော့ တရုပ်ပြည်ဘက်ကိုဝင်တဲ့ကားတွေက ပိုပြီး ပိတ်ဆို့မှုဖြစ်သွားခဲ့စေပါတယ်။

ပိုဆိုးစေတာကတော့ ဖရဲသီးတစ်လုံးရဲ့ သက်တမ်းဟာ (၁၀)ရက်ပဲရှိပါတယ်။ အဲဒီ(၁၀)ရက်မှာ (၇)ရက်ဆိုတာက အကောင်းဆုံးစားသုံးနိုင်တဲ့အနေအထားပါ။
 စစ်ကိုင်း တိုင်း ကဖရဲသီးတစ်လုံးဟာ မူဆယ်ရောက်ဖို့အတွက် အချိန်(၂)ရက်ကြပါတယ်။ နယ်စပ်မှာ (၅)ရက် ပိတ်မိတဲ့အတွက် ကိုယ့်နိုင်ငံထဲမှာတင် ဖရဲသီးတစ်လုံးရဲ့ အကောင်းဆုံးအချိန်ဖြစ်တဲ့(၇)ရက်ဆိုတဲ့သက်တမ်းကို ဖရဲသီးတွေဟာ ကားပေါ်ကနေ အချိန်ကုန်ဆုံးခဲ့ပါပြီ။

ဒီလိုနဲ့ ဟိုဘက်ကို ဖရဲသီးရောက်တဲ့အချိန်မှာ နွမ်းရိနေကာ တစ်ချို့ကားအောင်ခြေက အသီးတွေဆိုရင် ပုတ်ပြဲကာနီး ဖြစ်နေတဲ့အတွက် တရုပ်တွေရဲ့ မတရားဈေးနှိမ်ခံရတာမျိုးတွေ ၊ပယ်သီးအဖြစ်နဲ့ လွှင့်ပြစ်ခံရတာမျိုးတွေ ဖြစ်ခဲပြီး ဖရဲသီးတောင်သူတွေမှာ များစွာနစ်နာခဲ့ကြပါတယ်။

အရင်ကဆိုရင် (၂)ရက် (၃)ရက်နဲ့ တရုပ်ပြည်ကို အရောက်ပို့ပေးနိုင်တဲ့အတွက်  ဒီလိုဆုံးရှုံးမှုမျိုး မရှိခဲ့ပါဘူး။

သို့သော် ဒီနှစ်မှာတော့ (၈)ရက်ကျော်လောက် မလိုအပ်ဘဲ အချိန်တွေ ကျန့်ကြာနေတဲ့အတွက် နောက်ဆက်တွဲအဆင်မပြေမှုတွေအများကြီး ဖြစ်ခဲ့ရတဲ့အပြင် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုဖြစ်ရတာရဲ့ အဓိကပြဿနာက နှစ်ချက်ရှိပါတယ်။

ပထမအချက်က (၁၀၅)မိုင်နဲ့ ဝမ်တိန် (ကျင်စန်းကျော့)ဂိတ်အကြား နေ့စဉ်အစီးရေထောင်နဲ့ချီပိတ်ဆို့နေတဲ့ ကုန်ကားတွေပိတ်ဆို့မှုပါ။

ဒီလိုမဖြစ်သင့်တဲ့ပိတ်ဆို့မှုကြောင့် မိမိတို့နိုင်ငံဘက်ကတင်ပို့တဲ့သီးနှံတွေ ကုန်ပစ္စည်းတွေ ပုတ်သိုးမှုဖြစ်ပြီး မိမိတို့ဘက်ကတောင်သူတွေအပါအဝင် ရင်းနှီးမြုတ်နှံသူတွေကို တရုပ်ဘက်မှနေပြီး ဈေးနှိမ်ခြင်း၊ ကားအစီးလိုက်ပြန်လွှတ်ခြင်း စတဲ့မတရားခေါင်းပုံဖြတ်တာခံနေရတဲ့ပြင် တိုင်းပြည်အတွက်လည်း များစွာနစ်နာပြန်ပါသေးတယ်။

ဒီအတွက် ဒေသန္တရအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေက ကုန်ကားတွေပိတ်ဆို့မှုမဖြစ်အောင် စနစ်တကျရှင်းလင်းပေးဖို့သင့်ပါတယ်။

ဒုတိယပြဿနာက တရုတ်အဝင်မှာ ယခင်က ဝင်ခွင့်တုံးထုပေးတဲ့အရာရှိ(၂)ယောက်အစား ယခု(၁)ယောက်ထဲဘဲ လုပ်နေတာကို Goverment To Goverment .. ညှိနိုင်းမှုပြုလုပ်စေချင်ပါတယ်။

မိမိဘက်ကကုန်သည်တွေ၊ မိမိဘက်မှ ရင်းနှီးမြုတ်နှံသူတွေ ၊ ဒီလမ်းကြောင်းကြီးကို မှီခိုလုပ်ကိုင်စားသောက်နေရရှာတဲ့လူတွေ သန်းနဲ့ချီပြီးရှိပါတယ်။ သက်ဆိုင်နေတဲ့လူတွေအနေနဲ့ တာဝန်မမဲ့ဘဲ စာနာနားလည်မှုပေးစေလိုပါတယ်။

အထူးသဖြင့် ဖရဲသီးလို ပုတ်သိုးလွယ်သီးနှံတွေပေါ်မှာ အမှီပြုပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရရှာတဲ့ ဖရဲသီးစိုက်တောင်သူတွေအပေါ် စာနာနားလည်မှုပေးစေလိုပါတယ်။

Credit  ကိုခိုင်ဇော်https://www.facebook.com/199037473461517/posts/2226964077335503/


*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!