လွှတ်တော်ထဲမှာ ဆုံးဖြတ်မဲခွဲရင် ဘယ်လိုမှမနိုင်ဘူး ၊ မရနိုင်ဘူးတဲ့...
ဒီမှာ ကြည့်လိုက် စမ်းပါ ။လွှတ်တော်ကို မဖျက်ရင် ဘာမှ လုပ်လို့ မရဘူး လေ ။
ဘယ်လို တင်ပြ တင်ပြ ထုံးစံအတိုင်း ခွင့်ပြုမိန့် မရဘူး လေ ။ ဘာကြောင့်လဲ ဆိုတော့ လွှတ်တော်ထဲမှာ ဆုံးဖြတ် မဲခွဲရင် ဘယ်လိုမှ မနိုင်ဘူး ၊ မရ နိုင်ဘူး လေ ။
လွှတ်တော်ထဲမှာအများစုက နေရာ တော်တော်များများ ထိုင်ခုံမှာ တပ်မတော် စစ်သားတွေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နဲ့ ပြည်သူ့ အထောက်အကူပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဘာမှ လုပ်လို့ မရဘူး လေ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ယုံ နဲ့ မလုံလောက် ပါဘူး ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖျက် ရမယ် ။ ကိုယ့် လက်ရှိ ခေတ်အတွက် လိုအပ်ချက်ကို ကြည့်ပြီးတော့ အလုပ်လုပ်ရမှာ ပေါ့ ။ ပြောတဲ့ နိုင်ငံရေးဆိုတာ တကယ် မျှော်လင့်ချက်တွေ ပြိုယိုင် လဲ ။
ယုံကြည်စိတ်တွေ ခိုလှုံစရာ အရိပ်လေး တစ်ခုတောင် ခိုနားဖို့ မရှိလေတော့ဒီလိုနဲ့ လုံးပါးပါးပြီး ဝမ်းရေးက သိပ်ခက်လွန်းတယ် ဆာလောင် မွတ်သိပ်မှု တွေရယ် ။
ငိုယိုခြင်းများနဲ့ အကူအညီလိုတဲ့ ဘဝတွေများစွာကယ်သူ မရှိ ။
အသေအချာ မသိတဲ့ ယုံကြည်စိတ် မျှော်လင့်ခြင်းနဲ့ နိုင်ငံတကာ လူတွေ တွံထွေးခွက်မျော နေတယ် ။ ဒါတွေကို ကြိုတင် မြင်နိုင်စွမ်း အတွက် တလောကလုံးရဲ့ ငြိမ်းချမ်းမှုကို ရှေးရှု့ပြီး အကောင်းအဆိုးကို ယှဉ်တွဲပြဆိုတဲ့ အပြုသဘောဆောင်တဲ့ မေတ္တာ စကားတွေ ပါ ။
ကျန်းမာ ချမ်းသာ ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကောင်းကျိုး ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်ဝ ကြပါစေ ။
=====================
လူထု သစ္စာဖေါက်တွေ ဖြစ်လာမယ် ၊ အမတ်လိမ်တွေ ဖြစ်လာမယ် ၊
ကိုကိုဦး(သူပုန်မျိုးဆက်)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့ တပ်မတော်ရဲ့ အခန်းကို ဖတ်ကြည့် ၊တပ်မတော်ဆိုတာ အစိုးရကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ မထင် ဆိုတဲ့ အတိုင်းလုပ်ချင်သလို လုပ်ခွင့်ရှိတဲ့ သဘောဘဲ ၊
မင်းအောင်လှိုင်ဆိုတာ ကာလုံရဲ့ appointed commander သာလျှင် ဖြစ်တယ် ၊ကာလုံဆိုတာ စစ်ကောင်စီ ပါဘဲ ၊ မဆလခေတ်က တော်လှန်ရေးကောင်စီ လိုဘဲ ၊လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတာ ကာလုံ ဖြစ်တယ် ၊ဒါပေမဲ့ တော်လှန်ရေးကောင်စီမှာ ဦးနေ၀င်းက အာဏာ အပြည့် ရှိတယ် ၊ကာလုံ စစ်ကောင်စီမှာက မင်းအောင်လှိုင် အာဏာ အပြည့် မရှိဘူး ၊ (၃၄၂)လုံထိန်း ၊ ပြည့်သူ့စစ် ၊ ရဲတပ်ဖွဲ့ စတဲ့ လက်နက်ကိုင် တပ်တွေကို စစ်တပ်အောက်မှာ ထားထားတာက ဘယ်သူ သမတ ဖြစ်ဖြစ် စစ်ကောင်စီကသမတကို ကျော်ပြီး လုပ်ပိုင်ခွင့် ရှိတဲ့ သဘော ၊ (၃၃၈)(၃၃၉)(၃၄၀)
အခန်း (၇)
တပ်မတော်
၃၃၇ ။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသောလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် ။
၃၃၈ ။ နိင်ငံတော်အတွင်းရှိ လက်နက် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည် ။
၃၃၉ ။ နိုင်ငံတော်အား ပြည်တွင်း ၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင် ရမည် ။
၃၄ဝ ။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည် ။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင် ရမည် ။
၃၄၁ ။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက် ရမည် ။
၃၄၂ ။ နိုင်ငံတော် သမတသည် အမျိုးသားကာကွယ်ရေးနင့် လြုံခုံရေးကောင်စီ၏ အဆြိုပုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန် ပေးရမည် ။
၃၄၃ ။ စစ်ဘက်တရားစီရင်ရာတွင် -
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့် ဖြစ်စေ ၊ တစ်ဦးတည်း ဖြစ်စေ ဥပဒေနှင့်အညီ စီရင် နိုင်သည် ၊
( ခ ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည် ။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝ ဖျက်ပစ်ရမဲ့ ဥပဒေ ဖြစ်တယ် ၊
ဒါကြောင့် ဖွဲ့စည်းပုံကို ဟိုတစ်စ ဒီတစ်စ ပြင်မယ်လို့ ကြွေးကြော်သူတွေ ပြောင်ပြောင်တင်းတင်း ပြောလိုက်မယ် ၊ ခင်ဗျားတို့ ကြိုက်တဲ့ ပုဒ်မကို ပြင်ပြင် တပ်မတော်ကသမတ အထက်မှာ ရှိနေသ၍ ကြိုးစားသမျှ သဲထဲ ရေသွန် ဖြစ်လိမ့်မယ် ၊အချိန်တွေ ဖြုန်း မနေနဲ့ ၊ ခင်ဗျားတို့ အများဆုံး ဖြစ်နိုင်တာ ရုပ်သေး အမတ် အဆင့် ထိလောက် ပဲ ၊
ယုံကြည်မှုကို တည်ဆောက်မယ်လို့ ပြောပြီး စစ်ကောင်စီအောက်မှာ အမတ်ဖြစ်ချင် သူတွေဟာဝင်ပြင်တွေလည်း မဟုတ်ဘူး ၊ ပြင်ဝင်တွေလည်း မဟုတ်ဘူး ၊ ၀င်ပေါင်း ညာစားတွေ ချည်းဘဲ ၊
ဒီတော့ ခင်ဗျားတို့ဟာ လူထုကို မှန်မှန် မဦးဆောင်တော့ ဘာဖြစ် လာမယ် ထင်သလဲ ၊လူထု သစ္စာဖေါက်တွေ ဖြစ်လာမယ် ၊ အမတ် လိမ်တွေ ဖြစ်လာမယ် ၊
အားလုံး တက်ကြွ ပါဝင် ပါလို့ နိုးဆော်လျှက်
BY - Aung Oo ၊ Ko
Credit @ Ko Nge
No comments:
Post a Comment