Popular Posts!

Monday, May 5, 2014

Website မှာ Download လုပ်မရဘူးလို့ ပြောနေကြသူများ ဒီမှာ ဖတ်ပေးကြပါ

Myanmar IT Helper Website မှာ Download လုပ်မရဘူးလို့ ပြောနေကြသူများ ဒီမှာ ဖတ်ပေးကြပါ



Download ပြုလုပ်လို့မတတ်ပါဘူးဆိုတဲ့ သူများအတွက် ဒေါင်းနည်းများတင်ပေး လိုက်ပါတယ်... ကျနော်တို့ဖိုင်တွေကိုတင်ရင် ADSL , WCDMA , CDMA , GSM ဒီအင်တာနက်လိုင်းများကို သုံးပြီးတော့သာ ဖိုင်တွေကိုတင်ပေးပါတယ်...တကယ်လို့မိမိဒေါင်းသည့်ဖိုင်သည် Access Denied ပြနေလျှင်မိမိရဲ့အင်တာနက်လိုင်းကြောင့်သာဖြစ်ပါတယ်...

- Download မရဘူးဆိုရင် "ဒေါင်းမရဘူး" လို့အော်သွားတာထက် မိမိကိုယ်တိုင်က မည်သို့မည်ပုံဒေါင်းတယ်..ဒေါင်းလိုက်ရင် ဘယ်လို Error တက်တယ်ဆိုတာ အသေးစိတ်ပြောစေ ချင်ပါတယ်..ဒီလိုအသေးစိတ် ပြောပြပေးသော Comment များကိုအမြန်ဆုံးစစ်ဆေးဖြေရှင်းပေး မှာဖြစ်ပြီး ပြီးစလွယ်ပြောသွားသော Comment များကို စဉ်းစားဖြေရှင်းပေးမှာမဟုတ်ပါ..ကျနော်တို့မှာ  Download Link ပေါင်းများစွာကို ထိန်းချုပ်နေရတဲ့အတွက် အခုလိုပြောပြခိုင်းရခြင်းဖြစ်ပါတယ်။

- Mediafire မှမတင်ခိုင်းပါနှင့်... နည်းပညာသမားများအတွက် Mediafire သည် မဟာရန်သူတော်ဖြစ်ပါ
တယ်.. အဲဒီမှာတင်တဲ့ဖိုင်တွေသည် ဒေါင်းရင်လွယ်ပါတယ်..မြန်ပါတယ်..Crack , Keygen ဖိုင်တွေအဲဒီ
မှာလုံးဝ လုံးဝတင်ပေးလို့မရပါ..တစ်လအတွင်းပျက်ပါတယ်...နည်းပညာသမားတိုင်းလက်တွေ့ခံစားခဲ့
ရသော Mediafire ဖြစ်ပါတယ်။

- မည်သည့်ဝါရင်သည့်နည်းပညာသမားမဆို တင်ထားသည့်ဖိုင်များ ကြာရှည်ခံမည့် နေရာများ ဥပမာ Solidfiles , Verzend.be , uppit.com , tusifles စသည်တို့ကိုသာရွေးချယ်ကြပါတယ်..အဲဒီမှာဘဲတင်ကြ
တာများပါတယ်..ဒီနေရာတွေက ဒေါင်းရတာအင်မတန်မှအဆင်ပြေပါတယ်... အခြားနိုင်ငံခြားဆိုဒ်တွေမှာ
လိုက်ဒေါင်းကြည့်ပါ...ဖိုင်လေးတစ်ခုကိုဒေါင်းရဖို့အတွက် ဘယ်လောက်တောင်ခက်ခဲသည်ဆိုတာ ဒေါင်း
ဖူးသူများ သိကြပါတယ်..

- ဒါကြောင့် ဒါလောက်လွယ်ကူတဲ့နေရာများမှာတင်ထားပေးကြတာဖြစ်တဲ့အတွက် ဒေါင်းတဲ့သူဘက်က
လည်း မိမိရဲ့ညှစ်အားကို နည်းနည်းလောက်အသုံးပြုဖို့အကြံပြုပြောကြားလိုပါတယ်..

-နောက်ဆုံးပြောပြလိုတာက www.solidfiles.com မှာတင်ထားသည့်ဖိုင်များသည် အလွန်အင်မတန်မှ
Link သေခဲပါသည်..ဒေါင်းရတာလဲအဆင်ပြေပါသည်..သို့သော် တစ်ခါတစ်ရံ 505 Tempo Error တက်
ပြီးဒေါင်းမရဖြစ်တတ်ပါသည်..ထိုသို့ဖြစ်ရင် နောက် 24 နာရီပြည့်မှ လာဒေါင်းပါ..ဒါမှမဟုတ် အခြားနေရာနယ်မြေက သူငယ်ချင်းကိုဒေါင်းခိုင်းပြီး အခြားမိမိနှစ်သက်တဲ့နေရာမှာပြန်တင်ခိုင်းပါ..

-နည်းပညာသမားများကတော့ အများအတွက်..ရေရှည်အတွက် ကိုကြည့်ပြီး Link သေခဲသည့်နေရာများ
တွင်သာ တင်ကြမှာဘဲဖြစ်ပါတယ်...အလွယ်ရတဲ့နေရာမှာတင်လို့ Link သေသွားရင် ဘယ်လိုမှပြန်တင်
ဖို့မလွယ်ကူသလို..Website ပိုင်ရှင်အပေါ်ကိုလည်း လေးစားမှု အားထားမှုလျော့ကျသွားမှာဖြစ်ပါတယ်..
ထို့အပြင် စုတ်ပြတ်သတ်နေတဲ့ မြန်မာအင်တာနက်လိုင်းကိုအသုံးပြုနေကြခြင်းဖြစ်သည့်အတွက် နောက်
တစ်ခါထပ်တင်ပေးဖို့က ပိုလိုတောင်မဖြစ်နိုင်ပါသေးတယ်...အခု Download ပြုလုပ်နည်းများတင်ပေး
လိုက်ပါတယ်။ အဆင်ပြေကြပါစေ

Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို

တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ

ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်
 
ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
 
ဒါက ADF.LY ကျော်နည်းလေးပါ 
Adfoc.us လည်းဒီအတိုင်းပါဘဲ... 6 စက္ကန့်စောင့်ပြီး SKIP နှိပ်လိုက်တာနဲ့ ဒေါင်းရမယ့်နေရာကို ရောက်ပါလိမ့်မယ်.. SKIP မပေါ်ဘူးဆိုရင် ထပ်မံပြီး Loading ပြန်လုပ်ပါပေါ်လာပါလိမ့်မယ်။

 
TusFile မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Share Beast မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Zippyshare မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
VERZEND.BE မှ ဒေါင်းနည်း

Uppit.com မှဒေါင်းလိုလျှင်
6စက္ကန့်စောင့်ပြီး Generate Link ကိုနှိပ်လိုက်ရင် Download ဆိုတာလေးပေါ်လာပါလိမ့်မယ်။ဒေါင်းနိုင်ပါပြီ
Fileswap မှဒေါင်းလိုလျှင်
 Slow Download ဆိုတာကို နှိပ်ပြီးဒေါင်းရုံပါ
Solidfiles မှဒေါင်းလိုလျှင် 
 Download (  MB )  ဆိုတဲ့ခလုပ်အစိမ်းကိုနှိပ်ပါ
တစ်ခါတစ်ရံ 505 Tempo Error တက်လျှင်ဒေါင်းမရတတ်ပါ.. Link သေတာမဟုတ်ပါဘူး..နောက်တစ်နေ့မှဒေါင်းပါ။

4Shared မှာ Download ပြုလုပ်ချင်ရင်တော့ http://www.mmithelper.com/2013/09/4-shared-download.html မှာကြည့်ပါ
ကဲ..ကျနော်ကတော့ ဘယ်လိုဒေါင်းရမယ်ဆိုတာတွေပြောပြီးသွားပါပြီ...အပြည့်စုံဆုံးပြောပြထားခြင်းပါ 
အားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်မျာ. ( Myanmar IT Helper )

Ref:Myanmar IT Helper Website
re

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!