Popular Posts!

Thursday, April 18, 2019

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်လာ




ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်နေရာ ရေစူးတိမ်နေသည်ကို တွေ့ရစဉ်

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲများ ကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်မှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


လက်ရှိတွင် ရေယာဉ်ကြီးများသာမက မော်တော်ငယ်များပင် ရေကြောင်းသွားလာရေး မလွယ်ကူသဖြင့် ဟင်္သာတဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှု ရပ်တန့်လာသည့် အခက်အခဲများ ကြုံတွေ့နေခြင်း ဖြစ်သည်။
“မနှစ်က မန္တလေးသင်္ဘောတွေ၊ ရန်ကုန်သင်္ဘောတွေ၊ CB တွဲသင်္ဘောကြီးတွေက ကျွန်တော်တို့ဆီမှာ ဆန်တင်တယ်။ ကုန်တွေ တင်တယ်။ အညာကို ဆန်တယ်။ ရန်ကုန်ကိုလည်း သယ်တယ်။ ဒီနှစ်မှာတော့ ရေစူးက အ၀င်ဝမှာ သုံးပေလောက်ပဲ ရေစူးရှိတယ်။ အရှည်ပေ ၁၅၀ လောက်မှာ သောင်ဖြစ်နေတယ်။ အဲဒီနေရာမှာ ၀င်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှုက အကုန်လုံး ရပ်တန့်ပြီး မြစ်ကြောင်းပိတ်ဆို့သလို ဖြစ်နေတယ်”ဟု ဟင်္သာတဆိပ်ကမ်းမှ ဒေသခံဦးစိုးဝင်းက ပြောကြားသည်။
ရေကြောင်းသွားလာရေး အခက်အခဲကြောင့် မော်တော်ကြီးများ၊ သင်္ဘောကြီးများဖြင့် ကုန်စည်များ တင်ဆောင်နိုင်ရန် ဟင်္သာတမြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးသည့် ဇလွန်ဆိပ်ကမ်းသို့ သယ်ပို့ဆောင်ရွက်နေရကြောင်း သိရသည်။
“ဟင်္သာတဆိပ်ကမ်းက ဧရာဝတီတိုင်းမှာ အကြီးဆုံးဆိပ်ကမ်းထဲမှာ ပါတယ်။ အခုလို ရေကြောင်းပိတ်ဆို့မှု ဖြစ်ပေါ်လာတဲ့အခါ ဧရာဝတီတိုင်းမှာရှိတဲ့ ဟင်္သာတမြို့ကို အမှီသဟဲပြုပြီး ဆိပ်ကမ်းကို လာရောက်ရောင်းချတဲ့ ယာဉ်တွေလည်း မ၀င်နိုင်တော့ဘူး။ ပဲခူးတိုင်းဘက်ကနေ ဟင်္သာတကိုလာတဲ့ ကုန်စည်တွေလည်း မ၀င်နိုင်တော့ဘူး။ ပွဲရုံတွေမှာလည်း အလုပ်အကိုင်တွေ ရပ်တန့်သွားတယ်။ ဇလွန်ဆိပ်ကမ်းကို သွားတင်ရတဲ့အခါ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း ပိုလာတယ်။ လုပ်သားတွေ အပါအ၀င် ဈေးဆိုင်တွေ၊ လက်လုပ်လက်စားတွေလည်း အခက်အခဲ ဖြစ်နေရတယ်”ဟု ဟင်္သာတကုန်စည်ဒိုင် ဘဏ္ဍာရေးမှူး ဦးကြည်ရွှင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ခရိုင်နှင့် မြို့နယ်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့က မြေပြင်နှင့် ရေပြင်အခြေအနေကို ကွင်းဆင်းလေ့လာထားပြီး တိုင်းအစိုးရထံ ဆက်လက် တင်ပြထားကြောင်း သိရသည်။
“ရေကြောင်းကတော့ တော်တော်လေး တိမ်နေတာ တွေ့ပါတယ်။ ဒီမှာရှိတဲ့ ဒေသခံပြည်သူများကတော့ ကုန်စည်စီးဆင်းမှု အခက်အခဲမဖြစ်အောင် တိမ်ကောနေတဲ့ နေရာတွေကို နက်အောင်လုပ်ပေးဖို့ ဆန္ဒရှိနေပါတယ်။ သို့သော်လည်း ကမ်းနဲ့ ဆက်စပ်နေတဲ့ရွာတွေက ပြည်သူတွေကတော့ ရေကြောင်းတိမ်နေတဲ့ နေရာကို နက်အောင်လုပ်မယ်ဆိုရင် ကမ်းပြိုကမ်းစားဖြစ်မယ်လို့ ယူဆပြီး စိုးရိမ်နေကြတယ်”ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းအစိုးရ၏ သဘောထားကို သိရှိနိုင်ရန် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးထံ ဆက်သွယ်မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်သူတို့၏ တင်ပြချက်အပေါ်မူတည်ကာ လိုအပ်ပါက တိုင်းအစိုးရအနေဖြင့် ကွင်းဆင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
လက်ရှိ ဆိပ်ကမ်းနေရာကို ၁၉၉၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဟင်္သာတနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဘက်ကမ်းဒေသများမှ ဆန်၊ ပဲ၊ ပြောင်းစသည့် ကုန်စည်ထွက်ကုန်များကို ပို့ဆောင်ရောင်းဝယ် ဖောက်ကားနေသည့် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
Writer:အောင်ကျော်မျိုး (ဟင်္သာတ)

မြန်မာ့ဆန် တရုတ်ပြန်တင်ပို့ရေး ညှိုနှိုင်းဆွေးနွေးနေ


တရုတ်ဘက်ကို ဆန် ပြန်ပြီးတော့တင်ပို့နိုင်ဖို့ ယူနန်ပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံဘက်က အစိုးရရော၊ ပုဂ္ဂလိကပိုင်းနဲ့ပါ ညှိနှိုင်း ဆွေးနွေးနေကြပါတယ်။ လက်ရှိမှာ တရားမဝင်ဆန်တင်သွင်းတာတွေအားလုံးကို ယူနန်ဘက်က ပိတ်ထားသလို တရားဝင် ဆန်တင်သွင်းမှုအပေါ် သူတို့သတ်မှတ်ထားတဲ့ အခွန်နှုန်းထားကလည်းများနေလို့ တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကို မဝယ် တော့ဘဲ လက်ရှိမှာ အဝယ်အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်ကုန်သည်တွေ မြန်မာ့ဆန်ကို အခွန်မဆောင်ဘဲတရားမဝင် ဝယ်ယူနေတာကို ယူနန်အစိုးရက ပိတ်လိုက်သလို တရားဝင်အခွန်ကလည်း ၃၇% ပေးဆောင်ရတဲ့အတွက် တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကိုလက်ရှိမှာ မဝယ်နိုင်တော့ဘဲ ရပ်နားထားတာပါ။ တရုတ်ကုန်သည်တွေက သူတို့ယူနန်အစိုးရရဲ့ အခွန်ကိုရှောင်ပြီး တရားမဝင်လမ်းကြောင်းကနေ မြန်မာ့ဆန်ကို အများဆုံးဝယ်ယူနေတာဖြစ်ပါတယ်။ 

ပြည်တွင်းဆန်ထက်ဝက်လောက်က တရုတ်ပြည်ကိုပို့နေတာဖြစ်ပြီး အခုလို တရုတ်ဘက်က ဆန်အဝယ် လျှော့သွားတဲ့အတွက် ဆန်ဈေးကွက်မှာ အထိုက်အလျှောက်နစ်နာမှုတွေရှိတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့် တရုတ်-မြန်မာ ဆန်တင်ပို့မှုမှာ နှစ်ဘက်ပြေလည်မယ့် တရားဝင်သဘောတူညီမှုတွေဖြစ်လာဖို့ ညှိနှိုင်းနေတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“ဒီတရားမဝင် ဝယ်နေတဲ့ဟာ ရှိနေတာရယ် ဒီဘက်မှာလည်း နယ်စပ်မှာရောင်းနေတာလည်းရှိတာရယ်ပေါ့။ ဒီဟာက နှစ်ဘက်ဒီလိုသွားနေတဲ့ အနေအထားပေါ့။ ရေရှည်အတွက် ခိုင်မာတဲ့ဈေးကွက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း ဒီ informal (တရားမဝင်) ကနေပြီးတော့ formal (တရားဝင်) လုပ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်အောင်တော့ အားလုံးဝိုင်းကြိုးစားနေတယ်ပေါ့။ ကျွန်တော်တို့လည်းကြိုးစားနေတယ်။ နိုင်ငံတော် အစိုးရကိုလည်း တင်ပြထားတယ်ပေါ့။ အစိုးရဘက်ကရော ညှိနှိုင်းနေတယ်။ ပြည်နယ်အဆင့်နဲ့ရော ဗဟိုအဆင့်နဲ့ရောပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ရော ညှိနှိုင်းနေ တာတွေတော့လုပ်နေတယ်ပေါ့။ မကြာခင်မှာ တခုခုတော့ ထူးခြားမှုဖြစ်မယ်လို့မျှော်လင့်တာပေါ့လေ။ အမှန်တကယ်က ကိုယ်တို့က နယ်စပ်ကုန်သွယ်ရေး ကိုလည်း လျှင်လျှင်မြန်မြန်နဲ့ အခက်အခဲ အတားအဆီးမရှိလုပ်နိုင်အောင်ပေါ့နော်။ နောက်တခါ ပုံမှန်တင်ပို့ရောင်းချမှုကိုလည်းလွယ်လွယ်ကူကူ လုပ်နိုင်အောင် ဒီနှစ်ခုလုံးအတွက်ကို ဆွေးနွေးတာပါ။”

ရာထူးကဖယ်ရှားခံလိုက်ရတဲ့ စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းဟာ ယူနန်အစိုးရနဲ့ ညှိနှိုင်းတာမှာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး အခု သူ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရလို့ တရုတ်ဘက်ကလည်း ဆန်ကိစ္စ ဆွေးနွေး တာတွေကို ပြန်ပြီးစောင့်ကြည့်နေတာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။

“ကျွန်တော်တို့အခုညှိနှိုင်းတာက ယူနန်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ဒီဘက်က စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေရှိတယ်။ အဲဒီကိစ္စဟာ အဓိကဦးဆောင်တာက စီးပွားကူးသန်းရဲ့ ကုန်သွယ်ရေးပေါ့၊ ဦးရန်နိုင်ထွန်းက သူအဓိကထားပြီးတော့ ညှိပြီးတော့ ကုန်ပစ္စည်းဖလှယ်တာတို့၊ ဆန်ကုန်သွယ်ရေးဆွဲပြီးတော့ ပြန်လည်ကုန်သွယ်မှုတွေ သူက ဆောင်ရွက်နေတာ၊ ပြီးတဲ့အပတ်က သူ့ကိုနားလိုက်တဲ့အခါ ကျတော့ သူတို့ဘက်ကလည်း ဒီဟာကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ အခြေအနေ စောင့်ကြည့်တဲ့ သဘောမျိုးဖြစ်နေတယ်။ အခြေအနေက နည်းနည်း ပြောရခက်တယ်။”

တရုတ်ယူနန်အစိုးရက ဆန်တွေအပေါ်မှာ တရားဝင်အခွန်ကို ၃၇% သတ်မှတ်ထားလို့ တရုတ်ကုန်သည်တွေက မြန်မာဆန်ကိုဈေးနှိမ်ဝယ်ယူကြပါတယ်။ တရုတ်ဘက် ဆန်မတင်ပို့ရပေမဲ့လည်း တခြားနိုင်ငံပေါင်း ၆၀ ကိုတော့ ရေကြောင်းကနေ တင်ပို့နေတာတွေရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

“တရုတ်က ဒီပြင်နိုင်ငံ ကျွန်တော်တို့ထက်ဈေးပေါတဲ့နိုင်ငံတွေ ရှိနေလို့ရယ် သူတို့ဆီမှာ ဆန်လက်ကျန်ရှိနေလို့ပေါ့။ တရုတ်ကိုလက်တလောမသွားဘူး။ ဈေးမကိုက်တာဗျ သူတို့ပေးတဲ့ဈေးနဲ့ ကျွန်တော်တို့ဆီက ဖြစ်နေတဲ့ဈေးနဲ့ မကိုက်တာ။” 

ဥရောပသမဂ္ဂ EU ကလည်း မြန်မာနိုင်ငံကတင်ပို့တဲ့ ဆန်လုံးရှည်အပေါ် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး အခွန်ကောက်ခံနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီးယူဈေးကွက်ကိုတင်ပို့တာက စုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၈% ပဲရှိပြီး တနိုင်ငံလုံးထုတ်လုပ်မှုနဲ့ ပြန်တွက်မယ်ဆိုရင် အီးယူဈေးကွက်ကြောင့် ထိခိုက်နိုင်တဲ့ပမာဏက ၂% ပဲရှိတယ်လို့ ဆန်ဈေးကွက်မှာ လုပ်ကိုင်နေသူတွေက ဆိုပါတယ်။ အီးယူရဲ့ အခွန်ကောက်ခံမှုနဲ့ တရုတ်ကအဝယ်ရပ်ထားတာတွေကြောင့် ဒေသတွင်းနိုင်ငံတွေမှာ ဈေးကွက်သစ် ရှာဖွေဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် ကပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ တခြားဈေးကွက်တွေကို ဒီထက်ပိုပြီးရှာရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အိတ်စပို့ရဲ့ volume (ပမာဏ)ရဲ့ တဝက်က China Border ကိုသွားပြီးတော့ တဝက်က ဒီဘက် normal trade ကိုသွားတာပေါ့။ အဲဒီတော့ အနည်းဆုံးတော့ တနှစ်ကို အနည်းဆုံးတော့ (တန်ချိန်) 1 million ကနေ 1.8 million လောက်ထိရှိတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီ 1.8 million ကြီးကို တခြား ဈေးကွက်ကို ရအောင် ရွှေ့ရမှာဗျ ရအောင်ဈေးကွက်ရှာရမယ့် သဘောရှိတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ရဲ့ အောက်ခြေအဆင့်မှာ ဟိုဘက်က ပြည်နယ်အစိုးရနဲ့ နားလည်မှုနဲ့ ညှိနှိုင်းလို့ရမလား အဲဒါဆိုသွားလို့ရမလား။ ဒါဆိုရင် မြန်မာ့ဆန်ဈေးကွက်အတွက် မဆိုးဘူးပြောလို့ရမှာပေါ့နော်အခြေအနေ။ ဒါကလည်း ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သူတို့ယူနန်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းမှုရရင်တော့ ဒါမဆိုးဘူးပြောရမှာပဲ။”

လက်ရှိ ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ ကျလာနေတယ်လို ကုန်သည်တွေကပြောပါတယ်။ ဒါဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ပိုလျှံနေတာကြောင့်လည်း ဖြစ်နိုင်သလို အီးယူနဲ့ တရုတ်ဘက်က အဝယ်လျှော့သွားတာကြောင့်လည်း ဆန်ဈေးကွက်ကို ပိုပြီးထိခိုက်နိုင်ခြေရှိတယ်လို့ သုံးသပ်တာတွေရှိပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းကျော်တင်ပို့ခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၁.၇ သန်းလောက်ပဲ တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားကြောင်းပြောပါတယ်။

Ref:https://burmese.voanews.com/a/myanmar-rice-to-export-china-/4751930.html

တရုတ်​ ကုန်​ပစ္စည်းများကို သပိတ်​မှောက်​ကြရန်​ အိန္ဒိယကုန်​သည်​များ အသင်းက တောင်းဆိုလိုက်​ခြင်း

တရုတ်​ ကုန်​ပစ္စည်းများကို သပိတ်​မှောက်​ကြရန်​ အိန္ဒိယကုန်​သည်​များ အသင်းက တောင်းဆိုလိုက်​ခြင်း



Confederation of All India Traders(CAIT)ကုန်​သည်​များအသင်း(အိန္ဒိယကုန်​သည်​သန်း၇၀လောက်​ကိုယ်​စားပြု)ကတရုတ်​ ကုန်​ပစ္စည်းများတို့ကို အသုံးမပြုကြရန်​နှင့်​သပိတ်​မှောက်​ကြရန်​ မနေ့က တောင်းဆိုလိုက်​သည်​ဟုသိရသည်​။ အဲဒီသတင်းနှင့်​ပတ်​သက်​ပြီး အိန္ဒိယ၀န်​ကြီးချုပ်​ မိုဒီ ကမှတ်​ချက်​ပေးစကား ပြောကြားခဲ့ရာမှာ
 ပြည်​သူတွေရဲ့ ဆန္ဒကသာ အဓိကပင်​ဖြစ်​ကြောင်းနှင့်​ ပြည်​သူတွေ မနှစ်​ခြိုက်​ပါက အတင်းတိုက်​တွန်းလို့ မရနိုင်​ဟု ပါးပါးနပ်​နပ်​ ဆိုသွားခဲ့ပါသည်​။

အိန္ဒိယဘက်​က ကြာသပတေးနေ့တုန်းက ပြောကြားရာမှာပါကစ္စတန်​ အခြေစိုက်​ စစ်​သွေးကြွအုပ်​စုတစ်​ခု ဖြစ်​တဲ့Jaish-e- Mohammedအဖွဲ့ခေါင်းဆောင်​ Masood Azhar ကို အဓိက ပစ်​မှတ်​ထားပြီး ဒဏ်​ခတ်​ပိတ်​ဆို့မှု့လုပ်​ခဲ့သည့်​ အိန္ဒိယနှင့်​ ကုလသမဂ္ဂတို့ရဲ့ ဆုံးဖြတ်​ချက်​ကို တရုတ်​ဘက်​က ဆန့်​ကျင်​ပြီးသေသေချာချာ စစ်​ဆေးသုံးသပ်​ပြီးမှသာ တရုတ်​အနေဖြင့်​ Azar အား ခရီးသွားလာခြင်းအပါအဝင်​၊ စီးပွားရေးအရေးယူ ပိတ်​ဆို့မှု့ ၊ပြည်​၀င်​ခွင့်​၊တရုတ်​ပြည်​တွင်းဘဏ်​များနှင့်​ လုပ်​ငန်းသဘောဆက်​နွှယ်​မှု့ ဆိုင်​ရာ ကိစ္စရပ်​အားလုံးတို့အပေါ် ပိတ်​ဆို့မှု့လုပ်သင့်​၊မလုပ်​သင့်​ ဆုံးဖြတ်​မည်​ ဖြစ်​ကြောင်းဆို ခဲ့သည့်​အပေါ် အိန္ဒိယဘက်​က အပြင်းအထန်​ ရှုံ့ချခဲ့ပြီး၊ တရုတ်​ရဲ့ လုပ်​ရပ်​ဟာနှစ်​နိုင်​ငံကုန်​သွယ်​ရေးကိုပါ ထိခိုက်​နိုင်​ချေ ရှိစေနိုင်​သည်​ဟုတုန့်​ပြန်​ပြောကြားခဲ့သည်​။

ပါကစ္စတန်​မှာ အခြေစိုက်​သည့်​ ၎င်းအကြမ်းဖက်​အုပ်​စုဟာ ပြီးခဲ့တဲ့လက ကက်​ရှ်​မီးယား ၌ အသေခံဗုံးခွဲတိုက်​ခိုက်​မှု့တစ်​ခုကို လုပ်​ဆောင်​ခဲ့သလိုဖေဖော်​ဝါရီ၁၄ရက်​နေ့ ၌ အိန္ဒိယ စစ်​သား ၄၀သေဆုံးခဲ့တဲ့ တိုက်​ခိုက်​မှု့ရဲ့ အဓိက တရားခံလည်း ဖြစ်​သည်​။အဲဒီ လိုအကြမ်းဖက်​အုပ်​စုနှင့်​ Azharလို အကြမ်းဖက်​ခေါင်းဆောင်​တို့အား ဒဏ်​ခတ်​အရေးယူဖို့အရေး တရုတ်​ဘက်​က အချိန်​ယူပြီး စနစ်​တကျ စိစစ်​သုံးသပ်​ဖို့လိုကြောင်းအစီရင်​ခံစာ ထုတ်​ပြန်​ခဲ့ပြီးနောက်​မှာ အိန္ဒိယဘက်​ကတရုတ်​ရဲ့ဆုံးဖြတ်​ချက်​ကို အပြင်းအထန်​ဝေဖန်​ခဲ့ပြီးအခုလို တရုတ်​ပစ္စည်းများကို အိန္ဒိယနိုင်​ငံသားတို့ မသုံးကြရန်​ အသံတွေထွက်​လာခြင်းလည်းဖြစ်​သည်​။

ကျွမ်းကျင်​သူအများစု ကတော့ တရုတ်​ကုန်​ပစ္စည်းများအပေါ် အခုလို သပိတ်​မှောက်​ခြင်းသည်​က အလုပ်​မဖြစ်​နိုင်​ကြောင်းနှင့်​ တရုတ်​ထက်​ အိန္ဒိယ ကိုသာ ပိုပြီးအထိနာနိုင်​ဟု သုံးသပ်​ယူဆထားကြသည်​။ပြီးခဲ့တဲ့ လက Holiပွဲတော်​ကြီး၌ ပြည်​တွင်း ကုန်​သည်​အများစု တို့က နေရာဒေသ အသီးသီးတို့်​၌တရုတ်​အ၀တ်​ထည်​များ၊ ကလေးကစားစရာပစ္စည်းများ၊ အီလက်​ထရွန်းနစ်​ ပစ္စည်းများတို့ကို မီးပုံရှို့ခဲ့ကြသည်​။မြို့တော်​ နယူးဒေလီ၊ Sadar ဈေးဟာ တရုတ်​ပစ္စည်းအများစု ရောင်းချသည့်​ နေရာဖြစ်​ပြီး၊ ရွေးကောက်​ပွဲမဲဆွယ်​သူများတို့က တရုတ်​ပစ္စည်းများတို့ကို မီးရှို့ခဲ့ကြသည်​။

CAIT ကတော့ မိုဒီ အစိုးရအားတရုတ်​ပစ္စည်းများ အပေါ် အမေရိကန်​ က အကောက်​အခွန်​နှုန်း တိုးမြှင့်​ ကောက်​ခံသည့်​နှုန်းထက်​ ပိုမြှင့်​ပြီး ရာခိုင်​နှုန်းအားဖြင့်​ ၃၀၀% ကနေ ၄၀၀% အထိ တိုးမြှင့်​ကောက်​ခံရန်​ တိုက်​တွန်းတောင်း​ဆိုထားသည်​။ တရုတ်​ဟာ အိန္ဒိယရဲ့အကြီးဆုံးကုန်​သွယ်​ဖက်​နိုင်​ငံကြီးဖြစ်​နေလို့ မိုဒီအစိုးရအတွက်​ ဆုံးဖြတ်​ရ ခက်​နေသည့်​ အနေအထားမျိုး၌ ရှိနေပါသည်​။ပြီးခဲ့တဲ့နှစ်​၌တရုတ်​က အိန္ဒိယမှာရင်းနှီးမြှုပ်​နှံမှု့ လုပ်​ရာတွင်​ အမေရိကန်​ နှင့်​ ဂျပန်​တို့ထက်​တောင်​ ပိုလွန်​ခဲ့သည်​။ ၂၀၁၇ထဲမှာအိန္ဒိယ၌တရုတ်​ရဲ့ ရင်းနှီးမြှုပ်​နှံမှု့တန်​ဖိုးဟာ ဒေါ်လာ၃ဘီလီယံသာရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ်​ကတော့ဒေါ်လာ ၅.၆ဘီလီယံအထိတောင်​ ရောက်​ရှိခဲ့ပါသည်​။

အိန္ဒိယမှာ ရှိနေတဲ့ ထိပ်​တန်း စမတ်​ဖုန်းအမှတ်​တံဆိပ်​၅ခု တို့၌ ၄ခုလောက်​က တရုတ်​ကုမ္ပဏီများက ထုတ်​လုပ်​ကြတာ ဖြစ်​ပြီး အိန္ဒိယသည်​ တရုတ်​ဆီကနေ ဆက်​သွယ်​ရေး ပစ္စည်းများကို တစ်​နှစ်​လျှင်​ တန်​ဖိုးဒေါ်လာ၁၀ဘီလီယံဖိုးလောက်​အထိ တင်​သွင်းနေပါသည်​။၂၀၁၈ထဲမှာ အိန္ဒိယသည်​ တရုတ်​နိုင်​ငံမှ ကုန်​စည်​တန်​ဖိုးဒေါ်လာ ၇၆ဘီလီယံလောက်​အထိ တင်​သွင်းခဲ့သည်​။
အိန္ဒိယက တရုတ်​သို့ ပြန်​ပို့ရာမှာအများစုသည်​ကုန်​ကြမ်းများသာ ဖြစ်​ကြပြီး ဒေါ်လာ ၁၈.၈ဘီလီယံဖိုးလောက်​သာတင်​ပို့နိုင်​ခဲ့သည်​။ အိန္ဒိယသည်​လည်း တရုတ်​နှင့်​ကုန်​သွယ်​မှု့ ပြုရာမှာ အမေရိကန်​လိုဘဲ ကုန်​သွယ်​ရေးလိုငွေသာ ရှိခဲ့သည်​။ ၁၉၉၂-၁၉၉၃နောက်​ပိုင်းကတည်းကနေ လက်​ရှိအချိန်​အထိ တရုတ်​နှင့်​ကုန်​သွယ်​မှု့ လုပ်​ရာမှာ ကုန်​သွယ်​ရေးလိုငွေသာ ပြခဲ့သည်​။ 

တရုတ်​က အိန္ဒိယသို့ တင်​ပို့သည့်​ ပို့ကုန်​တန်​ဖိုးဟာ ကမ္ဘာ့နိုင်​ငံများသို့ တင်​ပို့တဲ့ ပို့ကုန်​တန်​ဖိုးအားလုံးပေါင်းရဲ့ ၂% လောက်​သာ ရှိနေလို့ အိန္ဒိယ ကအမေရိကန်​လုပ်​သလို တရုတ်​ကုန်​စည်​များအပေါ် စည်းကြပ်​ခွန်​တိုးမြှင့်​ ကောက်​ခံခြင်း(သို့) တရုတ်​ကုန်​စည်​များကို အိန္ဒိယ က သပိတ်​မှောက်​ခဲ့လျှင်​လည်း သိပ်​တော့ ဖြုံမယ့်​ပုံ မပေါ်ပေ။ တရုတ်​ဘက်​ကတော့အိန္ဒိယသည်​ တရုတ်​ကုန်​စည်​များတို့အပေါ်လက်​ရှောင်​ သပိတ်​မှောက်​မှု့ မျိုးလုပ်​ခဲ့မည်​ဆိုပါက အလွန်​မိုက်​မဲရာ ကျလိမ့်​မည်​ဖြစ်​ပြီး၊အိန္ဒိယနိုင်​ငံကိုသာ ထိခို​က်​မှု့ အများဆုံးရှိစေနိုင်​မည်​ဟု သတိပေး တုန့်​ပြန်​ပြောကြားခဲ့သည်​။ အကျိုးဆက်​အနေဖြင့်​တော့ပတ်​၀န်း​ကျင်​နိုင်​ငံ တို့အတွက်​ အခွင့်​အရေးကောင်းသဖွယ်​ရှိလာနိုင်​ပါသည်​။



Wednesday, April 17, 2019

ဆိပ်ကမ်းတွေ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု


မြန်မာ့ ဆိပ်ကမ်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာပြီး ဒေသတွင်းမှာ ပြိုင်ဆိုင်နိုင်မှု ရှိလာအောင် ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံ ပြောင်းလဲရမယ်လို့ ဆယ်စုနှစ် ၂ ခုကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က ထောက်ပြ ပြောဆိုပါတယ်။ မြန်မာ့ ဆိပ်ကမ်းတွေ ဒေသတွင်းနဲ့ ယှဉ်နိုင်လာဖို့၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသလဲ ဆိုတာကို ကပ္ပတိန် ဟင်နရီ ခင်မောင်နဲ့ ဆက်သွယ် မေးမြန်းပြီး မသိင်္ဂီထိုက်က စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာ့ စီးပွားရေး သွက်လက်လာစေဖို့ ဆိပ်ကမ်းတွေ ဖွံ့ဖြိုးဖို့ အရေးကြီးတယ်လို့ ပြောဆိုလာတဲ့ ကပ္ပတိန် ဟင်နရီ ခင်မောင်က ဆိပ်ကမ်းတွေ ဖွံ့ဖြိုးရေး အတွက် အားမလို အားမရ ဖြစ်နေသူပါ။ ရန်ကုန်ဆိပ်ကမ်းဟာ ဒီထက် ပိုပြီး ကုန်ကျစာရိတ် သက်သာ၊ နောက် လုပ်ထုံးလုပ်နည်းတွေကလည်း စီးပွားရေး လုပ်ကိုင်သူတို့ အတွက် လွယ်လွယ်ကူကူ ဖြစ်သင့်တယ်လို့ သူက အဓိက ထောက်ပြတာပါ။ ဒီလို ဘာကြောင့် မဖြစ်ရသလဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေးမှာ မ၀ံ့မရဲ ဖြစ်နေတာလို့ သူက ထောက်ပြပါတယ်။
“ ပထမဆုံး လုပ်ရမှာက ကျနော်တို့ ဒီ ရန်ကုန်ဆိပ်ကမ်း ဖြစ်နေတဲ့ ပြသနာဟာ ကျနော်တို့ ဒီ ဆိုရှယ်လစ်ဇင်ကနေ ဖြစ်လာတဲ့ အတွေးအခေါ်တွေကို အတော်ပြင်ပစ်ရမှာ ဖြစ်တယ်။ အတွေးအခေါ်တွေက ဘယ်လို ဖြစ်နေလဲ ဆိုရင် ဘယ်သူမှ Initiative ပေါ့ ကိုယ့်ဟာနဲ့ကိုယ် စပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် ဆိပ်ကမ်းက အာဏာပိုင်က ရှိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ရဲ့ Initiative နဲ့ ကိုယ် လုပ်ဖို့မှာ အားနည်းမှုတွေ အများကြီး ရှိတယ်။ မလုပ်တတ်တာ မဟုတ်ဘူး။ လုပ်တတ်တယ်။ ဒါပေမယ့် လုပ်လိုက်လို့ တခုခု ဖြစ်သွားရင် အဆူခံရမှာ အပြောခံရမှာ စိုးတဲ့ စိုးရိမ်စိတ်က အမြဲတမ်း ရှိတဲ့ အတွက် တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတာပေါ့။”
မြန်မာ့ ဆိပ်ကမ်းတွေ အပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်နေရတာမှာ ဆိပ်ကမ်း စီမံခန့်ခွဲမှုက အဓိက အဟန့်အတား ဖြစ်နေတာလို့လည်း ဆယ်စုနှစ် ၂ ခုကြာ လုပ်ငန်း အတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က အခုလို ပြောပါတယ်။
“ အဓိကက ဘာဖြစ်တာလဲ ဆိုတော့ ကျနော်တို့က ဒီနေရာမှာ ပြောပြချင်တာက Investor (ရင်းနှီးမြှုပ်နှံသူ) တွေ ဘာလို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသလဲ ဆိုတာ နံပတ် ၁ - အဲဒါ အရမ်းအရေးကြီးတယ် ခင်ဗျ။ အရမ်း အရေးကြီးတာ ဘာလဲ ဆိုတော့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်က ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့ Format တခုကို မပြောင်းဘူး။ အဲဒါ ဘာလဲ ဆိုတော့ ကျနော်တို့က သဘောင်္ကပ်မယ်ဆိုရင် ကွန်တိန်နာ သဘောင်္ဆိုရင်တော့ သူက လျှောက်ရတယ်ပေါ့ဗျာ။ ရန်ကုန်မှာ Private ဆိပ်ကမ်းတွေ ရှိတာပေါ့နော်။ အဲတော့ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းတွေကို ကပ်ချင်တယ်ဆိုရင် ကွန်တိန်နာ သဘောင်္တွေက သိပ်အများကြီး ပြသနာ မရှိဘူး။ ပထမ ကပ်ဖို့မှာတော့ နည်းနည်း ပြသနာရှိတယ်။ ပြသနာက ဘယ်လိုတုန်း ဆိုတော့ လျှောက်လွှာတင်ရတာ။ ဥပမာ သဘောင်္တစင်း ယူလာမယ်ဆိုရင် သီလ၀ါမှာ MITT မှာ ကပ်ချင်တယ်။ ကပ်ချင်တယ်ဆိုရင် ကျနော် တင်ပြရတယ်။ ဆိပ်ကမ်း အာဏာပိုင်ကနေ ကောင်းပြီး အဲဒီသဘောင်္ကို ကပ်စေသတည်းလို့ ပြောလိုက်တယ်ဆိုရင်တော့ နောက်နောင် အဲဒီမှာတော့ ဘာအခက်အခဲမှ သိပ်မရှိဘူး။ နောက်နောင် အမြဲတမ်း ၀င်ထွက်သွားလာ ကပ်လို့ ရတယ်။ ”
“ ပြသနာက ဘာရှိလဲ ဆိုတော့ Bulk Carrier သဘောင်္တွေ။ Bulk Carrier သဘောင်္တွေရဲ့ ဘယ်မှာ ကပ်ချင်ပါတယ်ဆိုတာကို သဘောင်္ပိုင်ရှင် လည်းကောင်း သို့မဟုတ် အေးဂျင့်တွေက လည်းကောင်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဘယ်သူကဘဲ ဆုံးဖြတ်ပေးလဲ ဆိုတော့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ကဘဲ ဆုံးဖြတ်ပေးတာ။ အဲဒီ Concept ကြီး မပျောက်မချင်း ဘယ် Investor မှ မလာဘူး။ ”
အာဏာပိုင်တွေဘက်က ဆိပ်ကမ်းလုပ်ငန်းတွေမှာ သဘောင်္ကပ်တာက အစလိုက်ပြီး အသေးစိတ် စီမံခန့်ခွဲနေတာကြောင့် ဆိပ်ကမ်းတွေမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းကြီးတွေ အနေနဲ့ ကိုယ့်ဆိပ်ကမ်းတွေ အလုပ်ဖြစ်ရေး ကိုယ်တိုင် ဈေးကွက် ထိုးဖောက်လို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက အဓိက အဟန့်အတားလို့လည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က ပြောပါတယ်။
“ ဆိုလိုတာကဗျာ ရန်ကုန်မှာ လာပြီး ဆိပ်ကမ်းဆောက်မယ်ဗျာ။ ဆိပ်ကမ်းဆောက်ပြီးတော့ ဒေါ်လာတွေ သန်းနဲ့ချီပြီး အကုန်အကျခံမယ်ဗျာ။ ခံပြီးတော့ ဆောက်ပြီးတဲ့ အခါကျတော့ ကိုယ့်ရဲ့ Customer (ဖောက်သည်) ကို ကိုယ်သွားရှာလို့ မရဘူး။ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ချပေးတဲ့ သဘောင်္ကိုဘဲ ယူရတဲ့ အနေအထားရှိတယ်။ အဲဒီမှာ ပြသနာတွေ အများကြီး ရှိတယ်။ ဒါကြောင့် မြန်မာ့ ဆိပ်ကမ်းက တိုးတက်သင့်သလောက် မတိုးတက်ဘူးဆိုတာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဘာဘဲ ဖြစ်သင့်လဲ ဆိုတော့ Regulatory Body ဘဲ ဖြစ်သင့်တယ်။ ၀င်ရောက် စွက်ဖက်နေတဲ့ အဖွဲ့ မဖြစ်သင့်ဘူး။ အဲဒါတွေ အားလုံးကလည်း ခုနက ပြောတဲ့ ဆိုရှယ်လစ် အတွေးအခေါ်ကနေ လာလိုက်တဲ့ဟာက ကနေ့ အချိန်ထိ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ပြင်နိုင်တဲ့ အနေအထားမှာ မရှိဘူး ခင်ဗျ။ ”
ဒေသတွင်းမှာ ဆိပ်ကမ်းဆိုင်ရာ အာဏာပိုင်တွေက လုပ်ငန်းရှင်တွေ လိုက်နာရမယ့် ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဆိပ်ကမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုဘဲ ကြီးကြပ် ဆောင်ရွက်နေတာလို့လည်း သူက ထောက်ပြပါတယ်။
“ သူက ရှင်းတယ်။ ဥပမာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဆိပ်ကမ်းကို လာဖွင့်တဲ့ လူက သူ့ Market (ဈေးကွက်) သူရှာတာဘဲ။ ဥပမာ ကျနော်ကHutchison Port Group ပေါ့။ ဗမာပြည်မှာ အခု ၀င်ထားတဲ့ Hutchison Port Group ဒါ MITT လို့ ခေါ်ပါတယ်ခင်ဗျ။ ကမ္ဘာမှာ အကြီးဆုံး ဆိပ်ကမ်းကို စလုပ်ထားတဲ့ လူပေါ့နော်။ ကမ္ဘာမှာ အကြီးဆုံး ဆိပ်ကမ်းတွေကို Operate လုပ်တဲ့ လူတယောက်ဟာ မြန်မာပြည် အပြင်မှာ အစောဆုံး လာတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။ အဲဒါ MITT ပေါ့။ အဲဒီတော့ သူဟာ မလေးရှား နိုင်ငံမှာ လုပ်ရတဲ့ Format နဲ့ ရန်ကုန်မှာ လုပ်ရတဲ့ Format က တခြားစီဘဲ။ အခု သူက မလေးရှား နိုင်ငံမှာဆိုရင် သူ့ Customer သူရှာတယ်။ သူ့ Customer သူရှာရင် ဒီသေဘာၤ ဒီသေဘာၤ ကပ်မယ် သူ့ Jetty မှာ ကပ်မယ်ဆိုတာကို သူ့ System ထဲမှာ ထည့်လိုက်တယ်။ ထည့်လိုက်ပြီ ဆိုတာနဲ့ ဘယ် ဆိပ်ကမ်းအာဏာပိုင်ကမှ ၀င်ရောက် စွက်ဖက်လို့ကို မရဘူး။ သူ့ဟာသူ လာမယ်၊ သူ့ဟာသူ ကပ်မယ်၊ သူ့ဟာသူ ချမယ်၊ သူ့ဟာသူ သွားမယ်။”
မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ဘက်ကတော့ ဒီလို မဟုတ်ပါဘူးတဲ့။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာကိုလည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က အခုလို ထောက်ပြပါတယ်။
“ ဒီမှာကျတော့ အဲလို မဟုတ်ဘူး။ အဲဒီ သဘောင်္က MITT မှာ ကပ်မလား မကပ်ဘူးလား ဆိုတာကို မနက်တိုင်းလုပ်တဲ့ Berthing Meeting မှာ ဆုံးဖြတ်တာ သူက။ ကျနော်တို့က တင်ရတာ။ ဥပမာ ကျနော်က Customer သဘောင်္သွင်းလာတဲ့သူကနေ ကျနော် MITT မှာ ကပ်လိုပါတယ်၊ တခါ MITT ကလည်းဘဲ သူလည်း ကပ်ခွင့်ရပါတယ်၊ သူက အဲလိုတင်တော့မှ ဆိပ်ကမ်းအာဏာပိုင်မှာ ရှိတဲ့ Berthing Meeting ကော်မတီကနေပြီးတော့မှ ဒီသဘောင်္ဟာဆိုရင် မနက်ဖြန် ကပ်စေသတည်း၊ တခါတလေကျရင် မကပ်ဘူး။ အများစုကတော့ Apply လုပ်တယ်။ သို့သော် အဲဒီ Format ကို ကျနော်က မရှိစေချင်တော့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး မိနစ်ထိ ကပ်ခွင့်ပေးတာ မပေးတာရဲ့ Authority ကို ဘယ်သူက ကိုင်ထားလဲ ဆိုတော့ ဆိပ်ကမ်းအာဏာပိုင်က ကိုင်ထားတာ။ အဲဒါ ဘယ်နိုင်ငံမှာမှ မရှိတော့ဘူး။ ဒီနိုင်ငံ တနိုင်ငံမှာဘဲ ရှိတော့တယ်။ ဆိပ်ကမ်းအာဏာပိုင်ဆိုတာ သူက သူ့ Regulations တွေကို ထည့်ရတယ်။ ၀င်လာတဲ့ သဘောင်္တွေ၊ အေးဂျင့်တွေ ပိုင်ရှင်တွေ အားလုံးက သူချမှတ်ထားတဲ့ ခုနက ပြောတဲ့ Navigational ဥပဒေတွေ ရှိမယ်၊ တခြား သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမှာက ကျနော်တို့ ၊အဲဒီ သဘောင်္ပိုင်ရှင်တွေ သို့မဟုတ် သဘောင်္ အေးဂျင့်တွေ ၊ ချာတာတွေရဲ့ လုပ်ငန်းဖြစ်တယ်။ ဒီ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဒီလို ၀င်စွက်ဖက်နေသမျှ ကာလပတ်လုံး ဘယ်တော့မှ Investor နောက်ထပ် လာမှာ မဟုတ်ဘူး ခင်ဗျ။ ”
မြန်မာ့ ဆိပ်ကမ်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်နေတဲ့ အခြေအနေနဲ့ လုပ်ရကိုင်ရ အဆင်ပြေ ချောမွေ့မှုနဲ့ ပတ်သက်ပြီး ကပ္ပတိန် ဟင်နရီ ခင်မောင်နဲ့ ဆက်သွယ်မေးမြန်းမှုကနေ ကောက်နုတ် တင်ပြခဲ့တာပါ။ နောက်သတင်းပတ်မှာတော့ ဆိပ်ကမ်းတွေ မဖွံ့ဖြိုးတာကြောင့် ပြည်သူလူထု အပေါ်မှာ ဘယ်လို ဆိုးကျိုး သက်ရောက်မှုတွေ ရှိသလဲ ဆိုတာကို တင်ပြပေးပါမယ်။

ကန်ပိတ်ဆို့မှုခံရတဲ့ မြန်မာနဲ့ နိုင်ငံတချို့ထံငွေလွှဲမှုအတွက် UniCredit AG ဘဏ် ၃ခု ဒဏ်ကြေးပေးဆောင်




ကန်ပိတ်ဆို့မှုခံရတဲ့ မြန်မာနဲ့ နိုင်ငံတချို့ထံငွေလွှဲမှုအတွက် UniCredit AG ဘဏ် ၃ခု ဒဏ်ကြေးပေးဆောင်


ဂျာမဏီ၊ Austria နဲ့ အီတလီနိုင်ငံတွေမှာ ရှိတဲ့ UniCredit Bank AG ဘဏ် ၃ ခုက ဒဏ်ကြေးငွေ စုစုပေါင်း ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်ပြီး ကြေအေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်း ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဆိုင်ရာဌာနက ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့နဲ့ UniCredit Bank AG ဘဏ်၃ခု ရဲ့ ဒေါ်လာ ၁.၃ ဘီလျံအတွက် ကြေအေးမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။




အထူးသဖြင့် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ဒီဘဏ်တွေကနေ အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုပြီး ဘဏ်ငွေလွှဲပြောင်းမှု ပြုလုပ်ရာမှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူအစုလိုက်အပြုံလိုက် သေစေတဲ့ လက်နက်များထုတ်လုပ်မှု ထိန်းချုပ်ရေးအတွက် အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ် ဆို့မှုတွေပြင် မြန်မာ၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ဆီးရီးယား နိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖေါက်ရာ ကျတဲ့အတွက် ဒီဘဏ်တွေကို အရေးယူထားတာ ဖြစ်ပါတယ်။

ဒီကာလအတွင်း ဒီဘဏ်တွေက တဆင့် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ကျော် ငွေပေးချေမှု အကြိမ်ပေါင်း ၂၀၀၀ ကျော်ကို အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ UniCredit Bank AG ဘဏ်တွေဟာ အမေရိကန်ပြည်ထောင်စုက တဆင့် အခုလို ငွေလွှဲရာမှာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြမယ် ဆိုရင် ဒီငွေလွှဲမှုတွေဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အစီစဉ်တွေကို ချိုးဖေါက်ရာ ရောက်တဲ့အတွက် ပိတ်ဆို့ခြင်း ဒါမှမဟုတ် ပယ်ချခြင်း ခံကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှန်းရေးဌာန လက်ထောက်ဝန်ကြီး Sigal P. Mandelker က ပြောပါတယ်။

ဒီကာလအတွင်း အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ငွေပေးချေမှုမှာ ဂျာမဏီက UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလနဲ့ ၂၀၀၉ စက်တင်ဘာ ၂၈ ရက်ကြား ဘဏ်ငွေလွှဲပြောင်းမှု ၂၅ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၂၀၈, ၁၉၁ ကို အမေရိကန် ဘဏ်စနစ်ကတဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Austria က UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက် ၂၀၀၈ အတွင်း ငွေလွှဲပြောင်းမှု ၈ ကြိမ် ငွေတန်ဖိုး ဒေါ်လာ ၃၄, ၂၁၅ ပြုလုပ်ခဲ့သလို အီတလီက UniCredit Bank AG က ၂၀၀၇ ဖေဖေါ်ဝါရီနဲ့ ၂၀၁၂ ဇန်နဝါရီလကြား ဘဏ်ငွေလွှဲပြောင်းမှု ၄၁ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၁, ၄၅၅, ၃၄၈ ကို အမေရိကန် ဘဏ်စနစ်က တဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ တွေ့ရှိရကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
Ref:https://burmese.voanews.com/a/4879184.html?ltflags=mailer

Monday, April 15, 2019

ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်

ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်


🔹 ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) ကို ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီးနှင့် မာလကာသီး စသည့် သစ်သီးများ လျှင်မြန်စွာ မှည့်စေရန်နှင့် အားလုံးတစ်ပြိုင်နက် ညီတူညာတူ မှည့်စေရန်အတွက် အသုံးပြုကြသည်။
🔹 ကမ္ဘာ့ပေါ်ရှိ နိုင်ငံများစွာတွင် ကယ်လဆီယမ်ကာဘိုဒ်ကို အသုံးမပြုရန်တားမြစ်ထားသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများတွင် လွတ်လပ်စွာ အသုံးပြုနေကြသည်။
🔹 သဘာဝအတိုင်း မှည့်ခြင်းမဟုတ်ပဲ ဓာတုဒြပ်ပေါင်းများသုံး၍ မှည့်အောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းကြောင့် ကျွန်တော်တို့၏ ကျန်းမာရေးမှာ ကြီးမားစွာ အန္တရာယ်ကျရောက်နေသည်။
🔹 Calcium carbide သည် ရေနှင့်ဓာတ်ပြုသည့်အခါ အက်ဆီတလင်းဓာတ်ငွေ့ (acetylene) ကို ထုတ်ပေးသည်။
🔹 အက်ဆီတလင်းဓာတ်ငွေ့သည် သဘာဝအားဖြင့် သစ်သီးများကို မှည့်စေသည့် အက်သလင်းဓာတ်ငွေ့ (ethylene) ကဲ့သို့ ပင် ငှက်ပျောသီး၊ သရက်သီး စသည့် သစ်သီးများကို လျှင်မြန်စွာ မှည့်စေသည်။
❌ ကယ်လဆီယမ်ကာဘိုဒ်သည် ကင်ဆာအားပေးပစ္စည်း (carcinogen) ဖြစ်သည်။
❌ ကာဘိုဒ် အဆိပ်သင့်ခြင်းသည် အစာအိမ်နာ (peptic ulcer) ကို ဖြစ်စေခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
❌ အက်ဆီတလင်းသည် လူ့ခန္ဓာကိုယ်ထဲတွင် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုလာပါက ယင်းဓာတ်ငွေ့ကို ရှူမိခြင်းဖြင့် သတိလစ် မေ့မြောသွားနိုင်ပြီး အာရုံကြောစနစ်သည် ကြာမြင့်စွာ အောက်ဆီဂျင် ပြတ်လပ် ချို့တဲ့မည် ဖြစ်သည်။
❌ ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) တွင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ် အလွန်များသော စိန်အဆိပ် (အာဆင်းနစ် - arsenic) နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ် (phosphorus hydride) အနည်းငယ် ပါဝင်သည်။
❌ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ်အဆိပ်ဖြစ်ခြင်း၏ အစောပိုင်း လက္ခဏာများမှာ အန်ခြင်း၊ ဝမ်း သို့မဟုတ် သွေးဝမ်းသွားခြင်း၊ ရင်ပူခြင်း၊ ရေငတ်ခြင်း၊ အားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊ မျက်လုံးပူခြင်း၊ အရေပြား ကျိန်းစပ်ခြင်း၊ မျက်လုံးပျက်စီးခြင်း၊ ပါးစပ်၊နှာခေါင်းနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် မောဟိုက်ပြီး ချွဲသံပါခြင်းတို့ ဖြစ်ကြသည်။ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ပမာဏမြင့်မားစွာ ထိတွေ့လျှင် အဆုတ်ရေဝင်ခြင်းဖြစ်နိုင်သည်။
❌ အခြားဆိုးကျိုးများမှာ ခြေ၊ လက်များ ထုံထိုင်းကာ မလှုပ်ရှားနိုင်ခြင်း၊ အားနည်းလာခြင်း၊ အရေပြားအေးပြီး စိုထိုင်းလာခြင်း၊ သွေးဖိအားကျဆင်းခြင်းတို့ ဖြစ်ကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်သည်။

အက်သလင်း (ethylene)
🔶🔶🔶🔶🔶🔶🔶🔶

လေထဲတွင်ရှိသည့် အက်သလင်း ဓာတ်ငွေ့သည် သစ်သီးများမှည့်စေရန်အတွက် အလွန်နည်းပါးသော ပမာဏနှင့် လုံလောက်ပါသည်။ သစ်သီးများကို ကြိုတင်ခန့်မှန်းထားသည့်အချိန်တွင် ရောင်းချနိုင်စေရန် အက်သလင်း ဓာတ်ငွေ့က သစ်သီးများ မှည့်ခြင်းဖြစ်စဉ်ကို အစပျိုးပေးပါသည်။

အက်သဖွန် (ethephon)
🔶🔶🔶🔶🔶🔶🔶🔶

သစ်သီးများ မှည့်ရန်အတွက် အသုံးပြုသည့် နောက် ဒြပ်ပေါင်းတစ်ခုမှာ အက်သဖွန် (ethephon) ဖြစ်သည်။ ၎င်းသည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည်။

IUPAC အမည် - 2-Chloroethylphosphonic acid
အခြားအမည်များ - Bromeflor, Arvest, Ethrel
ဓာတုပုံသေနည်း - C2H6ClO3P
အဓိက အန္တရာယ် - လောင်စားတတ်သည်။
■ အက်သဖွန် (ethephon) သည် ကယ်လဆီယမ်ကာဘိုဒ်ထက် ပိုကောင်းသည့်အချက်မှာ အသီးများ မှည့်ရန်အတွက် အချိန်ပို၍ သက်သာစေသည်။ သဘာဝအားဖြင့် မှည့်သော သစ်သီးများထက် အရောင်အသွေး ပိုကောင်းသည့်ပြင် အရည်အသွေး မကျပဲ ထားသိုနိုင်သည့်သက်တမ်းလည်း ပိုကြာလာသည်။
■ များစွာသောနိုင်ငံများတွင် အက်သလင်းနှင့် အက်သဖွန်တို့ကို သစ်သီးများ မှည့်ရန်အတွက် အသုံးပြုခွင့် ပေးထားပါသည်။ အကြောင်းမှာ ကယ်လဆီယမ်ကာဘိုဒ်အသုံးပြုခြင်းထက် အန္တရာယ် ပိုနည်းသောကြောင့်ဖြစ်သည်။
■ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုခြင်းဖြင့် မှည့်အောင်ပြုလုပ်ထားသော သစ်သီးများမှာ ပျော့နေပြီး သဘာဝအားဖြင့် မှည့်သည့် သစ်သီးများကဲ့သို့ အရသာမကောင်းပါ။ ထားသိုနိုင်သည့်သက်တမ်းလည်း တိုတောင်းပါသည်။

ဓာတုဒြပ်ပေါင်း အသုံးပြုထားမထား ဘယ်လိုစစ်ဆေးနိုင်သလဲ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶 🔶🔶

✅ သစ်သီးများသည် ပြင်ပအဆင်းသဏ္ဍန် အလွန်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိနေလျှင် ကျန်းမာရေးအတွက် မသင့်လျှော်နိုင်ပါ။ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုထားနိုင်ပါသည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများသည် အရောင်အသွေး တပြေးညီ မဖြစ်ပဲအရောင်များ ကွက်ကျား ဖြစ်နေမည်။
✅ ခရမ်းချဉ်သီးများ တစ်ညီတစ်ညာတည်း နီနေလျှင်၊ သရက်သီးနှင့် သင်္ဘောသီးများ တစ်ညီတစ်ညာတည်း လိမ်မော်ရောင်၊ အဝါရောင် ဖြစ်နေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
✅ ငှက်ပျောသီးများများ၏ အရောင်သည်လည်း လိမ္မော်ရောင်သန်းနေသည့် အဝါရောင် ညီညီညာညာ ဖြစ်နေပြီး အညှာမှာ စိမ်းနေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
သဘာဝအားဖြင့် မှည့်သော ငှက်ပျောသီးမှာ အညှာမှာ မဲနေပြီး ငှက်ပျောသီး အခွံပေါ်တွင် အညိုရောင် အစက်အပြောက်များ ရှိနေမည် ဖြစ်သည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများကို ရွေးချယ်ဝယ်ယူပါ။
✅ သစ်သီးများကို မစားသုံးမီ ရေစင်ကြယ်စွာ သေချာဆေးကြောပြီး အခွှံနွှာစားသည့် အလေ့အထ ပြုလုပ်ခြင်းဖြင့် ကယ်လဆီယမ်ကာဘိုဒ်ကြောင့် ဖြစ်သော အန္တရာယ်ကို နည်းအောင်ပြုလုပ်ပါဟု အကြံပြုတင်ပြလိုက်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ..
 Ref:  https://www.facebook.com/775138869300565/posts/1293032457511201?sfns=mo fbမှကူးယူဖော်ပြသည်။

Friday, April 12, 2019

ခံတွင်းကို DETOX လုပ် သ န့်စင်ခြင်း

`ခံတွင်းကို DETOX လုပ်​ခြင်း´

တချို့ရောဂါ တွေက သွားကြောင့်ဖြစ်ရတာကြောင့် မိမိသွားကိုအစာစားပြီးတိုင်း Detox ပါးလုတ်ကျင်းပေးကျပါ မမေ့ကျပါနှင့်!





SEDONA ဟိုတယ်​မှာ အလုပ်​လုပ်​ခဲ့ဖူးတဲ့ဝန်​ထမ်းအမျိုးသမီးတစ်​​ယောက်​သူဟာနိုင်​ငံခြားသား​တွေနဲ့အလုပ်​လုပ်​ရတဲ့အတွက်​နိုင်​ငံစုံကလာ​ရောက်​အလုပ်​လုပ်​ကြတဲ့သူ​တွေနဲ့ခင်​မင်​ပါတယ်​။

တစ်​​နေ့မှာနိုင်​ငံခြားသားလူဖြူတစ်​​ယောက်​နဲ့ထမင်းအတူစားရင်းနိုင်​ငံခြားသားကသူ့မိသားစုအ​ကြောင်း​မေးပါတယ်​။သူ့အ​မေအ​ကြောင်း​မေး​တော့ဆုံးသွားပါပြီလို့​ဖြေလိုက်​ပါတယ်​။ဘယ်​အရွယ်​မှာဆုံးတာလည်းဆို​တော့အသက်​၅၆နှစ်​လို့သူကပြန်​​ဖြေပါတယ်​။နိုင်​ငံခြားသားကချက်​ချင်းပြန်​​မေးပါတယ်​။မင်းအ​မေကသွား​တွေမ​ကောင်းဘူးမဟုတ်​လားတဲ့။
ရုတ်​တရက်​​မေးလိုက်​တဲ့​မေးခွန်း​ကြောင့်​သူ​တော်​​တော်​အံ့သြသွားပါတယ်​။

ဟုတ်​ပါတယ်​၊သူ့အ​မေဟာသွား​တွေမ​ကောင်းပါဘူး။သွားဖုံး​တွေလည်းပျက်​စီး​နေပြီးခံတွင်းက​တော်​​တော်​နံတယ်​ဆိုတာကိုသူပြန်​အမှတ်​ရ​နေပါတယ်​။ခံတွင်းကအပုပ်​​တွေဟာဝမ်းတွင်းကိုဝင်​​ရောက်​ပြီး​နောက်​အင်္ဂါအသီးသီးမှာခို​အောင်းပြီး​ရောဂါဖြစ်​​အောင်​ပြုလုပ်​ကြပါတယ်​။သူ့အ​မေဟာအသက်​၅၆နှစ်​​လောက်​နဲ့ရင်​သားကင်​ဆာဖြစ်​ပြီးကွယ်​လွန်​သွားရရှာတာပါ။

X X X X X X X X X X X X X X

ဟိုးတုန်းကမြန်​မာပြည်​မှာမြန်​မာဆရာဝန်​​တွေမရှိခင်​ကနိုင်​ငံခြားသားဆရာဝန်​​တွေကိုသာအားကိုးကြရပါတယ်​။အများဆုံးကအိန္ဒိယနိုင်​ငံကဆရာဝန်​​တွေပန်​ချာဘီဆရာဝန်​​တွေဖြစ်​ပါတယ်​။နယ်​မြို့​လေးတစ်​မြို့ကအမျိုးသမီးတစ်​​ယောက်​ဒူးအရမ်းနာလို့ပန်​ချာဘီဆရာဝန်​ကိုသွားပြပါတယ်​။ဒူးတစ်​ဘက်​က​ရောင်​ကိုင်း​နေပြီးလမ်း​တောင်​မ​လျှောက်​နိုင်​လို့သူ့ကိုချီမပြီး​ခေါ်သွားရတယ်​။ဆရာဝန်​ကသူ့ကို​သေချာစစ်​​ဆေးပြီး​နောက်​ခင်​ဗျားသွား​တွေ​ကောင်းရဲ့လားလို့​မေးပါတယ်​။ပါးစပ်​ဟစမ်းဆို​တော့အံသွား​ပေါက်​​တွေကို​တွေ့သွားပါတယ်​။အံသွား​တွေကပြည်​ပုပ်​​တွေဟာဒူးကို​ရောက်​သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်​​စေတာပါ။အဲဒီသွား​တွေကိုဖာ​ထေးပြုပြင်​လိုက်​​တော့ဒူးနာလည်း​ကောင်းသွားပါတယ်​။

X X X X X X X X X X X X X X

နောက်​တစ်​​ယောက်​က​တော့သိုင်းရွိုက်​​ရောဂါဖြစ်​တဲ့သူ။သူ့ရဲ့သိုင်​ရွိုက်​ဂလင်းက​နေဟိုမုန်းအထွက်​နဲ​တော့လူက​လေးလံထိုင်းမှိုင်းပြီးကိုယ်​အ​လေးချိန်​လည်းတက်​လာတယ်​။ရုပ်​ပါ​ပြောင်းသွားလို့သူ့ကိုမမှတ်​မိကြဘူး။ခံတွင်းကဗက်​တီးရီးယားနဲ့အဆိပ်​​တွေကသိုင်းရွိုက်​ဂလင်းရဲ့Pump​တွေကိုblockလုပ်​ထားလို့ဟိုမုန်း​ကောင်း​ကောင်းမထွက်​ဘူး။သွားဆရာဝန်​ဆီမှာ​သေချာကုသလိုက်​တဲ့​နောက်​မှာ​တော့ပြန်​​ကောင်းသွားပါတယ်​။

X X X X X X X X X X X X X X

နယ်​က​ကျောက်​ကပ်​​ရောင်​တဲ့​ရောဂါဖြစ်​​နေတဲ့လူတစ်​​ယောက်​။ကျောက်​ကပ်​က​ကောင်း​ကောင်းအလုပ်​မလုပ်​​တော့လူက​ဖောသွပ်​သွပ်​ဖြစ်​လာတယ်​။မျက်​ခွံပါမို့ပြီးရုပ်​​ပြောင်းသွားတယ်​။ခြေ​ထောက်​​တွေလည်း​ဖောပြီး​ရောင်​ကိုင်း​နေတာပဲ။ကျောက်​ကပ်​​ဆေး​တွေ​သောက်​လည်းသိပ်​မသက်​သာဘူး။နောက်​ဆုံးမှာ​တော့ပရဟိတလာလုပ်​တဲ့သွားဆရာဝန်​​တွေကပါးစပ်​ထဲမှာပျက်​စီး​နေတဲ့သွားနဲ့သွားဖုံး​တွေကိုပြန်​​ကောင်း​အောင်​ကု​ပေးလိုက်​​တော့မှ​ကျောက်​ကပ်​လည်းပြန်​​ကောင်းသွားပါတယ်​။

X X X X X X X X X X X X X X X

ကျွန်​​တော့်​ငယ်​သူငယ်​ချင်းတစ်​​ယောက်​။ငယ်​ငယ်​ကတည်းကပါးစပ်​​တော်​​တော်​နံတဲ့​ကောင်​။မျက်​နှာချင်းဆိုင်​စကား​ပြောလို့​တောင်​အဆင်​မ​ပြေဘူး။ခံတွင်း​ရောဂါ​တွေနဲ့။သူဟာငယ်​ငယ်​ကတည်းကမကျန်းမာဘူး။အသက်​၄၀​ကျော်​​လောက်​မှာပဲအသည်းကင်​ဆာဖြစ်​ပြီး​သေသွားပါတယ်​။ဒီလိုဥပမာ​တွေအများကြီးပဲဗျ၊စာရှည်​မှာစိုးလို့ဒီ​လောက်​နဲ့ပြဲဖတ်​လိုက်​မယ်​။

X X X X X X X X X X X X X X X

ယ္ခုအခါမှာလူ​တွေက​ရောဂါ​တွေတအားဖြစ်​ကြတယ်​။အသည်း​ရောဂါ၊အဆုတ်​​ရောဂါ၊အစာအိမ်​၊​ကျောက်​ကပ်​၊နှလုံး၊အူလမ်း​ကြောင်း၊ဆီးချို၊နှလုံး၊​သွေး​ကြော၊ဦး​နှောက်​၊အသက်​ရှူလမ်း​ကြောင်း၊ဆီးလမ်း​ကြောင်းနဲ့ကင်​ဆာ​ရောဂါမျိုးစုံ၊အရိုးအဆစ်​နာကျင်​ကိုက်​ခြဲခင်းတို့ဟာခံတွင်းမှာရှိ​နေတဲ့ဗက်​တီးရီးယား​ရောဂါပိုးမွှား​တွေ​က​နေထုတ်​​ပေးလိုက်​တဲ့အဆိပ်​​တွေြေ​ကာင့်​အများဆုံးဖြစ်​​နေကြပါတယ်​။ခံတွင်းမသန့်​​လေ​ရောဂါထူ​လေပြဲဖစ်​တယ်​။ပါးစပ်​နံ​လေ​ရောဂါများ​လေအသက်​တို​လေပဲဖြစ်​ပါတယ်​။သွားဖုံးအရင်းမှာအစိမ်း​ရောင်​အဝါ​ရောင်​ရှိတဲ့ပြည်​​တွေထဲမှာအလွန်​အဆိပ်​ပြင်းတဲ့​ရောဂါပိုး​တွေပါတယ်​။ဒါ​ကြောင့်​ခံတွင်းထဲကဗက်​တီးရီးယား​တွေကိုအမြဲတန်းရှင်းလင်း​ပေးဖို့လိုပါတယ်​။

ခံတွင်းက​ရောဂါပိုးနဲ့အဆိပ်​​တွေကိုဖယ်​ထုတ်​ရှင်းလင်းဖို့အ​ကောင်းဆုံးနည်းက​တော့ဆီနဲ့ပလုတ်​ကျင်း​ပေးခြင်းပြဲဖစ်​ပါတယ်​။ဆီကအဆိပ်​စုပ်​အား​ကောင်းတယ်​။သွား​တွေအကြားနဲ့သွားဖုံးရင်း​တွေမှာအိမ်​ဖွဲ့​နေကြတဲ့အဏုဇီဝ​ရောဂါပိုး​တွေကိုဆီကဆွဲထုတ်​​ပေးနိုင်​တယ်​။မနက်​​စော​စောအိပ်​ယာထတာနဲ့ #ဆီတစ်​ငုံစာကို၁၀မိနစ်​​လောက်​ငုံထားပြီးပလုတ်​ကျင်း​ပေးပါ။ရောဂါပိုး​တွေထွက်​သွားလိမ့်​မယ်​။ပြီးမှသွားတိုက်​ပါ။

ပလုတ်​ကျင်းဖို့အ​ကောင်းဆုံးဆီက​တော့မြန်​မာနိုင်​ငံမှာအလွယ်​တကူဝယ်​လို့ရတဲ့အုန်းဆီဖြစ်​ပါတယ်​။
သံလွင်​ဆီ၊နှမ်းဆီ​တွေနဲ့ပလုတ်​ကျင်းလို့လည်းရပါတယ်​။နေ့စဉ်​မလုပ်​နိုင်​ရင်​​တောင်​တစ်​ပတ်​ကို၂ခါ၃ခါ​လောက်​လုပ်​​ပေးသင့်​ပါတယ်​။ထိုင်းနိုင်​ငံ​ကော့စ​မွေကျွန်းကဆရာမခွန်း​ကော်​တို့လည်းဒီနည်းကိုစသုံး​နေပါပြီ။အိန္ဒိယနိုင်​ငံက​ပေးတဲ့နည်းလို့​ပြောပါတယ်​။တကယ်​ကို​ကောင်းတဲ့နည်းပါပဲ။

လူဆိုတာကခံတွင်းသန့်​ဖို့သိပ်​အ​ရေးကြီးတယ်​။
ခံတွင်းသန့်​ရင်​စိတ်​လည်းကြည်​လင်​လန်းဆန်းတယ်​။
မျက်​လုံးကိုလည်းကြည်​​စေတယ်​။
နေ့စဉ်​လူမှုဆက်​ဆံ​ရေး​တွေမှာပါးစပ်​နံရင်​သိပ်​အထင်​​သေးခံရတတ်​တယ်​။
ခံတွင်းသန့်​ရင်​ရုပ်​ရည်​လည်းသန့်​ပါတယ်​။
ယောက်​ကျားခံတွင်းသန့်​ရင်​မိန်းမ​တွေသိပ်​ကြိုက်​တယ်​။ယောက်​ကျားကလည်းမိန်းမခံတွင်းသန့်​ရင်​သိပ်​ကြိုက်​တယ်​။ပြီး​တော့​ရောဂါကင်းပြီးအသက်​လည်းရှည်​တယ်​။ဒါ​ကြောင့်​အချိန်​တိုင်းခံတွင်းသန့်​​နေ​အောင်​လုပ်​ကြဖို့လိုပါတယ်​။

ချစ်​ခင်​​လေးစားလျှက်​............

စာအုပ်​ -သက်​တမ်း​စေ့​အောင်​​နေနိုင်​ဖို့
ရေးသူ - မင်း​ကျော်​ဝင်း

Tuesday, April 9, 2019

The Iraq War and Its Impact (အီရတ်စစ်ပွဲနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ)

The Iraq War and Its Impact (အီရတ်စစ်ပွဲနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ)







Seoul :Emma Sky :3 April 2019 

ဒီနေ့ ကျွန်မကို ဒီနေရာမှာ ဟောပြောဖို့ ဖိတ်ခေါ်တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါကျွန်မရဲ့ ပထမဆုံး ကိုရီးယားခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ အီရက်နိုင်ငံမြောက်ပိုင်း ဇေတုန်း (ဂျိုင်းထုံး) စခန်း (Camp Zaytoun)ကို သွားခဲ့စဉ်က အခါပေါင်းများစွာ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံက အရာရှိအမြောက် အများနဲ့တွေ့ဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ (“ခပ်ချီး ဂပ်ရှီဒါ”-ကိုရီးယားဘာသာ စကားဖြင့် အတူတစ်ကွ သွားစို့-“We Go Together”)။ ကျွန်မ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတာ သဘောကျခဲ့ပါတယ်။ ဒီနေ့ အီရက်မှာ ကာဒ်တွေဟာ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တွေကို ကာဒ် ဘာသာစာတန်းထိုးပြီး ကြည့်နေသလို ကိုရီးယားကိုယ်ခံပညာ တိုက်ကွမ်ဒိုကစားပြီး ကေပေါ့ပ်ဂီတတွေနားထောင်နေကြ ပါတယ်။ 
အီရက်စစ်ပွဲဟာ ဘယ်တော့မှ ပြန်ဖြစ်လာသင့်တဲ့အရာ မဟုတ်တော့ပါဘူး။ စစ်ပွဲဖြစ်ရတဲ့အကြောင်းတွေ ဟာ ဆဒမ်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက်တွေပိုင်ဆိုင်ရမယ်ဆိုတဲ့ အသိဉာဏ်အပေါ်မှာ အခြေခံနေခဲ့တဲ့ အသိတရား ဟာ မှားတယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
စစ်ပွဲအတွက် မှန်ကန်ကြောင်းထင်ရှားစေတဲ့အမှတ်အသား ကင်းမဲ့တယ်လို့ဆိုသော်လည်းပဲ ၂၀၀၃ ခုနှစ် အီရက် စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဘာမှထပ်မဖြစ်ခဲ့တာ မလွဲဧကန်ဖြစ်ပါတယ်။ ဆဒမ်ဟူစိန် မရှိလည်းပဲ ကမ္ဘာကြီးက မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကို ဖန်တီးဖို့ အခွင့်အရေးများစွာကို သူ လက်လွတ်ခဲ့ရတယ်လေ။
ဒါ့ကြောင့် ကျွန်မ ရှင်းပြချင်တာက အီရက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာကမှန်တယ်ဆိုတာပါပဲ။ အီရက်စစ်ပွဲ ကြောင့် အရှေ့အလယ်ပိုင်းကို ဘယ်လိုအကျိုးသက်ရောက်ခဲ့ပြီး အနောက်နိုင်ငံတွေအပေါ် ဘယ်လို နိုင်ငံရေးပေါက် ကွဲမှုတွေဖြစ်ခဲ့သလဲဆိုတာပါပဲ။
ဒါကြောင့် ပထမပြောလိုတာက ဘာကြောင့် အီရက် ပြည်တွင်းစစ်ပွဲ ပိုမိုဆိုးရွားလားသလဲဆိုတာပါပဲ။
၂၀၀၃ ခုနှစ်မေလမှာ ညွန့်ပေါင်းအဖွဲ့က ဘတ်သ်ပါတီကို ဖျက်သိမ်းခဲ့တယ်၊ လုံခြုံရေးအဖွဲ့တွေကို ဖယ်ထုတ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အီရက်ကိုအခြေခံအုတ်မြစ်အသစ်ပေါ်မှာတည်ဆောက်ဖို့ ဆဒမ်ဟူစိန်ရဲ့နိုင်ငံနဲ့ သူ့ပါတီ ကို ဆေးကြောပစ်ခဲ့တယ်။  စစ်ရာဇဝတ်ကောင်တွေနဲ့ အီရက်ပြည်သူတွေ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားတဲ့ ဒီလိုလူတွေကိုဖယ်ရှားလိုက်ယုံအစား ပြစ်ဒဏ် ကြီးကြီးမားမားပေးရမှာဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက နယ်ဖက်ဝန်ထမ်းထဲက ခေါင်းဆောင်တွေနဲ့ စီမံအုပ်ချုပ်သူတွေကို ထုတ်ပယ်ပစ်ခဲ့ပြီး အီရက်စစ်ရဲ တပ်ဖွဲ့ကို ဖျက်ပစ်ခဲ့တယ်။
ဒါပေမယ့် အီရက်မှာ ဆရာဝန်တစ်ယောက် ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘတ်သ်ပါတီဝင် တစ်ယောက် ဖြစ်ဖို့လိုအပ်ခဲ့တယ်။ ဒါကြောင့် ဘတ်သ်ပါတီဖျက်သိမ်းရေးမူဝါဒက ဆရာဝန်မရှိတဲ့ ဆေးရုံနဲ့ ဆရာမရှိတဲ့ စာသင် ကျောင်းတွေပဲ ကျန်ခဲ့စေတယ်။ အီရက်နိုင်ငံသား အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူတွေ အရှက်တကွဲ သိမ်ငယ်စိတ်ဖြစ်စေခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ညွန့်ပေါင်းအဖွဲ့သည် အီရက်စစ်ဖက်ကို ကျွန်မတို့ကိုမတိုက်ဖို့နဲ့ ကျွန်မတို့ သူတို့ကို လေးစားမှုနဲ့ ဆက်ဆံ ပါမယ် လို့ပြောတဲ့စာတွေကျဲချခဲ့ပါတယ်။ အီရက်စစ်ဖက်အများစုက ဆဒမ်ဟူစိန်ကို မုန်းနေတဲ့အတွက် ဆဒမ်အတွက် တိုက်ပွဲဝင်ဖို့ပြင်မထားခဲ့ပါဘူး။ သူတို့ အိမ်ပြန်သွားခဲ့ကျပြီး စစ်တန်းလျားကို ပြန်လာဖို့ ကျွန်မတို့ခေါ်တဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်မခေါ်ခဲ့ပါဘူး။ ဒီအစား ညွန့်ပေါင်းအဖွဲ့က သူတို့ကို ထုတ်ပယ်တဲ့ အမိန့်ပြန်တမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ စိတ်ဆိုးဒေါသထွက်ပြီး လက်နက်ကိုင်ခဲ့ကြပါတယ်။
ဘတ်သ်ပါတီကိုဖျက်သိမ်းခြင်းနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဖယ်ထုတ်ခြင်းအားဖြင့် ညွန့်ပေါင်းအဖွဲ့တွေက နိုင်ငံရဲ့အင်အားစုတွေကိုဖယ်ရှားခဲ့ပြီး တိုင်းပြည်ကိုအတူချုပ်ကိုင်ခဲ့ပါတယ်။ ပါတီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မရှိမဖြစ်လိုအပ်ခဲ့တာပါ။ အာဏာလစ်ဟာသွားတဲ့ ရလဒ်မှာ အီရက်နိုင်ငံသားတွေ ဂိုဏ်းဂဏဖွဲ့ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြတယ်၊ သူပုန်တွေနဲ့ ပြည်သူ့စစ်တွေ ပွထလာခဲ့တယ်၊ လူမှုရေးအစဉ်အလာတွေပြိုကွဲမှုဦးတည်လာပြီး အီရက်နိုင်ငံဟာပြည်တွင်းစစ်နွံ့ထဲ ဆင်းသက်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှ ကျူးကျော်သူတွေက သူ့နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ဝန်ထမ်း တွေကို ဖယ်ရှားခြင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်နေလိမ့်မယ်လို့ ကျွန်မမထင်ပါဘူး။
ဒါကြောင့် အီရက်မှာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိကကြောင်းအရင်းကတော့ တိုင်းပြည်ပြိုကွဲလို့ပါပဲ။
ပြည်တွင်းစစ်ဖြစ်ရတဲ့ ဒုတိယအကြောင်းရင်းကတော့ ငြိမ်းချမ်းရေးဖြေရှင်းမှုရဲ့ သဘောသဘာဝကြောင့် ဖြစ်ပါ တယ်။ ဆဒမ်ဟူစိန်က ပြိုင်ဖက်ဖြစ်လာနိုင်တဲ့မည်သူကိုမဆိုသတ်ပစ်ခဲ့တဲ့အတွက် အီရက်နိုင်ငံသစ်ကို ဦးဆောင်မယ့် တရားဝင်ခေါင်းဆောင်ရွေးချယ်ဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒါကို အကြံဉာဏ်ပေးတဲ့အနေနဲ့ အဖွဲ့ဝင် ၂၅ ဦးပါတဲ့ အီရက်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ အုပ်ချုပ်မှုကောင်စီရဲ့ အဖွဲ့ဝင် ၁၃ ဦးဟာ ရှီယားအာရပ်(Shia Arab)၊  ၅ ဦးက ကာဒ်(Kurdish)လူမျိုး၊ နောက် ၅ ဦးက ဆွန်နီအာရပ်(Sunni Arab)ထဲကဖြစ်ပြီး တာခ်(Turkmen) ၁ ဦးစီနဲ့ အက်စဆီးရီးယန်း ခရစ်ယာန်(Assyrian Christian) ၁ ဦးစီပါဝင်ပါတယ်။
ဒီနည်းလမ်းက နိုင်ငံကိုအုပ်ချုပ်တဲ့ အဖွဲ့အစည်းအတွင်းမှာ လူမျိုးတစ်မျိုးထဲကကြီးစိုးတာမဟုတ်ပဲ အချိုးအစား အလိုက် အများပါဝင်နိုင်အောင်လုပ်ခဲ့တာလို့ထင်ပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ အီရက်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဓိကဖွဲ့စည်းမှုအခြေခံစည်းမျဉ်းအရ လူမျိုးစုတွေနဲ့ ဂိုဏ်းကွဲအောင်လုပ်ခဲ့တာပါ။
နောက်ပြီးတော့ အီရက်နိုင်ငံနဲ့ ဆက်စပ်လွှမ်းခြုံနေတာ ဘာမှမရှိအောင်၊ သာမန်လူထုအတွင်းမဟုတ်ပဲ လူအဖွဲ့ အစည်းအတွင်း  သဘောထားကွဲမှု ပေါ်လွင်နေအောင် လုပ်ခဲ့ပါတယ်။
လူမျိုးစုများစွာ၊ ယဉ်ကျေးမှုမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းများစွာနဲ့ ကာလရှည်ကြာစွာရှိနေတဲ့ အီရက်နိုင်ငံ ဟာ ဆွန်နီ၊ ရှီယာနဲ့ ကာဒ်တွေမှာဘယ်တုံးကမှ နိင်ငံရေးအုပ်စုတွေ တစ်သားတည်း မဖြစ်ခဲ့ပါဘူး၊ ၂၀၀၃ ခုနှစ်၊ ဘဂ္ဂဒက်မှာ လူမျိုးတူချင်းထိမ်းမြားလက်ထပ်တာ ခန့်မှန်း ၃၀ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။
ဒါ့အပြင် ရှီယားနဲ့ ကာဒ်တွေက ဆွန်နီတွေအပေါ် အီရန် မဟာမိတ်တွေက အာရပ်အမျိုးသားရေးဝါဒီ တွေအပေါ်၊ အစ္စလာမ်မစ်တွေက ဝါဒကွဲအယူသီးသူတွေရဲ့အပေါ် အုပ်စုတွေကြားမှာ အာဏာခွဲဝေမှုနဲ့ ပတ်သက်တဲ့ အပေးအယူ တွေကြောင့် ဆဒမ်ဟူစိန် လက်အောက်က ကျန်ရှိနေတဲ့သူတွေကို ထွက်ပြေး တိမ်းရှောင်သူတွေရဲ့ အနေအထားက အားကောင်းလာစေပါတယ်။ 
ညွန့်ပေါင်းအဖွဲ့က လုပ်ပိုင်ခွင့်အာဏာပေးထားသောခေါင်းဆောင်သစ်များသည် အောက်ခြေလူတန်းစား အနည်းစု၏ထောက်ခံမှုသာရှိပြီး လူထုကိုစည်းရုံးရန် အခြားလူများ၏ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခြင်းနှင့် အခြားသူ များ၏ရန်မှအကာအကွယ်ပေးမှုဆောင်ရွက်ပေးရန် ကတိပေးခြင်းဖြင့် ဂိုဏ်းဂဏ ဝါဒကို အသုံးပြုခဲ့ပါသည်။
ပြည်တွင်းစစ်ကြောင့် ပရမ်းပတာဖြစ်နေသည့်အထဲ အယ်လ်ခိုင်ဒါ(al-Qaeda)အဖွဲ့က အီရတ်၏တစ်စိတ် တစ်ဒေသကိုသိမ်းပိုက်ထားပါတယ်။ ဂျော်ဒန်ဂျီဟဒ်ဝါဒီ(Jordanian thug)အဖွဲ့ ဦးဆောင်မှုနဲ့ အဘူ မူဆဗ် အယ်လ်ဇာကာဝီ(Musab al-Zarqawi)သည် ရှီးယားပြည်သူများကို အဆက်မပြတ်တိုက်ခိုက်နေခဲ့ပြီး ကာလီဖိတ် နိုင်ငံတော်နှင့် အစားထိုးနိုင်သည့် ဂိုဏ်းအုပ်စုများမှပြန်လည်တုံ့ပြန်ရန်စရန် ခေါင်းဖြတ်သတ်ခြင်းနှင့် စက်ဆုတ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဗီဒီယိုများထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ရှီယားစစ်သွေးကြွတွေက ဆွန်နီတွေကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့ရာမှ  သူပုန်တွေကိုသာမကဘူး နယ်မြေရှင်းလင်းရေးနဲ့ ညွန့်ပေါင်းတပ်တွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကုန်မှာတော့ အီရက်ဟာ အသူတစ်ရာနက်တဲ့ချောက်ထဲကိုကျဖို့ ဦးတည်နေပါပြီ။ အီရက်နိုင်ငံ ကွယ် ပျောက်တော့မယ်လို့ လူတိုင်းတွေးနေခဲ့ကြပါတယ်။ နေ့စဉ်နဲ့အမျှ လူသေကောင်တွေ ဘဂ္ဂဒက်မြို့ရဲ့ လမ်းပေါ်မှာ တွေ့နေခဲ့လိမ့်ပါမယ်။ ဒီအလောင်းတွေဟာ ဆွန်နီ သို့မဟုတ် ရှီယာတွေဖြစ်မယ်၊ သူတို့ခေါင်းမှာ သေနတ်ဒဏ်ရာ သို့မဟုတ် တင်ကျင်လျှိုပြီး အသတ်ခံထားရမယ်ဆိုတာ ခင်ဗျားတို့ သေချာပေါက် ပြောနိုင်မှာပါပဲ။ အီရက်နိုင်ငံသား သိန်းနဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ သန်းပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေဖျက်ဆီးခံရမှုနဲ့အတူ အီရက်နိုင်ငံဟာ တစ်ရက်ကို နာရီအနည်းငယ်ပဲ လျှပ်စစ်မီးရခဲ့ပါတယ်။ 
နောက်ဆုံးပုံအောတဲ့စွန့်စားမှုအနေနဲ့ သမ္မတ ဂျော့ခ်ျ ဒဗလျူဘုတ်ရှ်(George W Bush)က အကြမ်းဖက်မှု ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ ကူညီဖြေရှင်းဖို့ အီရက်ကို တပ်ဖွဲ့ဝင် ၂၀၀၀၀ ထပ်ပိုးစေလွှတ်တဲ့ ကြေငြာချက်ထုတ် ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပီးထရပ်စ်(Petraeus)ကို မဟာဗျူဟာဆိုင်ရာတပ်မှူးနဲ့ ဗိုလ်ချုပ်ကြီး အိုဒီရာနို (Odierno)ကို စစ်ဆင်ရေးတပ်မှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။
အိုဒီရာနိုရဲ့ နိုင်ငံရေးအကြံပေးအနေနဲ့ ကျွန်မရဲ့ လက်ငင်းလုပ်ငန်းတာဝန်က ပြသနာတွေကို ကောင်းစွာ နားလည် သဘောပေါက်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့ကို ကိုညီဖို့ပါပဲ။ ဘာတွေက မတည်ငြိမ်မှုဖြစ်အောင် တွန်းအားပေး မောင်းနှင် နေတာလဲ? ဘာကြောင့် ဒီနေရာမှာ အကြမ်းဖက်မှုတွေ အများအပြားဖြစ်နေတာလဲ? ဘယ်သူတွေက တိုက်ခိုက်နေတာလဲ? ဘာကြောင့်တိုက်ခိုက်နေတာလဲ?
အီရက်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ကျရှုံးနေတဲ့နိုင်ငံ(failed state)တစ်ခုမှာ အာဏာနဲ့ သယံဇာတတွေပိုင်ဆိုင်မှု အတွက် အမျိုးမျိုးသောလူမှုအဖွဲ့အစည်းအုပ်စုတွေကြားက တိုက်ပွဲဆိုတာ ကျွန်မတို စစ်ဆေးအဖြေရှာတွေ့ခဲ့ ပါတယ်။
ကျွန်မတို့ရဲ့ မဟာဗျူဟာအသစ်ကတော့ သူပုန်တွေရဲ့ရန်မှ အီရက်ပြည်သူလူထုကို အကာအကွယ်ပေးဖို့ အဓိက အာရုံစိုက်မှုကို ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်စစ်ဖက်က နိုင်ငံပြိုကွဲ့မှုကြောင့်အာဏာလစ်ဟာမှု(power vacuum)ဖြစ်တဲ့နေရာကို ဖြည့်ခဲ့ပါတယ်။ ။
အမေရိကန်စစ်သားတွေဟာ တပ်စခန်းအပြင်ဖက်ထွက်ပြီး အီရက်ပြည်သူတွေကြားထဲမှာ နေထိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ ဒီတိုက်ပွဲတွေကြား မသွားနိုင်ပါဘူး။
အမေရိကန်စစ်သားတွေဟာ အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်မြေတစ်ခုပြီးတစ်ခု အလုပ်လုပ်ခဲ့ပြီး အီရက်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှုနယ်ပယ်ကို မြှင့်တင်တည်ဆောက်ပေးခဲ့ပါတယ်။
အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ နယ်မြေရှင်းလင်းတယ်၊ နယ်မြေကိုထိန်းချုပ်တယ်၊ တည်ဆောက်ခဲ့ပါတယ်။။
ထပ်ပြောရမယ်ဆိုရင် ကျွန်မတို သူပုန်တွေဟာ ဘယ်သူတွေဖြစ်တယ်၊ သူတို့ဘာလိုချင်တယ်ပြီးတော့ သူတို့ ပြန်လည်စေ့စပ်လို့ရမလား ဒါမှမဟုတ် ခပ်နာနာလေးရိုက်ရမှာလား ဆိုတာကို သိအောင်လုပ်နိုင်တဲ့အခြေအနေအထိ လုပ်နိုင်ခဲ့ပါတယ်။
ရန်သူကို ခွဲခြားဖို့နဲ့ ဦးတည်ပစ်မှတ်သတ်မှတ်ဖို့ စစ်ဖက်ကို သုံးခဲ့ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်သူတွေဆိုတာ နားလည်ဖို့နဲ့ သူတို့ လိုချင်တဲ့ အဓိကအခက်အခဲက ဘာလဲ၊ ဘယ်လိုအချိန်မှာ ကျွန်မတို့စစ်သားတွေကို တိုက်ခိုက်သလဲဆိုတာတွေကို နားလည်အောင်ကြိုးစားပြီး စိတ်နေစိတ်ထားတစ်ရပ် ပြောင်းလဲအောင်လုပ်ဖို့ လိုအပ်ပါတယ်။
အမေရိကန်စစ်ဖက်က အစိုးရသစ်ကိုဖြုတ်ချဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံနေတယ်လို့ အီရက်လအစိုးရက သံသယအကြီးအကျယ်ဝင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ပီးထရပ်စ် ထပ်ခါထပ်ခါပြောတာကတော့ “သင့်အနေနဲ့ သင့်ရဲ့ နည်းလမ်းကို ပုန်ကန်ထကြွမှုတစ်ခုနဲ့ အဆုံးမသတ်နိုင်ပါဘူး” ဆိုတာပါပဲ။
သောင်းကျန်သူတန်ပြန်နှိမ်နင်းရေးဆိုတာ ယုံကြည်ကိုးကွယ်မှုအသစ်တစ်ခုပါပဲ။
စစ်ပွဲ၏ပထမပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုင်ရာ မဟာဗျူဟာနဲ့ အရင်းအမြစ် တွေရှိခဲ့ပါတယ်။ ဆွန်နီလူမျိုးစုတွေဟာ အယ်လ်ခိုင်ဒါ(AQI)တွေရဲ့မနှစ်မြို့မှုနဲ့ သူတို့ဟာ ပြည်တွင်းစစ်အတွင်း ရှီယားစစ်သွေးကြွတွေကိုရှုံးနိမ့်ခဲ့တယ်ဆိုတာ အမှန်အတိုင်းသိလာပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပြန်လည် သင့်မြတ်ရေးညှိနှိုင်းဖို့နိုးကြားလာခဲ့ပြီး အယ်လ်ခိုင်ဒါ(AQI)တွေကို ပြန်လည်ဆန့်ကျင်လာခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေရဲ့ ဘေးမှာကပ်လျက်အလုပ်လုပ်ရင်း အီရက်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ရှီယားပြည်သူပြည်သားများဟာ ပိုကောင်းတဲ့ အကာအကွယ်တွေရရှိခဲ့ပါတယ်။ ရှီယား စစ်သွေးကြွတွေဟာ လူထုထောက်ခံမှုကျဆင်းပြီး တပ်ဖွဲ့ဖျက်သိမ်းခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ နိုင်ငံဟာ အားကောင်းလာခဲ့ပါတယ်၊ အဖွဲ့အားလုံးဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် လာခဲ့ပြီး ပြန်လည်ရင်ကြားစေ့လို့မရတဲ့ အစွန်းရောက်တွေဟာ အဖမ်းခံရတာတွေ ဒါမှမဟုတ် အသတ်ခံရ တာတွေဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။
ကျွန်မတို့ ဆောင်ရွင်တာတွေဟာ အီရက်ပြည်သူတွေအတွက် သူတို့နိုင်ငံကို မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဦးဆောင် နေတယ်လို့ ခံစားလာခဲ့ပါတယ်။
ပြီးတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်သလဲဆိုတာ ကျွန်မဆန္ဒကို ပြောချင်ပါတယ်။ ဒါပေမယ့် “အလိုလေး” ဒါတွေ ဒီလိုဖြစ်မလာခဲ့ပါဖူး။
အားလုံးကို ချပြပါမယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်မ ရှင်းပြပါမယ်။
၂၀၁၀ ပြည့်နှစ် နိုင်ငံတော်ရွေးကောက်ပွဲမှာ မဲပေးတဲ့ ပြည်သူလူထု အလွန်များပါတယ်။ အီရက်ပြည်သူတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုရှိနေကြပါတယ်။ အီရက်ပြည်သူတွေဟာ ဂိုဏ်းအုပ်စုအစွဲတွေကို ကျော်လွန်ပြီး အရွေ့တစ်ခုကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်အပြည့်အဝရှိနေကြတယ်။ သူတို့ဟာ ဘာသာရေးအုပ်စုဝါဒီ တွေကို စိတ်ကုန်နေကြပါပြီ။
အယဒ် အာလာဝီ(Ayad Allawi) (ရှီယားလူမျိုးစု) ခေါင်းဆောင်သော အီရက်ကီယား(Iraqiyya)ပါတီဟာ ဘာသာရေးအုပ်စဝါဒကို အခြေမခံပဲ “အီရက်ပြည်သူအားလုံးအတွက် အီရက်နိုင်ငံ” ဟု မဲဆွယ်ခဲ့ပါတယ်။ ထို့အတွက် အီရက် ဆွန်နီများ၊ ရှီယား မျိုးနွယ်စုများနှင့် လူနည်းစုရဲ့ထောက်ခံမှု ရရှိဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးချုပ် နျူရီ အယ်လ် မာလီကီ(Nuri al-Maliki)ဟာ ရွေးကောက်ပွဲ ရှုံးနိမ်မှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဘယ်သူမှ ရွေးကောက်ပွဲမရှုံးခဲ့ပါဘူး။ သူက မဲပြန်ရေတွက်ဖို့တောင်းဆိုခဲ့ပြီး အီရက်ကီယား(Iraqiyya)ပါတီအနိုင်ရတဲ့မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်တွေကို အရည်အချင်းမပြည့်မီသူတွေအဖြစ် သတ်မှတ်ဖို့ကြိုးစားရာမှာ ဘတ်သ်ပါတီသန့်စင်ရေး(Debaathification) အဖြစ်သတ်မှတ်အသုံးပြုခဲ့ပြီး ဆန္ဒမဲတွေကိုပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲက သူ့ရဲ့အောင်နိုင်မှုကိုပေးဖို့ မအောင် မြင်တော့ မာလီကီ ဟာ ထပ်ပြီးတော့ သူ့ရဲ့ပြိုင်ဖက်တွေကို ခြိမ်းခြောက်ခဲ့တယ်၊ သူ့ကို အသာပေးဆုံးဖြတ်ဖို့ ရွေးကောက်ပွဲခုံရုံးတရားသူကြီးတွေအပေါ် ဖိအားပေးခဲ့ပါတယ်။ မာလီကီ ဟာ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ အတွက် ဘာမှလုပ်ဖို့ကို ပြင်ဆင်မထားခဲ့ပဲ သူ့ရဲ့ ရှင်သန်ရပ်တည်ရေးကိုသာ အရမ်းအလေးပေးလာခဲ့ပါတယ်။ 
ဒါတွေဟာ ဘာလုပ်ရမယ်ဆိုတဲ့ အမေရိကန်စနစ်အတွင်းမှာ ကွဲပြားမှုအများကြီးဖြစ်နေပါတယ်။ အချို့ကတော့ ငြင်းဆိုကြပါတယ်။ အမေရိကန်အနေဖြင့် အီရာဂျီရာ(Iragiya)တို့ အနိုင်ရတဲ့နယ်မြေတွေမှာ အီရက်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိပြီး ပါလီမန်စနစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရင်ဆုံးအစိုးရဖွဲ့ရန် အခွင့် အရေးကို အားပေးထောက်ခံသင့်တယ်လို့ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အီရက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ အိုဘားမား(Obama)ရဲ့ လက်ထောက် အဖြစ် ခန့်ထားတဲ့ ဂျိုးဘိုင်ဒင်(Joe Biden)က အမေရိကန်အနေနဲ့ ဝန်ကြီးချုပ်တာဝန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာအနိုင်မရပေမယ့် အမေရိကန်ရဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းအထိ အီရက်မှာ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အီရက်မှာဆက်လက် ချထားဖို့သဘောတူညီမှုတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် အခြေအနေတစ်ခုရမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် တာဝန် ဒုတိယသက်တမ်းအတွက် လက်ရှိဝန်ကြီးချုပ် နျူရီ အယ်လ် မာလီက (Nuri al-Maliki)နဲ့ အီရက် အမျိုးသားရေးဝါဒီသမားတွေကို ထောက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲအလယ်လောက်မှာ အီရက်အစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့အသေချာဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတစ်ခု ပါပဲ။
ဒါပေမယ့် အီရက်နိုင်ငံရေးသမားတွေက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မာလီကီကို ဖယ်ရှားရေး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင် မဲခွဲဖို့ ကြိုးပမ်းရင်း အချိန်တွေကုန်ဆုံးခဲ့တယ်၊ ဒီလို ကြောက်မက်ဖွယ်ရာတွေက မာလီကီ ကို အာဏာရှင်ဖြစ်ရေး အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေက အမေရိကန် ရဲ့ ဖိအားကို အလျော့ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အီရန်က  အခွင့်အရေးတစ်ရပ် အစိုးရဖွဲ့စည်းမှုပုံစံကို ထိခိုက်ရန်ချယ်လှယ်မှုကို ဦးတည်စေသည့် လုပ်ရပ်များဆောင်ရွက်ခြင်းဖြင့် လွှမ်းမိုးမှုမြှင့်တင်ရန် အခွင့်အရေးတစ်ရပ်ရရှိပြီး အာရုံလွှဲနိုင်ခဲ့ပါတယ်။ ဒါဟာ ဆုံးဖြတ်ချက်လည်းဖြစ်ပြီး မာလီကီ ကို ဝန်ကြီးချုပ်အနေဖြင့် ဆက်လက်ထားရှိမယ် ဒါပေမယ့် အမေရိကန်တို့နဲ့ တော့အကြောင်းရင်းက ကွဲပြားပါတယ်။ မာလီကီ ဟာ သူ့ဒေသအတွင်းမှာ စက်ဆုပ်အထင်အမြင်သေးခံနေရတယ် ဆိုတာ အီရန်က သိခဲ့ပြီးတော့ ဒါဟာ အာရပ်ကမ္ဘာအတွင်းမှာ အီရက်ရဲ့ ပြန်လည်ပေါင်းစည်းတည်ထောင်မှုကို ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ အီရန် ဟာ အမေရိကန်ဆန့်ကျင်တဲ့ အစ္စလာမ်မစ်အမျိုးသားရေးဝါဒီသမား (Sadrists)တွေကို မာလီကီ ရဲ့ ဝန်ကြီးချုပ် သက်တမ်း ဒုတိယအကြိမ်နဲ့ ၂၀၁၁ ခုနှစ်ကုန် အမေရိကန်တပ်တွေ အားလုံး အီရက်ကနေထွက်သွားတဲ့ အခြေအနေတစ်ရပ်အထိ မာလီကီ ကို ထောက်ခံဖို့ ဖိအားပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဒုတိယသက်တမ်းအတွက်သေချာသွားတဲ့အခါ မာလီကိ ဟာ ဆွန်နီ နိုင်ငံရေးသမားတွေကို အကြမ်းဖက် သမားတွေအဖြစ် စွပ်စွဲခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေကနေ မောင်းထုတ်ခဲ့ပါတယ်။ မာလီကီ ဟာ အီရက်မှာရှိတဲ့ အယ်လ်ကိုင်ဒါ(al-Qaeda)တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူမျိုးစုခေါင်းဆောင်တွေကို သူပေးထားတဲ့ ကတိကို ထပ်ကာထပ်ကာ ပြောပါတယ်။ မာလီကီ ဟာ ဆွန်နီအုပ်စု(en masse)တွေကိုဖမ်းဆီးခဲ့ပြီး သူ့ရဲ့အာဏာကို ထိန်းကျောင်းတယ်လို့ထင်ရတဲ့  ဒီမိုကရေစီအဖွဲ့အစည်းကို အမြစ်လှန်ဖြိုချခဲ့ပါတယ်။ ဆွန်နီ ဆန့်ကျင်သူတွေဟာ ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက အီရက်မှာ အယ်လ်ကိုင်ဒါအကြွင်းအကျန် တွေရဲ့ အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေး ထကြွနိုင်တဲ့အခြေအနေကို ဖန်တီးခဲ့ပြီး အီရန်ကျောထောက် နောက်ခံပြုထားတဲ့ မာလီကီ ရဲ့ ဂိုဏ်းဂဏစွဲနဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဆွန်နီတွေကို ကာကွယ်စောင့်ရှောက်သူ အဖြစ် အယ်လ်ကိုင်ဒါတွေက ကြေငြာခဲ့ပါတယ်။
ကဲဟုတ်ပြီ အီရက်စစ်ပွဲက ဒေသတွင်း ဘယ်လိုရိုက်ခတ် သက်ရောက်ခဲ့သလဲ?
အီရက်စစ်ပွဲဟာ ဂျီဟဒ်မျိုးဆက်သစ်တစ်ခုကို စုဆောင်းမွေးထုတ်ပေးခဲ့ပါတယ်။
ဒါဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာမှာ အီရန်ရဲ့ အလေးသာမှုကို ပြောင်းလဲခဲ့ပါတယ်။ ဆဒမ်ရဲ့ အီရက်နိုင်ငံဟာ အီရန်ကို အာဏာချိန်ခွင်လျှာအနေနဲ့ ကိုင်စွဲထားတဲ့အာရပ်ကမ္ဘာရဲ့ ခံတပ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အီရန်ဟာ အီရက်ရဲ့ နိုင်ငံခြားဆက်ဆံရေးပါဝါမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေပါပြီ။ ဒီနှစ် အစောပိုင်းက အမေရိကန်တပ်မတော် ဟာ အီရက်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ကာလရှည်ကြာစွာလေ့လာပြီးတဲ့နောက် ဒီစစ်ပွဲမှာ တစ်ကယ်အောင်မြင်မှုရ သွားတာဟာ အီရန်နိုင်ငံပဲဖြစ်တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။
အီရက်စစ်ပွဲဟာ အနောက်ကမ္ဘာကို ကြီးမားတဲ့အမာရွက်တွေထင်ကျန်စေခဲ့ပါပြီး အာဏာဖြန့်ကျက်ဖို့အတွက် စိတ်မပါအောင်ဖြစ်ခဲ့စေပါတယ်။
အာရပ်နွေဦးတော်လှန်ရေးကာလအတွင်း အားလုံးက ဆီးရီးယားကို ဦးတည်နေခဲ့တယ်။
ကျွန်မရှင်းပြပါရစေ။
၂၀၁၁ ခုနှစ်ကို ပြန်တွေးကြည့်လိုက်ပါ။ လူငယ်တွေ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ အလုပ်အကိုင်ရရှိဖို့အတွက် ဒေသတစ်လွှား လမ်းတွေနဲ့ ရင်ပြင်တွေကို ထွက်လာခဲ့ပါတယ်။  သူတို့ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ရန် အင်တာနက်နဲ့ လူမှုကွန်ယက်တွေကို အသုံးပြုခဲ့ပြီး လူတွေစုဝေးခဲ့ပါတယ်။
ကျွန်မ တစ်ဦးတည်းအနေနဲ့ ဒီလူထုအုံကြွမှုဟာ ဒီဒေသကလူတွေအတွက် ပိုကောင်းတဲ့အနာဂတ်ကို ဖြစ်စေလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောင်းလဲဖို့ လှုံဆော်မှုက ပြည်ပနိုင်ငံတွေက ဝင်စွက်ဖက်တာထက် အထဲက ပြည်သူလူထုအတွင်းက လာခဲ့တာဖြစ်လို့ပါ။ ဒီတော်လှန်ရေးရဲ့ စွမ်းအင်နဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ် တွေကနေ အတွေ့အကြုံရယူဖို့ ကျွန်မ အိတ်တစ်လုံးပြင်ပြီးတော့ အာရပ်နွေဦးဆီကို ခရီးထွက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့ အကောင်းမြင်ဝါဒဟာ ကျွန်မ ဆီးရီးယားကို ရောက်ခဲ့တော့ လွင့်စင်ပျောက်ပျယ်ခဲ့ပါတယ်။
သမ္မတ ဘာရှား အယ်လ် အာဆဒ်(Bashar al-Assad)က ဆီးရီးယားဟာ အာရပ်နွေဦးတော်လှန်ရေးရဲ့ ရိုက်ခတ်မှု ခံရလိမ့်မယ်လို့ မယုံကြည်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူဟာ ဆယ်စုနှစ်တစ်ခုအတွင်း အာဏာအသစ်တစ်ခု လုံးဝရရှိထားခဲ့ပြီး ငယ်ရွယ်သူဖြစ်တာကိုး။
အမေရိကန်ပြည်ထောင်စုနဲ့ ညွန့်ပေါင်းအဖွဲ့တွေက အာဆဒ်ကို ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာမှုကို တွန်းအားပေးဖို့ အနည်းဆုံးသော အထောက်အပံ့ပေးခဲ့ပါတယ်။ ဆန့်ကျင်ဖက်အုပ်စု အစိတ်အပိုင်း များက လက်နက်ကိုင်စွဲခဲ့ကြပြီး ပြည်တွင်းရေးပဋိပက္ခမှာ ပြင်ပအကူအညီကို ရှာဖွေခဲ့ကြပါတယ်။ တူရကီ၊ ဆော်ဒီ အာရေဗျ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကာတာနိုင်ငံတို့ဟာ အီရန်ဆွန်နီတွေရဲ့ စစ်ဖက်အကြံပေးတွေ စေလွှတ်ထားမှု ကို ယှဉ်ပြိုင်ဖို့ လက်နက်နဲ့ ငွေကြေးထောက်ပံ့ခဲ့ကြသလို လက်ဘနွန်၊ အီရက်နဲ့ အာဖဂန်နစ္စတန်တို့က ရှီးယား စစ်သွေးကြွတွေကလည်း အာဆဒ်ရဲ့တိုက်ပွဲဝင်ဖို့ပြင်ထားတဲ့ အစိုးရကို ကျားကန်ပေးရန်လုပ်ခဲ့သလို ရုရှားကလည်း လေကြောင်းစွမ်းအားနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။  
ဓါတုလက်နက်များ သုံးစွဲမှုကြေငြာချက်က အနီရောင်အဆင့် သတ်မှတ်ချက် ရောက်နေပေမယ့်လည်း ဂိုအူတာ (Ghouta)အရှေ့ပိုင်းအနီး ဒမတ်စကက်စ်မှာရှိတဲ့ ပြည်သူလူထု ၁,၄၀၀ လောက်ကို ၂၀၁၃ ခုနှစ်မှာ အာဆဒ်က အဆိပ်ဓါတ်ငွေ့နဲ့တိုက်ခိုက်သတ်ဖြတ်ပြီးတဲ့နောက်ပိုင်း  အိုဘားမား ဟာ ပဲ့တင်ထပ်တဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေနဲ့ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ အိုဘားမား ဟာ ဗြိတိသျှပါလီမန်မှာ ဒေးဗစ်ကန်မရွန်း(David Cameron) ရဲ့ စစ်ရေးအရအရေးယူရန်အဆို ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အုပ်ချုပ်မှုအပေါ် ဦးတည်ချက်ထားတဲ့ စစ်ရေးအရ တိုက်ခိုက်မှုကို နောက်ပြန်ဆုတ်ခဲ့ပါတယ်။ အိုဘားမား ဟာ အာဆဒ် ရဲ့ ဓါတုလက်နက်ဖယ်ရှားရန် ရုရှား ရဲ့ နောက်ဆုံး အချိန်အထိ အကြံပြုချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ အာဆဒ် ဟာ အရေးယူခံရခြင်းမှ လွတ်ငြိမ်းခွင့် ရမှု(let off the hook)နှင့် သူ့ရဲ့ ပြည်သူကို ဆက်လက်သတ်ဖြတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ပြီး သူတို့ကို နိုင်ငံအပြင်ကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဓါတုလက်နက်တွေကိုလည်း သုံးစွဲခဲ့ပါတယ်။
အိုဘားမားရဲ့ အာဏာဖြန့်ကျက်ရန်စိတ်မပါမှုက အမေရိကန်မိတ်ဆွေတွေကိုထိတ်လန့်စေပြီး ရန်သူကိုအားပေးမှု ဖြစ်နေခဲ့ပါတယ်။ အိုဘားမား က အရှေ့အလယ်ပိုင်းဟာ အမေရိကန်အကျိုးစီးပွားအတွက် ရေရှည်အရေးမပါတော့ ကြောင်း၊ အဲဒီမှာ အမေရိကန်အနေနဲ့ ပျက်စီးခဲ့သမျှပြင်ဆင်ဖို့လုပ်စရာအနည်းငယ်ကျန်တော့ကြောင်းနဲ့ အမေရိကန် ရဲ့ ဒီလိုလုပ်ဖို့ ကြိုးပမ်းအားထုတ်မှုဟာ စစ်ပွဲဖြစ်မှု၊ အမေရိကန်စစ်သားတွေ ဆုံးရှုံးမှု၊ အမေရိကန် အာဏာစက်နဲ့ ဂုဏ်သိက္ခာလျော့ပါးမှုကို မလွဲမသွေ ဦးတည်လိမ့်မယ်လို့ ငြင်းဆိုကန့်ကွက်ခဲ့ပါတယ်။ အိုဘားမား ဟာ အီရန်ကဲ့သို့ နျူကလီးယားနှင့်ဆက်စပ်မှုတစ်ရပ်ရှိသော၊ အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ လက်ရှိမဟာဗျူဟာနှင့် အီရန်၏ အန္တရာယ်ဖြစ်လောက်အောင်စိုးရိမ်ဖွယ်နယ်မြေချဲ့ထွင်မှုအပေါ် တုံ့ပြန်ရန်စိတ်မပါခြင်းသည် သဘောတူညီမှု တစ်ရပ် သို့ ရောက်ရှိရန် အခွင့်ရေးတစ်ရပ်ဟု မြင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ကွယ်ကဦးဆောင်မယ်('leading from behind') ဆိုတဲ့ အချက်ပေးမှုနဲ့ အာရှဒေသ အပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၏ အချက်အချာအဖြစ် အာရုံစိုက်မှုတွေနဲ့ အိုဘားမား ဟာ ရုရှား၊ အီရန် နဲ့ စစ်သွေးကြွတွေ ဝင်ရောက်ဖြည့်နိုင်တဲ့ ကွက်လပ်တစ်ခု ကို ဖန်တီးခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာတော့ အိုက်စက်စ်(ISIS)တွေဟာ အီရက်နဲ့ ဆီးရီးယားမှာ လူ ၁၀ သန်းလောက်ကို ထိန်းချုပ်ထား နိုင်ခဲ့ပြီး ၂ နိုင်ငံနယ်စပ်တစ်လျှောက် အတင်းအကြပ်ကိုင်ချဲ့ထွင်သိမ်းပိုက်ခဲ့ရာ ယူနိုက်တက်ကင်းဒမ်း( UK)ရဲ့ နယ်မြေအရွယ်အစားလောက်အထိ ဖြစ်ပါတယ်။
အီရက်နဲ့ ဆီးရီးယား ဟာ စစ်မြေပြင် ဖြစ်လာခဲ့ပါတယ်။ အနာဂတ်ဟောပြောသူတွေ၊ တရားဥပဒေပညာရှင်တွေနဲ့ ပထမဆုံး နိုင်ငံတည်ထောင်ခဲ့တဲ့ ဒီနယ်မြေဟာ ဘာသာရေးပဋိပက္ခ၊ ရက်စက်ယုတ်မာမှုနှင့် မင်းမဲ့ဝါဒီတွေ လွှမ်းမိုးမှု ကြောင့် နာမည်ဆိုးနဲ့တစ်ခါ ကျော်ကြားလာခဲ့ပါတယ်။ ရှေးကာလက ကုန်သွယ်ရေးမြို့တော်ကြီးတွေ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့ဆက်ဆံရေးမှာ နယ်မြေဒေသအမျိုးမျိုးနဲ့ အချက်အချာဖြစ်ခဲ့တဲ့ ဒေသကြီးဟာ တစ်စီဖြစ်တဲ့အထိ ပျက်စီးလာ နေပါတယ်။ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ ကာလီဖိတ်(caliphate)နိုင်ငံတော်တစ်ခု နိုးထမှုမှာ  စည်းကမ်း တင်းကြပ်သော၊ သည်းမခံသော၊ ကျားဝါဒီကြီးစိုးသော၊ မျက်စေ့တစ်ဖက်နားတစ်ပေါက်သာရှိသော ဝါဒီများ၏ ဘဝ တစ်လျှောက်လုံး တင်းကြပ်သောဘာသာရေးအယူဝါဒစိတ်ကူးနှင့် ပြစ်ဒဏ်သတ်မှတ်မှု ရည်ရွယ်ချက်ကြောင့် လူထောင်ပေါင်းများစွာဟာ ခေါင်းဖြတ်အသတ်ခံရတာတွေ ဒါမှမဟုတ် ကျွန်ပြုခံခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ခုက “အီရက်နဲ့ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော်”(ISIS)ကို တိုက် ခိုက်ဖို့ စုစည်းခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို တုန့်ပြန်တိုက်ခိုက်တဲ့ စစ်ပွဲက အယ်လ်ကိုင်ဒါ(AQl) တွေကို တုန့်ပြန်တိုက်ခိုက်တာထက် အလွန်ကိုကွဲပြားခြားနားမှုရှိစွာ စစ်ပွဲဆင်နွဲခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် ဆွန်နီတွေရဲ့ နိုးကြားမှုကို ပြန်ကြည့်ရင် ညွန့်ပေါင်းအဖွဲ့က ဆွန်နီတွေ အယ်လ်ကိုင်ဒါ(AQl)ကို တုန့်ပြန်တိုက်ခိုက်ဖို့ ဆွန်နီ လူမျိုးစုတွေကို ထောက်ပံ့ခဲ့ပါတယ်။ ဒါဟာ သူတို့ကို သူပုန်မဟုတ်ကြောင်း ဂုဏ်ပြုတဲ့နည်းလမ်းတစ်ခုနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့လမ်းကြောင်းတစ်ခုအနေနဲ့ အထောက်အကူပြုခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့အများအပြား မပါဝင်ခဲ့သလို ဒေသခံဆွန်နီအုပ်စုတွေကိုလည်း အထောက်အပံ့မပေးခဲ့ပါဘူး။ ဒီအစား ကာဒ်လက်နက်ကိုင်(Kurdish)နဲ့ ရှီယား စစ်သွေးကြွတွေကို အထောက်အကူပြုတဲ့အနေနဲ့ လေကြောင်းစွမ်းအားကိုပဲ မှီခိုအားထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အထိ အမေရိကန်ပြည်ထောင်စုက အီရက်နဲ့ ဆီးရီးယားမှာ ဗုန်းတန်ချိန်ပေါင်း ၂၄.၂၈၇ တန် ကို ကြဲချခဲ့ပါတယ်။
စစ်ရေးရည်မှန်းချက်ကတော့ ISIS တွေကို ချေမွဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ဆောင်ရွက်မှုကြောင့် မြို့ရွာများကိုလည်း ပျက်စီးစေခဲ့သလို အပြစ်မဲ့ အရပ်သားပြည်သူလူထု ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး စစ်သွေးကြွတွေ ပြန့်ပွားထကြွလာခဲ့စေပါတယ်။
ဒါ့အပြင် ISIS  တွေကို နှိမ်နင်းတိုက်ခိုက်စဉ်အတွင်း အီရန် ဟာ အီရက်နဲ့ ဆီးရီးယားမှာ သူ့ရဲ့ လွှမ်းမိုးမှုကို တိုးမြှင့် နိုင်ခဲ့ပြီး ဒီ ၂ နိုင်ငံလုံးကနေ အစ္စရေးနယ်စပ်တစ်လျှောက် ကုန်းတွင်း ကော်ရစ်ဒါ(စင်ကြန်)ကို တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာဖြစ်သမျှ အရှေ့အလယ်ပိုင်းမှာတင် မပြီးပါဘူး။ ဒုက္ခသည်တွေနဲ့ အကြမ်းဖက်သမားတွေဟာ အဲဒီနေရာမှာတွင်ရှိနေတာ မဟုတ်ပါဘူး။ 
လူသိန်းပေါင်းများစွာဟာ ဥရောပမှာ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရဖို့ ဒီနယ်မြေတွေကနေ ခိုင်ခန့်မှုမရှိတဲ့အပေါ့စား ရော်ဘာလှေတွေ၊ ငါးဖမ်းလှေခနော်ခနဲ့တွေနဲ့ မြေထဲပင်လယ်ကို ဖြတ်ပြီး ထွက်ပြေးခဲ့ရတယ်။ တူရကီကမ်းခြေမှာ လှိုင်းပုတ်ပြီးတင်လာခဲ့တဲ့ ၃ နှစ်သားအရွယ် ဆီးရီးယားကောင်ကလေး အလန် ကာဒီ(Alan Kurdi)ရဲ့ ပုံကို ဘယ်သူမေ့နိုင်မှာလဲ?
ဒုက္ခသည်များ အများအပြားစုပုံရောက်ရှိလာမှုကို “ဘယ်လိုလုပ်ရမယ်? ဒါမှမဟုတ် ဒီဝန်ထုတ်ဝန်ပိုးတွေကို ဘယ်လို မျှဝေ ခံစားဖြေရှင်းရမယ်ဆိုတာ”သဘောမတူနိုင်တဲ့ စစ်ပွဲနဲ့ထိစပ်နေသောနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေမှာ ထိန်းချုပ်မှု လွှမ်းမိုးခဲ့ပါတယ်။ 
ဥရောပမှာ ဖြစ်ခဲ့တဲ့ ကြောက်လန့်ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှင်တို့ ခင်ဗျားတို့ ပြန်တွေး ကြည့်ပါ။ ISIS တွေဟာ အနောက်နိုင်ငံတွေဟာ အစ္စလာမ်တွေအပေါ် စစ်ပွဲဆင်နွဲနေပြီဆိုတာ သက်သေပြဖို့နဲ့ သူတို့ ကိစ္စတွေအတွက် မူဆလင်တွေကိုလူသစ်အဖြစ် ပိုမိုစုဆောင်းသိမ်းသွင်းဖို့ မူဆလင်ကိုဆန့်ကျင်သူတွေကို တုန့်ပြန်မှု တစ်ရပ် အနေနဲ့ ရန်စပြီး ပြသနာရှာနေခဲ့ပါတယ်။
ဒီလို ထကြွနေတဲ့ သာမန်ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့သူတွေနဲ့ အပြင်ကဝင်လာတဲ့သူတွေကိုဆန့်ကျင်တဲ့ခံစားချက်တွေဟာ လက်ယာအစွန်းရောက် နိုင်ငံရေး ပါတီများရဲ့ ဘဏ္ဍာရေးအကြပ်အတည်း၊ စီးပွားရေးတုန့်နှေးနေမှုနဲ့ အလုပ်လက်မဲ့များပြားတဲ့ ဒီခေတ်မှာ ရင်းနှီး မတည်မှု ဖြစ်လာပါတယ်။
ဒါဟာ အနောက်တိုင်းနိုင်ငံရေးအပေါ်မှာ အကြီးအကျယ်သက်ရောက်မှု ရရှိလာခဲ့ပါတယ်။ အနည်းဆုံးတော့ ယူနိုက် တက်ကင်းဒမ်း(UK)ပေါ့။
လက်ယာစွန်းရောက်ဗြိတိန်လွတ်လပ်ရေးပါတီအကြီးအကဲ နီဂျလ် ဖာရေ့ဂ်ျ(Nigel Farage)ဟာ ဆလိုဗေးနီးယား -ခရိုအေးရှားနယ်စပ်မှာ အရှေ့အလယ်ပိုင်းဒုက္ခသည်တွေရဲ့ ပိုစတာအကြီးကြီးရှေ့မှာ မတ်တတ်ရပ်လျက် ရုပ်ရှင် ရိုက်ခံခဲ့ပါတယ်။ အကယ်၍ ဗြိတိန်(UK)ဟာ ဥရောပသမဂ္ဂ(EU)က မနှုတ်ထွက်ခဲ့ရင်နဲ့ နယ်စပ်ထိန်းချုပ်မှုကို ပြန်မရယူခဲ့ရင် ဒုက္ခသည်တွေ ဗြိတိန်မှာ ပုံနေမှာဖြစ်ပြီး ဒီ ဂယက်ရိုက်ခတ်မှုက ရှင်းလင်းမှာပါ။
လူဝင်မှုကြီးကြပ်မှုကိုထိန်းချုပ်တာဟာ ယူနိုက်တက် ကင်းဒမ်း(UK) ရဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ(EU) ကနုတ်ထွက်ဖို့ မဲပေးကြတဲ့ နောက်ကွယ်က အဓိက အကြောင်းတစ်ရပ်ဖြစ်ပါတယ်။
အီရက်စစ်ပွဲဟာ ကျွမ်းကျင်သူတွေနဲ့ သြဇာရှိရှေးရိုးဝါဒီတွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုဆုံးရှုံးခြင်းလည်းပဲ ရှိခဲ့ ပါတယ်။ ဒီကိစ္စဟာ လက်ရွေးစင်နိုင်ငံရေးသမားတွေမှာ ကြီးမားတဲ့ဗဟုသုတအသိဉာဏ်မရှိဘူးဆိုတာ ဒါမှမဟုတ် ပြည်သူတွေထက်ပိုကောင်းတဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိတဲ့ သက်သေအထောက်အထားအဖြစ် မကြာခဏ ကိုးကား ပြောဆိုခံရပါတယ်။ တိုနီဘလဲ(Tony Blair)ဟာ ဗြိတိသျှလူမျိုးအများစုရဲ့ဆန္ဒအရ ဗြိတိန်အနေနဲ့ စစ်ပွဲကို ဆန့်ကျင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တိုနီဘလဲဟာ အီရက်စစ်ပွဲအတွက်သာမဟုတ်ခဲ့ရင် တစ်ချိန်လုံးမှာ အကောင်းဆုံး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့တာကနေ နာမည်ကျဆင်းခဲ့ပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ လေဘာပါတီရဲ့ ဂုဏ်သိက္ခာကို အစားထိုးအဖတ်ဆည်လို့မရအောင် အရောင်မှိန်ညှိုးနွမ်းစေခဲ့ပါတယ်။ လေဘာပါတီဟာ အဲဒီအချိန် ကစပြီး အခြားပါတီကို အာဏာလွှဲပေးခဲ့ရပါတယ်။
ကျွန်မ ကို နိဂုံးချုပ်ခွင့်ပြုပါ။
အီရက်ကို ကျူးကျော်တိုက်ခိုက်မှုဟာ စက်တင်ဘာလ ၁၁ ရက်(9/11)ရဲ့ ဆက်စပ်မှုတစ်ခုအနေနဲ့သာ နားလည်နိုင် ပါတယ်။ ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုရဲ့ မောင်းနှင်မှုတွန်းအားကြောင့် အမေရိကနယ်မြေဟာ စည်းမျဉ်းများစွာကို အခြေခံထားပြီး အခြေခိုင်မှုနဲ့ ဦးဆောင်လမ်းပြမှုဖြင့်ကူညီတဲ့ နိုင်ငံတကာအစီအစဉ်(international order)ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး နိုင်ငံတကာပြသနာတွေမှာ သံတမန်နည်းလမ်းထက် စစ်အင်အားကို အဓိကကိရိယာ အဖြစ် အသုံးပြုမှုကို ဖြစ်ပေါ်စေပါတယ်။ “ကာကွယ်မှုဆိုတာ လက်ဦးမှုရယူတိုက်ခိုက်ခြင်းပါပဲ”(“Defence meant offence.”)။ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကိုဦးစားပေးတဲ့နိုင်ငံဟာ ကျူးကျော်တိုက်ခိုက်ယုံသာမကပဲ အီရက်ကို သိမ်းပိုက်ခဲ့ပါတယ်၊ လူထောင်ပေါင်းများစွာကို တရားရုံးလုပ်ထုံးလုပ်နည်းမပါပဲ ဥပဒေမဲ့ ဖမ်းဆီးခဲ့တယ်၊ အဘူ ဂါရာရဗ်စ်(Abu Ghraib)အကျဉ်းစခန်းနဲ့ ဂွန်တန်နာမိုပက်လယ်အော(Guantanamo Bay)အကျဉ်းစခန်း တွေမှာ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှင်းပမ်းခဲ့တယ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် သံသယရှိရင် ပြန်ပေးဆွဲ ဖမ်းဆီးပြီး ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေ လူသားမဆန်တဲ့ ရာဇဝတ်သားလွှဲပြောင်းမှုတွေလုပ်ခဲ့တယ်၊ စစ်ပွဲ ကာလမဟုတ်တာတောင် အမိန့်ရထားတဲ့လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့အပြားမှုလုပ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူ သိန်းဂဏန်းဟာ အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်ဖို့ သဲကြီးမဲကြီးလိုက်လံရှာဖွေရင်း စစ်ပွဲ အတွင်းမတော်တဆထိခိုက်မှု(collateral damage)ဆိုပြီး အသတ်ခံခဲ့ရပါတယ်။ စစ်မြေပြင်ထက် အပြင်မှာ ရန်သူ ပိုများလာအောင် ဖန်တီးသလို ဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဆက်စပ်လျက်ရှိတဲ့နိုင်ငံတကာငြိမ်းချမ်းရေးကြီးကြပ်ဆောင်ရွက်မှုတစ်ရပ်(Pax Americana)ဟာ ပြီးဆုံးပါပြီ။ အမေရိကရဲ့ စစ်အေးကာလနောက်ပိုင်း ကိုယ့်လူအနိုင်ရတဲ့အလွန်အမင်းပီတိဖြစ်မှု(triumphalism) ဟာ အရှေ့အလယ်ပိုင်းဒေသကို ချေမွဖျက်ဆီးခဲ့ပြီး မီးလောင်တိုက်သွင်းခဲ့ပါတယ်။
နိုင်ငံတကာစနစ်ကလည်း နယ်မြေအတွင်းအာဏာလွှမ်းမိုးမှု  ယှဉ်ပြိုင်ခြင်းအဆင့်ပေါင်းစုံရဲ့ တစ်ခုဖြစ်တဲ့ အရှေ့ အလယ်ပိုင်းဒေသဖြစ်စဉ်နဲ့အတူ အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းကမ္ဘာကိုလွှမ်းမိုးမှု(unipolar)ကနေ နိုင်ငံစုံ/ အဖွဲ့အစည်းစုံကနေ ကမ္ဘာကိုလွှမ်းမိုးမှု(multipolar world)ကို ပြောင်းလဲနေပါပြီ။
အီတာလျံ မာခ့် အတွေးအခေါ်ပညာရှင် အန်တိုနီယို ဂရမ်စီ(Antonio Gramsci) ကတော့“ကမ္ဘာကြီးက သေဆုံး နေပါပြီ၊ နောက်ကမ္ဘာသစ်က မွေးဖွားဖို့ ရုန်းကန်လှုပ်ရှားနေဆဲပါ၊ လက်ရှိကတော့ အလွန်ကြောက်စရာ ကောင်းတဲ့အချိန်ပါ”(“The old world is dying, and the new world struggles to be born: now is the time of monsters.”)လို့ ဖွဲ့ဆိုရေးသားခဲ့ပါတယ်။
ကျွန်မထင်တာကတော့ ဒီကိုးကားချက်က သမိုင်းမှာ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကို အမိအရ ပြောနေတယ်ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Credit Htun Naing Oo

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!