Popular Posts!

Wednesday, December 26, 2012

ခေတ်တခုကို အမှီလိုက်ခြင်း!

နိုင်ငံတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ်သော်လည်း ပြောင်းလဲလာသည့် ခေတ် အခြေအနေ အလိုက် လက်ခံရမည့် အရာကို လက်ခံရမည် ဖြစ်ကြောင်း၊ ၀တ်စား ဆင်ယင်မှု၊ နေထိုင် သွားလာမှု မပြောင်းလဲခြင်းက ယဉ်ကျေးမှုကို ထိန်းသိမ်းသော မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း  ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမျိုးသမီး အငြိမ်းစား ပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။
 
ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် မြန်မာမော်ဒယ်လ်ကို ဝေဖန်သူများပြား

လန်ဒန်တွင် ကျောင်းတက်ကာ ဓာတ်ပုံ မော်ဒယ်လ် ဖြစ်ရန် ကြိုးစားနေသည့် ဟန်နီဦး ခေါ် Hazel Moe ကို ရေကူးဝတ်စုံ ကြော်ငြာ ရိုက်ကူးခြင်းနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိကြောင်း ဝေဖန်မှုများ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် ဟန်နီဦး (ဓာတ်ပုံ - purestorm.com)
ဟန်နီဦးသည် ၁၆ နှစ်သမီး အရွယ်က လန်ဒန်သို့ ရောက်ရှိခဲ့ပြီး မြန်မာ ပြည်တွင် နေထိုင်စဉ် ကတည်းက ကလေး မော်ဒယ်လ် အဖြစ် သရုပ် ဆောင်ခြင်း၊ မဂ္ဂဇင်း မျက်နှာဖုံးများ အတွက် ဓာတ်ပုံ မော်ဒယ်လ် လုပ်ခြင်းများ ရှိခဲ့ပြီး လန်ဒန်တွင် ကျောင်းတက်ရင်း အေဂျင်စီများဖြင့် ချိတ်ဆက်၍ မော်ဒယ်လ် ဖြစ်ခွင့်ရရန် ကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။

ရေကူးဝတ်စုံ ၄ စုံ နှင့် ရိုက်ကူးထားသော ဟန်နီဦး၏ ဓာတ်ပုံများနှင့် ၎င်း၏ အလှဓာတ်ပုံများကို မော်ဒယ်လ်
ဝက်ဘ်ဆိုက်http://www.purestorm.com/profile.aspx?id=hazelmoe တွင် ကြည့်ရှုနိုင်သည်။

“မြန်မာမျက်စိနဲ့ ကြည့်ရင်တော့ မကောင်းဘူး အပြောခံရမှာ ဖြစ်သလို မကောင်းတဲ့ အမြင်တမျိုး မြင်သွားစေနိုင်ပါတယ်။ ဒီရေကူးဝတ်စုံ ဝတ်တာနဲ့ ပတ်သက်ပြီး ညီမကို မေလ်းတွေကနေ ဝေဖန်တာတွေ အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ကတော့ အနုပညာတခုဖန်တီးတယ်၊ အလုပ်တခုလုပ်တယ်လို့ သဘောထားပြီး မြင်စေချင်ပါတယ်” ဟု ဟန်နီဦးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ သူက “ပြည်တွင်းမှာ ဒီ မော်ဒယ်လ် တယောက်တည်းကပဲ မင်းသမီးလည်းလုပ်တယ်၊ ကြော်ငြာလည်း ရိုက်တယ်။ ပြည်ပမှာကျတော့ လိုင်းတခုတည်းနဲ့ ရပ်တည်လို့ ရအောင် ငွေကြေးရရှိမှုမှာ ကွာခြားတယ်” ဟု မော်လ်ဒယ်လ် များ၏ မြန်မာပြည်တွင်းနှင့် ပြည်ပ အခြေအနေကို နှိုင်းယှဉ်ပြသည်။

မြန်မာပြည်တွင် မော်ဒယ် အေဂျင်စီနှင့် သင်တန်း ဖွင့်လှစ်ထားသူ တဦးကလည်း မြန်မာပြည်မှ မော်ဒယ်လ်များအနေနှင့် တခြား အာရှနိုင်ငံများအထိ ဈေးကွက် မချဲ့ထွင်နိုင်ရခြင်းမှာ မြန်မာ မော်ဒယ်လ် များ၏ ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲ အခွင့်အရေးရရှိနိုင်ရန် ခက်ခဲနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

“မော်ဒယ်တွေရဲ့ အနုပညာ ဖန်တီးမှုတွေ ပိုပြီးပြသနိုင်တဲ့၊ လွတ်လပ်စွာဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပြည်တွင်းမှာ အပိတ်ခံထား ရတာကြောင့်လည်း တခြားနိုင်ငံတွေအထိ ဈေးကွက် မချဲ့ထွင်နိုင်တာပါ” ဟု ၎င်းက ပြောသည်။

ယဉ်ကျေးမှုနှင့် အနုပညာကို ကွဲပြားခြားနားစွာ ကြည့်မြင်လက်ခံပေးနိုင်မှု မရှိသေးသည့် အားနည်းချက်များကြောင့် နိုင်ငံတကာ အဆင့်သို့ မြန်မာမော်ဒယ်လ်များ ယခုအချိန်အထိ မရောက်လာနိုင်သေးကြောင်း သူက ဆိုသည်။

“အ၀တ်အစား ကြော်ငြာရင် အင်္ကျီဒီဇိုင်းပေါ်ဖို့ အတွက် နည်းနည်းဟိုက်သွားတာ ရှိရင် ရှိမယ်၊ တိုသွားတာရှိရင် ရှိမယ်။ ဒါတွေကို သတိထားပြီး မပေါ်အောင်လုပ်နေရင် သဘာဝကျတဲ့ ဓာတ်ပုံတပုံ၊ ကြော်ငြာတခု ထွက်လာမှာ မဟုတ်ဘူး။ ဒီလိုတွေ ရိုက်တယ်ဆိုတာကလည်း အားလုံးက အလုပ်တခု လုပ်နေတယ်လို့ သဘောထားတာ။ ခက်တာကလည်း မြန်မာပြည်မှာ ဆင်ဆာပြဿနာရယ်၊ ယဉ်ကျေးမှုဆိုတာကို လွဲမှားစွာခံယူနေတာရယ်ပါပဲ” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ဆိုသည်။

မြန်မာပြည် ကြော်ငြာဈေးကွက်တွင် မော်ဒယ်လ်များဖြင့် ကုန်ပစ္စည်းကြော်ငြာသည့် ရေစီးကြောင်း ပြောင်းလဲလာပြီးနောက် မော်ဒယ်လ်များ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာခဲ့သည်။

မော်ဒယ်လ်များသည် ကုန်ပစ္စည်းအလိုက်၊ နေရာဒေသအလိုက် သရုပ်ဆောင်ရခြင်းများ ရှိသည်ကို မြန်မာလှုမှုဝန်းကျင်တွင် လက်ခံမှုနည်းပါး နေသေးသည်ဟု မော်ဒယ် ချမ်းချမ်းက ပြောပြသည်။

ဟန်နီဦးကို လူသိများသွားစေသည်ဟု ဆိုသော ကြော်ငြာ (ဓာတ်ပုံ - purestorm.com)
“ရှိုးပွဲတခု လျှောက်တယ်ဆို ဒီဇိုင်နာ ဆင်ပေးတဲ့ စတိုင်က မြန်မာ မျက်စိ အမြင်နဲ့ မယဉ်ပါးဘူး။ ဒီတော့ လူတွေက သိပ် လက်မခံချင်ဘူး။ မော်ဒယ်လ်နဲ့ မင်းသမီး ၀တ်တာ တူမှ မတူတာ။ ၀တ်စား ဆင်ယင်မှုအရ ယဉ်ကျေးမှု ဆိုတာကို နည်းနည်းလေး လျှော့ပေး သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမျိုးသမီး အငြိမ်းစား ပါမောက္ခ တဦးက နိုင်ငံတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ်သော်လည်း ပြောင်းလဲလာသည့် ခေတ် အခြေအနေ အလိုက် လက်ခံရမည့် အရာကို လက်ခံရမည် ဖြစ်ကြောင်း၊ ၀တ်စား ဆင်ယင်မှု၊ နေထိုင် သွားလာမှု မပြောင်းလဲခြင်းက ယဉ်ကျေးမှုကို ထိန်းသိမ်းသော မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဖက်ရှင် မော်ဒယ်လ်၊ ဓာတ်ပုံ မော်ဒယ်လ်တွေက မြန်မာ့ အသိုင်းအ၀န်းမှာ လက်ခံမှု နည်းနေသေးပေမယ့် မြန်မာအမျိုးသမီး တယောက် အနေနဲ့ Playboy မော်ဒယ်လ် သဘောမျိုး၊ Nude မော်ဒယ်လ် သဘောမျိုးမဟုတ်ဘူးဆိုရင် သူ ၀ါသနာပါတဲ့ အနုပညာတခု လုပ်တယ်လို့ လက်ခံနိုင်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ဟန်နီဦး (ခေါ်) Hazel Moe ၏ ဓာတ်ပုံဝက်ဆိုက်လင့်လိပ်စာများ
http://www.purestorm.com/profile.aspx?id=hazelmoe
http://www.facebook.com/home.php?#!/moehazel?ref=ts
http://moehazel.blogspot.com/
http://grou.ps/udeonlinefriends/blogs/816208/
http://model.myanmarcelebrity.com/2010/06/myanmar-model-hazel-moes-childlike.html

ဓာတ်ပုံမော်ဒယ်လ် ဖြစ်ချင်တဲ့ ဟန်နီဦး   

ဟန်နီဦး ၏ အနုပညာ အမည်မှာ Hazel Moe ဖြစ်ပြီး လန်ဒန်တွင် Business Accounting ဘာသာရပ် သင်ယူလျက် ရှိသည်။ ငယ်စဉ် ကတည်းက ဓာတ်ပုံ ရိုက်ခြင်း၊ မော်ဒယ်လ် သရုပ်ဆောင်ခြင်း များကို ဝါသနာပါ၍ ရန်ကုန် အခြေစိုက် Talent & Model အေဂျင်စီတွင် ကလေး မော်ဒယ်လ် အဖြစ် ရှိုးပေါင်း ၂၀ ကျော် လျှောက်ခဲ့ ဖူးသည်။ ယခုလက်ရှိ လန်ဒန်တွင် အေဂျင်စီများနှင့် ချိတ်ဆက်ကာ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ကြိုးစား လုပ်ကိုင်လျှက်ရှိသည်။ ဟန်နီဦး ၏ ရေကူးဝတ်စုံကြော်ငြာ ဓာတ်ပုံများမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး လူပြောများနေသောကြောင့် ဧရာဝတီ သတင်းထောက် နရီလင်းလက်က မေးမြန်း ထားပါသည်။

မေး။ ။ လန်ဒန် ရောက်ပြီးမှ ပထမဆုံး ဓာတ်ပုံ စရိုက်ဖြစ်တဲ့ အကြောင်း ပြောပြ ပေးပါဦး။

ဖြေ။ ။ ညီမ လန်ဒန် စရောက်တဲ့ အချိန်က အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ညီမနဲ့ သိတဲ့ အစ်ကိုကြီး တစ်ယောက်က University မှာ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ မာစတာတန်း တက်နေတာ။ သူ့ ပရောဂျက် အတွက် ဓာတ်ပုံ ရိုက်ဖို့ မော်ဒယ်လ် လိုက်ရှာ နေတယ် ဆိုပြီး အကူအညီ တောင်းတာနဲ့ ကိုယ်ကလည်း မြန်မာ ပြည်မှာ တုန်းက နည်းနည်း ပါးပါး လုပ်ခဲ့ဖူးတဲ့ အတွေ့ အကြုံလည်း ရှိတယ်၊ ၀ါသနာလည်း ပါတော့ ကူညီပေးမယ် ဆိုပြီး စရိုက် ဖြစ်ခဲ့ပါတယ်။ အဲဒါ ပထမဦးဆုံးပေါ့။

မေး။ ။ စသရုပ်ဆောင်ချိန် တုန်းက ဘယ်လို အခက်အခဲ ရှိခဲ့လဲ။

ဖြေ။ ။ ကိုယ်က ၀ါသနာ ပါလို့လား မသိဘူး။ ကင်မရာရှေ့ ရောက်တာနဲ့ အိုက်တင်က အလိုလို လုပ်ပြီးသား ဖြစ်နေတာ။

မေး။ ။ အဲဒီတုန်းကရော စိတ်လှုပ်ရှားမှုရှိခဲ့လား။

ဖြေ။ ။ အဲဒီ တုန်းကတော့ ဒီအတိုင်းပဲ၊ ကိုယ်ဒီလောက် အထိ ဖြစ်လာမယ် လို့လည်း ထင်မထားဘူး။ အပျော်လေးနဲ့ပဲ။ ကိုယ်ကလည်း ၀ါသနာ ပါတယ်၊ ၀ါသနာပါတော့ ကင်မရာရှေ့ ရောက်ရင်ပဲ ပျော်နေတယ်လေ။ အဲဒီ အစ်ကိုကြီးနဲ့ တင်ပဲ သုံးခေါက်လောက် ရိုက်ဖြစ်တယ်။ မော်ဒယ်လ် ၀က်ဘ်ဆိုက် တွေမှာ ဓာတ်ပုံ ဆရာအနေနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တယောက်နဲ့ ထပ်ရိုက်ဖြစ်ခဲ့သေးတယ်။ သူကနေပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက်တွေ ရှိတယ်၊ ပိုက်ဆံလည်းမပေးရဘူး၊ ကိုယ့်ဓာတ်ပုံတွေ တင်ကြည့်၊ ဒီအတိုင်းနေတာထက် စာရင် အဆက်အသွယ်တွေ ပိုရနိုင်လာတယ်ဆိုပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက် တွေမှာလည်း တင်ဖြစ်ခဲ့ပါတယ်။ ၀က်ဘ်ဆိုက်ကနေ တဆင့် ဒီမှာ ရှိတဲ့ ဓာတ်ပုံဆရာတွေ၊ မိတ်ကပ် ဆရာတွေ၊ နောက် အေဂျင်စီတွေနဲ့ အဆက်အသွယ် ရလာတာပါ။

မေး။ ။ အဲဒီလို တင်လိုက် ပြီးတဲ့ နောက်မှာ ပိုပြီးတော့ လူသိများလာတယ်လို့ ပြောလို့ ရနိုင်မလား။

ဖြေ။ ။ လူသိများတယ်လို့ ညီမထင်တာကတော့ ... ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ ရိုက်တာကို လူက တော်တော်ကို အသိများသွားတယ်လို့ ညီမက ထင်တယ်။

မေး။ ။ အဲဒီလို ရေကူးဝတ်စုံမျိုးတွေနဲ့ ရိုက်တဲ့ အခါမှာ ဟန်နီဦး အနေနဲ့ ဘယ်လို စိတ်ခံစားမှုဖြစ်လဲ။ တော်တော်ကြိုးစား ခဲ့ရတာရှိလား။

ဖြေ။ ။ အဲဒီတုန်းက ညီမတို့ ဆီမှာ အပူချိန်က ၇ ဒီဂရီ၊ ၈ ဒီဂရီ ဆိုတော့ ရေဆိုတာလည်း အရမ်းခဲနေတာ။ နွေရာသီ ၀င်ခါစ ဆိုတော့ ပထမအပတ်မှာတော့ နေပူတယ်ဆိုပြီး နောက်တပတ် ရိုက်ဖို့ချိန်းလိုက်တယ်။ ညီမက လန်ဒန်မှာ နေတယ်ဆိုတော့ အဲဒီကို သွားရတာလည်း နှစ်နာရီ၊ သုံးနာရီလောက် ကားစီးရတယ်လေ။ ညီမကလည်း ဒီမှာ လုပ်ရမယ့် ဟာတွေက အချိန်ဇယား အပြည့်ဆိုတော့ မရ … ရတဲ့ ရက်ကလေးကို ရွေးပြီးတော့ အဲဒီနေ့ကတော့ မိုးမရွာလောက်ဘူး ထင်ပါတယ် ဆိုပြီး သွားတာ မိုးတော့မရွာဘူး၊ ဒါပေမယ့် နေလည်း မပူဘူး အရမ်းကိုအေးတယ်။ ဒါပေမယ့် ကိုယ်က အလုပ်လုပ်နေရတာလေ။ အရမ်းအေးတယ် ဆိုတဲ့ ဆင်ခြေပေးပြီး ကိုယ်က ပြန်သွားဖို့လည်း ညီမက အဲဒီလို မလုပ်တတ်ပါဘူး။ ညီမ တတ်နိုင်သလောက် ကြိုးစားတယ်။ ညီမ မျက်နှာမှာ လုံးဝ အေးတယ်ဆိုတာကို မပေါ်အောင်လို့ တတ်နိုင်သမျှ သရုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ ဒီပုံမှာ သရုပ်ဆောင်ထားတာ အရမ်းပီပြင်တော့ ဒီအတွက်ရော ကြိုတင်လေ့ကျင့်ထားတာတွေ ရှိခဲ့လား။

ဖြေ။ ။ ညီမကတော့ ကတ်တလောက်တွေ အရမ်းကြည့်တယ်။ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းတွေ တော်တော်များများ ဖတ်တယ်။ ပို့စ်အဆန်းလေးတွေ တွေ့ရင်လည်း မှန်ရှေ့မှာ လုပ်ကြည့်တယ်။ နောက်ပြီး ကင်မရာရှေ့ ရောက်ရင် အလိုလိုနေရင်းနဲ့ကို ဘာလေးလုပ်မယ်၊ ညာလေးလုပ်မယ် ပေါ့နော်။ ဒါကလည်း ညီမ တယောက်တည်း မဟုတ်ပါဘူး။ ညီမလည်း ဓာတ်ပုံတချို့ ရိုက်ဖူးတယ်ဆိုတော့ တခါတလေ အဲဒီလို ဓာတ်ပုံဆရာနဲ့ မော်ဒယ်လ်နဲ့ အဲဒီလိုမျိုး ဆက်သွယ်မှု မရှိတဲ့ အခါကျ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မကောင်းတတ်ပါဘူး။ ကမ်းခြေမှာ မိန်ကလေး တယောက် ရေဆော့မယ်၊ ဒီအတိုင်း အဲဒီ ပုံစံ လေးနဲ့ အဲဒီလို ပက်လက်လှဲပြီး အနေထားကျတော့ နည်းနည်း ပြုံးလိုက် ရယ်လိုက်မယ် ဆိုရင် သဘာဝ သိပ်မကျ ဖြစ်တာပေါ့။ တခုခု စိတ်သွင်းပြီးတော့ အဲဒီ ကင်မရာကို စိုက်ပြီး အဲဒီလိုမျိုး ကြည့်လိုက်မယ်၊ နောက် မျက်လုံး အနေအထားကို ကြည့်မယ်ဆိုရင် စူးရှပြီးနေမယ်၊ ကိုယ့် attraction လေး ရှိအောင် ပေါ့နော်။ အဲဒီလိုပဲ ရိုက်လိုက်တယ်။ နောက် ထွက်လာမှ ပုံလေးက တော်တော် ကောင်းသွားတာ။

မေး။ ။ ယဉ်ကျေးမှု ဆိုပြီး ဦးစားပေးတဲ့ မြန်မာပြည်လို နိုင်ငံမှာ ဒီလိုဓာတ်ပုံရိုက်ခွင့်ရမယ်ဆို ရိုက်လိုက်တဲ့ မော်ဒယ်အပေါ်မှာ ဘယ်လို အမြင်မျိုးရှိသွားစေနိုင်လဲ။

ဖြေ။ ။ မြန်မာပြည်မှာတော့ ရိုက်ခွင့် ရ မရတော့ မသိဘူး။ မြန်မာပြည်မှာ ရှိတဲ့ မင်းသမီး တယောက် အနေနဲ့ အဲဒီလို ရိုက်လိုက်ပြီ ဆိုရင် သူတို့ အတွက် မကောင်းတဲ့ အရိပ်ထိုးသွားနိုင်မလားလို့ ညီမ ထင်တယ်။ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူ အများစုက ကိုယ့်မြန်မာနိုင်ငံကို တိုးတက်ချင်ကြတယ်လေ။ ဥပမာ - ယိုးဒယားတို့၊ ကိုရီးယားတို့၊ တရုတ်တို့ကိုပဲကြည့်၊ သူတို့လည်း လွန်ခဲ့တဲ့ တချိန်တုန်းက ညီမတို့လိုပဲ ယဉ်ကျေးမှုကြောင့် ၀တ်စုံတွေ ၀တ်တယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ အောင်မြင်တိုးတက် သွားကြတယ်။ သူတို့မှာ ဒါတွေ ကျန်လားဆိုတော့ မကျန်တော့ ဘူးပေါ့နော်။ ဒါတွေကို သူတို့ ယဉ်ကျေးမှု အနေနဲ့ တချိန်တုန်းက သူတို့ မိန်ကလေး တယောက်အနေနဲ့ ဒီလိုမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ဒါက ခေတ်နဲ့ အညီ ကိုယ်က ပြောင်းတာလေ။ ကိုယ့် နိုင်ငံကြီးပဲ တိုးတက်ပြီးတော့ ၀တ်စုံက ဒါကြီးတွေပဲ ၀တ်ပြီးတော့ ဒီလိုကြီးပဲ နေနေလို့ ဖြစ်ပါ့မလား။ အဲဒီလို နိုင်ငံမျိုးလည်း မရှိဘူးလို့ ညီမ ထင်တယ်။

နောက်ပြီးဒီမှာ ဓာတ်ပုံ တပုံ ရဖို့ ဒေါ်လာဆိုလည်း သိန်းနဲ့ ချီပြီး ကုန်ကြတယ်။ မြန်မာနိုင်ငံမှာ ကျတော့ အဲဒီလောက်အထိ သုံးနိုင်တဲ့ ငွေပမာဏလည်းမရှိဘူးထင်တယ်။

နောက် တခုက အနေအထား မျိုးစုံ ရှိတယ်လေ။ ဒီနိုင်ငံမှာ မော်ဒယ်လ် အမျိုးအစား ပေါင်းစုံရှိတယ်။ play boy မော်ဒယ်လ် လိုမျိုး၊ ရည်ရွယ်ချက် မျိုးနဲ့ ရိုက်တာ မဟုတ်ဘူး။ ရေကူးကန်မှာ သဘာဝ အတိုင်း ရေကူးတယ် ဆိုတဲ့ သဘောမျိုး ပါအောင် သရုပ် ဆောင်တယ်။ အဲဒီလို သဘောမျိုး ရိုက်တာပါ။ မြန်မာ အများစု ကတော့ မြန်မာ နိုင်ငံမှာ မျက်စိပိတ်၊ နားပိတ်ဆိုတော့ အမြင်ကျဉ်းကြတော့ တမျိုးမြင် ကြတာပေါ့။ ညီမကိုလည်း အီးမေးလ်တွေ ဘာတွေ လာကြ၊ ညီမ ပုံတွေ ကိုလည်း ဝေဖန်ကြပါတယ်။

ကိုယ်လည်း တချိန်တုန်းက အဲဒီလို အမြင်ကျဉ်းတဲ့ နေရာမှာ နေခဲ့ရတော့ ကမ္ဘာကြီးနဲ့ အဆက် အသွယ် ပြတ်နေတယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာလည်း မသိဘူး။ ဒီလိုပဲ သဘောထား လိုက်တယ်။ တချို့တွေလည်း နိုင်ငံ အသီးသီး ရောက်ပြီး မျက်စိပွင့်၊ နားပွင့် လာကြပြီး ဒါကို လက်ခံလာ နိုင်တယ်ပေါ့နော်။ ကိုယ်က မြန်မာ့ ယဉ်ကျေးမှု ဆုတ်ယုတ်အောင် ဘာမှ လုပ်နေ တာလည်း မဟုတ်ဘူးလေ။

မေး။ ။ အဲဒီနေ့က ၀တ်စုံ ဘယ်နှစုံနဲ့ ရိုက်တာလဲ။

ဖြေ။ ။ ၄ စုံ ရိုက်တယ်။ အဲဒါရိုက်နေတုန်းက ကမ်းခြေ တခုလုံးမှာ ရေကူးဝတ်စုံနဲ့ ဆိုလို့ ညီမတယောက်ပဲ ရှိတယ်။ အကုန်လုံး က ၀ိုင်းကြည့်နေကြတယ်။ ဟယ် ...မအေးဘူးလားဆိုပြီး ပေါ့နော်။ ဒါပေမယ့်လည်း အဆင်ပြေသွားပါတယ်။ အဲဒီနေ့ကတော့ မနက်ကနေ ညနေအထိပဲ တနေကုန်တယ်။

မေး။ ။ အဲဒါက ဘယ်ကမ်းခြေမှာလဲ။

ဖြေ။ ။ အဲဒါက BOUNE MOUTH ကမ်းခြေ မှာပါ။ သူက လန်ဒန်ကနေတဆင့် ထပ်သွားရတဲ့နေရာမှာ ရှိပါတယ်။ မြန်မာပြည် အနေနဲ့ ပြောရင်တော့ ရခိုင်ဘက်အခြမ်းလိုနေရာပေါ့။ အဲဒီတုန်းက ဓာတ်ပုံတွေ ကြည့်ကောင်းတယ်ဆိုတာ ညီမတယောက် တည်းကြောင့် မဟုတ်ပါဘူး။ ဓာတ်ပုံ ဆရာတွေရော၊ အကုန်လုံးကြိုးစားကြလို့ပါ။

မေး။ ။ ရေကူးဝတ်စုံကြော်ငြာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုဝေဖန်ကြသူတွေ အများကြီးရှိတယ်ဆိုတော့ ဒီလို ဝေဖန်ချက်တွေ အပေါ်မှာရော ဟန်နီဦး အနေနဲ့ ဘယ်လိုသဘောထားပြီးနေဖို့ စဉ်းစားထားလဲ။

ဖြေ။ ။ ဝေဖန်ခံရတာတော့ အနုပညာသမားတိုင်းပါပဲ။ အောင်မြင်တဲ့ သူရော၊ မအောင်မြင်တဲ့ သူရော။ ချီးမွမ်းတာလည်း ရှိသလို ကဲ့ရဲ့တာလည်းရှိတယ်လေ။ ညီမ ကြားဖူးတာက ချီးမွမ်း မခံရတဲ့ လူရှိတယ်တဲ့၊ ဒါပေမယ့် ကဲ့ရဲ့ မခံရတဲ့လူ မရှိဘူးတဲ့။

မေး။ ။ မြန်မာပြည်က မော်ဒယ်လ် တွေရဲ့ အနေအထားနဲ့ နိုင်ငံတကာက မော်ဒယ်လ်တွေရဲ့ အနေအထား ဘယ်နေရာတွေမှာ ကွာခြားမှုရှိတယ်လို့ မြင်မိလဲ။

ဖြေ။ ။ ပြည်တွင်းမှာ လုပ်ခဲ့ တုန်းကတော့ ညီမ အရမ်းငယ်သေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ညီမက ပြည်တွင်း လောကကို သေသေချာချာမသိပါဘူး။ ဒါပေမယ့် ညီမ သိသလောက် ပြောမယ်ဆိုလို့ ရှိရင်တော့ ဥပမာ - မြန်မာပြည်က မော်ဒယ်လ် တယောက်က မင်းသမီးလည်း လုပ်တယ်၊ သီချင်းလည်းဆိုတယ်၊ ကြော်ငြာလည်း ရိုက်တယ်။ အဲဒီလို အစုံပေါ့နော်၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဈေးကွက်က ကျဉ်းတာကိုး ဒီမှာက မော်ဒယ်လ် တယောက်ဆိုတာ ဥပမာ - သူခြေထောက်လှရင် ခြေထောက်မော်ဒယ်လ်၊ သူ့ခြေထောက်ကို သူ အာမခံ ထားမယ်။ လာသမျှ ဖိနပ်တွေ ရိုက်မယ်ဆို ခြေထောက် မော်ဒယ်လ် ပေါ့နော်။ ဒါပေမယ့် များသောအားဖြင့် ဖက်ရှင် မော်ဒယ်လ် ဆိုလို့ ရှိရင် အေဂျင်စီတွေနဲ့ ဟောင်ကောင် သွားပြီးတော့ ဓာတ်ပုံရိုက်တာရှိတယ်။ ဒီနိုင်ငံတွေမှာက ဈေးကွက် နယ်မြေက အရမ်းကြီးတော့ လုပ်ရတာ အဆင်ပြေတယ်။ မြန်မာပြည်မှာက ဈေးကွက်နယ်မြေ အရမ်းကျဉ်းတော့ ကိုယ်တယောက်တည်းနဲ့ အစုံလုပ်ရတာပေါ့။ Kate Mossဆိုရင် သူ ရုပ်ရှင် မရိုက်ဘူး၊ သူ မော်ဒယ်လ်ဆို မော်ဒယ်လ်ပဲလုပ်တယ်။ ဒီမှာက နယ်ပယ်အရမ်းကျယ်တော့ ကိုယ့်မှာပါလာတဲ့ စွမ်းရည်နဲ့ အံဝင်ခွင်ကျလေး ဖြစ်အောင် သုံးလို့ရတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆိုရင် ကိုယ်က ဘယ်လောက်ကြီးပဲ ချောချော နိုင်ငံခြားကို သွားပြီးတော့ အလုပ်လုပ်မယ်ဆိုရင် မြန်မာဆိုတာနဲ့ ခက်ခဲတယ်။ မြန်မာပတ်စ်ပို့စ်က သိတဲ့အတိုင်းပဲ။ အဲဒီလိုတွေ အရမ်းကွာခြားတယ်လို့ ညီမ ထင်ပါတယ်။

နောက်တခုက မော်ဒယ်အလုပ်ကို ကိုယ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရွေးချယ်ပြီဆိုတာနဲ့ ကြော်ငြာတွေ များများ ရိုက်ရမှဖြစ်မယ်လေ။ မြန်မာပြည်မှာက မော်ဒယ်လ် ရှိုးချည်းပဲ သွားပြီး အားကိုးလို့မရဘူး၊ ဓာတ်ပုံချည်းပဲ ရိုက်မယ်ဆိုရင်လည်း ကိုယ်က ဘာမှ ဖြစ်မလာဘူးလေ။ အဲဒီတော့ ကိုယ်က ကိုယ့် အသက်မွေးဝမ်းကျောင်းမှု အတွက် သရုပ်ဆောင်တာရော၊ သီချင်း ဆိုတာရော ၊ မော်ဒယ်လ်ရော မျိုးစုံ လုပ်ရတော့မယ်။ အဓိက ကတော့ ဈေးကွက်နယ်ပယ် ကျဉ်းလို့ပါ။

ပြည်ပမှာကတော့ အောင်မြင်နေတဲ့ မော်ဒယ်တယောက်က တနာရီကို ပေါင် တထောင်၊ ဒေါ်လာ နှစ်ထောင် အဲဒီလိုမျိုး ရတယ်ဆိုတော့ သူတို့အတွက် ဓာတ်ပုံ ရိုက်ရတာ ရပ်တည်လို့ရနေပြီ။ သူတို့ ဒီလိုင်းသက်သက်ပဲ သွားတယ်။ အဲဒီလိုမျိုးတွေ ကွာခြားတယ်လို့ ထင်ပါတယ်။

မေး။ ။ ဟန်နီဦး အားကျ အတုယူတဲ့ ပြည်တွင်းပြည်ပ အနုပညာရှင်တွေရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ ပြည်တွင်းမှာ အားကျတဲ့ မော်ဒယ်လ်တွေကတော့ တင်မိုးလွင်၊ သန္တာလှိုင်နဲ့ ပပ၀င်း တို့ပါပဲ။ ပြည်ပမှာ Kate Moss ကိုကြိုက်တယ်။

မေး။ ။ နိုင်ငံရဲ့ ယဉ်ကျေးမှု အရ မော်ဒယ်လ်ဆိုတဲ့ အပေါ်မှာ အမြင်တွေ ကွာနေသေးတာ၊ လက်ခံမှုနည်းသေးတာကို ဟန်နီဦး ဘယ်လို မြင်လဲ။

ဖြေ။ ။ အမြင်ကျဉ်းကြလို့ လက်မခံနိုင်တာလို့ ညီမမြင်တယ်။ ဒါက မဟုတ်တာ၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ ညီမ ကျင်လည်နေရတာလည်း ဒီနိုင်ငံမှာရှိတဲ့ အဲဒီလို အနုပညာ လောကလည်း ဖြစ်တယ်။ နောက်ပြီးတော့ ၀က်ဘ်ဆိုက်မှာ ဒီဟာက မော်ဒယ်လ် တယောက် အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပြဖို့ အတွက်ပေါ့နော်။ ညီမ Nude မရိုက်ဘူး။ ဒါပေမယ့် ဒီလိုမျိုး ရေကူးဝတ်စုံကတော့ Mask အနေနဲ့ ကိုယ့်ရဲ့ body structure ပြရတာပါ။ ဘယ်လောက် နှုန်းနဲ့ ပြရမယ် ဆိုတာမျိုး အဲဒီလို သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် များသော အားဖြင့် ၉၉. ၉ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်ခန္ဓာကိုပြရတယ်ပေါ့နော်။ အဲဒီလိုမှပဲ အေဂျင်စီက ကိုယ့်ရဲ့ အခြေအနေကို ကြည့်ပြီး ကိုယ့်ဓာတ်ပုံ၊ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို သိပြီးတော့မှ သူတို့က ဒီမော်ဒယ်လ်နဲ့ အလုပ်အတူတူ တွဲလုပ်၊ မတွဲလုပ်ဖို့ ဆိုတာ သူတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။

မေး။ ။ နိုင်ငံတကာ အဆင့်ကိုရောက်သွားတဲ့ မြန်မာမော်ဒယ်လ်တွေ အခုချိန်ထိ မရှိသေးတာ ဘာကြောင့်လို့ထင်မိလဲ။

ဖြေ။ ။ ညီမထင်တာကတော့ အဓိက မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံတကာပွဲတွေမှာ ကိုယ်က apply လုပ်လို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေပြီး apply လုပ်ရတာ ခက်ခဲမယ်လို့ ညီမထင်တယ်။ ဥပမာ - များသောအားဖြင့် ထိုင်းဆိုရင်လည်း သူတို့ အတွက်က ဘယ်နိုင်ငံသွားသွား ဗီဇာက လွယ်တယ်လေ။ မြန်မာနိုင်ငံသား တယောက် အနေနဲ့က ဗီဇာက ဘယ်လိုရှိမလဲ မသိဘူး။ Unknown reason တချို့ကြောင့် ဗီဇာက ခက်ကြတယ်။ အခုကျတော့ မြန်မာပြည်မှာ အင်တာနက်ကို အများဆုံး သုံးလာကြပါပြီ။ မြန်မာလူမျိုးတွေ ညီမ တွေ့ရပါတယ်။ အရင်ခေတ်တုန်းက အဲဒီလိုမျိုး မသုံးခဲ့ကြတော့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မသိ၊ သုံးခဲ့ ပြန်ရင်လည်း ဟိုက ပိတ်လိုက်၊ ဒီက တားလိုက်နဲ့ အဲဒီလိုမျိုး ကြောင့်လို့လည်း ညီမ ထင်တယ်။

နောက်ပြီးတော့ ဒီမြန်မာနိုင်ငံ အေဂျင်စီတွေ အနေနဲ့လည်း အဲဒီလို world wide ကို ဆက်သွယ်ဖို့ ဘာညာဆိုရင် မြန်မာနိုင်ငံမှာ အခုထိ မက်ဒေါ်နယ်တို့ ဘာတို့တောင် မရှိသေးတဲ့ အခါကျတော့ ... ညီမလည်း အဲဒီလောက်ပဲ နားလည်တယ်။

အဓိက အားဖြင့် ညီမ ထင်တယ် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ပြောင်းလဲမှ အများသော အားဖြင့် ဒီလိုမျိုး ပွင့်လင်း လာမယ်။ လူတွေက ဦးနှောက်ပွင့်၊ နားပွင့်၊ အသိဉာဏ်ပွင့် ဖြစ်လာမယ်။ မြန်မာ နိုင်ငံက မြန်မာ လူမျိုးတွေ တော်ကြပါတယ်။ အများသော အားဖြင့် သူတို့ ကြိုးစား ချင်စိတ် ရှိတယ်။ သူတို့ လူမှုရေး တွေမှာ တော်ကြပါတယ်။ သူတို့ အခွင့် အရေး မရှိကြလို့ပါ။ အခြေ အနေကြောင့် အခွင့်အရေး မရှိတော့ ကြိုးစားဖို့ လမ်းမှ မရှိတာ။ အဲဒါကြောင့်လို့ ညီမ ထင်ပါတယ်။

အခုဆိုရင် ညီမ ကြည့်နေတာ ချမ်းချမ်း ဆိုတဲ့ မော်ဒယ်လ် တယောက် သူဒီနိုင်ငံကို လာရင် တော်တော်ကို အောင်မြင် မယ်လို့ ညီမ မြင်ပါတယ်။ ညီမက အရပ် ၅ ပေ၊ ၄ လက်မပဲ ရှိတယ်။ ဒီမှာ မော်ဒယ်လ် တယောက် ဖြစ်ဖို့က အရပ် ၅ ပေ ၉ လက်မ ကနေ ၅ ပေ ၁၁ လက်မ အတွင်း ရှိမှ ၉၈ ရာခိုင်နှုန်း အောင်မြင်တယ်။ အရပ် ၅ ပေ ၉ လက်မ အောက်နဲ့ ၅ ပေ ၁၁ လက်မ အထက်ရှိတဲ့ မော်ဒယ်လ် တွေက အောင်မြင်ဖို့ အတွက် ၁ ရာခိုင်နှုန်း ပဲရှိတယ်။ ဒါပေမယ့် ညီမ အခုသွားမှာ ကျတော့ ဖက်ရှင် မော်ဒယ်လ် သွားမှာ မဟုတ်ဘူး။ ညီမ အခု သွားမှာက ဓာတ်ပုံ မော်ဒယ်လ်၊ Commercial ပေါ့။ ဒါပေမယ့် ညီမက အဓိက ဒါကြီးကို အသက်မွေး ဝမ်းကျောင်းမှု အနေနဲ့ ဆုံးဖြတ်ချက် ယနေ့တိုင် ချမထားပါဘူး။ ညီမက ၀ါသနာ အရလုပ်တယ်။ ညီမရဲ့ အိပ်မက်က ဘာလဲဆိုတော့ ညီမ နာမည် အရကြီး မဟုတ်ပေမယ့် လူ တော်တော် များများ ညီမကို သိကြမယ် ဆိုတာ လောက်ပဲ။ ညီမ လုပ်ချင်တာကို ထပ်ပြီးတော့ ကြိုးစားသွားမယ်၊ လုပ်သွားမယ်။

တနေ့မှာ ညီမလုပ်ချင်တာက ဘာလဲဆိုတော့ လူမှုရေးအလုပ်တွေ လုပ်ချင်တယ်။ မြန်မာနိုင်ငံနယ်စပ်တွေမှာ ကျောင်းလေးတွေ ဖွင့်ပြီးတော့ ကိုယ့်နာမည်နဲ့ အဲဒီလို လုပ်မယ်။ အဲဒါကတော့ ညီမရဲ့ အိပ်မက်ပါ။
   
Ref:irrawaddyburmese
 
 Comments..
 
'ဒါလဲ ကျော်ငြာပေါက်တဲ့နည်းလေးတခုပါဘဲ! လူတွေများများဝေဖန်တော့ကျော်ငြာပေါက်တာပေါ့နော်!
 
Tuesday, December 25, 2012

ယခုနှစ်အတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်လေးရာကျော်မှာ ထွက်ပြေးတိမ်းရှောင်နေဟု သိရ

Tuesday, 25 December 2012 13:22
AddThis Social Bookmark Button
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှုတစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်လေးရာကျော်မှ ကျူးလွန်သူများသည် ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၄၇ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် ၄၄၇ မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်ပြီး ထွက်ပြေးခဲ့သည့် ဖြစ်စဉ်များ လျော့ကျသွားစေရန်နှင့် ကျူးလွန်သူများကို အမြန်ဆုံးဖမ်းမိနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ခြင်း၊ လမ်းများတွင် စီစီတီဗီ ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် လိုအပ်ခြင်း လမ်းကူးသူများနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။
ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က “ယာဉ်တိုက်မှုဖြစ်စဉ် အများစုက ယာဉ်မောင်းတွေ အရှိန်ပြင်း မောင်းနှင်တာကြောင့် ဖြစ်တယ်။ လမ်းကူးသူတွေကလည်း ဂရုစိုက်မှု အားနည်းကြတယ်။ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီဆိုရင် အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေက တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မယ်။ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားမယ်။ ဒဏ်ရာရရှိသွားတဲ့ လူနာအတွက် အရေးပေါ်လူနာတင်ကား ခေါ်ရမယ်” ဟု ပြောသည်။
သို့သော် လူနာသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါက သက်သေနှစ်ဦးခန့်နှင့်  နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်သည်။ အကယ်၍ သက်သေမရှိပါက ကူညီပေးမည့်သူ၏ ဓာတ်ပုံမှတ်တမ်းကို သက်ဆိုင်ရာမှ ရယူထားမည်ဖြစ်သည်။
ထို့ပြင် လူနာ စကားပြောနိုင်ပါက နေရပ်လိပ်စာ ဖခင်နာမည် ယူထားသင့်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရသော လူနာကို တာဝန်သိ ပြည်သူတစ်ယောက်၏ အသိဖြင့် ဆေးရုံပို့ပေးခြင်းသည် ပြဿနာမရှိကြောင်း၊ သို့သော် သက်သေ အထောက်အထားများ ရယူထားရန် လိုအပ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ခုနစ်သန်းနီးပါးရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၇၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလလယ်အထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၇၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇၇၈ ဦးအထိရှိကြောင်း သိရသည်။

Ref;weeklyeleven

ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျမှုဖြစ်ပွား

Tuesday, 25 December 2012 11:20
AddThis Social Bookmark Button
ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) မနက် ၇နာရီခွဲခန့်တွင်  ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan  လေယာဉ်အမှတ်(W-9011)သည် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းနှင့် ၂-မိုင်အကွာခန့်တွင် ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်မှာ ဟဲဟိုးလေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီး ထုတ်နိုင်ခြင်းမရှိဘဲ ဆင်းသက်ခဲ့ရမှု ကြောင့် လေယာဉ်ခါးကျိုးပြီး မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။လေယာဉ်က စိုက်ပျိုးရေး မျိုးသန့်ခြံကို အရောက်မှာ ပျက်ကျပြီး ခါးထပ်ပိုင်း ကျိုးသွားတယ်။ လောလောဆယ်တော့ ဒဏ်ရာမရတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူအချို့ကိုတော့ ဆေးရုံကိုပို့တာတွေ့ရတယ်။ ကနဦး စစ်ဆေးမှုအရ ၇ယောက်ပျောက်တယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အပြီးသတ် စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မှာပါ။ အခုနောက်ဆုံးသတင်းအရတော့ လေယာဉ်ထဲမှာ တစ်ဦး ပြန်တွေ့တယ်။ဒါပေမယ့် သေဆုံးပြီလို့ သိရတယ်။သူ့ကိုတော့ လေယာဉ်ထဲက သယ်ထုတ်သွားပါပြီ”ဟု ဟဲဟိုး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းနားကို ထိုးကျပြီး လေယာဉ်ခါးကျိုးသွားတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ ကနဦးသတင်းအရ သိရတယ်၊လေယာဉ်မှူး နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု ဟဲဟိုး ရှိ ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၆၅ ဦးပါရှိပြီး ၄၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရှိရသည်။ယခုလက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရပါသည်။
Air Bagan facebook စာမျက်နှာတွင်မူ ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း နှင့် Air Bagan  Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
(လတ်တလောရရှိသော သတင်းများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက်များနှင့် နောက်ဆုံးရရှိသော သတင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။)
thn-25-12-12-1
thn-25-12-12-2
thn-25-12-12-3
thn-25-12-12-4
thn-25-12-12-5
thn-25-12-12-6
thn-25-12-12-7
thn-25-12-12-8
thn-25-12-12-9
thn-25-12-12-10
Updated 4:53 PM

လက်ရှိအခြေအနေတွင် ခရီးသည် ၂၆ ဦးကို ရန်ကုန်မြို့ရှိ ၀ိတိုရိယ ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရှိရပြီး ကျန်ရှိသော တောင်ကြီး စ၀်စံထွန်းဆေးရုံ၌ ဆေးကုမှုခံယူနေသော ခရီးသည်များကို ၀ိတိုရိယ ဆေးရုံကြီးသို့ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ ရှိကြောင်း၊ယင်းခရီးသည်များထဲမှာ ပါရှိသော နိုင်ငံခြားသား ခရီးသည်များကိုလည်း ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် အနားယူခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုရောက်ရှိလာသော ခရီးသည် ၂၆ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) ညနေ ၄နာရီခန့်က ပြည်တွင်းဆိုက်ရောက်မှ ရောက်ရှိလာကြောင်းကိုလည်း Air Bagan မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
Updated 6:05 PM
Air Bagan လေကြောင်းလိုင်းမှ ဟဲဟိုးလေယာဉ်မတော်တဆမှုတွင်ကွယ်လွန်ခဲ့သူမှာ မနွဲ့လင်းရှိန်(Tour Guide)ဖြစ်ပြီး၊ ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဆိုသူ ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့ပါသည်။  ယနေ့ နံနက်ပိုင်းတွင် မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ခရီးသည်များအနက် ၂၆ ဦးမှာ ရန်ကုန်မြို့ရှိ ၀ိတိုရိယဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူလျက်ရှိပြီး၊ ကျန်ခရီးသည်များ အားလုံးကိုလည်း ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယင်းခရီးသည်များတွင် တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခရီးသည် ၈ဦး (၁ဦးမှာ ၎င်း၏ ခရီးသွားဖော်အတွက် လိုက်ပါသွားခြင်းဖြစ်) အပါအ၀င်ဖြစ်ကြောင်း သိရှိရပါသည်။

Comments
Zawtika 2012-12-25 11:34
Landing Gear Fault ဖြစ်နေတာ ဘာဖြစ်လို့ Crash Landing လုပ်သလဲ...
Landing Gear Fault နဲ့ တော့ ဟဲဟိုးလို ကွင်းမျိုးမှာ Crash Landing လုပ်စရာ မလိုသလို လုပ်လဲ မလုပ်သင့်ပါဘူး...
ပုံမှန် Domestic Flight တွေမှာ ကွင်းကြီးတွေကို လှည့် ပြန် ဘို့ ဆီအလုံအလောက် ပါတတ်ပါတယ်။
Pilot Fault မဟုတ်ရင် ကွင်းမရောက်ခင် Crash Landing လုပ်ရတာ/ဖြစ်ရတာ ဟာ Engine Failure ဘဲဖြစ်ပါလိမ့်မယ်
Flight Number : W-9011
Aircraft Type : Fokker-100
ကျွန်တော် အမှတ်မမှားရင် Air Bagan က Crash Landing ကြောင့် လေယာဉ် ခါးကျိုးတာ ဒါ ဒုတိယ အစီးပါ။
ပထမ အစီးက ပူတာအိုမှာ ဖြစ်ပီး Aircraft Type က ATR-72-212 ပါ။Zawtika 2012-12-25 11:34
Landing Gear Fault ဖြစ်နေတာ ဘာဖြစ်လို့ Crash Landing လုပ်သလဲ...
Landing Gear Fault နဲ့ တော့ ဟဲဟိုးလို ကွင်းမျိုးမှာ Crash Landing လုပ်စရာ မလိုသလို လုပ်လဲ မလုပ်သင့်ပါဘူး...
ပုံမှန် Domestic Flight တွေမှာ ကွင်းကြီးတွေကို လှည့် ပြန် ဘို့ ဆီအလုံအလောက် ပါတတ်ပါတယ်။
Pilot Fault မဟုတ်ရင် ကွင်းမရောက်ခင် Crash Landing လုပ်ရတာ/ဖြစ်ရတာ ဟာ Engine Failure ဘဲဖြစ်ပါလိမ့်မယ်
Flight Number : W-9011
Aircraft Type : Fokker-100
ကျွန်တော် အမှတ်မမှားရင် Air Bagan က Crash Landing ကြောင့် လေယာဉ် ခါးကျိုးတာ ဒါ ဒုတိယ အစီးပါ။
ပထမ အစီးက ပူတာအိုမှာ ဖြစ်ပီး Aircraft Type က ATR-72-212 ပါ။
Ref;weeklyeleven

Saturday, December 22, 2012

အွန်လိုင်း ကိုယ်ပိုင်ရေဒီယိုလုပ်နည်း!

Shoutcast Banner
Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။
ပထမဆုံး ဘာမှမလုပ်ခင်မှာ www.freeshoutcast.com မှာ Acct ကို Register လုပ်ပါ။ အခု Radio ထောင်မယ့်နေရာမှာ အသုံးပြုမှာ Shoutcast Server ပါ။ Shoutcast နဲ့ပတ်သက်ပြီး Free ပေးနေတယ့် Shoutcast Host တွေအများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု နားထောင်နိုင်တဲ့ Listener အရေအတွက်၊ Radio လွှင့်မယ့် Quality အတွက် Encoding စသဖြင့် ကွဲပြားပါတယ်။ Port 80 ကို Free မှာချပေးမယ့် Shoutcast Hosting တွေရှိကောင်း ရှိပါလိမ့်မယ်။ ကိုယ်ကြွမ်းကျင်သလို Google မှာရှာဖွေ နိုင်ပါတယ်။ အဓိက ပြောချင်တာ အသုံးပြုမဲ့ Server အမျိုးအစား ကတော့ Shoutcast ပါ။ Freeshoutcast.com မှာတော့ Listener အယောက် ၁၀၀ထိ အလကားပေး ထားတာဖြစ်ပြီး လွှင့်တဲ့နေရာမှာလဲ Quality ကို 64 Kbps အထိ Bitrate ကိုသွားနိုင်ပါတယ်။ ဒီ Tutorial မှာ freeshoutcast.com ကိုအသုံးပြုထားပါတယ်။ အဓိက ဘယ်လိုလုပ်ရလဲ ဆိုတာနားလည်သွားရင် ဘယ် Hosting သုံးသုံး အခြေခံကတော့ အတူတူပါပဲ။ Register လုပ်ပြီး Email ကနေ Activate လုပ်ပြီးရင် http://cp.freeshoutcast.com/cp.php ကနေ ကိုယ် Register လုပ်ထားတုံးက အသုံးပြုတဲ့ Username နဲ့ Password သုံးပြီး Log In လုပ်ပါ။ ၀င်လိုက်တာနဲ့ ပုံ၁မှာ ပြထားတဲ့ အတိုင်းမြင်ရမှာပါ။

1

ဒါက ကိုယ်ရဲ့ Shoutcast အတွက် ထိမ်းချုပ်နိုင်တဲ့ Control Panel ပေါ့။ ဘယ်မှ ဆက်မသွား သေးခင်မှာ ပုံ၁မှာ မြင်ရတဲ့ အပေါ်နားလေးက "Your FreeSHOUTCAST" ကိုတစ်ချက် နှိပ်လိုက်ပါ။ Shoutcast ကို run ဖို့အတွက် လိုအပ်တဲ့ အခြေခံ Information တွေဒီက ယူရမှာ ဖြစ်ပါတယ်။ ပုံ၂မှာ မြင်ရတဲ့ Host ကတော့ အကုန်အတူတူပါ။ Portbase မှာတစ်ယောက်နဲ့ တစ်ယောက် မတူသလို Password လည်းမတူနိုင်ပါဘူး။ နောက်ပိုင်း Password ပြောင်းဖို့ ပြပေးပါမယ်။ ဒီအဆင့်ထိ ရောက်ပြီးဆိုရင်တော့ ခဏရပ်ပြီး လိုအပ်တဲ့ Software လေးတွေ Download လိုက်ကြရအောင်။

2

အသုံးပြုမယ့် Software ကတော့ တစ်မျိုးထဲပါ။ ဒါပေမဲ့ Shoutcast လုပ်နိုင်ဖို့အတွက် Plugin ထည့်ပေးရမှာ ဖြစ်လို့ စုစုပေါင်း နှစ်ခု Install ရပါမယ်။ Software က Music Player ဖြစ်တဲ့ Winamp ပါ။ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ Winamp က Microsoft Windows မှာပါပြီးသား Windows Media ကိုကောင်းကောင်း အစားထိုးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Radio လွှင့်ဖို့ လိုအပ်တဲ့ DSP Plugin ပါ။ တစ်ခြားနည်းတွေ ရှိပေမဲ့ DSP Plugin နဲ့လုပ်ရတာ အလွယ်ကူဆုံးပါ။

Winamp ကို Install လုပ်တဲ့ နေရာမှာ တခြားမလိုအပ်တဲ့ Toolbar တွေမှားပြီး မသွင်းမိစေဖို့ သတိထားပြီး Install လုပ်ပါ။ Installation step by step တော့ မပြောတော့ ပါဘူး။ ဒါပေမဲ့ Install လုပ်တဲ့အခါ Yes ပဲဆက်တိုက် မလုပ်ပဲ တစ်ဆင့်ချင်းမှာ သေချာဖတ်ပြီး လုပ်ဖို့ အကြံပေး ပါရစေ။ ဘာအန္တရာယ်မှ မရှိပေမဲ့ မလိုအပ်တဲ့ Junk Software တွေ Computer ထဲမှာ မရှိရင် အကောင်းဆုံးပါ။ Winamp ကိုသွင်းပြီးရင် DSP Plugin ကိုဆက်ပြီး Install လုပ်ပါ။ မလုပ်ခင်မှာတော့ Winamp ကိုပိတ်လိုက်ပါ။ DSP Plugin ကတော့ လွယ်ပါတယ်။ တောက်လျှောက် Next နှိပ်ပြီး Install အလွယ်တကူ လုပ်နိုင်ပါတယ်။ Winamp မှာ Install လုပ်ပြီးရင် Skin ရွေးတဲ့အခါ Bento, Winamp Modern, Winamp Classic ဆိုပြီး ရှိတာပြောရရင် Winamp Modern Skin ကကျွန်တော့် အမြင်မှာ ရှင်းပြီး လုပ်ရတာ လွယ်ပါတယ်။ ကိုယ်ကတခြား Skin ရွေးမိလို့ ပြန်ပြောင်းချင်တယ် ဆိုရင်တော့ Winamp ရဲ့ Menu မှာ Options > Skins ကနေ ရွေးနိုင်ပါတယ်။
3

လိုအပ်တဲ့ Software တွေလည်း ရပြီ၊ ထည့်ဖို့ Information လည်းသိပြီ ဆိုတော့ အောက်မှာ ဆက်ကြည့်ကြတာပေါ့။

အပေါ်မှာ ကိုယ့် Server Information ပေးထားတဲ့ နေရာမှာ Host ရဲ့ free.freeshoutcast.com ဆိုတဲ့ Domain ကို IP အရင်ပြောင်းတာပေါ့။ မပြောင်းချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီ Domain ကြီးပါနေတာကို သဘောမကျလို့ IP ပြောင်းလိုက်တော့ ကြည့်ရတာ ပိုအဆင်ပြေသလို ခံစားရလို့ပါ။ ပြောင်းချင်တဲ့ သူတွေအတွက် 188.165.229.150 ကိုသုံးနိုင်ပါတယ်။ ကျွန်တော့် Tutorial မှာတော့ 188.165.229.150 ကို Host အတွက်သုံးထားပါတယ်။ သတိပြုဖို့ 188.165.229.150 ဆိုတာ free.freeshoutcast.com နဲ့အတူတူပါပဲ။ ပုံ၎မှာ ပြထားသလို ကျွန်တော် အနီနဲ့ ၀ိုင်းထားတဲ့ နေရာမှာ အချပ်အလက်တွေ ဖြည့်ပါ။ Address မှာ Host ကိုထည့်ပြီး Port နဲ့ Password မှာ ကိုယ့်မှာ ရှိတာကိုယ်ဖြည့်ပါ။ use SHOUTcast V1 mode ကို Check လုပ်ထားပါ။ အရေးကြီးပါတယ်။ ပြီးရင် Yellow Pages ဆိုတဲ့ Tab ကိုတစ်ချက် ကူးပြီး ပုံ၅မှာ ဖြည့်သလို ဖြည့်နိုင်ပါတယ်။ ပြီးရင် Encoder ကိုသွားပြီး အောက်က Encoder Type ကို MP3 Encoder ပြောင်းပါ။ Encoder Settings မှာဆွဲချရင် 64kbps, 22050 Hz, Stereo ကိုရွေးလိုက်ပါ။ 64 ထက်ပိုရွေးပြီး Stream မိတယ်ဆိုရင် တစ်ရက် အပိတ်ခံရပါတယ်။ 64 ထက်လျော့ပြီး 56 ဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ရွေးနိုင်ပါတယ်။ အဓိက 64 Kbps ထက်မကျော်ဖို့ပါ။
4
5
6
အကုန်လုံးထည့်ပြီးပြီ အဆင့်သင့် ဖြစ်ပြီဆိုရင်တော့ ခုနက Control Panel ရဲ့ Your FreeSHOUTCast မှာ Action အောက်က Start ကိုတစ်ချက်နှိပ်လိုက်ပါ။ Shoutcast ကိုစ Run ဖို့ Server ကိုစလိုက်တဲ့ သဘောပါ။ ဒီအတိုင်းမ Run ခင်မှာ Server ကအမြဲတမ်း offline ပါ။ ကိုယ်စမ Run ခင်မှာ Offline လား Online လား အမြဲ Check ပါ။ Server ကို start လုပ်ပြီးသွားရင် Control Panel အောက်နားမှာ မြင်ရတဲ့ Status က On ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။
7
8

Server လည်း Start လုပ်ပြီးရင်တော့ Winamp Player ကိုသွားပါ။ ပြီးရင်ပုံ၉မှာ မြင်ရသလို Connect ကိုနှိပ်လိုက်တဲ့အခါ Bytes တွေတက်လာတာ မြင်ရရင် အကုန်အဆင်ပြေပြီး Online ရေဒီယို တစ်ခုကိုယ့်ဟာနဲ့ ကိုယ် Run နေပြီလို့ ပြောနိုင်ပါပြီ။
9
FreeSHOUTCast ရဲ့ Control Panel ပြန်သွားရင် Your FreeSHOUTCast အထဲမှာ Action အောက်က Manage ကိုတစ်ချက်နှိပ် လိုက်ပါ။ Admin Password နဲ့ Password ဆိုပြီး ပြောင်းလို့ရတာလေး နှစ်ခုကို တွေ့မိပါလိမ့်မယ်။ ကိုယ်ကနဂိုသူ ပေးထားတဲ့ Password ကိုမကြိုက်လို့ ပြောင်းချင်တယ် ဆိုရင် ဒီကပြောင်းလို့ ရပါတယ်။ သတိပြုပါ။ ဒါက Shoutcast ကိုဖွင့်ဖို့ သုံးတဲ့ Password ကိုပြောင်းတာပါ။ ဒီ Control Panel ထဲဝင်တယ့် Password မဟုတ်ပါဘူး။ Control Panel ထဲဝင်တာကို Account ကနေတဆင့် ပြောင်းနိုင်ပါတယ်။ အခု Manage မှာကြည့်လိုက်ရင် Admin Password ဆိုပြီး စဉ်းစားစရာ တစ်ခုတွေ့မိ ပါလိမ့်မယ်။ Shoutcast ကို Server ပေါ်တင်တဲ့အခါ နဂိုသူရဲ့ Shoutcast Panel တစ်ခုပါပါတယ်။ ဒါပေမဲ့ Hosting တွေက သူတို့ကိုယ်တိုင် လုပ်ထားတဲ့ Control Panel တွေနဲ့ အုပ်ထားတော့ ဒီ Panel ကိုသိပ်မသွား ဖြစ်တော့တာပါ။ အဲဒါကို သွားဖို့အတွက် http://188.165.229.150:43472 ဆိုပြီး 43472 နေရာမှာ ကိုယ့်ရဲ့ ရထားတဲ့ Port နံပတ်နဲ့ ပြောင်းပေးပြီး Address ကို Browser မှာရိုက်ထည့်လိုက်ရင် အောက်က အတိုင်းမြင်ရမှာပါ။
10
ပုံထဲမှာ မမြင်ရပေမဲ့ အဲစာမျက်နှာ ရောက်သွားရင် ညာဖက်အစွန်ဆုံး Admin Log in မှာတစ်ချက် နှိပ်လိုက်ရင် user name နဲ့ password တောင်းတဲ့ Windows တစ်ခု တက်လာပါလိမ့်မယ်။ Username က admin ပါ။ Password ကအပေါ်မှာ ပြောထားတဲ့ Manage မှာ ကြည့်ရင် မြင်ရတဲ့ Admin Passowrd ဆိုပြီးပေးထားတာနဲ့ အတူတူပါပဲ။ Log In လုပ်ပြီးသွားရင်အောက်က ပုံအတိုင်း မြင်ရမှာပါ။ ကိုယ့် Listener တွေရဲ့ IP အဓိက ကြည့်နိုင်မှာ ဖြစ်ပြီးတခြား Information တွေပါ မြင်ရမှာပါ။ ဒါဆိုရင်အဆင် ပြေလောက်ပြီပေါ့။ ကိုယ့် Radio နားထောင်ဖို့ Link ပေးချင်တယ်ဆိုရင် FreeSHOUTCast Panel ထဲက WebPlayer အောက်က Link ကိုအလွယ်တကူ ပေးနိုင်သလို ကိုယ်က တိုက်ရိုက် နားထောင်ချင်တဲ့ Link ပေးချင်ရင် http://188.165.229.150:43472/listen.pls ဆိုပြီး 43472 နေရာမှာ ကိုယ့် Port ပြောင်းပြီး ပေးနိုင်ပါတယ်။
11
ကျွန်တော်ရေးထားတာ မပြည့်စုံပါဘူး။ နောက်ပြီး Computer အခြေခံ မရှိရင် နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကုန်လုံးကို အစအဆုံး လိုက်ရှင်းပြဖို့အတွက် အဆင်မပြေလှပါဘူး။ ဘာဖြစ်ဖြစ် ဒီလောက်ဆိုရင် ဘယ်လိုလုပ်လဲ ဆိုတာအနည်းနဲ့ အများ သဘောပေါက်မှာပါ။ မရှင်းတာတွေ အောက်မှာ Comment ထားခဲ့ပါ။ ကျွန်တော်တို့ Reply လုပ်ပေးပါမယ်။ MYMC Facebook Wall မှာလည်း မေးခဲ့လို့ ရပါတယ်။ ကျွန်တော် Facebook ကို Message ပိုပြီးလည်း မေးနိုင်ပါတယ်။ ကူညီလို့ရသလောက် အဆင်ပြေအောင် ကျွန်တော်ကူညီပေးမှာပါ။ ပြည့်စုံတဲ့ Tutorial မဟုတ်ပေမဲ့ ယူသုံးမယ်ဆိုရင်တော့ Credit ပြန်ထားပေးပါ။ ၅မိနစ်လောက် Copy လုပ်သွားတာလေး အတွက် ကျွန်တော်တို့ ၅နာရီစာလောက် လုပ်ထားရတာပါ။
-mahuyar
 Ref:mymclub.net

နိုင်ငံခြားငွေများ ၀ယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်များကို လုပ်ကိုင်ခွင့်ပြုတော့မည်

ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကို နိုင်ငံခြားငွေများ ရောင်း ဝယ် လဲလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၂ ပါ စီမံခန့်ခွဲပိုင်ခွင့်များကို ကျင့်သုံးလျှက် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့ အစည်းများအား နိုင်ငံခြားငွေများကို ပြည်တွင်းသုံး ကျပ်ငွေဖြင့် ၀ယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံခြားငွေများ ၀ယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence-M.C)များကို ခွင့်ပြု ထုတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပါသည်။
၂။ လိုင်စင် လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည် -
(က) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။
(ခ) အောက်ပါအချက်များ အဓိကပါဝင်သည့် လုပ်ငန်းစီမံချက်အား တင်ပြရမည်-
(၁) နိုင်ငံခြားငွေများ ရောင်းဝယ်မှုလုပ်ငန်းအတွက် ဈေးကွက်ရှိကြောင်း၊
(၂) သက်ဆိုင်ရာ ပြည်သူများ၊ ဖောက်သည်များလည်း စိတ်ဝင်စားမှုရှိကြောင်း၊
(၃) ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအရင်းအမြစ်နှင့် ယင်းတို့ကို မည်သို့ရရှိမည်ဖြစ်ကြောင်း၊
(၄) မျှော်မှန်းထားသည့် အကျိုးအမြတ်၊
(၅) နိုင်ငံခြားငွေများ ရောင်းဝယ်မှုလုပ်ငန်းအတွက် စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ အရည်အချင်းနှင့် ကျွမ်းကျင်မှု၊
(ဂ) နိုင်ငံခြားငွေများ ရောင်းဝယ်ခြင်း လုပ်ငန်းကို နည်းလမ်းတကျ ဆောင်ရွက်နိုင်စေရန် ငွေရေး ကြေးရေးအဖွဲ့အစည်းများကဲ့သို့ အောက်ပါတို့ကို စီစဉ် ဆောင်ရွက်ထားရှိရမည်-
(၁) စာရင်းထားသိုပုံစနစ်၊
(၂) အသုံးပြုမည့် ငွေကြေးများနှင့် နောက်ခံအကြောင်းအချက်များ၊
(၃) နိုင်ငံခြားငွေများ ရောင်းခြင်း/၀ယ်ခြင်းအပေါ် နောက်ခံအကြောင်းအချက်များ၊
(၄) သတင်းအချက်အလက်များ စုဆောင်းရယူပုံစနစ်၊
(၅) နိုင်ငံခြားငွေများ ရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတုအစစ်ခွဲခြားခြင်းတို့ အတွက် ပြည့်စုံ လုံလောက်သော အစီအမံများထားရှိခြင်း၊
(ဃ) တရားမ၀င်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့ကို သိရှိနားလည်၍ ယင်း ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ၀န်ခံကတိပြုရမည်။
(င) လူမွဲစာရင်းခံဖူးသူများ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံရဖူးသူများ လျှောက်ထားခွင့်မပြုပါ။
(စ) သက်တမ်းရှိသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းများ နှင့် ကိုယ်ရေးရာဇ၀င်အကျဉ်းကို တင်ပြရမည်။
၃။ အဆိုပါ လိုင်စင်ရရှိနိုင်ရန် လျှောက်ထားသူများသည် အောက်ပါအတိုင်း မတည်ငွေရင်း ထူထောင် ရမည်ဖြစ်သည် -
(က) ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည် ရင်းနှီးငွေ အနည်းဆုံး ကျပ် ၃၀ သန်း ထည့်ဝင်လုပ်ကိုင်ရမည်။ ယင်း မတည် ငွေရင်းကို နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက် ကားသည့် လုပ်ငန်း လိုင်စင် (Authorized Dealer Licence- A.D) ရ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်လှစ် ထည့်သွင်းရမည်။
(ခ) ငွေလဲကောင်တာလုပ်ငန်းများ တစ်ခုထက်မက ဆောင်ရွက်လိုပါက ကောင်တာ တစ်ခုစီ အတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင်ရမည်။
၎။ အဆိုပါ လိုင်စင်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတွင် လျှောက် ထားနိုင်ပြီ ဖြစ်ပါသည်။
၅။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အမှတ် ၂၆(က)၊ စက်မှု (၁)လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၅၄၃၅၃၂ ၊ ၀၁-၅၅၉၂၇၈ နှင့် ၀၁-၈၆၀၃၇၄၈ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
 
ကုမ္ပဏီ အဖွဲ့အစည်းများမှ နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ငန်းအား လာရောက် စုံစမ်းမှု များပြားနေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းများအနေနဲ့ နိုင်ငံခြားငွေရောင်းဝယ်ရေး
လဲလှယ်ရေး လုပ်ငန်း Money Changer များကို လုပ်ကိုင် လိုတဲ့ ကုမ္ပဏီများဟာ လိုင်စင် လျှောက်ထားဖို့ လာရောက် စုံစမ်းမှုတွေ များပြားလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို လိုင်စင် လျှောက်ထားဖို့ လာရောက် စုံစမ်းတဲ့ ကုမ္ပဏီဟာ ကုမ္ပဏီပေါင်း ၅၀ ကျော်လောက်ရှိ နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာရောက် လျှောက်ထားတဲ့ ကုမ္ပဏီ တွေထဲကမှ သတ်မှတ် ထားတဲ့ အချက်အလက် တွေနဲ့ ပြည့်စုံတဲ့ လျှောက်လွှာ ၇ ခု ကိုတော့ ရုံးစာရင်းပိုင်း ဆိုင်ရာ တွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီ နှစ်ခု ကိုလည်း မကြာခင် လိုင်စင်များ ထုတ်ပေး သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်း Money Changer လိုင်စင်ကို အဆိုပါ ကုမ္ပဏီ နှစ်ခုကို လိုင်စင် ထုတ်ပေးနိုင်ဖို့ကို နောက်ဆုံး အဆင့် စစ်ဆေးမှုတွေ ဖြစ်တဲ့ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်ရာမှ စနစ်တကျရှိမှု၊ လုံခြုံမှုနဲ့ ငွေအတု အစစ် ခွဲခြားနိုင်မှု ရှိမှုတို့ကို သေသေချာချာ စစ်ဆေးပြီး အဆိုပါ စစ်ဆေးမှုတွေ အောင်မြင် သွားတဲ့ အခါ လိုင်စင်ထုတ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ငွေလဲကောင်တာ လုပ်ငန်းများကို တစ်ခုထက် မက ဆောင်ရွက် လိုပါက ကောင်တာ တစ်ခုစီ အတွက် မတည်ငွေရင်း ငွေကျပ် ၁၀ သန်းစီ ထပ်မံ ထည့်ဝင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ ဖုန်းနံပါတ်-
၀၁-၅၄၃၅၃၂၊ ၀၁-၅၅၉၂၇၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၀က်ဘ်ဆိုက် www. cbm.gov.mm မှာ အသေးစိတ် စုံစမ်း မေးမြန်း နိုင်ကြောင်း သတင်း ရရှိပါတယ်၊

 မြန်မာပုဂ္ဂိုလ်လိကဘဏ်စာရင်းလေးတွေ-Myanmar Private Banks lists!

မြန်မာနိုင်ငံသားတိုင်းသိထားသင့်တဲ့ နိုင်ငံခြားငွေကိုင်ဆောင်ရင် လိုက်နာရမဲ့ ဥပဒေတွေပါ၊ အဓိက နိုင်ငံခြားငွေ လဲလှယ်ရင်လိုက်နာရမဲ့ အချက်တွေပါ...
Foreign Exchange Management Law Final 21-8-2012

1. http://forex.cbm.gov.mm/api/latest              

2. http://forex.cbm.gov.mm/api/currencies           

3. http://forex.cbm.gov.mm/api/history/29-10-1988(dd-mm-yyyy)

Foreign Exchange Regulation Act

1.Except with the previous permission of the Controller, no person other than an authorized dealer shall in Myanmar, and no person resident in Myanmar other than an authorized dealer shall outside Myanmar, buy or borrow from or sell or lend to or transfer to or exchange with, any person not being an authorized dealer, any foreign exchange
2.No person shall have dealings in foreign exchange at rates of exchange other than the rates for the time being authorized by the Central Bank of Myanmar.
3.Where any foreign exchange is acquired by any person other than an authorized dealer for any particular purpose, or where any person has been permitted conditionally to acquire foreign exchange, the said person shall not use the foreign exchange so acquired otherwise than for that purpose or, as the case may be, where any foreign exchange so acquired cannot be so used, the said person shall without delay sell or offer to sell the foreign exchange to an authorized dealer.
4.No persons shall, except with the general or special permission of the Controller bring or send into Myanmar any currency notes or bank notes or coin whether Myanmar or foreign.
5.No person shall, except with the general or special permission of the Controller or the written permission of a person authorized in this behalf by the Controller, take or send out of Myanmar any gold, jewellery or precious stones, or any currency or foreign exchange .
6.No person shall, except with the general or special permission of the Controller take or send any security to any place outside Myanmar.
7.Except with the general or special permission of the Controller, no person resident in Myanmar shall settle any property, otherwise than by will, upon any trust under which a person who, at the time of settlement, is resident outside Myanmar.
8.Except with the general or special permission of the Controller, no person resident in Myanmar shall lend any money either to any company which is controlled by persons resident outside Myanmar.
9.Whoever contravenes any of the provisions of this Act or any rule, direction or order made thereunder shall be punishable, with imprisonment for a term which may extend to three years, and shall also be liable to fine.

Issuing Foreign Exchange Dealer Licences
In administering under the Foreign Exchange Regulation Act (FERA) and, Central Bank of Myanmar Law (CBML), the Central Bank of Myanmar issues Foreign Exchange Dealer licences. The initial licence fee shall be paid on issuance of the licence to operate and subsequent annual licence fee shall be paid by the expiry of the licence.

(A) Authorized Dealer Licence (A/D)

Authorized Dealer Licences have been issued to state owned banks only: Myanmar Foreign Trade Bank [MFTB], Myanmar Investment and Commercial Bank [MICB] and Myanmar Economic Bank [MEB]. The licence fees are as follows:
Initial FeesAnnual FeesFine(per month)
Kyats - 500,000Kyats - 200,000Kyats - 50,000

(B) Money Changer Licence (M/C)

Money Changer Licences are especially issued to government enterprises, organization joint with government and resort hotels. The licence fees are as follows:
Initial FeesAnnual FeesFine(per month)
For Citizen (Kyat)400,000150,00040,000
For Foreigner (USD/FEC)2,0001,000300

(C) Foreign Exchange Acceptor and Holder Licence (FEA/H)

Foreign Exchange Acceptor and Holder Licences are issued to the private individual, organization who earned foreign currencies such as travel and tours companies, hotels, private companies, gems and jewellery business, restaurants and souvenir shops. The licence fees are as follows:
Initial FeesAnnual FeesFine(per month)
For Citizen (Kyat)300,000100,00020,000
For Foreigner (USD/FEC)1,000500100

Ref:cbm.gov.mm

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!