The Iraq War and Its Impact (အီရတ်စစ်ပွဲနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ)
Seoul :Emma Sky :3 April 2019
ဒီနေ့ ကျွန်မကို ဒီနေရာမှာ ဟောပြောဖို့ ဖိတ်ခေါ်တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါကျွန်မရဲ့ ပထမဆုံး ကိုရီးယားခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ အီရက်နိုင်ငံမြောက်ပိုင်း ဇေတုန်း (ဂျိုင်းထုံး) စခန်း (Camp Zaytoun)ကို သွားခဲ့စဉ်က အခါပေါင်းများစွာ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံက အရာရှိအမြောက် အများနဲ့တွေ့ဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ (“ခပ်ချီး ဂပ်ရှီဒါ”-ကိုရီးယားဘာသာ စကားဖြင့် အတူတစ်ကွ သွားစို့-“We Go Together”)။ ကျွန်မ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတာ သဘောကျခဲ့ပါတယ်။ ဒီနေ့ အီရက်မှာ ကာဒ်တွေဟာ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တွေကို ကာဒ် ဘာသာစာတန်းထိုးပြီး ကြည့်နေသလို ကိုရီးယားကိုယ်ခံပညာ တိုက်ကွမ်ဒိုကစားပြီး ကေပေါ့ပ်ဂီတတွေနားထောင်နေကြ ပါတယ်။
အီရက်စစ်ပွဲဟာ ဘယ်တော့မှ ပြန်ဖြစ်လာသင့်တဲ့အရာ မဟုတ်တော့ပါဘူး။ စစ်ပွဲဖြစ်ရတဲ့အကြောင်းတွေ ဟာ ဆဒမ်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက်တွေပိုင်ဆိုင်ရမယ်ဆိုတဲ့ အသိဉာဏ်အပေါ်မှာ အခြေခံနေခဲ့တဲ့ အသိတရား ဟာ မှားတယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
စစ်ပွဲအတွက် မှန်ကန်ကြောင်းထင်ရှားစေတဲ့အမှတ်အသား ကင်းမဲ့တယ်လို့ဆိုသော်လည်းပဲ ၂၀၀၃ ခုနှစ် အီရက် စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဘာမှထပ်မဖြစ်ခဲ့တာ မလွဲဧကန်ဖြစ်ပါတယ်။ ဆဒမ်ဟူစိန် မရှိလည်းပဲ ကမ္ဘာကြီးက မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကို ဖန်တီးဖို့ အခွင့်အရေးများစွာကို သူ လက်လွတ်ခဲ့ရတယ်လေ။
ဒါ့ကြောင့် ကျွန်မ ရှင်းပြချင်တာက အီရက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာကမှန်တယ်ဆိုတာပါပဲ။ အီရက်စစ်ပွဲ ကြောင့် အရှေ့အလယ်ပိုင်းကို ဘယ်လိုအကျိုးသက်ရောက်ခဲ့ပြီး အနောက်နိုင်ငံတွေအပေါ် ဘယ်လို နိုင်ငံရေးပေါက် ကွဲမှုတွေဖြစ်ခဲ့သလဲဆိုတာပါပဲ။
ဒါကြောင့် ပထမပြောလိုတာက ဘာကြောင့် အီရက် ပြည်တွင်းစစ်ပွဲ ပိုမိုဆိုးရွားလားသလဲဆိုတာပါပဲ။
၂၀၀၃ ခုနှစ်မေလမှာ ညွန့်ပေါင်းအဖွဲ့က ဘတ်သ်ပါတီကို ဖျက်သိမ်းခဲ့တယ်၊ လုံခြုံရေးအဖွဲ့တွေကို ဖယ်ထုတ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အီရက်ကိုအခြေခံအုတ်မြစ်အသစ်ပေါ်မှာတည်ဆောက်ဖို့ ဆဒမ်ဟူစိန်ရဲ့နိုင်ငံနဲ့ သူ့ပါတီ ကို ဆေးကြောပစ်ခဲ့တယ်။ စစ်ရာဇဝတ်ကောင်တွေနဲ့ အီရက်ပြည်သူတွေ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားတဲ့ ဒီလိုလူတွေကိုဖယ်ရှားလိုက်ယုံအစား ပြစ်ဒဏ် ကြီးကြီးမားမားပေးရမှာဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက နယ်ဖက်ဝန်ထမ်းထဲက ခေါင်းဆောင်တွေနဲ့ စီမံအုပ်ချုပ်သူတွေကို ထုတ်ပယ်ပစ်ခဲ့ပြီး အီရက်စစ်ရဲ တပ်ဖွဲ့ကို ဖျက်ပစ်ခဲ့တယ်။
ဒါပေမယ့် အီရက်မှာ ဆရာဝန်တစ်ယောက် ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘတ်သ်ပါတီဝင် တစ်ယောက် ဖြစ်ဖို့လိုအပ်ခဲ့တယ်။ ဒါကြောင့် ဘတ်သ်ပါတီဖျက်သိမ်းရေးမူဝါဒက ဆရာဝန်မရှိတဲ့ ဆေးရုံနဲ့ ဆရာမရှိတဲ့ စာသင် ကျောင်းတွေပဲ ကျန်ခဲ့စေတယ်။ အီရက်နိုင်ငံသား အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူတွေ အရှက်တကွဲ သိမ်ငယ်စိတ်ဖြစ်စေခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ညွန့်ပေါင်းအဖွဲ့သည် အီရက်စစ်ဖက်ကို ကျွန်မတို့ကိုမတိုက်ဖို့နဲ့ ကျွန်မတို့ သူတို့ကို လေးစားမှုနဲ့ ဆက်ဆံ ပါမယ် လို့ပြောတဲ့စာတွေကျဲချခဲ့ပါတယ်။ အီရက်စစ်ဖက်အများစုက ဆဒမ်ဟူစိန်ကို မုန်းနေတဲ့အတွက် ဆဒမ်အတွက် တိုက်ပွဲဝင်ဖို့ပြင်မထားခဲ့ပါဘူး။ သူတို့ အိမ်ပြန်သွားခဲ့ကျပြီး စစ်တန်းလျားကို ပြန်လာဖို့ ကျွန်မတို့ခေါ်တဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်မခေါ်ခဲ့ပါဘူး။ ဒီအစား ညွန့်ပေါင်းအဖွဲ့က သူတို့ကို ထုတ်ပယ်တဲ့ အမိန့်ပြန်တမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ စိတ်ဆိုးဒေါသထွက်ပြီး လက်နက်ကိုင်ခဲ့ကြပါတယ်။
ဘတ်သ်ပါတီကိုဖျက်သိမ်းခြင်းနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဖယ်ထုတ်ခြင်းအားဖြင့် ညွန့်ပေါင်းအဖွဲ့တွေက နိုင်ငံရဲ့အင်အားစုတွေကိုဖယ်ရှားခဲ့ပြီး တိုင်းပြည်ကိုအတူချုပ်ကိုင်ခဲ့ပါတယ်။ ပါတီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မရှိမဖြစ်လိုအပ်ခဲ့တာပါ။ အာဏာလစ်ဟာသွားတဲ့ ရလဒ်မှာ အီရက်နိုင်ငံသားတွေ ဂိုဏ်းဂဏဖွဲ့ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြတယ်၊ သူပုန်တွေနဲ့ ပြည်သူ့စစ်တွေ ပွထလာခဲ့တယ်၊ လူမှုရေးအစဉ်အလာတွေပြိုကွဲမှုဦးတည်လာပြီး အီရက်နိုင်ငံဟာပြည်တွင်းစစ်နွံ့ထဲ ဆင်းသက်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှ ကျူးကျော်သူတွေက သူ့နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ဝန်ထမ်း တွေကို ဖယ်ရှားခြင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်နေလိမ့်မယ်လို့ ကျွန်မမထင်ပါဘူး။
ဒါကြောင့် အီရက်မှာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိကကြောင်းအရင်းကတော့ တိုင်းပြည်ပြိုကွဲလို့ပါပဲ။
ပြည်တွင်းစစ်ဖြစ်ရတဲ့ ဒုတိယအကြောင်းရင်းကတော့ ငြိမ်းချမ်းရေးဖြေရှင်းမှုရဲ့ သဘောသဘာဝကြောင့် ဖြစ်ပါ တယ်။ ဆဒမ်ဟူစိန်က ပြိုင်ဖက်ဖြစ်လာနိုင်တဲ့မည်သူကိုမဆိုသတ်ပစ်ခဲ့တဲ့အတွက် အီရက်နိုင်ငံသစ်ကို ဦးဆောင်မယ့် တရားဝင်ခေါင်းဆောင်ရွေးချယ်ဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒါကို အကြံဉာဏ်ပေးတဲ့အနေနဲ့ အဖွဲ့ဝင် ၂၅ ဦးပါတဲ့ အီရက်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ အုပ်ချုပ်မှုကောင်စီရဲ့ အဖွဲ့ဝင် ၁၃ ဦးဟာ ရှီယားအာရပ်(Shia Arab)၊ ၅ ဦးက ကာဒ်(Kurdish)လူမျိုး၊ နောက် ၅ ဦးက ဆွန်နီအာရပ်(Sunni Arab)ထဲကဖြစ်ပြီး တာခ်(Turkmen) ၁ ဦးစီနဲ့ အက်စဆီးရီးယန်း ခရစ်ယာန်(Assyrian Christian) ၁ ဦးစီပါဝင်ပါတယ်။
ဒီနည်းလမ်းက နိုင်ငံကိုအုပ်ချုပ်တဲ့ အဖွဲ့အစည်းအတွင်းမှာ လူမျိုးတစ်မျိုးထဲကကြီးစိုးတာမဟုတ်ပဲ အချိုးအစား အလိုက် အများပါဝင်နိုင်အောင်လုပ်ခဲ့တာလို့ထင်ပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ အီရက်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဓိကဖွဲ့စည်းမှုအခြေခံစည်းမျဉ်းအရ လူမျိုးစုတွေနဲ့ ဂိုဏ်းကွဲအောင်လုပ်ခဲ့တာပါ။
နောက်ပြီးတော့ အီရက်နိုင်ငံနဲ့ ဆက်စပ်လွှမ်းခြုံနေတာ ဘာမှမရှိအောင်၊ သာမန်လူထုအတွင်းမဟုတ်ပဲ လူအဖွဲ့ အစည်းအတွင်း သဘောထားကွဲမှု ပေါ်လွင်နေအောင် လုပ်ခဲ့ပါတယ်။
လူမျိုးစုများစွာ၊ ယဉ်ကျေးမှုမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းများစွာနဲ့ ကာလရှည်ကြာစွာရှိနေတဲ့ အီရက်နိုင်ငံ ဟာ ဆွန်နီ၊ ရှီယာနဲ့ ကာဒ်တွေမှာဘယ်တုံးကမှ နိင်ငံရေးအုပ်စုတွေ တစ်သားတည်း မဖြစ်ခဲ့ပါဘူး၊ ၂၀၀၃ ခုနှစ်၊ ဘဂ္ဂဒက်မှာ လူမျိုးတူချင်းထိမ်းမြားလက်ထပ်တာ ခန့်မှန်း ၃၀ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။
ဒါ့အပြင် ရှီယားနဲ့ ကာဒ်တွေက ဆွန်နီတွေအပေါ် အီရန် မဟာမိတ်တွေက အာရပ်အမျိုးသားရေးဝါဒီ တွေအပေါ်၊ အစ္စလာမ်မစ်တွေက ဝါဒကွဲအယူသီးသူတွေရဲ့အပေါ် အုပ်စုတွေကြားမှာ အာဏာခွဲဝေမှုနဲ့ ပတ်သက်တဲ့ အပေးအယူ တွေကြောင့် ဆဒမ်ဟူစိန် လက်အောက်က ကျန်ရှိနေတဲ့သူတွေကို ထွက်ပြေး တိမ်းရှောင်သူတွေရဲ့ အနေအထားက အားကောင်းလာစေပါတယ်။
ညွန့်ပေါင်းအဖွဲ့က လုပ်ပိုင်ခွင့်အာဏာပေးထားသောခေါင်းဆောင်သစ်များသည် အောက်ခြေလူတန်းစား အနည်းစု၏ထောက်ခံမှုသာရှိပြီး လူထုကိုစည်းရုံးရန် အခြားလူများ၏ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခြင်းနှင့် အခြားသူ များ၏ရန်မှအကာအကွယ်ပေးမှုဆောင်ရွက်ပေးရန် ကတိပေးခြင်းဖြင့် ဂိုဏ်းဂဏ ဝါဒကို အသုံးပြုခဲ့ပါသည်။
ပြည်တွင်းစစ်ကြောင့် ပရမ်းပတာဖြစ်နေသည့်အထဲ အယ်လ်ခိုင်ဒါ(al-Qaeda)အဖွဲ့က အီရတ်၏တစ်စိတ် တစ်ဒေသကိုသိမ်းပိုက်ထားပါတယ်။ ဂျော်ဒန်ဂျီဟဒ်ဝါဒီ(Jordanian thug)အဖွဲ့ ဦးဆောင်မှုနဲ့ အဘူ မူဆဗ် အယ်လ်ဇာကာဝီ(Musab al-Zarqawi)သည် ရှီးယားပြည်သူများကို အဆက်မပြတ်တိုက်ခိုက်နေခဲ့ပြီး ကာလီဖိတ် နိုင်ငံတော်နှင့် အစားထိုးနိုင်သည့် ဂိုဏ်းအုပ်စုများမှပြန်လည်တုံ့ပြန်ရန်စရန် ခေါင်းဖြတ်သတ်ခြင်းနှင့် စက်ဆုတ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဗီဒီယိုများထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ရှီယားစစ်သွေးကြွတွေက ဆွန်နီတွေကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့ရာမှ သူပုန်တွေကိုသာမကဘူး နယ်မြေရှင်းလင်းရေးနဲ့ ညွန့်ပေါင်းတပ်တွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကုန်မှာတော့ အီရက်ဟာ အသူတစ်ရာနက်တဲ့ချောက်ထဲကိုကျဖို့ ဦးတည်နေပါပြီ။ အီရက်နိုင်ငံ ကွယ် ပျောက်တော့မယ်လို့ လူတိုင်းတွေးနေခဲ့ကြပါတယ်။ နေ့စဉ်နဲ့အမျှ လူသေကောင်တွေ ဘဂ္ဂဒက်မြို့ရဲ့ လမ်းပေါ်မှာ တွေ့နေခဲ့လိမ့်ပါမယ်။ ဒီအလောင်းတွေဟာ ဆွန်နီ သို့မဟုတ် ရှီယာတွေဖြစ်မယ်၊ သူတို့ခေါင်းမှာ သေနတ်ဒဏ်ရာ သို့မဟုတ် တင်ကျင်လျှိုပြီး အသတ်ခံထားရမယ်ဆိုတာ ခင်ဗျားတို့ သေချာပေါက် ပြောနိုင်မှာပါပဲ။ အီရက်နိုင်ငံသား သိန်းနဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ သန်းပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေဖျက်ဆီးခံရမှုနဲ့အတူ အီရက်နိုင်ငံဟာ တစ်ရက်ကို နာရီအနည်းငယ်ပဲ လျှပ်စစ်မီးရခဲ့ပါတယ်။
နောက်ဆုံးပုံအောတဲ့စွန့်စားမှုအနေနဲ့ သမ္မတ ဂျော့ခ်ျ ဒဗလျူဘုတ်ရှ်(George W Bush)က အကြမ်းဖက်မှု ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ ကူညီဖြေရှင်းဖို့ အီရက်ကို တပ်ဖွဲ့ဝင် ၂၀၀၀၀ ထပ်ပိုးစေလွှတ်တဲ့ ကြေငြာချက်ထုတ် ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပီးထရပ်စ်(Petraeus)ကို မဟာဗျူဟာဆိုင်ရာတပ်မှူးနဲ့ ဗိုလ်ချုပ်ကြီး အိုဒီရာနို (Odierno)ကို စစ်ဆင်ရေးတပ်မှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။
အိုဒီရာနိုရဲ့ နိုင်ငံရေးအကြံပေးအနေနဲ့ ကျွန်မရဲ့ လက်ငင်းလုပ်ငန်းတာဝန်က ပြသနာတွေကို ကောင်းစွာ နားလည် သဘောပေါက်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့ကို ကိုညီဖို့ပါပဲ။ ဘာတွေက မတည်ငြိမ်မှုဖြစ်အောင် တွန်းအားပေး မောင်းနှင် နေတာလဲ? ဘာကြောင့် ဒီနေရာမှာ အကြမ်းဖက်မှုတွေ အများအပြားဖြစ်နေတာလဲ? ဘယ်သူတွေက တိုက်ခိုက်နေတာလဲ? ဘာကြောင့်တိုက်ခိုက်နေတာလဲ?
အီရက်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ကျရှုံးနေတဲ့နိုင်ငံ(failed state)တစ်ခုမှာ အာဏာနဲ့ သယံဇာတတွေပိုင်ဆိုင်မှု အတွက် အမျိုးမျိုးသောလူမှုအဖွဲ့အစည်းအုပ်စုတွေကြားက တိုက်ပွဲဆိုတာ ကျွန်မတို စစ်ဆေးအဖြေရှာတွေ့ခဲ့ ပါတယ်။
ကျွန်မတို့ရဲ့ မဟာဗျူဟာအသစ်ကတော့ သူပုန်တွေရဲ့ရန်မှ အီရက်ပြည်သူလူထုကို အကာအကွယ်ပေးဖို့ အဓိက အာရုံစိုက်မှုကို ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်စစ်ဖက်က နိုင်ငံပြိုကွဲ့မှုကြောင့်အာဏာလစ်ဟာမှု(power vacuum)ဖြစ်တဲ့နေရာကို ဖြည့်ခဲ့ပါတယ်။ ။
အမေရိကန်စစ်သားတွေဟာ တပ်စခန်းအပြင်ဖက်ထွက်ပြီး အီရက်ပြည်သူတွေကြားထဲမှာ နေထိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ ဒီတိုက်ပွဲတွေကြား မသွားနိုင်ပါဘူး။
အမေရိကန်စစ်သားတွေဟာ အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်မြေတစ်ခုပြီးတစ်ခု အလုပ်လုပ်ခဲ့ပြီး အီရက်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှုနယ်ပယ်ကို မြှင့်တင်တည်ဆောက်ပေးခဲ့ပါတယ်။
အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ နယ်မြေရှင်းလင်းတယ်၊ နယ်မြေကိုထိန်းချုပ်တယ်၊ တည်ဆောက်ခဲ့ပါတယ်။။
ထပ်ပြောရမယ်ဆိုရင် ကျွန်မတို သူပုန်တွေဟာ ဘယ်သူတွေဖြစ်တယ်၊ သူတို့ဘာလိုချင်တယ်ပြီးတော့ သူတို့ ပြန်လည်စေ့စပ်လို့ရမလား ဒါမှမဟုတ် ခပ်နာနာလေးရိုက်ရမှာလား ဆိုတာကို သိအောင်လုပ်နိုင်တဲ့အခြေအနေအထိ လုပ်နိုင်ခဲ့ပါတယ်။
ရန်သူကို ခွဲခြားဖို့နဲ့ ဦးတည်ပစ်မှတ်သတ်မှတ်ဖို့ စစ်ဖက်ကို သုံးခဲ့ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်သူတွေဆိုတာ နားလည်ဖို့နဲ့ သူတို့ လိုချင်တဲ့ အဓိကအခက်အခဲက ဘာလဲ၊ ဘယ်လိုအချိန်မှာ ကျွန်မတို့စစ်သားတွေကို တိုက်ခိုက်သလဲဆိုတာတွေကို နားလည်အောင်ကြိုးစားပြီး စိတ်နေစိတ်ထားတစ်ရပ် ပြောင်းလဲအောင်လုပ်ဖို့ လိုအပ်ပါတယ်။
အမေရိကန်စစ်ဖက်က အစိုးရသစ်ကိုဖြုတ်ချဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံနေတယ်လို့ အီရက်လအစိုးရက သံသယအကြီးအကျယ်ဝင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ပီးထရပ်စ် ထပ်ခါထပ်ခါပြောတာကတော့ “သင့်အနေနဲ့ သင့်ရဲ့ နည်းလမ်းကို ပုန်ကန်ထကြွမှုတစ်ခုနဲ့ အဆုံးမသတ်နိုင်ပါဘူး” ဆိုတာပါပဲ။
သောင်းကျန်သူတန်ပြန်နှိမ်နင်းရေးဆိုတာ ယုံကြည်ကိုးကွယ်မှုအသစ်တစ်ခုပါပဲ။
စစ်ပွဲ၏ပထမပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုင်ရာ မဟာဗျူဟာနဲ့ အရင်းအမြစ် တွေရှိခဲ့ပါတယ်။ ဆွန်နီလူမျိုးစုတွေဟာ အယ်လ်ခိုင်ဒါ(AQI)တွေရဲ့မနှစ်မြို့မှုနဲ့ သူတို့ဟာ ပြည်တွင်းစစ်အတွင်း ရှီယားစစ်သွေးကြွတွေကိုရှုံးနိမ့်ခဲ့တယ်ဆိုတာ အမှန်အတိုင်းသိလာပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပြန်လည် သင့်မြတ်ရေးညှိနှိုင်းဖို့နိုးကြားလာခဲ့ပြီး အယ်လ်ခိုင်ဒါ(AQI)တွေကို ပြန်လည်ဆန့်ကျင်လာခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေရဲ့ ဘေးမှာကပ်လျက်အလုပ်လုပ်ရင်း အီရက်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ရှီယားပြည်သူပြည်သားများဟာ ပိုကောင်းတဲ့ အကာအကွယ်တွေရရှိခဲ့ပါတယ်။ ရှီယား စစ်သွေးကြွတွေဟာ လူထုထောက်ခံမှုကျဆင်းပြီး တပ်ဖွဲ့ဖျက်သိမ်းခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ နိုင်ငံဟာ အားကောင်းလာခဲ့ပါတယ်၊ အဖွဲ့အားလုံးဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် လာခဲ့ပြီး ပြန်လည်ရင်ကြားစေ့လို့မရတဲ့ အစွန်းရောက်တွေဟာ အဖမ်းခံရတာတွေ ဒါမှမဟုတ် အသတ်ခံရ တာတွေဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။
ကျွန်မတို့ ဆောင်ရွင်တာတွေဟာ အီရက်ပြည်သူတွေအတွက် သူတို့နိုင်ငံကို မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဦးဆောင် နေတယ်လို့ ခံစားလာခဲ့ပါတယ်။
ပြီးတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်သလဲဆိုတာ ကျွန်မဆန္ဒကို ပြောချင်ပါတယ်။ ဒါပေမယ့် “အလိုလေး” ဒါတွေ ဒီလိုဖြစ်မလာခဲ့ပါဖူး။
အားလုံးကို ချပြပါမယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်မ ရှင်းပြပါမယ်။
၂၀၁၀ ပြည့်နှစ် နိုင်ငံတော်ရွေးကောက်ပွဲမှာ မဲပေးတဲ့ ပြည်သူလူထု အလွန်များပါတယ်။ အီရက်ပြည်သူတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုရှိနေကြပါတယ်။ အီရက်ပြည်သူတွေဟာ ဂိုဏ်းအုပ်စုအစွဲတွေကို ကျော်လွန်ပြီး အရွေ့တစ်ခုကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်အပြည့်အဝရှိနေကြတယ်။ သူတို့ဟာ ဘာသာရေးအုပ်စုဝါဒီ တွေကို စိတ်ကုန်နေကြပါပြီ။
အယဒ် အာလာဝီ(Ayad Allawi) (ရှီယားလူမျိုးစု) ခေါင်းဆောင်သော အီရက်ကီယား(Iraqiyya)ပါတီဟာ ဘာသာရေးအုပ်စဝါဒကို အခြေမခံပဲ “အီရက်ပြည်သူအားလုံးအတွက် အီရက်နိုင်ငံ” ဟု မဲဆွယ်ခဲ့ပါတယ်။ ထို့အတွက် အီရက် ဆွန်နီများ၊ ရှီယား မျိုးနွယ်စုများနှင့် လူနည်းစုရဲ့ထောက်ခံမှု ရရှိဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးချုပ် နျူရီ အယ်လ် မာလီကီ(Nuri al-Maliki)ဟာ ရွေးကောက်ပွဲ ရှုံးနိမ်မှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဘယ်သူမှ ရွေးကောက်ပွဲမရှုံးခဲ့ပါဘူး။ သူက မဲပြန်ရေတွက်ဖို့တောင်းဆိုခဲ့ပြီး အီရက်ကီယား(Iraqiyya)ပါတီအနိုင်ရတဲ့မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်တွေကို အရည်အချင်းမပြည့်မီသူတွေအဖြစ် သတ်မှတ်ဖို့ကြိုးစားရာမှာ ဘတ်သ်ပါတီသန့်စင်ရေး(Debaathification) အဖြစ်သတ်မှတ်အသုံးပြုခဲ့ပြီး ဆန္ဒမဲတွေကိုပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲက သူ့ရဲ့အောင်နိုင်မှုကိုပေးဖို့ မအောင် မြင်တော့ မာလီကီ ဟာ ထပ်ပြီးတော့ သူ့ရဲ့ပြိုင်ဖက်တွေကို ခြိမ်းခြောက်ခဲ့တယ်၊ သူ့ကို အသာပေးဆုံးဖြတ်ဖို့ ရွေးကောက်ပွဲခုံရုံးတရားသူကြီးတွေအပေါ် ဖိအားပေးခဲ့ပါတယ်။ မာလီကီ ဟာ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ အတွက် ဘာမှလုပ်ဖို့ကို ပြင်ဆင်မထားခဲ့ပဲ သူ့ရဲ့ ရှင်သန်ရပ်တည်ရေးကိုသာ အရမ်းအလေးပေးလာခဲ့ပါတယ်။
ဒါတွေဟာ ဘာလုပ်ရမယ်ဆိုတဲ့ အမေရိကန်စနစ်အတွင်းမှာ ကွဲပြားမှုအများကြီးဖြစ်နေပါတယ်။ အချို့ကတော့ ငြင်းဆိုကြပါတယ်။ အမေရိကန်အနေဖြင့် အီရာဂျီရာ(Iragiya)တို့ အနိုင်ရတဲ့နယ်မြေတွေမှာ အီရက်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိပြီး ပါလီမန်စနစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရင်ဆုံးအစိုးရဖွဲ့ရန် အခွင့် အရေးကို အားပေးထောက်ခံသင့်တယ်လို့ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အီရက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ အိုဘားမား(Obama)ရဲ့ လက်ထောက် အဖြစ် ခန့်ထားတဲ့ ဂျိုးဘိုင်ဒင်(Joe Biden)က အမေရိကန်အနေနဲ့ ဝန်ကြီးချုပ်တာဝန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာအနိုင်မရပေမယ့် အမေရိကန်ရဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းအထိ အီရက်မှာ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အီရက်မှာဆက်လက် ချထားဖို့သဘောတူညီမှုတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် အခြေအနေတစ်ခုရမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် တာဝန် ဒုတိယသက်တမ်းအတွက် လက်ရှိဝန်ကြီးချုပ် နျူရီ အယ်လ် မာလီက (Nuri al-Maliki)နဲ့ အီရက် အမျိုးသားရေးဝါဒီသမားတွေကို ထောက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲအလယ်လောက်မှာ အီရက်အစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့အသေချာဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတစ်ခု ပါပဲ။
ဒါပေမယ့် အီရက်နိုင်ငံရေးသမားတွေက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မာလီကီကို ဖယ်ရှားရေး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင် မဲခွဲဖို့ ကြိုးပမ်းရင်း အချိန်တွေကုန်ဆုံးခဲ့တယ်၊ ဒီလို ကြောက်မက်ဖွယ်ရာတွေက မာလီကီ ကို အာဏာရှင်ဖြစ်ရေး အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေက အမေရိကန် ရဲ့ ဖိအားကို အလျော့ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အီရန်က အခွင့်အရေးတစ်ရပ် အစိုးရဖွဲ့စည်းမှုပုံစံကို ထိခိုက်ရန်ချယ်လှယ်မှုကို ဦးတည်စေသည့် လုပ်ရပ်များဆောင်ရွက်ခြင်းဖြင့် လွှမ်းမိုးမှုမြှင့်တင်ရန် အခွင့်အရေးတစ်ရပ်ရရှိပြီး အာရုံလွှဲနိုင်ခဲ့ပါတယ်။ ဒါဟာ ဆုံးဖြတ်ချက်လည်းဖြစ်ပြီး မာလီကီ ကို ဝန်ကြီးချုပ်အနေဖြင့် ဆက်လက်ထားရှိမယ် ဒါပေမယ့် အမေရိကန်တို့နဲ့ တော့အကြောင်းရင်းက ကွဲပြားပါတယ်။ မာလီကီ ဟာ သူ့ဒေသအတွင်းမှာ စက်ဆုပ်အထင်အမြင်သေးခံနေရတယ် ဆိုတာ အီရန်က သိခဲ့ပြီးတော့ ဒါဟာ အာရပ်ကမ္ဘာအတွင်းမှာ အီရက်ရဲ့ ပြန်လည်ပေါင်းစည်းတည်ထောင်မှုကို ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ အီရန် ဟာ အမေရိကန်ဆန့်ကျင်တဲ့ အစ္စလာမ်မစ်အမျိုးသားရေးဝါဒီသမား (Sadrists)တွေကို မာလီကီ ရဲ့ ဝန်ကြီးချုပ် သက်တမ်း ဒုတိယအကြိမ်နဲ့ ၂၀၁၁ ခုနှစ်ကုန် အမေရိကန်တပ်တွေ အားလုံး အီရက်ကနေထွက်သွားတဲ့ အခြေအနေတစ်ရပ်အထိ မာလီကီ ကို ထောက်ခံဖို့ ဖိအားပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဒုတိယသက်တမ်းအတွက်သေချာသွားတဲ့အခါ မာလီကိ ဟာ ဆွန်နီ နိုင်ငံရေးသမားတွေကို အကြမ်းဖက် သမားတွေအဖြစ် စွပ်စွဲခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေကနေ မောင်းထုတ်ခဲ့ပါတယ်။ မာလီကီ ဟာ အီရက်မှာရှိတဲ့ အယ်လ်ကိုင်ဒါ(al-Qaeda)တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူမျိုးစုခေါင်းဆောင်တွေကို သူပေးထားတဲ့ ကတိကို ထပ်ကာထပ်ကာ ပြောပါတယ်။ မာလီကီ ဟာ ဆွန်နီအုပ်စု(en masse)တွေကိုဖမ်းဆီးခဲ့ပြီး သူ့ရဲ့အာဏာကို ထိန်းကျောင်းတယ်လို့ထင်ရတဲ့ ဒီမိုကရေစီအဖွဲ့အစည်းကို အမြစ်လှန်ဖြိုချခဲ့ပါတယ်။ ဆွန်နီ ဆန့်ကျင်သူတွေဟာ ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက အီရက်မှာ အယ်လ်ကိုင်ဒါအကြွင်းအကျန် တွေရဲ့ အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေး ထကြွနိုင်တဲ့အခြေအနေကို ဖန်တီးခဲ့ပြီး အီရန်ကျောထောက် နောက်ခံပြုထားတဲ့ မာလီကီ ရဲ့ ဂိုဏ်းဂဏစွဲနဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဆွန်နီတွေကို ကာကွယ်စောင့်ရှောက်သူ အဖြစ် အယ်လ်ကိုင်ဒါတွေက ကြေငြာခဲ့ပါတယ်။
ကဲဟုတ်ပြီ အီရက်စစ်ပွဲက ဒေသတွင်း ဘယ်လိုရိုက်ခတ် သက်ရောက်ခဲ့သလဲ?
အီရက်စစ်ပွဲဟာ ဂျီဟဒ်မျိုးဆက်သစ်တစ်ခုကို စုဆောင်းမွေးထုတ်ပေးခဲ့ပါတယ်။
ဒါဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာမှာ အီရန်ရဲ့ အလေးသာမှုကို ပြောင်းလဲခဲ့ပါတယ်။ ဆဒမ်ရဲ့ အီရက်နိုင်ငံဟာ အီရန်ကို အာဏာချိန်ခွင်လျှာအနေနဲ့ ကိုင်စွဲထားတဲ့အာရပ်ကမ္ဘာရဲ့ ခံတပ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အီရန်ဟာ အီရက်ရဲ့ နိုင်ငံခြားဆက်ဆံရေးပါဝါမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေပါပြီ။ ဒီနှစ် အစောပိုင်းက အမေရိကန်တပ်မတော် ဟာ အီရက်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ကာလရှည်ကြာစွာလေ့လာပြီးတဲ့နောက် ဒီစစ်ပွဲမှာ တစ်ကယ်အောင်မြင်မှုရ သွားတာဟာ အီရန်နိုင်ငံပဲဖြစ်တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။
အီရက်စစ်ပွဲဟာ အနောက်ကမ္ဘာကို ကြီးမားတဲ့အမာရွက်တွေထင်ကျန်စေခဲ့ပါပြီး အာဏာဖြန့်ကျက်ဖို့အတွက် စိတ်မပါအောင်ဖြစ်ခဲ့စေပါတယ်။
အာရပ်နွေဦးတော်လှန်ရေးကာလအတွင်း အားလုံးက ဆီးရီးယားကို ဦးတည်နေခဲ့တယ်။
ကျွန်မရှင်းပြပါရစေ။
၂၀၁၁ ခုနှစ်ကို ပြန်တွေးကြည့်လိုက်ပါ။ လူငယ်တွေ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ အလုပ်အကိုင်ရရှိဖို့အတွက် ဒေသတစ်လွှား လမ်းတွေနဲ့ ရင်ပြင်တွေကို ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ရန် အင်တာနက်နဲ့ လူမှုကွန်ယက်တွေကို အသုံးပြုခဲ့ပြီး လူတွေစုဝေးခဲ့ပါတယ်။
ကျွန်မ တစ်ဦးတည်းအနေနဲ့ ဒီလူထုအုံကြွမှုဟာ ဒီဒေသကလူတွေအတွက် ပိုကောင်းတဲ့အနာဂတ်ကို ဖြစ်စေလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောင်းလဲဖို့ လှုံဆော်မှုက ပြည်ပနိုင်ငံတွေက ဝင်စွက်ဖက်တာထက် အထဲက ပြည်သူလူထုအတွင်းက လာခဲ့တာဖြစ်လို့ပါ။ ဒီတော်လှန်ရေးရဲ့ စွမ်းအင်နဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ် တွေကနေ အတွေ့အကြုံရယူဖို့ ကျွန်မ အိတ်တစ်လုံးပြင်ပြီးတော့ အာရပ်နွေဦးဆီကို ခရီးထွက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့ အကောင်းမြင်ဝါဒဟာ ကျွန်မ ဆီးရီးယားကို ရောက်ခဲ့တော့ လွင့်စင်ပျောက်ပျယ်ခဲ့ပါတယ်။
သမ္မတ ဘာရှား အယ်လ် အာဆဒ်(Bashar al-Assad)က ဆီးရီးယားဟာ အာရပ်နွေဦးတော်လှန်ရေးရဲ့ ရိုက်ခတ်မှု ခံရလိမ့်မယ်လို့ မယုံကြည်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူဟာ ဆယ်စုနှစ်တစ်ခုအတွင်း အာဏာအသစ်တစ်ခု လုံးဝရရှိထားခဲ့ပြီး ငယ်ရွယ်သူဖြစ်တာကိုး။
အမေရိကန်ပြည်ထောင်စုနဲ့ ညွန့်ပေါင်းအဖွဲ့တွေက အာဆဒ်ကို ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာမှုကို တွန်းအားပေးဖို့ အနည်းဆုံးသော အထောက်အပံ့ပေးခဲ့ပါတယ်။ ဆန့်ကျင်ဖက်အုပ်စု အစိတ်အပိုင်း များက လက်နက်ကိုင်စွဲခဲ့ကြပြီး ပြည်တွင်းရေးပဋိပက္ခမှာ ပြင်ပအကူအညီကို ရှာဖွေခဲ့ကြပါတယ်။ တူရကီ၊ ဆော်ဒီ အာရေဗျ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကာတာနိုင်ငံတို့ဟာ အီရန်ဆွန်နီတွေရဲ့ စစ်ဖက်အကြံပေးတွေ စေလွှတ်ထားမှု ကို ယှဉ်ပြိုင်ဖို့ လက်နက်နဲ့ ငွေကြေးထောက်ပံ့ခဲ့ကြသလို လက်ဘနွန်၊ အီရက်နဲ့ အာဖဂန်နစ္စတန်တို့က ရှီးယား စစ်သွေးကြွတွေကလည်း အာဆဒ်ရဲ့တိုက်ပွဲဝင်ဖို့ပြင်ထားတဲ့ အစိုးရကို ကျားကန်ပေးရန်လုပ်ခဲ့သလို ရုရှားကလည်း လေကြောင်းစွမ်းအားနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဓါတုလက်နက်များ သုံးစွဲမှုကြေငြာချက်က အနီရောင်အဆင့် သတ်မှတ်ချက် ရောက်နေပေမယ့်လည်း ဂိုအူတာ (Ghouta)အရှေ့ပိုင်းအနီး ဒမတ်စကက်စ်မှာရှိတဲ့ ပြည်သူလူထု ၁,၄၀၀ လောက်ကို ၂၀၁၃ ခုနှစ်မှာ အာဆဒ်က အဆိပ်ဓါတ်ငွေ့နဲ့တိုက်ခိုက်သတ်ဖြတ်ပြီးတဲ့နောက်ပိုင်း အိုဘားမား ဟာ ပဲ့တင်ထပ်တဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေနဲ့ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ အိုဘားမား ဟာ ဗြိတိသျှပါလီမန်မှာ ဒေးဗစ်ကန်မရွန်း(David Cameron) ရဲ့ စစ်ရေးအရအရေးယူရန်အဆို ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အုပ်ချုပ်မှုအပေါ် ဦးတည်ချက်ထားတဲ့ စစ်ရေးအရ တိုက်ခိုက်မှုကို နောက်ပြန်ဆုတ်ခဲ့ပါတယ်။ အိုဘားမား ဟာ အာဆဒ် ရဲ့ ဓါတုလက်နက်ဖယ်ရှားရန် ရုရှား ရဲ့ နောက်ဆုံး အချိန်အထိ အကြံပြုချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ အာဆဒ် ဟာ အရေးယူခံရခြင်းမှ လွတ်ငြိမ်းခွင့် ရမှု(let off the hook)နှင့် သူ့ရဲ့ ပြည်သူကို ဆက်လက်သတ်ဖြတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ပြီး သူတို့ကို နိုင်ငံအပြင်ကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဓါတုလက်နက်တွေကိုလည်း သုံးစွဲခဲ့ပါတယ်။
အိုဘားမားရဲ့ အာဏာဖြန့်ကျက်ရန်စိတ်မပါမှုက အမေရိကန်မိတ်ဆွေတွေကိုထိတ်လန့်စေပြီး ရန်သူကိုအားပေးမှု ဖြစ်နေခဲ့ပါတယ်။ အိုဘားမား က အရှေ့အလယ်ပိုင်းဟာ အမေရိကန်အကျိုးစီးပွားအတွက် ရေရှည်အရေးမပါတော့ ကြောင်း၊ အဲဒီမှာ အမေရိကန်အနေနဲ့ ပျက်စီးခဲ့သမျှပြင်ဆင်ဖို့လုပ်စရာအနည်းငယ်ကျန်တော့ကြောင်းနဲ့ အမေရိကန် ရဲ့ ဒီလိုလုပ်ဖို့ ကြိုးပမ်းအားထုတ်မှုဟာ စစ်ပွဲဖြစ်မှု၊ အမေရိကန်စစ်သားတွေ ဆုံးရှုံးမှု၊ အမေရိကန် အာဏာစက်နဲ့ ဂုဏ်သိက္ခာလျော့ပါးမှုကို မလွဲမသွေ ဦးတည်လိမ့်မယ်လို့ ငြင်းဆိုကန့်ကွက်ခဲ့ပါတယ်။ အိုဘားမား ဟာ အီရန်ကဲ့သို့ နျူကလီးယားနှင့်ဆက်စပ်မှုတစ်ရပ်ရှိသော၊ အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ လက်ရှိမဟာဗျူဟာနှင့် အီရန်၏ အန္တရာယ်ဖြစ်လောက်အောင်စိုးရိမ်ဖွယ်နယ်မြေချဲ့ထွင်မှုအပေါ် တုံ့ပြန်ရန်စိတ်မပါခြင်းသည် သဘောတူညီမှု တစ်ရပ် သို့ ရောက်ရှိရန် အခွင့်ရေးတစ်ရပ်ဟု မြင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ကွယ်ကဦးဆောင်မယ်('leading from behind') ဆိုတဲ့ အချက်ပေးမှုနဲ့ အာရှဒေသ အပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၏ အချက်အချာအဖြစ် အာရုံစိုက်မှုတွေနဲ့ အိုဘားမား ဟာ ရုရှား၊ အီရန် နဲ့ စစ်သွေးကြွတွေ ဝင်ရောက်ဖြည့်နိုင်တဲ့ ကွက်လပ်တစ်ခု ကို ဖန်တီးခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာတော့ အိုက်စက်စ်(ISIS)တွေဟာ အီရက်နဲ့ ဆီးရီးယားမှာ လူ ၁၀ သန်းလောက်ကို ထိန်းချုပ်ထား နိုင်ခဲ့ပြီး ၂ နိုင်ငံနယ်စပ်တစ်လျှောက် အတင်းအကြပ်ကိုင်ချဲ့ထွင်သိမ်းပိုက်ခဲ့ရာ ယူနိုက်တက်ကင်းဒမ်း( UK)ရဲ့ နယ်မြေအရွယ်အစားလောက်အထိ ဖြစ်ပါတယ်။
အီရက်နဲ့ ဆီးရီးယား ဟာ စစ်မြေပြင် ဖြစ်လာခဲ့ပါတယ်။ အနာဂတ်ဟောပြောသူတွေ၊ တရားဥပဒေပညာရှင်တွေနဲ့ ပထမဆုံး နိုင်ငံတည်ထောင်ခဲ့တဲ့ ဒီနယ်မြေဟာ ဘာသာရေးပဋိပက္ခ၊ ရက်စက်ယုတ်မာမှုနှင့် မင်းမဲ့ဝါဒီတွေ လွှမ်းမိုးမှု ကြောင့် နာမည်ဆိုးနဲ့တစ်ခါ ကျော်ကြားလာခဲ့ပါတယ်။ ရှေးကာလက ကုန်သွယ်ရေးမြို့တော်ကြီးတွေ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့ဆက်ဆံရေးမှာ နယ်မြေဒေသအမျိုးမျိုးနဲ့ အချက်အချာဖြစ်ခဲ့တဲ့ ဒေသကြီးဟာ တစ်စီဖြစ်တဲ့အထိ ပျက်စီးလာ နေပါတယ်။ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ ကာလီဖိတ်(caliphate)နိုင်ငံတော်တစ်ခု နိုးထမှုမှာ စည်းကမ်း တင်းကြပ်သော၊ သည်းမခံသော၊ ကျားဝါဒီကြီးစိုးသော၊ မျက်စေ့တစ်ဖက်နားတစ်ပေါက်သာရှိသော ဝါဒီများ၏ ဘဝ တစ်လျှောက်လုံး တင်းကြပ်သောဘာသာရေးအယူဝါဒစိတ်ကူးနှင့် ပြစ်ဒဏ်သတ်မှတ်မှု ရည်ရွယ်ချက်ကြောင့် လူထောင်ပေါင်းများစွာဟာ ခေါင်းဖြတ်အသတ်ခံရတာတွေ ဒါမှမဟုတ် ကျွန်ပြုခံခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ခုက “အီရက်နဲ့ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော်”(ISIS)ကို တိုက် ခိုက်ဖို့ စုစည်းခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို တုန့်ပြန်တိုက်ခိုက်တဲ့ စစ်ပွဲက အယ်လ်ကိုင်ဒါ(AQl) တွေကို တုန့်ပြန်တိုက်ခိုက်တာထက် အလွန်ကိုကွဲပြားခြားနားမှုရှိစွာ စစ်ပွဲဆင်နွဲခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် ဆွန်နီတွေရဲ့ နိုးကြားမှုကို ပြန်ကြည့်ရင် ညွန့်ပေါင်းအဖွဲ့က ဆွန်နီတွေ အယ်လ်ကိုင်ဒါ(AQl)ကို တုန့်ပြန်တိုက်ခိုက်ဖို့ ဆွန်နီ လူမျိုးစုတွေကို ထောက်ပံ့ခဲ့ပါတယ်။ ဒါဟာ သူတို့ကို သူပုန်မဟုတ်ကြောင်း ဂုဏ်ပြုတဲ့နည်းလမ်းတစ်ခုနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့လမ်းကြောင်းတစ်ခုအနေနဲ့ အထောက်အကူပြုခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့အများအပြား မပါဝင်ခဲ့သလို ဒေသခံဆွန်နီအုပ်စုတွေကိုလည်း အထောက်အပံ့မပေးခဲ့ပါဘူး။ ဒီအစား ကာဒ်လက်နက်ကိုင်(Kurdish)နဲ့ ရှီယား စစ်သွေးကြွတွေကို အထောက်အကူပြုတဲ့အနေနဲ့ လေကြောင်းစွမ်းအားကိုပဲ မှီခိုအားထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အထိ အမေရိကန်ပြည်ထောင်စုက အီရက်နဲ့ ဆီးရီးယားမှာ ဗုန်းတန်ချိန်ပေါင်း ၂၄.၂၈၇ တန် ကို ကြဲချခဲ့ပါတယ်။
စစ်ရေးရည်မှန်းချက်ကတော့ ISIS တွေကို ချေမွဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ဆောင်ရွက်မှုကြောင့် မြို့ရွာများကိုလည်း ပျက်စီးစေခဲ့သလို အပြစ်မဲ့ အရပ်သားပြည်သူလူထု ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး စစ်သွေးကြွတွေ ပြန့်ပွားထကြွလာခဲ့စေပါတယ်။
ဒါ့အပြင် ISIS တွေကို နှိမ်နင်းတိုက်ခိုက်စဉ်အတွင်း အီရန် ဟာ အီရက်နဲ့ ဆီးရီးယားမှာ သူ့ရဲ့ လွှမ်းမိုးမှုကို တိုးမြှင့် နိုင်ခဲ့ပြီး ဒီ ၂ နိုင်ငံလုံးကနေ အစ္စရေးနယ်စပ်တစ်လျှောက် ကုန်းတွင်း ကော်ရစ်ဒါ(စင်ကြန်)ကို တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာဖြစ်သမျှ အရှေ့အလယ်ပိုင်းမှာတင် မပြီးပါဘူး။ ဒုက္ခသည်တွေနဲ့ အကြမ်းဖက်သမားတွေဟာ အဲဒီနေရာမှာတွင်ရှိနေတာ မဟုတ်ပါဘူး။
လူသိန်းပေါင်းများစွာဟာ ဥရောပမှာ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရဖို့ ဒီနယ်မြေတွေကနေ ခိုင်ခန့်မှုမရှိတဲ့အပေါ့စား ရော်ဘာလှေတွေ၊ ငါးဖမ်းလှေခနော်ခနဲ့တွေနဲ့ မြေထဲပင်လယ်ကို ဖြတ်ပြီး ထွက်ပြေးခဲ့ရတယ်။ တူရကီကမ်းခြေမှာ လှိုင်းပုတ်ပြီးတင်လာခဲ့တဲ့ ၃ နှစ်သားအရွယ် ဆီးရီးယားကောင်ကလေး အလန် ကာဒီ(Alan Kurdi)ရဲ့ ပုံကို ဘယ်သူမေ့နိုင်မှာလဲ?
ဒုက္ခသည်များ အများအပြားစုပုံရောက်ရှိလာမှုကို “ဘယ်လိုလုပ်ရမယ်? ဒါမှမဟုတ် ဒီဝန်ထုတ်ဝန်ပိုးတွေကို ဘယ်လို မျှဝေ ခံစားဖြေရှင်းရမယ်ဆိုတာ”သဘောမတူနိုင်တဲ့ စစ်ပွဲနဲ့ထိစပ်နေသောနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေမှာ ထိန်းချုပ်မှု လွှမ်းမိုးခဲ့ပါတယ်။
ဥရောပမှာ ဖြစ်ခဲ့တဲ့ ကြောက်လန့်ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှင်တို့ ခင်ဗျားတို့ ပြန်တွေး ကြည့်ပါ။ ISIS တွေဟာ အနောက်နိုင်ငံတွေဟာ အစ္စလာမ်တွေအပေါ် စစ်ပွဲဆင်နွဲနေပြီဆိုတာ သက်သေပြဖို့နဲ့ သူတို့ ကိစ္စတွေအတွက် မူဆလင်တွေကိုလူသစ်အဖြစ် ပိုမိုစုဆောင်းသိမ်းသွင်းဖို့ မူဆလင်ကိုဆန့်ကျင်သူတွေကို တုန့်ပြန်မှု တစ်ရပ် အနေနဲ့ ရန်စပြီး ပြသနာရှာနေခဲ့ပါတယ်။
ဒီလို ထကြွနေတဲ့ သာမန်ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့သူတွေနဲ့ အပြင်ကဝင်လာတဲ့သူတွေကိုဆန့်ကျင်တဲ့ခံစားချက်တွေဟာ လက်ယာအစွန်းရောက် နိုင်ငံရေး ပါတီများရဲ့ ဘဏ္ဍာရေးအကြပ်အတည်း၊ စီးပွားရေးတုန့်နှေးနေမှုနဲ့ အလုပ်လက်မဲ့များပြားတဲ့ ဒီခေတ်မှာ ရင်းနှီး မတည်မှု ဖြစ်လာပါတယ်။
ဒါဟာ အနောက်တိုင်းနိုင်ငံရေးအပေါ်မှာ အကြီးအကျယ်သက်ရောက်မှု ရရှိလာခဲ့ပါတယ်။ အနည်းဆုံးတော့ ယူနိုက် တက်ကင်းဒမ်း(UK)ပေါ့။
လက်ယာစွန်းရောက်ဗြိတိန်လွတ်လပ်ရေးပါတီအကြီးအကဲ နီဂျလ် ဖာရေ့ဂ်ျ(Nigel Farage)ဟာ ဆလိုဗေးနီးယား -ခရိုအေးရှားနယ်စပ်မှာ အရှေ့အလယ်ပိုင်းဒုက္ခသည်တွေရဲ့ ပိုစတာအကြီးကြီးရှေ့မှာ မတ်တတ်ရပ်လျက် ရုပ်ရှင် ရိုက်ခံခဲ့ပါတယ်။ အကယ်၍ ဗြိတိန်(UK)ဟာ ဥရောပသမဂ္ဂ(EU)က မနှုတ်ထွက်ခဲ့ရင်နဲ့ နယ်စပ်ထိန်းချုပ်မှုကို ပြန်မရယူခဲ့ရင် ဒုက္ခသည်တွေ ဗြိတိန်မှာ ပုံနေမှာဖြစ်ပြီး ဒီ ဂယက်ရိုက်ခတ်မှုက ရှင်းလင်းမှာပါ။
လူဝင်မှုကြီးကြပ်မှုကိုထိန်းချုပ်တာဟာ ယူနိုက်တက် ကင်းဒမ်း(UK) ရဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ(EU) ကနုတ်ထွက်ဖို့ မဲပေးကြတဲ့ နောက်ကွယ်က အဓိက အကြောင်းတစ်ရပ်ဖြစ်ပါတယ်။
အီရက်စစ်ပွဲဟာ ကျွမ်းကျင်သူတွေနဲ့ သြဇာရှိရှေးရိုးဝါဒီတွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုဆုံးရှုံးခြင်းလည်းပဲ ရှိခဲ့ ပါတယ်။ ဒီကိစ္စဟာ လက်ရွေးစင်နိုင်ငံရေးသမားတွေမှာ ကြီးမားတဲ့ဗဟုသုတအသိဉာဏ်မရှိဘူးဆိုတာ ဒါမှမဟုတ် ပြည်သူတွေထက်ပိုကောင်းတဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိတဲ့ သက်သေအထောက်အထားအဖြစ် မကြာခဏ ကိုးကား ပြောဆိုခံရပါတယ်။ တိုနီဘလဲ(Tony Blair)ဟာ ဗြိတိသျှလူမျိုးအများစုရဲ့ဆန္ဒအရ ဗြိတိန်အနေနဲ့ စစ်ပွဲကို ဆန့်ကျင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တိုနီဘလဲဟာ အီရက်စစ်ပွဲအတွက်သာမဟုတ်ခဲ့ရင် တစ်ချိန်လုံးမှာ အကောင်းဆုံး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့တာကနေ နာမည်ကျဆင်းခဲ့ပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ လေဘာပါတီရဲ့ ဂုဏ်သိက္ခာကို အစားထိုးအဖတ်ဆည်လို့မရအောင် အရောင်မှိန်ညှိုးနွမ်းစေခဲ့ပါတယ်။ လေဘာပါတီဟာ အဲဒီအချိန် ကစပြီး အခြားပါတီကို အာဏာလွှဲပေးခဲ့ရပါတယ်။
ကျွန်မ ကို နိဂုံးချုပ်ခွင့်ပြုပါ။
အီရက်ကို ကျူးကျော်တိုက်ခိုက်မှုဟာ စက်တင်ဘာလ ၁၁ ရက်(9/11)ရဲ့ ဆက်စပ်မှုတစ်ခုအနေနဲ့သာ နားလည်နိုင် ပါတယ်။ ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုရဲ့ မောင်းနှင်မှုတွန်းအားကြောင့် အမေရိကနယ်မြေဟာ စည်းမျဉ်းများစွာကို အခြေခံထားပြီး အခြေခိုင်မှုနဲ့ ဦးဆောင်လမ်းပြမှုဖြင့်ကူညီတဲ့ နိုင်ငံတကာအစီအစဉ်(international order)ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး နိုင်ငံတကာပြသနာတွေမှာ သံတမန်နည်းလမ်းထက် စစ်အင်အားကို အဓိကကိရိယာ အဖြစ် အသုံးပြုမှုကို ဖြစ်ပေါ်စေပါတယ်။ “ကာကွယ်မှုဆိုတာ လက်ဦးမှုရယူတိုက်ခိုက်ခြင်းပါပဲ”(“Defence meant offence.”)။ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကိုဦးစားပေးတဲ့နိုင်ငံဟာ ကျူးကျော်တိုက်ခိုက်ယုံသာမကပဲ အီရက်ကို သိမ်းပိုက်ခဲ့ပါတယ်၊ လူထောင်ပေါင်းများစွာကို တရားရုံးလုပ်ထုံးလုပ်နည်းမပါပဲ ဥပဒေမဲ့ ဖမ်းဆီးခဲ့တယ်၊ အဘူ ဂါရာရဗ်စ်(Abu Ghraib)အကျဉ်းစခန်းနဲ့ ဂွန်တန်နာမိုပက်လယ်အော(Guantanamo Bay)အကျဉ်းစခန်း တွေမှာ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှင်းပမ်းခဲ့တယ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် သံသယရှိရင် ပြန်ပေးဆွဲ ဖမ်းဆီးပြီး ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေ လူသားမဆန်တဲ့ ရာဇဝတ်သားလွှဲပြောင်းမှုတွေလုပ်ခဲ့တယ်၊ စစ်ပွဲ ကာလမဟုတ်တာတောင် အမိန့်ရထားတဲ့လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့အပြားမှုလုပ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူ သိန်းဂဏန်းဟာ အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်ဖို့ သဲကြီးမဲကြီးလိုက်လံရှာဖွေရင်း စစ်ပွဲ အတွင်းမတော်တဆထိခိုက်မှု(collateral damage)ဆိုပြီး အသတ်ခံခဲ့ရပါတယ်။ စစ်မြေပြင်ထက် အပြင်မှာ ရန်သူ ပိုများလာအောင် ဖန်တီးသလို ဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဆက်စပ်လျက်ရှိတဲ့နိုင်ငံတကာငြိမ်းချမ်းရေးကြီးကြပ်ဆောင်ရွက်မှုတစ်ရပ်(Pax Americana)ဟာ ပြီးဆုံးပါပြီ။ အမေရိကရဲ့ စစ်အေးကာလနောက်ပိုင်း ကိုယ့်လူအနိုင်ရတဲ့အလွန်အမင်းပီတိဖြစ်မှု(triumphalism) ဟာ အရှေ့အလယ်ပိုင်းဒေသကို ချေမွဖျက်ဆီးခဲ့ပြီး မီးလောင်တိုက်သွင်းခဲ့ပါတယ်။
နိုင်ငံတကာစနစ်ကလည်း နယ်မြေအတွင်းအာဏာလွှမ်းမိုးမှု ယှဉ်ပြိုင်ခြင်းအဆင့်ပေါင်းစုံရဲ့ တစ်ခုဖြစ်တဲ့ အရှေ့ အလယ်ပိုင်းဒေသဖြစ်စဉ်နဲ့အတူ အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းကမ္ဘာကိုလွှမ်းမိုးမှု(unipolar)ကနေ နိုင်ငံစုံ/ အဖွဲ့အစည်းစုံကနေ ကမ္ဘာကိုလွှမ်းမိုးမှု(multipolar world)ကို ပြောင်းလဲနေပါပြီ။
အီတာလျံ မာခ့် အတွေးအခေါ်ပညာရှင် အန်တိုနီယို ဂရမ်စီ(Antonio Gramsci) ကတော့“ကမ္ဘာကြီးက သေဆုံး နေပါပြီ၊ နောက်ကမ္ဘာသစ်က မွေးဖွားဖို့ ရုန်းကန်လှုပ်ရှားနေဆဲပါ၊ လက်ရှိကတော့ အလွန်ကြောက်စရာ ကောင်းတဲ့အချိန်ပါ”(“The old world is dying, and the new world struggles to be born: now is the time of monsters.”)လို့ ဖွဲ့ဆိုရေးသားခဲ့ပါတယ်။
ကျွန်မထင်တာကတော့ ဒီကိုးကားချက်က သမိုင်းမှာ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကို အမိအရ ပြောနေတယ်ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Credit Htun Naing Oo
No comments:
Post a Comment