ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ?
ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ်တာဝန်မယူ၊ သူတစ်ပါးကိုပြစ်တင်ဝေဖန်၊ ဆဲဆိုစော်ကား၊ အသရေဖျက်နေတဲ့ ကာလမှာ လူတိုင်းသိထားသင့်ပါတယ်။
၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
(က) ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။
(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန်ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း။
(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း။
(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း၊
နားရှင်အောင်ပြောရရင်...
(က) Facebook/ Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။
(ခ) Link အတုတွေကတဆင့် အချက်အလတ် Password ခိုးယူခြင်းပါ။
(ဂ) Online Shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။
(ဃ) Facebook ကတဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ Mention ခေါ်ဆဲခြင်း၊ ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ Tag တွဲခြင်း၊ Post ကို Share အပြစ်တင်ခြင်း စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်ကအမှု့ဖွင့်ပေးရုံနဲ့ အာမခံမရှိေ ထာင် (၃) နှစ်ချလို့ရပါတယ်။ Screenshot သက်သေအထောက်အထားသာ စုထားပါ၊ ကျိန်းသေထောင်ကျအောင်ချလို့ရတယ်။
ပုဒ်မ ၆၆ (ဃ) ကို ယနေ့ Facebook ပေါ်မှာ ကျူးလွန်နေသူတွေ အများကြီးပါ။
ဥပဒေ က အားလုံးကို အကာကွယ်ပေးပြီးသားပါ။ ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ကောင်းတယ်နော်။
( စာတစ်ကြောင်းနဲ့ ထောင် (၃) နှစ်ကျတယ် )
Myanmar Cyber Lawသို့တိုင်ကြားနိုင်သည်။
လူမှုကွန်ယက်ပေါ်တွင် ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံဖြင့်အရှက်ခွဲခြင်း၊ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်ခြင်း (Personal Attack)၊ (sex ဓါတ်ပုံပြ)ခြိမ်းခြောက်၍ငွေညှစ်ခြင်း၊အစော်ကားခံရခြင်းများကြုံတွေ့လာပါက ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောသက်သေအထောက်အထား (Electronic Record) ဖြင့် တရားစွဲဆိုနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနမှ ထုတ်ပြန်ထားပါသည်။
ထိုသို့တိုင်ကြားမှုများ
အတွက် ဖုန်းနံပါတ် ၀၆၇-၄၀၇၁၅၈
(Cyber Crime Police) သို့လည်းကောင်း၊
သက်သေအထောက်အထား ခိုင်လုံပါက သက်ဆိုင်ရာမြို့နယ် တရားရုံးနှင့် နယ်မြေရဲစခန်းများတွင်ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထား တိုင်တန်းနိုင်ပါသည်။
အကောင့်တု (Fake Account)များဖြင့် လုပ်ဆောင်နေမှုများအားလည်း
စုံစမ်းအရေးယူနိုင်ရန် ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးအပ်ပါသည်။
(Myanmar Cyber Law)
ဆက်သွယ်ရေးဥပဒေ(Cyber Law)နှင့် ရာဇသတ်ကြီးဥပဒေပါခြိမ်းခြောက်မှုမှတ်စုများ
ဆက်သွယ်ရေးဥပဒေမပေါ်ပေါက်မှီ ကျနော်တို့နိုင်ံတွင်ဆက်သွယ်ရေးအတွက် စာတိုက်မှာစာပို့စာယူစနစ်နှင့်ကြေးနန်းစနစ်ကိုကျယ်ပြန့်စွာအသုံးပြုခဲ့ပါသည်။
၎င်းကိုပြောပြရခြင်းမှာ၁၈၉၈ခုနှစ်စာတိုက်အက်ဥပဒေ၊၁၈၈၅ခုနစ်ကြေးနန်းအက်ဥဒေ၊၁၉၉၃မြန်မာနိုင်ငံကြိုးမဲ့ကြေးနန်းအက်ဥပဒေတို့ရှိခဲ့သောကြောင့်ဖြစ်ပါသည်။သို့ရာတွင်၂၀၁၃ခုနှစ်မှစ၍ ကြေးနန်းဥပဒေကိုဖျက်သိမ်းကာ ဆက်သွယ်ရေးဥပဒေကိုပြဌာန်းလိုက်ပါသည်။
ဤအက်ဥပဒေထဲကပြစ်ဒဏ်ပုဒ်မ ဖြစ်တဲ့ နာမည်ကြီးနေတဲ့ဆက် သွယ်ရေးဥပဒေဲ့၆၆(ဃ)လဲတခုအပါအဝင်ဖြစ်ပါသည်။ဤပုဒ်မသည်ရဲအရေးပိုင်သောပုဒ်မဖြစ်သည် ။တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရန်လိုသည်။
ထို့ပြင်တဖန်ယနေ့ခေတ်တရားစွဲဆိုနေတဲ့အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကိုတော့၂၀၁၄ခုနစ်မှာပြဌာန်းခဲ့ပါသည်။ဤအက်ဥပဒေကတော့ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ၃၄(ဃ)ဖြစ်ပါသည်။
ငှင်းအီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေတွင် ပုဒ်မ၃၄ "မည်သူမဆို အောက်ပါပြုလုပ်မှုတရပ်ရပ်ကိုကျူးလွန်လျှင်ထိုသူအားငွေဒဏ်ကျပ်သိန်း၅၀မှသိန်း၁၀၀အထိပြစ်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါသည်။
ငွေဒဏ်မဆောင်ပါကထောင်ဒဏ်အနည်းဆုံး၁နှစ်မှအများဆုံး၂နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါသည်။
၃၄(က)
အီလက်ထရောနစ်မှတ်တမ်း၊အီလက်ထရောနစ်အချက်အလက်သတင်းလွှာ သို့မဟုတ်အီလက်ထရောနစ်ပရိုဂရမ်တခုလုံးကိုဖြစ်စေ၊အီလက်ထရောနစ်ပရိုဂရမ်တခုလုံးကိုဖြစ်စေမရိုးမဖြောင့်သောသဘောဖြင့် ပေးပို့ခြင်း၊နှောက်ယှက်ခြင်း၊ပြုပြင်ခြင်း၊ပြောင်းလဲခြင်း၊ဖျက်သိမ်းခြင်း၊ခိုးယူခြင်း၊ထိခိုက်ဆုံးရှုံးစေခြင်း။
- မရိုးမဖြာင့်သောသဘောဖြင့်phoneမှ messageပေးပို့ခြင်း၊email,g.mail,ကိုအသုံးပြု၍စာပေးပို့်ခြင်း၊Hackerဖြင့်အကောင့်ခိုးယူခြင်း၊အကောင့်ဖျက်ဆီးခြင်းဖြစ်ပါသည်။
၃၄(ခ)
မူလဆောင်ရွက်ပေးပို့သူနဲ့လက်ခံသူတို့၏ခွင့်ပြုချက်မရှိပဲကွန်ပြူတာကွန်ယက်အတွင်းမှ ဆက်သွယ်မှုတခုကိုကြားဖြတ်ခြင်း၊ဆက်သွယ်မှုတခုခုကိုအသုံးပြုခြင်း၊အခြားသူတဦးဦးအားထုတ်ဖော်ခြင်း။
- Hacker...မှခွင့်ပြုချက်မရှိပဲအကောင့်ကိုခိုးယူသုံးစွဲခြင်း သုံးစွဲပြီးအခြားသူများအားထုတ်ဖော်ကြားခြင်း။
၃၄(ဂ)
ပုဂ္ဂိုလ်တဦးဦး၏ခွင့်ြုပုချက်မရှိပဲ သို့မဟုတ် သဘောတူညီမှုမရှိပဲ လုံခြုံမှုအဆင့်ထားရှိသောအမှတ်၊စာကားဝှက်၊သိုမဟုတ်အီလက်ထရောနစ်ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ၊ဆက်သွယ်အသုံးပြုခြင်း၊
၃၄(ဃ)
ပုဂ္ဂိုလ်တဦးဦး၊ အဖွဲ့အစည်းတခုခုကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ဂိုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ၊သတင်းအချက်အလက်နှင့် အီလက်ထရောနစ်နည်းပညာဖြင့်ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ပြောင်းလဲခြင်း၊ထိုသို့်ပြုလုပ်ခြင်း၊ပြုပြင်ခြင်း.၊ပြောင်းလဲခြင်းဖြင့်ပြုလုပ်ထားသောသတင်းအချက်အလက်တို့ကိုဖြန့်ချီခြင်း။
- Messenger boxမှ မရိုးမဖြောင့်သော စာများပေးပို့ခြင်း၊အကောင့်ပိုင်ရှင်၏ခွင့်ပြုချက်မရှိပဲအကောင့်များကို
ခိုးယူသုံးစွဲခြင်း၊၊အီလက်ထရောစနစ်ဖြင့်ပြုလုပ်ပြီး၊ပြောင်းလဲပြီး၊photocommentများကိုဖြန့်ချီခြင်း၊ဖြန့်ဝေခြင်းတြို့ဖစ်ပါသည်။
ဆက်သွယ်ရေးဥဒေပုဒ်မ၆၆
~~~~~~~~~~~~~~~~~~
၆၆။ မည်သူမဆို ပုဒ်မခွဲ(က)(ခ)(ဂ) ပာပြစ်မှုတရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်
မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
ပုဒ်မခွဲ(ဃ)ပါပြစ်မှုတရပ်ရပ်ကိုကျူးလွန်ပါက.၂နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊၁သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်။
(က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်
ခြင်း၊စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း
(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊လိမ်လည်ခြင်း၊အလွဲသုံးစားလုပ်ခြင်းသို့မဟုတ်အကျိုး
ပျက်စေခြင်း
(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြ
ဇာသုံးခြင်း ၊ခြိမ်းခြောက်ခြင်း
- ဆက်သွယ်ရေးကွန်ရက်ဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကသတ်မှတ်ထားသောဆက်သွယ်ရေးပစ္စည်းမျာဖြစ်သည့်ကွန်ပြူတာ၊မိုဘိုင်းဖုန်း၊ဖေ့ဘုတ်၊မက်ဆေ့ဂျား .......စသည့်တို့ကိုအသုံးပြုပြီးငွေကြေးလိမ်လည်ခြင်း၊ငွေကြေး(online shopမှ)အလွဲသုံးစားပြုခြင်း၊ဆက်သွယ်ရေးကွန်ရက် online line, hot lineကနေ အသရေဖျက်ခြင်း၊ခြိမ်းခြောက်ခြင်း၊မလျော်သြဇာသုံးခြင်းတို့သည်ဤုပုဒ်မနှင့်သက်ဆိုင်သည်။
ရာဇသတ်ကြီးဥပဒေပါပြစ်မှုမကင်းသောခြိမ်းခြောက်မတွင်လည်း
×××××××××××××××××××××××
#ခြိမ်းခြောက်ခြင်းနှင့်နစ်နာမှုအကြောင်း
#ပြစ်မှုအတွက်ပြစ်ဒဏ်ပုဒ်မများ
#ပြစ်မှုမြောက်စေမည့်အင်္ဂါရပ်များနှင့်ပြစ်ဒဏ်များအကြောင်း
#ရာဇသတ်ကြီးဥပဒေပာခြောက်လှန်မှုအတွက်ပြစ်ဒဏ်ပုဒ်မများကတော့...
- ပုဒ်မ-၅၀၄ နိုင်ငံတော် ငြိမ်ဝပ် ရေးပျက်ပြားစေရန်စော်ကားခြင်း။
- ပုဒ်မ-၅၀၅ ပြည်သူအကျိုးပျက်စီးမှုဖြစ်စေသောဖော်ပြချက်များ။
- ပုဒ်မ-၅၀၆ ခြောက်လှန့်မှုအတွက်ပြစ်ဒဏ်။
- ပုဒ်မ-၅၀၇ မြောစာဖြင့်ခြိမ်းခြောက်ခြင်း။
အထက်ပါပုဒ်မများအနက်မှပထမဆုံးကျနော်လေ့လာမိတာက့၅၀၆ က
မည်သူမဆိုပြစ်မှုမကင်းသောခြောက်လှန့်မှုကိုကျူးလွန်လျှင်ထိုသူကို ၂နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်ငွေခြင်းခံရမည်။
အကယ်၍ခြိမ်းခြောက်ခြင်းသည်....
##သေစေမည်ဟုသော်ငှင်း၊
##အပြင်းအထန်နာကျင်စေမည်ဟုသော်လည်ကောင်း
##ပစ္စည်းကိုမီးဖြင့်ပျက်စီးစေမည်၊
##သေဒဏ်၊တစ်ကျွန်းဒဏ်၊ခုနစ်နှစ်ထိထိုက်သင့်သောပြစ်မှုတို့ကို ကျုးလွန်မည်ဟုလည်ကောင်း
##ကာမဖောက်ပြန်ကြောင်းဖြင့်မိန်းမတစ်ဦးအားစွပ်စွဲမည်ဟူ၍လည်ကောင်းခြိမ်းခြောက်ခြင်းဖြစ်လျှင်
ထိုသို့ကျူးလွန်သောသူကို ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်ဖြစ်ပာသည်။
###ဤပုဒ်မတွင် ပြစ်ဒဏ်(၂)မျိုးကိုတွေ့မြင်နေရရုံသာမက...
(၁) ပထမတစ်ပိုင်းမှာ၅၀၃အရ ခြိမ်းခြောက်ခြင်းဆိုသည်မှာ ခြိမ်းခြောက်ခြင်းခံရသူ၏ကိုယ်၊ဂုဏ်သရေ၊ပစ္စည်းကို နစ်နာစေမည်
ဟုခြိမ်းခြောက်ခြင်းဖြစ်ရမည်။နစ်နာစေခြင်းဆိုရာမှာလည်းရာဇသတ်ကြီးဥပဒေပုဒ်၄၄အရကိုယ၊်စိတ်၊ဂုဏ်သရေ၊ပစ္စည်း
အား ဥပဒေနှင့်မညီသော၊ ထိခိုက်စေခြင်းဖြစ်ပါသည်။
(၂) ဒုတိယပိုင်းကတော့အထက်ပါပထမပိုင်းထက်ဆိုးသော အခြေအနေအတွက်ကြီးလေးသောပြစ်ဒဏ်သတ်မှတ်ထားပါသည်။
##သေစေမည်ဟုသော်ငှင်း၊
##အပြင်းအထန်နာကျင်စေမည်ဟုသော်လည်ကောင်း
##ပစ္စည်းကိုမီးဖြင့်ပျက်စီးစေမည်၊
##သေဒဏ်၊တစ်ကျွန်းဒဏ်၊ခုနစ်နှစ်ထိထိုက်သင့်သောပြစ်မှုတို့ကို ကျုးလွန်မည်ဟုလည်ကောင်း
##ကာမဖောက်ပြန်ကြောင်းဖြင့်မိန်းမတစ်ဦးအားစွပ်စွဲမည်ဟူ၍လည်ကောင်းခြိမ်းခြောက်ခြင်းဖြစ်လျှင်
ထိုသို့ကျူးလွန်သောသူကို ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်ဖြစ်ပာသည်။
ပုဒ်မ၅၀၇ မြောစာဖြင့်ခြိမ်းခြောက်ခြင်း
မည်သူမဆိုပစ်စာဖြင့်သော်လည်ကောင်း၊ခြိမ်းခြောကိသူ၏အမည်၊နေရပ်ထိန်ချန်ပြီး ပြစ်မှုမကင်းသောခြောက်လှန့်မှုကိုကျူးလွန်လျှင် ထိုသူကို အထက်ပါပုဒ်မ၅၀၆မှပြစ်ဒဏ်အပြင်၊၂နှစ်အထိထောင်ဒဏ်ချမှတ်ခံရမည်။
ပုဒ်မ၅၀၄ .နိုင်ငံတော်ငြိမ်းဝပ်ရေးကိုစော်ကားခြင်း
ဤပုဒ်မကတော့ မည်သူမဆိုတစုံတယောက်သောသူက အခြားသူတဦးဦးကို တမင်းစော်ကာ၍ဒေါသထွက်အောင်ပြုသည်တွင် ထိုသူ၏ ဒေါသထွက်၍ြုပုမူခြင်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုပျက်စီးစေရန်အကြံဖြင့်ပြုလုပ်ခြင်းဖြစ်ဖြစ်၊အခြားပြစ်မှုတခုကျူးလွန်စေရန်အကြံဖြင့်ဖြစ်စေ၊ထိုသို့ကျူးလွန်မည်ကိုသိလျက်နှင့်ပြုခြင်းဖြစ်လျှင်၂နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်။
###### ဤပုဒ်မကတော့မိဘပြည်သူများကြားဖူးကြပါလိမ့်မယ်။
ပုဒ်မ..၅၀၅။ ။မည်သူမဆိုဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေသတင်းကိုဖြစ်စေ ပြုရာတွင်(သို့မဟုတ်) ထုတ်ပြန်ကြေညာရာတွင်
၅၀၅(က) ပြည်ထောင်စုတပ်မတော်တခုခုမှ အရာရှိအား၊တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်းသက်ဆိုငိရာမိမိတာဝန်ဝတ္တာရားများမလေးစားခြင်းကိုသော်လည်ကောင်း၊ပျက်ကွက်ခြင်းသော်လည်ကောင်းပြုစေရန်အကြံရှိလျှင်ပြုစေတန်ရာသည့်ကြောင်းရှိလျှင်
၅၀၅(ခ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ထိခိုက်က်သည့်ပြစ်မှုကို တဦးတယောက်ကကျူးလွန်လာချင်အောင်၊အများပြည်သူကိုသော်လည်ကောင်း၊ အများပြည်သူတို့၏်သီးခြားလူတစုကိုသော်လည်ကောင်း ကြောက်ခြင်း၊ထိတ်လန့်စေခြင်း၊တခုခုဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင်
၅၀၅(ဂ) လူအမျိုးအစားအချင်းချင်းကိုဖြစ်စေ၊လူမျိုးစုအချင်းချင်းပိုဖြစ်စေ၊ တဖက်နဲ့တစ်ဖက်ပြစ်မှုကျူးလွန်အောင်လှုံ့ဆော်ရန်အကြံရှိလျှင် ထိုသူကိုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
သို့ရာတွင်ကင်းလွတ်ချက်အနေနဲ့ကတော့ အဆိုပါထုတ်ပြန်သည့်သတင်းသည်ကောလဟာလမတ်ပဲအမှန်သတင်းဖြစ်ခြင်းဟုယုံကြည်သည့်အပြင် အထက်က (က)(ခ)(ဂက)ပါအချက်များ၏အကြံမရှိပဲပြုလျှင်၊သတင်းထုတ်ပြန်ဟကြေငြာလျှင်ဤပုဒ်မ၏အဓိပ္ပါယ်အရပြစ်မှုမမြောက်ဟုပြဌာန်းထားပါသည်။
ဒီလိုဥပဒေတွေဖော်ပြထားသည့်အတွက် အီလက်ထရောနစ်နည်းပညာကိုသုံးပြီး မည်သူ့ကိုမဆိုဥပဒေနှင့်အညီအရေးယူကြလို့ရပါတယ်ဗျာ။
Ref:စိုင်းဇင်လင်းဦးFB: https://www.facebook.com/199037473461517/posts/2228408460524398?sfns=mo
No comments:
Post a Comment