Popular Posts!

Wednesday, May 7, 2014

သောက်ရေကို မိမိတို့ အသက်ရှူနေသော လေထဲမှ ထုတ်ယူ၍ ရပြီ


အစ္စရေးကုမ္ပဏီဖြစ်သော Water-Gen သည် လေထုထဲမှ သောက်ရေကို ထုတ်ယူသော စက်တစ်မျိုးကို တီထွင်လိုက်ရာ အစ္စရေး စစ်တပ်မှ အသုံးပြုလျက်ရှိသည်။
Written by  
သောက်ရေကို မိမိတို့ အသက်ရှူနေသော လေထဲမှ ထုတ်ယူ၍ ရပြီ
အနာဂတ်တွင် အရပ်သူ၊ အရပ်သားများပါ အသုံးပြုနိုင်ရန် ထုတ်လုပ်သွားမည်ဟု  သိရသည်။
 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံစာအရ လူသန်းပေါင်း ၇၈ဝ သည် သန့်ရှင်းသော ရေကို မရရှိဘဲ မသန့်သော ရေများကိုသာ သောက်သုံး နေကြရ၍ ရေမသန့်၍ ဖြစ်ပွားရသော ရောဂါများ ဖြစ်ကာ နှစ်စဉ်လူဦးရေ ၃ ဒသမ ၄ သန်း အသက်ဆုံးရှုံးနေရသည်ဟု သိရသည်။ ဤကိစ္စအတွက် အစ္စရေးကုမ္ပဏီ တစ်ခုက ပါးလွှာသော လေထု ထဲမှရေကို ထုတ်လုပ် ရယူ ခြင်းဖြင့် ဤအရေးကို ဖြေရှင်း ပေးနိုင်မည်ဟု ယူဆထားသည်။
Water-gen ကုမ္ပဏီသည် Atmospheric Water- Generation Units များကို တီထွင် လိုက်သည်။ တီထွင်ရာ၌ ၄င်း၏ GENius အပူဓာတ်မှ လေအေးဖလှယ်သော စနစ်က လေထု ထဲက ရေခိုးရေငွေ့များကို ဖယ်ထုတ်ယူကာ ကိရိယာ အတွင်းရှိ ရေစုဆောင်းသော ကန်တွင် ရေကို စုပ်ယူသည်ဟု အမှုဆောင် အရာရှိချုပ် Arye Kohavi ကပြောသည်။
ထိုနေရာမှ ရေစစ်စနစ်ထဲသို့ ဖြတ်၍ စီးလာစေပြီး ဖြစ်နိုင်ဖွယ်ရှိသော ဓာတုဗေဒနှင့် Microbiological ဆိုင်ရာတို့ သန့်စင်သွားအောင် လုပ်ပေးသည်။ ဤသန့်ရှင်းသော ရေကို အတွင်း ရေကန်တွင်စုပြီးထားရသည်။
လေထုထဲမှ ရေထုတ်ယူသော ကုမ္ပဏီ အများအပြား ရှိသော်လည်း Water-Gen က ပိုပြီး စွမ်းအင်ကို အရည်အသွေး ရှိရှိနှင့် ကိရိယာအတွင်း ဝင်ရောက်လာသော လေတို့ကို လေအေး ဖြစ်သွားအောင် ပြောင်းလဲယူသည်။
ဤကိစ္စထူးသော်လည်း မဆန်းဟု ဆိုရမည်။ ဘာကြောင့်လဲဆိုတော့ အဲယားကွန်းများသည် လေထဲမှရေကို ထုတ်ယူသော စက်များ ဖြစ်နေ၍ ရိုးရှင်းပါသည်။ ကုမ္ပဏီအများ လုပ်နေ ကြသော်လည်း လျှပ်စစ်ဓာတ်အား ၁ ကီလိုဝပ်သုံးလျှင် ရေမည်မျှလောက် ပမာဏ ရသည်ကို ကြည့်လျှင် Water-Gen ကုမ္ပဏီက သာလွန်ကြောင်း တွေ့ရှိရသည်။
အပူချိန်နှင့် စိုထိုင်းဆပေါ် မူတည်၍ သောက်ရေတစ်နေ့လျှင်  ၆၅  ဂါလန်မှ ဂါလန် ၂၁ဝ အထိ ထုတ်ယူနိုင်သည်။ ရေ ၁ လီတာပဲလိုလျှင်  နှစ်ဆင့်ဖိုးလောက် လျှပ်စစ် ဓာတ်အား  သုံးရုံနှင့် ရနိုင်သည်ဟု Kohavi ကရှင်းပြသည်။
Kohavi က အစ္စရေးတပ်မတော် (IDF) အတွက် အဓိကထား ထုတ်လုပ်ပေးသော်လည်း ခုနစ် နိုင်ငံ စစ်တပ်များကို ယင်းစက်မျိုး ရောင်းချထားပြီး ဖြစ်သည်။ ဥပမာ-အိန္ဒိယ နိုင်ငံလို အိမ်တိုင်းသောက်ရေ မရသေးတာမျိုး နောင်အနာဂတ်မှာ မရှိနိုင်တော့ကြောင်း အဆိုပါ Atmopheric Water-Generation Unit ကို အိမ်သုံးအဖြစ် အိန္ဒိယတွင် လုပ်ပေး၍ ရနိုင် ကြောင်း ပြောကြားသည်။ ပုလင်းသွတ်ထားသောရေ ၁ လီတာကို ၁၅ ရူပီးပေး ဝယ်သောက် နေရသော အိန္ဒိယလို နေရာတွင် ရေ ၁ လီတာကို ၁ ဒသမ ၅ ရူပီးနှင့်ရအောင် Water-Gen က ထုတ်လုပ်ပေးနိုင်ကြောင်း Kohavi က ရှင်းပြသည်။
နောက်တစ်မျိုးကတော့ ကျောပိုးအိတ်တွင် ရေသန့်စက်ထည့်၍ သယ်ယူသွားလာနိုင်သော စမ်းချောင်းလေး (Spring) ဟုခေါ်သည့် ဓာတ်ခဲအားသုံးသည့် ရေစစ်သည့် ကိရိယာ ဖြစ်ပြီး Spring သည် ရေ ၁၈ဝ လီတာ (၄၈ ဂါလန်) ကို တွေ့ရာရေတွင်း၊ ရေကန်၊ ရေအိုင်၊ချောင်း၊ မြစ်၊ လယ်ကွင်းများထဲမှ ရေစက်ရုံ အလုပ်ရုံမှ ရေဆိုးများကိုပင် ဖြစ်နေပါစေ အကောင်းဆုံး သောက်ရေသန့် ဖြစ်သွားအောင် စစ်ယူနိုင်ကြောင်း Kohavi က ရှင်းပြသည်။
ဤကျောပိုးရေ စစ်ကိရိယာမှ စစ်တပ်များ ထောက်ပံ့ရေး လမ်းကြောင်းမှ ရေဖြစ်သွားလျှင် လုပ်နိုင်သည်။ ၂ဝ၁၃ ခုနှစ်က IDF သည် Typhoon Haiyan မုန်တိုင်းတိုက်ပြီး ဖိလစ်ပိုင်တွင် လူ ၄ ဒသမ ၂ သန်းလောက်ရေ ပြတ်သွားခဲ့ရာ အဆိုပါ Spring များကို ယူသွားကာ ကူညီ ပေးခဲ့ဖူးသည်။
အနောက်နိုင်ငံသားများကတော့ နားလည်ကြမှာ မဟုတ်ပါဘူး။ သူတို့က ရေကို ရေပိုက်ခေါင်း ကလာနေ လျှင် ပြည့်စုံနေသည် ဟု ထင်ကြသည်။ ဖိလစ်ပိုင်တွင် မုန်တိုင်းပြီးတော့ လူတွေ သောက်စရာ ရေမရှိ သေကြ ရတော့မည်။ ဟေတီမှာလည်း ဖိလစ်ပိုင်လိုဖြစ်တာပါပဲ။ သို့ဖြစ်၍ သောက်စရာရေမှာ အသက်ရှူနေသော လေထဲကပင်  ရရှိနိုင်ပြီ ဖြစ်၍ အလွန် အဆင်ပြေကာ  လူ့အသက်ပေါင်း သန်းနှင့် ချီ၍ ကယ်တင်နိုင်ပြီဟု သိရ၍ ဝမ်းမြောက် လှပါပေ သည်။  
Ref:myawady.net

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!