Popular Posts!

Wednesday, March 28, 2012

အွန်လိုင်းပေါ်မှ အခမဲ့ပညာရတနာသိုက်များ


   မူကြိုမှသည် ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
ပညာရေးကို ဘွဲ့ရပြီးတာနဲ့ လမ်းဆုံးလို့ သဘောမထားချင်သူတွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းမတိုင်မီ အလုပ်ထွက်ပြီး လုပ်နေရသူတွေအတွက် ပညာလမ်းကြောင်းဆက်စရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် တက်လမ်းတစ်ခုအနေနဲ့ဖြစ်စေ၊ အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်စေ အခမဲ့ သင်ကြားလေ့လာနိုင်တဲ့ ပညာလမ်းကြောင်းတွေရှိနေပါတယ်။ ခုခေတ်မှာ တက္ကသိုလ် အတော်များများနဲ့ ပညာရေးအဖွဲ့အစည်းတွေက အခမဲ့ အွန်လိုင်းပညာရေး၊ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလာကြတယ်။ အွန်လိုင်းပညာရေးဆိုတာ ပြဌာန်းချက် သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ လမ်းညွှန်မှုတွေ၊ ဖတ်စာအုပ် တွေနဲ့ အခိုင်အမာဖွဲ့စည်းထူထောင်လာကြတာကိုလည်း သတိထားမိတယ်။
အခမဲ့ပညာသင်ကြားရေးကြောင့် အိုးမကွာ၊ အိမ်မကွာ၊ အလုပ်အကိုင်မကွာနဲ့ ဘွဲ့ရသူတွေရှိလာပြီ။ ပိုက်ဆံ အကုန်အကျ သက်သာစွာနဲ့ ပညာရှာနိုင်တာဟာ နည်းပညာကြောင့်လို့ပြောရမှာပါ။ မရှိသေးသူတွေက အသစ်ရှာနိုင်တယ်၊ ရှိပြီးသားသူတွေကလည်း မရသေးတာ ထပ်ရှာနိုင်တယ်။ ဒါဟာ အွန်လိုင်းပညာရေးရဲ့ အနှစ်သာရလို့ပြောနိုင်တယ်။ ပိုက်ဆံမရှိလို့ ပညာမသင်နိုင်ဘူးဆိုတာတွေ၊ အချိန်မရလို့ ပညာမသင်ကြား နိုင်ဘူးဆိုတာတွေ ခေတ်သစ်မှာ လာမပြောပါနဲ့တော့။ အွန်လိုင်းပေါ်မှာ အခမဲ့ e-book တွေ၊ အခမဲ့ သင်ယူနိုင်တဲ့ ပညာဘဏ်တိုက်တွေ ရှိနေပါတယ်။

Code Year (http://codeyear.com/)


ကွန်ပျူတာ programming ဘာသာရပ်ကို သင်ကြားဖို့ မလွယ်ပါဘူးလို့ မပြောပါနဲ့။ Code Year က တစ်နှစ် အတွင်း အခြေခံ ပရိုဂရမ်းမင်းဘာသာရပ်ကို တတ်မြောက်စေရမယ်လို့ အာမခံထားတယ်။ ကိုယ်ပိုင် website တွေနဲ့ ကိုယ်ပိုင် application တွေ ရေးနိုင်ဖို့ code တွေ လေ့လာနိုင်စရာ အများကြီးပေးထားတယ်။ Code Year နဲ့ ပရိုဂရမ်မာဖြစ်သွားသူပေါင်း ခုဆိုရင် ၃၅၅၈၈၀ ဦးတောင်ရှိသွားပြီ။ အဲဒီအထဲမှာ နယူးယော့ခ် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်တောင်ပါတယ်။ နေ့စဉ် ၀င်လာပြီး လေ့လာနေသူတွေလည်း မနည်းဘူး။ Code Year ကို ဖန်တီးသူတွေက နယူးယော့ခ်မြို့ အခြေစိုက် Codeacademy ကဖြစ်တယ်။ ပရိုဂရမ်မင်း ဘာသာရပ်ကို အခြေခံကစပြီး လေ့လာသင်ယူနိုင်အောင် စီစဉ်ပေးနေတယ်။
ဒီ site မှာပေးထားတဲ့ သင်ခန်းစာတွေက သင်ကြားသူနဲ့ သင်ယူသူ အပြန်အလှန် ဆက်သွယ်သင်ယူနေရတဲ့ ပုံစံနဲ့ဖြစ်တယ်။ ကိုယ်တိုင်က မသိနားမလည်တဲ့ code တွေကို လေ့လာနေရတဲ့ ပုံစံမပေါက်ဘူး။ အရေး မပါတာတွေကိုလည်း ဝေ့၀ိုက်သင်မနေဘူး။ ခုမှစပြီး ပရိုဂရမ်းမင်းကို လေ့လာသူတွေ အတွက် JavaScript နဲ့စပြီး ရင်းနှီးအောင် လုပ်ပေးတယ်။ အဓိက ကတော့ လေ့ကျင့်ခန်းတွေများများလုပ်၊ များများ သင်ယူတဲ့ စနစ်ပဲ။ ပထမဦးဆုံး သင်ခန်းစာနှစ်ခုကို ပြီးတာနဲ့ ကျန်သင်ခန်းစာတွေကိုပါ ဆက်ပြီး လေ့လာချင် လောက်အောင် ဖြစ်သွားလိမ့်မယ်။ အခမဲ့ဆိုတော့ ချက်ချင်းဝင်ပြီး စမ်းကြည့်လိုက်စေချင်တယ်။

W3Schools (http://www.w3schools.com/)

Web developer တွေအတွက် အင်တာနက်မှာ အကြီးဆုံးလိုင်းတစ်ခုပါ။ Web developer မှာ အခြေခံ ရှိသူတွေကို ပိုပြီး တောက်ပြောင်သွားအောင် ပွတ်တိုက်ပေးနိုင်တယ်။ ကိုယ်ပိုင် website တစ်ခုဖြစ်အောင် ရေးချင်သူတွေအတွက် စမ်းသပ်နိုင်တဲ့နေရာ တစ်ခုလို့လည်း ဆိုနိုင်တယ်။
ဒီ site ထဲမှာ လေ့ကျင့်စရာ tutorial တွေ၊ ရည်ညွှန်းကိုးကားစရာတွေ အများကြီးထည့်ပေးထားတယ်။ အဲဒီအထဲမှာ HTML, CSS, XML, JavaScript, PHP, SQL စတဲ့ ပရိုဂရမ်းမင်း သင်ခန်းစာတွေ အများ ကြီးထည့်ထားတယ်။ ဒီလိုင်းက Code Year လို အခြေခံလောက်သင်တာမဟုတ်ဘူး။ အတိအကျ သင်ခန်းစာ တွေကို လေ့လာနိုင်အောင် ပြည့်စုံစွာ စီစဉ်ပေးထားတယ်။
ဥပမာ HTML သင်ခန်းစာမှာ ဘာသာရပ်အလိုက် ကဏ္ဍတွေခွဲထားတယ်။ အခြေခံ ကစပြီး XHTML အဆင့်အထိ တက်သွားနိုင်တယ်။ ဘာသာရပ်တိုင်းအတွက် ရည်ညွှန်း reference တွေကို အပြည့် ပေးထားတာကြောင့် ဆက်ပြီးလေ့လာစရာ လမ်းကြောင်းတွေ ပွင့်သွားလိမ့်မယ်။ ကိုယ့်အနေအထားက ပရိုဂရမ်းမင်းမှာ ဘယ်လောက်အဆင့်ရှိနေမှန်း မသိရင်လည်း မပူပါနဲ့။ သူ့မှာပေးထားတဲ့ ပဟေဠိတွေကို ဖြေကြည့်လိုက်ပါ။ ကိုယ့်အဆင့်ကို သိသွားပါလိမ့်မယ်။
Coding language တွေကို လေ့လာသင်ယူမှုပြီးမြောက်သွားပြီဆိုရင် လက်မှတ်တစ်ခုရနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စာမေးပွဲကြေးကိုသွင်းပြီး စာမေးပွဲဖြေရင် လက်မှတ်တစ်ခု ထုတ်ပေးတယ်။ စာမေးပွဲမှာ အနည်းဆုံး ၇၅ မှတ်တော့ ရအောင်ဖြေဖို့လိုတယ်။ ဖြေရမယ့် မေးခွန်းက ၇၀ ခုပါ။ မှားမှန်ရောထွေး အမှန်ရွေးရတဲ့ စနစ်နဲ့ ဖြေရမှာဖြစ်ပါတယ်။ အမှတ် ၉၅ ရာခိုင်နှုန်းနဲ့ အထက်ရရင် ထူးချွန်ဘွဲ့ (Excellency Degree) လက်မှတ်ထုတ်ပေးတယ်။

TED (http://www.ted.com/)

Ted Talk ထဲဝင်ပြီးတော့ တစ်ခုခုလောက် မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒီ site ထဲမှာ နည်းပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်း သုံးမျိုးကို လေ့လာနိုင်မယ်။ ၁၉၈၄ ခုနှစ် လောက်က Macintosh ကွန်ပျူတာသရုပ်ပြပွဲ တောင်တွေ့နိုင်တယ်။ ဒီ site ရဲ့ ထူးခြားချက်တစ်ခုက ဆုရရှိသူတွေရဲ့ မိန့်ခွန်းစကား ပေါင်း ၁၁၁၄ ခုကို ထည့်သွင်းပေးထားတယ်။ အပတ်စဉ်လည်း အသစ်တွေ ထပ်ဖြည့်ပေးထားတယ်။ ဒီ အထဲက ဗီဒီယိုရိုက် ကွက်တွေက လိုင်စင်ယူထားတာတွေဖြစ်လို့ ရှယ်ယာပြန်လုပ်နိုင်သလို၊ တစ်နေရာရာကို ပြန်ပြီးတော့ ပို့လို့ လည်းရတယ်။
ဒီလိုင်းမှာ ဆွေးနွေးချက်တွေကို စိတ်ဝင်စားဖွယ်နားထောင်နိုင်တယ်။ နည်းပညာ၊ ဒီဇိုင်းပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှုစတာတွေကို အနည်းဆုံး ၁၈ မိနစ်စာလောက် နားထောင်ပြီး ဗဟုသုတယူနိုင်တယ်။ Past Present ဆိုတဲ့ကဏ္ဍမှာ မိုက်ခရိုဆော့ဖ်က ဘေဂိတ်စ်၊ Google ကိုထူထောင်တဲ့ လာရီ ပိတ်ဂ်ျနဲ့ ဆာဂေး ဘရင်း၊ နိုဗယ်ဆုရသူတွေ၊ Amazon က ဂျက်ဖ် ဘီဇို့စ်၊ စတီဖင် ဟော့ကင်း၊ ဘီလ် ကလင်တန်နဲ့ ဂျိမ်း ဂွတ်ဒေါတို့ရဲ့ ပြောစကားတွေကိုလည်း စုဆောင်းပေးထားတယ်။

Massachusetts Institute of Technology (http://ocw.mit.edu/index.htm)

တက္ကသိုလ်အဆင့် စာရေး၊ စာဖတ်စွမ်းရည်ကို မတန်တဆငွေပေးစရာ မလိုဘဲရရှိ လေ့လာနိုင်မယ့် site ဖြစ်ပါတယ်။ MIT တက္ကသိုလ်ကနေ ဘွဲ့ကြို၊ ဘွဲ့တန်းတွေအတွက် အွန်လိုင်း course တွေကို OpenCourseWare program အနေနဲ့ http://ocw.mit.edu/index.htm မှာ အခမဲ့ တင်ပေးထားတယ်။ Course ပေါင်း ၂၀၀၀ ကျော်ရှိတယ်။ ဗိသုကာနှင့် ပုံဆွဲပညာ၊ အင်ဂျင်နီယာ၊ လူမှုရေးဘာသာ၊ ပန်းချီ၊ သိပ္ပံနဲ့ အခြား ဘာသာရပ်အတော်များများကို လေ့လာနိုင်စရာ တင်ပေးထားတယ်။
အွန်လိုင်းသင်တန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက Introduction to Computer Science and Programming, Physics I: Classical Mechanics, Linear Algebra, Single Variable Calculus, and Introduction to C++ စတဲ့ သင်ခန်းစာတွေပဲ ဖြစ်တယ်။ အချို့အတန်းတွေဟာ အပြန်အလှန် သင်ကြားရေးပုံစံ web demo သရုပ်ပြ ဗီဒီယိုသင်ကြားမှုစနစ်တွေဖြစ်တယ်။ အဲဒီအထဲမှာ ပြဌာန်းထားတဲ့ စာအုပ်တွေ အားလုံးကို MIT က ပါမောက္ခတွေရေးသား ပြုစုထားတယ်။ ဒီ ပရိုဂရမ်က သင်ကြားတဲ့ lecture တွေရဲ့ မှတ်စုတွေ၊ ထပ်မံလေ့လာရန် အကြံပြုထားတဲ့ စာအုပ်စာရင်းတွေ၊ ဗီဒီယိုတွေကို ဆက်လေ့လာနိုင် အောင် စီစဉ်ပေးထားတယ်။
Open education ကို MIT တက္ကသိုလ် တစ်ခုတည်း လုပ်နေတာမဟုတ်ပါဘူး။ Rice တက္ကသိုလ်က Connexions (http://cnx.org/) ၊ Michigan တက္ကသိုလ်က Open.Michigan (http://open.umich.edu/) ၊ Tufts တက္ကသိုလ်က Tufts OpenCourseWare (http://ocw.tufts.edu/) ၊ ဘာကလေမှာရှိတဲ့ California တက္ကသိုလ်က Webcast.berkeley (http://webcast.berkeley.edu/) နဲ့ New York တက္ကသိုလ်က Open Education Pilot (http://www.nyu.edu/academics/open-education.html) တွေမှာ လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။

iTunes U (http://www.apple.com/education/itunes-u/what-is.html)

iTunes U ထဲမှာ တက္ကသိုလ်ပေါင်း ၈၀၀ ကျော်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ဟောပြော ပို့ချချက်တွေကို စုဆောင်းတင်ပြထားပါတယ်။ စတန်းဖို့ဒ်၊ ယေးလ်နဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွေကပါသလို၊ MoMA, New York Public Library, Public Radio International နဲ့ PBS အသံလွှင့်ရုံက ဟောပြောပို့ချချက် တွေကိုပါရနိုင်တယ်။
ဒီ site မှာ အသံဖိုင်၊ ဗီဒီယိုဖိုင်နဲ့ ဟောပြောပို့ချချက်တွေအပြင် ဆလိုက်ရှိုး၊ PDF ဖိုင်၊ စာအုပ်၊ ရုပ်ရှင်၊ သရုပ်ပြ၊ အသံထွက် စာအုပ်တွေကိုလည်း ရယူနိုင်တယ်။
ဆရာတွေရဲ့ ဟောပြောပို့ချမှု အချိန်စာရင်း၊ သင်ရိုးမာတိကာ၊ ပို့ချချက်အကျဉ်း၊ သင်ယူမှုလမ်းညွှန်၊ မှတ်စုများ၊ မြေပုံတွေနဲ့ ပြဌာန်းစာအုပ်တစ်အုပ်လုံးကို PDF နဲ့ ePub format တွေနဲ့ရနိုင်တယ်။
တကယ်လို့ ကိုယ်က Apple ထုတ် iOS ကွန်ပျူတာနဲ့ ပစ္စည်းတွေကိုင်သူမဟုတ်ရင်လည်း စိတ်မပူပါနဲ့။ e-Reader တိုင်းမှာ အဲဒီဖိုင်တွေကို ဖတ်နိုင်ပါလိမ့်မယ်။

Khan Academy (http://www.pcmag.com/article2/0,2817, 2397123,00.asp)

Sal Khan ဆိုသူဟာ ယခင်က ငွေကြေးရံပုံ ငွေဆန်းစစ်သူဘ၀ကနေ အကျိုးအမြတ်မယူတဲ့ Khan Academy ကို ထူထောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ site မှာ အခမဲ့ ပညာရေးဗီဒီယိုပေါင်း ၂၇၀၀ ကျော် တင်ပေး ထားပြီး၊ သူကွယ်လွန်သွားချိန်အထိ ဒီလုပ်ငန်းကို ဆက်လုပ်သွားမယ်လို့ဆိုထားတယ်။ ဗီဒီယို သင်ကြားပို့ချမှု ထောင်ပေါင်းများစွာကို တင်ပေးနေတယ်။ ဘာသာရပ်တိုင်းကို လေ့လာနိုင်အောင် ကြိုးစားနေတယ်။
လက်ရှိ အမေရိကန်မူလတန်းအဆင့် သင်္ချာကနေ သိပ္ပံဘာသာတွဲတွေဖြစ်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စကြ၀ဠာ၊ ရှုပဗေဒဘာသာရပ်တွေကို တင်ထားတယ်။ သမိုင်းဘာသာရပ်ကို လည်း smarthistory (http://smarthistory.khanacademy.org/) နဲ့ပေါင်းပြီး သမိုင်းဆိုင်ရာဗီဒီယိုတွေကို စာကြည့်တိုက်တွေအတွက် စီစဉ်ပေးနေတယ်။ အကြောင်းအရာတွေကို ၁၀ မိနစ်ကနေ မိနစ် ၂၀ စာလောက်လေးတွေ စီစဉ်ပေးထားတယ်။ လေ့ကျင့်ခန်းတွေ၊ အကဲဖြတ်မှုတွေကိုလည်း စီစဉ်ထားတယ်။ သူ့ဗီဒီယို ဟောပြောပို့ချမှုတွေက စကားပြောဆွေးနွေး ချက်ပုံစံနဲ့ဖြစ်ပြီး သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို အမြင်သစ်၊ အသွင်သစ်နဲ့ လေ့လာတင်ပြထားတာတွေဖြစ်လို့ စိတ်ဝင်စားစရာကောင်းတယ်။

Peer 2 Peer University (http://p2pu.org/en/)

P2PU လို့ လူသိများတဲ့ ဒီ site ကို အခြေခံ လေ့လာစရာ open education ပရောဂျက် အနေနဲ့ လုပ်ဆောင် နေကြတာဖြစ်တယ်။ အစဉ်အလာ အဆင့်မြင့်ပညာရေးလမ်းဟောင်းမှသည် ဘ၀တစ်သက်တာပညာရေး သို့ဆိုတဲ့ အစီအစဉ်နဲ့ လှုပ်ရှားနေကြတာဖြစ်တယ်။
P2PU က အင်တာနက်ကနေ ပညာရေးဆိုင်ရာ သင်ထောက်ကူတွေကို အခမဲ့ ပေးနေပါတယ်။ Course တွေကိုတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းဆရာတွေကနေ ပို့ချပေးတယ်။ ကျောင်းသားတွေက အွန်လိုင်းက တစ်ဆင့်လေ့လာပြီးတော့ ကိုယ်ရရှိတဲ့ လေ့လာမှုတွေကို ပြန်ပြီး တုံ့ပြန်ချက် ပေးရတယ်။ သင်ယူမှုကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ရယူတုံ့ပြန်ဆွေးနွေးနိုင်တယ်။ သင်ခန်းစာတွေ ကလည်း Python programming ကနေ၊ ပုံဆွဲနည်းတွေအထိ ပြဌာန်းပေးထားတယ်။

University of the People (http://www.uopeople.org/)

ကုလသမဂ္ဂအစီအစဉ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ပူးပေါင်းထားတယ်။ University of the People မှာ Clinton Global Initiative, Yale Law School Information Society Project တွေလည်းပါဝင်ပြီး၊ ကမ္ဘာ့ပထမဆုံး အခကြေးငွေလွတ်၊ NGO အွန်လိုင်းပညာရေးတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တယ်။
ရည်ရွယ်ချက်က ကမ္ဘာ့ပြည်သူတွေ ပညာအရည်အသွေးမြင့်မားရေးအတွက်ပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေက ပြည်သူတွေကို အဓိကထားတယ်။
UofPeople ဟာ ဒီမိုကရေစီအဆင့်မြင့် ပညာရေးကို တက္ကသိုလ်အဆင့်အထိ ဖော် ဆောင်ပေးနိုင်ရေး ကိုလည်း ဦးတည်ထားတယ်။ အမှန်တော့ ဒီတက္ကသိုလ်က တရားဝင်ဖွဲ့စည်းထူထောင်ထားတာ မရှိပေမယ့် ၂၀၀၉ ခုနှစ်ကတည်းက ထူထောင်ထားပြီး နိုင်ငံပေါင်း ၁၂၅ နိုင်ငံက၊ အသက် ၁၈ နှစ်မှ ၇၂ နှစ်အတွင်း ကျောင်းသားပေါင်း ၁၃၀၀ ကျော်ကို လက်ခံသင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီအွန်လိုင်းတက္ကသိုလ်မှာ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပရိုဂရမ် လေးခု စီစဉ်ပေးထားတယ်။ အဲဒီဘွဲ့လေးခု ကတော့ Business Administration (A.S., B.S.) နဲ့ Computer Science (A.S., B.S.) တွေပဲဖြစ်တယ်။
UofPeople မှာတက်ချင်ရင် ကျောင်းသားတွေဟာ လျှောက်လွှာတင်ရတယ်။ အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူတွေဖြစ်ရမယ်။ အသက် ၁၈ နှစ်နဲ့ အထက်ဖြစ်ရမယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။
အခမဲ့ဆိုပေမယ့် လျှောက်လွှာတင်ရင် ၁၀ ဒေါ်လာကနေ ၅၀ ဒေါ်လာအထိ တစ်ကြိမ်၊ စာမေးပွဲကြေးကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိတစ်ကြိမ် ပေးသွင်းကြရတယ်။ အခကြေးငွေဟာ နေထိုင်တဲ့နိုင်ငံ အပေါ်မူတည်ပြီး ကွာခြားတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုပြီးသက်သာတယ်။

Academic Earth (http:/academicearth.org/)

အွန်လိုင်း ဗီဒီယိုပညာရေး site တစ်ခုဖြစ်ပါတယ်။ ယေးလ်၊ ဟားဗတ်၊ စတန်းဖို့ဒ်၊ ပရင့်စ် တန်၊ ယူစီ ဘာကလေနဲ့ MIT တက္ကသိုလ်တွေက ဟောပြောပို့ချချက်တွေကို ရယူနိုင်အောင်စီစဉ်ပေးထားတယ်။
ဗီဒီယိုဟောပြောပို့ချချက်ပေါင်း ၁၅၀၀ ကျော်တင်ထားပေးတယ်။ နေ့စဉ်လည်း အသစ်တွေကို တင်ပေးနေ တယ်။ အနုပညာ၊ ဗိသုကာ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိတ်ပညာ၊ မီဒီယာလေ့လာမှု၊ ဥပဒေဘာသာရပ်တွေကို လေ့လာသင်ယူနိုင်မယ်။
ဗီဒီယိုပို့ချချက်တွေဟာ အဆင့်မြင့်တယ်။ B အဆင့်လောက်ကစပြီး ကျောင်းသားရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သွားလိမ့်မယ်။ သမိုင်းကို ခရီးသွားရင်း ကားပေါ်၊ ရထားပေါ်မှာ လေ့လာသွားနိုင်တယ်။ ဒီလိုင်းကို ၀င်ချင်ရင် QuickTime application ကိုတင်ထားရတယ်။ ဒါမှ အင်တာနက်နဲ့ မဆက်သွယ်ချိန်မှာ download ယူထားတဲ့ သင်ခန်းစာတွေကို ပြန်ပြီး လေ့လာနိုင်လိမ့်မယ်။

CK-12 (http://www.ck12.org/flexbook/)

ရည်ရွယ်ထားတာက မူကြိုအဆင့်ကနေ ၁၂ တန်းအထိပါ။ NGO အနေနဲ့ လုပ်ထားတာ။ ရည်ရွယ်ချက်က ဖတ်စာအုပ်တွေကို မ၀ယ်ရအောင်လို့ပါ။ ဒါကြောင့် ဖတ်စာအုပ်တွေကို Web-base ဖတ်စာအုပ် တွေဖြစ်အောင် အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီး အွန်လိုင်းမှာတင်ပေးထားတယ်။ အဲဒီစနစ်ကို FlexBooks လို့ခေါ်ပြီး အွန်လိုင်းမှာ အခမဲ့ တင်ပေးထားတယ်။
အစီအစဉ်က ကျောင်းသုံးစာအုပ်တွေကို အခမဲ့ရရှိရေးဖြစ်သလို၊ လေ့ကျင့်ရေးအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေတယ်။ SAT, CK-12 တွေကိုလေ့လာနိုင်ပြီး SAT စာမေးပွဲအတွက်ပါ အခမဲ့ပြင်ဆင်နိုင်တယ်။ SAT စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်ရတာ ဈေးကြီးတယ်။ ဒီ site ကြောင့် ဒေါ်လာ ရာနဲ့ ချီပြီး သက်သာနိုင်တယ်။
သူတို့နိုင်ငံတွေမှာ ကျောင်းသုံးဖတ်စာအုပ်တွေကို အမြဲ update ဖြစ်အောင်လုပ်ပြီး ထပ်ထုတ်တတ်တယ်။ ဆရာတွေအတွက်လည်း ဒီ site ကြောင့် စာအုပ်ဖိုးသက်သာစွာနဲ့ လေ့လာနိုင်တယ်။ ဥပမာ ပလူဆိုဂြိုဟ်ကို ဂြိုဟ်ကြီးကိုးလုံးကနေ အဆင့်နှိမ့်လိုက်တုန်းက ကျောင်းသုံးပြဌာန်းချက်တွေကို ပြန်ပြင်ရတယ်။ အဲဒီ အဆင့်မြှင့်တာ တစ်ခုတည်းနဲ့ ကျောင်းသုံးစာအုပ်ပြန်ထုတ်တာတွေကို ၀ယ်ရရင် ပိုက်ဆံတွေအများကြီး ထပ်ကုန်တယ်။ အွန်လိုင်း FlexBooks ကြောင့် အခမဲ့ရယူလေ့လာနိုင်တယ်။
တင်ညွန့်

မောက္ခပညာရေးမဂ္ဂဇင်း

ဘေလီတံတား အနီး ရပ်ကွက်များ တွင် အိမ်၊ခြံ၊ မြေဈေး ထိုးတက်

20 Mar 2012 |By Venus News Journal 
ဘေလီတံတား အနီး ရပ်ကွက် များတွင် အိမ်၊ခြံ၊မြေဈေး တစ်ဟုန်ထိုးတက်ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ဘေ လီ တံ တား တိုးချဲ့ ဖောက်လုပ်မှု ကြောင့် တံတား အနီးရှိ ရပ်ကွက် များတွင် အိမ်၊ ခြံ၊ မြေများသာ အရောင်းအဝယ် ဖြစ်နေ သည်ဟု ဒဂုံ မြို့သစ် မြောက်ပိုင်း အခြေစိုက် အိမ် ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ စုံစမ်း သိရှိရသည်။
"ပင်လုံ လမ်းမကြီး ပေါ်မှာ အခုချိန်ဆို သိန်း(၂၅၀ဝ) အထိပေးပြီး ဝယ်နေ ကြတယ်၊ အခုတော့ ဈေးက နည်းနည်း ငြိမ်နေပါပြီ၊ တံတား ဖောက်လုပ်ချိန် နှင့် အိမ်၊ ခြံ၊ မြေ ဈေးတက်ချိန်နဲ့ သွားပြီးတိုက်ဆိုင် တော့ ဈေးက အဆမတန်တက် လာတာ၊ ဖေဖော်ဝါရီနဲ့ မတ်လမှာ အမြင့်ဆုံး ဈေး နီးပါး ရောက်ပြီးတော့ မှပြန်ငြိမ်သွားတယ်"ဟု ပါရမီလမ်း (၁၆)ရပ်ကွက်၊ လှိုင်မြိုင်နယ်ရှိ မင်း မဟာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးမင်းမင်းက ပြောသည်။
"တံတားဖောက်လုပ်လိုက် တော့ ပင်လုံလမ်းမကြီးနားက အိမ် တွေဆိုရင် သိန်း ၁၀ဝ၀ လောက် ဈေးတက်လာတယ်။ ဒါပေမယ့် အဲ့ လောက်ကြီး အရောင်းအဝယ်မဖြစ် ပါဘူး။ သိန်း ၁၅၀ဝကနေ သိန်း၁၇၀ဝ လောက်ဆိုရင်တောင်ဝယ် တဲ့သူက အဲလောက်မရှိဘူး။အိမ်ရှင် မြေရှင်တွေကသာ ဈေးတွေခေါ် တာ။ ဒါပေမယ့် အရောင်းအဝယ် ဖြစ်ရင် ဒီလောက်ဈေးနဲ့ မဟုတ် ဘူး"ဟုမြောက်ဒဂုံစက်မှုဇုန်ရှိ ရွှေ မြန်မာစံ အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးကျော်စိုးသန်း က ပြောသည်။
ယခုကဲ့သို့ ဘေလီတံတား အနီးရှိ ရပ်ကွက်များ၏ အိမ်၊ ခြံ၊ မြေဈေးကွက် မြှင့်တက်လာရခြင်း မှာ ယခု နှစ်ဆန်းပိုင်းလောက်မှ စတင်ခြင်းဖြစ်၍ အစပိုင်းတွင် ဝယ် ယူသူအနည်းအကျဉ်းရှိပြီး ယခု အချိန်တွင် ဝယ်ယူသူအလွန်နည်း ပါးပြီး အရောင်းမဖြစ်ဟု တာမွေ မြို့နယ်ရှိ စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးရန် အောင်က ဆိုသည်။
ပြည်ထောင်စု လမ်းမကြီး အနီးရှိရပ်ကွက်၏ အိမ်၊ ခြံ၊ မြေဈေး ကွက်မှာ ယခင်ဘေလီတံတား တိုး ချဲ့ဖောက်လုပ်မှုမပြုခင်က အမြင့် ဆုံးမှာ သိန်း(၁၂၀ဝ) အထိသာရှိ၍ ယခု ဘေလီတံတားတိုးချဲ့ဖောက် လုပ်ပြီး နောက်ပိုင်းမှစ၍ အနိမ့်ဆုံး သိန်း ၁၀ဝ၀ မှ အမြင့်ဆုံး ၃၅၀ဝ နီးပါးအထိရှိသည်ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်နေသူများ ထံမှ သိရ သည်။
ထိုကဲ့သို့ပင် ဗိုလ်မှူးဗထူးလမ်း၌ ခြောက်လမ်းသွား လမ်းမ ကြီးဖောက်လုပ်မှုကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာသိန်း ၁၀ဝ၀ အထိ မြင့်တက်လာပြီး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အခြေအနေမှာ ပုံမှန်သာ ရှိနေသည်ဟု ရွှေမြန်မာစံ မှ ကိုကျော်စိုးသန်းက ဆိုသည်။
"ပထမကတော့ အဝယ်တွေ ရှိသေးတယ်၊ နောက်ပိုင်းကြတော့ ဈေးသက်သာမှ ဝယ်ကြတာများ တယ်။ သိန်း ၁၄၀ဝ၊ ၁၅၀ဝ ဆို ဝယ်ကြသေးတယ်။ သိန်း ၁၇၀ဝ ဆိုရင်မဝယ်ကြတော့တာများတယ်" ဟု မင်းမဟာအိမ်ခြံမြေလုပ်ငန်းမှ ဦးမင်းမင်းကဆက်လက်ပြောသည်။
ဗိုလ်မှူးဗထူးလမ်းအနီးရှိ ရပ် ကွက်တွင် ယခင်က သိန်း ၈၀ဝ ပတ်ချာလည်မှ ယခုသိန်း ၁၂၀ဝ ကျော်အထိ ဈေးခေါ်သူများရှိနေ သည်ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးရန် အောင်က ပြောသည်။
အချို့အိမ်ရှင် များသည် သိန်း ၂၀ဝ၀ အထက်ထိ ဈေးခေါ်နေသောကြောင့် အရောင်း အဝယ်မဖြစ်ဘဲရှိနေပြီး အချို့ရင်းနှီး မြှပ်နှံမှုပြုလိုသူများကလဲ အိမ်၊ ခြံ၊ မြေများဝယ်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားသည်ဟု မြောက်ဒဂုံအခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း လုပ်နေသူများကပြောကြားသည်။
ညိမ်းပြည့်စုံ-Venusnes
Ref:yoyalay

တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း

   ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ၀င်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား ၀င်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ၀င်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇၀ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂၀ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀၀ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ၀ယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ၀င်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။

သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။
EMG
Ref:thithtoolwin

Tuesday, March 27, 2012

အခွန် ဥပဒေသစ် ဝင်ငွေနည်းသူတို့ သက်သာမည်

တနင်္လာ, 26 မတ် 2012-By သိဂီ င်္ထိုက်

ဓာတ်ပုံ REUTERS
    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အသစ်ကျင့်သုံးမယ့် အခွန်ဥပဒေ နဲ့ ပတ်သက်ပြီး ဘဏ္ဍာ အခွန် ဒုတိယ ၀န်ကြီး ဦးဝင်းသန်းက တနလာင်္နေ့က ရန်ကုန်မြို့က ကုန်သည်ကြီးတွေကို ရှင်းပြပါတယ်။ ၀င်ငွေခွန် ဥပဒေ အရ တနှစ် ၀င်ငွေ (၁၄) သိန်း ရသူတွေကို အခွန်စည်းကြပ်မှာ ဖြစ်ပြီး ကုန်သွယ် လုပ်ငန်းခွန် နဲ့ ပတ်သက် ပြီးလည်း အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။
ဧပြီလမှာ စတော့မယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၀င်ငွေခွန် နဲ့ ကုန်သွယ် လုပ်ငန်းခွန် တွေကို အစိုးရက ပြောင်းလဲ စည်းကြပ် တော့မှာ ဖြစ်ပါတယ်။ အရင်က အခွန် ဥပဒေ ဟောင်းမှာ တနှစ်ကို ၀င်ငွေ ၃ သောင်း ရှိသူ တွေကို အခွန်စည်းကျပ်တာ ဖြစ်ပေမယ့် အခု ဥပဒေ အသစ်မှာတော့ တနှစ်ကို ၀င်ငွေ ၁၄ သိန်း လောက် ရသူတွေကိုဘဲ စည်းကြပ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သက်သာခွင့် တွေကိုလည်း သီးခြား ပြဌာန်းထား တယ်လို့ ဆိုပါတယ်။ တနလာင်္နေ့ ရန်ကုန်က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဦးခင်မောင်ညို ဘောဗေဒကတော့ အခုလို ပြောပါတယ်။
        “တစ်နှစ်ကို ခါတိုင်းက သုံးသောင်းလေ။ သုံးသောင်းဆိုရင် အခွန်ဆောင် ရပြီလေ။ အခုဟာက ဝန်ထမ်း ဆိုရင် တစ်နှစ်ကို ၁၄ သိန်းလောက် ကျမှ ဆောင်ရတယ်။ ပြန်တမ်းဝင် ဝန်ထမ်းပေါ့ဗျာ။ ပြန်တမ်းဝင် အရာရှိမှ စ ဆောင် ရတဲ့ သဘောဘဲ။ ဒါတောင်မှ သက်သာခွင့်တွေ ဘာတွေ ရှိသေးတယ်။ အခွန် နှုန်းထားက တစ် ရာခိုင်နှုန်းကနေ ပြီး ၂၀ ရာခိုင်နှုန်း အထိ ဒါက သက်သာခွင့်တွေ အပေါ်ကမှ သက်သာခွင့်တွေ ပေးဦးမှာ။ ဇနီးအတွက် တို့ ဟိုဒင်း အတွက်တို့လေ။ သက်သာခွင့်တွေ ပေးဦးမှာ။ သက်သာခွင့် တွေ ပေးပြီးတော့ မှ စည်းကြပ်မှာ။ အဲဒီတော့ တစ်ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်း အထိ၊ ၂၀ ရာခိုင်နှုန်း ဆိုတာ တော်တော် များပါတယ်။ သိန်း ၂၀၀ ကျော်မှ ၂၀ ရာခိုင်နှုန်း။”
        ဒီဥပဒေ အသစ်အရ အစိုးရ ၀န်ထမ်းတွေ အနေနဲ့ တနှစ် ၀င်ငွေကို အတိအကျ ရှိပေမယ့် ပုဂ္ဂလိက ၀န်ထမ်းတွေ လုပ်ငန်းရှင်တွေကို အတိအကျ ၀င်ငွေခွန် စည်းကျပ်ဖို့မှာတော့ ပြည်သူ လူထုရဲ့ ပူးပေါင်း ပါဝင်မှုပေါ်မှာ မူတည် နေတယ်လို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။ အခွန် မဆောင်သူတွေ အခွန်ရှောင်သူ တွေကို အစိုးရ အနေနဲ့ ဥပဒေကြောင်း အရ ဘယ်လို ထိန်းချုပ် ကြပ်မတ် မလဲ ဆိုတာ ကိုတော့ ရှင်းလင်းပွဲမှာ အသေးစိတ် မပြောခဲ့ပါဘူး။ အခု ထွက်လာတဲ့ ဥပဒေသစ် အကောင်အထည် ပေါ်လာဖို့မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်က ပူးပေါင်းပါဝင်မှုက အရေးကြီးတယ် ဆိုပြီးလည်း ဦးခင်မောင်ညိုက ပြောပါတယ်။
      “လစာ ထုတ်ပေးတဲ့သူ က မှန်မှန်ကန်ကန် လုပ်ရင်တော့ ဘယ်သူ့ကို ဘယ်လောက် ကောက်ရမယ်။ ဘယ်သူ့ အတွက် ဘယ်လောက် ဖြတ်ရမယ် ဆိုတာ အကုန်လုံးက တိတိကျကျ သတ်မှတ် ထားပြီးသား။ ဇနီး တစ်ယောက် အတွက် နောက်တခါ ခလေး တစ်ယောက် အတွက် အကုန်လုံးက သတ်မှတ် ထားပြီး သားတွေ။ အဲဒီ အပေါ် လုပ်ထုံး လုပ်နီးက ဘာမှ မခက်ဘူး။ တစ်ခုဘဲ ကုမ္ပဏီတွေ က လုပ်ပေးမလား၊ မလုပ်ပေးဘူးလား။ အဲဒါပဲ။”
      (၁၉၉၀) က ပြဌာန်းခဲ့တဲ့ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေကို ဖျက်သိမ်းပြီး အခု အသစ် ပြဌာန်းတဲ့ ကုန်သွယ် လုပ်ငန်းခွန် မှာတော့ သာမန် ကုန်စည်တွေ အမျိုးအစား (၇၀) အတွက် ငါး ရာခိုင်နှုန်း သာ အခွန် စည်းကြပ် မှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေတဲ့ ကုန်စည်တွေ၊ ကျန်းမာရေး ထိခိုက်စေတဲ့ ကုန်စည်တွေ ဒါတွေကိုတော့ အထူးကုန်စည်တွေ အဖြစ် သတ်မှတ်ပြီး (၃၀) ရာခိုင်နှုန်းကနေ (၁၀၀) ရာခိုင်နှုန်း အထိ ကောက်ခံမှာ ဖြစ်တယ်လို့ ဥပဒေ အသစ်မှာ ဖော်ပြထားပါတယ်။
       “အခွန်က နှစ်မျိုးဘဲ ခွဲတယ်။ တစ်ခု က ငါး ရာခိုင်နှုန်း ကောက်တဲ့ ဟာ။ နောက်တစ်မျိုးက …ငါးရာခိုင်နှုန်း ထဲမှာ အမျိုး (၇၀) လောက်ပါတယ်။ နောက် အထူးဆိုတဲ့ ဟာကျတော့ ၅၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း … ကျောက်စိမ်းတို့ ဘာတို့ ဆိုရင် ၃၀ ရာခိုင်နှုန်း၊ အရက် ဆိုရင် ၅၀ ရာခိုင်နှုန်း၊ စီးကရက်ဆိုရင် ၁၀၀ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင်တို့ ဘာတို့၊ နောက် မော်တော်ကား ဆိုရင် ၂၅ ရာခိုင်နှုန်းပေါ့။ အဲဒီ ဟာတွေကို တော့ သူက အထူး ကုန်စည် လို့ သတ်မှတ်ပြီးတော့ ကောက်တာ။ အဲဒီ ဟာတွေကတော့ များတယ်။”
       (၁၉၇၄) က ပြဌာန်းခဲ့တဲ့ ၀င်ငွေခွန် ဥပဒေကို ဖျက်သိမ်းပြီး အခု ၀င်ငွေခွန် ဥပဒေသစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ အခု ၀င်ငွေခွန် ဥပဒေက ဖြေလျှော့လာတဲ့ သဘောရှိ ပေမယ့် လူထု အနေနဲ့ အခွန်ဆောင် လာဖို့ကတော့ ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုသလို အစိုးရ အနေနဲ့လည်း ဥပဒေကြောင်းအရ ကြပ်မတ် လုပ်ဆောင်ဖို့လည်း လိုတယ်လို့လည်း ပြောဆိုကြပါတယ်။
Ref:voaburmese

စင်ကာပူမှ ဆောက်လုပ်ရေးအလုပ်အကိုင်များနှင့် မြန်မာများ

မောင်သာမန် - ဇန်န၀ါရီ ၁၇၊ ၂၀၁၂

နိဒါန်း
နိုင်ငံတနိုင်ငံတည်ဆောက်လျှင်၊ ဆောက်လုပ်ရေးအားဖြင့် စတင် ရ သည်။ ၁၂ ထပ်တိုက်တလုံးကို လပိုင်းအတွင်း ပြီးအောင်ဆောက် နိုင် သည်။  ကုန်တိုက်ကြီးတခု၊ ကွန်ဒိုမီနီယံ အထပ် ၄၀ တိုက်ကြီးလည်း တနှစ်အတွင်း ပြီး အောင်ဆောက်နိုင်သည်။ စက်မှု Industrial Building တစ်ခုကိုလည်း တနှစ်အတွင်းပြီးအောင်ဆောက်ပြီး ငှားစားနိုင်သည်။ Developer ဆိုသူများသည် အစိုးရထံမှ ဆောက်လုပ်ခွင့်ပါမစ်များကို ရယူပြီး၊ နိုင်ငံခြားအလုပ်သမား၊ အင်ဂျင်နီယာများဖြင့် တနှစ်အတွင်းတည်ဆောက်ပြီး ရောင်းချကာ၊ အမြတ်ငွေ သန်းနှင့်ချီရရှိသွားသည်။ အလုပ်သမား၊ ကန်ထရိုက်တာများလည်း ၀ိုင်းဝန်း ပါဝင်၊ လစာရ၊ ငွေရွှင်ကြသည်။
အဆောက်အဦး၊ ရှော့ပင်စင်တာများ၊ လူနေကွန်ဒိုများ ဆောက်လုပ်ရေးသည် မခက်ခဲလှပါ။ တစ်နှစ်အတွင်း ပြီးနိုင်သည်။ သို့သော် စက်ရုံ အလုပ်ရုံများဆောက်ရာတွင် အဆောက်အဦးမှာ တနှစ်ကျော်ကျော်ဆောက်ရသည်။ Infra-structure ရေ၊ မီး၊ အဲယားကွန်း၊ ဓာတု၊ ဓာတ်ငွေ့များ၊ ရေသန့်လုပ်ငန်းများလည်း ဆောက်ရသောကြောင့် ပိုမိုကြာသည်။ စက်ရုံအပြီးတွင် စက်များကို အထဲထည့်ပြီး၊ ကုန် ထုတ်လုပ်ရေးအတွက် စမ်းသပ်ရသည်။ ထို့ကြောင့် စက်ရုံဆောက်ပြီး၊ ကုန်ထုတ်လုပ်ငန်း စနိုင်သည်အထိ အနည်းဆုံး (၃) နှစ်ခန့် လိုအပ် သည်။
စက်ရုံထက် ပိုခက်သော ဆောက်လုပ်ရေးလုပ်ငန်းမှာ အဝေးပြေးလမ်းမကြီးများ၊ လေယာဉ်ကွင်းကြီးများ၊ မီးရထားလမ်းမကြီးများ စသည် တို့ကို မြေပေါ်၊မြေအောက် ဥမင်များ၊ တံတားကြီးများကိုလည်း ဆောက်ရသောကြောင့် ၁၀ နှစ်ခန့် အချိန်ပေးရပါသည်။ ဆင်းရဲသောနိုင်ငံ များတွင် ထိုသို့အဝေးပြေးလမ်းမဆောက်ရန် ငွေအားများစွာလိုအပ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမား၊ အင်ဂျင်နီယာများ၊ မန်နေဂျာများအတွက် စင်ကာပူတွင် လစာအနည်းဆုံးဖြစ်သည်။ အ လုပ်သမားတစ်ဦး တစ်လ ဒေါ်လတစ်ထောာင်ခန့်ရပြီး၊ အင်ဂျင်နီယာတစ်ဦး လစာ ၂ ထောင်၊ မန်နေဂျာ လစာ ၄ ထောင်ခန့် ဈေးပေါက်ပါ သည်။
● စင်ကာပူဆောက်လုပ်ရေး ၂၀၀၈
ပြီးခဲ့သော ၂၀၀၈ ခုနှစ်က စီးပွားရေးကပ်ကြီးဖြစ်ချိန်တွင် စင်္ကာပူတကျွန်းလုံး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရသည်။ နိုင်ငံခြား အလုပ်သမားများ အလုပ်မရှိသောကြောင့် ပြည်တော်ပြန်ရသည့်အချိန်ကာလတွင်၊ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းကြီး (၂) ခုကို အ မြန်ဆုံးပြီးအောင် လုပ်ဆောင်စေသည်။ ထို (၂) ခုမှာ ….
၁။ ကာစီနိုဆောက်လုပ်ရေး (Marina Bay Sands – S$8 billions နှင့် Resorts World Sentosa S$6 billions) စုစုပေါင်း ဒေါ်လာ ၁၄ ဘီလျှံ ပရိုဂျက်။
၂။ ဆိုလာပင်နယ် Solar Panel – Semiconductor Manufacturing S$6 billion ပရိုဂျက်တို့ဖြစ်ကြသည်။
● ကာစီနို (၂) ခု ဆောက်လုပ်ရေး
ကာစီနိုမှာ နိုင်ငံတိုးတက်လာသည်နှင့်အမျှ အသုံးစရိတ်လည်းကြီးမားလာရာ၊ လောင်းကစားလုပ်ခွင့်ပေးခြင်းဖြင့် အခွန်ကောက်ပြီး၊ ဘတ် ဂျက်ဖြည့်တင်းရန်ဖြစ်သည်။ ထိုလုပ်ငန်းကို လေလံဆွဲရာတွင် အမေရိကန်၊ လာစ်ဗွီဂတ်ကုမ္ပဏီကြီးက Marina Bay Sands ကိုရရှိပြီး၊ မလေးရှားမှ ဂျန်တင်းဟိုက်လင်းကုမ္ပဏီကြီးက Resorts World Sentosa ကို လေလံဆွဲရရှိသွားသည်။ ဦးစားပေးအလုပ်မှာ လောင်း ကစားပွဲအမြန်စတင်ပြီး ၀င်ငွေမြန်မြန်ရရှိရေးဖြစ်သည်။
စင်ကာပူတွင် ကာစီနိုဆောက်လုပ်ရန် အခြေအနေဖြစ်လာပုံက ရယ်စရာကောင်းသည်။ တိုးတက်သောတိုင်းပြည်တွင် သုံးငွေက ပိုများ လာသောကြောင့် ၀င်ငွေပိုရရန် နည်းမျိုးစုံစဉ်းစားရသည်။ နောက်ဆုံးတွင် ရယ်စရာစကားအရ အသုံးစွဲကြီးသောအိမ်တခုတွင် ဖဲဒိုင်ခံပြီး အကောက်ကောက်ရသလို ဖြစ်သွားသည်။ ယခင်အစိုးရများက ကာစီနိုကို ကန့်ကွက်သော်လည်း၊ ယခုအခါ ကာစီနိုပရိုဂျက်ကို လွှတ် တော်တွင် မဲခွဲအနိုင်ရရန် ကြံဖန်ရသည်။ ဘာသာရေး၊ လူမှုရေးအသင်းဖွဲ့များက အပြင်းထန်ကန့်ကွက်သည်။ ပြည်သူများ လောင်းကစားပွဲ ကြောင့် မိသားစုပြဿနာ၊ ရာဇ၀တ်မှုများစွာပေါ်လာနိုင်သည်ဆိုကာ ယခင်ကဖွင့်ခွင့်မရပါ။ ယခုအခါ ပါလီမန်တွင် အချေတင်ပြောဆိုခွင့် ပေးလိုက်သည်။ ပါလီမန်နှင့် သတင်းစာလူထုအော်သံများတွင် ကာစီနိုမကောင်းကြောင်း များစွာရေးကြသည်။ ပါလီမန်တွင်လည်း မလုပ် သင့်ကြောင်း အကြောက်ကန်ဆွေးနွေးကြသည်။ နောက်ဆုံးတွင် စင်ကာပူလူမျိုးများ ကာစီနိုမသွားရေးအတွက် ၀င်ကြေး ဒေါ်လာ ၁၀၀ သတ်မှတ်မည်။ သာမန်ဆင်းရဲသားများ လာပြီး၊ ဖဲရှုံး၊ ဒုက္ခမရောက်စေရန် ၀င်ကြေးဈေးကြီးကြီး သတ်မှတ်ပေးမည်။ ကာစီနို ၂ ခုလုပ်မည်ဟု ကြေညာလိုက်သည်။ လူများစိုးရိမ်မှုအားလုံးနီးပါးကို အစိုးရကကြိုတင်ကာကွယ်နည်းများစွာလုပ်ပေးကာ ပြည်သူများ၊ ဘာသာရေး၊ လူမှု ရေးအဖွဲ့အစည်းများကို ချွေးသိပ်နိုင်ခဲ့သည်။ ၂ နှစ်အတွင်း ကာစီနို ၂ ခု အပြိုင်ဆောက်လုပ်ပြီးစီးကာ လောင်းကစားပွဲများကျင်းပပြီး ၀င်ငွေ ရရှိလာသည်။ ကာစီနိုနှင့်တပြိုင်တည်း အမျိုးသမီးကြိုက် ရှော့ပင်စင်တာများ၊ ကလေးကြိုက် ဝေါ့ဒစ်စနေ၊ ယူနီဗာဆယ်စတူဒီယိုပြခန်း စသည့် ကမ္ဘာကျော် Entertainment များစွာကို တဖြေးဖြေးဆောက်ယူရသည်။
အမေရိကန်၊ လာစ်ဗွီဂတ်ကုမ္ပဏီကြီး၏ Marina Bay Sands ကာစီနို

မလေးရှားမှ ဂျန်တင်းဟိုက်လင်းကုမ္ပဏီကြီး၏ Resorts World Sentosa ကာစီနို
● ဆိုလာဆဲ စက်ရုံ
အစိမ်းရောင်စွမ်းအင် Green Energy ခေတ်စားလာချိန် ဥရောပ၊ အမေရိကား အိမ်များသည် ဆိုလာပင်နယ်များအားဖြင့် ညမီးများထွန်းရန် ကြိုးစားလာသည်။ ထိုအချိန်တွင် နော်ဝေး (ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ) မှ REC ဆိုသောကုမ္ပဏီသည် ဆိုလာစက်ရုံကို စင်ကာပူတွင် တည် ထောင်ရန်၊ နော်ဝေပြည်သူလူထုထံမှ ရှယ်ရာရောင်းပေးသည်။ ရောင်းရငွေ US$ 6.2 billions ရရှိပြီး ပရိုဂျက်စတင်သည်။ စင်ကာပူတွင် ဆိုလာဆဲပင်နယ်များကို စီမီးကွန်ဒက်တာနည်းလမ်းဖြင့် စက်ရုံတည်ထောင်ပြီး၊ စင်ကာပူတွင် အစအဆုံး ထုတ်လုပ်မည့်ပရိုဂျက်ဖြစ်သည်။
နော်ဝေးနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံကြွယ်ဝခြင်းတွင် Human Resources & Natural Resources နှစ်မျိုးစလုံးလို သည်။ စင်ကာပူ၊ ဟောင်ကောင်း၊ ဆွဒ်ဇာလန်တို့ကဲ့သို့ Human Resources တစ်ခုတည်းနှင့် ချမ်းသာသောနိုင်ငံများမှာ ချွင်းချက်ဖြစ် သည်။ နော်ဝေးနိုင်ငံသည် ရှေးယခင်ကတည်းက အေးချမ်းစွာနေထိုင်သော စကင်ဒေနီးဗီးယန်းနိုင်ငံဖြစ်သည်။ နော်ဝေးနိုင်ငံ အော်စလိုမြို့မှ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုပေးသည်။ မူလကတည်းက စစ်စရိတ်မသုံးပဲ၊ ကြားနေနိုင်ငံဖြစ်သောကြောင့် ကြွယ်ဝအေးချမ်းသည့် နိုင်ငံသည် ၁၉၆၀ နောက်ပိုင်းတွင် ကမ်းလွန်ရေနံထွက်ပြီး တစ်နှစ်လျှင် ရေနံ၊ ဓာတ်ငွေ့ရောင်းချငွေ US $ 200 billions ရရှိလာသည်။ လူဦးရေ (၆) သန်းမျှရှိသောနိုင်ငံကလေးသည် ကမ္ဘာ့အကြွယ်ဝဆုံးနိုင်ငံဖြစ်နေသည်။ ပြည်သူများထံမှ အစိုးရထောက်ခံချက်ဖြင့် REC ကုမ္ပဏီမှ အစုရှယ်ယာတောင်းခံသောအခါ၊ မိမိတို့စုဆောင်းငွေများကို ထိုကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံကြသည်။ Solar Cell business semiconductor factory ကို စင်ကာပူတွင်တည်ဆောက်ရန် ငွေအရင်းနှီးရရှိခဲ့သည်။
ထိုလုပ်ငန်းသည် အမြတ်ထွက်ဖို့မလွယ်ကြောင်းသိသိနှင့် နော်ဝေးနှင့်စင်္ကာပူ နှစ်နိုင်ငံပေါင်းပြီး REC ပရိုဂျက်ကို အကောင်အထည်ဖော် ခဲ့သည်။ နော်ဝေးနိုင်ငံသားများ အိမ်တိုင်း သူတို့အိမ်အမိုးတွင် Solar Panel ဆိုလာပင်နယ်များတပ်ဆင်ထားပါက ဒေါ်လာ ၅၀၀၀ မျှသာ ကုန်ကျမည်။ သူတို့အတွက် ထိုငွေပမာဏမှမပြောပလောက်ပါ။ ညအချိန်တွင် ဆိုလာပင်နယ်မှ လျှပ်စစ်ဓါတ်အားဖြင့် မီးတိုင်များ လင်းနေ ပါက နော်ဝေးအိမ်ရှင်များစိတ်ပျော်ကြမည်။ အနှစ် ၃၀ ခံအောင် ဆိုလာပင်နယ်ကို စီမံပြုလုပ်ထားသည်။ တရုပ်လုပ် ဈေးသက်သာသော ဆိုလာပင်နယ်များ ဥရောပသို့မရောက်လာရေးအတွက်လည်း Certificate, Class Approval များဖြင့် ကာကွယ်ထားမည်ဖြစ်သောကြောင့် သေချာပေါက် အမြတ်ရမည်ထင်ရသည်။ စင်ကာပူသည် အနှစ် ၄၀ အတွင် စီးပွားရေး၊ ပွဲစားလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာခြင်းကိုလည်း နော်ဝေးနိုင်ငံသားများက အထင်ကြီးကြသည်။ ထို့ကြောင့် Investment S$ 6 billions မှာ REC အတွက် သိပ်မခဲယဉ်းလှပါ။ စင်ကာပူ ကလည်း သူ့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံအောင် Investors များကို လိုက်လံချဉ်းကပ်ရသည်။ REC ပရိုဂျက် (၃) နှစ်အတွက် အလုပ်သမား တသောင်းကျော်အလုပ်ရပြီး၊ စင်ကာပူလုပ်သော ဆိုလာပင်နယ်များကို နိုင်ငံခြားထုတ်ရောင်းချခြင်းဖြင့် ကမ္ဘာ့ပထမဆုံး၊ အကြီးဆုံး အမြတ်အစွန်းရသော ဆိုလာပင်နယ်စက်ရုံအဖြစ် နာမည်ကျော်မည် မျှော်မှန်းခဲ့ပါသည်။ သို့သော် မှန်းချက်၊ နှမ်းထွက်မကိုက်လှပါ။ တကယ်တော့ ဈေးချိုသော တရုတ်နိုင်ငံထုတ်ဆိုလာပင်နယ်များကိုမပြိုင်နိုင်သောကြောင့် REC ကုမ္ပဏီသည် ၂၀၁၀ နောက်ပိုင်းတွင် အကြီးအကျယ်အရှုံးပေါ်လျှက်ရှိသည်။ ကမ္ဘာ့စွမ်းအင်လောကတွင် နေရောင်စွမ်းအား၊ ဆိုလာဆဲလ်ဖြင့် လျှပ်စစ်မီးထွန်းခြင်းကို မြန်မာပြည် တွင် ကြက်ဆူဆီဖြင့် စွမ်းအင်ထုတ်ရန်အတွက် ကြက်ဆူပင်စိုက်သကဲ့သို့ပင်ဖြစ်ပေသည်။
● စင်ကာပူအစိုးရ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ခြင်း
Economic Development Board အီးဒီဘီ EDB ဆိုသောအဖွဲ့ရှိသည်။ ထိုအဖွဲ့သည် နိုင်ငံတကာကုမ္ပဏီကြီးများကို စင်ကာပူတွင် သူတို့ လုပ်ငန်းများဆောက်လုပ်ရန်၊ အကြီးအကျယ်ဆွဲဆောင်လျှက်ရှိသည်။ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများက မော်တော်ကား၊ လေယာဉ်၊ အကြီးစားစက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများတွင် စင်ကာပူထက်သာလွန်ကြသည်။ စင်ကာပူက အီလက်ထရွန်းနစ်၊ အနုဇီဝသိပ္ပံ၊ ဆေးဝါး၊ ဆက်သွယ်ရေး၊ ရေနံဓာတုလုပ်ငန်းများစသည့် နည်းပညာအခြေခံလုပ်ငန်းများတွင် အားစိုက် သည်။ စီးပွားရေး၊ ငွေကြေးလုပ်ငန်းများတွင်လည်း အလေးပေးကာ၊ ကြိုးနီစနစ်နှင့် လာဘ်ပေးမှုနည်းပါးအောင်အစိုးရက ထိမ်းသိမ်းပေး သည်။ ဤသို့ဖြင့်၂၀၀၉ စာရင်းအရ စင်ကာပူသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကမ္ဘာ့နံပါတ် (၁) တွင် ရပ်တည် နေဆဲဖြစ်သည်။ အောက်ပါဇယားများအားဖြင့် စင်ကာပူအစိုးရ၏ ကမ္ဘာ့နှင့်ယှဉ်ချက်များကို မြင်နိုင်ပေသည်။
● ဆောက်လုပ်ရေးလုပ်ငန်းသဘာဝ
၁။ အလုပ်ရှင် Clients, ကွန်ဆပ်တင့်၊ မိန်းကွန်း၊ ဆပ်ကွန်းများ
လုပ်ငန်းရှင်ကုမ္ပဏီတစ်ခု (သို့မဟုတ်) အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ပရိုဂျက်စတင်လျှင် ပထမဆုံး Consultant ကုမ္ပဏီကို ငှားရပါသည်။ လုပ်ငန်းရှင်ကုမ္ပဏီနှင့် ကွန်ဆပ်တင့် နှစ်ဦးပေါင်းပြီး ပရိုဂျက်ဆွဲရသည်။ ထိုသို့ ဘီလျှံနှင့်ချီသော ဆောက်လုပ်ရေးလုပ်ငန်းများကို World Wide လုပ်ပေးနေသည့် ကုမ္ပဏီအကြီးများက ချဉ်းကပ်လာသည်။ သင့်တော်သော ကွန်ဆပ်တင့်ကိုရွေးချယ်ပြီးနောက်မှ Civil, Mechanical, Electrical အလုပ်များအတွက် နည်းပညာကုမ္ပဏီများကို ထပ်မံရွေးချယ်ရပါသည်။ ပထမကုမ္ပဏီကို မိန်းကွန်း Main Contractor ဟုခေါ်ပြီး၊ ထိုပထမကုမ္ပဏီမှ ထပ်ငှားသောကုမ္ပဏီငယ်များကို ဆပ်ကွန်း Sub Contractor ဟု ခေါ်သည်။
အများအားဖြင့် Civil work လုပ်သည့်ကုမ္ပဏီက မိန်းကွန်းတစ်ခုတည်းယူပြီး၊ ထိုကုမ္ပဏီမှ M&E စက်မှု၊ လျှပ်စစ်လုပ်ငန်းများအတွက် Sub-con ထပ်ငှားပါသည်။ နောက်ဆုံးအဆင့်တွင် OEM Original Equipment Maker ဟုခေါ်သော ပစ္စည်းရောင်းချသူများရှိပါသည်။ ဥပမာ လျှပ်စစ်မီးခလုပ်တစ်ခုကို ဆပ်ကွန်းကုမ္ပဏီ လေးတစ်ခုက တပ်ဆင်ခဲ့ပြီး၊ အလုပ်ရှင် Client မှ မကြိုက်ပါက (သတ်မှတ်ချက်နှင့်မကိုက်ညီပါက) အသစ်ပြန်လဲခိုင်းသောအခါ အဆင့်ဆင့် ညွန်ကြားရသဖြင့် အလုပ်ရှုပ်လှပါသည်။
၂။ လုပ်ငန်းခွင်ဘေးအန္တရယ်ဌာန Safety
Safety: အနောက်နိုင်ငံများတွင် လူများ ပညာတတ်၊ အသိတရားရှိသောကြောင့် မိမိအန္တရယ်ကို မိမိဘာသာကာကွယ်နိုင်သည်။ စင်ကာ ပူတွင် နိုင်ငံတကာ တရုတ်၊ ကုလား၊ မလေးရှား၊ မြန်မာ၊ ဘင်္ဂလား၊ ဖိလိပင်း စသဖြင့် အလုပ်သမားများစွာရှိသည်။ ပညာမတတ်သူများ သောကြောင့်လည်းကောင်း၊ အင်္ဂလိပ်စကား ကောင်းကောင်းနားမလည်သောကြောင့်လည်ကောင်း လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးအတွက် Safety Course, Safety Officer များစွာ တင်းကျပ်ထားရသည်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများတွင် Safety မတင်း ကြပ်ခြင်းမှာ အလုပ်သမားထိခိုက်၊ သေဆုံးမှုများကို အစိုးရက မသိချင်ယောင်ဆောင်ပြီး၊ ကုမ္ပဏီက လျော်ကြေးမပေးကြပါ။ စင်ကာပူသည် လူ့အခွင့်အရေးနိုင်ငံကြီးများနှင့်ဆက်ဆံရသောကြောင့် လျော်ကြေးပေးရသည်။ ထိခိုက်မှုအတွက် လျော်ကြေးငွေမှာ အလွန်များလှသော ကြောင့် ကုမ္ပဏီတိုင်း အလုပ်သမားအာမခံများလုပ်ထားရသည်။ အာမခံကုမ္ပဏီများကလည်း Safety သင်တန်းအောင်ရမည် သတ်မှတ်ထား သည်။ စင်ကာပူအစိုးရကလည်း Safety သင်တန်းကို အလုပ်သမား၊ ဆူပါဗိုက်စာ၊ မန်နေဂျာ စသဖြင့် အဆင့်အမျိုးမျိုး၊ သင်တန်းအမျိုးမျိုး ရှိသည်။ ထိုသင်တန်းမအောင်ပါက ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ခွင့်မရပါ။
ဥပမာအားဖြင့် ဆပ်ကွန်းတစ်ခုက လျှပ်စစ်မီးခလုပ် ၅၀ ခန့်ကို သွားတပ်ပေးရမည့်အလုပ်ရရှိပါက
၁။ ဆောက်လုပ်ရေး လုပ်ငန်းတွင်းဝင်ရောက်အလုပ်လုပ်ခွင့်လျှောက်ရသည်။ လိုအပ်ချက်များမှာ
- ဆပ်ကွန်းကုမ္ပဏီ အာမခံနှစ်စဉ်ကြေးပေးပြီး စာရွက် (လုပ်ငန်းခွင်ထိခိုက်မှုသည် ဆပ်ကွန်းတာဝန်သာဖြစ်ကြောင်း)
- အလုပ်သမားစာရင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီ မိန်းကွန်းကျင်းပသော သီးသန့် Safety Course တက်ရန်
- လျှပ်စစ်အလုပ်ဖြစ်ပါက အထူးသင်တန်းများထပ်မံတက်ရန် (ဥပမာ ..Logout, Tagout course, Clean Room rule course ..etc)
- မည်သို့အလုပ်လုပ်မည်ကို အသေးစိတ်ဖေါ်ပြချက်များ RA (Risk Assessment) and Method of Statement
- အလုပ်သမား၊ မော်တော်ယာဉ် ၀င်ထွက်ခွင့်ပါမစ်များ
- Declare Form ယူလာသည့်ပစ္စည်းများစာရင်း
- အထူးအလုပ်ပါမစ်များ ဥပမာ ဓာတ်ငွေ့၊ ဓာတုပစ္စည်များ၊ Hot work များဖြစ်သော welding ဂဟေဆော်ခြင်း၊ ဂတ်စ်ကပ်တာ gas cutting, ဂရိုင်းဒါ grinding .. စသည်တို့ကို ပြင်ဆင်ရသည်။ မိမိကုမ္ပဏီမှ မန်နေဂျာနှင့် Government certified Safety Officer များ လက် မှတ်ထိုးရသည်။ ပြီးမှ ဆောက်လုပ်ရေး၊ လုပ်ငန်းရှင်၊ ဆပ်ကွန်းတာဝန်ရှိသူများက လက်မှတ်ထိုး၊ အတည်ပြုမှ အလုပ်စတင်လုပ်ရသည်။
၂။ အလုပ်လုပ်ခွင်ဝင်သည်နှင့် Safety PPE (Personal Protective Equipment) ဟုခေါ်သော ခါးပတ်၊ ဦးထုပ်၊ မျက်မှန်၊ သံဖိနပ်၊ နားကြပ်၊ လက်အိတ် စသည်တို့ကို ၀တ်ဆင်သွားလာ၊ လုပ်ကိုင်ရသည်။ လုပ်ငန်းခွင်အတွင်း Safety PPE ၀တ်ဆင်မှုကို လိုက်ကြည့်နေသည့် တာဝန်ရှိသူများစွာရှိသည်။ သူတို့ ဓာတ်ပုံရိုက်ခံရပြီး စစ်ဆေးမေးမြန်းခံရပါက မဖြေနိုင်၊ မဖြေတတ်လျှင် မိမိကုမ္ပဏီသို့ ချက်ချင်းအတိုင် ခံရသည်။ အချို့ စည်းကမ်းကြပ်ချိန်များတွင် ထိုသူများကို ချက်ခြင်းလုပ်ငန်းခွင်မှထုတ်ပယ်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းများ ဖြစ်သွား လေ့ရှိသည်။ တစ်ယောက်၊ နှစ်ယောက်ကို စံနမူနာအဖြစ်ထုတ်ပယ်ပြလိုက်မှ ကျန်လူများစည်းကမ်းလိုက်နာလာသည်။ No compromise for Safety .. ဟု လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးကို အထူးဂရုပြုကြသည်။
၃။ အလုပ်လုပ်နေစဉ်တွင်လည်း အလုပ်သမားများကို လာရောက်စစ်ဆေးသူများ ရောက်လာတတ်သည်။ ဥပမာ .. လျှပ်စစ်အလုပ်ဆိုပါက Work Permit, RA, Method of Statement မည်ကဲ့သို့လုပ်မည်နည်း၊ ကျွမ်းကျင်သူဟုတ်မဟုတ် စစ်ဆေးတတ်သည်။ Skilled Worker များသာလုပ်ခွင့်ပေးသောကြောင့် ကုမ္ပဏီဆပ်ကွန်းများမှာ အိန္ဒိယအလုပ်သမား၊ မလေးရှားဆာရာဝပ်မှ ပညာမတတ်သော အလုပ်သများ များကို တစ်လ ဒေါ်လာ ၆၀၀ ခန့်သာ ပေးပြီးလုပ်ခိုင်းနေရသည်။ အလုပ်သမား ၅ ယောက်ခန့်ကို အုပ်ချုပ်သော ဆူပါဗိုက်ဆာတစ်ဦး အမြဲရှိ နေရသည်။ သို့မှသာ အလုပ်ကောင်းမွန်စွာပြီးနိုင်မည်။ တခါတစ်ရံ လျှပ်စစ်အလုပ်ကို လုပ်ခွင့်အထူးလက်မှတ်များ၊ ဥပမာ.. Liew License of Electrical Work များ တောင်းကြည့်တတ်သည်။
ထို့ကြောင့် ဆောက်လုပ်ရေးအလုပ်တွင် ပါမစ်များ၊ အသေးစိတ်စစ်ဆေးခြင်း၊ လုပ်ငန်းခွင်တွင်း အသေးစိတ် စစ်ဆေးခြင်းများလုပ်လာပါက တော်တော်ခက်ခဲလာတတ်သည်။ ဆူပါဗိုက်စာများသည် မိမိအလုပ်သမားများကို ကောင်းစွာထိန်းထားပြီး၊ သက်ဆိုင်ရာအလုပ်ရှင်နှင့် Safety ၀န်ထမ်းများကိုလည်း ကောင်းစွာပေါင်းသင်းထားရပါသည်။
● ၀င်ငွေနှင့်လစာ
စင်ကာပူနိုင်ငံသေးသေးကလေးတွင် ဆောက်လုပ်ရေးလုပ်ငန်းကို တပြုံကြီးလုပ်ကြပါသည်။ လူအများမြင်သော အဆောက်အဦးဆောက်လုပ်ခြင်းများတွင် ကွန်ဒိုမီဒီယံများ၊ ရှော့ပင်စင်တာများ၊
ရုံးအဆောက်အဦများ ..စသည့်ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သည်။ တနှစ်၊ ၂ နှစ်အတွင်း ပြီးစီးသွားတတ်သည်။ ကားလမ်း၊ ရထားလမ်းဆောက်လုပ်ခြင်းများမှာ နှစ်ရှည်စီမံကိန်းများဖြစ်ကြသည်။ ထိုလုပ်ငန်းအတွက် အလုပ်သမားအများစုမှာ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ ဆောက်လုပ်ရေးအလုပ်သမားမှာ စင်ကာပူတွင် လစာအ လွန်နည်းလှပေသည်။ နေပူထဲတွင် လုပ်ကိုင်ရ သဖြင့် နိုင်ငံခြားသားများသာ လုပ်ကိုင်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းထက်လစာနည်း သော ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးရောင်း စသည့်လုပ်ငန်းများမှာ အဆောက်ဦတွင်း လေအေးစက်အခန်းများတွင် လုပ်ရသောကြောင့် စင်ကာပူနိုင်ငံသား၊ ပညာမတတ်သူများလုပ်ကိုင်ကြပါသည်။
ဆောက်လုပ်ရေးထက်ပိုပြီးဝင်ငွေများသော အလုပ်ကိုင်များမှာ၊ သင်္ဘောကျင်းအလုပ်သမား၊ စက်ရုံအလုပ်ရုံများ၊ ဘဏ်များ၊ ငွေစာရင်းအင်း အလုပ်များ၊ စီမံခန့်ခွဲရေးအလုပ်များ၊ ရေနံနှင့်ဓာတုလုပ်ငန်း၊ ကမ်းလွန်ရေနံလုပ်ငန်းတို့ဖြစ်သည်။
စင်ကာပူနိုင်ငံ၊ အလုပ်မန်မနေဂျာများလစာစာရင်းကို စာရင်းအင်း၊ အချက်အလက်များမှ ထုတ်ပြန်ချက်အရ ဟိုတယ်၊ စားသောက်ဆိုင် မန်နေဂျာများမှာ လစာ စင်ကာပူဒေါ်လာ ၃၀၀၀ ပတ်ဝန်းကျင်ရရှိကြသည်။ ဆောက်လုပ်ရေးမန်နေဂျာများမှာ လစာ ၄၀၀၀ ခန့်ရရှိကြပြီး၊ သင်္ဘောကျင်း၊ ဘဏ်၊ ရေနံလုပ်ငန်း မန်နေဂျာများမှာ လစာ ၆၀၀၀ အထက်ရရှိကြသည်။ အလုပ်သမားအဆင့်တွင်မူ လစာဒေါ်လာတစ်ထောင် ပတ်ဝန်းကျင်သာရကြသည်။ အချိန်ပိုများများလုပ်မှ လစာများများရကြသော်ကြောင့် စင်ကာပူတွင် အချိန်ပိုမရှိသောအလုပ်သမားများမှာ သိပ်အဆင်မပြေကြပါ။
● ဆောက်လုပ်ရေးလုပ်ငန်းအခေါ်အဝေါ်အချို့
အောက်ဖေါ်ပြပါအချက်များမှာ ဆောက်လုပ်ရေးလုပ်ငန်းအခေါ်ဝေါ်များဖြင့်ရေးထားသည့် အလုပ်သဘောသဘာဝ၊ ရာထူးအခေါ် အဝေါ် များဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ အသေးစိတ်အခေါ်အဝေါ်များလည်းရှိသော်လည်း အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။
Civil Work
ဂျီအော်လိုဂျစ်အလုပ်များ၊ ပိုင်ရိုက်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လုပ်ငန်း (အုတ်၊သဲ၊ကျောက်)။ ငြမ်းဆင်ခြင်းနှင့် ပစ္စည်းမတင်သည့်ကရိန်းလုပ်ငန်း
M&E လုပ်ငန်း
Electrical, Air-con, Building Security, Fire Alarm, Process Facility (Water, Chemical, Gas ..etc), Equipment Facility
အလုပ်ပြီးစီးကြောင်း စစ်ဆေးခြင်း
RTO, Subcon and Main con test & commissioning.
အလုပ်ရှင်မှ စစ်ဆေးခြင်း
Client, Consultant and Main Con
Red line drawing and final drawing,
သတ်မှတ်ချက်နှင့်မကိုက်ညီချက်များ ချက်ခြင်းပြင်ဆင်ခြင်း
Client –> Main Con
Main Con –> Sub Con
Sum Con –> OEM
Service Report
Billing and Invoice for additional works, PO, DO
Payment,
တစ်နှစ်အာမခံ Warranty Period
Client – never pay additional work
Subcon to spend money
All issues , try to hid by Main Con
Client take all responsibilities
Maintenance work (normally it is sub-con by OEM or Main Con)
● မြန်မာအလုပ်သမား၊ အင်ဂျင်နီယာ၊ စူပါဗိုင်စာများ
WP အခြေခံအလုပ်သမားများဖြစ်သည်။ အေးဂျင့်များမှတဆင့် အလုပ်ခန့်သည်။ မြန်မာပြည်တွင်အေးဂျင့်များစွာရှိပြီး၊ ပထမဆုံး အလုပ် စတင်ရှာဖွေသော မြန်မာလူငယ်များစွာ အလိမ်ခံရတတ်သည်။ မိမိကိုယ်တိုင်၊ (သို့မဟုတ်) မိမိဆွေမျိုးများ ပထမဆုံး စင်ကာပူအလုပ် လုပ် မည်ဆိုလျှင် အတွေ့အကြုံရှိသူများထံ ချဉ်းကပ်၊မေးမြန်းပြီး အေးဂျင့်ရွေးချယ်တတ်ရန်လိုသည်။ ယခု ၂၀၁၂ ဆောက်လုပ်ရေးလုပ်ငန်း အတွက် လူသစ်များကို အေးဂျင့်အခ စင်ကာပူဒေါ်လာ၂၀၀၀ ခန့် (လေယဉ်ခအပါဝင်) ဈေးပေါက်သည်။
S.pass အလုပ်သမားများကို စီမံခန့်ခွဲရန်အတွက် လစာ၂၀၀၀အထက်ပေးသော ရာထူးဖြစ်သည်။ ဘွဲ့တခု (သို့မဟုတ်) ဒီပလိုမာတခု အနည်းဆုံးရထားမှ အစိုးရက S-pass ချပေးသည်။ အချို့လည်း လစာနှင့်အိုဗာတိုင် ဒေါ်လာ၂၀၀၀ ခန့်ပေးပြီး၊ တနေ့ ၁၄ နာရီခန့် နားရက် မရှိ လုပ်နေရသူများရှိသည်။ ဆောက်လုပ်ရေးကုမ္မဏီ၏ ရုံးအလုပ်၊ စာရေး၊ စာချီ၊ ငွေစာရင်းများဌာနများတွင် လုပ်ကိုင်နေသူများစွာလည်း ရှိသည်။
PR, Citizen စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရရှိသောအဆင့်ဖြစ်သည်။ စင်ကာပူနိုင်ငံသားများနည်းတူ အခွင့်အရေးများရရှိသောကြောင် သိပ် ပင်ပန်းကြီးစွာလုပ်ရခြင်းများမရှိတော့ပဲ၊ အင်္ဂလိပ်စကားနှင့် အုပ်ချုပ်မှုများကို ကျွမ်းကျင်သူများဖြစ်သောကြောင့် လစာလည်းကောင်း ကောင်းရကြပါသည်။ မြန်မာများစွာ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူသွားကြသူများ ဆောက်လုပ်ရေး၊ အထက်တန်းရာထူးများတွင် ကျွမ်းကျင်စွာလုပ်ကိုင်နေသြသည်။ ဒီဇိုင်းဌာန၊ ကန်ထရိုက်ရရှိရေးဌာန၊ ပစ္စည်းရောင်းဝယ်ရေးဌာန စသည့်အရေးပါသောဌာနများတွင် လုပ်ကိုင်ကြသည်။ ထိုသူများသည် စင်ကာပူ ပိုလီဒီပလိုမာ၊ စင်ကာပူတက္ကသိုလ်များမှာ ဘွဲ့များ၊ မာစတာဘွဲ့များကို ရရှိထားကြသူများ ဖြစ်ကြသည်။
● မြန်မာများအတွက် အလုပ်အကိုင်အလားအလာ
ဆောက်လုပ်ရေးအလုပ်အကိုင်များမှာ အမြဲတမ်းရှိနေမည်ဖြစ်သည်။ စင်ကာပူတွင် မြေတကွက်ကို နှစ် ၃၀ ခန့်သာ အစိုးရဂရမ်ပေးထားသော ကြာင့် အားလုံးသောလုပ်ငန်းအဆောက်အဦများမှာ သက်တန်းပြည့်ပါက အစိုးရကပြန်သိမ်း၊ လေလံပစ်၊ အဆောက်အဦး ဟောင်းများကို ဖြိုဖျက်ကာ အသစ်ချက်ချွတ်များကို အဆက်မပြက်ဆောက်နေရပါသည်။ အချို့အလုပ်ရုံ၊ ရှော့ပင်စင်တာ၊ စက်ရုံများ၊ ဟိုတယ်များ၊ ကွန်ဒို လူနေအဆောက်အဦများကို သတ်မှတ်ချိန်မတိုင်မီပင် လျော်ကြေးပေးကာ ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်ဆောက်လုပ်ကြသည်။
နောင်တွင် မြန်မာပြည်တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများစွာပေါ်ပေါက်လာမည်ဖြစ်သောကြောင့် ပညာမတတ်သော၊ လယ်သမား အဆင့် မြန်မာများသာ စင်ကာပူဆောက်လုပ်ရေးအလုပ်များကို လာရောက်လုပ်ကိုင်ဖွယ်ရှိသည်။ (သို့မဟုတ်) စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမား လုံးဝမရှိတော့ပဲ၊ မြန်မာလူမျိုး အရာရှိ၊အင်ဂျင်နီယာများသာ လုပ်ကိုင်ကြမည် မျှော်လင့်ပါသည်။
အနာဂတ်အတွက် အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာများ လုပ်ချင်တော့မည်မဟုတ်ပါ။ သို့သော် ကျွမ်းကျင်မှု လိုအပ်သော စက်ရုံ၊ ရေနံဓါတု၊ ကမ်းလွန်ရေနံတူးစင်၊ ရေနံတင်သင်္ဘော၊ စသည့် အဆင့်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လစာ ကောင်းကောင်းပေးနေမည်ဖြစ်သောကြောင့် မြန်မာအလုပ်သမား၊ စူပါဗိုက်စာ၊ အင်ဂျင်နီယာများ ဆက်လက်ဈေးကောင်းနေမည်သာဖြစ် သည်။

၁၃ ဇန္န၀ါရီ၂၀၁၂ မှာ ရှစ်လေးလုံး ကျောင်းသား ဟောင်းများ၊ သံယာအရေးအခင်းလှုပ်ရှားသူများနဲ့ ယုံကြည်ချက်ဖြင့်အကျဉ်းကျနေသူများစွာ၊ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီး (ပြုတ်) ဦးခင်ညွန့်တို့အပါဝင် လွတ်မြောက်လာကြပါပြီ။ သမ္မတကြီး ဦးသိန်းစိန်နဲ့အစိုးရသစ်ရဲ့ စနစ်တကျပြုပြင် ပြောင်းလဲမှု များဟာ အံ့သြစရာကောင်းလှအောင်စနစ်ကျလှပါတယ်။ ကျွန်တော်လည်းစစ်အာဏာရှင်စနစ်ကျဆုံးရေးလှုပ်ရား၊ရေးသားမှုများကိုရပ်ပြီး၊ ၀ိသမစီးပွားရေးသမား များကြားမှာ စစ်မှန်သောမျိုးချစ်စိတ်နဲ့စီးပွားရေးတောင့်တင်းခိုင်မာတဲ့ အမိမြန်မာပြည်သစ်ကြီးအတွက် သဲတပွင့်လောက် အထောက်ကူပြု စာများရေးချင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုသည်မှာ ပထမဆုံးစိးပွားရေးလုပ်ငန်း အဖြစ် မြန်မာပြည်မှာပွင့်လန်းလာတော့မှာပါ။ အာဏာရှင်ဗိုလ်ချုပ်ကြီးနဲ့ပိုင်လို့ ကန်ထရိုက်ပါမစ်ရသွားတဲ့လူ မိုးကျရွှေကိုယ်များကတော့ရှိနေဦးမှာဖြစ်ပေမဲ့ ..အနစ်နာခံ လုပ်သွားခဲ့တဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာ များ (ယခုအခါ ..ဒုက္ခရောက်၊ ဆင်းရဲနေသူ များစွာ) မြန်မာပြည်တွင်းမှာ ရှိနေပါတယ်။
ဝိသမလောဘသမား များ ကြီးစိုးထားတဲ့ မြန်မာပြည်ဆောက်လုပ်ရေးလောကကို ပြုပြင်ပြောင်းလဲအောင် သမ္မတကြီးဦးသိန်းစိန်အစိုးရ ကိုင်တွယ်နိုင်မယ်မျှော်လင့်ပါတယ်။
Ref:mwrn.org

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား


     စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်း ခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော် တော်အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွား နိုင်တဲ့အမှုတစ်ခုဖြစ်တဲ့အ တွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။
Ref:mwrn.org

Bathing and Health ရေချိုးခြင်း

Saturday, December 24, 2011

23 Dec 11, 21:17
ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါအုံးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့တွေ သမားရိုးကျရေချိုးတာ ဘယ်လို ကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။

Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Personal hygiene တကိုယ်ရေ-သန့်ရှင်းရေး၊ Religious ritual ဘာသာရေးထုံးစံ၊ Therapeutic purposes ဆေးကုသနည်း နဲ့ Recreational activity အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ Ritual religious bath ဘာသာရေးအရ လုပ်တာကို Immersion ခေါ်တယ်။ Therapeutic purposes ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။

ရေချိုးစည်၊ ရေပန်း၊ ရေကန်၊ မြစ်-ချောင်း-အင်း-အိုင်-ပင်လယ် နေရာအမျိုးမျိုးမှာ ရေချိုးနိုင်ကြတယ်။ မိုးရေကို ချိုးတာလဲ ပျော်စရာလို့ သတ်မှတ်ကြတယ်။ မိတ်ပျောက်တယ်လို့ ယူဆတယ်။ မိုးရေက (အက်စစ်) ဓါတ် ကဲနေပါတယ်။ တကယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းနေရင် (အက်စစ်) မိုးဖြစ်နေမယ်။ (ဆာလ်ဖါ-ဒိုင်အောက်တိုက်)၊ (နိုက်ထရိုဂျင်-အောက်ဆိုဒ်) နဲ့ (အောက်စီဂျင်) တွေ ပေါင်းစပ်ရာကနေ (ဆာလ်ဖြူရစ်-အက်စစ်) ဖြစ်လာပြီး၊ မိုးရေထဲ၊ နှင်းထဲ၊ မြူထဲမှာပါနေမယ်။ အန္တရာယ်ရှိတယ်။

ဘာသာရေးမှာ ရေချိုးရတာ Baptism (ဘက်ပ်တစ်) ခရစ်ယန်က နာမည်ကြီးပါတယ်။ ၁၆ ရာစု နောက်ပိုင်းမှာတော့ လူတွေက ဘုရားကျောင်းမှာထက် ရေချိုးခန်းမှာ အချိန်ပိုကုန်တယ်ဆိုပြီး ထောက်ပြလာခဲ့တယ်။ နောက်ပိုင်းမှာ တမျိုးမြင်လာတာက ကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေးဟာ Spiritual purity ဝိဥာဉ်အရ သန့်စင်တယ်။ ရေမချိုးဘဲ နေတာဟာ Not Egotistical အတ္တနည်းစေတယ်တဲ့။ Judaism (ဂျူဒဇင်) မှာ ဘာသာရေးအရ ရေချိုးတာကို Mikvah ခေါ်တယ်။ မွတ်ဆလင်တွေမှာလဲ ရေချိုးခန်းတွေမှာ Creator ဖန်းဆင်းရှင်ဆိုတဲ့ ဆုတောင်းခြင်း လုပ်စေတယ်။ Mosque ထဲ မဝင်ခင် ရေချိုးကြရတယ်။ ဟိန္ဒူတွေက ဂင်္ဂါမြစ်ထဲမှာ ရေချိုးရင် အကုသိုလ်တွေ ပျောက်စေတယ်လို့ ယုံကြည်ကြတယ်။ ပုဂံခေတ်အစ အရည်းကြီးတွေက ရေငုပ်ကြတယ်။

Bathtub ရေချိုးစည် နဲ့ Shower အပေါ်ကနေကျနေတဲ့ ရေပန်းတွေကို အနောက်နိုင်ငံတွေမှာ သုံးတယ်။ နေရာဒေသ၊ ရာသီဥတုနဲ့ ဆိုင်ပါတယ်။ Skylab 3 အာကာသယာဉ်မှူး Jack R. Lousma (လူဝီစ်မာ) ဟာ ကမ္ဘာပတ်လမ်းထဲမှာ ရေနွေးနဲ့ ရေချိုးတဲ့ဓါတ်ပုံ ရိုက်ယူလာခဲ့တယ်။ ပူတဲ့ နေရာဒေသတွေမှာတော့ ရေကန်ထဲ၊ ရေစည်ထဲကနေ ခပ်ချိုးကြရတာ များတယ်။ မြန်မာပြည်မှာတော့ ရေတွင်းထဲကနေငင်ပြီး တခါတည်း လောင်းချိုးကြတယ်။ ရေနည်းတဲ့အရပ်မှာဆို ဖအေရဲ့ အောက်မှာ သားကိုထားပြီး နှစ်ယောက်သား တပြိုင်တည်းချိုးကြရတယ်။

တနေ့ ဘယ်နှစ်ခါ ရေချိုးသလဲ။ တနေရာနဲ့ တနေရာ၊ ဒေသတခုနဲ့တခု မတူကြဘူး။ မပြည့်စုံတဲ့ နေရာတွေမှာ ရာသီဥတုလိုက်သာ ချိုးကြရပေမဲ့ ရေပူ-ရေအေး ၂၄ နာရီရတဲ့နေရာတွေမှာ မနက်လင်းတာနဲ့ တထပ်၊ အလုပ်ပြန်ချိန် ဒါမှမဟုတ် ညအိပ်ရင်တထပ် ချိုးလေ့ရှိတာက ယဉ်ကျေးမှုဖြစ်တယ်။ သိပ်ပူအိုက်တဲ့ အချိန်မျိုးမှာ တနေ့ထဲမှာ ၄-၅ ခါ ရေချိုးသူတွေကလဲ ချိုးပါတယ်။ အဆောင်တွေမှာ ရေချိုးခန်း-မင်းသားလုပ်ရင်တော့ အအော်ခံကြရမယ်။

ရေချိုးတဲ့အတွက် ဘာအန္တရာယ်တွေ ရှိသလဲ - ရေနစ်နိုင်တယ်။ ချော်လဲနိုင်တယ်။ ရေနွေးပူလောင်မယ်။ Heatstroke အပူမိနိုင်တယ်။ Hypothermia ကိုယ်ပူချိန် သိပ်ကျတာဖြစ်နိုင်တယ်။ နားထဲရေဝင်ရာကနေ နားကိုက်မယ်။ ယားနာ၊ ပွေးနဲ့ ကူးစက်ရောဂါတွေ ကူးစက်လာမယ်။ ပန်းနာ၊ နှင်းကူနာတွေ ထတတ်တယ်။ သုံးတဲ့ ဆပ်ပြာ၊ ရေထဲက Chlorine (ကလိုရင်း) စတာတွေကနေနဲ့ မတည့်တာမျိုး ရှိနိုင်တယ်။

ရှေးဟောင်း ရောမမှာ မြို့ကြီးတွေကို Aqueducts ရေပိုက်တွေနဲ့ဆက် ကွန်ယက်လုပ်ပေးခဲ့တယ်။ အလည်ခေတ်မှာ လူအများ စုဝေး ရေချိုးတာမျိုး ပေါ်လာတယ်။ အဲဒီခေတ်ကတည်းက ကိုယ်လုံးတီး ရေချိုးတာကို မျက်မှောက်ကုပ်ကြခဲ့တယ်။ ကိုယ်ခန္ဓာ ရောင်းစားသူတွေအတွက်သာ ဖြစ်တယ်လို့ ရှုံ့ချခဲ့ကြတယ်။

နောက်တော့ ချမ်းသာသူတွေက ကိုယ့်အိပ်မှာသာ ရေချိုးတာမျိုး ပေါ်လာပြီး Bathrooms ဆိုတာ အဲဒီကျမှ စတယ်။ ရေသုတ် တဘက်ကို ခေတ်မီဆန်းပြားအောင် လုပ်လာတယ်။ ရေကူးဝတ်စုံဆိုတာတွေ ဖက်ရှင်ဖြစ်လာတယ်။ Woolen နေရာမှာ Linen တွေ ဝင်လာတယ်။ လူ့အဆင့်အတန်းတရပ်လို ဖြစ်လာတယ်။ ဒါကို ကျန်းမာရေးဒေါင့်ကနေ ထောက်ခံမှု ပေးပါတယ်။ အလည်ခေတ် နောက်ပိုင်းရောက်တော့ Etiquette ယဉ်ကျေးမှုထုံးစံနဲ့ Medical manuals ကျန်းမာရေး-လမ်းညွှန်တွေ ထွက်လာတယ်။ လူအများရှေ့မှာ နား၊ လက်၊ ခြေထောက်၊ မျက်နှာနဲ့ လည်ပင်းကိုသာ သန့်စင် ဆေးကြောတာကို လက်ခံကြတယ်။

သူများနိုင်ငံတွေမှာ တချို့နေရာတွေကြ သိပ် (ဂရင်း) ကျအောင် စီမံထားတယ်။ (လက်ချာ-ဟောလ်) တွေ၊ အနုပြညာပြခန်း၊ တရားထိုင်ခန်း၊ ဆုတောင်းခန်း စတာတွေပါ တွဲထားပေးတယ်။ စီးပွါးရေးလဲ တွက်ခြေကိုက်သေးတာပေါ့။ တချို့ကြတော့ နှိပ်နယ်ခန်းတွေ ဆေးကုစရာနေရာလဲ တွဲထားပြီး ဒဏ်ရာရတဲ့ စစ်သားတွေအတွက်လဲ သုံးကြတယ်။ ဂရိတွေ ရောမတွေ စထွင်တုံးက ရေချိုးစရာနေရာတွေမှာ အတင်းပြောကြမယ်၊ စားကြမယ်၊ သောက်ကြမယ်၊ နောက်ဆုံး လိင်ကိစ္စကိုလဲ ဦးတည်အုံးမယ်။ ဆရာမြို့မငြိမ်းတို့ခေတ်မှာတော့ "ရေချိုးနေရင်းကွယ် လှောင်ပြုံး ပြုံးကြတယ်" အဆင့်သာ ရှိပါတယ်။

နောက်ပြီး Turkish Baths တူရကီ ရေချိုးနည်းကလဲ ခေတ်စားလာတယ်။ Steam baths ခေါ်ပြီး ရေနွေးငွေ့နဲ့ ချိုးရတယ်။ အနုပညာ ဆန်ဆန် ပြုပြင်ထားပေးတယ်။ ရွှေတွေ၊ ငွေတွေနဲ့လဲ မွန်းမံပေးထားသေးတယ်။ ဂျပန်က တမျိုးတဖုံ ဆန်းတယ်။ Spiritual pursuits of purity ဝိဥာဉ်သန့်စင်ရေးအတွက် လုပ်သင့်တဲ့ အလေ့အထလို့ သဘောထားတယ်။ ကျား-မ မခွဲခြားဘူး။ နောက်ကျမှ ခွဲတဲ့သူက ခွဲခြားလာတယ်။

ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခရေးတီးစ်) ဟာ ပင်လယ်ရေကို ဆေးကုရာမှာ စသုံးခဲ့သူဖြစ်တယ်။ သူပြောတာ မှန်တဲ့အကြောင်း နောက်ပေါ်ဆေးပညာရှင်တွေကလဲ လက်ခံကြတယ်။ ပင်လယ်ဆားကနေ (ဆဲလ်) တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ သွေးလှည့်တာ ပိုကောင်းစေတယ်။

(ဟာဘယ်) တိုင်းရင်းဆေးတွေသုံးပြီး ရေချိုးနည်း၊ဟာ အရင်ကလို သန့်ရှင်းလှပစေရေးအတွက်သာ မကတော့ဘဲ ဆေးကုတာ အတွက်ပါ ဖြစ်လာတယ်။ အထူးစီမံထားတဲ့ အပင်-အပွင့်-အဆီတွေကို သုံးလာတယ်။ အရေပြားနာတွေ၊ ခေါင်းကိုက်တာတွေ၊ စိတ်ဖိအားများတာတွေအတွက် ရည်ရွယ်တယ်။ သွေးလှည့်လည်မှု ကောင်းစေမယ်၊ ခုခံအား ကောင်းစေမယ်၊ ခွန်အား ဖြစ်စေမယ်၊ နေရထိုင်ရတာ ကောင်းစေမယ်။ ရေထဲမှာ Chamomile (ချမ်မိုမိုင်းလ်) ဆေးဘက်ဝင် အပင် ၂ ဆ၊ Lavender ခရမ်းပြာနုရောင် ရေမွှေးသုံးပန်း ၂ ဆ၊ Roses နှင်းဆီ ၂ ဆ၊ Comfrey leaf (ကွမ်ဖရိုင်း) ရွက် ၁ ဆကို ရောထည့်တယ်။

အီဂျစ်ဘုရင်မ Cleopatra (ကလီယိုပတ်ထွာ) ဟာ အသားအရေမှာ ပြစ်တင်စရာမရှိဆိုပြီး နည်မည်ကြီးခဲ့သူ ဖြစ်တယ်။ အလှဘုရင်မရဲ့ လှို့ဝှက်ချက်ကတော့ ရေချိုးရင် နွားနို့ နဲ့ ပျားရည်စစ်စစ် သုံးသတဲ့။ ဒီခေတ် (ကလီယိုပတ်ထွာ) နည်းကတော့ နို့မှုံ့ နဲ့ ပျားရည်ရောသုံးတယ်။ ရှေးဟောင်း အိန္ဒိယရာဇဝင်တွေမှာတော့ ကျွန်မတွေကိုသာ နွားနို့နဲ့ ဆေးခိုင်းတယ်။ နွားနို့ထဲက Lactic acid ထဲမှာ Essential amino acids ရှစ်မျိုးလုံး ပါတယ်။ ပျားရည်ထဲမှာ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေပါတယ်။ Phytochemicals ကနေ (ဗိုင်းရပ်စ်)၊ (ဗက်တီးရီးယား) နဲ့ (ဖန်းဂတ်စ်) တွေကို သတ်နိုင်တယ်။ ဒီခေတ်မှာ မျက်နှာကို လှစေအောင် ဂျုံမှုန့်၊ နွားနို့နဲ့ ပျားရည်တွေကို သမအောင် ရောမွှေပြီး ညီညာအောင် လိမ်းပေးခိုင်းတယ်။

ရေချိုး ပျင်းသူတွေရော ဆန့်ကျင်သူတွေပါ ရှိသေးတယ်။ ရေမချိုးလို့ မသေနိုင်ဘူးတဲ့။ ကိုယ်ပေါ်တင်နေတဲ့။ အညစ်အကြေးကနေ ရောဂါပိုးမွှားတွေကို ကာကွယ်နေတယ်ဆိုတဲ့ အယူအဆဟာ ဥရောပမှာ အလွန်မတန်ဆိုးလှတဲ့ Plague (ပလိပ်) ရောဂါကပ်ကြီး သင့်ခံရတုံးက ထွက်လာတာ ဖြစ်တယ်။ နောက်တော့ ဆားခါး၊ ဓါတ်ဆားနဲ့ (ဆာလ်ဖါ) ဓါတ်ဆားတွေ ထည့်ပြီး ရေချိုးတာ ပေါ်လာတယ်။ (ဆာလ်ဖါ) ကန့်ဓါတ်ပါတဲ့ ရေကနေ ဗက်တီးရီးယားတွေကို သေစေတာက အမှန်ဘဲ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ရေပူစမ်းဟာ အဲလိုဘဲ။ သူများ နိုင်ငံတွေမှာတော့ အတုလုပ်လာကနေ ခေတ်စားလာတယ်။ Spas, Saunas, Jacuzzis နာမည်တွေ ပေးထားတယ်။

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ New England Journal of Medicine မှာ ရေးတာရှိတယ်။ ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။ ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို Sodium bicarbonate (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။ နှင်းကူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

အထူးအဆန်း ရေချိုးနည်းတွေရှိတယ်။ ရေမဟုတ်ဘဲ ဘီယာ၊ ဝိုင်နီ၊ ကော်ဖီ၊ ချောကလက်ရည်၊ လက်ဖက်စိမ်းရေ၊ ရွံ့ရေ၊ (ဆာကေ) အရက်၊ ခရမ်းချဉ်သီး၊ ဆီ၊ ရေနံဆီ၊ နှင်းဆီပွင့်ဖတ်၊ ဆားရေ၊ သစ်သီးဝလံ၊ ရေခဲ၊ ခေါက်ဆွဲဟင်းရည်တွေကို သုံးပြီး ချိုးကြတယ်။ တခြားဟာတွေလဲ ရှိမှာပေါ့။

(ဖင်လန်) ကနေ မူရင်းခံလာတဲ့ Sauna (ဆော်နာ) ရေချိုးနည်းဆိုတာ ပူနေတဲ့သတ္ထုချောင်းပေါ်ကို ရေအေးနဲ့ဖြန်းလို့ ထွက်လာတဲ့ ရေနွေးငွေ့ကို အသုံးချတာပါ။ နည်းနာသစ်တွေလဲ ထွင်လာကြတယ်။ ချွေးတွေထွက်လာမယ်၊ ကိုယ်ထဲက မကောင်းတာတွေ ထွက်စေမယ်။ ကိုယ်အလေးချိန် ကျစေမယ်။ ကိုယ်-စိတ် ပေါ့ပါးစေမယ်။ ခုခံအား ကောင်းစေမယ်၊ အာခေါင်၊ လေပြွန်နာတာ-ရောင်တာ သက်သာစေမယ်။ (ဆော်နာ) မှာ ၁၅-၂ဝ မိနစ်လုပ်တာက ရိုးရိုးရေ ၁-၂ နာရီ ချိုးသလို ထိရောက်တယ်လို့လဲ ဆိုတယ်။ ကိုယ်ဝန်ဆောင်နေသူ၊ နှလုံးရောဂါရှိသူတွေ နဲ့ သွေးဖိအား များ-နည်းသူတွေ သတိထားဘို့ လိုပါသတဲ့။

မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီး ရှိတယ်။ “ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။ တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ၊ ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ့ မျက်စိကို မရောက်အောင် အကာကွယ်ပြုတာပါ၊ ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။ ထမင်းစားပြီး ရေမချိုးသင့်ပါ။ ရေမချိုးခင် ရေဝအောင် သောက်ပါ။ ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

သောက်ရေကိုသာ သောက်ရပါမယ်။ ချိုးရေက သောက်ရေလို မသန့်ရင် ရောဂါရစေမယ်။ ၂၅-၁-၂ဝ၁ဝ က ကျင်းပခဲ့တဲ့ ၂၃၉ ကြိမ်မြောက် National Meeting of the American Chemical Society မှာ မနက်ခင်း ရေပန်းသုံးတာထက် ညပိုင်း ရေစိမ်ချိုးတာဟာ မကောင်းဘူးလို့ ပြောခဲ့တယ်။ ရေထဲမှာ ကိုယ်ကို စိမ်လိုက်ရင် မျက်စိနဲ့မမြင်နိုင်တဲ့ ဓါတ်တွေ ရှိတာကို မေ့နေကြတယ်။ ရေဆိုရင် သန့်တယ်ဘဲ ထင်နေတတ်တယ်။ မိလ္လာရေထဲမှာ လူတွေကနေ ဓါတ်ပစ္စည်းပေါင်းများစွာ စွန့်ထုတ်ကြတဲ့ထဲမှာ ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေနဲ့ တခြား အံသြစရာတွေလဲ ပါနေတယ်။ ဆေးတွေလဲ ပါတယ်။ တချို့ဟာတွေက သောက်သုံးရေထဲမှာတောင် ပါနေတာမို့ ချိုးရေထဲဆို ပြောစရာ မလိုတော့ဘူး။

အပြင်မှာ အဝတ်အစားဝတ်ပြီး ရေချိုးတယ်။ ရေချိုးခန်းထဲမှာ ကိုယ်လုံးတီး ရေချိုးမယ်။ လုပ်နေ မကျသူတွေက ရေချိုးခန်း အလုံထဲမှာ လုံခြည်မချွတ်ရဲဘူး။ သူတို့စိုးရိမ်တာလဲ မလွန်ဘူး ရေချိုးခန်းမှာ CCTV ရှိနေနိုင်တယ်။ Bathing scene ရေချိုး-ပန်းချီကားတွေ ခေတ်စားလာခဲ့တယ်။ ကိုယ်လုံးတီး အမျိုးသမီးတွေကို (မော်ဒယ်) လုပ်လို့လားတော့ မသိပါ၊ နာမည်ကြီး ပန်းချီဆရာတွေ ပေါ်ထွက်လာတာတော့ အမှန်ဘဲ။ ဒါပေမဲ့ ထဘီရင်ရှား ပန်းချီကား နေရာတိုင်းမှာချိတ်ဘို့ မသင့်ပါခင်ဗျား။

Dr. တင့်ဆွေ-medicaleducation.blog
၂၄-၁၂-၂ဝ၁၁

Water poisoning ရေအဆိပ်သင့်ခြင်း

Friday, December 16, 2011

16 Dec 11, 06:58
Please answer my question. I want to know about poison of water. If we drink water more than required amount that can cause a disease because I hear it from my friend.

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆား အချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။
အမှတ်တမဲ့တော့ ရေတွေ တအားသောက်တယ် ဆိုတာတော့ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက် ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ Sodium (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေက များသွားချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆားအချိုးအဆ ကဲမယ်-နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ Intracranial pressure ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။

Water intoxication ရေအဆိပ်သင့်ခြင်း လက္ခဏာတွေစတော့မယ်။
• Headache ခေါင်းကိုက်မယ်၊
• Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
• Changes in behavior အမူအယာပြောင်းမယ်၊
• Confusion စိတ်ရှုတ်ထွေးလာမယ်၊
• Irritability ဂနာမငြိမ်ဖြစ်လာမယ်၊
• Drowsiness အိပ်ချင်လာမယ်။
ဆက်ပြီးတော့
• Difficulty breathing during exertion ကြိုးစားမှုရှိချိန်မှာ အသက်ရှူလို့ခက်လာမယ်၊
• Muscle weakness ကြွက်သားတွေ အားနည်းလာမယ်၊ Twitching အလိုလိုလှုတ်မယ်၊ Cramping နာမယ်၊
• Nausea ပျို့မယ်၊ Vomiting အန်မယ်၊
• Thirst ရေသန်သလိုဖြစ်မယ်၊
• Sensory information နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။
ဆက်ဆိုးလာမယ်ဆိုရင်
• Papillary သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
• Vital signs အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ Bradycardia နှလုံးခုန်နှေးမယ်၊ Widened pulse pressure သွေးဖိအားပြောင်းလာမယ်။
• Cerebral edema ဦးနှောက်ရောင်လာမယ်။ Brain stem ဦးနှောက်အခြေနေရာကိုဖိအားသက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ Central nervous system dysfunction ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
• Seizures တက်မယ်၊ Coma သတိလစ်မယ်၊ Death သေမယ်။

Risk factors ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။
• ကလေး ငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• Marathon runners မာရသွန်အပြေးသမား အဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L ထက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• Overexertion ခွန်အား အသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအား သောက်ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့်တာတဲ့ပိုပြီး ခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• Psychogenic polydipsia စိတ်ရောဂါရှိသူတွေက ရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
• Mild intoxication တော်တော်တန်တန်က ရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင်
• Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။
• Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။

Dr. တင့်ဆွေ
၁၆-၁၂-၂ဝ၁၁

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!