Popular Posts!

Monday, September 12, 2011

ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်းစုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းခွင့်ရမည်

Sunday, 11 September 2011 11:52


ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်း စုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင် နေသူများကို ကားတင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အစည်းဝေးခန်းမတွင် မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များအား ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ်တင်သွင်းရေးနှင့် သက်ဆိုင်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းသန်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

"ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်းလုပ်ကိုင်သူ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ဆိုရင်တော့ ကိုယ့် Account ထဲမှာ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့အထက်ပြနိုင်ရင် ကားတစ်စီး တင်သွင်းခွင့်ပေးမယ်။ နိုင်ငံခြားမှာ တရားဝင်သွားရောက် လုပ်ကိုင်တဲ့သူ၊ သင်္ဘောသားတွေ အနေနဲ့ကတော့ ကိုယ့် Account ထဲမှာ ဒေါ်လာသုံးသောင်း ပြသနိုင်ရင် ကားဝယ်ယူတင်သွင်းခွင့် ပါမစ်ပေးဖို့ စဉ်းစားဆွေးနွေးထား ပါတယ်။ တကယ်လို့ ကိုယ့် Account ထဲမှာ ကားဝယ်ဖို့အတွက် မလုံလောက်ဘူးဆိုရင် အခြား Account ထဲက ပြောင်းထည့်ပြီးလည်း ၀ယ်လို့ရပါတယ်။ ကားအဟောင်းပ ယ်ဖျက်ပြီး ကားသစ်သွင်းမယ့်သူတွေကိုလည်း ဘဏ် Account လုပ်ပေးပါမယ်။ သူတို့တွေအနေနဲ့လည်း အခြား Account ထဲကနေ ပြောင်းယူလို့ရပါတယ်။ ကားဝယ်ဖို့ ပေးသွင်းခြင်းဆိုပြီး ငွေလွှဲပေးလို့ရပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ ၇၀၀၀၀ ကျော် ရှိပြီး နိုင်ငံရပ်ခြားတွင် လုပ်ကိုင်နေသည့် သင်္ဘောသားဦးရေမှာ ၂၅၀၀၀ ၀န်းကျင်ရှိကြောင်း၊ သက်ဆိုင်ရာဘဏ်တွင် Account ဖွင့်ထားသူမှာ ၉၂ ဦးသာ ရှိကြောင်းလည်း သိရသည်။

Ref:weeklyeleven

(ကားအဟောင်းတစီး U$ 100,000 = ဒီမှာတင် သိန်း၇၅၀ရှိနေပြီ) ပါမစ် + ကားတန်ဖိုး = ? ကျပ်


= ?


Tuesday, September 6, 2011

သွားကိုက်သက်သာအောင်နှိပ်နယ်နည်း

စိုးရိမ်မှုတွေ လွှမ်းမိုးနေတဲ့ ကမ္ဘာ့စတော့ခ်ရှယ်ယာ ဈေးကွက်

သြဂုတ်လ ၂၂၊ ၂၀၁၁-စီးပွားရေး ကျဆင်းမှုတွေ တကျော့ပြန် ပေါ်လာမှာ စိုးရိမ်မှုတွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေမှာ ပြဿနာတွေ ကြုံနေရပါတယ်။

ဓာတ်ပုံ - အေပီ
စီးပွားရေး အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ ကမောက်ကမတွေ ကြုံနေရပါတယ်။

"စီးပွားရေး အရှိန်အဟုန်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးရှုံးရတာမျိုး ကျနော်လုပ်သက် အနှစ် ၂၀ အတွင်း တခါမှာ မတွေ့ဖူးပါဘူး။"
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ဘဏ္ဍာရေး ပြဿနာတွေကြောင့် စီးပွားရေး ကျဆင်းမှုတွေ နောက်တကြိမ် ကြုံရမှာကို စိုးရိမ်ပူပမ်မှုတွေနဲ့အတူ၊ ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ ကမောက်ကမ အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့ အခြေအနေတွေနဲ့ အကြွေးပြဿနာတွေကို အစိုးရတွေရဲ့ ကိုင်တွယ်ပုံတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မချဘဲ ဖြစ်နေကြတာပါ။
စီးပွားရေး ခိုင်မာတဲ့ နိုင်ငံတွေမှာ ကြုံနေရတဲ့ စီးပွားရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ဗွီအိုအေ သတင်းထောက်တွေ သတင်းပေးပို့ထားတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ မူဝါဒ အမှားအယွင်းတွေကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ နောက်ထပ် အကျပ်အတည်း ကြုံရလုနီးနီး စိုးရိမ်စရာ အခြေအနေကို ရောက်နေပြီလို့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ထင်ရှားတဲ့ မော်ဂန် စတန်လေ (Morgan Stanley) ဘဏ်ကြီးက သတိပေး လိုက်ပါတယ်။ ဘဏ္ဍာရေး ၃ လပတ်ကာလ ၂ ခုဆက်တိုက် စီးပွားရေး တိုးတက်မှု နှေးကွေးတဲ့ အဖြစ်တွေ ကြုံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အဖွဲ့ဝင် (၁၇) နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေအနေနဲ့ နောက်နှစ်ထဲလောက်မှာ စီးပွားရေး အကျပ်အတည်းဆိုက်မယ့် အလားအလာတွေ မြင်နေရတယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးက ခန့်မှန်းလိုက်တာပါ။

Trader Gregory Rowe and specialist Jennifer Klesaris work on the floor of the New York Stock Exchange, Friday, Aug. 12, 2011
ဓာတ်ပုံ - အေပီ
အမေရိကန် Wall Street စတော့ခ်ဈေးကွက်မှာတော့ ၄ ပတ်ဆက်တိုက် ကျဆင်းမှုတွေ ကြုံခဲ့ရတာပါ။

ဥရောပတိုက်က ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့ဝင် တိုင်းပြည်တွေမှာ ရင်ဆိုင်နေရတဲ့ အကြွေး ပြဿနာတွေကို တုန့်ပြန်ဆောင်ရွက်ရာမှာ နှေးကွေးပြီး ထိရောက်မှု မရှိတာ၊ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်လည်း အစိုးရရဲ့ ကြွေးမြီ သုံးစွဲနိုင်တဲ့ ပမာဏကို တိုးမြှင့်ရေး ကိစ္စအတွက် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာတွေက ရင်းနှီးမြုပ်နှံသူတွေနဲ့ ၀ယ်ယူစားသုံးသူတွေအဖို့ ယုံကြည်စိတ်ချမှုတွေကို ပျက်ပြား စေခဲ့တာလို့လည်း ဘဏ္ဍာရေး လုပ်ငန်းက ကျွမ်းကျင်သူတွေ မြင်နေကြတာ ဖြစ်ပါတယ်။
TD Securities ဘဏ္ဍာရေးလုပ်ငန်းက စီးပွားရေးပညာရှင် အဲရစ် ဂရင်း (Eric Green) ကဆိုရင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ မကြုံဘူးလောက်အောင် စိတ်ပျက်စရာ အခြေအနေတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“မြင်နေရတာကတော့ ယုံကြည်စိတ်ချမှုနဲ့ ပတ်သက်လို့ အမေရိကန်မှာလည်း အကျပ်ရိုက်နေသလို၊ ဥရောပမှာလည်း တွေ့ရမှာပါ။ ယုံကြည်မှုနဲ့ ပတ်သက်လို့ ပြဿနာ ကြုံနေရတာတွေရဲ့ အကျိုးဆက် အဖြစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေတာတွေ ပိုပြီးမြန်ဆန် လာနေတာပဲ ဖြစ်ပါတယ်။ စီးပွားရေး အရှိန်အဟုန်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးရှုံးရတာမျိုး ကျနော်လုပ်သက် အနှစ် ၂၀ အတွင်း တခါမှာ မတွေ့ဖူးပါဘူး။ ဒါက စိုးရိမ်စရာပါ။”
ဥရောပက အကြွေးပြဿနာတွေနဲ့ ပတ်သက်လို့ သြဂုတ်လထဲမှာ ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် (Angela Merkel) တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုပြီးညီညွတ်မှု ရှိစေဖို့ တိုက်တွန်းပြောဆို ခဲ့ကြပေမဲ့လည်း၊ ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်ပူပမ်မှုတွေကိုတော့ သက်သာအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။

People are reflected at an index board inside the Athens stock exchange August 9, 2011.
ဓာတ်ပုံ - ရိုက်တာစ်
ဥရောပက ကြွေးမြီပြဿနာဟာလည်း ရင်းနှီးမြုပ်နှံသူတွေ စိုးရိမ်စရာ အကြောင်းတခု ဖြစ်နေပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေထဲမှာ စီးပွားရေး အင်အားအကောင်းဆုံး ဂျာမဏီနိုင်ငံဟာ ဆိုရင်လည်း ဒုတိယဘဏ္ဍာရေး ၃ လပတ် ကာလမှာ ဖွံ့ဖြိုးမှု ပမာဏဟာ ၀.၀၁% သာ ရှိခဲ့တာကြောင့် အခြေအနေတွေ ပိုပြီး ဆိုးစေခဲ့တယ်လို့လည်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Sica Wealth စီမံခန့်ခွဲမှု ကုမ္ပဏီက ဂျက်ဖရီ ဆိုက်ကာ (Jeffrey Sica) က ပြောပါတယ်။

“အများက မြင်နေကြတာကတော့ စီးပွားရေး အခိုင်မာဆုံး တိုင်းပြည်တခု အဖြစ်နဲ့ ဂျာမဏီနိုင်ငံမှာ တိုးတက်မှုတွေ တန့်နေမယ်ဆိုရင်၊ တခြားအားနည်းတဲ့ တိုင်းပြည်တွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတာပါပဲ။ ဥရောပတလွှားက အထူးသဖြင့် စပိန်နဲ့ အီတလီ နိုင်ငံတွေက ဘဏ်လုပ်ငန်းစနစ်မှာ ကြုံနေရတဲ့ ပြဿနာတွေကလည်း စီးပွားရေးကို တဖြည်းဖြည်းချင်း ထိခိုက်နေတယ်လို့ ကျနော်ထင်ပါတယ်။”
မော်ဂန် စတန်လေ ဘဏ်ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဒီနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၄.၅% ရှိမယ်လို့ မူလက တွက်ဆထားတာကို ၃.၉% သာရှိမယ်လို့ သြဂုတ်လလယ်မှာ ပြင်ဆင်ခန့်မှန်းခဲ့သလို၊ ရှေ့နှစ်ထဲမှာလည်း စီးပွားရေး တိုးတက်မှုတွေ နှေးကွေးနေလိမ့်ဦးမယ်လို့ တွက်ချက်ခဲ့တာပါ။ တကယ်တော့ အမေရိကန်နဲ့ ဥရောပတလွှားမှာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကို ၂၀၀၈ ခုနှစ်မှာတုန်းကလည်း ကြုံခဲ့ရဖူးပြီး၊ ၂၀၀၉ ခုနှစ် တနှစ်လုံးလိုလို အကျပ်အတည်းတွေက ရုန်းထွက်နိုင်အောင် ကြိုးပမ်းခဲ့ရာက အတော်အသင့် တိုးတက်မှုတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ လူပေါင်း ၁၄ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နေဆဲ အခြေအနေတွေနဲ့ အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်မှာလည်း ပြဿနာတွေနဲ့ ကြုံနေရဆဲ ဖြစ်သလို၊ ဥရောပတလွှား အစိုးရတွေ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်ရလို့ နိုင်ငံတကာက အကူအညီပါ ယူနေရတာတွေက စိမ်ခေါ်မှုတွေအဖြစ် တကျော့ပြန် ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကပဲ ဘဏ္ဍာရေး ဈေးကွက်မှာ ရှေ့လျှောက် အခက်အခဲတွေ ဖန်တီးပေးလိမ့်ဦးမယ်လို့ စီးပွားရေး ပညာရှင် ဂျက်ဖရီ ဆိုက်ကာ က သုံးသပ်ပါတယ်။
“ဥရောပတိုက်ဟာ သတင်းခေါင်းကြီးပိုင်းမှာ ပြန်ပါလာလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒီအခြေအနေတွေကပဲ ကျနော်တို့ရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာတွေကို ပိုဆိုးအောင် လုပ်လိမ့်မယ်၊ ရင်းနှီးမြုပ်နှံသူတွေအဖို့ ကြမ်းတမ်းတဲ့ နှစ်တနှစ် ဖြစ်လာမယ်လို့လည်း ကျနော်ထင်ပါတယ်။”
စီးပွားရေး အင်အားကြီး နိုင်ငံတွေက အခြေအနေတွေကို စိုးရိမ်ပူပမ်ရာက ကမ္ဘာတ၀န်း ငွေကြေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ အခုကိုပဲ ပြဿနာတွေနဲ့ ကြုံနေရတာပါ။ အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေးဈေးကွက်ဖြစ်တဲ့ Wall Street မှာ ဆိုရင်လည်း ၄ ပတ် ဆက်တိုက်အဖြစ် စတော့ခ် ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ တတိယပတ်ထဲမှာ ဆိုရင်တော့ အဓိကအစုရှယ်ယာတွေ ဖြစ်ကြတဲ့ Dow Jones အညွှန်းကိန်းက ၄% S&P က ၄.၇% နဲ့ Nasdaq ကတော့ ၆.၆% အထိ အသီးသီး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အလားတူ ဥရောပနဲ့ အာရှတလွှား ဈေးကွက်တွေထဲမှာလည်း သောကြာနေ့ ဈေးပိတ်ချိန်မှာ ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာပါ။

်ဓာတ်ပုံ - အေပီ
ရင်းနှီးမြုပ်နှံသူတွေ ရွှေကို အလုအယက် စုဆောင်းလာတာကြောင့် ရွှေဈေးလည်း စံချိန်ချိုအောင် တက်လာပါတယ်။

ဒီအတွက်လည်း စိုးရိမ်ပူပန်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီး စိတ်ချရမယ့် ရွှေလိုခိုင်မာတဲ့ကုန်တွေကို အလုအယက် စုဆောင်းလာကြလို့ ရွှေဈေးဟာလည်း တရိပ်ရိပ် တက်လာခဲ့ပါတယ်။ သောကြာနေ့ ဈေးပိတ်ချိန်မှာတုန်းက ကမ္ဘာ့ရွှေဈေးဟာဆိုရင် ၁ အောင်စကို ဒေါ်လာ ၁,၈၀၀ ကျော်အထိ ဈေးပေါက်ခဲ့တာဖြစ်ပြီး၊ ဈေးကွက်ထဲက ဆန်းစစ်သူတွေကတော့ ဒေါ်လာ ၂,၀၀၀ လောက်အထိ ဆက်တက်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။
ဒါပေမဲ့လည်း အားတက်စရာတခုအဖြစ် မော်ဂန် စတန်လေ ဘဏ်ရဲ့ ခန့်မှန်းချက်ထဲမှာတော့ တကယ်လို့သာ စီးပွားရေး အကျပ်အတည်းတွေ နောက်တကြိမ် ကြုံလာရင်တောင်မှ အခုအချိန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဘဏ္ဍာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတုန်းကနဲ့စာရင် စီးပွားရေး အခြေအနေတွေ အထိုက်အလျောက် ကောင်းမွန်နေတာမို့ အရင်လောက် ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း တိုင်းပြည်မှာ အလုပ်လက်မဲ့ ပြဿနာလို ဖြေရှင်းစရာ ကိစ္စတွေ ရှိနေပေမဲ့ နောက်တကြိမ် စီးပွားရေး အကျပ်ဆိုက်မယ့် အဖြစ်ရောက်မယ်လို့ မမြင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဥရောပသမဂ္ဂ (EU) ရဲ့ ဥက္ကဋ္ဌ ဟာမန် ဗန်ရွန်ပေ (Herman Van Rompuy) ကလည်း စီးပွားရေး ချည့်နဲ့မှုတွေနဲ့ ကြွေးမြီပြဿနာတွေ ရင်ဆိုင်နေရတဲ့တိုင်အောင် စီးပွားရေး အကျပ်အတည်းနဲ့ ကြုံရတဲ့အထိ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

Ref:voaburmese

မြန်မာနဲ့ အာရှဒေသ အလုပ်အကိုင် ပြဿနာ

စက်တင်ဘာ ၅၊ ၂၀၁၁-မြန်မာနဲ့ အာရှမှာ အစဉ်အလာ လုပ်ငန်းတွေကိုသာ အားထားနေလို့ မဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

ဓာတ်ပုံ ဓာတ်ပုံ - အေပီ
အာရှမှာ စီးပွားရေး တိုးတက်လာပေမဲ့ အရေအသွေးပြည့်တဲ့ အလုပ်အကိုင်တွေကတော့ ရှားပါးနေဆဲ ဖြစ်ပါတယ်။

"အာရှက ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်အောင် အားလုံးခံစားခွင့် ရှိဖို့နဲ့ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရရှိဖို့ လိုပါတယ်။"
မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှေ့အလားအလာတွေဟာ အရည်အသွေးရှိတဲ့ အလုပ်အကိုင် ရရှိမှုတွေအပေါ် မူတည်မယ်လို့ ဒေသတွင်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ စီးပွားရေး တိုးတက်မှုတွေမှာ ရှေ့တန်းရောက် လာနေတဲ့ အာရှတိုက်အနေနဲ့ ဖွံ့ဖြိုးမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ မိရိုးဖလာ လုပ်ငန်းတွေ အပေါ်မှာသာ အားကိုးနေလို့ မရဘူးလို့လည်း ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံနဲ့ အာရှဒေသက အလုပ်အကိုင် ရရှိရေး အခြေအနေတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
အာရှဒေသမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကြီးထွားလာတဲ့ စီးပွားရေးကနေ အကျိုးခံစားနေရတာတွေကို ထိန်းထားနိုင်ဖို့ သာမက တိုးချဲ့သွားနိုင်ဖို့ အတွက် အရည်အသွေးပြည့်တဲ့ အလုပ်အကိုင် ရရှိဖို့လို၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာက သတိပေးပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ စီးပွားရေး အရှိန်အဟုန် ကောင်းလာတဲ့ ဒေသတခု ဖြစ်လာနေတဲ့ တချိန်တည်းမှာပဲ ဒေသတွင်း လူဦးရေရဲ့ ၄၀% ကျော်ဟာဆိုရင် တနေ့ကို ၀င်ငွေ အမေရိကန် ၂ ဒေါ်လာအောက်နဲ့ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် အာရှ-ပစိဖိတ် ဒေသအတွက် အဓိကကျတဲ့ တိုင်းတာချက် အဖြစ် ထုတ်ပြန်လိုက်တဲ့ နှစ်စဉ်အစီရင်ခံစာက ဖော်ပြလိုက်တာပါ။
ဒေသတွင်းက တိုးတက်မှုတွေဟာ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေ ထက်တောင်သာလာတဲ့ အခြေအနေကို ရောက်လာနေပေမဲ့ အခြေခံကျတဲ့ အလုပ်အကိုင် ကိစ္စလို ပြဿနာတွေဟာ စိမ်ခေါ်မှုတွေအဖြစ် ရှိနေတုန်းပဲလို့ ADB ရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် ချန် ယုံယီး (Chang Yong-rhee) က ပြောပါတယ်။
“အာရှတိုက်မှာ ဖွံ့ဖြိုးမှုတွေ ကြီးထွားနေပေမဲ့လည်း၊ ၀င်ငွေရှိသူနဲ့ မရှိသူကြား ကွာဟနေပါတယ်။ ဒီအခြေအနေက လူမှုရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်သလို၊ ရေရှည်တိုးတက်မယ့် အလားအလာတွေမှာလည်း အဟန့်အတား ဖြစ်နိုင်ပါတယ်။ အာရှက ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်အောင် အားလုံးခံစားခွင့် ရှိဖို့နဲ့ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရရှိဖို့ လိုပါတယ်။”

Source: ADB
၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဒေသအလိုက် အလုပ်အကိုင် ရရှိမှု အခြေအနေ

တခြားဒေသတွေနဲ့ယှဉ်ရင် အာရှဒေသဟာ အတည်တကျ မဟုတ်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရသူ အရေအတွက် သိသိသာသာ များပြားနေတယ်လို့လည်း ADB က ပြောပါတယ်။ ဒေသတွင်းက တိုင်းပြည်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အလုပ်လက်မဲ့ အရေအတွက်ဟာ ၆% တ၀ိုက်မှာ ရှိမယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းထားကြတာပါ။ ဒါဟာလည်း လူဦးရေရဲ့ အများစု အစဉ်အလာအားဖြင့် လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလို လုပ်ငန်းတွေကို အားထားနေတာ၊ အလုပ်အကိုင်တွေ ရနိုင်မယ့် တခြား အခွင့်အလန်းတွေ မရှိတာတွေကြောင့် ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ (Macquarie) တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“မြန်မာနိုင်ငံသား အများစုဟာ ဥပမာအနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတာပါ။ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စတာတွေလို လူအများအပြားကို အလုပ်ပေးနိုင်တဲ့ လုပ်ငန်းကြီးတွေ ဖန်တီးထားတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ အများအပြားရှိနေပြီး အချိန်ပြည့် အလုပ်အကိုင်တွေရဲ့ အကျိုးကျေးဇူးကိုလည်း မခံစားကြရပါဘူး။”
အရည်အသွေး ပြည့်မီတဲ့ အလုပ်အကိုင်တွေနဲ့ အတည်တကျ သင့်တင့်လျှောက်ပတ်တဲ့ လစာ၊ လုပ်ငန်းခွင် အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့ အာမခံချက် ရနိုင်မယ့် အခြေအနေတွေကတော့ အာရှဒေသမှာ သိပ်အားရစရာ မကောင်းလှဘူးလို့လည်း ADB က သတိပေးထားတာပါ။ လတ်တလော ဖန်တီးပေးနိုင်တယ်ဆိုတဲ့ အလုပ်အကိုင်တွေ ဆိုတာဟာလည်း စားရိတ်သက်သာပြီး၊ လစာနည်းတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - အေပီ
မြန်မာနိုင်ငံလို မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အားထားနေတာတွေ ပြောင်းလဲဖို့ လိုနေတယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးနေတာပါ။

ADB က စီးပွားရေး ပညာရှင်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ချန် ယုံယီး ကတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေက အလုပ်သမား ပြဿနာတွေကို အာရုံစိုက် ဖြေရှင်းဖို့ လိုနေပြီလို့ ပြောပါတယ်။
“စက်မှုတိုင်းပြည်အဖြစ် အသွင်မပြောင်းနိုင်သေးတဲ့ ၀င်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အစဉ်အလာ လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားတွေ ပိုလျှံနေတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီလို ၀င်ငွေနိမ့်တဲ့ တိုင်းပြည်တွေ အနေနဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးတာ၊ မိရိုးဖလာ လုပ်ငန်းတွေမှာ လိုတာထက် ပိုနေတဲ့ လုပ်သားတွေကို ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ဖို့ အားပေးတာတွေကို အဓိက လုပ်ကြရမှာပါ။”
မြန်မာနိုင်ငံလို ၀င်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေမှာတော့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ကုန်သွယ်မှုတွေနဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုလက်ခံတာ၊ ကျေးလက်ကနေ မြို့ပြဒေသတွေကို ရွှေ့ပြောင်းနေထိုင်တာမျိုးတွေနဲ့ ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်တာတွေ လုပ်ဆောင်နိုင်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာက အကြံပြုထားပါတယ်။ တချိန်တည်းမှာပဲ ကျေးလက်ဒေသနေ လူထုအနေနဲ့ အစဉ်အလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြရဦးမှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးအရ သာမက၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေနဲ့ ပံ့ပိုးမှုတွေကိုပါ လုပ်ဆောင်ပြီး တိုးတက်မှုရအောင် လုပ်ဖို့ လိုမယ်လို့လည်း ဖော်ပြခဲ့တာပါ။
ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်ပပို့ကုန်တွေ တိုးမြင့်လာတာ၊ ၀င်ငွေရတဲ့ ကောက်ပဲသီးနှံ ဈေးနှုန်းတွေ တက်လာတာကြောင့် ကျေးလက်နေ လူတန်းစားတွေရဲ့ ၀င်ငွေဟာ အသင့်အတင့် ပိုလာမယ်လို့လည်း ပြောပါတယ်။ ဒီလိုပဲ ရာသီဥတု အခြေအနေတွေ ပုံမှန်ရှိနေတာ၊ ဒီနှစ်မတ်လထဲမှာ တက်လာတဲ့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ စတင်အကောင်အထည် ပေါ်လာလိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း ADB ရဲ့ စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဓာတ်ပုံ - အေပီ
ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှုတွေနဲ့ အလုပ်အကိုင်ကောင်းတွေ ဖန်တီးဖို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက တိုက်တွန်းနေပါတယ်။

သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က ပါမောက္ခ တာနဲလ် ကတော့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ တိုင်းပြည်စီးပွားရေးပုံစံကို အခြေခံကျကျ ပြောင်းလဲဖို့ လိုနေသလို၊ လူများစု အကျိုးခံစားခွင့်ရှိတဲ့ အခြေအနေမျိုး ဖန်တီးနိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
“စီးပွားရေးဖွံ့ဖြိုးမှုဆိုတာက စီးပွားရေး လုပ်ငန်းတွေမှာ ပြောင်းလဲဖြစ်ထွန်း လာတယ်ဆိုတဲ့ သဘောပါ။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ စီးပွားရေးပုံစံဟာ စိုက်ပျိုးရေးလို လုပ်ငန်းတွေကနေ စက်မှုလုပ်ငန်းတွေကို ကူးပြောင်းတာမျိုး၊ ၀န်ဆောင်မှု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တာမျိုးတွေ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်၊ တွေ့နိုင်တာကတော့ လူတချို့အနေနဲ့ သတ္ထုတွင်းတူးလုပ်ငန်း၊ တခြားဒီလို စက်မှုလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ အကြီးအကျယ် ခံစားနေရတာမျိုး ရှိတယ်ဆိုပေမဲ့လည်း စီးပွားရေးမှာတော့ အခြေခံကျကျ ပြောင်းလဲတာတွေ မရှိပါဘူး။”
မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုအတွက် အလားအလာတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အကြံပြုထားတာပါ။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေး အခြေအနေတွေဟာ အိမ်နီးချင်း တိုင်းပြည်တွေရဲ့နောက်မှာ ပြတ်ကျန်နေတဲ့အတွက် စီးပွားရေး အခြေအနေတွေ တိုးတက်ဖို့၊ နိုင်ငံသားတွေကြား ၀င်ငွေမျှတမှုရှိစေဖို့နဲ့ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာလည်း ရင်းနှီးမြုပ်နှံမှုတွေအတွက် စိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးတာ၊ လူမှုဖူလုံရေးနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ ပိုမိုပေးအပ်သွားဖို့ စတာတွေ လုပ်ဆောင်ရလိမ့်မယ်လို့ စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

Ref:voaburmese

မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁)


burmamoney
ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို ဖတ်မိပြီး အတွေးပေါင်းများစွာ ခေါင်းထဲဝင်လာတယ်။ ပထမ အချက်က ဒီလို ငွေအလဲအလှယ် ပြဿနာကို ဗြောင်လူပုံအလည်မှာ တင်ပြ ဆွေးနွေးခွင့် ပြုတာကို ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကမ္ဘာကြီးမှာ တွေ့ကြုံနေရတဲ့ ဒေါ်လာနဲ့ ယူရို (Euro) ပြဿနာဟာ ပိုဆိုးဖို့ပဲရှိတယ်။ ဒီငွေကြေးတွေ တန်ဖိုးကျလေ၊ မြန်မာကျပ်ငွေ တန်ဖိုးကြီးတဲ့ ပြဿနာက ရှင်းရခက်လေပဲ။

အမေရိကန်မှာ အမေရိကန် နိုင်ငံရေးသမားတွေဟာ အရက်မူးလွန်တဲ့ သင်္ဘောသားလို စည်းမရှိကမ်းမရှိ ငွေချေး
သုံးတဲ့ အကျင့်ကို မစွန့်လွှတ်နိုင်ကြဘူး။ ဒါကြောင့် စီးပွားရေး နလန်ထူဖို့ လမ်းမမြင်နိုင်ဘူးလို့ ကမ္ဘာ့ စီးပွားရေး ပညာရှင်တွေက ဝိုင်းပြောနေကြပြီ။

တချိန်တည်းမှာ ဥရောပမှာ နိုင်ငံရေး ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံဆိုပြီး ဥရောပငွေကြေးစံနစ်ကို
ထူထောင်ခဲ့တာ ဂရိလို အကြွေးနဲ့ ပိနေတဲ့နိုင်ငံတွေက ပြဿနာတက်လိုက်တာ ပြင်သစ်နဲ့ ဂျာမဏီတို့က
ငွေပံ့ပိုးကြရင်း အခု စပိန်၊ အီတလီအထိ ကူးစက်လာစရာရှိနိုင်ပြီး ပြင်သစ်ဘဏ်တွေပါ ထိပါးလာပြီလို့ သတင်း
တွေ ထွက်လာပြီ။ လက်ရှိ ကမ္ဘာ့အခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ပါဆိုတဲ့ အခြေအနေပဲ။

ဦးနေဝင်းရဲ့ မဆလ စီးပွားရေးစံနစ်မှာ ဦးဘငြိမ်းရဲ့
ဦးဘငြိမ်းရဲ့ကောင်းမှုနဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ ဆိုရှယ်လစ်ကွ ဆိုတဲ့၊ မာနနဲ့ နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ
ကောင်းမှု နဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR (Special Drawing
Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ် ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ဆိုရှယ်လစ်ကွဆိုတဲ့၊ မာနနဲ့
နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ။

ဒီတော့ (ကျပ်) နဲ့ ဒေါ်လာ လဲလှယ်နှုန်း (၃) မျိုးဖြစ် လာပါတော့တယ်။ တသက်လုံး မပြောင်းနိုင်တော့တဲ့ တရားဝင် နှုန်းက တခု၊ ကပ်စတန် (Custom) နှုန်းက တဒေါ်လာ ၄ဝဝ ဝန်းကျင်နှုန်းကတစ်ခုနဲ့ တကယ် အသုံးပြရတဲ့ မှောင်ခို နှုန်းရယ်လို့ ဖြစ်လာပါတယ်။ ဒီကြားထဲ FEC လို့ခေါ်တဲ့ ဒေါ်လာအတုက ဝင်လာပြန်တော့ သူ့ရဲ့ လဲလှယ်နှုန်းကလည်း ပါလာရပြန်တာပေါ့။


ကမ္ဘာ့ငွေကြေးစံနစ်

နိုင်ငံတိုင်းမှာ ဗဟိုဘဏ်ဆိုတာရှိပါတယ်။ တိုင်းပြည်ရဲ့ ငွေစက္ကူ (သို့) ပိုက်ဆံကို ဒီဗဟိုဘဏ်ကပဲ ရိုက်ထုတ်ရ
ပါတယ်။ အရင်က ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့မရပါ။ ၁၉၂ဝ ခုနှစ်များအထိ နိုင်ငံတခုရဲ့ ငွေစက္ကူကို
ထောက်ပံ့နိုင်ဖို့ (ရွှေ) နောက်ခံထားတဲ့ စံနစ်ကို အသုံးပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ မှာ အမေရိကန်နိုင်ငံ နယူးဟန်ရှယ်ပြည်နယ် ဘရန်တင်ဝုဒ်
(Bretton Woods) ဆိုတဲ့ နိုင်ငံတကာ အစည်းအဝေးပွဲက IMF နဲ့ ကမ္ဘာ့ဘဏ်တို့ကို ထူထောင်ခဲ့ကြပြီး ကမ္ဘာ့
ငွေစက္ကူတွေက အမေရိကန် ဒေါ်လာကို ပြောင်းနိုင်ပြီး၊ အမေရိကန် ဒေါ်လာက (ရွှေ)ကို ပြန်ပြောင်းပေးနိုင်တယ်
ဆိုတဲ့ “ကမ္ဘာ့ငွေကြေးစံနစ်” ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဟာလည်း ကမ္ဘာ့ငွေစက္ကူ Global Currency အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ယနေ့အထိပါပဲ။ ၁၉၇၁ ခုနှစ်မှာ သမ္မတနစ်ဆင်က ရွှေကို ပြန်ပြောင်း နိုင်တယ်ဆိုတဲ့ သဘော တူညီချက်ကို ရပ်ဆိုင်းလိုက်တယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံက ဓါတ်ငွေ့တွေဝယ်ရင် ဒေါ်လာပေးပြီး မြန်မာနိုင်ငံက တခါ တခြားနိုင်ငံက ထွက်ကုန်ပစ္စည်းပြန်ဝယ်ရင် ဒေါ်လာပဲ ပေးရပါတယ်။ လွယ်လွယ်ပြောရရင် အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ
အကြီးဆုံး စီးပွားရေးနိုင်ငံ၊ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံ၊ ဒါ့ကြောင့်ဒေါ်လာကို (စံ) အဖြစ်ထားပြီး၊ ဒေါ်လာကို ကြားခံထားကာ နိုင်ငံတကာ ကုန်သွယ်မှု ပြုကြရပါတယ်။ နောက်တနည်းပြောရရင် မြန်မာကျပ်ဆိုရင် လူတွေ အားမကိုးရဲ၊ မယုံရဲဘူး၊ ဒေါ်လာဆိုရင် ယုံတယ်၊ ကိုင်ရဲတယ်ပေါ့။


ဗဟိုဘဏ်

နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ
(Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဥပမာ ဝိုင်တူးကေ (Y2K) လို့ ခေါ်ကြတဲ့ ရာစုနှစ်ပြောင်းတဲ့
အနှစ် ၂ဝဝဝ ပြဿနာ ကာလက အမေရိကန်ဗဟိုဘဏ်က အကယ်၍များ လူတွေလန့်ပြီး ငွေကြေး လည်ပတ်မှု
ပြဿနာပေါ်ခဲ့သော် ငွေကြေး လုံလုံလောက်လောက်ရှိအောင် ဗဟိုဘဏ် ခွဲတွေမှာ အပိုဒေါ်လာတွေ အဆင်သင့်
ပြင်ထားခဲ့ ရတယ်။

တခါအမေရိကန် စီးပွားရေး တဟုန်ထိုး တိုးတက်နေတဲ့ (Boom) ကာလကနေ လေပူပေါင်း ပေါက်ကွဲသွားသလို
(Bust) ကာလ ရောက်ခဲ့ရင် ဗဟိုဘဏ်တွေကပဲ အတိုးနှုန်းကို လျော့ပေးရပြန်တယ်။ အတိုးနှုန်း နည်းရင် ငွေချေးခ
လျော့သွားတော့ ငွေများများ ချေးလာကြတော့ ငွေလည်ပတ်မှုများလာပြီး စီးပွားရေး ပြန်ဦးထောင် လာတာပေါ့။

အကြောင်းက ဝုန်းဆို စီးပွားရေး ပူပေါင်းပေါက်တာဖြစ်ပြီး စီးပွားရေးကျပြီ ဆိုတာနဲ့ ကုမ္ပဏီတွေဟာ အသုံးရပ်၊ အလုပ်သမားတွေလျော့၊ ရှိတဲ့လက်ကျန်ငွေကို ခြိုးခြံ ကြရတာကြောင့် အရောင်းအဝယ်တွေထိုင်း၊ အလုပ်လက်မဲ့
တွေ ပေါလာတော့ လူတွေကလည်း စိုးရိမ်စိတ်နဲ့ အသုံးလျော့ကြကာ တိုင်းပြည် စီးပွားရေးကျပြီး မကိုင်တတ်ရင် စီးပွားရေးကပ် ဆိုက်တတ်ပါတယ်။

ငွေကြေးလည်ပတ်မှု များနေရင်လည်း ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်တတ်ပါတယ်။ ငွေကြေး ဖေါင်းပွမှုဟာ စီးပွားရေးတိုးတက်မှုနဲ့ ဒွန်တွဲပါမလာရင် ကုန်ဈေးနှုန်းတွေတက်၊ လစာကမတိုးနဲ့ တိုင်းသူ ပြည်သားတွေ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုင်းရဲ့ အဓိကပစ်မှတ်ဟာ ငွေကြေးဖေါင်းပွမှု ကို နိုင်အောင်
ကိုင်နိုင်ဖို့ အကြောင်းဖြစ်လာရပါတယ်။

နောက်တခါ စီးပွားရေး ကောင်းလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုများလို့ နိုင်ငံခြားငွေ များများဝင်လာရင် မိမိငွေစက္ကူနဲ့
ပြန်လဲလှယ်ပေးရတော့ ပြည်တွင်း လည်ပတ်ဖို့ ငွေလျော့သွားရင် မိမိရဲ့ ငွေတန်ဖိုးဟာ မြင့်တက် လာတတ် ပါတယ်။ ဈေးကွက် စီးပွားရေးမှာ အားလုံးဟာ ဝယ်အား၊ ရောင်းအား Supply & Demand အပေါ်မူတည်တာပဲ။ တိုင်းပြည်ထဲမှာ ငွေလည်ပတ်မှုဟာ အတိုင်းတာတခု အထိပဲရှိတယ်။ ဒီမှာတိုင်းဝြည် ငွေသား (ငွေစက္ကူ)
အဝယ်အား Demand များလာရင်၊ ဝယ်အားတက်လာရင်၊ ငွေတန်ဖိုးလည်း တက်လာတာပါ။

ဒီလိုမြင့်တက်လာရင် ပြည်ပပို့ကုန်ဈေးကွက်ကို ထိခိုက်လာပါတယ်။ ဥပမာ ဆန်ဝယ်တဲ့ နိုင်ငံခြား ကုမ္ပဏီဟာ တလဆန်တန်ချိန် ၁ဝဝ ဝယ်တယ်ဆိုပါစို့။ တဒေါ်လာ ၁,ဝဝဝ ကျပ်ကနေ တဒေါ်လာ ၈ဝဝ ကျပ်ဖြစ်သွားရင် သူ့အတွက် မြန်မာဆန်ဟာ ဈေးကြီးသွားပြီ။ ဒါဆို မြန်မာဆန်ဟာ ထိုင်းဆန်နဲ့ ဈေးတူသွားရင် ထိုင်းဆန်ကို ဝယ်ချင် ဝယ်မှာပေါ့။ မြန်မာဆန်က ဈေးအသာ မရတော့ဘူး။ ၂ဝ၁၁ ၊ ဇူလိုင်လ ၂၂ရက်နေ့ သတင်းတခုမှာ မြန်မာနိုင်ငံရဲ့ စပါးထွက်နှုန်း တိုးလာသော်လည်း ပြည်ပသို့ ဆန်တင်ပို့မှုဟာ သုံးပုံနှစ်ပုံ ကျဆင်းလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးတက်မှုရဲ့ ရလဒ်တခုပါပဲ။

ဒီလိုပဲ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ထုတ်တာ တစီးကို ၁ဝဝ,ဝဝဝ ကျပ် ကုန်ကျစရိတ်ရှိတယ် ဆိုပါစို့။ ဒါက တရုတ်မော်ဒယ်တွေ။ ထိုင်းကသွင်းလာတဲ့ ဟွန်ဒါ စီးချင်ပေမဲ့ ၁၂ဝ,ဝဝဝ၊ မို့ ဝယ်သူကမတတ်နိုင်။ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်၊ မြန်မာဖြစ်ကိုပဲ ကြိတ်မှိတ် စီးနေရတယ်။ ဟော ဒေါ်လာဈေးကျပြီး၊ ဒေါ်လာ ဈေး ၈ဝဝ ကျပ်
ဖြစ်တော့ ဟွန်ဒါ ဈေးလည်း ကျပ် ၁ဝဝ,ဝဝဝ၊ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်လည်း ၁ဝဝ,ဝဝဝ ဆိုတော့ အရင်စီးချင်နေတဲ့ ဟွန်ဒါပဲ ဝယ်တော့မပေါ့။ ဒီတော့ မြန်မာပြည်ထုတ် မော်တော်ဆိုင်ကယ်တွေ အရောင်း ကျလာ
တော့၊ အလုပ် သမားတွေလျော့ရတော့မယ်။ မိအေးနှစ်ခါနာ လာဖြစ်မနေဘူးလား။

ဒီတော့ ဗဟိုဘဏ်တွေက မိမိအရံ၊ ရန်ပုံငွေထဲကငွေနဲ့ ဒေါ်လာတွေလိုက်ဝယ်ပေါ့။ ဒါကို Intervention၊ ဗဟိုဘဏ် ဝင်ပါ၊ ဝင်ကယ်ခြင်းလို့ ခေါ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အကြွေး ထူလာပြီး သူတို့ငွေစက္ကူတွေ ဈေးကျလာတော့ ဂျပန် ယန်း Yen က ဈေးတက်လာတာကြောင့် ဂျပန် ဗဟိုဘဏ်က ဝင်ပါလာရတယ်။

ဗဟိုဘဏ်က အတိုးနှုန်းကို ကစားပြီး ငွေလည်ပတ်မှု လက်နက်ကို ကိုင်ပြီး ငွေကြေးလည်ပတ်မှု မျှတအောင်
လုပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ပဲ့ထိန်းပေးတာ၊ ငွေလဲလှယ်နှုန်း မျှတတည်ငြိမ်အောင် လုပ်ဆောင်တာတွေကို
ငွေကြေးပေါ်လစီ (Monetary Policy) လို့ ခေါ်ပါတယ်။

ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲရှိပါတယ်။ အခွန်ကောက် ဒါမှမဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခတွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ။

အစိုးရဘတ်ဂျက်က ဝင်ငွေနဲ့မမျှရင် ဘတ်ဂျက် လိုငွေ ပြရင် ငွေချေးရတော့မယ်။ တခါ အစိုးရ လိုငွေကြောင့် အခွန်တိုးကောက်ပြန်ရင် လုပ်ငန်းတွေ ဝင်ငွေထိခိုက်ရင် အလုပ်သမားတွေလျော့ စီးပွားရေး ကျဆင်းနိုင်ပါတယ်။
ဒီလို အစိုးရသုံးငွေ၊ အခွန်ကောက်ခြင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး ပေါ်လစီကို Fiscal Policy လို့ ခေါ်ပါတယ်။

အစိုးရသုံးငွေဟာ ဝင်ငွေထက်များပြီး ငွေလိုလို့ ငွေချေးတာများလာရင်၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေမခိုင်ရင်
ငွေတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဂရိမှာ ဖြစ်တာဒါပါပဲ။ အရင်အစိုးရတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှအောင်
ချေးပြီး၊ ချေးငွေတွေကို တဘက်လှည့်နဲ့ ဝင်ငွေဆိုပြီး လိမ်ပြခဲ့ကြတယ်။

အမေရိကန် အရင်းအနှီးဘဏ် (Investment Banks) တွေက ပညာပါပါ ငွေချေးပြီး အစိုးရတွေလိမ်နိုင်အောင် ဝိုင်းကူကြပေါ့။ ခုမှ ပေါ်တော့၊ ပြဿနာက လွန်နေပြီ။ ပြဿနာပေါ်တော့ ဒီအစိုးရ မယုံရဘူးဆိုပြီး ငွေချေးသူတွေက အတိုးနှုန်းတွေတင်လာတာ၊ အတိုးနှုန်း ၇ ရာခိုင်နှုန်း ကျော်သွားတယ်။ ချေးထားတာများ၊ နိုင်ငံက သေးတော့ အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ရင် အတိုးပေးရတာ များတာမို့ အစိုးရကမခံနိုင်တော့ဘူး။ ဒါကြောင့် ဂျာမန်နဲ့
့ပြင်သစ်တို့က ဦးဆောင်ပြီး အီးယူးက ဝင်ကူ၊ ငွေဝင်ချေးရတာ။ ဂရိပြဿနာ မရှင်းနိုင်ရင် ယူရိုပါ ထိလာတော့မယ်
လေ။ အရင်းရှင်စံနစ်မှာ ယုံကြည်ရမှု (Credibility) ဟာ သိပ်တန်ဖိုးကြီးပါတယ်။


မက်ခရို စီးပွားရေး (Macro Economy)

ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကြည့်ပြီး ကိုင်တွယ်တာကို မက်ခရိုအဆင့်
စီးပွားရေး (Macro Economy) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) အတွက် တာဝန်ရှိပြီး အစိုးရကတော့ အစိုးရသုံးငွေ ဘတ်ဂျက်နဲ့ (Fiscal Policy) အတွက် တာဝန်ယူရပါတယ်။ ဒီပေါ်လစီနှစ်ခု ဟန်ချက်ညီမှ တိုင်းပြည်ငွေကြေး တည်ငြိမ်ပြီး စီးပွားရေးလည်း တည်ငြိမ်ရုံမက တိုးတက်မှုရှိမှ အရင်းရှိသူ၊ ရင်နှီးမယ့်သူတွေက စိတ်ဝင်စားကြတော့ မှာပေါ့။ ဒါမှ FDI (Foreign Direct Investment) လို့
ခေါ်တဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံမှုတွေ ပေါများလာပြီး စက်ရုံတွေဆောက်၊ အလုပ်သမားတွေအလုပ်ရ၊ ခေတ်မီ အတတ်ပညာတွေ ပြန့်ပွားလာ၊ စီးပွားရေး ခေါင်းထောင်လာနိုင်မှာပေါ့။


အများနဲ့မတူတဲ့ မြန်မာပြည်

နိုင်ငံအများအားဖြင့်မှာ ပြည်တွင်းလည်ပတ်တဲ့ ငွေသားဟာ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ လွပ်လပ်တဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်တွေဟာ သီးခြား ရပ်တည်ခွင့် ရှိပါတယ်။ ဥပမာ အမေရိကန် ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်၊ ထိုင်း ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိကြတယ်။ အာဏာရ အစိုးရက အမိန့်ပေးပိုင်ခွင့်
မရှိ။ တရုတ်နိုင်ငံကတော့ အားလုံး ကွန်မြူနစ်ပါတီက အုပ်စီး ဦးဆောင်တာဆိုတော့ နောက်ဆုံးပါတီ ခေါင်းဆောင်
တွေပဲ ပါဝင်လာတာပါပဲ။ မြန်မာနိုင်ငံကတော့ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရက အုပ်ချုပ်တာဆိုတော့ကာ စစ်ဗိုလ်ချုပ်တွေ စေခိုင်းရာ လုပ်ကြရတာပါပဲ။ ပြဿနာက မြန်မာစစ်ဗိုလ်တွေက စီးပွားရေး နားမလည်ကြ။

ချစ်တီးတွေဆီက ငွေလွှဲစံနစ် ဟွန်ဒီ ဟာလည်း မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။ Remission လို့ ခေါ်တဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံငွေပြန်ပို့ရင် တခြားနိုင်ငံတွေမှာလို ဘဏ်ကနေပဲ ငွေမလွှဲ
ကြဘဲ ဟွန်ဒီနဲ့ လွှဲကြတာများပါတယ်။ ဒါကြောင့် ငွေလည်ပတ်မှုမှာ တရားဝင် ဘဏ်စံနစ် အပြင်မှာရှိတဲ့ ဟွန်ဒီ စံနစ်ကိုလည်း မေ့ထားလို့ မရ။


မဆလ အမွေ

ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စီးပွားရေးလမ်းစဉ် ပေါ်လစီအတွက် ဦးဘငြိမ်းရဲ့ စာတမ်းနဲ့ ဦးချမ်းအေး (မောင်စူးစမ်း)ရဲ့ စာတမ်း နှစ်ခု ပြိုင်တင်ရာ ဗိုလ်ချုပ်နေဝင်းက ဦးဘငြိမ်း စာတမ်းကိုရွေးချယ်ခဲ့ ပါတယ်။ ဦးဘငြိမ်းဟာ ထိုစဉ်က တော်လှန်ရေးကောင်စီမှာ နံပတ်နှစ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ ဆရာ၊ ဗိုလ်မှူးချုပ် တင်ဖေဟာ ကုန်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဦးဘငြိမ်း လက်ထဲဝကွက် အပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

ဦးဘငြိမ်းရဲ့ ချုပ်ကိုင်မှုအောက်မှာ စက်ရုံအလုပ်ရုံ စီးပွာရေး ထုတ်ကုန်မှုတွေ အားလုံးကို မာ့စ်ဆိုရှယ်လစ် အသိနဲ့ အားလုံးပြည်သူပိုင် သိမ်းလိုက်တာ၊ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျ၊ ပစ္စည်းတွေ ရှားပါး၊ ပြည်သူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဖဆပလ ဒီမိုကရေစီခေတ်က ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံစာရင်းဝင်၊ အရှေ့တောင်အာရှမှာ အလား အလာအရှိဆုံး နိုင်ငံကနေ ဦးနေဝင်း ဆိုရှယ်လစ်ခေတ် ဆုံးကာနီးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်အဖြစ် နှစ်ပြန်ဂျွမ်းထိုးပြီး သက်ဆင်းခဲ့ရပါတယ်။

ပြည်တွင်း ထုတ်ကုန် မရှိပေမယ့် လူရှိရင်သုံးစွဲမှု ဆိုတာရှိမှာပဲ။ ဒါကြောင့် ဦးနေဝင်း၊ ဦးဘငြိမ်းတို့ ကျေးဇူးနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေပေါ်၊ ထိုင်း အီလစ်တွေ ချမ်းသာသည်ထက် ချမ်းသာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ Outsourcing လို့ခေါ်တဲ့ တခြားတနေရာကို ပြောင်းမှာတဲ့ စံနစ်ဟာ အမေရိကားမှာ နောက်မှ ခေတ်စားလာတာ ဦးနေဝင်းတို့က ၁၉၆ဝ၊၁၉၇ဝ ခုနှစ်တွေကတည်းက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုင်းကို Outsource လုပ်ခဲ့ကြတာ။

ဒါကြောင့် မဆလ ခေတ်မှာ တရားဝင် စီးပွားရေးက ရုပ်ပြ၊ တကယ်ပြည်သူတွေ အသက်ဆက် နေနိုင်တာက
မှောင်ခို စီးပွားရေး ဈေးကွက်ကြောင့်လို့ ငြင်းချက် ထုတ်နိုင်ပါတယ်။

စီးပွားရေးကို မကိုင်တွယ်တတ်၊ တည်ငြိမ်အောင် မထိန်းနိုင်ရင် အဲဒီနိုင်ငံရဲ့ ငွေစက္ကူကို ဘယ်သူ ယုံကြည်မှု ရှိမလဲ။ ဒီတော့ မြန်မာကျပ်ရဲ့တန်ဖိုးဟာ ကျသထက်ကျ၊ ပစ္စည်းတန်ဖိုးတွေ တက်ပေါ့။ ဒီတော့ ဦးနေဝင်းရဲ့ ဝါဇီ စက်ရုံကနေ အစိုးရ မင်း အာဏါနဲ့ လိုသလောက် ရိုက်ထုတ်လိုက်တာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ဝလုံးတွေ တိုးသထက် တိုးလာပါတော့တယ်။

တဘက်က လည်ပတ်ငွေ ကျပ်တွေက ဖေါင်းပွ၊ တဘက်ကလည်း မဆလစိတ်ဓါတ်နဲ့ မှောင်ခိုတွေ ချမ်းသာလာ
တာကို မနာလိုစိတ်နဲ့ Demonetization လို့ခေါ်တဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဆိုပြီး ကြေညာခဲ့တယ်။ အမှန်က လုပ်ကွက် မရှိတော့ အစိုးရ အာဏာနဲ့ မတရားဗိုလ်ကျပြီး ပိုလျံနေတဲ့ ငွေတွေကို ပြန်သိမ်းတာပဲ။ ငွေကြေးဖေါင်းပွမှု Inflation ကို အာဏာနဲ့ ကိုင်တာပဲ။ ဆင်းရဲရခြင်း ဇစ်မြစ်ကို ဝါဒဆွဲနဲ့ အရင်းက မကိုင်ဘဲ ရှည်လာတဲ့ အကိုင်းတွေကို လိုက်ဖြတ်တော့ ပြန်ထွက်၊ တခါပြန်ဖြတ်နဲ့ မြန်မာနိုင်ငံသားတွေ ခါးစည်းခံခဲ့ကြရတယ်။

တခါ ဦးဘငြိမ်းက နောက်ဆုံး လိုချင်တဲ့ နံပတ်တွေကိုရွေးပြီးမှ သူ့တပည့်တွေကို ကြားက နံပတ်တွေ ရအောင်
ဖြည့်ခိုင်းပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို တွင်တွင်ညာခဲ့ပါတယ်။ ဥပမာ ပြည်တွင်းထွက်ကုန် (GDP) ဟာဒီနှစ်မှာ
တနှစ် ရှစ်ရာခိုင်နှုန်း တိုးစေသတည်းလို့ ဦးဘငြိမ်းက ဆုံးဖြတ်ရင် တပည့်တွေက ရှာကြံပြီး ရှစ်ရာခိုင်နှုန်းရအောင် လိုက်ဖြည့်ကြပေါ့။ လက်တွေ့ မကျတဲ့ ငွေလဲလှယ်နှုန်းကို ဆိုရှယ်လစ် မာနနဲ့ အသေကိုင် ထားပြီး ဒီလဲလှယ်နှုန်းနဲ့
ဖေါ်ပြထားတဲ့ စာရင်းဇယားတွေဟာ ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲ။

စစ်တပ်ခေတ် အဆက်ဆက် ဒီငွေလဲလှယ်နှုန်းကို ဆက်ကိုင်ထားကြတယ်။ အဆိုးဆုံးက ဦးဘငြိမ်းရဲ့ စာရင်း
လိမ်ပြတဲ့ ဇာတ်ကို ဆက်ကနေကြရတယ်။ ဈေးကွက် စီးပွားရေး စံနစ်မှာ ဝယ်သူက ရွေးပိုင်ခွင့် ရှိပါတယ်။ ဆိုရှယ်လစ်စံနစ်နဲ့ မတူတာက ဆိုရှယ်လစ် စီးပွားရေးစံနစ်မှာ အစိုးရကသာ အားလုံးကို ဆုံးဖြတ်တာ။

ဈေးကွက် စီးပွားရေးစံနစ်မှာ ဝယ်သူ ဝယ်ချင်လာအောင်၊ ငွေရင်းရှိသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီး ချင်လာအောင် ဆိုင်ရှင်တွေဟာ သူတို့ပစ္စည်းတွေကို ခင်းကျင်းပြသရသလို အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီသော် လည်းကောင်း သူတို့ရဲ့ စီးပွာရေး အခြေအနေကို ဗြောင်လူသိရှင်ကြား သိသာအောင် ခင်းကျင်းပြကြရပါတယ်။

တခါ နိုင်ငံခြားက ရင်းနှီးငွေလိုချင်ရင် သူတို့အမြတ်ရလို့ ငွေပြန်ထုတ်လိုလျှင် လွယ်လွယ်ကူကူ ထုတ်နိုင်အောင်
နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်ရပါတယ်။ ဦးဘငြိမ်း အသေ ဆွဲကိုင်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ စာရင်းဇယား အလိမ်တွေမျိုးနဲ့ဆို ဘယ်သူလာပြီးယုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးချင်တော့မှာလဲ။

ဒါကြောင့် စီးပွားရေးကို နည်းမှန်လမ်းမှန်ဖြစ်အောင် ကြံဆောင်တော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျပ်ငွေလဲလှယ်နှုန်း
ကို မကိုင်လို့မရပါ။ လက်တွေ့ကျတဲ့၊ သဘာဝကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်မှုရှိပြီး၊ ယုံကြည်စဖွယ်ရှိကာ ထင်သာ
မြင်သာရှိလာမှ အရင်းအနှီးရှိသူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးလိုကြတော့မှာပါ။ ဒါကြောင့် ဦးမြင့်ရဲ့ စာတမ်းမှာ မက်ကရိုစီးပွားရေး ပြင်ဆင်မှုလို့ ပါတာပါ။


လက်ရှိပြဿနာ

လက်ရှိ ကျပ် ငွေဈေးတက်ပြီး စီးပွားရေးပြဿနာပေါ်ရတာ လူလုပ်တဲ့ပြဿနာလို့ ပြောရပါတယ်။ အဓိက အကြောင်းက ပေါ်လစီချတဲ့ တာဝန်ရှိသူတွေ ချမှတ်တဲ့ပေါ်လစီတွေကြောင့်လို့ ငြင်းဆိုလို့ ရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်းက စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ
တိုင်းပြည် အထိနာမယ် ၊ မနာဘူး၊ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို ထည့်သွင်း စဉ်းစားတာ ထက်၊ ပေါ်လစီ ချမှတ်သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ။

နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံကို ယုံကြည်မှုရှိအောင် ကြိုးစားကြရတယ်။ ကမ္ဘာ့ဘဏ်တို့လို အိုင်အမ်အက်စ် (IMF)
တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေဆီက ငွေချေးကြရင် ကြိုးစားပြီး ပြန်ပေးကြတယ်။ ဦးနေဝင်း အုပ်ချုပ်တဲ့ နှစ်ဦးကာလ
တွေမှာ မာနနဲ့ ဒီကမ္ဘာ့ အဖွဲ့အစည်းတွေဆီက ငွေမချေးဘူး။ အဆုံးပိုင်းမှာ ငွေချေးတာ ဒေါ်လာ ၆ဘီလျံ ဖိုးလောက် အကြွေးတင်တယ်။ အကြွေးများလာရင် ဘယ်သူမဆို အတိုး ပေးရတဲ့ ဝန်ပိလာတယ်။ ဒီတော့ ဦးဘငြိမ်းက ခပ်မိုက်မိုက်ပဲ မပေးဘူးကွာဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

ရလဒ်က ဒီနေ့အထိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေးကြေး အဖွဲ့အစည်းတွေက ငွေမချေးနိုင်တော့ဘူး။ စီးပွားရေး ပိတ်ဆို့မှု (Sanction) ကြောင့် တချို့ဘဏ်တွေက ငွေမချေးရဲဘူး။ ချေးရဲတဲ့ တရုတ်ဘဏ်တွေကလည်း သာမန်ထက် အတိုး ပိုယူတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဘဏ်တို့ ဆီကသာ ငွေချေးနိုင်ရင် အတိုး သက်သာနိုင်ပါတယ်။ ဒါပေမယ့်
ရှေ့နောက်မစဉ်းစားဘဲ၊ ဦးနေဝင်းတို့ခေတ်က လူကြီးတွေက မိမိအလိုနဲ့ မိမိမာနကိုသာ ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြ
တဲ့ အတွက် တိုင်းပြည် နာခဲ့ရတယ်။


ပြည်တွင်းဘဏ်အတိုးနှုန်း

ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးနှုန်းနဲ့ ပတ်သက်
ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့ လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ
နှစ်နည်းပဲ ရှိပါတယ်။ အခွန်ကောက် ဒါမှ မဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခ
တွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ
လာရင် အနာဘက်ကချည်းပဲ။ ချစ်တီးတွေ လက်ထက် ကတည်းက အတိုးနှုန်းဟာ ခေါင်ခိုက်နေတယ်။ ခုထိ လက်သိပ်ထိုး ငွေချေးစားတဲ့ သူတွေဟာ တနှစ်မဟုတ်၊တလ အတိုးနှုန်း ၁ဝ ရာခိုင်နှုန်း ယူကြတယ်။ ရက်ရက်စက်စက်ပဲ။ အမေရိကန် ဂျပန်နိုင်ငံတို့မှာ စီးပွားရေး ကျလို့ဆိုပြီး ဗဟိုဘဏ်တွေက ချမှတ်ထားတဲ့ အတိုးနှုန်းတွေဟာ သုည နားကပ်နေကြပြီ။ အတိုးနှုန်းနဲတော့ ငွေချေးခ ပေါတာ
ကြောင့် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ငွေမျာများ လွယ်လွယ်ကူကူ ချေးနိုင်ရင် လုပ်ငန်းတွေ များလာပြီး
အောင်မြင်လာရအောင်။ ဒါမှ လူတွေ အလုပ်ရနိုင်အောင်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်း
တဲ့။ မများလွန်းဘူးးလား။

ဒီတော့ ပြည်ပကငွေတွေ ပြည်တွင်းဝင်လာပြီး အတိုးထိုင်စားရုံပဲပေါ့။ နောက် ကြောက်စရာ ကောင်းတာက ဘဏ်တွေက ဒီလောက်ကြီးမားတဲ့ အတိုး မပေးနိုင်ပေမယ့် နောက်ဝင်လာတဲ့ ငွေနဲ့ ရှေ့ကလူတွေကို ဣနြေ္ဒရရ မပျက်ပေးလို့ ရတယ်။ ပြဿနာပေါ်တာနဲ့ အားလုံးငါးပါးမှောက်နိုင်တယ်။ ဒါကို ပွန်ဇီ အကောက်ကြံမှု (Ponzi Scheme)လို့ ခေါ်တယ်။ အင်မတန် ကြောက်စရာကောင်းတယ်။ ဘဏ်တခုစ ပြိုရင် တောက်လျေက် လိုက်ပြိုရင် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်။


စီးပွားရေး ပေါ်လစီ

နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီချတဲ့ အာဏါရှိ လူစုဟာ မိမိတို့ချလိုက်တဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲကို နက်နက်မတွေးကြတာ အတိတ်မှာ သာဓက တွေအများကြီးရှိခဲ့တယ်။ နိုင်ငံအများဟာ ကမ္ဘာ့ရေနံဈေး တက်တာ
တောင် ပြည်တွင်းဓါတ်ဆီဈေး မတက်အောင် ကြိုးစားကြရတယ်။ အကြောင်းက ဓါတ်ဆီဈေး တက်တာနဲ့ သယ်ယူ ပို့ဆောင်ခ တက်ပြီး ကုန်ဈေးနှုန်းတက်တာပဲ။ ချက်ချင်း ပြည်သူတွေ ခံစားရတာပဲ။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဓါတ်ဆီဈေး မတက်ရအောင် အစိုးရက ဝင်ထိန်းရတယ်။ အခုလည်း
အစိုးရ အသစ်က ဓါတ်ဆီ အခွန်ကောက်ခံတာကို လျော့ပြစ်လိုက်တယ်။ နိုင်ငံအစိုးရ အများစုဟာ ဓါတ်ဆီဈေး ၁ဝ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း တက်မှာကို ပူနေကြရတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာတော့ ဓါတ်ဆီဈေး တိုးမယ်ဆိုရင်
ဖြစ်ချင်တာပဲသိတယ်၊ ဝုန်းဆို ၁၀၀ ရာခိုင်နှုန်း (တဆ) တိုးပစ်လိုက်ဖို့ လက်မတွန့်ဘူး။ စီးပွားရေးကို နားမလည်ရုံ တင်ပဲလား၊ ပြည်သူတွေခံစားရမယ် ဆိုတာကို ဂရုမစိုက်တာပဲလားဆိုတာ မစဉ်းစားတတ်အောင်ပဲ။

နအဖ အစိုးရ ပြီးဆုံးကာနီးမှာ ဦးနေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို
လေလံတင် ရောင်းချ ခဲ့တယ်။ လေလံ အောင်မြင်သူတွေဟာ အခုအစိုးရအသစ် ကာလမှာ ငွေပေးချေရတယ်။ အဆောက်အဦးတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးတယ်။

ဒေါ်လာကိုင်ထားတဲ့ ငွေရှင်တွေ ငွေဖေါ်တော့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြုံဝင်ရုံမက လည်ပတ်နေတဲ့ ကျပ်တွေ လည်ပတ်မှုက ထွက်သွားတော့ ကျပ်တွေ ရှားကုန်တာပေါ့။ အစိုးရက ဒီ ကျပ်တွေ သိမ်းထားပြီး နိုင်ငံခြားက ပစ္စည်း
ပြန်ဝယ်တော့ ဒေါ်လာနဲ့ ပြန်ဝယ်ရမှာ။ တခါလိုမှ ပြန်လဲတော့ နှစ်ခါလဲ နေရတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချေခွင့်ပြုပြီး အရံငွေ (Reserve) အဖြစ် ကိုင်ထားရင် ငွေလဲမှုကြောင့် မနာတဲ့အပြင် မြန်မာကျပ်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ မပြုနိုင်ဘူး။

တခါ အစိုးရက ငွေရနိုင်တာကိုသာ ကြည့်ပြီး ကျောက်မျက်ရတနာနဲ့ တခြား လေလံတင်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီလိုလေလံတင်ပွဲတွေ ကျင်းပသူတွေက ဝင်ငွေကိုသာ ကြည့်နေကြတာ ဝင်ငွေက ဒေါ်လာဆိုတော့ ကျပ်နဲ့ လဲရပြန်ရော။ ဒီအပြင် နိုင်ငံခြားကလာတဲ့ အင်ဂျီအိုနဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေသုံးဖို့ အက်ဖ်အီးစီ (FEC)
ဆိုတာ အတွက်လည်း ကျပ်ငွေ လဲပေးရပြန်တယ်။ တရုတ်တွေက (FEC) ကို အချိန်တိုလေး သုံးပြီး ပြဿနာကို
မြင်လို့ထင်ပါရဲ့ ချက်ချင်း ရုပ်သိမ်း သွားတယ်။ မြန်မာနိုင်ငံမှာ (FEC) ဖေါ်ထုတ်လာတာ (၁ဝ) နှစ်ကျော်ပြီ။

ပြဿနာက ငွေရှာတဲ့ ဌာနတွေက မိမိတို့ ကဏ္ဍအတွက် မိုက်ကရို အဆင့် (Micro Level)နဲ့သာ ကြည့်ကြပြီး မက်ကရိုအဆင့်မှာ (Macro Level) ပါ ဘယ်လို သက်ရောက် ထိခိုက်နိုင်တယ် ဆိုတာကို စဉ်းစားမိကြပုံ မပေါ်ဘူး။ အစိုးရအများစုဟာ ဘယ်လက်ကလုပ်တာကို ညာလက်ကမသိကြဖူး။

လွပ်လပ်တဲ့ ဗဟိုဘဏ် တည်ရှိတဲ့ တိုင်းပြည်တွေမှာ လည်ပတ်ငွေ၊ စုငွေ၊ စတဲ့ MB, M1, M2, M3 ဆိုတာတွေကို
ဗြောင်ကြေငြာလေ့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန် တို့လို ကမ္ဘာသုံး ငွေမာတွေက လွဲလို့ နိုင်ငံ
အများအားဖြင့်ဟာ မိမိတို့ တိုင်းပြည်အတွင်း လည်ပတ်တဲ့ ငွေသားဟာ အတိုင်းအတာတခု အထိပဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားငွေ ဝင်လာနှုန်းဟာ များလာရင် မိမိရဲ့လည်ပတ်မှုကို ထိခိုက်လာတယ်။

တနည်းအားဖြင့် ပြည်တွင်းငွေကြေး လိုအားကောင်းလာရင် မိမိရဲ့ ငွေရှားပါးမှုကြောင့် မိမိတို့ရဲ့ ငွေဈေးတက်လာ ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ဝင်ပြီး ပိုနေတဲ့ အရံ ရန်ပုံငွေ (Reserve) နဲ့ နိုင်ငံခြားငွေ၊ ဥပမာ ဒေါ်လာကို ဝင်ဝယ်ရပါမယ်။ ဒါမှ ကျပ်ငွေ ပြန်တည်ငြိမ်လာပါမယ်။ ဥပမာ ယနေ့ဈေး ၆ဝဝ၊ ၇ဝဝ နဲ့ဝယ်သိမ်းခဲ့လို့ ဝယ်အား၊
ရောင်းအား မျှတလာလို့ ၈ဝဝ၊ ၉ဝဝ ပြန်ဖြစ်ခဲ့ရင် အစိုးရက အမြတ်တောင် ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် တန်ဖိုးကြီးသော အတိုးးအခများကို ဒေါ်လာနဲ့ ပေးချေ ခွင့်ပြလျှင်လည်း ကျပ် လိုအပ်မှု လျော့သွားရင် ကျပ်ဈေး
ပြန်တက်လာစရာ အကြောင်းရှိပါသည်။ နောက်တနည်းမှာ (FEC) ကို ရပ်ဆိုင်းခဲ့ပါ လျှင်လည်း သက်သာစရာ ရနိုင်ပါသည်။


မိတ်ပြန်ရှာရတာ ခက်တယ်နော်

မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေဟာ အရှုံးခံ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။ ဘယ်လုပ်ငန်းမဆို ကြာကြာ အရှုံးမခံနိုင်ပါ။ စီးပွားရေးမှာ ဖေါက်သည် ပြန်တည်ဆောက်ရတာ အခက်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ အားသာချက်က
ဈေးအသာရမှုပဲ။ ဒီအားသာချက် ပျောက်သွားရင် ပြည်တွင်း လုပ်ငန်းရှင်တွေ ပြန်ခေါင်းထောင်နိုင်ဖို့ အခက်ရှိနိုင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အရည်အချင်း (Quality) မှာ အားနည်းနေသေးတယ်။ ဥပမာ မြန်မာနိုင်ငံ
က ဆန်ဟာ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက ဆန် ကို မမီဘူး။


အရှင် ထားမလား၊ ဒေါ်လာနဲ့ ချိတ်ဆက် (pegged) ထားမလား

မြန်မာနိုင်ငံရဲ့ ကျပ်ငွေစက္ကူကို စီးပွားရေးအရ ဘာအဓိပ္ပပါယ်မှမရှိတဲ့ နှုန်းကနေ တကယ်မှန်တမ်း တန်ဖိုးကိုရွှေ့
ပြီးတာနဲ့ ကျပ်ကိုအရှင်ထားမလား၊ ဒေါ်လာနဲ့ချိတ်ဆက် ထားမလား ဆိုတာကို အစိုးရအနေနဲ့ ဆုံးဖြတ်ရပါလိမ့်
မယ်။ စီးပွားရေးစကားအရ ချိတ်ဆက်ထားမှု လုပ်တယ်ဆိုတာက ဒေါ်လာဟာ Global Currency ကမ္ဘာ့ငွေကြေး
ငွေစက္ကူဖြစ်တာကြောင့် ဒေါ်လာကျရင် မိမိငွေစက္ကူ လိုက်ကျမယ်၊ ဒေါ်လာဈေးတက်ရင် မိမိငွေစက္ကူ တန်ဖိုးလည်း လိုက်တက်နိုင်အောင် မိမိငွေသားကို ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြစ်ပါတယ်။

ဒေါ်လာအတက်အကျကြောင့် မိမိငွေသားမထိခိုက်အောင် ကာကွယ်တဲ့နည်းပါပဲ။ ဥပမာ တရုတ်ပြည်ရဲ့ စီးပွားရေး
ဟာ မိမိရဲ့ ထုတ်ကုန်အပေါ်မှီတဲ့ စီးပွားရေး ဖြစ်တာကြောင့် တရုတ်တွေဟာ သူတို့ရဲ့ စီးပွားရေးထူထောင်တဲ့
အနှစ် ၃ဝ ကာလမှာ ငွေစက္ကူ ယွမ် Yuan ကို ဒေါ်လာနဲ့ ချိတ်ဆက်လုပ်ထားပြီး တခြားနည်းတွေသုံးပြီး ယွမ် တန်ဖိုး
ကို ထိန်းထားပါတယ်။

ဒေါ်လာနဲ့ ချိတ် ထားတဲ့အတွက် ငွေကြေးပေါ်လစီ Monetary policy ကစားခွင့် ပျောက်သွားပါတယ်။ တချို့က တလွဲမာနထားကာ ဒါမိမိတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာ Sovereign rights ပျက်သုဉ်းတယ်ဆိုပြီး မလိုလားကြဘူး။ တရုတ်ကွန်မြူနစ်တွေက လက်တွေ့ကျတယ်။ အလွတ်ဈေးကွက် Forex Open market မှာသာ ယွမ်ကို လွတ်လွတ် လပ်လပ် အရှင် လုပ်စေခဲ့ရင် ဒေါ်လာနဲ့ယှဉ်တဲ့ ယွမ်အတက်အကျဟာ ထွက်ကုန်တင်ပို့မှု Export ကို ထိခိုက်
စေနိုင်ပါတယ်။ ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြင့် ယွမ် တန်ဖိုးဟာ တည်ငြိမ်တဲ့အတွက် ထွက်ကုန်တင်ပို့မှု ဈေးကွက် လှုပ်လှုပ်ရှားရှား မဖြစ်စေတော့ပါ။

တရုတ်အစိုးရဟာ ယွမ် အရောင်းအဝယ် ပြုခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားပြီး တခြား နည်းလမ်းများ သုံးကာ ယွမ်ဈေးမတက်ရေးကို ထိန်းနိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တချို့သော စီးပွးရေး ပညာရှင်တွေက တရုတ်အစိုးရဟာ မတရားနည်းနဲ့ ယွမ်ရှိသင့်တဲ့ တန်ဖိုးထက် ၁၅၊ ၂ဝ ရာခိုင်နှုန်းလောက် နှိမ့်ထား တယ်လို့ စွပ်စွဲကြပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ထိုတိုင်းပြည်ရဲ့ ငွေစက္ကူဟာလည်း တန်ဖိုးတက် လာတာ
ဓမ္မတာပါ။ အနှစ် ၃ဝ မျှ တောင့်ခံခဲ့ပြီးမှာ တရုတ်အစိုးရက ဒေါ်လာအစား ကမ္ဘာ့အသုံးများတဲ့ ငွေကြေးများ (ဒေါ်လာ၊ပေါင်၊ ဂျပန် ယန်၊ ယူရို) တို့နဲ့ တရုတ် ယွမ်ကို ပြောင်းလဲ ချိတ်ခဲ့ပြန်ပါတယ်။ စီးပွားရေးစကားအရ
Pegged to a Basket လို့ ခေါ်ပါတယ်။ ဒေါ်လာတခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ငွေမာတွေကို ရောသမ
မွှေချိတ်ဆက်ခြင်းပေါ့။ ကမ္ဘာ့အရံငွေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ ဒေါ်လာဖြစ်တာမို့ နားလှည့်ပါးရိုက် လူလည်ကျတာပါပဲ။


ဘီလူးဂုမ္ဘာန်တွေရဲ့ရန်

အကယ်၍ ယွမ် ကိုပဲဖြစ်ဖြစ်၊ ကျပ် ကိုဖြစ်ဖြစ် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက် Forex မှာ အရှင်ထားပြီး၊ အတက်အကျကို ဈေးကွက်ကသာ ဆုံးဖြစ်စေသော်လို့ဆိုရင် စီးပွားရေးစကားအရ ဒါကို Float လုပ်တယ်
ခေါ်ပါတယ်။ ဒီလို အရှင်ထားကစားစေလျှင် တဘက်က အန္တရာယ်ရှိပါတယ်။

အရင်းရှင် စီးပွားရေးလောက မှာ Speculators ငွေကြေးကစားသူလို့ခေါ်တဲ့ ခေတ်သစ် ချစ်တီးတွေ ရှိပါတယ်။ သာမန်အားဖြင့် အရင်းရှင်စံနစ်ဆိုတာ ငွေကိုအရင်းတည်ပြီး ငွေဖေါ်ယူတာပဲ။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တယ် ဆိုတာ၊ သေသေချာချာလေ့လာ သုံးသပ်ပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ အရင်းအပြင် အမြတ်ပါရအောင်
ပြုလုပ်ခြင်းပဲ။ အရမ်း မလုပ်ဘူး။ Risk မယူ၊ အရမ်းမစွန့်စားဘူး။

ငွေကြေးကစားတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ သွေဖယ်ပြီး ဖြစ်နိုင်ခြေကို မူတည်ပြီး အရောင်းအဝယ် လုပ်တာ။ အန္တရာယ်ကြီးတယ်။ Risk ယူပြီး ကစားတာပဲ။ ဥပမာ ရွှေဈေးတက်မယ် ထင်ပြီး ရွှေတွေ ဝယ်ထားမယ်။ ရေနံဈေး တက်မယ် ဆိုပြီး ရေနံ ဝယ်ကစားမယ်ပေါ့။ ဈေးတက်မှပြန်ရောင်း၊ မြက်မြက်လေး အမြတ်ရအောင်ပေါ့။ အမှန်
ကတော့ တရားဝင် လောင်းကစားးတာပဲ။

ပြဿနာက ဒီ လောင်းကစား လုပ်တဲ့ ငွေကြေး ကစားသူတွေဟာ ဖြစ်နိုင်ခြေကိုသာ ကံစမ်းကြတာ မဟုတ်ဘဲ
ဈေးကွက်ကိုလှုပ်ပြီး ဈေးကွက်ပျက်အောင် ဝင်ရမ်းပြီးမှ ရိုက်စားတတ်တာပဲ။ ဥပမာ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး
ပြဿနာ ပေါ်ပေါက်ပြီး အာဆီယံနိုင်ငံတွေနဲ့အတူ ကိုးရီးယားနိုင်ငံတို့ စီးပွားရေး ဒုက္ခ ပင်လယ်ဝေခဲ့ကြရတယ်။

ပြဿနာက ထိုင်းနိုင်ငံက စတာပဲ။ ထိုင်းဘတ်ငွေကို ဒေါ်လာနဲ့ ချိတ်ထားရာက ငွေကြေးဖေါင်းပွမှုကို တိုက်ဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့ ဒေါ်လာဈေးတက်လာပြီး ဘတ်ဈေးလည်း လိုက်တက်လာတာပေါ့။ ထိုင်းနိုင်ငံက နိုင်ငံခြားငွေ များများရအောင် ဆိုပြီး ဘဏ်အတိုးနှုန်း (ကာလတို) များများပေးပြီး မြူဆွယ်ခဲ့တယ်။
ချေးထားတာကလည်း နိုင်တာထက်ပိုနေတယ်။ အမေရိကန် ဘဏ်တိုးတွေမြှင့်တော့ ငွေရှင်တွေက ထိုင်းကငွေတွေ
ပြန်ထုတ်ကြတယ်။

ဒီမှာဘတ်ငွေ ကမှောက်ကမဖြစ်တော့ လူတွေကကြောက်ပြီး ငွေတွေပြန်ထုတ်ကြတော့ ထိုင်းဗဟိုဘဏ်က
ဝင်စွက် ဝင်ကူ ပေမယ့် နောက်ဆုံးမနိုင်တော့ ဒေါ်လာနဲ့ ချိတ်ထားတာကို ရပ်လိုက်ပြီး၊ အရှင် Float လုပ်ရတော့ ပိုမတည်မငြိမ် ဖြစ်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားတို့ကိုပါ ကူးကုန်ကြတယ်။ IMF က ဒေါ်လာ
ဘီလျံ ၄ဝ ချေးပြီး ဝင်ကူခဲ့ရတယ်။

ဘာကြောင့် Asian Financial Crisis အာရှငွေကြေးပြဿနာ ပေါ်ရသလဲဆိုတာ စီးပွးရေး ပညာရှင်တွေက အမျိုးမျိုး
ကောက်ချက်ချ ကြပေမဲ့ အာဆီယံ ခေါင်းဆောင်တချို့က ငွေကြေး ကစားသမားတွေ ဝင်ကစား ဝင်မွှေကြတာ
ကြောင့်လို့ စွပ်စွဲကြတယ်။ (မှတ်ချက်။ အစွပ်စွဲခံရတဲ့သူတဦးဖြစ်တဲ့ ငွေကြေးကစားသူ ဂျော့ဆိုရော့စ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုတွေကြောင့်
ဖြစ်တာပါလို့ ပြန်လည်ချေပတယ်။)

ဥပမာ ငွေကြေးကစားသူတွေက တဖြည်းဖြည်းခြင်း မြန်မာနိုင်ငံမှာ ဝင်ရင်းနှီးကြမယ် ဆိုပါစို့။ ဒါဆိုရင် မြန်မာနိုင်ငံက
ဒေါ်လာတွေရမယ်။ မြန်မာကျပ်ကို လဲပေးပြီး ဒီငွေတွေဟာ ပြည်တွင်းငွေလည်ပတ်မှုထဲ ဝင်သွားမယ်ပေါ့။ ဒီတော့
မြန်မာနိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က ဒီဒေါ်လာတွေကို ဘဏ်တွေ လုပ်နည်းအတိုင်း တခြားမှာရင်းနှီးမယ်ပေါ့။ သာမန်ဆိုရင် ပုံမှန် လည်ပတ်သွားစရာရှိတယ်။ ဒါပေမဲ့ ငွေကြေးကစားသမားတွေက အကြံနဲ့ဝင်လာပြီး ဝုန်းဆို တပြိုင်တည်း ဒေါ်လာတွေပြန်လဲပေးဆိုရင် ပြဿနာ ပေါ်ပြီပေါ့။ ရုတ်ချည်းအပြောင်းအလဲနဲ့ ဝရုန်းသုန်းကားဖြစ်ရင် ကျန်တဲ့လူတွေကလည်း ကြောက်ပြီး ဒေါ်လာပြန်ထုတ်ကြ၊ ဒီတော့ ကျပ်ဈေးကျ။ ကျပ်ဈေးကျမှ အောက်ဈေးနဲ့
shot လုပ်ပြီး အမြတ်ယူကြတယ်။

ဒါကြောင့် အကွက်ဆင်ဈေးကစားတယ်လို့ စွပ်စွဲကြပြီး၊ ဒီလို ဝင်မကစားနိုင်အောင် Capital control ရင်းနှီးမြှုပ်နှံငွေ ထိန်းချုပ်မှုလုပ်ရတယ်။ တကြိမ် ငွေအရင်းအနှီးပြုရင် ငွေဘယ်လောက်ပဲ ဝင်နိုင်တယ်၊ ထွက်နိုင်တယ်။ ဘာမလုပ်
နိုင်ဘူးဆိုတဲ့ ထိန်းကွပ်မှုတွေကို အစိုးရတွေက ပြုလုပ်လာရပါတယ်။

၁၉၉၇ တုန်းက ခေတ်မရှိခဲ့တဲ့ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ဆိုတာတွေဟာ အခု အမေရိကားမှာ မှိုလိုပေါက်
နေပါတယ်။ ဥပမာ ရေနံဈေးဆက်တိုက်တက်မယ်လို့ ယုံကြည်ရင် လေယာဉ်ကုမ္ပဏီတွေဟာ ဓါတ်ဆီဈေး မတက်ခင် ကြိုပွိုင့်ဈေးနဲ့ဝယ်ပြီး ဈေးကိုလက်ရှိဈေးနဲ့ချီပြီး နောက် ၆ လစာ၊ တနှစ်စာ ဝယ်ယူစာချုပ်၊ ချုပ်ထားရပါတယ်။ ဒါကို Hedge လုပ်တယ်လို့ ခေါ်ပါတယ်။ ထင်တဲအတိုင်း ရေနံဈေး မတက်ခဲ့ရင်ရှုံးပြီပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ ဝယ်ယူမှုမျိုးကို အများနဲ့ဆိုင်တဲ့ ပင်စင်ရန်ပုံငွေ Pension Fund မန်နေဂျာတွေဟာ လုပ်ပိုင်ခွင့်မရှိပါ။ အစိုးရက စည်းမျဉ်းစည်းကမ်း
တွေနဲ့ ထိန်းထားပါတယ်။ စွန့်ရဲရင် မြက်မြက်ကလေးမြတ်နိုင်သလို ဝက်ဝက်ကွဲအောင်လည်း ရှုံးနိုင်တယ် မဟုတ်ပါလား။

ပိုက်ဆံ ရှိသူတွေအဖို့က ရှုံးလည်း အရှုံးခံနိုင်ကြသူများ ဖြစ်တာမို့ ပိုက်ဆံရှိသူတွေအတွက် အမြတ်များများရအောင် ကြိုပွိုင့်ရန်ပုံငွေ Hedge Funds တွေပေါ်လာပါတယ်။ ငွေရှင်တွေရဲ့ ငွေတွေဖြစ်တာကြောင့် အစိုးရက ဝင်မစွက်ပါ။ ဒါကြောင့် ကြိုပွိုင့်ရန်ပုံငွေ မန်နေဂျာတွေဟာ စွန့်ရဲတယ်။ ရမ်းရဲတယ်။ ဥပမာ ရာသီဥတု ဖေါက်ပြန်လို့ ကမ္ဘာမှာ ဂျုံ သော်၎င်း၊ စပါးသော်၎င်း အထွက်နည်းမယ်၊ ဈေးတက်မယ်ထင်ရင် ငွေပုံပြီးဝယ်လိုက်ကြတော့ ပိုရှားကုန်ရော။ ဒီတော့မှ ဒီလောဘသားတွေက ဈေးကြီးကြီးနဲ့ရောင်း အမြတ်များများရတာပါ။ ကမ္ဘာမှာ ရေနံဈေးမတရားတက်တာ သူတို့လက်ချက်လည်း ပါတယ်။ ဆန်ဈေး၊ ဂျုံဈေးတက်တာကြောင့် ဆင်းရဲသားတွေ ဒုက္ခပိုကြုံ ရတာလည်း ဒင်းတို့အပြစ် မကင်းဘူး။

Currency imbalance လို့ခေါ်တဲ့ ငွေကြေးမညီမျှမှုကို ကောင်းကောင်း နားလည်တဲ့သူတွေက ငွေကြေးကစားကွက်
ကို ဝင်ကစားနိုင်တယ်။ ယ္ခုအခါမှာ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ကများလာတာကြောင့် ဒီအထဲက ငွေကစားသူ များလာနိုင်တာကြောင့် အန္တရာယ်ကြီးလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငွေ ကျပ်ကို အရှင်ထားတော့မယ် ဆိုရင် capital market လို့ခေါ်တဲ့ ငွေပင်ငွေရင်းဈေးကွက်နဲ့ Forex လို့ခေါ်တဲ့ ငွေလဲလှယ်ဈေးကွက်ကို ကောင်း
ကောင်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ ဒါမှ ငွေပင်ငွေရင်း ချုပ်ကိုင်မှု Capital control ရင်းနှီးမှု ချုပ်ကိုင်ခြင်း ကို ကောင်းကောင်း နိုင်ပါမယ်။

ဒါကြောင့် မြန်မာကျပ် လဲလှယ်နှုန်းကို မကိုင်မဖြစ် ကိုင်ရမှာဖြစ်ပေမယ့် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ စလုပ်တဲ့ အစီအစဉ် Plan တွေမှာ အနဲဆုံး ၅နှစ် - ၁ဝနှစ် စီမံကိန်းနဲ့ လူငယ်တွေကို ပညာတော်သင်လွှတ်၊ IMF ၊ Wolrld Bank တို့မှာ လက်တွေ့လုပ်ပါစေ။ Capital market ငွေကြေး ဈေးကွက် ကို ကောင်းကောင်းနိုင်တာ အမေရိကန်ပြည်က Wall Street နဲ့ London Financial market ပါပဲ။

မြန်မာလူငယ်တွေ အတွေ့အကြုံရအောင် လူတော်တွေမွေးပြီး ဒီဈေးကွက်တွေမှာ အလုပ်လုပ်ကြရင်း အတွေအကြုံ ယူကြပါစေ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တရုတ်ဗဟိုဘဏ်ကို ပဲ့ကိုင်သူ တွေနဲ့ ယခုပဲ့ကိုင်သူတွေ မတူကြတော့ပါ။ ယနေ တရုတ်ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ လူတော်ပညာရှင်တွေ။ အနောက်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နောကြေတဲ့သူတွေ။

တိန်လျောက်ပိန်ရဲ့ စကားတခွန်းကို သွားသတိရမိတယ်။ “When our thousands of Chinese students abroad return home, you will see how China will transform itself " တဲ့။ နိုင်ငံခြားမှာ ရောက်နေတဲ့ ထောင်ချီတဲ့ တရုတ်ကျောင်းသားတွေ ပြန်ရောက်လာရင် တရုတ်ပြည်ကြီး ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မြင်ရပါလိမ့်မယ်တဲ့။ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်ကိုကြည့်တတ် တာကိုး။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌက ၂ဝ၁၃ ခုနှစ်အထိ အတိုးနှုန်းမမြင့်ပါဘူးလို့ ထုတ်ပြောပြီးပြီ။ ဒါ့အပြင်
အမေရိကန်မှာ အလုပ်လက်မဲ့ တွေဟာ ကိုးရာခိုင်နှုန်း ကျော်နေတာကို ခုထိလျော့မချနိုင်သေးဘူး။ အမေရိကန် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံ မမှန်ကန်တဲ့အတွက် အမေရိကန်ကုမ္ပဏြီကီးတွေဟာ ရင်းနှီးငွေ ဒေါ်လာ ၁၆,ဝဝဝ ဘီလျံ (၁.၆ထရီလီယံ) ကို နိုင်ငံက ဆွဲထုတ်သွားကြတယ်။ ဘဏ်တွေနဲ့ ကုမ္ပဏီကြီးတွေက နောက်ထက် ၁ ထရီလီယံ ကျော်ကျော်ကို မသုံးဘဲ ငွေ သားအဖြစ် ကိုင်ထားကြတယ်။ အစိုးရက ယုံကြည်အောင် မစွမ်းဆောင်နိုင် လို့ဘဲ။

ဒါကြောင့် စီးပွာရေးတိုးတက်ဖို့ ငွေကြေးလည်ပတ်မှုမရှိတော့ အမေရိကန် စီးပွာရေးဟာ မကြီးထွားဘဲ၊ လမ်း
အလယ်မှာ တန့်နေတယ်။ ပြဿနာက ဗဟိုဘဏ်က အတိုးနှုန်း ထပ်လျော့ဖို့ကလည်း အဆုံးနား ကပ်နေပြီ။
ဒါကြောင့် အမေရိကန် ဗဟိုဘဏ်က ဦးနေဝင်းရဲ့ (ဝါဇီ) အတိုင်း ဒေါ်လာတွေ ရိုက်ထုတ်ရတယ်။ တခုပဲ
ကွာတာက အမေရိကန် ဗဟိုဘဏ် က Electronic Printing လို့ခေါ်တဲ့ ကွန်ပြူတာကတဆင့် ဖြန့်ဝေပေးတာ။
ဒါကို လှလှပပ နာမည်ပေးထားတယ်။ Quantitative Easing (QE)တဲ့။ ဒုတိယ အကြိမ် ရိုက်ထုတ်ပြီးပြီမို့ ( QEII ) လို့ခေါ်ပါတယ်။ ထူးမခြားနားမို့ နောက်ထပ် (QE III) လာဦးမယ်လို့ ပညာရှင်တွေက ထင်ကြေးပေးနေကြပါပြီ။

အရပ်သားစကားနဲ့ ပြောရရင် နောက် ၃ ၊ ၄ နှစ် ဒေါ်လာဈေး မတက်နိုင်ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ငွေကြေး ကစားသမားတွေ ရန်ကရှောင်ရအောင် ကျပ်ကို အရှင်မထားဘဲ ဒေါ်လာနဲ့ ချိတ်ထားတာက လောလောဆယ် အန္တရာယ်နည်းမလားလို့ ထင်မိတယ်။ ကြားထဲမှာ လူငယ်၊ လူတော် ပညာရှင်လေးတွေကို မွေးစေချင်တယ်။ ရမည်းသင်း ပတ်လည်ဘော်လုံးပွဲမှာ နိုင်တာနဲ့ ကမ္ဘာ့ဘော်လုံးပွဲမှာ ဘယ်သွားပြိုင်နိုင်ဦးမှာလဲ။ မြောက်ကိုရီးယား
တွေလို ခွက်ခွက်လန် ရှုံးရချည်သေးရဲ့။

နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေး နားလည်ဖို့ လိုပါတယ်

နောက်ဆုံးတော့ စီးပွားရေးပေါ်လစီ ကိုလည်း နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရသလို ၊ တာဝန်ရှိတာ
လည်း နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အမေရိကန် သမ္မတ အိုဘားမား ရာထူးယူတော့ စီးပွားရေး ကမောက် ကမ ဖြစ်ချိန်ကြီး။ အိုဘားမားဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် မလုပ်ခဲ့ဘူးပါ။ ဒါကြောင့် ဘဏ်တွေပြုတ်ရင် ဒို့စီးပွားရေးတော့ ရေစုံမျောရချည်ရဲ့ဆိုတဲ့ ခြိမ်းချောက်မှုကို ကြောက်ပြီး ဘဏ်တွေကို ပံ့ပိုးခဲ့တာ။

ဘဏ်တွေရဲ့ရမ်းကားမှုကြောင့် ဖြစ်ပေါ်ရတဲ့ စီးပွားရေးဒုက္ခကို ကယ်တင်ဖို့ ဘဏ်တွေကိုဝင်ကူ ငွေပုံအောခဲ့တယ်။ ဘဏ်တွေက ငွေရွှင်ပြီး ငွေပုံအပေါ်ထိုင်ပြီး ငွေချေးရမှာကို ငွေမချေးတော့၊ အမေရိကန်ကုမ္ပဏီတွေက ငွေမလည်၊ မတိုးတက်ဘဲ အလုပ်မပေးနိုင်တာကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၉ ရာခိုင်နှုန်းက မကျနိုင်ဘူး။ တဘက်ကလည်း ဘုရ်အစိုးရ ဘဏ်တွေကို ထိန်းချုပ်မှု နည်းလို့ ဖြစ်ရတာဆိုပြီး ဝိုင်းအပြစ်တင်ကြတော့ အပြစ်ကင်းအောင် ထိန်းချုပ်မှုတွေကို တိုးချဲ့လိုက်တာ အမေရိကန် ကုမ္ပဏီတွေအတွက် လုပ်ငန်းစရိတ်တွေ တက်ကုန်ပြန်ရော။ ၂ဝ၁၂ ရွေးကောက်ပွဲက နောက်နှစ်ဆို ရောက်လာပြီ။ စီးပွားရေးဦးထောင်အောင် မလုပ်နိုင်ရင် အလုပ်လက်မဲ့နှုန်း မကျရင်၊ ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ။

တရုတ်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ပိုးမွေး
မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်း က စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ တိုင်းပြည် အထိ နာမယ် ၊ မနာဘူး၊ နောက် ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို
ထည့်သွင်း စဉ်းစားတာထက်၊ ပေါ်လစီ ချမှတ် သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ
သလို မွေးတာကြောင့် စီးပွားရေးကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။ အမေရိကန်နည်းတူ Stimulus လို့ခေါ်တဲ့ ငွေပိုကို စီးပွားရေး ဈေးကွက်ထဲ ထည့်တာပဲ။
ဒါပေမယ့် တရုတ်ကြီးက ဆောက်လုပ်ရေး ပရောဂျက်တွေ၊
ပြည်နယ်အစိုးရတွေ အထဲ ထည့်ပြီး လူတွေ အလုပ်ရအောင်
လုပ်၊ သက်သာအောင် ဆောင်ရွက်ပေးတော့ တခါတည်း စီးပွားရေး ခေါင်းထောင်လာပြန်တယ်။

အရင်တပတ်ကပဲ ငွေကြေးဖေါင်းပွမှု ဖြစ်မှာစိုးလို့ ဘဏ်တွေ အရံရန်ပုံငွေ တိုးဖယ်ထားရမယ်ဆိုပြီး အမိန့်ထုတ်တာ ယွန်ဘီလျံ ၉ဝဝ ဖိုး လည်ပတ်ငွေက လျော့သွား တယ်လို့
ဝေါလ်စထိ ဂျာနယ် (Wall St Journal) က သတင်းမှာဖေါ်ပြထားပါတယ်။ ဒါ မက်ကရို (Macro) အဆင့်က
လှလှပပ ကိုင်တာပဲ။ ခေါင်းဆောင်တွေစီးပွားရေး နားလည်တာပါ။

မနှစ်က အရှေ့ဒါးဖို့စ် (Davos East) လို့ခေါ်တဲ့ စီးပွားရေး ခေါင်းဆောင် လူတော် (Elite) တွေဆုံတဲ့ အခမ်းအနား
မှာ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဖြေကြား သွားတာတွေဟာ သိပ္ပံပညာရှင် စတီပင်ဟောကင်း (Stephen Hawking) ရဲ့ ပို့ချမှုကို နားထောင်ရသလို တန်ဖိုး ရှိမှရှိပဲ။

လီကွမ်ယူဟာ စီးပွးရေး ကျွမ်းကျင်သလို မလေးရှားက မဟာသီဟာလည်း အင်မတန် တော်တဲ့ ခေါင်းဆောင် တယောက်ပါပဲ။ ၁၉၉၇ ခုနှစ် အာရှငွေကြေး ပြဿနာပေါ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီဟာ ကမ္ဘာ့ငွေကြေး
ဈေးကွက်ကို ကောင်းကောင်း နားလည်တဲ့ ပညာရှိ လူတော် Tan Sri Nor Mohamed Yakcop ကို ကမ္ဘာငွေ လဲလှယ်ဈေးကွက် Forex အကြောင်း အာဂျင်တီးနားမှာ အစည်းအဝေး တက်တုန်း ခေါ်ရှင်းပြခိုင်းတယ်။ ပြီးတော့ မင်းငါ့ကို အခုရှင်းပြတာ သွားပြီးရေးချေ ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီကစပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာဟာ
ငွေကစားသူတွေကို ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control နဲ့ ရအောင်ကိုင်သွားတယ်။ ဒီပညာရှင်ဟာလည်း
ပထမ အကြံပေးကနေ ဝန်ကြီး ဖြစ်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီပညာရှင်၊ မလေးဝန်ကြီးချုပ်ကို ရေးးပြခဲ့တဲ့ စာစု ၄၅ခု ကို စာအုပ်အဖြစ် ပြန်ဖေါ်ပြထားတဲ့ Notes to the Prime Minister: The Untold Story of How Malaysia Beat the Currency Speculators ဆိုတဲ့စာအုပ် လောလောလတ်လတ် လွန်ခဲ့တဲ့အပတ်ကမှ ပူပူနွေးနွေး ထွက်လာပါတယ်။

ငွေကြေးဈေးကွက် ကိုစိတ်ဝင်စားသူများ၊ လေ့လာသူများ၊ ပေါ်လစီဆုံးးဖြတ်ရမယ့် လူကြီးမင်းများနဲ့ အကြံပေး ပုဂ္ဂိုလ်အားလုံး ဖတ်သင့်တဲ့ စာအုပ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။

အိုင်အမ်အက် (IMF) ကိုဘာကြောင့် အကူအညီ တောင်းရတာလဲဆိုပြီး မေးခွန်း ထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အာရှငွေငွေကြေး ပြဿနာ၊ မက်စီကို စီးပွားရေးပြဿနာ၊ ယနေ့ဂရိ၊ ကမ္ဘာမှာ ငွေကြေးပြဿနာ
ပေါ်တိုင်း IMF ကဝင်ကူရတာ ချည်းပါပဲ။ ဒါသူ့ရဲ့ တာဝန်ကိုး။ ဒါကြောင့် (IMF)ဟာ အတွေ့အကြုံရှိတယ်။
ငွေအင်အားတောင့်တယ်။ စာရေးသူ အမြင်အရ ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control အတွက်လည်း အကြံဉာဏ် တောင်းသင့်တယ်။

တချို့ ငွေရှင်ကြေးရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံလို ဆင်းရဲသား နိုင်ငံတွေရဲ့ ထွက်ကုန် ဝင်ငွေထက် ပိုကြတယ်။ ဒါကြောင့် အကယ်၍များ ဒင်းတို့ ငွေကြေးကစား တိုက်ခိုက်လာရင် မြန်မာနိုင်ငံမှာ
ခုခံနိုင်တဲ့ ဓနအင်အား မရှိဘူး။ IMF ရဲ့ အကူအညီ လိုလာလိမ့်မယ်။ တချိန်ထဲမှာ IMF က အကူအညီပေးဖို့ဆို ဒီမိုကရေစီ ရှိရဲ့လား၊ လွပ်လပ်ခွင့်ရှိရဲ့လား၊ ပွင့်လင်းမှုရှိရဲ့လားဆိုတဲ့ အချက်တွေကို သုံးသပ်လာလေ့ရှိတယ်။ ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီကို ဦးတည်ဖို့ အခွင့်ကောင်းပါပဲ။

နိုင်ငံတခု စီးပွားရေးအောင်မြင်ဖို့ ဆိုတာ စီးပွားရေးအခြေခံ တွေရှိရပါမယ်။ ထို့အပြင် အခြေခံအဆာက်အအုံတွေ တည်ဆောက်ရပါမယ်။ ဦးနေဝင်းဟာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့ဝန်းကျင်ရဲ့ အဆောက်အအုံဟူသမျှကို စစ်တပ်ကလွဲ၍ ကျန်တာတွေကို ဖျက်စီးခဲ့သလို၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုကာလက အားလုံးကို
ပြည်သူပိုင် သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အုတ်မြစ်ဟူသမျှ ပျက်စီးခဲ့ရပါတယ်။

နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးက လူသားအရင်းအမြစ်လို့ ခေါ်တဲ့ စီးပွားရေးကို တည်ဆောက်မယ့် လူ တွေပဲ။ မြန်မာနိုင်ငံဟာ အကြောင်းကြောင်းကြောင့် ပညာတတ်တွေ၊ တိုင်းပြည်ကို အကျိုးပြုလိုသူတွေဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာအနှံ့ပြန့်နေတဲ့ ဒီလူတွေဟာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရင်း မျက်စိတွေပွင့်၊ ကမ္ဘာ့အမြင် အတွေ့အကြုံတွေ ရှိလာကြတယ်။ လူတိုင်းအတွက် မိမိမွေးဖွားရာ မိခင်တိုင်းပြည်ဆိုတာ တခုတည်းရှိတာပါ။ မိခင်တိုင်းပြည် တိုးတက်ဖို့ အစိုးရတဦးတည်းက မဆောင်ရွက်နိုင်ပါ။ လူတိုင်း ပါဝင်ပံ့ပိုးကြမှ အောင်မြင်ကြတာပါ။

စီးပွားရေးမှာ မုချဧကန် အမြတ်ရနိုင်မှာ စွန့်စားမည် ဆိုလျှင် ဘာမှလုပ် နိုင်စရာမရှိပါ။ မသေချာ၊ မရေရာတဲ့
ကြားက စွန့်စားရဲမှ “အမြတ်” ဆိုတာကို ခံစားနိုင်မှာပါ။ ငွေသား အကျိုးထက် ပြည်သူတွေရဲ့ အပြုံးကို မြင်ရခြင်း ကိုလည်း “အမြတ်” လို့ မသတ်မှတ်နိုင်ဘူးလား။ စဉ်းစားစရာပါ။

Ref:mizzimaburmese news
(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)

Sunday, September 4, 2011

ထူးခြား အံ့ဘွယ်သတင်းများ

ထူးခြား အံ့ဖွယ် ကောင်းသော ဆံတော်ရှင် ကျိုက်ထီးရိုး နှင့် ပုံစံတူ ကျောက်တုံးကြီး ဆီသို့သွားရာလမ်း
နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါ အချိန်တိုအတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်းကြားသိရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆိုပါကျောက် တုံးကြီးရှိရာ ဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆိုပါ ရွှေပြည်သာရွာသို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ရသည်။
အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။
ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည့် အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည်လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။
သက်ထွန်းဦး၊ ဘသန်း-
Ref:themyanamrpost

Comments!
Sep 1st
ကျောက်တုံးကကျောက်တုံးပါပဲ..ဘုရားတည်ထားမှသာ ဖူးမြော်သင့်တယ်…ဒါကိုပဲ လူတွေကမစဉ်းစား မဆင်ခြင်ပဲ ဘုရားဖူးသွားတယ်ဆိုတာ တော်တော်အံ့သြောတယ်..ထူးဆန်းတိုင်းသာထိုင်ရှိခိုးရ ရင်ခက်ရချည်ရဲ့ ….ကျိုက်ထီးရိုးဘုရားဖူးတာ စေတီ ပုထိုး ဘုရားရှိလို့ ဖူးမြော်တာပါ…


ဘာတွေများကွာခြားပြီးကိုးကွယ်ချင်ကျသလဲ နှိုင်းယှဉ်ကြည့်ကျပါ!

Rock Steady: The World’s 10 Most Amazing Balanced Stones

http://www.saeba.com/2010/12/rock-steady-worlds-10-most-amazing.html



Floating Rock

Floating Rock

Floating Rock
Floating Rock
from Leo Imanov
I just wonder if you'd be able to find out -- is it real? Someone sent me the picture as an attachment. He wrote that the stone wanted to follow the prophet Muhammad s.a.w. ascending to the heaven. The picture is unbelievable!Does anyone have any more information about this photo? Is the phenomenon real? A Photoshop fake? An optical illusion? Send any information you have. -- S.W
Ref;parnarmal.about.com

Friday, September 2, 2011

ပညာရှင်များ ပြန်လာရေးနှင့် အစိုးရ သဘောထား



ခက်ထန် Friday, 02 September 2011 16:40 



ပညာရှင်များ မြန်မာနိုင်ငံမှ မထွက်ခွာအောင်၊ ထွက်ခွာသွားပြီးဖြစ်သော ပညာရှင်များ ပြန်လာနိုင်အောင် နိုင်ငံတော်က စီမံချက်ချကာ ဆောင်ရွက်ပေးရန် ရှိမရှိ ယခုသီတင်းပတ် အတွင်း အောက်လွှတ်တော်တွင် အမတ်တဦးက မေးမြန်းသွားသည်ကို တွေ့ရသည်။

ဤအချိန်တွင် ဤမေးခွန်းသည် အမှန်တကယ် မေးသင့်မေးထိုက်သော မေးခွန်းဖြစ်ပြီး ကမ္ဘာအနှံ့ရောက်ရှိနေသော မြန်မာ တတ်သိပညာရှင်များ သိချင်နေသည့် ကိစ္စလည်း ဖြစ်သည်။ သို့သော် ထိုမေးခွန်းကို တာဝန်ယူဖြေဆိုသည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ အဖြေမှာမူ ရလဒ်တခု ထွက်ပေါ်ရေး မဟုတ်ဘဲ အပြစ်တင်သည့် ခုတ်ရာတခြား ရှရာတခြား အဖြေဖြစ်နေသည်ကို တွေ့ရသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ အဖြေသည် ယခင်စစ်အစိုးရလက်ထက်က စွဲကိုင်ထားသည့် သဘောထား အယူအဆအတိုင်းသာ ဖြစ်သည်။ “မိမိနိုင်ငံကို အကျိုးမပြုဘဲ တခြားပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေခြင်းမှာ အဓိကအားဖြင့် တဦးချင်းစီ၏ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ပေါ်တွင်သာ အခြေခံသည်” ဟု ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောဆိုသွားသည်။

ယင်းပြောဆိုချက်က စစ်အစိုးရ လက်ထက် တိုင်းပြည်၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက် ချွတ်ခြုံကျမှုများအပေါ် တာဝန်မခံသည့်အပြင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်အတွက်လည်း အဖြေရှာရန် မစဉ်းစားသည့် အစိုးရ၏ သဘောထားကိုလည်း ထင်ဟပ်ဖော်ပြနေသည်။ နအဖစစ်အစိုးရ လက်ထက်ကလည်း ယင်းသို့ ပြည်ပထွက်ခွာခြင်းနှင့် ပတ်သက်၍ အစိုးရပိုင်သတင်းစာများမှ ပုံမှန် ပြစ်တင်ဝေဖန်ရေးသားသည်ကို တွေ့ရသော်လည်း အခွင့်အလမ်း မဖန်တီးပေးနိုင်မှု၊ ပွင့်လင်းမြင်သာခြင်း မရှိမှု စသည့် အစိုးရက တာဝန်ခံရမည့်ကိစ္စများကိုမှု ဖုံးကွယ်ထားခဲ့သည်။

သြဂုတ်လအစောပိုင်းကလည်း အစိုးရပိုင်သတင်းစာမှနေ၍ ပြည်ပသို့ ထွက်ခွာအခြေချသူများကို ဝေဖန်ပြစ်တင်သော ဆောင်းပါးတပုဒ် ဖော်ပြခဲ့သေးသည်။ ယင်းဆောင်းပါးတွင် “အစိုးရ” ကို ဗဟိုပြု၍ မစဉ်းစားဘဲ “နိုင်ငံတော်” ကို ဗဟိုပြု၍ စဉ်းစားပါဟု ရေးသားရာ အစိုးရက တာဝန်ယူ စီမံပေးရမည့်အပိုင်းကို ဆက်လက်ရှောင်လွှဲနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

ယခုအချိန်သည် ယင်းသို့ ပြစ်တင်စောကြောရမည့် အချိန်မဟုတ်ဘဲ အစိုးရသစ်အနေဖြင့် မည်ကဲ့သို့ လမ်းဖွင့်ပေးမည်ကို အားတက်သရော ပြောဆိုကမ်းလှမ်းသင့်သည့် အချိန်ဟု ထင်ပါသည်။ ဒု ဗိုလ်ချုပ်ကြီး ကိုကိုပြောဆိုသည့် ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး ခံစားခွင့်ရှိသည် ဆိုသည်မှာလည်း ပညာရှင်များကို ဆွဲဆောင်နိုင်သည့် အချက် မဟုတ်ပေ။

အထူးသဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဉာဏ်သစ်၊ အားသစ် ပညာရှင် လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာသွားကြခြင်းကို မီဒီယာများက ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့ကြသည်။ ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ပြည်တွင်း၌ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးခြင်းတို့ကို ထောက်ပြဝေဖန်ခဲ့ကြသည်။

သို့သော် ယင်းပြဿနာကို ကုစားနိုင်ခြင်း မရှိသည့်အပြင် ပညာတော်သင် ထွက်ခဲ့ကြသည့် အစိုးရဝန်ထမ်း ပညာရှင်များပင် အစိုးရဌာန ထိပ်ပိုင်းရာထူးများအတွင်း စစ်တပ်ကြီးစိုးပြီး ထိုက်တန်စွာ နေရာမရမှုကြောင့် ဘွဲ့အတွက် အစိုးရကို လျှော်ကြေးပေးပြီး ထွက်သူများ၊ ပြည်ပသို့ ထွက်ပြေးသူများ အများအပြားရှိခဲ့သည်။

အဓိကအားဖြင့် ပညာရှင်များကို ဒုတိယအဆင့်တွင်ထား၍ စစ်တပ်မှ ပြောင်းရွှေ့လာသူများက ပထမအဆင့် ရာထူးများတွင် စိုးမိုးထားခြင်း၊ ပညာရှင်များ၏ အမြင်အတိုင်း လွတ်လပ်စွာ တင်ပြ ပြောဆိုခွင့်၊ ဆောင်ရွက်ခွင့်မရှိဘဲ အထက်မှ ချမှတ်သည်များကိုသာ အကောင်အထည်ဖော်ရခြင်း၊ တတ်သိထားသည့် ပညာရပ်များနှင့် မကိုက်ညီသည့် နိမ့်ကျသော လုပ်ငန်းများတွင် လုပ်ကိုင်ရခြင်း၊ တတ်သိလေ့လာထားသည့် ပညာအတိုင်း အကျိုးခံစားခွင့် မရှိခြင်းတို့ကြောင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ ပြည်ပသို့ ထွက်ခွာသွားခဲ့ကြကြောင်း တွေ့ရှိရသည်။

နအဖ အစိုးရလက်ထက်တလျှောက်တွင် ဝန်ကြီးဌာနများအနက် ပညာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ပါရဂူဘွဲ့ရများအပါအဝင် ပညာရှင် ဝန်ထမ်းအများစု နုတ်ထွက်ခဲ့ကြပြီး တချို့လည်း ပြည်ပသို့ ထွက်ခွာသွားသည်။ နုတ်ထွက်သွားကြသူအများစုမှာ အစိုးရဝန်ထမ်းအဖြစ် ပညာတော်သင် ထွက်ခဲ့ခြင်းအတွက် ဘွဲ့အလိုက် လျှော်ကြေးများ သိန်း ဆယ်ဂဏန်းချီ ပေးခဲ့ကြရပြီး မပေးနိုင်သူများမှာ နာမည်ပျက်စာရင်း အသွင်းခံခဲ့ရသည်။

အစိုးရဝန်ထမ်းအဖြစ် ပညာရှင်များ ရပ်တည်ရန် ခက်ခဲခြင်း၊ ပညာရှင်များကို နေရာပေးနိုင်မည့် ပုဂ္ဂလိက လုပ်ငန်းကြီးများ နည်းပါးခြင်းတို့သည်လည်း ပညာရှင်များ ပြည်ပသို့ ထွက်ခွာရန် တွန်းအားဖြစ်စေခဲ့သည်။

နိုင်ငံအတွင်း အဖက်ဖက်မှ ယိုယွင်းမှုများကို စနစ်တကျ ထောက်ပြပြောဆိုပြီး အချက်အလက်များနှင့် မှတ်တမ်းတင်ခြင်း၊ စာတမ်းများရေးသားဖော်ပြခြင်း ပြုလုပ်သည့် ပညာရှင်များကို နှိပ်ကွပ်ခဲ့ပြီး ယင်းပညာရှင်များ၏ လေ့လာချက်များ ပြင်ပကမ္ဘာသို့ ပေါက်ကြားမည်ကိုလည်း အစိုးရက စိုးရိမ်ခဲ့သည်။

ထူးချွန်သည့် တက္ကသိုလ်မှ ပညာရှင်များ၊ အစိုးရဝန်ထမ်း ပညာရှင်များကို ရာထူးတိုးမပေးခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ပို၍ ဆိုးရွားသည့် အချက်မှာ နိုင်ငံ၏ ယိုယွင်းပျက်စီးမှုများကို သတိပေး ပြောကြားမှုများအစား အစိုးရ၏ လုပ်ဆောင်ချက်များ မည်မျှ မှန်ကန်ကြောင်းကို ပညာရှင်များအား လှည့်ဖျား တင်ပြပြောဆိုစေခြင်းဖြစ်သည်။

တက္ကသိုလ်များတွင် ဘွဲ့လွန်အတွက် ရေးသားရသော သုတေသနများကိုလည်း အစိုးရ၏ စီမံကိန်းများ မည်မျှ ကောင်းမွန်ကြောင်းနှင့် အစိုးရမူဝါဒများက အကျိုးဖြစ်ထွန်းကြောင်းသာ အသားပေး ရေးသားစေခဲ့သည်။ ပညာတော်သင် အစိုးရဝန်ထမ်းများကိုလည်း ဖြစ်နိုင်ပါက ဘွဲ့အတွက် မြန်မာနိုင်ငံတွင် ပြန်လာ၍ သုတေသန မလုပ်ရန်ညွှန်ကြားခံရပြီး ပြည်တွင်းမှ အစိုးရ၏ ချွတ်ချော်လွဲမှားသော စီမံခန့်ခွဲမှု အချက်အလက်များ မပေါက်ကြားစေရပါဟု ခံဝန်လက်မှတ် ထိုးခိုင်းသည်များလည်း ရှိခဲ့သည်။

ယမန်နှစ် သြဂုတ်လက Eleven Media Group ၏ လေ့လာဖော်ပြချက်အရ ၅ နှစ်တာကာလအတွင်း မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း ထူးချွန်ဆိုရရှိပြီး Top-Ten ဝင်ခဲ့သူအများစုသည် ပြည်ပသို့ ရောက်ရှိသွားကြကြောင်း သိရသည်။ တချို့က ပညာတော်သင် ထွက်ခွာသွားခြင်း၊ တချို့က ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် စသည့် သက်မွေးဝမ်းကြောင်းတက္ကသိုလ်များ တက်နေဆဲတွင် ပြည်ပသို့ ထွက်ခွာသွားခြင်းများဖြစ်ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ နည်းပါးသည်ဟု ဆိုသည်။

ပြည်တွင်းတွင် ပညာရေးစနစ် နိမ့်ကျနေဆဲဖြစ်ခြင်း၊ ပညာအရည်အချင်းနှင့် လျှော်ညီသည့် အကျိုးခံစားခွင့် မရှိတို့ကြောင့် ပြည်ပထွက်ခွာမှုများ ဆက်လက် ရှိနေကြဆဲဖြစ်သည်။

တရုတ်နိုင်ငံတွင် ခေါင်းဆောင် တိန့်ရှောင်ဖိန် လက်ထက်၌ ပြည်ပပညာတော်သင် အများအပြားစေလွှတ်ခဲ့ရာ အများစုမှာ ပြန်မလာသည့် အခြေအနေကို ကြုံရဖူးသည်။ သို့သော် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ပြည်ပသို့ ထွက်ခွာပြီး အခြေချနေသော ပညာရှင် အများအပြား ပြန်လာခဲ့ကြသည်။ နိုင်ငံ၏ ဖွံ့ဖြိုးရေးလည်ပတ်မှုအတွင်း အားကောင်းစွာ မောင်းနှင်နိုင်သည့် သွင်းအားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာကြသည်။

စစ်အစိုးရလက်ထက် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အကြောင်းအမျိုးမျိုးကြောင့် နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာသွားသူများ သန်းချီ ရှိသည့်အနက် ကျွမ်းကျင်လုပ်သားများအပါအဝင် ပညာရှင်လူတန်းစာမှာ သောင်းနှင့် ချီ၍ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

မြန်မာ အစိုးရသစ်အနေဖြင့် မူဝါဒတင်ကျပ်မှုများကို ဖြေလျှော့ပြီး နိုင်ငံကို အပြောင်းအလဲ လုပ်လိုလျှင် ပြည်ပသို့ ရောက်ရှိသွားသည့် လူ့စွမ်းအား အရင်းအမြစ်နှင့် ယိုစီးသွားသော ဦးနှောက်များကို ပြန်လည်စုစည်းရန်နှင့် နိုင်ငံပြန်လည်ထူထောင်ရေး ပါဝင်ခွင့် လမ်းပွင့်သွားအောင် ကြိုးပမ်းရန်မှာလည်း အရေးကြီးသော ဦးစားပေး စီမံချက် တရပ်ဖြစ်သင့်သည်။

သို့သော် သြဂုတ်လအတွင်း အစိုးရသတင်းစာများ၏ ဖော်ပြချက်နှင့် အောက်လွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့၏ ပြောဆိုချက်အရမူ အစိုးရအနေဖြင့် သင့်လျှော်သည့် အပြောင်းအလဲများလုပ်ရန်နှင့် အခြေအနေများ ဖန်တီးပေးရန် အစီအမံများ မရှိသေးသည့်အပြင် ပြည်ပထွက်ခွာသူများအပေါ် ထားရှိသည့် အစိုးရ၏ မကောင်းမြင် သဘောထားကိုလည်း မပြောင်းလဲသေးကြောင်း တွေ့နေရပါသည်။
Ref:mizzimaburmese

စင်္ကာပူရောက်မြန်မာ့အတင်းအဖျင်းများ!

myanmarinsingapore က copy ကူးပြီးတင်ပေးထားတာပါ...

ယွန်းရဲ့အတွေ့အကြုံအရ အခုတလောမှာ စင်ကာပူကို အလုပ်လာရှာမဲ့သူများ အထူးစဉ်းစားပါလို့အကြံပေးချင်ပါတယ်။ အလုပ်ရဖို့ဆိုတာ ကံအပေါ်အများကြီးမူတည်ပေမဲ့လတ်တလောဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ ယွန်းက စင်ကာပူကို account, admin အလုပ်လာရှာတာပါ။ တရုတ်စာကို ကျွမ်းကျင်မှသာ account, admin ဘက်မှာအဆင်ပြေမှာပါ။ English တစ်ခုတည်းနဲ့မရပါဘူး။ နောက်ပြီ LCCI Level 3 ပြီးရုံနဲ့လဲမလုံလောက်ပါဘူး။ ဒီမှာက ACCA ပြီးပြီးသားမှ Professional အဆင့်သတ်မှတ်တာပါ။ ကိုယ်က LCCI Level 3 ပြီးရုံနဲ့ ဘာသာစကားလဲ မကျွမ်းကျင်၊ လုပ်ငန်းအတွေ့အကြုံလဲမရှိဆိုရင်တော့ အလုပ်မရဘဲ ပြန်ကြရတာများပါတယ်။ ဒီတော့ account, admin လိုင်းကို ၀င်ချင်ကြသူများ ကိုယ့်အမိနိုင်ငံမှာ တရုတ်စာကို ကျွမ်းကျင်အောင်သင်ပြီးမှသာလာကြပါလို့ အကြံပေးချင်ပါတယ်။ တရုတ်စာမကျွမ်းဘူးဆိုရင်တော့ အလုပ်ရှာရတာ တအားခက်တယ်ဆိုတာ ယွန်း ကိုယ်တွေ့ပါဘဲ ။ ယွန်းလဲ တရုတ်စာတတ်မှလာမယ်လို့စိတ်ကူးပေမဲ့ သူငယ်ချင်းတွေက တရုတ်စာက မလိုပါဘူး။ Eng ကောင်းရင်ရတယ်၊ လာခဲ့ဆိုလို့ လာခဲ့မိတာပါ။ တကယ်တမ်းကြတော့ ဒီလိုင်းမှာ တရုတ်စာမတတ်လို့မရပါဘူး။ တရုတ်လိုပြောတဲ့ ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မပြောမဖြစ်ကို ပြောရတာပါ။ Engတစ်မျိုးတည်းသုံးတဲ့ MNCs တွေမှာ စင်ကာပူကိုရောက်ခါစ ဗမာတွေတိုးလို့မရပါဘူး။ ဒါက ကံကို အားကိုးလို့မရတဲ့ တကယ့်အဖြစ်မှန်ပါ။ ဒါကြောင့် စေတနာ အစစ်အမှန်နဲ့ အကြံပေးပါရစေ။ စင်ကာပူကိုမလာခင် တရုတ်စာကို တတ်ကျွမ်းအောင်သင်ခဲ့ကြပါ။ IT သမားတွေအတွက် တရုတ်စာက essential မဟုတ်ပေမဲ့ admin/account သမားတွေအတွက်က essential ပါ။ ကိုယ်က PR ဆိုရင်ပြသနာမဟုတ်ပေမဲ့ Foreigner အနေနဲ့လျှောက်ရမဲ့သူတွေကတော့ ကိုယ့်ဘက်က မပြည်စုံရင် အလုပ်ရဖို့ သိပ်ခက်ပါတယ်။ နောက်ပြီး ယွန်းအခု လျှောက်သမျှ၊ အင်တာဗျူးသမျှ company တွေဟာ သူတို့အစိုးရရဲ့ ရွေးကောက်ပွဲကို စောင့်နေကြပါတယ်။ သူတို့မှာ Quota မရှိသေးပါဘူးလို့ ညီတူညာတူပြောနေကြပါတယ်။ ယွန်းလဲ နီးစပ်ရာ စင်ကာပူ အသိုင်းအ၀ိုင်းကိုမေးတဲ့အခါ ဒါက တကယ့်အဖြစ်မှန်ပါ။ သူတို့အစိုးရလဲ foreigner worker ခန့်တာကိုဦးစားပေးမိရင် သူတို့ကို ပြည်သူလူထုက မထောက်ခံမှာစိုးလို့ Quota တွေချမပေးတာတဲ့။ ဒီတော့ အခုအချိန်မှာ ကိုယ့်အရည်အချင်းက မရှိမဖြစ်အဆင့်မဟုတ်ဘူး၊ သူများနဲ့တန်းတူ သာမန်အဆင့်သာဆိုရင်တော့ မလာပါသေးနဲ့ဦး။ ပြန်ရတဲ့သူတွေများနေလို့ စေတနာထား တားတာပါနော်။ ဒါမှမဟုတ်ဘဲ...ပြန်ရလဲ ဘာမှမဖြစ်ဘူးဆိုရင်တော့ သဘောပါ။ သို့သော်လဲ ကံကိုယုံပြီး ဆူးပုံတော့ မနင်းစေချင်လို့ပါ။ ကောင်းတာကတော့ မေလကျော်မှ Foreign worker တွေအခြေအနေပြန်ကောင်းမယ် ထင်ပါတယ်။
ယွန်းပြောသွားတာ မှန်ပါတယ် ဒါပေမယ့် နည်းနည်းဖြည့်စွက်ပါရစေ။ တရုတ်စကားက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် လစာက ပိုအရေးကြီးတာပါ။ အလုပ်ရှင်တွေက တရုတ်စကားမတတ်လို့ မခန့်တာမဟုတ်ပါဘူး လစာများလို့မခန့်တာပါ။ Admin အလုပ်မှာ မလေးက တရုတ်မတွေ၊ ပြည်မကြီးက တရုတ်မလေးတွေကို ၁၂၀၀ ထက်ပိုမပေးကြပါဘူး။ Account လိုင်းမှာဆိုရင်လည်း အဲလောက်ပဲပေးလေ့ရှိတော့ S pass အနေနဲ့ခေါ်ဖို့ အခက်အခဲရှိပါတယ်။ အောက်ဈေးနဲ့ညှိဖို့ကလည်း ဘာမှမသိသေးတဲ့သူကို သွားညှိရင် ပြဿနာဖြစ်မှာစိုးရိမ်တယ်လေ။ အေးဂျင့်တွေနဲ့ ညှိပေးတဲ့ဟာတွေကတော့ အလုပ်ရကြတာ ကြားတာပဲ။ တရုတ်စကားကောင်းကောင်းပြောနိုင်တဲ့သူတွေလည်း ပြန်ကြရတာပဲ။ တရုတ်စကားသင်ဖို့ဆိုတာ လပိုင်းနဲ့ မလုံလောက်ပါဘူး အနည်းဆုံး လေးနှစ် ငါးနှစ်သင်ထားတာတောင် Native Speaker တွေနဲ့ ပြောလို့အဆင်မပြေတာတွေ အများကြီးပဲ။ တရုတ်စာမှာ အနည်းဆုံး ကိုးတန်း ဆယ်တန်းလောက် သင်ထားနိုင်မှ တော်ရာကျတာ။ ဒါတောင် အဆင်မပြေတာတွေရှိသေးတယ်။ အင်္ဂလိပ်ကောင်းကောင်းပြောနိုင် ရေးနိုင်ရင်တော့ မဆိုးပါဘူး။ တချို့တွေ အလုပ်လာရှာတာတွေ့ဖူးတယ် အင်္ဂလိပ်ကျွမ်းကျင်တတ်ထားတဲ့ပုံမျိုးနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးပြီ အလွတ်ကျက်ပြောနေသလိုမျိုး ကရားရေလွှတ် ပြောကြတော့ အင်တာဗျူးသူက ဘယ်နားလည်ပါ့မလဲ။ အသံဝဲနေတာရယ် အသုံးအနှုန်းတွေ ကွာတာရယ်ကြောင့် အခက်အခဲရှိကြတယ်။ တချို့ဆိုရင် Yes No ကလွဲလို့ ပြန်မပြောတတ်တဲ့သူတွေတောင် ရှိသေး။ ဘယ်လိုစိတ်ကူးနဲ့ အလုပ်လာရှာလဲတော့မပြောတတ်ဘူး။ အဲလောက်လွယ်နေရင် စင်္ကာပူကျွန်းက မြန်မာလူဦးရေနဲ့ ပင်လယ်ရေအောက် ရောက်နေလောက်ပြီ။ တစ်နိုင်ငံလုံးပြောင်းလာကြမယ်ထင်ပါရဲ့။ PR မြန်မာမိန်းကလေးတွေတောင် Admin အလုပ်တွေမှာ ၁၂၀၀ ၁၅၀၀ လောက်ပဲရကြတော့ ဘယ်လိုလုပ်ပြီ အသစ်လာရှာတဲ့ S pass တင်ပေးရမယ့်သူကို ဘယ်လိုခန့်မလဲ။ အိုင်တီအလုပ်၊ အင်ဂျင်နီယာအလုပ်တွေက လစာများများပေးနိုင်တော့ ပြဿနာသိပ်မရှိဘူး။ Admin တို့၊ Account တို့က သူ့နိုင်ငံသူတွေ မလေးသူတွေနဲ့ နေရာလွတ်ဖို့ မလွယ်ဘူး။ လွတ်နေရင်လည်း Secondary အဆင့်တို့၊ GCE O Level အဆင့်အထိ ပညာရေးကို လျော့ပေါ့ပြီ ခန့်လေ့ရှိတော့ ခက်နေတာပေါ့။ သူတို့ဖြစ်ချင်တာက ဘာသာစကားကောင်းကောင်းပြောတတ်ပြီ လစာနည်းနည်းပေးရတဲ့သူကိုပဲ ရွေးခန့်မှာပေါ့။ ရွေးကောက်ပွဲကိစ္စကလည်း ကောလဟာသပါ။ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ကို တခြားပယောဂတွေ ၀င်ရောလို့မရပါဘူး။ မြန်မာနိုင်ငံလိုမဟုတ်တာတော့ သေချာပါတယ်။ အခုအချိန်မှာ ကျွမ်းကျင်လုပ်သားအတွက် S pass ပေးတဲ့စနစ်ရဲ့ အဆင့်တွေကို မြှင့်တင်လိုက်ပါပြီ။ လက်ရှိလုပ်နေတဲ့သူတွေတောင် သက်တမ်းကုန်လို့ ထက်တိုးရင်တောင် Reject ဖြစ်ကြတာတွေ့နေရတာပါ။ အသစ်လျှောက်တဲ့သူတွေအတွက်တော့ မစဉ်းစား မမျှော်လင့်ရဲအောင်ဖြစ်နေရတာပါ။ လာမယ့် ဇူလိုင်လောက်ဆိုရင် ပိုဆိုးလာလိမ့်မယ်။ ကျွမ်းကျင်လုပ်သားတစ်ယောက်ရဲ့လိုအပ်ချက် ပညာအရည်အချင်း၊ အတွေ့အကြုံတွေကို မြှင့်တင်စဉ်းစားမယ်သာမက လစာကိုပါ ၂၀၀၀ အနည်းဆုံးပေးနိုင်မှ S pass လျှောက်ခွင့်ပြုတော့မယ်တဲ့ဗျာ။ အောက်ဈေးလိုင်းတွေ အားကောင်းလာမယ့် သဘောပဲ။ အေးဂျင့်တွေ အရေးပါလာမယ်ပေါ့ဗျာ။ ရွေးကောက်ပွဲပြီရင် စည်းမျဉ်းတွေ လျော့ပေါ့ပေးလို့ ကောင်းလာနိုင်သလို၊ မျိုးချစ်ပုဂ္ဂိုလ်တွေ အာဏာရသွားရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ နိုင်ငံမတိုးတက်ရင်နေပါစေ သူ့နိုင်ငံသားတွေ ထမင်းမငတ်ဖို့ စဉ်းစားပေးကြမှာပဲ ဒါသဘာဝပဲလေ။ ကံကိုယုံပြီ ဆူးပုံပဲနင်းနင်း -ျီးပုံပဲနင်းနင်း ကိုယ်မခံရဖို့အရေးကြီးတာပေါ့။ တချို့တွေဆိုရင် ချစ်သူတွေက မြှောက်ပေးလို့ ဟုတ်လှပြီဆိုပြီ လာကြတယ် ပြန်ရတော့ အစစ်ပါထည့်ပေးလိုက်တယ်ဆိုတော့ စဉ်းစားကြည့်ရင် မရှုံးဘူးလို့ ထင်ချင်ထင်နေကြမှာလေ။ ဒါကြောင့် မပြောလိုပါ ပြောလိုပါ (ပြောတာများသွားလို့) မပြောလိုပါ။

အသေးစိတ်သိချင်ရင်-http://myanmarinsingapore.com/forum/topics/2316969:Topic:177065

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!