တရုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် အိန္ဒိယကုန်သည်များ အသင်းက တောင်းဆိုလိုက်ခြင်း
Confederation of All India Traders(CAIT)ကုန်သည်များအသင်း(အိန္ဒိယကုန်သည်သန်း၇၀လောက်ကိုယ်စားပြု)ကတရုတ် ကုန်ပစ္စည်းများတို့ကို အသုံးမပြုကြရန်နှင့်သပိတ်မှောက်ကြရန် မနေ့က တောင်းဆိုလိုက်သည်ဟုသိရသည်။ အဲဒီသတင်းနှင့်ပတ်သက်ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ကမှတ်ချက်ပေးစကား ပြောကြားခဲ့ရာမှာ
ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိကပင်ဖြစ်ကြောင်းနှင့် ပြည်သူတွေ မနှစ်ခြိုက်ပါက အတင်းတိုက်တွန်းလို့ မရနိုင်ဟု ပါးပါးနပ်နပ် ဆိုသွားခဲ့ပါသည်။
အိန္ဒိယဘက်က ကြာသပတေးနေ့တုန်းက ပြောကြားရာမှာပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုတစ်ခု ဖြစ်တဲ့Jaish-e- Mohammedအဖွဲ့ခေါင်းဆောင် Masood Azhar ကို အဓိက ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု့လုပ်ခဲ့သည့် အိန္ဒိယနှင့် ကုလသမဂ္ဂတို့ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်ဘက်က ဆန့်ကျင်ပြီးသေသေချာချာ စစ်ဆေးသုံးသပ်ပြီးမှသာ တရုတ်အနေဖြင့် Azar အား ခရီးသွားလာခြင်းအပါအဝင်၊ စီးပွားရေးအရေးယူ ပိတ်ဆို့မှု့ ၊ပြည်ဝင်ခွင့်၊တရုတ်ပြည်တွင်းဘဏ်များနှင့် လုပ်ငန်းသဘောဆက်နွှယ်မှု့ ဆိုင်ရာ ကိစ္စရပ်အားလုံးတို့အပေါ် ပိတ်ဆို့မှု့လုပ်သင့်၊မလုပ်သင့် ဆုံးဖြတ်မည် ဖြစ်ကြောင်းဆို ခဲ့သည့်အပေါ် အိန္ဒိယဘက်က အပြင်းအထန် ရှုံ့ချခဲ့ပြီး၊ တရုတ်ရဲ့ လုပ်ရပ်ဟာနှစ်နိုင်ငံကုန်သွယ်ရေးကိုပါ ထိခိုက်နိုင်ချေ ရှိစေနိုင်သည်ဟုတုန့်ပြန်ပြောကြားခဲ့သည်။
ပါကစ္စတန်မှာ အခြေစိုက်သည့် ၎င်းအကြမ်းဖက်အုပ်စုဟာ ပြီးခဲ့တဲ့လက ကက်ရှ်မီးယား ၌ အသေခံဗုံးခွဲတိုက်ခိုက်မှု့တစ်ခုကို လုပ်ဆောင်ခဲ့သလိုဖေဖော်ဝါရီ၁၄ရက်နေ့ ၌ အိန္ဒိယ စစ်သား ၄၀သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု့ရဲ့ အဓိက တရားခံလည်း ဖြစ်သည်။အဲဒီ လိုအကြမ်းဖက်အုပ်စုနှင့် Azharလို အကြမ်းဖက်ခေါင်းဆောင်တို့အား ဒဏ်ခတ်အရေးယူဖို့အရေး တရုတ်ဘက်က အချိန်ယူပြီး စနစ်တကျ စိစစ်သုံးသပ်ဖို့လိုကြောင်းအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ အိန္ဒိယဘက်ကတရုတ်ရဲ့ဆုံးဖြတ်ချက်ကို အပြင်းအထန်ဝေဖန်ခဲ့ပြီးအခုလို တရုတ်ပစ္စည်းများကို အိန္ဒိယနိုင်ငံသားတို့ မသုံးကြရန် အသံတွေထွက်လာခြင်းလည်းဖြစ်သည်။
ကျွမ်းကျင်သူအများစု ကတော့ တရုတ်ကုန်ပစ္စည်းများအပေါ် အခုလို သပိတ်မှောက်ခြင်းသည်က အလုပ်မဖြစ်နိုင်ကြောင်းနှင့် တရုတ်ထက် အိန္ဒိယ ကိုသာ ပိုပြီးအထိနာနိုင်ဟု သုံးသပ်ယူဆထားကြသည်။ပြီးခဲ့တဲ့ လက Holiပွဲတော်ကြီး၌ ပြည်တွင်း ကုန်သည်အများစု တို့က နေရာဒေသ အသီးသီးတို့်၌တရုတ်အ၀တ်ထည်များ၊ ကလေးကစားစရာပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများတို့ကို မီးပုံရှို့ခဲ့ကြသည်။မြို့တော် နယူးဒေလီ၊ Sadar ဈေးဟာ တရုတ်ပစ္စည်းအများစု ရောင်းချသည့် နေရာဖြစ်ပြီး၊ ရွေးကောက်ပွဲမဲဆွယ်သူများတို့က တရုတ်ပစ္စည်းများတို့ကို မီးရှို့ခဲ့ကြသည်။
CAIT ကတော့ မိုဒီ အစိုးရအားတရုတ်ပစ္စည်းများ အပေါ် အမေရိကန် က အကောက်အခွန်နှုန်း တိုးမြှင့် ကောက်ခံသည့်နှုန်းထက် ပိုမြှင့်ပြီး ရာခိုင်နှုန်းအားဖြင့် ၃၀၀% ကနေ ၄၀၀% အထိ တိုးမြှင့်ကောက်ခံရန် တိုက်တွန်းတောင်းဆိုထားသည်။ တရုတ်ဟာ အိန္ဒိယရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံကြီးဖြစ်နေလို့ မိုဒီအစိုးရအတွက် ဆုံးဖြတ်ရ ခက်နေသည့် အနေအထားမျိုး၌ ရှိနေပါသည်။ပြီးခဲ့တဲ့နှစ်၌တရုတ်က အိန္ဒိယမှာရင်းနှီးမြှုပ်နှံမှု့ လုပ်ရာတွင် အမေရိကန် နှင့် ဂျပန်တို့ထက်တောင် ပိုလွန်ခဲ့သည်။ ၂၀၁၇ထဲမှာအိန္ဒိယ၌တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု့တန်ဖိုးဟာ ဒေါ်လာ၃ဘီလီယံသာရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ်ကတော့ဒေါ်လာ ၅.၆ဘီလီယံအထိတောင် ရောက်ရှိခဲ့ပါသည်။
အိန္ဒိယမှာ ရှိနေတဲ့ ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်၅ခု တို့၌ ၄ခုလောက်က တရုတ်ကုမ္ပဏီများက ထုတ်လုပ်ကြတာ ဖြစ်ပြီး အိန္ဒိယသည် တရုတ်ဆီကနေ ဆက်သွယ်ရေး ပစ္စည်းများကို တစ်နှစ်လျှင် တန်ဖိုးဒေါ်လာ၁၀ဘီလီယံဖိုးလောက်အထိ တင်သွင်းနေပါသည်။၂၀၁၈ထဲမှာ အိန္ဒိယသည် တရုတ်နိုင်ငံမှ ကုန်စည်တန်ဖိုးဒေါ်လာ ၇၆ဘီလီယံလောက်အထိ တင်သွင်းခဲ့သည်။
အိန္ဒိယက တရုတ်သို့ ပြန်ပို့ရာမှာအများစုသည်ကုန်ကြမ်းများသာ ဖြစ်ကြပြီး ဒေါ်လာ ၁၈.၈ဘီလီယံဖိုးလောက်သာတင်ပို့နိုင်ခဲ့သည်။ အိန္ဒိယသည်လည်း တရုတ်နှင့်ကုန်သွယ်မှု့ ပြုရာမှာ အမေရိကန်လိုဘဲ ကုန်သွယ်ရေးလိုငွေသာ ရှိခဲ့သည်။ ၁၉၉၂-၁၉၉၃နောက်ပိုင်းကတည်းကနေ လက်ရှိအချိန်အထိ တရုတ်နှင့်ကုန်သွယ်မှု့ လုပ်ရာမှာ ကုန်သွယ်ရေးလိုငွေသာ ပြခဲ့သည်။
တရုတ်က အိန္ဒိယသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးဟာ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့တဲ့ ပို့ကုန်တန်ဖိုးအားလုံးပေါင်းရဲ့ ၂% လောက်သာ ရှိနေလို့ အိန္ဒိယ ကအမေရိကန်လုပ်သလို တရုတ်ကုန်စည်များအပေါ် စည်းကြပ်ခွန်တိုးမြှင့် ကောက်ခံခြင်း(သို့) တရုတ်ကုန်စည်များကို အိန္ဒိယ က သပိတ်မှောက်ခဲ့လျှင်လည်း သိပ်တော့ ဖြုံမယ့်ပုံ မပေါ်ပေ။ တရုတ်ဘက်ကတော့အိန္ဒိယသည် တရုတ်ကုန်စည်များတို့အပေါ်လက်ရှောင် သပိတ်မှောက်မှု့ မျိုးလုပ်ခဲ့မည်ဆိုပါက အလွန်မိုက်မဲရာ ကျလိမ့်မည်ဖြစ်ပြီး၊အိန္ဒိယနိုင်ငံကိုသာ ထိခိုက်မှု့ အများဆုံးရှိစေနိုင်မည်ဟု သတိပေး တုန့်ပြန်ပြောကြားခဲ့သည်။ အကျိုးဆက်အနေဖြင့်တော့ပတ်ဝန်းကျင်နိုင်ငံ တို့အတွက် အခွင့်အရေးကောင်းသဖွယ်ရှိလာနိုင်ပါသည်။
No comments:
Post a Comment