Popular Posts!

Friday, May 9, 2014

သင့်ရဲ့ကုမ္ဗဏီလေးတွေ အခွန်ဆောင်ထားပြီးပြီလား?

အခွန်မဆောင်သည့် ကုမ္ပဏီများကို အမှန်တကယ်အရေးတော့မည်တဲ့!   အများပြည်သူတွေစောင့်ကြည့်လိုက်ပါအုံး!
အများပြည်သူတွေကိုတော့ ၀င်ငွေ သိန်း ၂၀ (တလ၀င်ငွေ ၁သိန်း၇သောင်းလောက်) စ၀င်ရင် စပြီး အခွန်ဆောင်ခိုင်းထားပြီးတော့ တကယ် VVIP လေးတွေကိုတော့ ဘယ်သူလူတွေက  အခွန်ကောက်ရဲကျရဲ့လားမသိ!


အခွန်မဆောင်သည့် ကုမ္ပဏီ တစ်သောင်းကျော် မတ် ၂၀ နောက်ဆုံးထား မဆက်သွယ်က အရေးယူမည်


ကုမ္ပဏီများ အဖြစ် မှတ်ပုံတင်ထား သော်လည်း ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် အခွန် ပေးဆောင်ခြင်း မရှိသော ကုမ္ပဏီပေါင်း ၁၀,၆၇၀ ကို မတ် ၂၀ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ရန် ထုတ်ပြန်ထားပြီး ပျက်ကွက်ပါက ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးမှ အခွန်ဦးစီးမှူး ဦးတင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။
ယခင် ဘဏ္ဍာနှစ် အတွင်းက အခွန် ပေးဆောင်ခြင်း မရှိသည့် ကုမ္ပဏီများကို ယခုနှစ် မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးသို့ လာရောက်ကာ အခွန် ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အကြောင်းရင်းများကို သတ်မှတ် ပုံစံများတွင် ဖြည့်သွင်းပေးရန် လိုကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ဌာနနဲ့ လုံးဝ အဆက်ပြတ်နေတဲ့ ကုမ္ပဏီတွေပေါ့။ မှတ်ပုံတင်ထားပြီး အလုပ် မလုပ်တဲ့ ကုမ္ပဏီတွေပါ။ အခု လောလောဆယ် ကုမ္ပဏီပေါင်း တစ်သောင်းကျော် ရှိတယ်။ နောက် ဖော်ထုတ်လို့ရတဲ့ ကုမ္ပဏီတွေ စာရင်းကိုလည်း ထုတ်ပြန်သွားမယ်” ဟု ၎င်းကဆိုသည်။ နိုင်ငံတော် အခွန်ဘဏ္ဍာ ဝင်ငွေ တိုးမြှင့် ရရှိရေးအတွက် အခွန်ဘုတ်အဖွဲ့ ဖွဲ့စည်းကာ အခွန် ကောက်ခံမှုကို စည်းကြပ်လျက် ရှိပြီး တစ်ဖက်တွင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ အခွန်ထမ်း ပြည်သူ အလွှာလိုက်ကို တွေ့ဆုံကာ အခွန် ပေးဆောင်ရန် တိုက်တွန်း နှိုးဆော်လျက် ရှိသည်။
“အခွန်ဦးစီးဌာနက စာရောက်လာပြီး ရုံးကို လာတွေ့ဖို့ ပြောတယ်။ သွားတွေ့တော့ အခွန်ဆောင်ဖို့ စာရင်းဇယားတွေ စစ်ဆေးပြီး နောက်ရက်မှာ အခွန်ဆောင် ရတာပဲ” ဟု ဘုရင့်နောင် ပွဲရုံမှ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ရုံးတံဆိပ် ခွန်နှင့် အောင်ဘာလေ ထီခွန်တို့ကို ကောက်ခံလျက် ရှိပြီး ကျန်သည့် အခွန်အခ များကို စည်ပင်သာယာရေး ကော်မတီက ကောက်ယူလျက် ရှိရာ အခွန်ထမ်းများ အနေနှင့် အခွန်အခ ဝန်ပိလျက် ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
အခွန်မူဝါဒ ပြုပြင် ပြောင်းလဲရေး အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန် အစည်းအဝေးတွင်လည်း အခွန်ဆိုင်ရာဥပဒေ လေးခုကို ပြင်ဆင် အတည်ပြုမှုများ ပြုလုပ်လျက် ရှိသည်။ ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ နှစ်ခုကို အခွန်ထမ်းများ အတွက် ပိုမို အဆင်ပြေစေမည့် အခွန်ဥပဒေ ဖြစ်လာစေရန် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့ ပူးပေါင်း၍ ပြင်ဆင်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
အဆိုပါ ကုမ္ပဏီများ၏ အမည် စာရင်းကို http://www.irdmyanmar.gov.mm/ တွင် ဖော်ပြထားသည်။

Ref:thevoiceweekly

အခွန်စည်းကြပ်မှုခံယူခြင်းမရှိသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ရန် ရှိပါသဖြင့် ဖော်ပြပါ ကုမ္ပဏီများအနေဖြင့် ၂၀-၃-၂၀၁၄ နောက်ဆုံးထား၍ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ ဆက်သွယ်ရန်နှိုးဆော်ချက် ( ၁၃-၃-၂၀၁၄ )


ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စည်းကြပ်မှု ခံယူခြင်းမရှိသေးသော ကုမ္ပဏီများနှင့် လုပ်ငန်း စတင်ဖွဲ့စည်း မှတ်ပုံ တင်ထားသော်လည်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့လာရောက်ဆက်သွယ်မှုမရှိသေးသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ရန်ရှိပါသည်။ သို့ဖြစ်ပါ၍ ပူးတွဲဖော်ပြပါ ကုမ္ပဏီအသီးသီးသည် ၂၀၁၄ခုနှစ် မတ် လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါရုံးသို့လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အခြား အကြောင်းရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြပါရန်နှိုးဆော်အပ်ပါသည်။

ကုမ္ပဏီများက မေးမြန်းလိုသည့်ကိစ္စများ ကူညီဆောင်ရွက် ပေးစေလိုသော ကိစ္စများကိုလည်း ဖြေကြားကူညီသွားမည်ဖြစ်ပါသည်-


ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၊
ပြည်တွင်းအခွန်များဦးစီးဌာန
အမှတ်(၅၉/၆၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်
ဖုန်း ၀၁-၃၇၁၉၄၉၊ ၀၁-၃၇၆၉၆၃၊ ၀၁-၃၇၆၉၆၅

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!