Popular Posts!

Sunday, May 4, 2014

မာလျက်နာရောဂါ

“လူတစ်ယောက်၌ ဆိုးရွားသော ရောဂါတစ်ခု စွဲကပ် လာ မည်ကို ကြောက်ရွံ့ ခြင်း (သို့မဟုတ်) ထိုရောဂါရနေပြီဟုယုံကြည်ခြင်းက သူဧ။်စိတ်ကို ပြင်းထန်စွာ လွှမ်းမိုး ဖိစီးထားသည့် အခြေအနေတရပ်ဖြစ်သည်”
ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ Dr. စန်းရောင်ညွန့် ၏ 
" မာလျက်နာရောဂါ"

မာလျက်နာရောဂါ
Dr.စန်းရောင်ညွန့်
(ဦးနှေက်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး)

 ပြီးခဲ့တဲ့ နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းထဲက ပါမောက္ခဒေါက်တာသံစစ်ရဲ့ “အနာမသိ ဆေးမရှိ ” ဆောင်းပါးကို ဖတ်လိုက်ရတယ်။ သူ့ဆောင်းပါးမှာ ရောဂါသိရှိမှကုနိုင်လို့ ရောဂါကို မသိ, သိအောင် ခက်ခက် ခဲခဲ ရှာဖွေရတာကို ရှင်းပြထားပါတယ်။ အလွန်မှတ်ဖို့ ကောင်းလှပါတယ်။ ဒေါက်တာသံစစ်ဆိုတာက ကျွန်တော် နဲ့ တစ်ကျောင်းတည်းတက်၊ တစ်ရက်တည်း ဆရာဝန်ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ သူဟာ ဒီ လောက် အလုပ်များပြီး မအားတဲ့အထဲက စာတွေကလည်း ရေးနိုင်ပါပေ့၊ ချီးကျူးပါတယ် သူငယ်ချင်း။ သူ့ဆောင်းပါး ကိုဖတ်ပြီး ကျွန်တော် ဖြည့်စွက်ချင်တာလေးတွေ ပေါ်လာလို့ အခုဆောင်းပါးကို ရေးလိုက်တာပါ။
 ကိုသံစစ်တို့ရဲ့ အထွေထွေရောဂါ ကုသရေးထဲမှာ ပါဝင်ပြီး ရှုပ်ထွေး အောင် လုပ်နေတဲ့ စိတ်ပိုင်း ဆိုင် ရာပြဿနာ တချို့ရှိပါတယ်။ အမှန်က စိတ်ရောဂါတွေကြောင့် ကိုယ်ခန္ဓာမှာ ထိခိုက် ပြောင်းလဲမှုဖြစ်တာ၊ ကိုယ်ခန္ဓာ ရောဂါတွေကြောင့် စိတ်ဝေဒနာ ဖြစ်လာတာဆိုတဲ့ အပြန်အလှန်သဘောက အမြဲတမ်း ဒွန်တွဲ နေတာပါ။ အခုပြောမှာကတော့ အဲဒီသဘောနဲ့ ကွာပါတယ်။ ဘာလို့လဲဆိုတော့ အခုပြောတဲ့ရောဂါက စိတ်ရောဂါအစစ်၊ ဒါပေမယ့် သူ့ ပုံသဏ္ဍာန်က ကိုယ်ခန္ဓာရောဂါလေ၊ ဒီတော့ ကိုယ်ခန္ဓာရောဂါတောထဲမှာ အရေခြုံလာနေတဲ့ ရောဂါတုကို မိအောင်ဖမ်းဖို့ မလွယ်သလို ဖမ်းမိဖို့လိုလည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကြောင့် ဆရာဝန်ကြီးတွေ မျက်စေ့ လည်မယ်၊ စိတ်ရှုပ်ပင်ပန်းမယ်၊ လူနာဖက်ကလဲ ငွေကုန်လူပန်း စိတ်မချမ်း မသာ ဖြစ်ကြရတာမို့ပါ။
 ဒီလိုဝေဒနာရှင်တွေဟာ များသောအားဖြင့် ကျွန်တော်တို့လို စိတ်ရောဂါ ဆရာဝန်တွေဆီကို နောက် ဆုံးလောက်မှ ရောက်လာကြတယ်။ ရောက်မလာတဲ့ သူတွေကလည်း အများကြီးနေမှာပါ။ ဒါကလဲ မဆန်းပါ ဘူး၊ ရောဂါလက္ခဏာတွေက ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွေလို့ထင်ရှားနေပြန်၊ လူနာ အနေနဲ့ ဒါတွေဟာ စိတ် ကြောင့်ဖြစ်တာပါလို့ လက်ခံဖို့ရာလဲ မလွယ်ပြန်၊တစ်ခါ စိတ်ရောဂါရှင်လို့ နာမည်တပ်ခံရမှာ အကြာက်ဆုံး ဖြစ်ပြန်လို့ပါပဲ။ ဒါပေမဲ့ ရောက်လာတဲ့သူတွေကတော့ ကံကောင်းထောက်မစွာ ဆရာဝန်က ညွှန်လို့ပဲဖြစ်ဖြစ်၊ အတွေ့အကြုံရှိတဲ့ မိတ်ဆွေသားချင်းတွေက ခေါ်လာလို့ပဲ ဖြစ်ဖြစ် ရောက်တော့လာကြပါတယ်။ ပထမတော့ မယုံတ၀က် ယုံတ၀က်ပဲ။နောက်သက်သာလာတော့မှ ယုံယုံကြည်ကြည်နဲ့ ဆက်ကုပါတယ်။ ဒီလို လူနာမျိုးဟာ ကျွန်တော်တို့အတွက် အစပိုင်းတော့ တော်တော်ကုရတာ ပင်ပန်းတယ်၊ ခက်ပါတယ်။ ဒါကို ကျွန်တော်နောက်ပိုင်းကျ ရှင်းပြမှာပါ။
 ဒီရောဂါရဲ့ နာမည်ကို မထုတ်ဖော်ခင် ဒီရောဂါက အရေခြုံထားတတ်တဲ့ ကိုယ်ခန္ဓာရောဂါတွေကို ပြောရပါမယ်။ သူအရေခြုံလေ့ရှိတဲ့ ရောဂါတွေက တော့ များသောအားဖြင့် နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးသွားလမ်းကြောင်း ရောဂါ HIV လို့ထင်နေတဲ့ရောဂါ၊ အသက်ရှူမ၀ရင်ကြပ်ရောဂါနဲ့ ခေါင်းကိုက် ရောဂါ တွေပါပဲ။ ဒီရောဂါတွေရဲ့ အဖြစ်များတဲ့လက္ခဏာပုံစံ ခံစားရတဲ့ လူနာ တွေဟာ၊ ထုံးစံအတိုင်း သက်ဆိုင်မယ် ထင်တဲ့ ပါရဂူတွေဆီ ပြသကြတာပေါ့။ ဆရာဝန်ကြီးတွေကလဲ သက်ဆိုင်မယ်လို့ယူဆရတဲ့ စမ်းသပ်စစ်ဆေး မှုတွေ အကုန်လုပ်ပေးကြပါတယ်။ သက်ဆိုင်လောက်တဲ့ ဆေးဝါးကုသမှုတွေလဲ လုပ်ပေးကြပါတယ်။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေကလဲ အဲဒီရောဂါကို တိတိကျကျ မညွှန်ပြနိုင်ဘူး၊ ကုသပေမဲ့ ရောဂါသက်သာမှုကလဲ အားရ လောက်အောင် မဖြစ်လာဘူးဆိုတော့ လူနာဟာ ရောဂါကို ကြောက်လန့်မှု အစွဲအလမ်းပိုကြီးပြီး ပိုဒုက္ခရောက်ရပါတယ်။ တခုခုတော့ လွဲနေပါပြီ။
 ဒီရောဂါရဲ့ အမည်ကတော့ ကျွန်တော်တို့ ဆေးပညာ အခေါ်အဝေါ်နဲ့ တော့(HYPOCHONDRIASIS)လို့ ဆိုတဲ့ လို့ခေါ်ပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုမယ်ဆိုရင် “လူတစ်ယောက်၌ ဆိုးရွားသော ရောဂါတစ်ခု စွဲကပ် လာ မည်ကို ကြောက်ရွံ့ ခြင်း (သို့မဟုတ်) ထိုရောဂါရနေပြီဟုယုံကြည်ခြင်းက သူဧ။်စိတ်ကို ပြင်းထန်စွာ လွှမ်းမိုး ဖိစီးထားသည့် အခြေအနေတရပ်ဖြစ်သည်” လို့ဆိုလိုပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အမှတ်တမဲ့ အိမ်က မြေးမလေးရဲ့ “သာလွန် ကျောင်း   သားသုံး အင်္ဂလိပ်၊မြန်မာ အဘိဓာန်” မှာ ဒီစကားလုံးကို ရှာကြည့် လိုက် တော့ အမယ်မဆိုးဘူး။ ဘာသာပြန်ထားတာက “မာလျက်နာသော ရောဂါ”တဲ့။ ရုတ်တရက်တော့ဖတ်ရတာ ကြောင်တောင်တောင်ဖြစ်သွားတယ်။ စဉ်းစား ကြည့်တော့ဟုတ်သားပဲ။ ကျန်းမာရေး (ကိုယ်ခန္ဓာကိုဆိုလိုသည်) ကောင်းပါ လျက် နာမကျန်းဖြစ်သော (စိတ်ပိုင်းဆိုင်ရာဆိုလိုသည်) ရောဂါလို့ အဓိပ္ပာယ် ရပါတယ်။ ဒါနဲ့ ကျွန်တော်လဲ သူ့စကားလုံးကို ကျွန်တော့်ဆောင်းပါးမှာ ခေါင်းစဉ်အဖြစ် ယူသုံးလိုက်မိပါတယ်။ 
 ရောဂါရဲ့ ဆေးနာမည်ကတော့လည်း အမှန်က သိပ်မသက်ဆိုင်ဘူး။ သမိုင်းကြောင်းပြန်ကြည့်ရင် HYPOCHONDRIAဆိုတဲ့ ဂရိစကားလုံးကို ဆရာကြီးဟစ်ပိုကရေးတီးက စ,သုံးခဲ့ပါတယ်။ နံရိုးအရိုးနုအိမ်ရဲ့ အောက်ဖက် ၀မ်းဗိုက်အထက်ပိုင်းနေရာကို ခေါ်တာပါ။ နောက်တော့ အဲဒီဝမ်းဗိုက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေကို ဖော်ပြဖို့(HYPOCHONDRIASIS)ဆိုပြီး ဆရာကြီး “ဂယ်လင်း” က ဆက်သုံးခဲ့ပါတယ်။ နောက်ပိုင်းကျမှ ဒီနာမည်ကို စိတ်ရောဂါနယ်ပယ်ထဲသွင်းပြီး ၀မ်းဗိုက်တင်မက ဒီပြင်နေရာတွေမှာပါ ခံစား ရတဲ့ လက္ခဏာတွေကို ဖော်ပြဖို့ သုံးလာကြပါတယ်။ 
 ဒီရောဂါရဲ့ ဖြစ်ပွားနှုန်းကို လေ့လာကြတဲ့အခါ ဆေးရုံဆေးခန်းတွေမှာ လာပြီးပြကြတဲ့ လူနာတွေရဲ့ ၄% ကနေ ၆% ထိ ရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ တစ်ခါတစ်ရံ ၁၅% ထိ မြင့်တက်တယ်လို့ ပြောကြပါတယ်။ စကားမစပ် တစ်ခါတုန်းက နှလုံးရောဂါအထူးကု ပါမောက္ခဆရာဝန်မကြီး တစ်ယောက်နဲ့ ကားလိုင်စင်ရုံးမှာ ဆုံမိတော့ စကားပြောကြရင်း မေးမိတယ်။နှလုံးရောဂါဌာနမှာ လာပြကြတဲ့လူနာတွေထဲမှာ Cardiac Neurosisလို့ ခေါ်တဲ့ နှလုံးရောဂါစွဲနျူရိုးဆစ်ဝေဒနာရှင်တွေ ၃ပုံ ၁ပုံ လောက်ပါမလားလို့ ပေါ့။ သူက ဘယ် ကမလဲ - တစ်ဝက်လောက်ရှိတယ်လို့ ဖြေခဲ့ဖူးပါတယ်။ ဒီရောဂါဟာ အများအားဖြင့် အသက် (၂၀)နဲ့ (၃၀) လောက်မှာ စ,ဖြစ်တတ် ကြပါတယ်။ တစ်သက်လုံး ကောင်းလာပြီး အသက်ကြီးမှ ဒီလိုဖြစ်တယ် ဆိုရင်တော့ ကိုယ်ခန္ဓာ ရောဂါပိုင်းကို ပိုဦးစားပေးကြည့်ရပါလိမ့်မယ်။ တစ်ခါ ဆေးကျောင်းသားတွေမှာလည်း ဒုတိယနှစ် လောက်မှာ ဒီလိုရောဂါမျိုး ၃% လောက် ဖြစ်တတ်ကြတယ် ဆိုပါတယ်။ ဒါပေမယ့် ခဏတဖြုတ်လောက်ပဲ ဖြစ်တာပါတဲ့။ ရောဂါတွေအကြောင်း သင်ရပြီး စိတ်စွဲလမ်းသွားတာပါ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ပေါ်လာတယ်။ အခုတော့ နိုင်ငံ ရပ်ခြားမှာ ကြီးပွားနေပါပြီ။ ကျောင်းမှာ ပထမနှစ် အကြီးတန်းတက်နေတုန်း ထင်တယ်။ သူဖျားပါလေရော။ အဲဒီအတန်းမှာ သတ္တဗေဒသင်တော့ Parasiteတွေ အကြောင်းပါတယ်။ အဲဒါသူ ဖျားတာDumdum Fever ပါဆိုပြီး တော့ ဆရာတွေကိုပြောတော့ ရယ်လိုက်ရတာ၊ ဒီအဖျားကKalasazar ဒေသ မှာဖြစ်တဲLeishmania ပါရာဆိုက်တစ်မျိုးကြောင့်ဖြစ်တာ။ မြန်မာ ပြည်မှာ မဖြစ်ဖူးလို့ အတော်ရှင်းပြခဲ့ရတယ်။ ရောဂါအစွဲအလမ်းတွေပေါ့။
 ဒီရောဂါဖြစ်ရပုံကို သီအိုရီတွေနဲ့ ရှင်းပြထားပါတယ်။ စိတ်ပညာသီအိုရီ တွေပေါ့။ ပထမတစ်ခုက ကိုယ်ခန္ဓာကိုယ်မှာ သာမန်လူတိုင်း ဖြစ်ရိုးဖြစ်စဉ် ခံစားရတဲ့ ဝေဒနာတွေ ရှိကြပါတယ်။ ဒီလို ခံစားရတာတွေကို ရောဂါရှင်က သူများထက်ထူးပြီး အဓိပ္ပာယ်ကောက်ယူမှု လွဲမှားကာ ရောဂါလို့ ယူဆ စွဲလမ်းသွားတာပါတဲ့။ သူတို့ဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မအီမသာဖြစ်မှု မသက်မသာဖြစ်မှုတွေကို သည်းမခံနိုင်ကြပါဘူး။ ခံနိုင် ရည်အား နည်းကြပါ တယ်။ ဒီခံစားချက်တွေကို သူများတွေထက်ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။ ဥပမာ-သာ မန်ဗိုက်တင်းတာကို အများစုက ရိုးရိုးပဲ ဗိုက်တင်းတာလို့ ယူဆ ကြပေမယ့် ဒီလိုပုဂ်္ဂိုလ်မျိုးက ဗိုက်နာတယ်လို့ သာသာထိုးထိုး ခံစားတတ် ကြပါတယ်။ ဒီလို (sensation) တွေကို အာရုံပိုစိုက်ရာက အဓိပ္ပာယ် အကောက် လွဲပြီး ရောဂါဖြစ်မှာ ကြောက်လာတယ်။ ရောဂါဖြစ်ပြီဆိုပြီး ယုံကြည်စွဲလမ်းမှုတွေ ဖြစ်လာကြပါတယ်လို့ ရှင်းပြပါတယ်။
 နောက် သီအိုရီတစ်ခုကတော့ လူမှုဆက်ဆံရေးဆိုင်ရာ သင်ယူမှုပုံစံ (SOCIAL LEARNING MODEL)ရှင်းပြပါတယ်။ ဒီနေရာမှာ (SICK ROLE)ဆိုတာရှိတယ်။ (နာမကျန်းသူ၏ အခန်းကဏ္ဍ)လို့ အဓိပ္ပယ်ဖွင့်တယ်။ လူတစ်ယောက်ဟာ နာမကျန်းသူ ဖြစ်လာပြီဆိုရင် အရင်ကနဲ့ မတူတော့တဲ့ လူမှု ဆက်ဆံရေး အခြေအနေတွေ ဖြစ်ပေါ်လာတယ်။ သူ့အတွက် အခွင့် အရေးတွေ အများကြီးရပါတယ်။ အလုပ်ကနေ ခွင့်ယူပိုင်ခွင့်ရှိတယ်။ တာဝန်ဝတ္တ္တရားတွေကနေ နားခွင့်ကင်းလွတ်ခွင့် ရလာတယ်။ အလုပ် မလုပ်လို့ အပြစ်တင်လည်း မခံရတော့ဘူး။ နေမကောင်းလို့ပဲလေလို့ ခွင့်လွှတ်မှုကို ရလာတယ်။ သနား ကရုဏာသက်ခံရတယ်။ အများကြီးပါ။ ဒီလိုအခြေအနေ တွေကို သိရှိပြီးသား လူတစ်ယောက်ဟာ သူတောင့်မခံနိုင်လောက်တဲ့ မဖြေရှင်းနိုင်လောက်တဲ့ ပြဿနာတွေ တွေ့ကြုံလာရတဲ့အခါ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ ကာကွယ်မှုယတ္တရားတေ(Self-defence mechanisms)ကနေ သူ့ကို လူနာအဖြစ် ပြောင်းပေး လိုက်တော့တယ်။ သူ့ကိုယ်သူတောင် မသိ လိုက်တော့ဘူး။ ဒီလိုလူနာဖြစ်သွားတော့ အထက်က ပြောခဲ့တဲ့ ပြဿနာတွေ ကို အခိုက်အတန့်ပဲဖြစ်ဖြစ် အထိုက်အလျောက် ရှောင်လွှဲနေနိုင်တော့မယ် မဟုတ်လား။ သူလူ နာဖြစ်သွားပြီလေ။
 တတိယသီအိုရီက ဒီရောဂါဟာ အခြားအခြားသော စိတ်ရောဂါတွေ ဖြစ်တဲ့ စိတ်ကျရောဂါနဲ့ စိုးရိမ် စိတ်ရောဂါတို့ရဲ့ မူကွဲတစ်မျိုးပဲ ဖြစ်ပါတယ်တဲ့။ တွေ့ရှိချက်တွေကလည်း ဒီလို ဝေဒနာရှင်တွေရဲ့ ၈၀% လောက်မှာ စိတ်ကျ ရောဂါ (သို့မဟုတ်) စိုးရိမ်စိတ်ရောဂါ တစ်ခုခုတွဲလျက် ဖြစ်နေတာဖြစ်လို့တဲ့။ ဒါကြောင့် တစ်မျိုးပြောရရင် ဒီမာလျက်နာရောဂါဆိုတာ ကိုယ်ခန္ဓာလက္ခဏာ ဆောင်တဲ့ စိတ်ကျရောဂါ (သို့မဟုတ်) စိုးရိမ်စိတ်ရောဂါတစ်မျိုးပါပဲလို့ ဆိုပါ တယ်။ 
 ဆက်ပြီးပြောရမှာက ဒီရောဂါဆိုတာသိနိုင်ဖို့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလဲဆိုတာပါ။ ရောဂါရဲ့ ပုံသဏ္ဍာန်က နှလုံးရောဂါပဲဖြစ်ဖြစ်၊ အစာအိမ် ရောဂါပဲဖြစ်ဖြစ်၊ ဘယ်လိုမျက်နှာဖုံးနဲ့ပဲလာလာ အခုပြောမယ့် ဘောင်ထဲကို ၀င်မှ ဒီရောဂါလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၁။ လူနာရဲ့ ရောဂါရမှာ ကြောက်ရွံ့မှု ဒါမှမဟုတ် ရောဂါရနေပြီဆိုတဲ့ စွဲလမ်းယုံကြည်မှုဟာ  သူ့ကိုယ်ခန္ဓာမှာ ခံစားနေရတဲ့ လက္ခဏာတွေပေါ်မှာ အဓိက အခြေပြုနေရမှာဖြစ်တယ်။
၂။ ရောဂါဖြစ်နေပြီဆိုတဲ့ ယုံကြည်မှုဟာ ဆီလျော်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အကျိုးအကြောင်း  ရှင်းလင်းဖျောင်းဖျပြီး အားပေးမှုတွေလုပ်ပေမယ့် ယုံကြည်မှု က ကွယ်ပျောက်မသွားဘဲ  ဆက်ပြီးရှိနေတယ်။
၃။ ဒီရောဂါအပေါ် စွဲလမ်းနေမှုကြောင့် လူနာရဲ့ လူမှုရေး၊ အလုပ်အကိုင်နဲ့ အရေးကြီးအလုပ်တွေ  လုပ်ဆောင်နိုင်မှု သိသိသာသာ ထိခိုက်ဆုံးရှုံးလာပါ တယ်။
၎။ ရောဂါဖြစ်ပွားတဲ့ အချိန်ကာလကို အနည်းဆုံး (၆)လ ရှိရမယ်လို့ ဆိုပါတယ်။
၅။ ဒီရောဂါဟာ ဒီ့ပြင်စိတ်ရောဂါများဖြစ်တဲ့ အထွေထွေ စိုးရိမ်စိတ်ရောဂါ စိတ်စွဲမလုပ်ရ မနေနိုင်ရောဂါ  (Obsessive-Compulsive Disorder) အပြင်း အထန် ကြောက်ရွံ့ခြင်းရောဂါ (Panic Attack)၊  စိတ်ကျရောဂါ အပြင်းစားနဲ့ ဟစ်တီးရီးယား (HYSYTERIA)လို ရောဂါမျိုးတွေရဲ့ တစ်ဆင့်ခံဖြစ်တာ  မဟုတ်ကြောင်း ခွဲခြားနိုင်ရပါမယ်။
၆။ ဒီရောဂါခံစားနေရတဲ့ အချိန်အများစုမှာ လူနာအနေနဲ့ သူ့ရဲ့ရောဂါရနေပြီ ဆိုတဲ့ ယုံကြည်စွဲလမ်းမှုဟာ  သာမန်ထက်လွန်ကဲနေပြီး ကြောင်းကျိုး မဆီလျော်ဘူးဆိုတာ အမှန်အတိုင်း  သုံးသပ်သိမြင်နိုင်မှုမရှိတာ များပါတယ်။
 ရောဂါတွေ့ပြီဆိုတော့ ဘယ်လိုကုသရမလဲ လာမှာပေါ့။ ဒီရောဂါ ဝေဒနာရှင်တွေဟာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာကုသမှုကို ဆန့်ကျင်လေ့ ရှိကြပါတယ်။ လက်ခံတာ နည်းတယ်။ ဒါကလည်း မဆန်းပါဘူး။ ရှေ့က ပြောခဲ့သလို ရောဂါလက္ခဏာတွေကလည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွေ ဖြစ်တာ ရယ်၊ စိတ်ရောဂါရှင်လို့ နာမည်တပ်မခံနိုင်တာရယ်ကြောင့်ပေါ့။ ဒါကြောင့်မို့ အကောင်းဆုံးကတော့ ကုသမှုက စိတ်ပိုင်းဆိုင်ရာပေမယ့် ကုသမယ့် အသိုင်း အ၀ိုင်းကတော့ ဖြစ်နိုင်ရင် အထွေထွေရောဂါကုသတဲ့ ပတ်ဝန်းကျင်မှာပဲ လုပ်ပေးသင့်ပါတယ်။
ကုသနည်းများက -
၁။ လူနာရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့ နည်းလမ်းတွေသုံးတာ
၂။ နာတာရှည်ရောဂါတစ်ခုကို ဘယ်လိုမျိုး အဆင်ပြေပြေ လိုက်လျော ညီထွေနေသွားဖို့  ပညာပေးရှင်းပြတာမျိုး(COPE WITH CHRONIC ILLINESS)
၃။ ရောဂါတူ လူနာများကို အုပ်စုဖွဲ့ပြီးကုတဲ့ စိတ်ပိုင်းဆိုင်ရာကုထုံး(GROUP PSYCHOTHERAPY) -  ဒီနေရာမှာ ကုခန်းစိတ်ပညာရှင်ရဲ့ အကူအညီ လိုပါတယ်။ ဒီကုထုံးကြောင့် လူနာတစ်ဦးနဲ့တစ်ဦး  လူမှုထောက်ကူ မှုရလာပြီး ရောဂါအပေါ် စိုးရိမ်စိတ်လျော့ကျသွားနိုင်ပါတယ်။
၎။ ဒီ့ပြင်တစ်ဦးချင်းစီ ကုသရတဲ့ အမှန်မြင်မှု ဦးတည်ချက် စိတ်ကုထုံး(Insight oriented  psychotherapy)၊ သိမှုအပြုအမူကုထုံး (Cognitive Behaviour Therapy)နဲ့ အိပ်မွေ့ချကုထုံး  (Hypnosis)တွေ ကိုတော့ ကုခန်းစိတ်ပညာရှင်တွေက လုပ်ပေးနိုင်ပါတယ်။
၅။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်သဘော မကြာခဏ လုပ်ပေးမယ်ဆိုရင် လူနာကို  ကျေနပ်နှစ်သိမ့်မှု ရစေနိုင်ပါတယ်။ ဆရာဝန် က သူ့ကို ပစ်မထားပါလားဆိုတဲ့ သူ့ခံစားချက်တွေကို  အရေးစိုက်ဖော် ရသားပဲလို့ အားတက်စေမှာပါ။ ဒါပေမယ့် ကိုယ်ခန္ဓာအတွင်းပိုင်းထိ  ၀င်ရောက်စစ်ဆေးမှုမျိုးတွေ ပြင်းပြင်းထန်ထန် ဆေးကုသမှုတွေကိုတော့ လုပ်သင့်တဲ့  အထောက်အထား ခိုင်မာမှသာ လုပ်သင့်ပါတယ်။ အရေး ကြီးတာက ဖြစ်နိုင်ရင် ဆရာဝန်ဟာ  စစ်ဆေးရာက တွေ့လာရတဲ့ မသေချာတဲ့ အချက်အလက်တွေ၊ တိုက်ဆိုင်မှုအရ ဖြစ်နိုင်တာတွေကို  လိုက်ပြီး ကုသမှုဘောင်ကို အမျိုးမျိုး မပြောင်းလဲသင့်တာပါပဲ။
၆။ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများနဲ့ ကုသမှုမှာတော့ လူနာမှာ ဆေးနဲ့ ပျောက်နိုင်တဲ့ စိတ်ရောဂါဝေဒနာမျိုး  အောက်ခံအနေနဲ့ ရှိနေတယ်လို့ ယူဆရင် ပေးလို့ရပါတယ်။ လူနာဟာ ရောဂါအတွက် စိုးရိမ်ပူပန်မှုတွေ  အရမ်းများနေရင်၊ ရောဂါကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်နေရင် သင့်တော်တဲ့ ဆေးဝါးများ  ပေးလေ့ရှိပါတယ်။
၇။ ဒီရောဂါဟာ ဖိစီးမှုတစ်ခုခုရဲ့ဒဏ်ကြောင့် ခဏတဖြုတ်သာဖြစ်လိမ့် မယ်လို့ယူဆရင် ဒီဖိစီးမှုဒဏ်ကို  ခံနိုင်ရည်ရှိအောင် ကူညီပေးရပါမယ်။ ဒါပေမယ့် နာမကျန်းဖြစ်ခြင်းအပြုအမူ(Illness Behaviour)  ကိုတော့ အားမပေးရပါဘူး။ ပြဿနာကို ရှောင်လွှဲဖို့အတွက် လူနာအဖြစ်ကို သာယာမှု(SICK ROLE  BEHAVIOUR) မဖြစ်စေရအောင် သတိထား ပြီး ကူညီရမှာပါ။
 ရောဂါရဲ့ရှေ့အလားအလာကရော ဘယ်လိုနေမလဲလို မေးရင်တော့-     ဒီရောဂါရဲ့ သဘာဝက ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ဖြစ်ရင်  နှစ်နဲ့လနဲ့ချီပြီး ဖြစ်တတ်သလို၊ ဒီလိုပဲ အကြာကြီး ပျောက်ရင်လဲပျောက်နေ တတ်တယ်။ ပြန်ဖြစ်တာတို့ ရောဂါပိုဆိုးသလိုဖြစ်လာတာတို့ဟာ လူရဲ့ စိတ်ပိုင်း/လူမှုရေးပိုင်းဆိုင်ရာ ဖိစီးမှုများနဲ့ ဆက်စပ်မှုရှိနေပါတယ်။
 ဒီလူနာတွေထဲက (၃)ပုံ (၁)ပုံ ဒါမှမဟုတ် တစ်ဝက်လောက်က သိသိ သာသာ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ပျောက်ကင်းမှုကို အထောက်အကူ ပြုတဲ့ အချက်တွေကတော့ 
* လူမှုစီးပွားအဆင့်အတန်း မြင့်မားခြင်း
* စိုးရိမ်စိတ်နဲ့ စိတ်ကျလက္ခဏာများကို ဆေးကုပေး၍ ပျောက်ကင်း သွားခြင်း
* ရောဂါလက္ခဏာများသည် ရုတ်တရက်ချက်ခြင်း ပေါ်လာသည့် သဘောရှိခြင်း( ACUTE  ONSET)
* ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးရှိခြင်း
* လူနာခံစားရသော လက္ခဏာများနှင့် ဆက်စပ်သည့် ကိုယ်ခန္ဓာ ရောဂါ အစစ်အမှန်မရှိခြင်း
 စတဲ့အချက်အလက်တွေရှိရင် ရောဂါရဲ့ရှေ့ရေးခန့်မှန်းမှု (Prognosis) ကောင်းတယ်လို့ ပြောနိုင်ပါတယ်။
 နိဂုံးအနေနဲ့ပြောရရင်တော့ ကျွန်တော်တို့လူသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေဟာ အမျိုးအစားများပြားလှတဲ့အပြင် တစ်ခုတစ်ခုလဲ ရောထွေးဆက်စပ် ရှုပ်ရှက်ခတ်လှပါတယ်။ စောစောသိနိုင်တာရှိသလို၊ မသိနိုင်တာလည်း ရှိပါတယ်။ အခုရောဂါလို ကိုယ်ခန္ဓာရောဂါ မျက်နှာဖုံး စွပ်ထားတဲ့ စိတ်ရောဂါတွေလည်း ရှိပါတယ်။ လူဟာ ရုပ်နဲ့စိတ်နှစ်မျိုး ဒွန်တွဲနေတော့ ၂ ခုလုံးမှာ ရောဂါရနိုင်တာကို တချို့ပုဂိ္ဂုလ်များက သိပ်စိတ်ထဲ မရှင်းတာ တွေ့ရပါတယ်။ ရောဂါဆိုရင် ရုပ်ပိုင်းကိုယ်ခန္ဓာပိုင်းမှာသာ ဖြစ်ရ မယ်လို့ တရားသေမှတ်ယူကြပါတယ်။ စိတ်ရောဂါဆိုတာလဲ ဦးနှောက်ဆိုတဲ့ ရုပ်ပိုင်းနဲ့ ပြင်ပက လှုံ့ဆော်မှုတွေ ဖိစီးမှုတွေကို အပြန်အလှန် တုံ့ပြန်ပြီး အလုပ်လုပ်ရာက ရောဂါဖြစ်လာရတာမို့ ရုပ်နဲ့စိတ်ဟာ သီးသန့်ခွဲခြားလို့ မရနိုင်ပါဘူး။ စိတ်ရောဂါဆိုတာဟာ ရုပ်ရောဂါထက် အဆင့်နိမ့်ကျပြီး ရှက်စရာကောင်းတဲ့ ရောဂါမဟုတ်ပါဘူးလို့ နောက်ဆုံးတင်ပြချင်ပါတယ်။

ဒေါက်တာ စန်းရောင်ညွှန့်
ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီး

ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ Dr. စန်းရောင်ညွန့် ၏
" မာလျက်နာရောဂါ"

မာလျက်နာရောဂါ
Dr.စန်းရောင်ညွန့်
(ဦးနှေက်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ပြီးခဲ့တဲ့ နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းထဲက ပါမောက္ခဒေါက်တာသံစစ်ရဲ့ “အနာမသိ ဆေးမရှိ ” ဆောင်းပါးကို ဖတ်လိုက်ရတယ်။ သူ့ဆောင်းပါးမှာ ရောဂါသိရှိမှကုနိုင်လို့ ရောဂါကို မသိ, သိအောင် ခက်ခက် ခဲခဲ ရှာဖွေရတာကို ရှင်းပြထားပါတယ်။ အလွန်မှတ်ဖို့ ကောင်းလှပါတယ်။ ဒေါက်တာသံစစ်ဆိုတာက ကျွန်တော် နဲ့ တစ်ကျောင်းတည်းတက်၊ တစ်ရက်တည်း ဆရာဝန်ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ သူဟာ ဒီ လောက် အလုပ်များပြီး မအားတဲ့အထဲက စာတွေကလည်း ရေးနိုင်ပါပေ့၊ ချီးကျူးပါတယ် သူငယ်ချင်း။ သူ့ဆောင်းပါး ကိုဖတ်ပြီး ကျွန်တော် ဖြည့်စွက်ချင်တာလေးတွေ ပေါ်လာလို့ အခုဆောင်းပါးကို ရေးလိုက်တာပါ။
ကိုသံစစ်တို့ရဲ့ အထွေထွေရောဂါ ကုသရေးထဲမှာ ပါဝင်ပြီး ရှုပ်ထွေး အောင် လုပ်နေတဲ့ စိတ်ပိုင်း ဆိုင် ရာပြဿနာ တချို့ရှိပါတယ်။ အမှန်က စိတ်ရောဂါတွေကြောင့် ကိုယ်ခန္ဓာမှာ ထိခိုက် ပြောင်းလဲမှုဖြစ်တာ၊ ကိုယ်ခန္ဓာ ရောဂါတွေကြောင့် စိတ်ဝေဒနာ ဖြစ်လာတာဆိုတဲ့ အပြန်အလှန်သဘောက အမြဲတမ်း ဒွန်တွဲ နေတာပါ။ အခုပြောမှာကတော့ အဲဒီသဘောနဲ့ ကွာပါတယ်။ ဘာလို့လဲဆိုတော့ အခုပြောတဲ့ရောဂါက စိတ်ရောဂါအစစ်၊ ဒါပေမယ့် သူ့ ပုံသဏ္ဍာန်က ကိုယ်ခန္ဓာရောဂါလေ၊ ဒီတော့ ကိုယ်ခန္ဓာရောဂါတောထဲမှာ အရေခြုံလာနေတဲ့ ရောဂါတုကို မိအောင်ဖမ်းဖို့ မလွယ်သလို ဖမ်းမိဖို့လိုလည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကြောင့် ဆရာဝန်ကြီးတွေ မျက်စေ့ လည်မယ်၊ စိတ်ရှုပ်ပင်ပန်းမယ်၊ လူနာဖက်ကလဲ ငွေကုန်လူပန်း စိတ်မချမ်း မသာ ဖြစ်ကြရတာမို့ပါ။
ဒီလိုဝေဒနာရှင်တွေဟာ များသောအားဖြင့် ကျွန်တော်တို့လို စိတ်ရောဂါ ဆရာဝန်တွေဆီကို နောက် ဆုံးလောက်မှ ရောက်လာကြတယ်။ ရောက်မလာတဲ့ သူတွေကလည်း အများကြီးနေမှာပါ။ ဒါကလဲ မဆန်းပါ ဘူး၊ ရောဂါလက္ခဏာတွေက ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွေလို့ထင်ရှားနေပြန်၊ လူနာ အနေနဲ့ ဒါတွေဟာ စိတ် ကြောင့်ဖြစ်တာပါလို့ လက်ခံဖို့ရာလဲ မလွယ်ပြန်၊တစ်ခါ စိတ်ရောဂါရှင်လို့ နာမည်တပ်ခံရမှာ အကြာက်ဆုံး ဖြစ်ပြန်လို့ပါပဲ။ ဒါပေမဲ့ ရောက်လာတဲ့သူတွေကတော့ ကံကောင်းထောက်မစွာ ဆရာဝန်က ညွှန်လို့ပဲဖြစ်ဖြစ်၊ အတွေ့အကြုံရှိတဲ့ မိတ်ဆွေသားချင်းတွေက ခေါ်လာလို့ပဲ ဖြစ်ဖြစ် ရောက်တော့လာကြပါတယ်။ ပထမတော့ မယုံတ၀က် ယုံတ၀က်ပဲ။နောက်သက်သာလာတော့မှ ယုံယုံကြည်ကြည်နဲ့ ဆက်ကုပါတယ်။ ဒီလို လူနာမျိုးဟာ ကျွန်တော်တို့အတွက် အစပိုင်းတော့ တော်တော်ကုရတာ ပင်ပန်းတယ်၊ ခက်ပါတယ်။ ဒါကို ကျွန်တော်နောက်ပိုင်းကျ ရှင်းပြမှာပါ။
ဒီရောဂါရဲ့ နာမည်ကို မထုတ်ဖော်ခင် ဒီရောဂါက အရေခြုံထားတတ်တဲ့ ကိုယ်ခန္ဓာရောဂါတွေကို ပြောရပါမယ်။ သူအရေခြုံလေ့ရှိတဲ့ ရောဂါတွေက တော့ များသောအားဖြင့် နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးသွားလမ်းကြောင်း ရောဂါ HIV လို့ထင်နေတဲ့ရောဂါ၊ အသက်ရှူမ၀ရင်ကြပ်ရောဂါနဲ့ ခေါင်းကိုက် ရောဂါ တွေပါပဲ။ ဒီရောဂါတွေရဲ့ အဖြစ်များတဲ့လက္ခဏာပုံစံ ခံစားရတဲ့ လူနာ တွေဟာ၊ ထုံးစံအတိုင်း သက်ဆိုင်မယ် ထင်တဲ့ ပါရဂူတွေဆီ ပြသကြတာပေါ့။ ဆရာဝန်ကြီးတွေကလဲ သက်ဆိုင်မယ်လို့ယူဆရတဲ့ စမ်းသပ်စစ်ဆေး မှုတွေ အကုန်လုပ်ပေးကြပါတယ်။ သက်ဆိုင်လောက်တဲ့ ဆေးဝါးကုသမှုတွေလဲ လုပ်ပေးကြပါတယ်။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေကလဲ အဲဒီရောဂါကို တိတိကျကျ မညွှန်ပြနိုင်ဘူး၊ ကုသပေမဲ့ ရောဂါသက်သာမှုကလဲ အားရ လောက်အောင် မဖြစ်လာဘူးဆိုတော့ လူနာဟာ ရောဂါကို ကြောက်လန့်မှု အစွဲအလမ်းပိုကြီးပြီး ပိုဒုက္ခရောက်ရပါတယ်။ တခုခုတော့ လွဲနေပါပြီ။
ဒီရောဂါရဲ့ အမည်ကတော့ ကျွန်တော်တို့ ဆေးပညာ အခေါ်အဝေါ်နဲ့ တော့(HYPOCHONDRIASIS)လို့ ဆိုတဲ့ လို့ခေါ်ပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုမယ်ဆိုရင် “လူတစ်ယောက်၌ ဆိုးရွားသော ရောဂါတစ်ခု စွဲကပ် လာ မည်ကို ကြောက်ရွံ့ ခြင်း (သို့မဟုတ်) ထိုရောဂါရနေပြီဟုယုံကြည်ခြင်းက သူဧ။်စိတ်ကို ပြင်းထန်စွာ လွှမ်းမိုး ဖိစီးထားသည့် အခြေအနေတရပ်ဖြစ်သည်” လို့ဆိုလိုပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အမှတ်တမဲ့ အိမ်က မြေးမလေးရဲ့ “သာလွန် ကျောင်း သားသုံး အင်္ဂလိပ်၊မြန်မာ အဘိဓာန်” မှာ ဒီစကားလုံးကို ရှာကြည့် လိုက် တော့ အမယ်မဆိုးဘူး။ ဘာသာပြန်ထားတာက “မာလျက်နာသော ရောဂါ”တဲ့။ ရုတ်တရက်တော့ဖတ်ရတာ ကြောင်တောင်တောင်ဖြစ်သွားတယ်။ စဉ်းစား ကြည့်တော့ဟုတ်သားပဲ။ ကျန်းမာရေး (ကိုယ်ခန္ဓာကိုဆိုလိုသည်) ကောင်းပါ လျက် နာမကျန်းဖြစ်သော (စိတ်ပိုင်းဆိုင်ရာဆိုလိုသည်) ရောဂါလို့ အဓိပ္ပာယ် ရပါတယ်။ ဒါနဲ့ ကျွန်တော်လဲ သူ့စကားလုံးကို ကျွန်တော့်ဆောင်းပါးမှာ ခေါင်းစဉ်အဖြစ် ယူသုံးလိုက်မိပါတယ်။ 
ရောဂါရဲ့ ဆေးနာမည်ကတော့လည်း အမှန်က သိပ်မသက်ဆိုင်ဘူး။ သမိုင်းကြောင်းပြန်ကြည့်ရင် HYPOCHONDRIA ဆိုတဲ့ ဂရိစကားလုံးကို ဆရာကြီးဟစ်ပိုကရေးတီးက စ,သုံးခဲ့ပါတယ်။ နံရိုးအရိုးနုအိမ်ရဲ့ အောက်ဖက် ၀မ်းဗိုက်အထက်ပိုင်းနေရာကို ခေါ်တာပါ။ နောက်တော့ အဲဒီဝမ်းဗိုက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေကို ဖော်ပြဖို့(HYPOCHONDRIASIS)ဆိုပြီး ဆရာကြီး “ဂယ်လင်း” က ဆက်သုံးခဲ့ပါတယ်။ နောက်ပိုင်းကျမှ ဒီနာမည်ကို စိတ်ရောဂါနယ်ပယ်ထဲသွင်းပြီး ၀မ်းဗိုက်တင်မက ဒီပြင်နေရာတွေမှာပါ ခံစား ရတဲ့ လက္ခဏာတွေကို ဖော်ပြဖို့ သုံးလာကြပါတယ်။ 
ဒီရောဂါရဲ့ ဖြစ်ပွားနှုန်းကို လေ့လာကြတဲ့အခါ ဆေးရုံဆေးခန်းတွေမှာ လာပြီးပြကြတဲ့ လူနာတွေရဲ့ ၄% ကနေ ၆% ထိ ရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ တစ်ခါတစ်ရံ ၁၅% ထိ မြင့်တက်တယ်လို့ ပြောကြပါတယ်။ စကားမစပ် တစ်ခါတုန်းက နှလုံးရောဂါအထူးကု ပါမောက္ခဆရာဝန်မကြီး တစ်ယောက်နဲ့ ကားလိုင်စင်ရုံးမှာ ဆုံမိတော့ စကားပြောကြရင်း မေးမိတယ်။နှလုံးရောဂါဌာနမှာ လာပြကြတဲ့လူနာတွေထဲမှာ Cardiac Neurosisလို့ ခေါ်တဲ့ နှလုံးရောဂါစွဲနျူရိုးဆစ်ဝေဒနာရှင်တွေ ၃ပုံ ၁ပုံ လောက်ပါမလားလို့ ပေါ့။ သူက ဘယ် ကမလဲ - တစ်ဝက်လောက်ရှိတယ်လို့ ဖြေခဲ့ဖူးပါတယ်။ ဒီရောဂါဟာ အများအားဖြင့် အသက် (၂၀)နဲ့ (၃၀) လောက်မှာ စ,ဖြစ်တတ် ကြပါတယ်။ တစ်သက်လုံး ကောင်းလာပြီး အသက်ကြီးမှ ဒီလိုဖြစ်တယ် ဆိုရင်တော့ ကိုယ်ခန္ဓာ ရောဂါပိုင်းကို ပိုဦးစားပေးကြည့်ရပါလိမ့်မယ်။ တစ်ခါ ဆေးကျောင်းသားတွေမှာလည်း ဒုတိယနှစ် လောက်မှာ ဒီလိုရောဂါမျိုး ၃% လောက် ဖြစ်တတ်ကြတယ် ဆိုပါတယ်။ ဒါပေမယ့် ခဏတဖြုတ်လောက်ပဲ ဖြစ်တာပါတဲ့။ ရောဂါတွေအကြောင်း သင်ရပြီး စိတ်စွဲလမ်းသွားတာပါ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ပေါ်လာတယ်။ အခုတော့ နိုင်ငံ ရပ်ခြားမှာ ကြီးပွားနေပါပြီ။ ကျောင်းမှာ ပထမနှစ် အကြီးတန်းတက်နေတုန်း ထင်တယ်။ သူဖျားပါလေရော။ အဲဒီအတန်းမှာ သတ္တဗေဒသင်တော့ Parasiteတွေ အကြောင်းပါတယ်။ အဲဒါသူ ဖျားတာDumdum Fever ပါဆိုပြီး တော့ ဆရာတွေကိုပြောတော့ ရယ်လိုက်ရတာ၊ ဒီအဖျားကKalasazar ဒေသ မှာဖြစ်တဲLeishmania ပါရာဆိုက်တစ်မျိုးကြောင့်ဖြစ်တာ။ မြန်မာ ပြည်မှာ မဖြစ်ဖူးလို့ အတော်ရှင်းပြခဲ့ရတယ်။ ရောဂါအစွဲအလမ်းတွေပေါ့။
ဒီရောဂါဖြစ်ရပုံကို သီအိုရီတွေနဲ့ ရှင်းပြထားပါတယ်။ စိတ်ပညာသီအိုရီ တွေပေါ့။ ပထမတစ်ခုက ကိုယ်ခန္ဓာကိုယ်မှာ သာမန်လူတိုင်း ဖြစ်ရိုးဖြစ်စဉ် ခံစားရတဲ့ ဝေဒနာတွေ ရှိကြပါတယ်။ ဒီလို ခံစားရတာတွေကို ရောဂါရှင်က သူများထက်ထူးပြီး အဓိပ္ပာယ်ကောက်ယူမှု လွဲမှားကာ ရောဂါလို့ ယူဆ စွဲလမ်းသွားတာပါတဲ့။ သူတို့ဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မအီမသာဖြစ်မှု မသက်မသာဖြစ်မှုတွေကို သည်းမခံနိုင်ကြပါဘူး။ ခံနိုင် ရည်အား နည်းကြပါ တယ်။ ဒီခံစားချက်တွေကို သူများတွေထက်ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။ ဥပမာ-သာ မန်ဗိုက်တင်းတာကို အများစုက ရိုးရိုးပဲ ဗိုက်တင်းတာလို့ ယူဆ ကြပေမယ့် ဒီလိုပုဂ်္ဂိုလ်မျိုးက ဗိုက်နာတယ်လို့ သာသာထိုးထိုး ခံစားတတ် ကြပါတယ်။ ဒီလို (sensation) တွေကို အာရုံပိုစိုက်ရာက အဓိပ္ပာယ် အကောက် လွဲပြီး ရောဂါဖြစ်မှာ ကြောက်လာတယ်။ ရောဂါဖြစ်ပြီဆိုပြီး ယုံကြည်စွဲလမ်းမှုတွေ ဖြစ်လာကြပါတယ်လို့ ရှင်းပြပါတယ်။
နောက် သီအိုရီတစ်ခုကတော့ လူမှုဆက်ဆံရေးဆိုင်ရာ သင်ယူမှုပုံစံ (SOCIAL LEARNING MODEL)ရှင်းပြပါတယ်။ ဒီနေရာမှာ (SICK ROLE)ဆိုတာရှိတယ်။ (နာမကျန်းသူ၏ အခန်းကဏ္ဍ)လို့ အဓိပ္ပယ်ဖွင့်တယ်။ လူတစ်ယောက်ဟာ နာမကျန်းသူ ဖြစ်လာပြီဆိုရင် အရင်ကနဲ့ မတူတော့တဲ့ လူမှု ဆက်ဆံရေး အခြေအနေတွေ ဖြစ်ပေါ်လာတယ်။ သူ့အတွက် အခွင့် အရေးတွေ အများကြီးရပါတယ်။ အလုပ်ကနေ ခွင့်ယူပိုင်ခွင့်ရှိတယ်။ တာဝန်ဝတ္တ္တရားတွေကနေ နားခွင့်ကင်းလွတ်ခွင့် ရလာတယ်။ အလုပ် မလုပ်လို့ အပြစ်တင်လည်း မခံရတော့ဘူး။ နေမကောင်းလို့ပဲလေလို့ ခွင့်လွှတ်မှုကို ရလာတယ်။ သနား ကရုဏာသက်ခံရတယ်။ အများကြီးပါ။ ဒီလိုအခြေအနေ တွေကို သိရှိပြီးသား လူတစ်ယောက်ဟာ သူတောင့်မခံနိုင်လောက်တဲ့ မဖြေရှင်းနိုင်လောက်တဲ့ ပြဿနာတွေ တွေ့ကြုံလာရတဲ့အခါ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ ကာကွယ်မှုယတ္တရားတေ(Self-defence mechanisms)ကနေ သူ့ကို လူနာအဖြစ် ပြောင်းပေး လိုက်တော့တယ်။ သူ့ကိုယ်သူတောင် မသိ လိုက်တော့ဘူး။ ဒီလိုလူနာဖြစ်သွားတော့ အထက်က ပြောခဲ့တဲ့ ပြဿနာတွေ ကို အခိုက်အတန့်ပဲဖြစ်ဖြစ် အထိုက်အလျောက် ရှောင်လွှဲနေနိုင်တော့မယ် မဟုတ်လား။ သူလူ နာဖြစ်သွားပြီလေ။
တတိယသီအိုရီက ဒီရောဂါဟာ အခြားအခြားသော စိတ်ရောဂါတွေ ဖြစ်တဲ့ စိတ်ကျရောဂါနဲ့ စိုးရိမ် စိတ်ရောဂါတို့ရဲ့ မူကွဲတစ်မျိုးပဲ ဖြစ်ပါတယ်တဲ့။ တွေ့ရှိချက်တွေကလည်း ဒီလို ဝေဒနာရှင်တွေရဲ့ ၈၀% လောက်မှာ စိတ်ကျ ရောဂါ (သို့မဟုတ်) စိုးရိမ်စိတ်ရောဂါ တစ်ခုခုတွဲလျက် ဖြစ်နေတာဖြစ်လို့တဲ့။ ဒါကြောင့် တစ်မျိုးပြောရရင် ဒီမာလျက်နာရောဂါဆိုတာ ကိုယ်ခန္ဓာလက္ခဏာ ဆောင်တဲ့ စိတ်ကျရောဂါ (သို့မဟုတ်) စိုးရိမ်စိတ်ရောဂါတစ်မျိုးပါပဲလို့ ဆိုပါ တယ်။ 
ဆက်ပြီးပြောရမှာက ဒီရောဂါဆိုတာသိနိုင်ဖို့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလဲဆိုတာပါ။ ရောဂါရဲ့ ပုံသဏ္ဍာန်က နှလုံးရောဂါပဲဖြစ်ဖြစ်၊ အစာအိမ် ရောဂါပဲဖြစ်ဖြစ်၊ ဘယ်လိုမျက်နှာဖုံးနဲ့ပဲလာလာ အခုပြောမယ့် ဘောင်ထဲကို ၀င်မှ ဒီရောဂါလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၁။ လူနာရဲ့ ရောဂါရမှာ ကြောက်ရွံ့မှု ဒါမှမဟုတ် ရောဂါရနေပြီဆိုတဲ့ စွဲလမ်းယုံကြည်မှုဟာ သူ့ကိုယ်ခန္ဓာမှာ ခံစားနေရတဲ့ လက္ခဏာတွေပေါ်မှာ အဓိက အခြေပြုနေရမှာဖြစ်တယ်။
၂။ ရောဂါဖြစ်နေပြီဆိုတဲ့ ယုံကြည်မှုဟာ ဆီလျော်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အကျိုးအကြောင်း ရှင်းလင်းဖျောင်းဖျပြီး အားပေးမှုတွေလုပ်ပေမယ့် ယုံကြည်မှု က ကွယ်ပျောက်မသွားဘဲ ဆက်ပြီးရှိနေတယ်။
၃။ ဒီရောဂါအပေါ် စွဲလမ်းနေမှုကြောင့် လူနာရဲ့ လူမှုရေး၊ အလုပ်အကိုင်နဲ့ အရေးကြီးအလုပ်တွေ လုပ်ဆောင်နိုင်မှု သိသိသာသာ ထိခိုက်ဆုံးရှုံးလာပါ တယ်။
၎။ ရောဂါဖြစ်ပွားတဲ့ အချိန်ကာလကို အနည်းဆုံး (၆)လ ရှိရမယ်လို့ ဆိုပါတယ်။
၅။ ဒီရောဂါဟာ ဒီ့ပြင်စိတ်ရောဂါများဖြစ်တဲ့ အထွေထွေ စိုးရိမ်စိတ်ရောဂါ စိတ်စွဲမလုပ်ရ မနေနိုင်ရောဂါ (Obsessive-Compulsive Disorder) အပြင်း အထန် ကြောက်ရွံ့ခြင်းရောဂါ (Panic Attack)၊ စိတ်ကျရောဂါ အပြင်းစားနဲ့ ဟစ်တီးရီးယား (HYSYTERIA)လို ရောဂါမျိုးတွေရဲ့ တစ်ဆင့်ခံဖြစ်တာ မဟုတ်ကြောင်း ခွဲခြားနိုင်ရပါမယ်။
၆။ ဒီရောဂါခံစားနေရတဲ့ အချိန်အများစုမှာ လူနာအနေနဲ့ သူ့ရဲ့ရောဂါရနေပြီ ဆိုတဲ့ ယုံကြည်စွဲလမ်းမှုဟာ သာမန်ထက်လွန်ကဲနေပြီး ကြောင်းကျိုး မဆီလျော်ဘူးဆိုတာ အမှန်အတိုင်း သုံးသပ်သိမြင်နိုင်မှုမရှိတာ များပါတယ်။
ရောဂါတွေ့ပြီဆိုတော့ ဘယ်လိုကုသရမလဲ လာမှာပေါ့။ ဒီရောဂါ ဝေဒနာရှင်တွေဟာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာကုသမှုကို ဆန့်ကျင်လေ့ ရှိကြပါတယ်။ လက်ခံတာ နည်းတယ်။ ဒါကလည်း မဆန်းပါဘူး။ ရှေ့က ပြောခဲ့သလို ရောဂါလက္ခဏာတွေကလည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွေ ဖြစ်တာ ရယ်၊ စိတ်ရောဂါရှင်လို့ နာမည်တပ်မခံနိုင်တာရယ်ကြောင့်ပေါ့။ ဒါကြောင့်မို့ အကောင်းဆုံးကတော့ ကုသမှုက စိတ်ပိုင်းဆိုင်ရာပေမယ့် ကုသမယ့် အသိုင်း အ၀ိုင်းကတော့ ဖြစ်နိုင်ရင် အထွေထွေရောဂါကုသတဲ့ ပတ်ဝန်းကျင်မှာပဲ လုပ်ပေးသင့်ပါတယ်။
ကုသနည်းများက -
၁။ လူနာရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့ နည်းလမ်းတွေသုံးတာ
၂။ နာတာရှည်ရောဂါတစ်ခုကို ဘယ်လိုမျိုး အဆင်ပြေပြေ လိုက်လျော ညီထွေနေသွားဖို့ ပညာပေးရှင်းပြတာမျိုး(COPE WITH CHRONIC ILLINESS)
၃။ ရောဂါတူ လူနာများကို အုပ်စုဖွဲ့ပြီးကုတဲ့ စိတ်ပိုင်းဆိုင်ရာကုထုံး(GROUP PSYCHOTHERAPY) - ဒီနေရာမှာ ကုခန်းစိတ်ပညာရှင်ရဲ့ အကူအညီ လိုပါတယ်။ ဒီကုထုံးကြောင့် လူနာတစ်ဦးနဲ့တစ်ဦး လူမှုထောက်ကူ မှုရလာပြီး ရောဂါအပေါ် စိုးရိမ်စိတ်လျော့ကျသွားနိုင်ပါတယ်။
၎။ ဒီ့ပြင်တစ်ဦးချင်းစီ ကုသရတဲ့ အမှန်မြင်မှု ဦးတည်ချက် စိတ်ကုထုံး(Insight oriented psychotherapy)၊ သိမှုအပြုအမူကုထုံး (Cognitive Behaviour Therapy)နဲ့ အိပ်မွေ့ချကုထုံး (Hypnosis)တွေ ကိုတော့ ကုခန်းစိတ်ပညာရှင်တွေက လုပ်ပေးနိုင်ပါတယ်။
၅။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်သဘော မကြာခဏ လုပ်ပေးမယ်ဆိုရင် လူနာကို ကျေနပ်နှစ်သိမ့်မှု ရစေနိုင်ပါတယ်။ ဆရာဝန် က သူ့ကို ပစ်မထားပါလားဆိုတဲ့ သူ့ခံစားချက်တွေကို အရေးစိုက်ဖော် ရသားပဲလို့ အားတက်စေမှာပါ။ ဒါပေမယ့် ကိုယ်ခန္ဓာအတွင်းပိုင်းထိ ၀င်ရောက်စစ်ဆေးမှုမျိုးတွေ ပြင်းပြင်းထန်ထန် ဆေးကုသမှုတွေကိုတော့ လုပ်သင့်တဲ့ အထောက်အထား ခိုင်မာမှသာ လုပ်သင့်ပါတယ်။ အရေး ကြီးတာက ဖြစ်နိုင်ရင် ဆရာဝန်ဟာ စစ်ဆေးရာက တွေ့လာရတဲ့ မသေချာတဲ့ အချက်အလက်တွေ၊ တိုက်ဆိုင်မှုအရ ဖြစ်နိုင်တာတွေကို လိုက်ပြီး ကုသမှုဘောင်ကို အမျိုးမျိုး မပြောင်းလဲသင့်တာပါပဲ။
၆။ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများနဲ့ ကုသမှုမှာတော့ လူနာမှာ ဆေးနဲ့ ပျောက်နိုင်တဲ့ စိတ်ရောဂါဝေဒနာမျိုး အောက်ခံအနေနဲ့ ရှိနေတယ်လို့ ယူဆရင် ပေးလို့ရပါတယ်။ လူနာဟာ ရောဂါအတွက် စိုးရိမ်ပူပန်မှုတွေ အရမ်းများနေရင်၊ ရောဂါကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်နေရင် သင့်တော်တဲ့ ဆေးဝါးများ ပေးလေ့ရှိပါတယ်။
၇။ ဒီရောဂါဟာ ဖိစီးမှုတစ်ခုခုရဲ့ဒဏ်ကြောင့် ခဏတဖြုတ်သာဖြစ်လိမ့် မယ်လို့ယူဆရင် ဒီဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးရပါမယ်။ ဒါပေမယ့် နာမကျန်းဖြစ်ခြင်းအပြုအမူ(Illness Behaviour) ကိုတော့ အားမပေးရပါဘူး။ ပြဿနာကို ရှောင်လွှဲဖို့အတွက် လူနာအဖြစ်ကို သာယာမှု(SICK ROLE BEHAVIOUR) မဖြစ်စေရအောင် သတိထား ပြီး ကူညီရမှာပါ။
ရောဂါရဲ့ရှေ့အလားအလာကရော ဘယ်လိုနေမလဲလို မေးရင်တော့- ဒီရောဂါရဲ့ သဘာဝက ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ဖြစ်ရင် နှစ်နဲ့လနဲ့ချီပြီး ဖြစ်တတ်သလို၊ ဒီလိုပဲ အကြာကြီး ပျောက်ရင်လဲပျောက်နေ တတ်တယ်။ ပြန်ဖြစ်တာတို့ ရောဂါပိုဆိုးသလိုဖြစ်လာတာတို့ဟာ လူရဲ့ စိတ်ပိုင်း/လူမှုရေးပိုင်းဆိုင်ရာ ဖိစီးမှုများနဲ့ ဆက်စပ်မှုရှိနေပါတယ်။
ဒီလူနာတွေထဲက (၃)ပုံ (၁)ပုံ ဒါမှမဟုတ် တစ်ဝက်လောက်က သိသိ သာသာ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ပျောက်ကင်းမှုကို အထောက်အကူ ပြုတဲ့ အချက်တွေကတော့ 
* လူမှုစီးပွားအဆင့်အတန်း မြင့်မားခြင်း
* စိုးရိမ်စိတ်နဲ့ စိတ်ကျလက္ခဏာများကို ဆေးကုပေး၍ ပျောက်ကင်း သွားခြင်း
* ရောဂါလက္ခဏာများသည် ရုတ်တရက်ချက်ခြင်း ပေါ်လာသည့် သဘောရှိခြင်း( ACUTE ONSET)
* ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးရှိခြင်း
* လူနာခံစားရသော လက္ခဏာများနှင့် ဆက်စပ်သည့် ကိုယ်ခန္ဓာ ရောဂါ အစစ်အမှန်မရှိခြင်း
စတဲ့အချက်အလက်တွေရှိရင် ရောဂါရဲ့ရှေ့ရေးခန့်မှန်းမှု (Prognosis) ကောင်းတယ်လို့ ပြောနိုင်ပါတယ်။
နိဂုံးအနေနဲ့ပြောရရင်တော့ ကျွန်တော်တို့လူသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေဟာ အမျိုးအစားများပြားလှတဲ့အပြင် တစ်ခုတစ်ခုလဲ ရောထွေးဆက်စပ် ရှုပ်ရှက်ခတ်လှပါတယ်။ စောစောသိနိုင်တာရှိသလို၊ မသိနိုင်တာလည်း ရှိပါတယ်။ အခုရောဂါလို ကိုယ်ခန္ဓာရောဂါ မျက်နှာဖုံး စွပ်ထားတဲ့ စိတ်ရောဂါတွေလည်း ရှိပါတယ်။ လူဟာ ရုပ်နဲ့စိတ်နှစ်မျိုး ဒွန်တွဲနေတော့ ၂ ခုလုံးမှာ ရောဂါရနိုင်တာကို တချို့ပုဂိ္ဂုလ်များက သိပ်စိတ်ထဲ မရှင်းတာ တွေ့ရပါတယ်။ ရောဂါဆိုရင် ရုပ်ပိုင်းကိုယ်ခန္ဓာပိုင်းမှာသာ ဖြစ်ရ မယ်လို့ တရားသေမှတ်ယူကြပါတယ်။ စိတ်ရောဂါဆိုတာလဲ ဦးနှောက်ဆိုတဲ့ ရုပ်ပိုင်းနဲ့ ပြင်ပက လှုံ့ဆော်မှုတွေ ဖိစီးမှုတွေကို အပြန်အလှန် တုံ့ပြန်ပြီး အလုပ်လုပ်ရာက ရောဂါဖြစ်လာရတာမို့ ရုပ်နဲ့စိတ်ဟာ သီးသန့်ခွဲခြားလို့ မရနိုင်ပါဘူး။ စိတ်ရောဂါဆိုတာဟာ ရုပ်ရောဂါထက် အဆင့်နိမ့်ကျပြီး ရှက်စရာကောင်းတဲ့ ရောဂါမဟုတ်ပါဘူးလို့ နောက်ဆုံးတင်ပြချင်ပါတယ်။

ဒေါက်တာ စန်းရောင်ညွှန့်
ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီး

https://m.facebook.com/photo.php?fbid=526258420731871&id=438472672843780&set=a.483761531648227.116071.438472672843780&source=48&ref=bookmark

Hypochondriacs worry and fear that they are seriously ill, despite all contradicting medical evaluations and assurances.
Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!