Popular Posts!

Saturday, May 17, 2014

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။
၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။
ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

သည်းခြေအိတ် ကျောက်တည်နေသူများ အတွက် 

အင်တာနက်ပေါ်မှာ ရှာဖွေ ရရှိလာသော သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ဆေး နည်းစာတမ်း တစ်စောင်ကို သားနှင့် သမီးက ပေးအပ်လာပါသည်။ စာထဲတွင် ဤဆေးနည်းသည် အမှန်တကယ် စွမ်းကြောင်း။ ဤဆေးနည်းဖြင့် ကုသပျောက်ကင်း သူများ၏ ကိုယ်တွေ့ တင်ပြချက်ဖြစ်ကြောင်း။ လက်ဆင့် ကမ်းမျှဝေရန် ဖြစ်ပါကြောင်းဖြင့် ဖော် ပြထားပါသည်။

သဘာဝနည်းဖြင့် သည်းခြေအိတ်တွင် စုစည်းနေသော ကျောက်အား ဖယ်ရှားနည်းကို မူရင်းပေးသူမှာ Dr. Lai Chu -Nan ဖြစ်ကြောင်း ဖော် ပြထားသည်။ အကယ်၍ သင့်မှာ သည်းခြေအိတ် ကျောက်တည်ရောဂါ ရှိပါက ဤနည်းကို သုံးစွဲကြည့်ပါ။ အကယ်၍ ပျောက်ကင်းလျှင် အခြားသူများ လက်ဆင့်ကမ်းပါဟု ဖော်ပြထားသဖြင့် ကျွန်တော်ကိုယ်တိုင်လည်း သည်းခြေအိတ် ကျောက်တည် ရောဂါရှိနေသူဖြစ်၍ ကျွန်တော် ကျင့်သုံးနေသော နည်းရော၊ အလွန်ကောင်းမြတ်သော ဤဆေးနည်းကိုပါ လက်ဆင့်ကမ်းလိုက်ရပါသည်။

သည်းခြေအိတ်ကျောက်တည်ခြင်း၏ လက္ခဏာ
အစာကို များများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်ဖောင်းကားလာ သကဲ့သို့ ခံစားရခြင်း၊ အစာမကြေ သကဲ့သို့ ခံစားရခြင်း၊ အကယ်၍ ရောဂါအခြေအနေ ဆိုးလာပါက အသည်းတစ်ဝိုက်နာကျင်ကာ လွန်စွာ အောင့်လာတတ်ပါသည်။

ကုနည်း သို့မဟုတ် ဆေးနည်း
သဘာဝနည်းဖြင့် သည်းခြေ ကျောက်ဖယ်ရှားနည်းကို အင်တာ နက်စာတမ်းပါ မူရင်းအတိုင်း ဖော် ပြလိုက်ပါသည်။

စနစ်တကျ စားသောက်နေထိုင်ခြင်း ဖြင့်ကုသနည်း သို့မဟုတ် ဆေးနည်း ..

၁။ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် Apple Juice လေးခွက်သောက်။ သို့မဟုတ် ပန်းသီးလေး ငါးလုံးစားပါ။ ပန်းသီးဖျော်ရည်သို့ မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စား သောက်နိုင်ပါသည်။ ပန်းသီးသည် သည်း ခြေကျောက်များကို ပျော့စေ နိုင်ပါသည်။ ထို ငါးရက် အတွင်း အစားအစာ ပုံမှန်စားသုံးပါ။

၂။ ခြောက်ရက်မြောက်သောနေ့တွင် ညစာ မစားဘဲနေပါ။

၃။ ထိုနေ့ည ၆ နာရီတွင် ဆားခါး -Epson Salt (MgSo4) တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နှင့် သောက် ပါ။

၎။ ည ၈ နာရီတွင် အထက်ပါ အတိုင်းဆားခါး တစ်ဇွန်းထပ်သောက် ပါ။

၅။ ည ၁ဝ နာရီတွင် သံလွင်ဆီ သို့မဟုတ် နှမ်းဆီ ပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာ ပန်းကန်လုံး တစ်ဝက်နှင့်သောက်ပါ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရောမွှေ ပြီးမှသောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက် စေနိုင်ပါသည်။ (မှတ်ချက် ပန်းကန် တစ်လုံးစာ ၂၅ဝ မီလီမီတာ)

သံပရာရည် ပန်ကန်လုံး တစ်ဝက် သံပရာသီး ဆယ်လုံးခန့်။

နောက်တစ်နေ့ ဝမ်းသွားသော အခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ့ပါမည်။ Dr. Lai Chiunan က များသော အား ဖြင့် ကျောက်တွေက မစင်ရဲ့ အပေါ် ပိုင်းမှာ ရှိခဲ့ပါတယ်။ ရေတွက်ကြည့် ချင်ရင်လဲ ရပါတယ်။ ကျောက်တုံး ၄ဝ၊ ၅ဝ ကနေ ၁ဝဝ လောက်အထိ ကျတဲ့လူတွေလဲ တွေ့ဖူးပါတယ်။ တကယ်များတာပါဟု မှတ်ချက်ချ ပါသည်။

အကြံပေးချက်
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီက ပိုကောင်းသည်။ တရုတ်ပြည်မှဝင်သည်။ ရန်ကုန်တွင် နေသူများအတွက် သီရိမင်္ဂလာဈေး ဒိုင်တွင် ဝယ်ပါက စီးတီးမတ်ထက် တစ်ဝက်မျှ သက်သာသည်။ တစ်နေ့ ငါးလုံးဆိုတော့ ငါးရက်စာ ၂၅ လုံး အခွံမနွှာဘဲ ဝါးစားနိုင်ပါက ပိုကောင်းသည်။ အများကြီး စားရမည်ဖြစ်သဖြင့် တချို့သူများ ပါးစပ်နာနိုင်သည်။ ပွန်းပဲ့နိုင်သည်။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက်နှစ်လုံး၊ နေ့လယ် နှစ်လုံး၊ ည တစ်လုံး တမြုံ့မြုံ့ ဝါးစားပါ။ လုံးဝ မဝါးနိုင်တော့ပါက သစ်သီးဖျော်စက်ဖြင့် ကြိတ်၍စားပါ။ သံဓာတ်များသော သစ်သီးဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည်။ ဝမ်းလည်း ချုပ်နေတတ်သည်။ ရောဂါပျောက်ရန် ကြိုးစား ပြီးစားပေးပါ။ သံလွင်ဆီမှာ ဝယ်ရမလွယ် သို့မဟုတ် ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီကို သုံးပါ။ အာနိသင်ခြင်း အတူတူပင်ဖြစ်ပါသည်။

ဝမ်းမခိုင်သော ညီမငယ်လေး တစ်ယောက်လည်း ထိုနည်းအတိုင်း လိုက်နာစားသုံး ခဲ့ရာမှ ဆားခါး၊ နှမ်းဆီ၊ သံပရာရည်များ မသောက်ရသေးခင် ငါးရက်မြောက်နေ့တွင် ဝမ်းထဲမှတစ်ဆင့် သည်းခြေကျောက်များ ထွက်ကျပြီး နောက်တစ်ရက် ဆားခါး၊ နှမ်းဆီ၊ သံပရာရည် အစွမ်းကြောင့် ဆက်လက်ဝမ်းလျှောသည်။ ယခုအခါတွင် သည်းခြေကျောက် နှိပ်စက်မှုကြောင့် နာကျင်မှုများ ကင်းဝေးကာ စိတ်ရောကိုယ်ပါ ကျန်းမာပျော် ရွှင်နေပြီဖြစ်ပါသည်။

ကိုယ်တွေ့နည်းဖြင့် ဖြည့်စွက်ခြင်း ကျွန်တော့်၏ သည်းခြေအိတ်ကို ကျောက်တည်နေသည်ကို ဆရာဝန်ကြီး တစ်ဦးက တွေ့ရှိကာ ဤသို့ အကြံပြုပါသည်။ နံနက် အိပ်ရာ ထထိုင်း ဆားခါးကို လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့် ရေနွေးနှင့်ဖျော်၍ မှန်မှန်သောက်ပါဟု အကြံပြုညွှန် ကြားပါသည်။ ဆရာဝန်ကြီး ညွှန်ကြားချက်အတိုင်း မှန်မှန်သောက် လျက်ရှိပါသည်။ ထို့ကြောင့် နေထိုင်ကောင်းလျက် ရှိပါသည်။ ထို့ပြင် သတင်းထောက်ကြီးတစ်ဦး၏ အကြံ ပြုချက်အရ ကျောက်ဖရုံကို သင်္ဘော ခြစ်ဖြင့် ခြစ်၍ ရှာလကာရည် ဆမ်းကာ မကြာမကြာ စားပါသည်။ ယနေ့အထိ အဆင်ပြေလျက်ရှိပါ သည်။

အနှစ်ချုပ်ရပါက သည်းခြေအိတ်တွင် ကျောက်တည်နေသော ဝေဒနာရှင်များအတွက် သည်းခြေ အိတ်ကျောက်တည်ခြင်း ဝေဒနာမှ လွတ်မြောက်စေရန် သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ကင်းစေနည်း လက်ဆင့်ကမ်းပေးသော ဆရာ ဦးသန်းဝင်း၏ မွန်မြတ်သော စေတနာကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ခြင်းနှင့် အတူအခြား နည်းနှစ်နည်းကိုပါ ဖြည့်စွက်ရေးသားလိုက်ရပါသည်။  
စိုးဝင်း(ချောက်ဝ)

Ref:myanmarmarket

သည်းခြေအိတ် ကျောက်တည် ရောဂါ (Gallstone)

May 23, 2012 at 4:45pm


သည်းခြေအိတ် ကျောက်တည် ရောဂါ (Gallstone) ဟူသော ရောဂါသည် လူအများကြားတွင် ကြားဖူး နားဝ ရှိနေကြသော ရောဂါ အမည်တစ်မျိုးပင်ဖြစ်သည်။ လူ အများလည်း ဖြစ်လေ့ရှိကာ အချို့ မှာလည်း ဆေးသောက်ကာ ပျောက်သွားလေ့ ရှိကြသော်လည်း အချို့မှာမူ ခွဲစိတ်ကုသမှုခံယူသည် အထိ ရောဂါ ပြင်းထန်ခဲ့ကြသူများ လည်း ရှိခဲ့ကြမည်ဖြစ်သည်။

သို့သော် အဆိုပါရောဂါ သည် မည်သို့သော အကြောင်းများ ကြောင့် ဖြစ်ပွား လာရသည်၊ မိမိ၏ ခန္ဓာကိုယ် အတွင်းသို့ ကျောက်များ မည်သို့သော အကြောင်းများ ကြောင့် ဝင်ရောက် လာသည်ကိုမူ သိရှိသူ နည်းပါ နေသေးကြောင်း Fame ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် က ပြောသည်။

ကျွန်တော် ဆေးခန်းထိုင်ပါ တယ်။ကျွန်တော့်ဆေးခန်းကိုလာ ပြကြတဲ့ သည်းခြေအိတ်ကျောက် တည်ရောဂါ လူနာအများစုက ဒီ ရောဂါဘာကြောင့်ဖြစ်မှန်းမသိကြ ဘူးဟု ဒေါက်တာခင်မောင်လွင် ကပြောသည်။ သည်းခြေအိတ်တွင် ကျောက် တည်ခြင်းနှစ်မျိုးရှိသည်ဟု သိရ ပြီးတစ်မျိုးမှာ အဆီကြောင့်ဖြစ် သည့် ကိုလက်စထရော ကျောက် တည်ခြင်း (Cholesterol Stone) အခြားတစ်မျိုးမှာ စားသောက် လိုက်သည့် အစားအစာများတွင် ကြေးနီ၊ သံဓာတ်ထုံးဓာတ် အစရှိ သည့် သတ္တုဓာတ်များကြောင့်ဖြစ် သည့် Pigment Stoneတို့ဖြစ် ကြောင်း သိရသည်။

ကျောက်တည်ခြင်းနှစ်မျိုးစ လုံးသည် ခန္ဓာကိုယ်မှချေဖျက်နိုင် သည့် ပမာဏထက် ကျော်လွန် စားသုံးလိုက်မိသည့် အစားအစာ များကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။ သည်းခြေ ကျောက်တည် နေတဲ့ကျောက်တွေကို ခွဲစိတ် ကြည့်လိုက်ရင် မပျော်ဝင်တဲ့အနည်ကျကျောက်တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရလိမ့်မယ်ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။ သည်းခြေအိတ်ကျောက် တည်ခြင်းဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ အနောက် တိုင်းအစားအစာ(Western Diet)များစားသုံးခြင်းကြောင့်ဖြစ် သည်ဟုသိရသည်။

ကမ္ဘာပေါ်တွင် သည်းခြေ အိတ်ကျောက် တည်ရောဂါဖြစ်ပွား မှု အများဆုံးသောနိုင်ငံများမှာ အမေရိကန်၊ချီလီ၊ပီရူး စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။ သည်းခြေအိတ် ကျောက် တည်ရောဂါသည် အစားအ သောက်ကြောင့်လည်း ဖြစ်ပွား တတ်သကဲ့သို့ မျိုးဗီဇကြောင့်လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ မျိုးဗီဇကြောင့်ဖြစ်နိုင်ခြေရှိ တဲ့ကြားထဲမှာ Environmental Factor လို့ခေါ်တဲ့ အစားသောက် အနေအထိုင်ပါမဆင်ခြင်ရင် ပိုဖြစ်နိုင်တယ်ဟုဒေါက်တာခင် မောင်လွင်က ပြောသည်။
မြန်မာလူမျိုးများသည် သည်းခြေအိတ် ကျောက်တည် ရောဂါဖြစ်စေတတ်သည့် မျိုးဗီဇ မပါရှိသဖြင့် မြန်မာလူမျိုးများ တွင်ဖြစ်ပွားသည့် အဆိုပါရောဂါ သည် အစားအသောက်အနေအ ထိုင်ကြောင့်သာ ဖြစ်ပွားလေ့ရှိ သ ဖြင့် ကြိုတင်ကာကွယ်၍ရရှိနိုင် သောရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါသည် အမျိုး သားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အသက်လေး ဆယ်ကျော်သူများတွင် အဖြစ်များ လေ့ရှိကြောင်းသိရသည်။ အသက် လေးဆယ်ကျော် အမျိုးသမီးများတွင် အဆိုပါရော ဂါဖြစ်ပွားနိုင်ခြေမှာ ၂၅ ရာခိုင်နှုန်း ရှိပြီး အမျိုးသားများတွင်မူ ၈ ရာ ခိုင်နှုန်းသာရှိကြောင်းသိရသည်။ ထို့အပြင် အသက်၇၅ နှစ်ကျော် အမျိုးသမီးများတွင် နှစ်ဦး လျှင်တစ်ဦး ဖြစ်ပွားလေ့ရှိပြီး ဖြစ် ပွားနှုန်း ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ သည်းခြေအိတ်တွင် ဖြစ် သည့်ရောဂါအားလုံးသည် သည်း ခြေအိတ်ကျောက်တည်ခြင်း ကြောင့် ဖြစ်ပွားသည့်ရောဂါများ ပင်ဖြစ်သည်။

သည်းခြေအိတ်ရောင်တာ ပဲဖြစ်ဖြစ်၊ ပိုးဝင်တာပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ကြီးပိတ်သွားလို့ပဲ ဖြစ်ဖြစ်၊ သည်းခြေအိတ်ပြည် တည်ပြီး ပေါက်သွားလို့ပဲဖြစ်ဖြစ် နောက်ဆုံး ကုန်ကုန်ပြောရရင် သည်းခြေအိတ်မှာ ကင်ဆာဖြစ် တာအထိ သည်းခြေကျောက် တည်လို့ပဲဟု ဒေါက်တာခင် မောင်လွင်ကပြောသည်။ သည်းခြေအိတ်ကျောက် တည်ရောဂါသည် အမျိုးသမီးများ တွင်ဖြစ်ပွားနှုန်းပိုမိုများပြားပြီး 5Fs နှင့် အကျုံးဝင်သည့် အမျိုး သမီးများတွင် ဖြစ်ပွားနိုင်ခြေပိုမို များပြားကြောင်းသိရသည်။

5Fs ဟူသည်မှာFemale အမျိုးသမီးဖြစ်ခြင်း၊ Fat ဝခြင်း၊ Forty လေးဆယ်ကျော်ခြင်း၊ Fertile ကလေးမွေးထားဖူးခြင်းနှင့် Fair အသားအရေ လတ်ဆတ်ဖြူ ဝင်းခြင်း စသည်တို့ဖြစ်ကြောင်း ဒေါက်တာခင်မောင်လွင်ကပြော သည်။ သည်းခြေကျောက်တည် ခြင်းနှစ်မျိုးရှိသည်ဖြစ်ရာ ပထမ တစ်မျိုးဖြစ်သည့် ကိုလက်စထ ရောကျောက်တည်ခြင်း Cholesterol Stone သည် အဆီအစားများ ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးအစားတွင် ဖြစ်ပွား သည့်ကျောက်မှာ အဆီကျောက် ဖြစ်သည့်အတွက် ဆေးသောက်၍ ခြေဖျက်ရနိုင်ကြောင်း သိရသည်။

အခြား တစ်မျိုးဖြစ်သည့် သ ထ္ထုဓာတ်များပါဝင်သည့်ကျောက် တည်ခြင်း Pigment Stone သည် မာကျောသည့် သတ္တုဓာတ်များဖြင့် ဖွဲ့ စည်းထားသည့် ကျောက်ဖြစ်သ ဖြင့် အများစုမှာ ခွဲစိတ်ကုသမှုခံယူ ရလေ့ရှိကြောင်း သိရသည်။ Cholesterol Stone သည် အမျိုးသမီးများတွင် အဖြစ်များ သည်။ အမျိုးသားများတွင် သည်း ခြေကျောက်တည်ခြင်း ဖြစ်ပွားပါ က Pigment Stone အဖြစ်များ ကြောင်းသိရသည်။
သည်းခြေ ကျောက်တည် ခြင်းကို ဖြစ်ပွားစေသည့် အစားအ စာများမှာ ဆီကျော်များ၊အချိုရည် များ ဖြစ်ကြောင်းသိရ သည်။ ထို့အပြင် အရက်သောက် ခြင်း၊အသက်လေးဆယ်ကျော် သွေးဆုံးပြီးသည့် အမျိုးသမီးများ လည်းဖြစ်ပွားတတ်ကြောင်း သိရ သည်။ ပုံမှန်လမ်းလျှောက်ပေးခြင်း၊ ပန်းသီး၊ နာနတ်သီးစားခြင်း၊ ပဲပိစပ်၊ ပဲပုပ်စားသုံးပေးခြင်း စသည့် အချက်များသည် သည်း ခြေကျောက်တည်ခြင်း အား ကာ ကွယ်နိုင်ကြောင်း သိရသည်။

Ref:7 Days News

* ဆီးရောဂါ ဘယ်နှစ်မျိုး ရှိပါသလဲ---
* ဆီးနဲ့ ပတ်သက်တဲ့ရောဂါ ၅-မျိုးရှိပါတယ်။ အဲဒါတွေကတော့
၁။ ဆီးလွန်ရောဂါ (သောမရောဂါ)
၂။ ဆီးအောင့်ရောဂါ (မုတ္တကိစ်ရောဂါ)
၃။ ဆီးချုပ်ရောဂါ (မုတ္တဃာတ်ရောဂါ)
၎။ ဆီးကျောက်တည်ရောဂါ (အသ္မိရရောဂါ)
၅။ ဆီးချိုရောဂါ (မဓုမေဟရောဂါ)
ဆိုပြီး ဆီးနဲပပတ်သက်တဲ့ရောဂါ ၅-မျိုး ဖြစ်ပါတယ်။


* ဆီးပူညောင်းကျရောဂါရဲ့ ဖြစ်စဉ်ကို ဆက်ပြီး ပြောပြပေးပါဦး
* လူတို့ရဲ့ ကျောက်ကပ်အတွင်းမှာ ဆီးလို့ခေါ်တဲ့ ကျင်ငယ်ရည်ဟာ အစဉ်အမြဲ ဖြစ်ပေါ်နေပါတယ်။ အဲဒီ ဆီး(ကျင်ငယ်ရည်)များကို ထိန်းသိမ်း သိုလှောင်ထားတဲ့ ဆီးအိမ်(ကျင်ငယ်အိမ်) ဟာ ဆီးခုံရဲ့ တင်ဆုံကွင်းအတွင်းရှိ ပြောင်ချောတဲ့ ကြွက်သားများနဲ့ ပြုလုပ်ထားတဲ့ အင်္ဂါတခု ဖြစ်ပါတယ်။ လူတို့စားသောက်လိုကတဲ့ အစာအာဟာရများဟာ ပါးစပ်မှလည်ချောင်းတွင်းကို မျိုချလိုကတဲ့အခါ သလိပ်အိမ်ကို ဖောက်ပြီး အစာသစ်အိမ်ထဲ ရောက်သွားပါတယ်။


အဲဒီအစာသစ်အိမ်ထဲ ရောက်သွားတဲ့အခါ ပါစကတေဇောဓာတ်မီးက ကျိုချက်လိုက်တဲ့အတွက် အစာအားလုံးဟာ ကြေညက်ပြီး အရည်တခြား အဖတ်တခြား ဖြစ်သွားပါတယ်။ အဲဒီနောက် အမြှုပ်ကြမ်းစေချွဲချွဲမှ အမြှုပ်နု ဖြစ်လာပါတယ်။


အဲဒီနောက် အဖတ်၊ အမြှုပ်ကြမ်း၊ အမြှုပ်နု၊ အရည်ဆိုပြီး ထပ်ဆင့် ၄-မျိုး ကွဲသွားပါတယ်။ အဲဒီ ၄-မျိုးကို ဝါယောဓာတ်လေက မှုတ်ထုတ်လိုက်တဲ့အခါ အမြှုပ်ကြမ်း စေးချွဲချွဲဟာ သလိပ်အိမ်ထဲဝင်ပြီး သလိပ်ဖြစ်သွားပါတယ်။


အဆီအနှစ်ရှိတဲ့ အမြှုပ်နုဟာ အူအပြင်ဘက်ကို စိမ့်ဝင်ပြီး တကိုယ်လုံး ပျံ့နှံ့ကာ အသားအရေကို စည်ပင်ကြီးထွားစေပါတယ်။ အဖတ်ကြမ်းဟာ အူထဲဝင်ပြီး ကျင်ကြီးဖြစ်သလို အဖတ်ကြမ်းက ကြွင်းကျန်တဲ့အရည်က ဆီးအိမ်ထဲဝင်ပြီး ဆီး(ခေါ်) ကျင်ငယ်ရည် ဖြစ်လာပါတယ်။


အဲဒီ ဆီး(ခေါ်) ကျင်ငယ်ရည်ဟာ ဆီးအိမ်ထဲမှာ ၂၄-နာရီထက် ပိုနေခဲ့ရင် တေဇောဓာတ်မီး အရှိန်အခိုးကြောင့် ရေကို မီးနဲ့ကျိုချက်သလို ဆီးဟာ ပူလာပါတယ်။ အဲဒီနောက် ဆီးချုပ်လာတတ်ပါတယ်။ ဆီးပူနာ ရင့်လာတဲ့အခါ ဆင့်ပွားရော၈ါဖြစ်တဲ့ ဆီးပူညောင်းကျရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။


* ဆီးပူရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းများကို သိပါရစေ
* ဆီးပူညောင်းကျရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းများကတော့
၁။ နေပူ မီးပူခံခြင်း။
၂။ နေပူမီးပူထဲမှာ အလုပ်လုပ်ရခြင်း။
၃။ နေပူခရီးပြင်းကို ကြာရှည်စွာ ခရီးသွားရခြင်း။
၎။ အပူ၊ အစပ်၊ အဖန်၊ အချုပ်စာများ လွန်ကြူးစွာ စားသောက်ခြင်း။
၅။ မေထုန်မှု လွန်ကဲခြင်း။
၆။ လိင်အပျော်အပါး လိုက်စားခြင်း။
၇။ အညောင်းထိုငမှု များခြင်း။
စတဲ့ အကြောင်းအချက်များကြောင့် ကျင်ငယ်အိမ် (ဆီးအိမ်)မှာ အပူငုပ်စွဲ လောင်မြိုက်တဲ့အတွက် သုက်ဓာတ်များ ပျက်စီးပြီး ဆီးပူညောင်းကျရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။


* ဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဦး
* ဆီးပူညောင်းကျရောဂါ ဖြစ်လာပြီဆိုရင် ပထမ ကျင်ချောင်းအတွင်း ပိုးကောင်လေးများ သွားလာနေသလို ရွစိရွစိဖြစ်ပြီး ယားတတ်ခြင်း၊ တပတ်ခန့်ကြားလာတြ့အခါ နို့ရည်၊ ကစီရည်ကဲ့သို့ ကျလာတတ်ခြင်း၊ ဆီးကို ခွက်နဲ့ခံကြည့်ရင် နို့အဖတ်ကဲ့သို့ တွဲနေခြင်း။

ဒုတိယအဆင့်ကတော့ ဆီးသွားတိုင်း နာကျင်ခြင်း၊ ဆီးသွားတိုင်း ပူစပ်သည့်ဝေဒနာ ခံစားရခြင်း၊ ဆီးအနည်းငယ် မကြာခဏ သွားခြင်း။
တတိယအဆင့်ကတော့ ဆီးသွားတဲ့အခါ ပထမ အပ်ချည်မျှင်ကဲ့သို့ အဖြူအမြွာများ ထွက်ပြီးမှ ဆီးသွားခြင်း။
အဲဒီနောက် အဖြူရောင် အဝါရောင်ပါခြင်း၊ တခါတရံ အကျိအချွဲများအတွင်း သွေးစသွေးနပါခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ကျင်ချောင်းတွင် အနာဆန်ကာပေါက်ကဲ့သို့ ဖြစ်ခြင်း စတဲ့ အဆင့်သုံးဆင့် အစဉ်အလိုက် ဖြစ်ပွားတတ်ပါတယ်။ ဆီးပူညောင်းကျရောဂါ နုစဉ်က မကုသခဲ့ရင် နောက်ဆုံး တတိယအဆင့်ရောက်တဲ့အခါ အနာငန်းမန်းလိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။


* ဆီးပူညောင်းကျရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကို ဆက်ပြီး ပြောပြပေးပါဦး
*ဆီးပူညောင်းကျရောဂါဟာ ဥဏှ(အပူ) အကြောင်းခံပြီး အပူလွန်ငုပ်စွလြောင်မြှိုက်တဲ့ရောဂါ ဖြစ်တဲ့အတွက် အပူငြိမ်းစေတဲ့ ဆေးများ၊ အစာများနဲ့ ကုသရပါတယ်။
၁။ ငရုတ်ကောင်း ၄-ပဲသား
၂။ ဇဝက်သာ ၁-ကျပ်သား
၃။ ကျောက်ချဉ် ၁-ကျပ်သား
၎။ သိန္ဓော ၁-ကျပ်သား
၅။ မှန်ရောင်သကြား ၁၀-ကျပ်သား
(ဆေး ၅-မျိုး ဆေးအချိန် ၁၃-ကျပ်နှင့် ၄-ပဲသား)


အထက်ပါ ၅-မျိုးကို အမှုန့်ညက်အောင်ပြုလုပ်ပြီး ညနေ ၃-နာရီမှ ည ၁၀-နာရီအတွင်း ဆေးလက်ဖက်ရည်ဇွန်း တဇွန်းကို သံပရာရည်၊ အုန်းစိမ်းရည်၊ ထန်းရည်အချို၊ ဓနိရည်၊ ပေရည်၊ ဆန်ဆေးရည် တမျိုးမျိုးနှင့် သောက်သုံးရပါမယ်။

တိုင်းရင်းဆေးခန်းသုံး ဆေးများနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ်(၁၅)သည်းခြေဆေးနဲ့ ဆေးအမှတ်(၁၆) အပူသတ်ဆေးတို့ကို ဆတူရောစပ်ပြီး နံနက်တကြိမ် ညတကြိမ် တနေ့ ၂-ကြိမ် တကြိမ်လျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် သကြားရည်နဲ့ တိုက်ရပါမယ်။

ဆီးကြည်ဆီးရွှင်စေဖို့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၁) ဆီးဆေးဖြူ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို မြင်းခွါရွက်ပြုတ်ရည်နဲ့ ညအိပ်ရာဝင်ချိန်မှာ တိုက်ရပါမယ်။

ဆီး၊ ဝမ်း၊ လေမှန်ပြီး အပူအပုပ် ငြိမ်းစေဖို့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာ ဆေးနဲ့ ဆေးအမှတ်(၁၀) ဆီးရွှင်ဝမ်းနုတ်ဆေးကို ဆတူရောစပ်ပြီး လက်ဖက်ရည် တဇွန်းခန့် ဝမ်းအခြေအနေကိုကြည့်ပြီး နံနက်စောစော (သို့မဟုတ်) ညအိပ်ရာဝင်ချိန် အစာနဲ့ ဝေးဝေး ၅-ရက်တကြိမ် တိုက်ရပါမယ်။


အစာလဲဆေး၊ ဆေးလဲအစာ ဆိုသလို ဆီးပူညောင်းကျရောဂါရှင်ကို အပူငြိမ်းပြီး ဆီးရွှင်စေဖို့ ဓာတ်စာအနေနဲ့ ရှောက်ချိုသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ သံပရာဖျော်ရည်၊
ရှောက်ဖျော်ရည်၊ မန်းကျည်းဖျော်ရည် တမျိုးမျိုးကို ရေခဲမထည့်ဘဲ တိုက်ရပါမယ်။


ဟင်းလျာအနေနဲ့ ကြက်သား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးရံ့၊ ငါးသလထြိုး စတဲ့ ရေချိုငါးများ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ဘူးသီး၊ ကျောက်ဖရုံသီး၊ ဆလတ်ရွက်၊ မုန်ညင်းရွက်၊ ကန်စါန်းရွက်၊ ဟင်းနုနယ်ရွက်တို့ကို လိုအပ်သလို ချက်ပြုတ်စားသောက်နိုင်ပြီး အပူအစပ်လွန်ကဲတဲ့ အစားအစာများနဲ့ အမဲသား၊ ဝက်သား၊ ငါးမြင်း၊ ငါးတန်၊ ဝမ်းတွင်းသား အမျိုးမျိုး၊ ဒံပေါက်ထမင်း၊ အုန်းထမင်း၊ အရက်၊ ရေခဲရည်နဲ့ မူးယစ်ဆေးဝါးများကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ အသီးအနှံများအနေနဲ့ ငှက်ပျောသီး၊ မာလကာသီး၊ ရုံးပတေသီး၊ ထောပတ်သီး၊ ဒူးရင်းသီး စတဲ့ ဆိမ့်ချွဲဖန် သီးနှံများကို ရှောင်ကြည်ရပါမယ်။


အထက်မှာပြောခဲ့သလို ဆီးပူညောင်းကျရောဂါရှင်ကို ညွှန်ကြားထားတဲ့ဆေးများ အလှည့်ကျ တိုကကျွေးပြီး အစာလဲဆေး၊ ဆေးလဲအစာ၊ ဆေးနဲ့ဓာတ်စာ ထပ်တူပါဆိုတဲ့အတိုင်း သင့်တော်တဲ့ အစားအစာနဲ့ ဆေးများ တိုက်ကျွေးကုသသွားမယ်ဆိုရင် ဆီးပူညောင်းကျရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။


* ဆီးကျိတ်ရောင် ရောဂါ ဖြစ်ရတဲ့အကြောင်းရင်းများကို သိပါရစေ
* ဆီးကျိတ်ရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများကတော့-
၁။ အပူအစပ်စာများ လွန်ကြူးစွာ စားသောက်ခြင်း။
၂။ ရေသောက်နည်းခြင်း။
၃။ အရည်ရွှမ်းသော အသီးအနှံများ စားသောက်မှု နည်းခြင်း။
၎။ ကာမဂုဏ်လွန်ကဲခြင်း။
၅။ ဆီးသွားချင်ပါလျက် ဆီးအောင့်ထားခြင်း။
၆။ နေပူမီးပူခံပြီး ရေချိုးခြင်း။
၇။ ကာမဆန္ဒအတွက် ဆေးဝါးအကူအညီဖြင့် သုက်ထိန်းခြင်း။
၈။ အမိုးအကာမပါဘဲ နေပူခရီးဝေး သွားခြင်း။
၉။ ခရီးဝေးသွားပြီး ဆီးထိန်းထားခြင်းကြောင့် တေဇောဓာတ်မီး အခိုးအပူမိခြင်း စတဲ့ အကြောင်းအချက်များကြောင့် ဆီးကျိတ်ရောင်ရောဂါ ဖြစ်ရတာပါ။


အဓိက အကြောင်းရင်းကတော့ ပရော့စတိတ်ဂလင်း (Prostate gland) ဆီးကျိတ်ကြီးလာခြင်းကြော်င့ ဆီးကျိတ်ရောင်ရောဂါ ဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်။
*****
* ဆီးကျိတ်ရောင်ရောဂါရဲ့ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဦး-
* ဆီးကျိတ်ရောင်ရောဂါ လက္ခဏာများကတော့
၁။ ဆီးအနည်းငယ် မကြာခဏ သွားတတ်ခြင်း။
၂။ ဆီးအိမ်ကျုံ့ခြင်း။
၃။ ဆီးတစက်တစက် သွားတတ်ခြင်း။
၎။ ဆီးအိမ် ကျင်ချောင်း ယားတတ်ခြင်း။
၅။ ဆီးသွား အားမရခြင်း။
၆။ ဆီးကျန်ခြင်း။
စတဲ့ လက္ခဏာများဟာ ဆီးကျိတ်ရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ ဖြစ်ပါတယ်။
*****
* ဆီးကျိတ်ရောင်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကိုလဲ သိပါရစေ၊
* ဆီးကျိတ်ရောင် ရောဂါရှင်များကို ရှားစောင်းလက်ပပ်ပင်အနှစ်နဲ့ ဆီးခုံပေါ် မကြာခဏ အုံပေးခြင်း၊ ကျောက်ဖရုံအူ(၁)ပိဿာကို သကြား(၅၀)ကျပ်သားနဲ့ ရောစပ်ကျိုချက်ပြီး တကြိမ်လျှင် ဖန်ခွက်တလုံးအပြည့် နံနက်, နေ့လည်, ညနေ တနေ့ ၃-ကြိမ် မှန်မှန်သောက်သုံးစေခြင်းဖြင့် ဆီးကျိတ်ရောင် ရောဂါ တဖြည်းဖြည်း သက်သာပျောက်ကင်းစေပါတယ်။


တိုင်းရင်းဆေးခန်းသုံး ဆေးများနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ် ၂၁-ဆီးဆေးဖြူ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို သံပရာရည်နဲ့ နံနက်-နေ့လည်-ည တိုက်ရပါမယ်။ ညအိပ်ရာဝင်ချိန်မှာ ဆေးအမှတ် ၁၀-ဆီးရွှင်ဝမ်းနုတ်ဆေး လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ဝမ်းအခြေအနေကြည့်ပြီး ရေအေးနဲ့ တိုက်ရပါမယ်။


အထက်မှာ ပြောခဲ့တဲ့ ဆေးများနဲ့ အချိန်မှန်မှန် တိုက်ကျွေးကုသမယ်ဆိုရင် ဆီးကျိတ်ရောင်ရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
တဆက်တည်း ပြောရရင် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁-ဆီးဆေးဖြူ ၅-ကျပ်သားကို ပျားရည်စစ်စစ် ၁၀-ကျပ်သားနဲ့ မပျစ်မကျဲရောစပ်ပြီး တကြိမလျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် သံပရာဖျော်ရည်နဲ့ နံနက်-နေ့လယ်-ညနေ တနေ့ ၃-ကြိမ် သောက်သုံးခြင်းဖြင့် ဆီးရွှင်စေပြီး ဆီးရောဂါအမျိုးမျိုး သက်သာ ပျောက်ကင်းစေတဲ့အပြင် အမျိုးသားအားနည်းရောဂါ (ပန်းညှိုး၊ ပန်းသေရောဂါ)ကို သက်သာပျောက်ကင်းစေပါတယ်။
*****
* ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများကို ဆက်ပြီးပြောပြပေးပါဦး
* ဆီးကျောက်တည်ရောဂါဟာ ဆီးလွန်ရောဂါ၊ ဆီးအောင့်ရောဂါ၊ ဆီးချုပ်ရောဂါတို့ဖြစ်ခြင်း အကြောင်းရင်း များကို အခြေခံပြီး သည်းခြေ၊ လေ၊ ဒေါသနှစ်ပါးကြောင့် သလိပ်ဒေါသ ဦးဆောင်တဲ့ ကျင်ငယ်နဲ့ သုက်ဓာတ်တွေဟာ ကျောက်ကပ်ကစပြီး ဆီးအိမ်တိုင်အောင် လမ်းကြောင်းတောက်လျှောက် ကော်ရည်လို
ဖြစ်ရတဲ့ ရော၈ါကို ဆီးကျောက်တည်ရောဂါလို့ ခေါ်ခြင်းဖြစ်ပါတယ်။


“ကော်ရည်ရေမြှုပ်”ဟာ သည်းခြေနဲ့အတူ လေပူရဲ့အရှိန်ကြောင့် ခြောက်သွေ့မာကျောပြီး ကျောက်သားအဖြစ် ရောက်ရှိသွားပါတယ်။ အဲဒီကျောက်သားများဟာ ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ကျင်ချောင်းများအတွင်းတည်ရှိပြီး ဆီးသွားတဲ့အခါ ပိတ်ဆို့ကာ ဆီးသွားခက်ခဲရခြင်း ဖြစ်ပါတယ်။
*****

* ကျောက်တည်ရောဂါ ဘယ်နှစ်မျိုး ရှိပါသလဲ


* ကျောက်တည်ရောဂါ ၄-မျိုး ရှိပါတယ်။ အဲဒါတွေကတော့...

၁။ လေကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၂။ သည်းခြေကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၃။ သလိပ်ကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၎။ သုက်ကို တားမြစ်ခြင်းကြောင့်ဖြစ်သော ကျောက်တည်ရောဂါ ဆိုပြီး ၄-မျိုး ရှိပါတယ်။
*****

* ကျောက်တည်ရောဂါ ၄-မျိုးရဲ့ လက္ခဏာများကို တမျိုးချင်း ရှင်းပြပေးပါဦး


* လေကြောင့်ဖြစ်တေဲ့ ကျောက်တည်ရောဂါလက္ခဏာ များကတော့..

၁။ ဆီးသွားသောအခါ အလွန်နာကျင်ခြင်း။
၂။ သွားကြိတ်ခြင်း။
၃။ ဆီးသွားသောအခါ လိင်ချောင်းလှုပ်ခြင်း။ လိင်ချောင်းနဲ့ ချက်၌ နာကျင်ကိုက်ခဲခြင်း။
၎။ ဆီးသွားစဉ် အော်ဟစ်ရခြင်း။
၅။ ဆီးသွားတဲ့အခါ ကျင်ကြီးပါ ပါတတ်ခြင်း။
၆။ ဆီးတစက် တစက် ကျခြင်း။
၇။ ကျောက်၏ အရောင် မည်းခြင်း။
၈။ ကျောက်၌ ဆူးများထခြင်း လက္ခဏာတွေဟာ လေကြောင့်ဖြစ်တဲ့ ကျောက်တည်ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။


သည်းခြေကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါလက္ခဏာများကတော့---

၁။ ဆီးအိမ်သည် မီးကဲ့သို့ ပူခြင်း။
၂။ ကျောက်ဟာ ဗားံသီးအခွံနဲ့တူပြီး ဝါခြင်း၊ နီခြင်း၊ ဖြူခြင်း စတဲ့ လက္ခဏာတွေဟာ သည်းခြေကြောင့်ဖြစ်တဲ့ ကျောက်တည်လက္ခဏာတွေ ဖြစ်ပါတယ်။


သလိပ်ကြောင့်ဖြစ်တဲ့ ကျောက်တည် လက္ခဏာတွေကတော့---

၁။ ဆီးအိမ်၌ အလွန်နာကျင် ကိုက်ခဲခြင်း။
၂။ ဆီးအိမ် အောင့်ခြင်း။
၃။ လေးလံခြင်း။
၎။ ကျောက်သည် ပျစ်ချွဲခြင်း၊ လုံးခြင်း၊ ဖြူခြင်းလက္ခဏာတွေဟာ သလိပ်ကြောင့်ဖြစ်တဲ့ ကျောက်တည် လက္ခဏာတွေ ဖြစ်ပါတယ်။


သုက်ကို တားမြစ်ခြင်းကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါ လက္ခဏာများကတော့---

မေထုန်မှီဝဲစဉ် သုတ်ကို ထိန်းချုပ်တားမြစ်ထားခြင်းကြောင့် လိင်ချောင်း လိင်ဥ (ဝှေးဥ) တို့၏အလယ်၌ လေသည် သုက်ကို ခြောက်သွေ့စေလျက် ကျောက်ကို ဖြစ်စေ၏။

အဲဒီကျောက်ဟာ ဆီးအိမ်ကို အလွန်နာကျင်စေပါတယ်။ ဆီး(ကျင်ငယ်)ဟာ ခက်ခက်ခဲခဲ သွားရတတ်ပါတယ်။
လိင်ဥ(ဝှေးဥ)ဟာ ကိုယ်ခဲတတ်ပါတယ်။ လိုင်ချောင်း ကိုက်ခဲခဲ့ရင် လိင်ချောင်းက သုက်ထွက်ကျတတ်ပါတယ်။ အဲဒီအချက်အလက်များဟာ သုက်ကို ထိန်းချုပ်တားမြစ်ခြင်းကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါ လက္ခဏာများ ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တာတွေကတော့ ကျောက်တည်ရောဂါ ၄-မျိုးရဲ့ တမျိုးချင်း လက္ခဏာများ ဖြစ်ပါတယ်။
*****
* ဆီးကျောက်တည်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများကို သိပါရစေ
* ဆီးကျောက်တည်ရောဂါ ဖြစ်ပြီဆိုရင် အဲဒီကျောက်တည်ရောဂါရှင်ဟာ ကိုယ်ခံအားနည်းခြင်း ဝမ်းဗိုက်ထိုးအောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ် ဝါဖျော့ခြင်း၊ ချက်၌ နာကျင်ခြင်း၊ ဆီးအောင့်ရောဂါဖြစ်ခြင်း၊ ဆီးချုပ်ခြင်း တဲ့ နော်ကဆက်တွဲရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။
*****
* မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ကျောက်တည်ရောဂါ ဖြစ်နိုင်ပါသလဲ
* သည်းခြေနဲ့ ကျောက်ကပ်မှာ ကျောက်တည်ရောဂါ ဖြစ်နိုင်ပါတယ်။ သည်းခြေမှာ ကျောက်တည်ရင် သည်းခြေကျောက်တည်ရောဂါလို့ ခေါ်ပြီး ကျောက်ကပ်မှာ ကျော်ကတည်ရင်တော့ ကျောက်ကပ်ကျောက်တည် ရောဂါလို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။
*****
* ကျော်တည်ရောဂါဟာ အမျိုးသားများသာ ဖြစ်တတ်ပြီး အမျိုးသမီးတွေကော ဖြစ်တတ်ပါသလား၊ ဘယ်လိုရာသီ ဥတုတွေမှာ အဖြစ်များတတ်တယ်ဆိုတာ သိပါရစေ-
* ကျောက်တည်ရောဂါဟာ ကျား/မ မရွေး ဖြစ်တတ်တဲ့ရောဂါပါ။ ဒါပေမယ့် အမျိုးသားများမှာ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ 
ဘယ်လိုရာသီတွေမှာ ကျောက်တည်ရောဂါ ဖြစ်တတ်သလဲဆိုတော့ ပူအိုက်ပြီး စိုထိုင်းတဲ့ ရာဦဥတုတွေမှာ ကျောက်တည်ရောဂါ အဖြစ်များတတ်ပါတယ်။ 


ဘာကြောင့်လဲဆိုရင် ဗဟိဒ္ဓအပြင်ဘက်က ရာသီဥတု ပူအိုက်တဲ့အတွက် အဇ္ဈတ္တခန္ဓာကိုယ်အတွင်းရှိ အာပေါ ရေဓာတ်များဟာ ချွေးအဖြစ်ထွက်ရတဲ့အတွက် အရေဓာတ်ခန်းခြောက်နေပါတယ်။ ဒါကြောင့် အညစ်အကြေးစွန့်ထုတ်ပစ်ရန် ကျောက်ကပ်အတွင်း အာပေါဓာတ်ဆိုတဲ့ ရေဓာတ် အလုံအလောက်မရှိတဲ့အခါ
ကျောက်ကပ်ရဲ့လုပ်ငန်းကိစ္စ ဆောင်ရွက်မှု နှေးကွေးလာပြီး အနည်အနှစ်ဓာတုပစ္စည်းများ စုပုံပြီး ကျောက်တည်ရောဂါ ဖြစ်ရတာဖြစ်ပါတယ်။
*****
* ကျောက်တည်ရောဂါရဲ့ ပုဗ္ဗရုပ် ရှေ့ပြေးလက္ခဏာများကို သိပါရစေ
* ကျောက်တည်ရောဂါ ဖြစ်တော့မယ့် ရှေ့ပြေးလက္ခဏာများကတော့ ကျောက်တည်ရောဂါ ဖြစ်တော့မယ်သူရဲ့ ဆီးဟာ

၁။ ဆိတ်ရဲ့ ကျင်ငယ်ရည်ကဲ့သို့ အနံ့ဆိုးခြင်း။
၂။ ဝမ်းဗိုက် တင်းရောင်ခြင်း။
၃။ ဆီးသွားစဉ် အလွန်နာကျင်ခြင်း။
၎။ ခက်ခဲစွာ ဆီးသွားရခြင်း။
၅။ အစားအစာ စားချင်စိတ် မရှိခြင်း
စတဲ့ လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကျောက်တည်ရောဂါဖြစ်တော့မယ်လို့ သတိပေးတာ ဖြစ်ပါတယ်။
*****
* ကျောက်တည်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကို ဆက်ပြီး ပြောပြပေးပါဦး
* ကျောက်တည်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကတော့
သတ္တဝါတွေဟာ ကံ-စိတ်-ဥတု-အာဟာရ ဆိုတဲ့ သမုဋ္ဌာန်အကြောင်းတရား လေးပါး လွဲမှားမှုကြောင့် ရောဂါဖြစ်ကြရတဲ့အတွက် အာဟာရသမုဋ္ဌာန်လိုပခေါ်တဲ့ အစားအစာကို ပြုပြင်ပေးခြင်း။
ဣရိယာပုထ် ၄-ပါးလို့ ခေါ်တဲ့ လျောင်း-ထိုင်-ရပ်-သွား လေးပါးကို မျှတအောင် နေထိုင်ဖို့ ညွှန်ကြားရပါတယ်။ ဥတသမုဋ္ဌာန်အနေနဲ့ အပူခံလွန်းခြင်း၊ အအေးခံလွန်းခြင်း စတဲ့ နေထိုငမှုမျိုးကို ရှောင်ကြဉ်စေပါတယ်။


ဆေးအချက်အနေနဲ့ကတော့ နံနက်ပိုင်း မည်သည့်အစာမှ မစားမီ ကျော်ကြေဆေးကို သံပရာရည်နြ့ သောက်စေပါတယ်။ နေ့လယ်ပိုင်းမှာ ကြက်လည်ဆံဆီးဆေး ၅-ပြားကို ရေနွေးနဲ့ တိုက်ပါတယ်။ အစားအစာ စားပြီးတိုင်မှာ “သဗ္ဗရောဂမူလံ အဇိဏ္ဏံ”ဆိုတဲ့ မာဂဓဆရာကြီးများရဲ့ အဆိုအမိန့်အတိုင်း စားသမျှအစာ မကြေကျက်လို့ ရောဂါဖြစ်ရတဲ့အတွက် စားသမျှအစာောကကျက်ဖို့ ပါစက အစာကြေအစာဖျက်ဆေးကို လက်ဖက်ရည်ဇွန်းတဇွန်းခန့် ရေနွေး သို့မဟုတ်-ရေကျက်အေးနဲ့ တိုက်ပါတယ်။


မွန်းလွဲချိန် နေ့ ၂-နာရီခန့်မှာ သမားကိုင် ဆီးဆေးကို ရေကျက်အေးနဲ့ တိုက်ပါတယ်။ ညနေ ၄-နာရီခန့် ညစာမစားမီ ဓာတ်ညှိဆေးကို လက်ဖက်ရည် တဇွန်းခန့် ရေအေးနဲ့ တိုက်ပါတယ်။ လိမ်းဆေးအနေနဲ့ အနုမြူလိမ်းဆေး-ကို သံပရာရည်နဲ့ဖျော်ပြီး ညအိပ်ရာဝင်ချိန်မှာ ဆီးခုံ၊ လိင်တံ၊ လိင်ဥအကြား လိမ်းစေပါတယ်။


တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ် ၂၁-ဆီးဆေးဖြူကို နံနက်တကြိမ် နေ့လယ်တကြိမ် တနေ့ ၂-ကြိမ် တိုက်ရပါမယ်။ နံနက်ပိုင်း ၈-နာရီခန့်မှာ ဆီးဆေးဖြူ လက်ဖက်ရည် တဇွန်းခန့် ဆန်ဆေးရည်နဲ့ တိုက်ပြီး နေ့လယ် ၁၂-နာရီခန့်မှာ ဆီးဆေးဖြူ လက်ဖက်ရည်တဇွန်းခန့်ကို ထန်းရည် သို့မဟုတ်-ကြခတ်ဝါးပြုတ်ရည် သို့မဟုတ်-သံပရညာရည်ချိုချဉ်ကို ဆားအနည်းငယ်ထည့်ပြီး တိုက်ရပါမယ်။

ည အိပ်ရာဝင်ချိန်မှာတော့ ဆေးအမှတ် ၉-ဆီးဒူလာဆေး၊ သို့မဟုတ်- ဆေးအမှတ် ၁၀-ဆီးရွှင်ဝမ်းနုတ်ဆေး သို့မဟုတ်-ဆေးအမှတ် ၁၂-စက္ခုပါလ ဝမ်းပုပ်ချဆေး တမျိုးမျိုးကို လက်ဖက်ရည်ဇွန်းတဇွန်းခန့် ဝမ်းအခြေအနေကိုကြည့်၍ ရေအေးနဲ့ တိုက်ရပါမယ်။
လိမ်းဆေးအနေနဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၄၇-ခုနစ်ပါး ဆေးဝါးလေးအမှုန့်ကို နှမ်းဆီနဲ့ မပျစ်မကျဲဖျော်ပြီး ဆီးခုံ အခက်လိင်တံ၊ လိုင်ဥအကြေား လိမ်းပေးရမှာဖြစ်ပါတယ်။


အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စားဆေး၊ လိမ်းဆေးများနဲ့ ကုသမယ်ဆိုရင် ကျောက်တည်ရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
* ဆီးရောဂါဝေဒနာရှင်များအတွက် ဆေးနည်းတခု ပညာဒါနပြုပေးပါဦး 
* ဆီးပူညောင်းကျရောဂါ ရိဖြူရိနီရောဂါ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတခု ပြောပြပေးပါမယ်။
ဆီးပူညောင်းကျရောဂါ ရိဖြူရိနီ ရောဂါ သက်သာပျောက်ကင်းဆေး
၁။ ကြွေပုပ် ၈ပဲသား
၂။ လိပ်ကျောက်ဆူး ၈ပဲသား
၃။ ပင်လယ်ရေမျြုပ် ၈ပဲသား
၎။ အလိုကျူ ၁ကျပ်သား
၅။ နွယ်ချို ၁ကျပ်သား
၆။ ကြသု ၁ကျပ်သား
၇။ သိန္ဓော ၂ကျပ်သား
၈။ ဆားပုပ် ၂ကျပ်သား
၉။ ဇဝက်သာ ၂ကျပ်သား
၁၀။ မင်းကိုကာ ၅ကျပ်သား
၁၁။ ပွေးကိုင်း ၈ကျပ်သား
(ဆေး ၁၁-မျိုး ဆေးအချိန် ၂၃-ကျပ်နှင့် ၈ပဲသား)


အထက်ပါဆေးများ စုပေါင်းအမှုန့်ပြုလုပ်ပြီး လေလုံပုလင်းနှင့် ထားပါ။ တကြိမ်လျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် နံနက်-နေ့လယ်-ညနေ တနေ့ ၃-ကြိမ် အုန်းစိမ်းရည်နဲ့ သောက်ပါ။
ဆီးအိမ်နဲ့ ကျင်ချောင်းအတွင်း အပူငြိမ်းစေပြီး ကျင်ချောင်းအတွင်း ပိတ်ဆို့နေသော မလ(အညစ်အကြေး)များ စင်ကြယ်စေပါတယ်။ ကျောက်ကပ်ကို အပူငြိမ်းစေရုံမက ဆီးပူညောင်းကျရောဂါ၊ ရိဖြူရိနီရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

* ခုလို ဆီးရော၈ါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ပြောကြားပေးတဲ့ ဆရာ ဦးလှိုင်မြင့်-အား ကျေးဇူးအထူးတင်ရှိပါကြောင်း--- 


မြောင်းမြ မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၉-ဇွန်လ) 

Gallstone Diets

Discover how an easy change in your diet can help with your gallstones

http://gallstonediets.com/author/psychoda/page/739/
Gallbladder disease can be painful and difficult to live with. This video looks at what can cause the various kinds of gallbladder disease, and their effects. Consider your risk of gallbladder disease and what you can do to to prevent it.
Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!