Popular Posts!

Wednesday, May 7, 2014

ရောင်းချသူ တစ်ဦးတည်းကို သုံးမှာလား ရောင်းချသူ အများအပြားကို သုံးမှာလား

ရောင်းချသူ တစ်ဦးတည်းကို သုံးမှာလား ရောင်းချသူ အများအပြားကို သုံးမှာလား
နိုင်မိုး
ရောင်းချသူ အများအပြား မဟာဗျူဟာသည် ပြဿနာများကို သယ်ဆောင် လာပါသည်...
ရောင်းချသူ တစ်ဦးတည်းလား သို့မဟုတ် ရောင်းချသူ အများအပြားလား။ အော်ပရေတာ များသည် ကိုင်တွယ်ရ ခက်သော ထိုပြဿနာကို ဆက်သွယ်ရေး ကွန်ရက်များ စတင်သော အချိန်ကတည်းက ကြုံတွေ့ ခဲ့ရပါသည်။
ယခင် ဆက်သွယ်ရေး ဖွံ့ဖြိုးမှု အခြေအနေတွင် လူကြိုက်များ၊ ခေတ်စားခဲ့သော ရောင်းချသူ အများအပြားကို သုံးစွဲခြင်းသည် အင်တာပရိုက်စ်များကို များပြားလွန်းသော ကွဲပြားသည့် ပတ်သက် ဆက်နွှယ်မှုများ အတွက် စီမံခန့်ခွဲရန် တွန်းပို့လျက် ရှိပါသည်။ အမျိုးမျိုးသော ရောင်းချသူများ၏ ကုန်ပစ္စည်းများသည် အပြန်အလှန် လည်ပတ် အလုပ်လုပ်နိုင်စွမ်း မရှိခြင်း သို့မဟုတ် သုံးစွဲသူများ အတွက် ဘုံတူညီသော ဆက်သွယ်မှုများကို မထောက်ပံ့ ပေးနိုင်ခြင်းတို့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ရောင်းချသူ အများအပြား မဟာဗျူဟာသည် အလွန်တရာ ကြီးမားသော ကွန်ရက် ဖြန့်ကြက်မှုများတွင် အကျိုး ရှိပါသည်။ သို့သော် ယခုနှစ်များ အတွင်း ထိုသို့ ပြုလုပ်ခြင်းသည် စီးပွားရေးလုပ်ငန်း လုပ်ဆောင် ရာတွင် လည်းကောင်း၊ ကွန်ရက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် လည်းကောင်း ပြဿနာ အမြောက်အမြား ဖြစ်ပေါ် စေပါသည်။
ဥပမာအားဖြင့် Call Drop နှင့် LAC ပြဿနာများ ဆက်သွယ်ရေး ကွန်ရက်အတွင်း ဖြစ်ပေါ် စေပါသည်။ နယ်နိမိတ် ဧရိယာများတွင် CRO နှင့် PT တို့၏ Parameter Setting များ Idealization မဖြစ်ခြင်းကြောင့် ပြဿနာများ သယ်ဆောင် လာပါလိမ့်မည်။ Signal သည် အခြား Cell မှ Signal ထက် နိမ့်နေလျှင် တောင်မှ လက်ကိုင် ဖုန်းသည် Cell တစ်ခုကို Service Cell အဖြစ် ပြန်လည် ရွေးချယ်ပါမည်။ ဤနည်းအားဖြင့် သုံးစွဲသူက ဖုန်းတစ်ခါ ခေါ်လိုက်တိုင်း Call drop, access failure စသည်တို့ကို အကြိမ်ကြိမ် ဖြစ်စေ ပါလိမ့်မည်။
မတူညီသော ရောင်းချသူများ၏ ပစ္စည်းများသည် မတူညီသော LAC များကို အသုံးပြုလေ့ ရှိသည်။ ဟန်းဆက်များသည် Cell တစ်ခုမှ တခြား Cell တစ်ခုသို့ Cell ကို ပြန်လည် ရွေးချယ်ရာတွင် အကယ်၍ Cell အသစ်၏ LAC သည် အဟောင်းနှင့် မတူညီပါက ဟန်းဆက်သည် Location Update လုပ်လိမ့်မည်။
အကယ်၍ နယ်နိမိတ် ဧရိယာသည် Downtown ၏ အဓိက လမ်းမကြီးပေါ်တွင် လည်းကောင်း၊ မီးရထား လမ်းနှင့် အနီးအနားတွင် လည်းကောင်း ရှိနေပါက Location Update အတွက် SDCCH ကိုယူမည်။ အဘယ်ကြောင့်ဆိုသော် အလွန်များပြားသော သုံးစွဲသူများသည် အနီး ပတ်ဝန်းကျင်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းသည် လွန်စွာများပြားသော Location Update များကို လုပ်ဆောင်စေပြီး လွန်စွာများပြား သော SDCCH traffics များကို ဖြစ်ပေါ် စေပါသည်။ ဤကဲ့သို့ SDCCH traffics အတွက် အော်ပရေ တာသည် မည်သည့် အဖိုးအခမျှ မရနိုင်ပါ။ ၎င်းသည် အော်ပရေတာ၏ Frequency နှင့် Hardware အရင်း အမြစ်ကို သုံးစွဲခြင်းသာ ဖြစ်သည်။
လုပ်အား သုံးစွဲသော အချိန်နှင့် ထိန်းသိမ်းစရိတ်သည် ရောင်းချသူ အရေအတွက် အပေါ်တွင် အနည်းနှင့် အများ အချိုး ကျပါသည်။ လုပ်သားအင်အားနှင့် လုပ်ငန်း အရှိန်အဟုန် ကောင်းမွန်စေရန် လုပ်ငန်း အဆင့်ဆင့်တို့ ရှိသော၊ ပိုမိုကြီးမားသည့် ဘတ်ဂျက် ရှိသော၊ ကြီးမား ရင့်ကျက်သော အော်ပရေတာ တစ်ဦးတွင် ရောင်းချသူ များပြားသော မဟာဗျူဟာကို ရွေးချယ်မှုသည် ပိုကောင်းသော အခွင့်အရေး တစ်ခု ဖြစ်နိုင်ပါသည်။
ရောင်းချသူ တစ်ဦးတည်း မဟာဗျူဟာသည် အကျိုးကျေးဇူး များပါသည်...
ရောင်းချသူ တစ်ဦးတည်း မဟာဗျူဟာတွင် အကျိုးကျေးဇူးပေါင်း မြောက်မြားစွာ ရှိပါသည်-
          -စတင် ရင်းနှီးမြှုပ်နှံစရိတ် သက်သာခြင်း။
          -စီမံခန့်ခွဲရာတွင် လွယ်ကူစေခြင်း၊ လုပ်ငန်းလည်ပတ်ရာတွင် ချောမွေ့စေခြင်း၊ အော်ပရေတာ အသစ်များ အတွက် သင့်လျော်မှု ရှိခြင်း။
          -ရောင်းချသူများ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ရန် မလိုခြင်း၊ ပြစ်ချက် စီမံခန့်ခွဲရန် နည်းသွားခြင်း။
          -သဘောတူညီမှုနှင့် စွမ်းဆောင်ရည် အဆင့်အတန်း တိုင်းတာမှုများကို အလွယ်တကူ ရရှိနိုင်ခြင်း။
          -ရိုးရှင်းသော တာဝန် ခံနိုင်မှု ရှိခြင်း။
           ပိုမို လျင်မြန်သော ကွန်ရက် တည်ဆောက်နိုင်ခြင်းတို့ ဖြစ်ပါသည်။
ရောင်းချသူ တစ်ဦးတည်းနှင့် ရောင်းချသူ အများအပြား ဆုံးဖြတ်ချက် အတွက် စဉ်းစားရန် အချက်များ

 Ref:myawady.net

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!