Popular Posts!

Wednesday, May 21, 2014

စက်မှုဇုံတွေ အကောင်အထည်မဖောင်နိုင်သရွှေ့ တိုင်းပြည်ဆင်းရဲနေအုံးမှာပါ!

ဒီ နိုင်ငံခြားရင်းနှီးမြှမ်နှံမှု ၅မျိုး ရေနံ၊  သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကုန်ထုတ်လုပ်ရေး၊  သတ္တု၊ ဟိုတယ်နှင့် ခရီးသွား၊ ပိုဆောင်ဆက်သွယ်ရေးလုပ်ငန်းများကလွဲပြီး နိုင်ငံခြားပို့ကုန်ထုတ်လုပ်နိုင်တဲ့ ဘယ်စက်မှုလုပ်ငန်း ထုတ်ကုန်မှ ၀င်လာတာမရှိသလောက် အဓိကကျသော စက်မှုဇုန်စီမံကိန်းတွေ အလုပ်မဖြစ်တာကိုတွေ့ရပါလိမ့်မယ်၊ ဒီစက်မှုဇုန်တွေကမှ ပြည်သူလူထုတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ကယ်ပေးမဲ့နှင့် အလုပ်အကိုင်၊၀င်ငွေ၊ နည်းပညာတွေကို အဓိက တိုင်းပြည်ကိုတိုးတက်စေတာပါ ... 
ခေတ်မှီစိုက်ပျိုးရေးစနစ်တွေက လနှင့်ချီအချိန်စောင့်နေရပါသေးတယ်၊ ခေတ်မှီတဲ့နည်းပညာတွေနှင့် ကျယ်ပြန်းသောမြေယာပိုင်ဆိုင်မှုတွေရှိမှာ ဖြစ်မှာပါ၊ အခုအမိမြေမှာက အများပိုင်လယ်မြေ ကျဉ်းကျဉ်း လေးတွေနှင့် လုပ်ကိုင်နေကျတဲ့စနစ်ဖြစ်တော့ အမှန်လိုအပ်နေသော ကျယ်ပြန်သောမြေယာပိုင်ဆိုင်မှုနှင့် စက်မှုစိုက်ပျိုးရေး လုပ်ဖို့ ပြဿနာတွေ အတော်ကိုဖြေရှင်း ပေးမှ ရမှာပါ၊ ဖြေရှင်းလို့အလွန် မလွယ်တဲ့ ပြဿာနာ တရပ်ဖြစ်ပါတယ်။

ကမ္ဘာကိုကြည့်လိုက် အရင်နှစ် ၂၀လောက်က ခေတ်နောက်ကျကျန်နေသာ ထိုင်ဝမ်၊ကိုးရီးယား၊ထိုင်း၊ဗီယပ်နမ်တွေကို အခုချိန်မှာ စက်မှုနည်းပညာထုတ်ကုန်တွေမှ စက္ကန်းလိုက် နာရီလိုက် ၀င်ငွေရှာပေး နေတာပါ...တိုင်းပြည်ကို အချိန်တိုအတွင်း အလျင်မြန်ဆုံး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာတာပါ၊ 
ထိုင်ဝမ်ဆိုရင် ဘာမဆိုအတုတွေလုပ်တတ်တဲ့နိုင်ငံလို့တောင်အမည်သွင်ခဲ့တယ်..အခုကြည့်နည်းပညာ
ပိုင်းစက်မှုမှာ ထိပ်တန်းအဆင့်တောင်ရောက်လာပြီ...ထုတ်ကုန်ပိုင်းအရည်အသွေးကောင်းလာတော့ လူတွေလက်ခံလာတာ မဟုတ်ဘူးလား....ခေတ်အပြောင်းအလဲကို လူတွေသတိထားမိချင်မှထားမိ လိုက်မယ်....ဒါပေမဲ့ အမှန်တကယ်တိုးတက်လာကျတာပါ...

စက်မှုဇုံတွေ အကောင်အထည်မဖောင်နိုင်သရွှေ့ တိုင်းပြည်ဆက်လက်ပြီး ဆင်းရဲနေအုံးမှာ ပါဘဲ.....အဓိက လူစွမ်းအား တွေကိုထုတ်ယူသုံးစွဲနိုင်မှရတဲ့ခေတ် တခုဖြစ်နေပါပြီ...ဒါကိုဖြစ်အောင် မလုပ်နိုင်သရွှေ့ တော့ တိုင်းပြည်အတွက် ရင်လေးစရာပါဘဲ....
တိုင်းပြည်ရဲ့ ရှားပါးတဲ့သဘာဝ သယံဇတ တွေကိုဘဲ ထုတ်ယူနေရင်တော့ နောင်အနာဂ တန်ဖိုးရှိ သဘာဝပစ္စည်းလေးတွေ ဘာမှကျန် တော့မှာ မဟုတ်ပါဘူး၊ တန်ဖိုးရှိသဘာဝ ထုတ်ကုန်တွေက နှစ်ပေါင်းများစွာ ရာထောင်ချီပြီးမှ သဘာဝအတိုင်း ဖြစ်ပေါ်တာပါ၊ လူလုပ်ထုန်ကုန်တခုမဟုတ်ပါဘူး၊

ဒါကို အမီမြေက ယခုလက်ရှိလူကြီးတွေက မျောက်ပြဆန်တောင်းနေသလိုလုပ်ပြီး လူလည်ကျချင်နေ ကတော့ ဘယ်ရမလဲ? အခုနှစ်ပိုင်းမှကြည့်လိုက် အများပြည်သူလူထုတွေ ရာခိုင်နှုံးအရ ပိုတောင် ဆင်းရဲသွားပါသေးတယ်၊ 
ငွေကြေးရှင် တချို့သာပိုချမ်းသာသွားတာပါ၊ ယခင်မကြားဖူးတဲ့  ကမ္ဘာ့တန်းမှီ tycoon အမည်နှင့်လူတွေ တောင်ရှိသတဲ့ဗျ...


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံကျော်သာရှိ


Thursday 11:45 am

၂၀၁၄ခုနှစ် ဧပြီလစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ၄၆ ဒသမ ၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသော်လည်း အမှန်တကယ်ဝင်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ခွင့်ပြုပမာဏနှင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံဝင်ရောက်မြှုပ်နှံမည့် လုပ်ငန်း ၇၀၇ ခုအနက် လုပ်ငန်း ၄၄၆ ခုကသာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံခန့်ကို မြှုပ်နှံထာခြင်းဖြစ်သည်။

“နိုင်ငံခြားလုပ်ငန်းတွေအဆိုပြုထားတဲ့ အတိုင်း မြှုပ်နှံချင်စိတ် ဖြစ်လာအောင် အစိုးရကလည်း အခွင့်အရေးနဲ့ မက်လုံး ပေးဖို့လိုပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးကြည်လွင်က ပြောသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် မတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု ပမာဏ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလီယံရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ အမေရိကန်ဒေါ် လာ ၄၀ ဒသမ ၄ ဘီလီယံကျော်ရှိခဲ့ကာ ယခုအမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံအထိ ၀င်ရောက်မြှုပ်နှံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“ဒါက နိုင်ငံရဲ့နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးအခင်းအကျင်းပေါ် မူတည်ပါတယ်။ ရင်နှီးမြှုပ်နှံသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရင် အပြည့်အ၀မြှုပ်နှံမှာမဟုတ်ဘူး။ အရင်က အမိန့်အာဏာနဲ့ အုပ်ချုပ်တယ်၊ နီးစပ်တဲ့သူတွေကို စီးပွားရေးလုပ်ကိုင်ခွင့်ပေးတယ်။ ဒီမိုကရေစီစနစ်မှာ အမိန့်အာဏာနဲ့အုပ်ချုပ်လို့ မရတော့ ဒီကဖိရင်ဟိုက ထောင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုပိုများအောင် လုပ်မှပဲရမယ်”ဟု စီးပွားရေး ပါမောက္ခ(ငြိမ်း) ဒေါ်ရီရီမြင့်က သုံးသပ်သည်။

၂၀၁၄ ဧပြီလ ထုတ်ပြန်ချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံး စာရင်းတွင် တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ဗြိတိန်နိုင်ငံတို့ ဦးဆောင်နေသော်လည်း အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှုစာရင်းတွင် အပြောင်းအလဲအချို့ရှိပြီး တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့က အများဆုံးမြှုပ်နှံထားခြင်းဖြစ်သည်။

အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှု စာရင်းအရ ထိပ်ဆုံးစာရင်းဝင် ငါးနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့် မြှုပ်နှံထားပြီး စုစုပေါင်းမြှုပ်နှံမှုပမာဏ၏ ၈၅ရာခိုင်နှုန်းကို မြှုပ်နှံထားခြင်းဖြစ်သည်။

နိုင်ငံခြားလုပ်ငန်းများ အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှုအများဆုံး လုပ်ငန်းကဏ္ဍများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကုန်ထုတ်လုပ်ရေး၊ သတ္တု၊ ဟိုတယ်နှင့် ခရီးသွား၊ ပိုဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ဖြစ်ပြီး အဆိုပါကဏ္ဍများတွင် ၃၅ ဒသမ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
Ref:mizzimanews

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!