Popular Posts!

Wednesday, May 21, 2014

သင်မည်သည့် နိုင်ငံသားဖြစ်ချင်သလဲ ငွေပေးလျှင်ရသည်

သင်မည်သည့် နိုင်ငံသားဖြစ်ချင်သလဲ ငွေပေးလျှင်ရသည်


နိုင်ငံသား ဖြစ်မှုကို ဈေးနှုန်း သတ်မှတ်၍ရောင်းကုန် ပစ္စည်းအဖြစ် ရောင်းစားခြင်း ကို ရှေးရောမ အင်ပါယာ ခေတ် ကတည်းက ရှိခဲ့သည် ဟုဆို၏။ ယင်းကို နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ကိရိယာ အဖြစ် အသုံးချ ခဲ့သည်။လွတ်လာသော လူများကို ကိုလိုနီ အသစ်စက်စက် နယ်မြေများတွင် နိုင်ငံသား အဖြစ် အဆင့်အတန်း သတ်မှတ် ပေးကာ နေထိုင် စေခဲ့သည်။ ယခုဆိုလျှင် နိုင်ငံသား ဖြစ်မှု တန်ဖိုးကို စဉ်းစားရမည်။နေထိုင်ခွင့်၊ လက်ထပ်ခွင့်၊ မဲပေးခွင့်၊ မဲပေးခံပိုင်ခွင့်၊ ကူးသန်း ရောင်းဝယ်ရေး စာချုပ်များ ချုပ်ဆို ပိုင်ခွင့်နှင့် ရောမဥပဒေ ၏ ကာကွယ် စောင့်ရှောက် မှုကို အပြည့်အဝ ခံယူ ပိုင်ခွင့်များ ရှိလာ စေသည်။

နိုင်ငံသား အဖြစ် အဆင့်အတန်း ကို ရရှိသည်နှင့် တာဝန်တွေ က တသီကြီး ရှိလာသည်။ ၄င်း တာဝန်များ အနက် ပထမဆုံး တာဝန်မှာ ရောမ အင်ပါယာကြီး တွင် အမှုထမ်း ဆောင်ရန် တာဝန် တစ်ခါတစ်ရံ ဆယ်စုနှစ် နှင့်ချီ၍ ကြာသည်။ ဝန်ဆောင်မှုတွေ ပေးထား သလောက် အခွန်တွေ ပေးဆောင်ရန် တာဝန် ရှိသည်။ယေဘုယျ အားဖြင့် နိုင်ငံတော် ကြွယ်ဝ ချမ်းသာ သလောက် နိုင်ငံသားတွေ အကျိုး ခံစားကြ ရမည်။ အပြန်အလှန် ဖြစ်သည်။ နောက်ဆုံး နိုင်ငံသား ဖြစ်မှု၏ အကျိုး ခံစားခွင့် သည် နိုင်ငံတော် နှင့် နိုင်ငံသား တို့ကို စိတ်ပိုင်းအရ ခံစားမှုအရ သံယောဇဉ် ကို ခိုင်မာ လာစေသည်။ နိုင်ငံသား တစ်ဦး၏ နိုင်ငံတော် အပေါ် သစ္စာ စောင့်သိမှု သည် သူ၏ လွတ်လပ်သော ဆန္ဒ ဖြစ်သည်။ မိမိ ဦးထိပ်ထား ရမည့် ဂုဏ်သိက္ခာ လည်း ဖြစ်သည်။ ရောမ နိုင်ငံသား အတွက် သစ္စာ ဖောက်ဖျက်သည့် ရာဇာဝတ်မှု သည် သေဒဏ် ကျခံ ရနိုင်သည်။

ခေတ်သစ် နိုင်ငံတော် နှင့် နိုင်ငံသား တို့အကြား ချည်နှောင်အား လျော့နည်း သွားခြင်းသည် အကျိုးဆက် အဖြစ် အကျိုး ကျေးဇူးများ အပြင် လက်တွေ့ဘဝ တန်ဖိုး ပျောက်ကွယ် သွားမှု မရှိဘဲ ၄င်း၏ စိတ်ပိုင်း ဆိုင်ရာ တန်ဖိုးထားမှု တချို့ကို ခံစားခွင့် ပိတ်ပင် ထားခြင်းဖြင့် နိုင်ငံသား ဖြစ်မှု သဘော သဘာဝကို ပြောင်းလဲ သွားသည်။လူတစ်ဦးချင်း ၏ရွေးချယ် နေထိုင်ရန် ရွေးချယ်သည့် နိုင်ငံအပေါ်တွင် သစ္စာ စောင့်သိရမည် ဖြစ်သည်။ မည်သည့် တိုင်းပြည်တွင် မွေးဖွာခဲ့သည် ဆိုခြင်းထက် ဘယ်နိုင်ငံသား အဖြစ် ရွေးချယ်သည် ဆိုခြင်းက အဓိက ဖြစ်သည်။

ထောင်နှင့် ချီသော ပနားမား သင်္ဘောတွေလို သင်္ဘော ကပ္ပတိန် တွေက မြေပုံပေါ်တွင် ပနားမား တူးမြောင်း ဟူ၍ ရှာမတွေ့ နိုင်ဘဲ တွေ့ခဲ့လျှင်လည်း တူးမြောင်း အတွက် မဟုတ်နိုင်ငံ အတွက်သာ ဖော်ပြ ထားခြင်း ဖြစ်သည်။ အကယ်၍ သင်သာ အမေရိကန် ဒေါ်လာ ၂၅ဝ,ဝဝဝ လောက် သုံးနိုင်လျှင် သင့်အနေဖြင့် လူဦးရေ ၅ဝ,ဝဝဝ သာရှိသော စိန့်ကစ်နှင့် နီးဗစ် နိုင်ငံသား အဖြစ် ဝယ်ယူ၍ ရနိုင်သည်။ သင့်အနေဖြင့် ကရစ်ဘီယံ ပင်လယ် ကမ်းခြေမှာ တစ်သက်လုံး နေသွား နိုင်သည်ဆိုလျှင် ပြောတာပါ။ ကျွန်းတွေ ပေါ်မှာ သွားပြီး ခြေချ သွားယူ နေစရာ မလိုပါဘူး။ သင့်အတွက် နိုင်ငံကူး လက်မှတ်ကို စာတိုက်ကနေ ပို့ပေး လိုက်မှာပါ။သို့သော် ခင်ဗျား အဲဒီလို မလုပ်မီ ရှော့ပင်းတွေ ဘာတွေ မော်တွေမှာ သွားပြီး တဝကြီး ဈေးဝယ်သွား ထားဖို့တော့ မမေ့လိုက်ပါနဲ့။ နောက်တစ်အိမ် ဒီမီနစ်ကာကျွန်း အဲဒီမှာလည်း လူဦးရေက ၇ဝ,ဝဝဝ ပဲရှိတယ်။နိုင်ငံသား ဖြစ်မှုကို ဝယ်လျှင် ဂရန်ဒ် ၁ဝဝ တည်းသာ ပေးရတယ်။

ဒီလို နိုင်ငံကူး လက်မှတ်မျိုး ရဖို့ကတော့ ကရစ်ဘီယံ ပင်လယ်တဝိုက် သင်္ဘောနှင့် သွားရတာ ကောင်းပါတယ်။ ဒါပေမဲ့  သင် ကမ္ဘာ ပတ်ချင်တယ်၊ အလုပ်လုပ်မယ် ၊ နေမယ် ဆိုရင်တော့ ကန့်သတ်ချက် တွေ ရှိပါတယ်။ သင် နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်မှု ကို ဝယ်ထားနိုင်ပြီး နိုင်ငံကူး လက်မှတ်တွေ အများအပြား ဝယ်ယူခွင့် ရရှိနိုင်သည်။ ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ နိုင်ငံကူး လက်မှတ် အကူအညီ နှင့် လှည့်စားပြီး လုပ်နိုင် ပါသေးတယ်။ လက်တွေ့ ကျတဲ့ ကိစ္စပါ။ ဥရောပ သမဂ္ဂဝင် နိုင်ငံရဲ့  နိုင်ငံကူး လက်မှတ်ရှိလျှင် ဥရောပ သမဂ္ဂဝင် နိုင်ငံ (၂၈) နိုင်ငံ၏ နိုင်ငံသား အခွင့်အရေးတွေ ပါရတယ်။ အိုင်ယာလန်က ၁၉၉ဝ ပြည့်ကျော်နှစ် တွေမှာ ဤကိစ္စ အတွေ့ အကြုံတွေ့ ရခဲ့တာ ပင်လယ် ဓားပြတွေ ၊ လူဆိုးသူခိုး တွေ အများကြီး ဝင်လာလို့ ရပ်ပစ် လိုက်ရတယ်။ အခု ဘဟားမား မှာနေတဲ့ ဗစ်တာ ကိုဇီနီ တို့လို နိုင်ငံ သေးသေးလေး ဖြစ်တဲ့ မော်လ်တာ နိုင်ငံ မှာလည်း နိုင်ငံသား ဖြစ်မှုအတွက် စပြီး ရောင်းချ နေပြီး တစ်ယာက်ကို ယူရို ၆၅ဝ,ဝဝဝ ဖြစ်တယ်။

မော်လ်တာနိုင်ငံ မှာတော့ ကျသင့်တဲ့ အဖိုးအခ ပေးပြီး နိုင်ငံကူး လက်မှတ် ယူလိုက်ရုံပဲ။ မော်လ်တာ၏ အကောင်းဆုံး နေရာ လို့ပဲ ပြောရမယ်။ ငွေတန်ဖိုး အများကြီးပေးပြီး သွားနေလိုတဲ့ သူတွေ ကမ္ဘာပေါ်မှာ တချို့ရှိတယ် ဆိုတာ သံသယ မရှိပါနှင့်။ သို့သော် ရောင်းစား တာက မော်လတာ နိုင်ငံသား အခွင့်အရေး မဟုတ်ပါ။ ဥရောပသမဂ္ဂ EU နေထိုင်ခွင့် ပဲဖြစ်တယ်။ 
မော်လ်တာ နိုင်ငံကူး လက်မှတ် ရတာနဲ့ သင် ဥရောပသမဂ္ဂ (၂၈) နိုင်ငံထဲက ဘယ်သွား နေနေ သွားအလုပ်လုပ် ရနေပြီ ဖြစ်တယ်။

ဘရပ်ဆဲလ်မြို့ တွင် ရောက်နေ သူတွေကို ဒဏ်ငွေတပ်ခံ သူများသည် နိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ် တစ်ခုလုံး နှင့် အဆင်ပြေ သွားပြီး မည်သူမည်ဝါ တွေသာ ဝင်ခွင့်ပြုမည်ဟု ရွေးချယ်ခွင့် ရှိသော အချုပ်အခြာ အာဏာ ထိပါး လာခဲ့သည်။ ဒါကြောင့် ဒေးဗစ် ကင်မရွန် နောက်ထပ် ခေါင်းကိုက်ခဲ နေရသော ဥရောပမှ လုပ်ပိုင်ခွင့် ပါဝါများကို မည်သို့ စိန်ခေါ်မှု နှင့် နပန်းလုံးရမည်။ ဗြိတိသျှ မဲဆန္ဒရှင် တွေကို သူတို့သာ နေသင့်သည်ဟု ယုံကြည်မှု ရှိလာအောင် မည်သို့ လုပ်ရမည်နည်း။ ယခုအပတ်တွင် မော်လ်တာ ပါလီမန်က နိုင်ငံသားဖြစ်မှု အတွက် အမေရိကန် ဒေါ်လာ ၉ဝဝ,ဝဝဝ ထဲနှင့် ရောင်းရန် အစီအစဉ်ကို အတည်ပြု လိုက်သည်။ ဥရောပသမဂ္ဂ အကျိုး ခံစားခွင့် အပြည့်အဝ နှင့် လာပြီး ကန့်သတ်ချက် အနည်းဆုံး နှင့် နိုင်ငံကူး လက်မှတ်များ ရရှိမည် ဖြစ်သည်။

ဘရပ်ဆဲလ် လူဝင်မှု ကြီးကြပ်ရေး တွေ စိတ်ပူပန် ရသော မကြိုဆိုသည့် တိုးတက်မှု ဖြစ်သည်။ ပေါ်တူဂီတွင် နေထိုင်ခွင့် ကိုလည်း ရရှိနိုင် ပါသည်။ Resident Permit Program မှ အနည်းဆုံး ဒေါ်လာ ၆၇ဝ,ဝဝဝ ရင်းနှီး မြှုပ်နှံမည် ဆိုပါက ရရှိနိုင် ပါသည်။ သို့သော် နိုင်ငံသား အပြည့်အဝ တော့ မပေးပါဘူး။ နွေရာသီတုန်း က အိုင်ယာလန် ဆိုလျှင် အနိမ့်ဆုံး ရင်းနှီးမြှပ်နှံရန် လိုအပ်ချက် ထက်ဝက် လျော့ချ ပေးခဲ့သည်။ ယခုဆိုလျှင် အမေရိကန် ဒေါ်လာ ၆၇၅,ဝဝဝ သာ ရှိတော့သည်။ သင် စိတ်ရှည်ဖို့တော့ လိုတယ်။ အိုင်ယာလန် နိုင်ငံကူး လက်မှတ် ရဖို့က နောက်ထပ် (၅) နှစ်တော့ စောင့်ရမည်။

လတ်ဗီးယား နိုင်ငံ၌ ပို၍ပင် ကောင်းသေးသည်။ ငါးနှစ် နေထိုင်ခွင့် အတွက် အမေရိကန် ဒေါ်လာ ၉၆,ဝဝဝ ပဲရှိသည်။ သင့်ကို ရှန်ဂျဲန် ဧရိယာမှာ ဝင်ခွင့်ပေးမည်။ ကျန် အီးယူနိုင်ငံ (၂၆) နိုင်ငံနှင့် Common Visa Policy ရှိသည်။ တစ်ခုတော့ ရှိသည် လတ်ဗီးယား အတိုက်အခံ နိုင်ငံရေး သမားတွေ အာဏာ ရလာလျှင် ဤ ခံစားခွင့်တွေ နိဂုံးချုပ် သွားနိုင်သည်။ ဥရောပတွင် ဘူးလ်ဂေးရီးယား နိုင်ငံက အမေရိကန် ဒေါ်လာ ၅ဝဝ,ဝဝဝ နှင့် နိုင်ငံသား ဖြစ်မှု အပြည့်အဝ ရှိမည်။ မက်စီဒိုးနီးယား နိုင်ငံကလည်း ကုန်ကျစရိတ် တူသည်။ သို့သော် လူ(၁ဝ) ဦး အနည်းဆုံး အလုပ်ပေး နိုင်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုသည်။

အရှေ့ အလယ်ပိုင်း တွင် ဝရုန်းသုန်းကား ဖြစ်နေချိန် ဆိုတော့ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ် နှင့် အီရတ် တို့မှ ချမ်းသာသော သူများသည် ဗီဇာ မလိုဘဲ ရွှေ့ပြောင်း နေ၍ ရသည်။ အရှေ့ အလယ်ပိုင်း တွင် တည်ငြိမ်မှု ရှိနေသေးသည် နိုင်ငံများတွင် နိုင်ငံကူး လက်မှတ် ရရန် မဖြစ်နိုင်ပေ။ သူတို့ နိုင်ငံအတွက် နှစ်ရှည်လများ အကျိုးပြု နေသူများ   လောက်သာ ရနိုင်မည်။ ဘာရိန်းနိုင်ငံ ကတော့ သမိုင်းအရ သက်သက် ညှာညှာ ရှိသည်။ ဒူဘိုင်း၊ အာရပ်စော်ပွား ပြည်ထောင်စု အစိတ်အပိုင်း များတွင် ပစ္စည်း အမေရိကန် ဒေါ်လာ ၂၇၃,ဝဝဝ  ဖိုး ဝယ်ယူသည့် အခါ နေထိုင်ခွင့် လျှောက်ထား နိုင်သည်။

အလွယ်ကူဆုံး နေရာကတော့ အပူပိုင်းဇုန် အရှေ့ ကရစ်ဘီယံ ပင်လယ်ကျွန်း ထဲက စိန်ကစ် နှင့် နီးဗစ်ကျွန်းငယ် ကလေးတွင် ခြံမြေ အမေရိကန် ဒေါ်လာ ၄ဝဝ,ဝဝဝ ဖိုးဝယ်ရန် လိုအပ်သည် (ဗီလာနှင့်  ကွန်ဒိုမီနီယံ အရည် အသွေး ရှိရမည်) အပြင် မှတ်ပုံတင်ကြေး ဒေါ်လာ ၅ဝ,ဝဝဝ သာ ရှိသည်။ ၄င်း နိုင်ငံကူး လက်မှတ်သည် နိုင်ငံပေါင်း ၁၃၁ နိုင်ငံသို့ ဗီဇာ မလိုဘဲ သွားနိုင်သည်ဟု ဆို၏။ ထိုနည်း အတိုင်းပင် ယခင်လက ကရစ်ဘီယံ ပင်လယ်ကျွန်း အန်တီဂွာ နှင့် အဘူဒါ တို့တွင်လည်း နိုင်ငံသား ဖြစ်မှု ရင်းနှီးမြှပ်နှံမှု အစီအစဉ်သည် အိမ်ခြံမြေ အမေရိကန် ဒေါ်လာ ၄ဝဝ,ဝဝဝ ဖိုးဝယ်ယူလျှင် နိုင်ငံပေါင်း ၁၃ဝ ကို ဗီဇာမလိုဘဲ သွားရောက် နိုင်မည်။

ဗြိတိသျှ ဓနသဟာယ ဒိုမီနစ်ကာ လည်း ပြန်မအမ်းသော အမေရိကန် ဒေါ်လာ ၁ဝဝ,ဝဝဝ လုပ်ခ ပေးရန် လိုသည်။ စီးပွားရေး နိုင်ငံသား ဖြစ်မှုအတွက် (၈)ပတ် ခွင့်ပြုသည်။ နိုင်ငံ ၈ဝ သို့ ဗီဇာ မလိုဘဲ သွားနိုင်သည်။ ပါရဂွေးနိုင်ငံ သည်လည်း သူ့နိုင်ငံအတွင်း အနည်းဆုံး ၃ နှစ် နေပြီးလျှင် နိုင်ငံသားဖြစ်မှု အမည်စာရင်း သွင်းခ သာလျှင် ပေးရသည်။ စပိန်နိုင်ငံ တွင်လည်း စပိန်လူမျိုး နှင့် လက်ထပ်ပြီး တစ်နှစ်နေလျှင် နိုင်ငံသား ဖြစ်နိုင်ခွင့် ရှိသည် ဟုဆိုသည်။

သို့ဖြစ်၍ ယနေ့ခေတ် ကာလတွင် ပိုက်ဆံ ချမ်းသာသူများ အနေဖြင့် အမေရိကန် ဒေါ်လာ သိန်းဂဏန်း ပျမ်းမျှ (၅)သိန်းခန့် ရင်းနှီးလိုက်လျှင် ကိုယ်ကြိုက်သည့် နိုင်ငံသို့ သွား၍ စီးပွားရေး ရှာနိုင်ခွင့် ရှိနေသည်။ ထိုနိုင်ငံတွင် အခြေအနေ အရ မနေနိုင်လျှင် သို့မဟုတ် မနေချင်လျှင် ကမ္ဘာ့ တခြားနိုင်ငံ တစ်ခုသို့ သွားရောက် နေထိုင် သွားနိုင်ခွင့် ရှိနေသည်။ ငွေကြေး ချို့တဲ့သူများ ဖြစ်လျှင် တရားဝင် သွား၍မရနိုင်ချေ။ ခိုးဝင်ပြီး နေမိသွားလျှင် လူဝင်မှုဥပဒေ အရ အရေးယူခြင်း ခံရနိုင်သည်။ သို့ဖြစ်ရာ နိုင်ငံသား ဖြစ်မှုကို နိုင်ငံတချို့က စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ရောင်းစား သကဲ့သို့ ငွေကြေး ချမ်းသာလျှင် ဝယ်ယူ၍ ရနိုင်ပါကြောင်း သိရှိနိုင်ပါရန် တင်ပြ လိုက်ရ ပါသည်။ 
( ကိုကိုဟန် )
Ref:myawaddy blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!