Popular Posts!

Monday, May 19, 2014

သေမင်းတမန်လမ်းဟုမတွင်စေရန် ကျွန်တော်တို့တွင် တာဝန်ရှိပါသည်


Photo - Soe Min Lwin
အထူးအဆင့်မြင့် ခရီးသည်တင်ယာဉ်ကြီး၏ ဆိုဖာထိုင်ခုံပေါ်တွင် ကိုတင်ထွန်းတစ်ယောက် ဟိုရှာသည်ရှာနှင့် အလုပ်ရှုပ်နေသည်။ ကားပေါ်ပါ ခရီးသည် အများစုက ယာဉ်ပေါ်တက်သည်နှင့် အေးစက်နေသည့် လေအေးပေးစက်ဒဏ်ကို အံတုရန် ခြုံစောင်များနှင့်အလုပ်ရှုပ်နေကြသည်။ အချို့မှာ အတူပါလာသည့် မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုများနှင့် စကားစမြည်ပြောနေကြသည်။ သို့သော်လည်း အသက် ၃ဝ စွန်းစွန်းသာရှိသည့် ကိုတင်ထွန်းမှာမူ ထိုင်ခုံပေါ်ထိုင်မိသည် နှင့် ဟိုစမ်းသည်စမ်းရှာဖွေရေး စတင်လေသည်။ သို့သော်ရှာနေသည့်အရာကို ချက်ချင်းလက်ငင်းမတွေ့။ တော်တော်လေး ကြာမှသာ ဆိုဖာခုံကြားထဲ၌ ညပ်နေသည် ကို တွေ့ရှိခဲ့ရသည်ဟု ဆိုလေ သည်။
”တော်တော်လေး ဆွဲထုတ်ခဲ့ရတယ်အသုံးမပြုဘဲ ဒီအတိုင်းပဲ ထားပုံရပါတယ်ဗျာ။ ဒင်းကိုလိုက်ရှာရတာ အေးနေတဲ့ကားပေါ် ချွေးတွေတောင် ပြန်တယ်” ဟု ၎င်း က ပြန်ြေ ပာင်း ပြောပြသည်။ ကိုတင်ထွန်း ရှာဖွေနေသည်က အခြားမဟုတ်။ ထိုင်ခုံနှင့်တွဲလျက်ပါသော လုံခြုံရေးခါးပတ်တစ်ခုသာ ဖြစ်သည်။ ကိုတင်ထွန်း က နေပြည်ေ တ်ာနှင့် ရန်ကုန်ကို အလုပ်ကိစ္စဖြင့် ကူးချည်သန်းချည် ပြုလုပ်နေရသူ။ ယခင်က ကားပေါ်တက် လျှင် ကိုယ့်အတွေးနှင့်ကိုယ် အေးအေး လူလူနေတတ်သော် လည်း အမြန်လမ်းမ ကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်မီးလောင်ခြင်းများ များပြားလာသည့်အခါ ခရီးသွားရခြင်းအပေါ်တွင် ကြောက်တတ် လာသည်ဟု ဆိုသည်။
”ဘယ်သူမပြု မိမိမှုပေါ့ဗျာ။ ကိုယ့် ဖာသာကိုယ် ကာကွယ်မှုရှိထားရင်၊ သတိ ရှိထားရင်တော့ မမှားဘူးပေါ့” ဟု ၎င်းက ခါးပတ်ကိုသေချာစွာ ပတ်လိုက် ရင်းစ ကား ပြော သည်။  ထို့ပြင်အခြားသူများ အိပ်မောကျနေသော်လည်း ၎င်းက မှေးရုံသာမှေးနေသည်။ ကားအသွားနှုန်းအနည်းငယ်မြန် လာသည်နှင့် ခေါင်းကို ဆတ် ခနဲထောင်ရင်း ဒရိုင်ဘာ ကို ချောင်းကြည့်သည်။ သူ့အပြုအမူများက ယာဉ်ပေါ်ပါအခြားခရီးသည်များနှင့်ဆိုလျှင် ကွဲပြားနေမှန်းသိသာသည်။ အချို့က ပိုသည်ဟုအမြင် ထင်ကောင်း ထင်ပါ လိမ့်မည်။ ကိုတင်ထွန်း ကိုယ်တိုင်ကပင် ထိုကဲ့သို့အလေ့အကျင့်ကို ယခုနှစ်ပိုင်းမှစ၍ ခရီးထွက်တိုင်း လေ့ကျင့်လာခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ယင်းသို့ဆိုရလျှင် အဆင့်မြင့်ခရီး သွားယာဉ်ကြီးများနှင့်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်အိမ်စီးကားယာဉ်ငယ်များနှင့် ဖြစ်စေ အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားစဉ် သတိရှိရန်လိုအပ်မည်ဟု သင်တို့ ရော ထင်ပါသလား။
တိုးတက်လာပါသည် – သို့သော် အကောင်းကားမဟုတ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများက တစ်နေ့တခြားတိုးတက်များပြားလာသည်ကို မြင်တွေ့နေကြရသည်။ တိုးတက်ခြင်းအား လက္ခဏာကောင်းအဖြစ် သတ်မှတ်ထားကြသော်လည်း အမြန်လမ်း၏ သေဆုံးမှုများ တိုးတက်လာခြင်းမှာတော့ လက္ခဏာကောင်း မဟုတ်သည် က သေချာပါသည်။ ထိုအခြေအနေကို လမ်းတည်ဆောက်ထိန်းသိမ်းမှုပြုသူများ၊ ယာဉ်မောင်းများနှင့် အမြန်လမ်းပေါ်သွားလာကြမည့် ခရီးသည်များအနေနှင့် မည်ကဲ့ သို့ လျှော့ချကြမည်နည်း။
မိုင်ပေါင်း ၃၃၆ မိုင် ၃ဖာလုံရှည်လျားသည့် အမြန်လမ်းမကြီးမှာ ရန်ကုန်မှ မန္တလေးထိ တစ်ဆက်တည်းဖောက်လုပ် ထားခြင်းဖြစ်ပြီး ပဲခူးတိုင်းနှင့် မကွေးတိုင်း ဒေသကြီး အပါဝင် မြို့နယ်ပေါင်း ၂ဝ ကျော်ကို ဖြတ်သန်းသွားသည်။ ရန်ကုန်-နေပြည်တော် လမ်းပိုင်းမှာ ၂ဝ၂ မိုင် ၁ ဖာလုံ ဖြစ်ပြီး ၂ဝဝ၈ ခုနှစ်ကပင် စတင် အသုံးပြု ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်-မန္တလေးလမ်းပိုင်း ၁၆၄ မိုင် ၂ ဖာလုံကို ၂ဝ၁ဝ တွင် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။
တစ်ရက်လျှင်ပျမ်းမျှ ယာဉ်အစီးရေ တစ်သောင်းနှစ်ထောင်ကျော် ဖြတ်သန်းလျက်ရှိပြီး လအလိုက်ဆိုပါက တစ်လလျှင် ပျမ်းမျှ ယာဉ်နှစ်သိန်းကျော် နီးပါး ဖြတ် သန်းသွား လာနေကြသည့် ထိုလမ်းမကြီးတွင်တစ်လလျှင် ယာဉ်တိုက်မှုနှစ်ဆယ်ကျော် ဖြစ်ပွားနိုင်ခြေရှိ သည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည် သူ့ ဆောက်လုပ်ရေးလုပ်ငန်း အမြန်လမ်းပြု ပြင်ထိန်းသိမ်းရေးအဖွဲ့၏ ၂ဝ၁၃ တင်ပြချက်တွင် ဤသို့ သုံးသပ်ထားသည်။ ဖြစ်ပွားမှုမှာ ယာဉ်အစီးရေ တစ်သောင်းခွဲတွင် တစ်ကြိမ်နှုန်းပျမ်းမျှဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ များပြားသည့် ယာဉ် ဖြတ်သန်းမှုများနှင့် အမြန်လမ်းမကြီး အကြားတွင် တိုးပွားလာသည့် ယာဉ်တိမ်းမှောက်မှုနှုန်း၊ သေဆုံးမှုနှုန်းများကို လျှော့ ချရန်အတွက် လည်း အချက်အလက်များစွာလိုအပ်နေမည်ဖြစ်သည်ဟု အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။  ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ အင် ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကမူ ၎င်းပြဿနာများမှာ လမ်းအနေအထားနှင့် ဒီဇိုင်းကြောင့် ဖြစ် ရခြင်းဟုတ်မဟုတ် ပိုင်းခြားသုံး သပ်မှု များ စောင့်ကြည့်ပြု လုပ် ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ ”နေရာတစ်ခုထဲမှာပဲ အက်ဆီးဒင့်တွေပုံပြီးဖြစ်နေပြီဆိုရင်တော့ ဒါ ဒီဇိုင်းမှားတယ်ပေါ့။ ဒါပေမဲ့ ခုအဲ့ဒီလို မဟုတ်ဘူး” ဟူ၍လည်း ဦးကြည်ဇော်မြင့်က ဆက်ပြောသည်။
ပညတ်သွားရာ ဓာတ်သက်ပါ … အမြန်လမ်း အမြန်မောင်းသောအခါ
အင်ဂျင်နီယာအဖွဲ့အနေနှင့် ယာဉ်မတော်တဆဖြစ်မှုနေရာများကို လမ်းပိုင်းမြေပုံတွင်ထည့်သွင်းအစား ထိုးကြည့်သောအခါ နေရာ မလပ် ပြန့်ကျဲဖြစ် ပွား နေ သည် ကို တွေ့ရသည်ဟုလည်းဆိုသည်။ အမြန်လမ်းတစ်လျှောက် လမ်းကွေ့များရှိ သော်လည်း ထိုလမ်းကွေ့များတွင် ဖြစ်ပွားသည့် ယာဉ်တိမ်းမှောက် မှုထက် လမ်း အဖြောင့် ပိုင်းတွင်ဖြစ်သည့် ယာဉ်တိမ်းမှောက်မှုက ပိုများသည်ကို အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးနှင့် အမြန်လမ်းအင်ဂျင်နီယာများ ပူးပေါင်းပြုလုပ်သည့် တိုင်းတာ သုံးသပ် ချက်များ အရ တွေ့ရသည်ဟု လည်းဆိုသည်။
”အခုဟာက မြန်မြန်မောင်းနိုင်တဲ့ နေရာတွေမှာအဖြစ်များတာ” ဟု ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အမြန်လမ်းပြု ပြင်ထိန်းသိမ်းရေး အဖွဲ့အင်ဂျင်နီယာမှူး ကြီးက အဖြစ်များလာသည့်ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများသည် လမ်းဒီဇိုင်း ကြောင့်ဖြစ်ရသည်ဟု ဆိုလိုခြင်းအပေါ် ၎င်းတို့တွေ့ရှိထားချက်များနှင့် ပြန်လည် တုံ့ပြန်ဖြေ ကြားခြင်းဖြစ်သည်။
အမြန်လမ်းမကြီးအလယ်တွင် ကွန်ကရစ်တုံးများဖြင့် ကာရံထားသည်ကို အမြန်လမ်းအသုံးပြု၍ ခရီးသွားနေရသူတိုင်း မြင်ဖူးကြမည်ဖြစ်သည်။ ထိုကွန်ကရစ်တုံး များအား အရှိန်ပြင်းပြင်းနှင့်သာ ယာဉ်များဝင်တိုက်မိပါက ကားပေါ်ပါလူများ ထိခိုက်သေဆုံးရန် ရာခိုင်နှုန်းများသည်ဟု မော်တော်ယာဉ် နည်းပညာအရပ်ရပ် ကို လေ့လာ သုံး သပ်နေသူ ဦးသက်ဝင်းက ဆိုသည်။ လမ်းတစ်ဖက်နှင့် တစ်ဖက်ကို ကာရံထားသည်က ရေ(သို့မဟုတ်)သဲထည့်ထားသော ပလပ်စတစ်အကာတုံးများသာ ဖြစ်သင့် သည် ဟုလည်းဆိုသည်။ သို့ မှသာ တိုက်မိပါက ၎င်းတို့မှာ လွင့်ထွက်သွားပြီး ယာဉ်နှင့်လူထိခိုက်မှုနည်းမည်ဖြစ်သော်လည်း ယခုအချိန်ထိကာရံထားသည့် လမ်းလယ်မှ ကွန်က ရစ်တုံးများက တစ် ဖက်ယာဉ်ကြောရှိ ယာဉ်နှင့်မျက်နှာချင်း ဆိုင်မတိုက်မိရန် အကာအကွယ်ပြုထား ခြင်းဖြစ်နိုင်သည်ဟုလည်း ယူဆကြောင်း ပြောသည်။ လမ်းလယ်တွင် ကွန်ကရစ်တုံးများ အားအစားထိုးကာရံစေချင်သည့် ဦးသက်ဝင်းက လက်ရှိအဖြစ်အပျက်များအပေါ်တွင်   ”ခုတော့တိုက်မိတာနဲ့ ကားက ညက်နေတာပဲ” ဟူ၍ သူ့ထံတွင် ရှိသည့် ဓာတ်ပုံသက်သေတချို့ကို ကိုးကား၍ ဆို သည်။
အမြန်လမ်းအလယ်တွင် ကွန်ကရစ်တုံးများဖြင့် ကာရံထားသည်က မှန်ကန်သည့် အခြေအနေတစ်ခုလည်းဖြစ်သည်။ သို့သော်လမ်းတည်ဆောက်သည့် အင်ဂျင် နီယာများ အနေနှင့် ထိုကွန်ကရစ်တုံးများကို ထားရှိရခြင်းက တစ်ဖက်ယာဉ် ကြောရှိ ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိနိုင်သည့်အခြေအနေကို လျှော့ချခြင်း တစ်ခုတည်းတော့ မ ဟုတ်။ တခြားသော စိတ်ကူးတစ်ခုလည်း ရှိနေပြန်သည်။
၎င်းက ကားများအရှိန်ပြင်းပြင်း အထူးသဖြင့် ၁ဝဝ ကီလိုနှင့်အထက် မောင်းနှင်စဉ် ယာဉ်အန္တရာယ်တွေ့ကြုံ ပါက မတိမ်းမှောက်စေရန်ဖြစ်သည်။ ”လမ်းလယ်ကွန် ကရစ် တုံးနဲ့ ထိတာနဲ့ကားကရပ်သွားမယ်။ မမှောက်တော့ဘူး။ ကားကမှောက်လို့ လိမ့်သွားမယ်ဆိုတာနဲ့ လူသေလိမ့်မယ်။ ဒါ့ကြောင့် လူမထိဖို့ ချ ထားတာဖြစ်တယ်” ဟု အင်ဂျင် နီယာ မှူးကြီး ဦးကြည်ဇော်မြင့်က ပြောသည်။လမ်းတည်ဆောက်မှုအင်ဂျင်နီယာအပိုင်းအနေနှင့် လမ်းပေါ်တွင်သွားလာရမည့် ခရီးသည်များ ထိခိုက်သေဆုံးမှု အန္တရာယ် နည်းနိုင်သမျှ နည်းစေရန် စဉ်းစားရပြီး ယင်းအချက်ကြောင့် ထိုကွန်ကရစ်တုံးများကို လမ်းအလယ်တွင် ချထား အသုံးပြုခြင်းဖြစ်သည်ဟုလည်းသိရသည်။ လမ်းလယ်ကျွန်း ကွန်ကရစ်တုံး များအတွက် အသုံးပြုသည်က အပျော့စားကွန်ကရစ်များသာ ဖြစ်သည်။ အချို့က ဆောက်လုပ်ရေးအနေနှင့် ကွန်ကရစ်အညံ့စားများ သုံးသည်ဟုလည်း ဆိုပြန် သည်။ သို့သော် တမင်အားပျော့သည့် ကွန်ကရစ်သုံးခြင်းဖြစ်သည်ဟု အင်ဂျင်နီယာမှူးကြီးက ရှင်းပြသည်။ ယင်းအခြေ အနေမှာ လူထိခိုက်မှု ကို လျော့ နည်းစေ သော်လည်း ကားအတွက်မှာမူ ထိခိုက်မှု မနည်းလှ။ တိုက်မိသည်နှင့် ကားရှေ့ ခေါင်းတစ်ခြမ်းခန့် ကြေမွသွားနိုင်သည်။ အင်ဂျင်နီယာများကိုယ် တိုင်ပင် လည်း ထို အချက်ကို သိသည်ဟုဆိုသည်။ သိရှိ သည်နှင့်အညီ လက်ရှိတွင် ယာဉ်တိမ်း မှောက်မှု မဖြစ်ပွားစေရန်သာမက ယာဉ်အတွက်ပါ ထိခိုက်မှုနည်းနိုင်မည့် အသက် ကယ် တန်းများ (Guard Rail) များကို ကွန်ကရစ်တုံးများအစား ပြောင်းလဲတပ် ဆင်နေပြီဖြစ်သည်။
ကွန်ကရစ်တုံးများနှင့် တစ်ဆက်စပ်တည်းပင် အမြန်လမ်းမကြီးမှာလည်း ကွန်ကရစ်အမျိုးစားဖြစ်နေသည်က အန္တရာယ်ရှိသည့် အချက်တစ်ချက်ဖြစ်ကြောင်း ယာဉ်မောင်း အများစုနှင့် မော်တော်ယာဉ်အကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ နေပြည်တော်မြို့တွင်းနှင့်နယ်ဝေးသို့ အိမ်စီးကားအငှားလိုက်သည့် ယာဉ် မောင်း ဦး တင်ဆန်းကမူ ကတ္တရာလမ်းမှာ ယာဉ်မောင်းများအတွက် အကောင်းဆုံး ဖြစ်သည်ဟုဆိုသည်။ ဦးတင်ဆန်းက အသက် ၅ဝနီးပါးရှိပြီး အသက်ထက်ဝက် ခန့် ကားမောင်းနေခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ ”ကွန်ကရစ်လမ်းက ကြာကြာမောင်းရင် ကားဘီးတာယာပွန်းပြီးကွဲစေတယ်” ဟု ဆိုသည်။
ထို့ပြင်လမ်းအလယ်တွင် တပ်ဆင်ထားသည့် လမ်းကြောင်းပြ ရောင်ပြန်မီးများမှာလည်း ကားဘီးနှင့် ပွတ်တိုက်မိမှုများများစားစားဖြစ်ပွားပါက ပါးလာပြီး အချွန် များဖြစ်ပေါ် ကာ ကားဘီးကို ဒုက္ခပေးနိုင်သည်ဟုလည်း ဆိုပြန်သည်။ ထိုအချက်များက သူ၏ ယာဉ်မောင်းလုပ်သက်တစ်လျှောက် အတွေ့အကြုံများနှင့် ယှဉ်၍ ပြောခြင်း လည်းဖြစ်သည်။
အပူပိုင်းဒေသနှင့် ကွန်ကရစ်လမ်း အမြန်လမ်းအတွက် အဖြေလား
အမြန်လမ်းမကြီးသာမက ဟိုင်းဝေးလမ်းများ ပြုလုပ်မည်ဆိုပါက လမ်းအမျိုးအစားနှစ်မျိုးသာရှိပြီး ပထမတန်းစားမှာ ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး ဒုတိယမှာ ကွန် ကရစ်လမ်းဖြစ်သည်ဟု လမ်းတည်ဆောက်မှု အဝေးပြေးလမ်း တည်ဆောက်မှုပုံစံအရ သိရသည်။ ဂျာမနီနိုင်ငံတွင် နိုင်ငံအနှံ့နီးပါးရှိလမ်းများကို ကွန်ကရစ်အမျိုး အစား သုံးထားသော်လည်း လမ်းကြောင့် ယာဉ်အန္တရာယ်ဖြစ်နိုင်ချေ နည်းပါးနေသည်ကို တွေ့ရှိရပြီး ယင်းမှာ အအေးပိုင်းဒေသများတွင် တည်ရှိထားခြင်း ဟူ၍လည်း သုံး သပ်ကြသည်။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင်လည်း ကွန်ကရစ်လမ်းကို အသုံး ပြုမှုများ ရှိသည်။
ကွန်ကရစ်အမျိုးအစားသည် အအေးပိုင်းဒေသများအတွက် သင့်လျော်ပြီး အပူပိုင်းဒေသများအတွက်ဆိုပါက သင့်လျော်မှုမရှိကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသများတွင် လည်း ကွန်ကရစ်လမ်းအသုံးပြုမှုနည်းပါးသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ယင်းအခြေအနေကို အမြန်လမ်းတည်ဆောက်သည့် အင်ဂျင်နီယာအဖွဲ့နှင့် ရန်ကုန်နည်း ပညာတက္က သိုလ်မဟာတန်းမှ ကျောင်းသားများနှင့် ပူးပေါင်း၍ သုတေသနတစ်ခုပြုလုပ်ထားသည်ဟုလည်း အမြန်လမ်းအင်ဂျင်နီယာမှူးကြီးက ဆိုသည်။ အမြန်လမ်းနှင့် ကွန် ကရစ်သင့်လျော်မှု ရှိမရှိကို လေ့လာနေခြင်းဖြစ်၍ လက်ရှိတွင်အသုံးပြုထားသည်က အလုံးစုံမှားယွင်းမှု ဖြစ်သည်၊ မဖြစ်သည်ကိုမူ ပြောပြရန် ခက် ခဲသေး ကြောင်း လည်း ရှင်းပြသည်။
ကွန်ကရစ်၏ အပူချိန်တိုးတက်မြင့်မားမှုဖြစ်စဉ်ကြောင့် ကားဘီးတာယာများ ပွတ်တိုက်ကွဲထွက်နိုင်ကြောင်း သိရှိထားသော်လည်း အပူပိုင်းဒေသဖြစ်သည့် အိန္ဒိ ယရှိ ယမုံနာဟိုင်းဝေးလမ်းမကြီးကို ကွန်ကရစ်နှင့်သာ တည်ဆောက်ထားပြီး ရန်ကုန်-မန္တလေးအမြန်လမ်းကဲ့သို့ သေဆုံးမှု၊ ထိခိုက်ပျက်စီးမှု မရှိခြင်းကလည်း စဉ်း စားစရာ အချက်တစ်ချက်ဖြစ်သည်ဟု ဆိုသည်။  ”တိကျတဲ့အဖြေတစ်ခု ထွက်အောင်တော့ ပညာရှင်တွေစုစည်းပြီး သုတေသနလုပ်နေပါတယ်။ အဖြေတခုရတယ်ဆိုတာနဲ့ ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက် ရမှာပါ” ဟု ဦးကြည်ဇော်မြင့်က ပြောကြားသည်။
၂ဝ၁၃ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅၉ မှုရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ထိုအမှုများကြောင့် သေဆုံးသူ ၁၁၂ ဦးအထိရှိခဲ့ သည်။ ၎င်းကိုပျမ်းမျှ တွက်ကြည့်ပါက တစ်လလျှင် ယာဉ်မတော်တဆမှု ၂၁မှုဟု အကြမ်းဖျင်းဆို နိုင်သည်။ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့၏ တင်ပြချက် အရ ဖေဖော်ဝါရီ၊ မေလ၊ ဇူလိုင်လနှင့် နိုဝင်ဘာလများတွင် ဖြစ်ပွားမှုမြင့်တက်ခဲ့ပြီး ၎င်းတို့အား ပြန်လည်ခွဲခြမ်းစိတ်ဖြာထားမှုအရ မိုးတွင်းကာလလေးလအတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှုမှာ တစ်နှစ်ပတ်လုံး၏ ၄ဝ ရာ ခိုင်နှုန်းဖြစ်နေသည်ကိုတွေ့ရသည်။
ထို့ပြင်ခရီးသွားရာသီများတွင်လည်း ယာဉ်တိုက်မှုမြင့်တက်သည့် သဘောတရားရှိရာ ၂ဝ၁၃ခုနှစ်သင်္ကြန်တွင်းတွင် ယာဉ်အစီးရေ ၇၂၂၇၉ ဖြတ်သန်းသွား ခဲ့သည်။ ယခုနှစ် သင်္ကြန်တွင်လည်း အစီး ရေပေါင်း ၉၇၃၄၇ ဖြတ်သန်းခဲ့ရာ ယခင် နှစ်ထက် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်း ၂ ဒသမ ၅ဆ တိုးတက်လာခဲ့သည်ဟု ပြည် သူ့ဆောက် လုပ်ရေးလုပ်ငန်း အမြန်လမ်းအဖွဲ့၏စာရင်းဇယားများအရ သိရ သည်။
စကားကျွံလျှင် နှုတ်မရ ကားအရှိန်လွန်တော့  . . .
ယခင်နှစ် တစ်နှစ်လုံးစာ ယာဉ်မတော်တဆဖြစ်ပွားရသည့်အခြေအနေကို မည်သည့်အကြောင်းအရာကြောင့် ဖြစ်ပွားရကြောင်းပြန်လည် အနှစ်ချုပ်သုံး သပ်ချက်ပြုရာတွင် အရှိန်လွန်မောင်းနှင် ခြင်းကြောင့် မတော်တဆမှု ဖြစ်ပွားရ ခြင်းက ၁၃၇ မှု၊ တာယာကွဲခြင်းကြောင့် ဖြစ်ပွားမှုက ၇ဝမှုဖြင့် အမြင့်မားဆုံးဖြစ် နေသည်ကိုလည်း ရှာဖွေတွေ့ရှိ ရသည်။  အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ် ပွားရသည့် မတော်တဆမှုမှာအများဆုံး ဖြစ်နေသည်ကို တွေ့ရှိရခြင်းကြောင့် ယာဉ်မောင်းများအနေနှင့် အမြန်လမ်း ပေါ် တွင် မောင်းနှင်ရာ၌ အရှိန်ကို ကီ လို၁ဝဝနှင့် မောင်းနှင်ခြင်း ပြု၊ မပြုဆို သည်က အဓိက ဖြစ်လာပြန်သည်။
အမြန်လမ်းပေါ်မောင်းနှင်ရာတွင် အိမ်စီးကားသေးများအတွက် တစ်နာရီ လျှင် မိုင် ၁ဝဝ နှုန်းထက် မပိုရန်နှင့် ခရီး သည်တင်ယာဉ် ကားကြီးများအတွက် တစ်နာရီလျှင် မိုင် ၈ဝထက်ပို၍ မောင်း နှင်ခြင်းမပြုရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန အမြန်လမ်းအင်ဂျင်နီယာအဖွဲ့အ နေနှင့် အကြံပြုသတိပေးထားသည်။ ”အမြန်လမ်းပေါ်မှာ ဒီလောက်နှု န်း လေးတောင် ကျော်မောင်းလို့မရဘူးလားလို့ပြောကြတယ်။ မောင်းလို့ရပါတယ်။ မရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေ မဲ့ ၁ဝဝ ကီလိုဆိုတာ တကယ်တော့ ထိန်း လို့လွယ်တဲ့ အခြေအနေတစ်ခုကို ပြော ထားတာပါ” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပြသည်။
ကားတစ်စီး၏ တစ်နာရီအသွားနှုန်း ကီလိုတစ်ရာအား အချိုးချကြည့်မည်ဆို ပါက တစ်စက္ကန့်လျှင် ၈၈ ပေသွားနေပြီး တနည်းအားဖြင့် တစ်မိနစ်လျှင် တစ်မိုင်နှုန်း သွားနေခြင်းဖြစ်သည်ဟု မော်တော် ယာဉ်နည်းပညာ အကြောင်းလေ့လာ သုံးသပ်သူ ဦးသက်ဝင်းကဆိုသည်။  အလုံပိတ်ထားသည့် လေအိတ်အဲ ယားကွန်း ကားများ အနေနှင့် ပြင်ပလေ တိုက်နှုန်းကို မသိရှိနိုင်တော့သည့်အတွက် နင်းလျှင်နင်းသလောက် မိုင်တက်လာနိုင်ပြီး ရုတ်တရက် အန္တရာယ်နှင့် ကြုံတွေ့ လာနိုင်သည်ဖြစ်ရာ အထူး သတိထား သင့်ကြောင်း ထောက်ပြသည်။
”ပုံမှန်လေးသာမောင်းမယ် ဆိုရင် တော့ ဘာအန္တရာယ်မှ မဖြစ်ပါဘူးဗျာ” ဟု ဦးသက်ဝင်းက ပြောသည်။  ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် မှန်လုံအမြန်ယာဉ်မောင်းနှင်သူ ဦးကို ဆန်းကမူ ”ကျွန်တော်တို့ကတော့ မိုင်း လစ်ဒိုင်ခွက်ကို ကြည့်မောင်းတာပါပဲ။ အဲ့ ဒီတော့ မြန်ရင်မြန်မှန်းသိလာတယ်။ ကား က တစ်ရာကျော်လာပြီဆိုရင် သိသာပါ တယ်” ဟု ဆိုသည်။ အရှိန်လွန် မောင်းနှင်ခြင်းကြောင့်ပင် တာယာကွဲထွက်ခြင်းကိစ္စက တစ် ဆက်စပ်တည်း ကပ်ပါလာခြင်းဖြစ်သည် ဟုလည်း အင်ဂျင်နီယာအဖွဲ့၏ တင်ပြ ချက်အရသိရသည်။ ထို့ပြင် ယာဉ်မောင်းများ အိပ်ငိုက်မှု ကြောင့်လည်း၂ဝ၁၃ခုနှစ်တွင်း ယာဉ်မတော်တဆမှု ၁၅မှုဖြစ်ပွားခဲ့သည်။ ၎င်းအချက်သည်လည်း အမြန် လမ်းပေါ်တွင် မောင်းနှင်ကြမည့် ယာဉ်မောင်းအများစု သတိပိုမိုထားရှိသင့်သည့် အချက်ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။
မြန်မြန်မောင်း များများမှောက် … မြန်မြန်သွား … များများကယ်
တစ်နေ့တာလုံးအား နှစ်နာရီခြား လျှင် တစ်ကြိမ်နှုန်းဖြင့် စာရင်းပြုစုကြည့်ရာ ယာဉ်မတော်တဆမှုများ၏ ၅ဝ ရာ ခိုင်နှုန်းမှာ နံနက် ၄ နာရီမှ ၈နာရီကြား တွင် လည်းကောင်း၊ နေ့လည် ၁၂ နာရီမှ ည၆နာရီအတွင်း၌ လည်းကောင်း ဖြစ်ပွား ခဲ့သည်ကို တွေ့ရသည်။ အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့မှူးရုံး၏ အကြမ်း ဖျင်းသုံးသပ်ချက်များအရ ယင်းအချိန်များသည် ယာဉ်မောင်းများ အိပ်ငိုက်နိုင်သည့် အချိန်ဖြစ်နေသည်ကို တွေ့ ရပြန်သည်။ ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာလျှင် နံနက် ပိုင်း တွင်ဖြစ်ပွားသည့် မတော်တဆမှုက နေ့လယ်ပိုင်းနှင့် ညနေပိုင်းထက် သေဆုံးမှုထက်ပိုများနေသည်ကိုလည်း ကောက်ချက်ချနိုင်ခဲ့ကြရာ အရေးပေါ် ကယ် ဆယ်ရေး အချိန်မီမှုမရှိခြင်းနှင့် ကယ် ဆယ်ရေး ပြုလုပ်ပေးနိုင်မည့် နေရာများ သို့ သတင်း မရောက်ရှိခြင်းများ ဖြစ်နိုင် သည်ဟု သုံးသပ်ထားကြောင်း ဦးကြည် ဇော်မြင့် က ပြော သည်။
”ခုတော့ သတင်းရတာနဲ့ နာရီဝက်အတွင်းသွားကယ်နိုင်ဖို့ အမြန်လမ်းအရေးပေါ်စီမံခန့်ခွဲမှုကော်မတီလေးကို အင်ဂျင်နီယာအဖွဲ့တွေရယ်၊ အမြန်လမ်းရဲ တပ်ဖွဲ့ရယ်၊ မီး သတ်၊ ကြက်ခြေနီရယ်နဲ့ ဖွဲ့ထားတယ်” ဟု ၎င်းကပြောကြားသည်။ ၎င်းကော်မတီက ကားဆွဲရန် ထရပ်ကားတစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ မီး သတ်ယာဉ်တစ်စီး၊ အမြန်လမ်းရဲတပ်ဖွဲ့ ကားတစ်စီးနှင့် လမ်းအုပ်ချုပ်သူအင်ဂျင်နီယာအဖွဲ့မှ ကားတစ်စီး စုစုပေါင်းကား ငါးစီးဖြင့် အချိန်ပြည့် စောင့်ဆိုင်းပေး ထားပြီဖြစ်သည်ဟုလည်း သိရ သည်။ ထိုအဖွဲ့ကို ယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်အကြောင်းကြားပေးရန်တော့ လိုအပ်မည်ဖြစ်သည်။
သင်သည် အမြန်လမ်းပေါ် ခရီး သွားရင်း အမှတ်မထင် ယာဉ်မတော် တဆမှုတစ်ခုနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ အခြားသူများ ဖြစ်ပွားနေသည်ကို မြင် တွေ့ရသည်ဖြစ်စေ မကြာမီထုတ်ပြန်ပေး ရန်ရှိသည့် အမြန်လမ်းအရေးပေါ်ကော်မ တီအဖွဲ့ထံသို့ သင့်လက်ကိုင်ဖုန်းမှတစ် ဆင့် ဆက်သွယ်ပေးရန် မမေ့စေလိုပေ။ ထို့ပြင် အမြန်လမ်းပေါ် တွင်မောင်း နှင်သွားလာကြမည့် ယာဉ်မောင်းများ လိုက်နာရန် စည်းကမ်းသတ်မှတ်ချက် ၁၆ ချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ချ မှတ်ပေးထားသည်။ ယင်းအချက်များတွင် ယာဉ်လမ်းကြော အသုံးပြုပုံစနစ်များ၊ အ မြန်လမ်းမပေါ်တွင် ယာဉ်ရပ်နားလိုပါက မည်ကဲ့သို့ ရပ်နားသင့်ကြောင်း အသိပေး ချက်များနှင့် ယာဉ်မောင်းစဉ် အရက် သောက်ခြင်း၊ ပေါ့ဆစွာမောင်းနှင်ခြင်း မပြုရန် စသည့်တို့ကို အဓိက သတ်မှတ် ပေးထားသည်။ သို့သော် ယင်းအချက် များကို ကျူး လွန်ဖောက်ဖျက်ခြင်းကြောင့် ယာဉ်မတော်တဆမှု ၁၂ မှု ယမန်နှစ်က ဖြစ်ပွားခဲ့သည်။
အခြားဖြစ်သည့် လမ်းချော်ခြင်း၊ ဝါ ယာရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ ရုတ် တရက်ကွေ့ခြင်းနှင့် လမ်းပေါ်တွင်သွား လာသည့် လူ၊တိရစ္ဆာန်များကြောင့် ဖြစ် ပွားရမှုများမှာ အ ထက်ပါအချက်များနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည်ကို လေ့ လာတွေ့ရှိရသည်။  ယင်းကိစ္စများကို လမ်းအင်ဂျင်နီ ယာအဖွဲ့အနေနှင့် အနီးကပ်စောင့်ကြည့် ရန် မဖြစ်နိုင်ကြောင်းဆိုသည်။ ထို့ကြောင့် ပညာပေးခြင်း၊ အသိပေးခြင်းများဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး အချိန်ကာလတစ် ခုပြီးပါက ယာဉ်မောင်းများ အနေနှင့် စည်းကမ်းကို စနစ်တကျ လိုက်နာကျင့် သုံးရန်လိုအပ်မည်ဟုလည်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ဆိုသည်။
မုန့်ကျွေး၍မရ တုတ်ပေးမှသာရမည်လော . . .
သို့သော် ပြည်တွင်းတွင် ပညာပေးသည့်လုပ်ငန်းမှာ တွင်ကျယ်မှုမရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ရယ်မောရင်းဆို သည်။ ၎င်းတို့အနေနှင့် ဆီးဂိမ်းကာလတွင်း အရက်သေ စာသောက်စားမှု ရှိ မရှိတိုင်းတာခြင်းများ၊ ခါးပတ်ပတ်ထားခြင်း ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆီးဂိမ်းအပြီးတွင် ယာဉ်မောင်းများ၊ ခရီးသည်များမှာ ယခင် အတိုင်းပင် သွားလာမြဲ ဖြစ်သည်ဟု ပြောသည်။  ”ခါးပတ်ပတ်ထားပါခင်ဗျာလို့ ပြောတာကို ဘုကြည့်ကြည့်ခံရတယ်လေ” ဟု အင်ဂျင်နီယာမှူးကြီးက စည်းကမ်း နှင့် ပတ် သက်၍ ကြုံတွေ့နေရသည့် အ ခြေအနေကို ပြောပြသည်။
ထို့ကြောင့်ပင် မလိုက်နာလိုပါကလည်း အဆင်ပြေပါသည်ဟူသော စည်းကမ်းထက် တိကျသည့် ပြဋ္ဌာန်းချက်၊ ပြစ် ဒဏ်များ၊ စည်းကမ်းများပါဝင်မည့် အမြန် လမ်းမကြီးများ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းမည် ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုကြသည်။ အဆိုပါဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအောက်ရှိ အမြန် လမ်းအင်ဂျင်နီ ယာအဖွဲ့မှ ရေးဆွဲနေပြီး ပြည်ထောင်စု တရားရုံးချုပ်သို့ တင်ပြကာ သဘောထား မှတ်ချက်တောင်းခံနေပြီဖြစ်သည်။ ထို့ နောက် ယခုလ (မေလ)တွင် ပြန် လည် ကျင်းပမည့် ပြည်သူ့လွှတ်တော်ပုံမှန်အ စည်းအဝေးသို့ တင်ပို့နိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ဥပဒေဖြင့် ပြဋ္ဌာန်းရန်စီစဉ်ရခြင်း ကိုမူ ဦးကြည်ဇော်မြင့်က ”တကယ်တော့ ထိန်းရင်ရပါတယ်။ ဒါပေမဲ့ ဒီမှာက ပညာပေးတာကို မကြိုက်ကြဘူး။ ဥပဒေနဲ့ ချုပ် ကိုင်မှာကိုပဲ ကြိုက်ကြတယ်” ဟူ၍ သုံးသပ်လိုက်သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အား တာဝန်ယူဖောက်လုပ်ခဲ့သည့် အင် ဂျင်နီယာအဖွဲ့က ၎င်းလမ်းနှင့်ပတ်သတ် ၍ အခြေ အနေတစ်ခုကိုလည်း အမှန်အ တိုင်းဝန်ခံသည်။ ၎င်းက ရန်ကုန်မှ မန္တလေးသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ယင်းအမြန်လမ်းမကြီးမှာ အမြန်လမ်းတစ် ခုတွင်ရှိ သင့် သည့် အင်္ဂါရပ် မပြည့်စုံသေး ခြင်းပင်ဖြစ်သည်။
အမြန်လမ်းမကြီးတစ်ခု ပေါ်ပေါက်လာရန်လိုအပ်ချက်ရှိနေ၍သာ အမြန်လမ်းကြီးဟု အမည်တပ်လိုက်ရခြင်းဖြစ်ပြီး အမှန်ဆိုရလျှင် ဟိုင်းဝေးလမ်းတစ်ခုအ နေနှင့်သာ အသုံးပြုနိုင်သေးကြောင်း ပြောကြားသည်။ ”မြန်မြန်ပဲမောင်းလို့ရတာ။ မြန်မြန်ကို အန္တရာယ်ကင်းကင်း မောင်းလို့ရအောင် ကျွန်တော်တို့ အပြည့်အဝ ထိန်း ချုပ်သွားလာ ခွင့်ပေးတဲ့စနစ် မလုပ်ပေး နိုင်သေးဘူး” ဟု အင်ဂျင်နီယာမှူးကြီးက ဖြေကြားသည်။
ထိုအခြေအနေတွင် အသုံးပြု၍ မရသေးပါက အမြန်လမ်းအဖြစ် အသုံးပြုခွင့်မပေးသင့်ကြောင်း ပြန်လည်ထောက်ပြမှုများလည်း ရှိလာနိုင်မည်ဖြစ်ရာ ဦးကြည် ဇော်မြင့်ကမူ
ခေတ်တစ်ခေတ်၏လိုအပ်ချက်နှင့် အခြေအနေကြောင့် အသုံးပြုခွင့် ပေးလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ သော်လည်း လုံးဝဥဿုံ အဆင့်မမီခြင်း တော့မဟုတ်။ တဖြည်းဖြည်းချင်းနှင့်ပင် အမြန်လမ်းမကြီး၏ အင်္ဂါနှင့်ညီညွတ်စေရန် ပြုလုပ်နေသည်ဟုလည်းသိရသည်။
သို့သော် ယင်းအမြန်လမ်းမကြီး တစ်ခုလုံးအား အပြည့်အဝအဆင့်အတန်း မြှင့်လိုက်ရန်ဖြစ်နိုင်သော်လည်း ထိုကုန်ကျစရိတ်မှာ  မြန်မာနိုင်ငံမြောက်ပိုင်း ပူ တာအိုမှ တောင် ပိုင်းကော့သောင်းမြို့အ ထိ ၂၄ပေအကျယ် ကွန်ကရစ်လမ်းမကြီး တစ်ခု ဖောက်လုပ်လိုက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။  အမြန်လမ်း အင်ဂျင်နီယာ အဖွဲ့အ နေနှင့် လမ်း အဆင့်မြှင့်ခြင်းကို ပြုလုပ်ချင် သော်လည်း လက်တွေ့တွင်မူ ”လုပ်နိုင် တာတွေကို အကုန်လုပ်လို့တော့မရဘူးလေ။ လိုအပ်တာနဲ့ လုပ်သင့်တာနဲ့ကို ချိန် ညှိရမှာပေါ့” ဟူ၍ ဖြစ်သည်။
အမြန်လမ်းမကြီးပေါ်တွင် တစ်နှစ် ထက်တစ်နှစ် ယာဉ်မတော်တဆမှုများများပြားလာသည်က သံသယရှိဖွယ် အခြေအနေ မဟုတ်တော့။ လူသေဆုံးမှုများ နှင့် ထိခိုက် ဒဏ်ရာရရှိမှုများက ရာနှင့် ချီသည်။ ထိုအခြေအနေတွင် အမြန်လမ်း ၏ အားနည်းချက်များကြောင်း ဖြစ်ပွား ခဲ့ရသည့် မတော်တဆမှုများလည်းရှိသည်။ ယာဉ်မောင်းသူ များ၏ ပေါ့ဆမှုများ၊ စည်း ကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ဖြစ်ပွားခဲ့ရမှုများလည်းရှိသည်။ ထို့ပြင် ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ အ ရေးပေါ်အခြေအနေကို ရင်ဆိုင်ရချိန်တွင် မည်သို့ပြုလုပ်သင့်သည်ကို ကြိုတင်ပြင် ဆင်ထားမှုမရှိခြင်းနှင့် ခရီးသည်များ၏ ကိုယ်တိုင်ကာကွယ်မှုပြုလုပ်ထားရန် အသိ နည်းပါးခြင်းတို့ကြောင့် ယာဉ် တိမ်းမှောက် မှု၊ ယာဉ်တိုက်မှုဖြစ်ပါက သေဆုံးရသူ ဦး ရေတိုးပွားလာသည်ကိုလည်း တစ်နေ့ တခြား မြင်တွေ့လာရသည်။ သို့ဖြစ်၍ ယင်းအခြေအနေအတွက် ရန်ကုန်-မန္တ လေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က ”လူတွေရဲ့ ခံယူချက်ကို ပြောင်းလဲဖို့ပဲ လိုတာပါ။ ပြဿနာဖြစ်ရင် ယာဉ်မောင်း ကြောင့် လမ်းကြောင့် အပြစ်တင်လက်ညှိုး ထိုးနေမယ့်အစား အားလုံးမှာတာဝန်ယူတဲ့စိတ်ရှိထားဖို့ပဲလိုတာပါ။ ကျွန်တော် တို့လမ်းပိုင်းကြောင့် ဖြစ်ရတဲ့ ကိစ္စတွေ အတွက်တော့ ဟုတ်ပါတယ် ကျွန်တော် တို့မှာ တာဝန်ရှိပါတယ်” ဟူ၍ ဖြစ်သည်။
သုတလင်း၊ မြတ်စုငြိမ်း
Ref:popularmyanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!