Popular Posts!

Friday, April 19, 2019

စီးပြားေရး လုပ္ကိုင္ လြယ္ကူမႈ ၫႊန္းကိန္းတြင္ ျမန္မာအဆင့္ မတက္




[Zawgyi]
စီးပြားေရး လုပ္ကိုင္ရ လြယ္မႈ အဆင့္ တက္ရန္ ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ေနဟု ဆို

ကမာၻ႔ဘဏ္က ႏွစ္စဥ္ ထုတ္ျပန္သည့္ စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ရ လြယ္ကူမႈ အေျခအေန (Ease of Doing Business Ranking) တြင္ အဆင့္ တက္လာေစေရး အတြက္ ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ေနေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရး (စီးပြား/ကူးသန္း) ဒုဝန္ႀကီး ဦးေအာင္ထူးက ဧရာဝတီကို ေျပာသည္။

Ease of Doing Business Ranking Report ဆိုသည္မွာ နိုင္ငံ တနိုင္ငံရွိ စီးပြားေရး လုပ္ငန္းမ်ား လုပ္သာကိုင္သာ ရွိမႈ အေျခအေနကို ကမာၻ႔ဘဏ္က ႏွစ္စဥ္ ထုတ္ျပန္ေလ့ ရွိၿပီး နိုင္ငံေပါင္း ၁၉၀ ရွိ စီးပြားေရး လုပ္ေဆာင္ရန္ အေျခ အေနမ်ားအား အၫႊန္းကိန္း ၁၀ ခုႏွင့္ တိုင္းတာ၍ အဆင့္ သတ္မွတ္ ထုတ္ျပန္ေပးျခင္း ျဖစ္သည္။


ယင္းသို႔ အဆင့္ တက္လွ်င္ တက္သည့္ အေလ်ာက္ အဆိုပါ နိုင္ငံ အတြင္း စီးပြားေရး လုပ္ကိုင္သည့္ အခါလြယ္ကူ အဆင္ေျပမႈကို ျပသေသာေၾကာင့္ နိုင္ငံတကာ ရင္းႏွီးျမႇုပ္ႏွံသူမ်ားႏွင့္ အစိုးရမ်ားက အၿမဲ ေစာင့္ၾကည့္ေသာ အစီရင္ ခံစာ တေစာင္ ျဖစ္ေၾကာင္း သိရသည္။

အဆင့္ သတ္မွတ္သည့္ အၫြန္းကိန္း ၁၀ ခုမွာ လုပ္ငန္း စတင္ျခင္း၊ ေဆာက္လုပ္ေရး လိုင္စင္ ေလွ်ာက္ထားျခင္း၊ လွ်ပ္စစ္ မီး ရရွိျခင္း၊ ပိုင္ဆိုင္မႈ မွတ္ပုံတင္ျခင္း၊ ေခ်းေငြ ရရွိျခင္း၊ အစုရွယ္ယာ အနည္းစု ရင္းႏွီးျမႇုပ္ႏွံသူမ်ားအား အကာ အကြယ္ေပးျခင္း၊ အခြန္ ထမ္းေဆာင္ျခင္း၊ နယ္စပ္ ျဖတ္ေက်ာ္ ကုန္သြယ္ျခင္း၊ စာခ်ဳပ္ပါ သေဘာ တူညီခ်က္ အတိုင္း စီရင္ခ်က္ ခ်မွတ္ျခင္း၊ ေႂကြးမဆပ္နိုင္ျခင္းကို ေျဖရွင္းျခင္း (လူမြဲခံယူမႈကို ေျဖရွင္းျခင္း) တို႔ႏွင့္ အေျခခံ တိုင္းတာ ျခင္း စသည္တို႔ ျဖစ္သည္။

စီးပြား/ကူးသန္း ဒုဝန္ႀကီး ဦးေအာင္ထူးက“ဒီႏွစ္မွာေတာ့ အမွတ္မ်ားမ်ား ရနိုင္မယ့္ လူမြဲခံတဲ့ ဥပေဒရယ္၊ ေငြေခ်းတဲ့ စာရင္းဇယား ေတြကို သတင္း အခ်က္အလက္ ေပးနိုင္တဲ့ ဥပေဒ ႏွစ္ခု ျပဌာန္းဖို႔ အပါအဝင္ Reform ၂၇ ခုလုပ္ဖို႔ ရွိ ပါတယ္။ အဲဒီထဲမွာေတာ့ တခ်ိဳ႕ဟာေတြက ဒီႏွစ္မွာ အမွတ္ရမယ္။ တခ်ိဳ႕က်လည္း ရခ်င္မွ ရဦးမယ္”ဟု ေျပာသည္။

အဆိုပါ ျပဳျပင္ ေျပာင္းလဲမႈ ၂၇ ခု အနက္ စိုက္ပ်ိဳး ထြက္ကုန္မ်ား တင္ပို႔ျခင္း၊ ကား အပိုပစၥည္း ေမာ္ဒယ္လ္ တခ်ိဳ႕ တင္ သြင္းျခင္း၊ ျမန္မာ့ ကုန္ပစၥည္းမ်ား အလိုအေလ်ာက္ ရွင္းလင္းေရးႏွင့္ ထိန္းခ်ဳပ္ေရး စနစ္(MACCS) မ်ားအား နယ္စပ္ ကုန္သြယ္ေရး စခန္းမ်ားတြင္ တိုးခ်ဲ့ျခင္း စသျဖင့္ အၫႊန္းကိန္း အလိုက္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္လ်က္ ရွိ သည္ဟု ၎က ဆိုသည္။

ယခုႏွစ္ အတြင္းက ထုတ္ျပန္ခဲ့သည့္ Ease of Doing Business တြင္ ျမန္မာနိုင္ငံ၏ အဆင့္သည္ နိုင္ငံေပါင္း ၁၉၀ အနက္ ၁၇၁ တြင္ ရွိၿပီး ၂၀၁၈ ခုႏွစ္ ကလည္း အဆင့္ ၁၇၁ ျဖစ္ရာ အဆင့္ တက္ျခင္း၊ က်ျခင္း မရွိဘဲ တန႔္ေနသည္ကို အစီရင္ခံစာ အရ ေတြ႕ရသည္။

ထို႔ေၾကာင့္ ျမန္မာ နိုင္ငံ အေနျဖင့္ ယခုႏွစ္ အစီရင္ခံစာတြင္ အဆင့္ တက္နိုင္ေျခ ရွိ၊မရွိ အား ေမးျမန္းရာတြင္ ဒုဝန္ႀကီး ဦးေအာင္ထူး က“ေျပာရတာေတာ့ ခက္တယ္။ လူတိုင္းလူတိုင္း ကေတာ့ ႀကိဳးစားေနၾကတယ္။ ဒါေပမယ့္ သူမ်ား ေျပး တာထက္ ျမန္ေအာင္ ေျပးနိုင္ရင္ေတာ့ ကိုယ္က ေရွ႕ေရာက္သြားမွာေပါ့။ တကယ္လို႔ သူမ်ား ေျပးသေလာက္ ကိုယ္ က မေျပးရင္ေတာ့ ေနာက္က် က်န္သြားမွာေပါ့။ အဆင့္က်တာ တက္တာ ထက္ကို တကယ္ လုပ္ငန္းလုပ္ကိုင္မႈမွာ လြယ္ ကူမႈ ရွိဖို႔ကို ဦးတည္ၿပီး လုပ္သြားမွာပါ”ဟု ေျပာဆိုသည္။

ျမန္မာ့ စီးပြားေရး အေျခအေနႏွင့္ ပတ္သက္၍ အေမရိကန္သံ အမတ္ မစၥတာ စေကာ့မာစီရယ္က“ကမာၻ႔ဘဏ္ ရဲ႕ Ease of doing business index ျမန္မာရဲ႕အဆင့္က သိပ္ေကာင္း မေနဘူး။ အဲဒီကိစၥကိုလည္း ျမန္မာအစိုးရက သိတဲ့ အတြက္ အဲဒီအဆင့္ေလး ပိုေကာင္းေအာင္ ႀကိဳးစားေနပါတယ္။ က်ေနာ္ နားလည္ သေလာက္ အစိုးရသစ္က စီးပြား ေရး လုပ္ပုံကိုင္နည္းေလးေတြ တတ္နိုင္သမွ် ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးစားေနပါတယ္။ အေျပာင္းအလဲ လုပ္တာ ေကာင္း ေပမယ့္ တခါတေလေတာ့ စီးပြားေရး တိုးတက္မႈကို ေရတိုမွာ ေႏွးသြားေစတာမ်ိဳးေတာ့ သက္ေရာက္မႈ ရွိနိုင္ပါတယ္”ဟု ဧရာဝတီ သတင္းဌာနႏွင့္ အင္တာဗ်ဴး တခုတြင္ ေျဖၾကားထားသည္။

လက္ရွိတြင္ လာမည့္ႏွစ္ အစီရင္ခံစာ အတြက္ ကမာၻ႔ဘဏ္က ေမးခြန္းမ်ား ေပးပို႔ထားၿပီး ျဖစ္ရာ ျမန္မာနိုင္ငံ ကုန္သည္ မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္က ဦးေဆာင္၍ ကုန္သည္မ်ား ေျဖဆိုရန္ အတြက္ ေပးပို႔ထားၿပီး ယခု လကုန္တြင္ ျပန္လည္ ေပးပို႔ရမည္ ျဖစ္ေၾကာင္း သိရသည္။

မႏၲေလးတိုင္း ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းမွ ဗဟို အလုပ္ အမႈေဆာင္ ဦးဝင္းေဌးက “သိသာ ထင္ရွားတဲ့ ေျပာင္းလဲမႈ ဆိုရင္ေတာ့ ကုမၸဏီ ေထာင္ရတာ အရင္ကထက္ လြယ္လာတယ္၊ စာ႐ြက္စာတမ္း ေတြ သိပ္ျပစရာ မလိုေတာ့ဘူး။ ဒါေပမယ့္ အလုံးစုံ ျပည့္စုံမႈေတာ့ မရွိေသးဘူး။ လုပ္သာကိုင္သာ ရွိတဲ့ ဥပေဒမ်ိဳးေတာ့ ျပ႒ာန္း ေပးဖို႔ လိုသလို ေျမယာ အသုံးခ်မႈနဲ႕ ပတ္သတ္တဲ့ ေပၚလစီ ေကာင္းေကာင္းေတြ ခ်ဖိဳ႕ လိုေသးတယ္။ ဒါေတြကလည္း စီးပြားေရး လုပ္ငန္း လုပ္ရတာ လြယ္ကူျမန္ဆန္တာနဲ႕ ဆက္စပ္ေနတာ မို႔ေလ”ဟု ဧရာဝတီကို ေျပာသည္။

အဆိုပါ အစီရင္ခံစာကို ကမာၻ႔ဘဏ္က ၂၀၁၃ ခုႏွစ္မွ စတင္ ထုတ္ျပန္ခဲ့ၿပီး ျမန္မာနိုင္ငံ အေနျဖင့္ ၂၀၁၄ ခုႏွစ္က စတင္ ပါဝင္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္တြင္ ျမန္မာနိုင္ငံ၏ အဆင့္မွာ ၁၈၂၊ ၂၀၁၅ ခုႏွစ္ အဆင့္ ၁၇၇၊ ၂၀၁၆ ခုႏွစ္ အဆင့္ ၁၆၇၊ ၂၀၁၇ ခုႏွစ္က အဆင့္ ၁၇၀ ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။



[Unicode]
စီးပွားရေး လုပ်ကိုင်ရ လွယ်မှု အဆင့် တက်ရန် ပြောင်းလဲမှုများ လုပ်ဆောင်နေဟု ဆို

ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အခြေအနေ (Ease of Doing Business Ranking) တွင် အဆင့် တက်လာစေရေး အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ဒုဝန်ကြီး ဦးအောင်ထူးက ဧရာဝတီကို ပြောသည်။

Ease of Doing Business Ranking Report ဆိုသည်မှာ နိုင်ငံ တနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ ရှိမှု အခြေအနေကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်လေ့ ရှိပြီး နိုင်ငံပေါင်း ၁၉၀ ရှိ စီးပွားရေး လုပ်ဆောင်ရန် အခြေ အနေများအား အညွှန်းကိန်း ၁၀ ခုနှင့် တိုင်းတာ၍ အဆင့် သတ်မှတ် ထုတ်ပြန်ပေးခြင်း ဖြစ်သည်။


ယင်းသို့ အဆင့် တက်လျှင် တက်သည့် အလျောက် အဆိုပါ နိုင်ငံ အတွင်း စီးပွားရေး လုပ်ကိုင်သည့် အခါလွယ်ကူ အဆင်ပြေမှုကို ပြသသောကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရများက အမြဲ စောင့်ကြည့်သော အစီရင် ခံစာ တစောင် ဖြစ်ကြောင်း သိရသည်။

အဆင့် သတ်မှတ်သည့် အညွန်းကိန်း ၁၀ ခုမှာ လုပ်ငန်း စတင်ခြင်း၊ ဆောက်လုပ်ရေး လိုင်စင် လျှောက်ထားခြင်း၊ လျှပ်စစ် မီး ရရှိခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ချေးငွေ ရရှိခြင်း၊ အစုရှယ်ယာ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာ အကွယ်ပေးခြင်း၊ အခွန် ထမ်းဆောင်ခြင်း၊ နယ်စပ် ဖြတ်ကျော် ကုန်သွယ်ခြင်း၊ စာချုပ်ပါ သဘော တူညီချက် အတိုင်း စီရင်ချက် ချမှတ်ခြင်း၊ ကြွေးမဆပ်နိုင်ခြင်းကို ဖြေရှင်းခြင်း (လူမွဲခံယူမှုကို ဖြေရှင်းခြင်း) တို့နှင့် အခြေခံ တိုင်းတာ ခြင်း စသည်တို့ ဖြစ်သည်။

စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက“ဒီနှစ်မှာတော့ အမှတ်များများ ရနိုင်မယ့် လူမွဲခံတဲ့ ဥပဒေရယ်၊ ငွေချေးတဲ့ စာရင်းဇယား တွေကို သတင်း အချက်အလက် ပေးနိုင်တဲ့ ဥပဒေ နှစ်ခု ပြဌာန်းဖို့ အပါအဝင် Reform ၂၇ ခုလုပ်ဖို့ ရှိ ပါတယ်။ အဲဒီထဲမှာတော့ တချို့ဟာတွေက ဒီနှစ်မှာ အမှတ်ရမယ်။ တချို့ကျလည်း ရချင်မှ ရဦးမယ်”ဟု ပြောသည်။

အဆိုပါ ပြုပြင် ပြောင်းလဲမှု ၂၇ ခု အနက် စိုက်ပျိုး ထွက်ကုန်များ တင်ပို့ခြင်း၊ ကား အပိုပစ္စည်း မော်ဒယ်လ် တချို့ တင် သွင်းခြင်း၊ မြန်မာ့ ကုန်ပစ္စည်းများ အလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေး စနစ်(MACCS) များအား နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် တိုးချဲ့ခြင်း စသဖြင့် အညွှန်းကိန်း အလိုက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိ သည်ဟု ၎င်းက ဆိုသည်။

ယခုနှစ် အတွင်းက ထုတ်ပြန်ခဲ့သည့် Ease of Doing Business တွင် မြန်မာနိုင်ငံ၏ အဆင့်သည် နိုင်ငံပေါင်း ၁၉၀ အနက် ၁၇၁ တွင် ရှိပြီး ၂၀၁၈ ခုနှစ် ကလည်း အဆင့် ၁၇၁ ဖြစ်ရာ အဆင့် တက်ခြင်း၊ ကျခြင်း မရှိဘဲ တန့်နေသည်ကို အစီရင်ခံစာ အရ တွေ့ရသည်။

ထို့ကြောင့် မြန်မာ နိုင်ငံ အနေဖြင့် ယခုနှစ် အစီရင်ခံစာတွင် အဆင့် တက်နိုင်ခြေ ရှိ၊မရှိ အား မေးမြန်းရာတွင် ဒုဝန်ကြီး ဦးအောင်ထူး က“ပြောရတာတော့ ခက်တယ်။ လူတိုင်းလူတိုင်း ကတော့ ကြိုးစားနေကြတယ်။ ဒါပေမယ့် သူများ ပြေး တာထက် မြန်အောင် ပြေးနိုင်ရင်တော့ ကိုယ်က ရှေ့ရောက်သွားမှာပေါ့။ တကယ်လို့ သူများ ပြေးသလောက် ကိုယ် က မပြေးရင်တော့ နောက်ကျ ကျန်သွားမှာပေါ့။ အဆင့်ကျတာ တက်တာ ထက်ကို တကယ် လုပ်ငန်းလုပ်ကိုင်မှုမှာ လွယ် ကူမှု ရှိဖို့ကို ဦးတည်ပြီး လုပ်သွားမှာပါ”ဟု ပြောဆိုသည်။

မြန်မာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အမေရိကန်သံ အမတ် မစ္စတာ စကော့မာစီရယ်က“ကမ္ဘာ့ဘဏ် ရဲ့ Ease of doing business index မြန်မာရဲ့အဆင့်က သိပ်ကောင်း မနေဘူး။ အဲဒီကိစ္စကိုလည်း မြန်မာအစိုးရက သိတဲ့ အတွက် အဲဒီအဆင့်လေး ပိုကောင်းအောင် ကြိုးစားနေပါတယ်။ ကျနော် နားလည် သလောက် အစိုးရသစ်က စီးပွား ရေး လုပ်ပုံကိုင်နည်းလေးတွေ တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အပြောင်းအလဲ လုပ်တာ ကောင်း ပေမယ့် တခါတလေတော့ စီးပွားရေး တိုးတက်မှုကို ရေတိုမှာ နှေးသွားစေတာမျိုးတော့ သက်ရောက်မှု ရှိနိုင်ပါတယ်”ဟု ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ဖြေကြားထားသည်။

လက်ရှိတွင် လာမည့်နှစ် အစီရင်ခံစာ အတွက် ကမ္ဘာ့ဘဏ်က မေးခွန်းများ ပေးပို့ထားပြီး ဖြစ်ရာ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ဦးဆောင်၍ ကုန်သည်များ ဖြေဆိုရန် အတွက် ပေးပို့ထားပြီး ယခု လကုန်တွင် ပြန်လည် ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ် အမှုဆောင် ဦးဝင်းဌေးက “သိသာ ထင်ရှားတဲ့ ပြောင်းလဲမှု ဆိုရင်တော့ ကုမ္ပဏီ ထောင်ရတာ အရင်ကထက် လွယ်လာတယ်၊ စာရွက်စာတမ်း တွေ သိပ်ပြစရာ မလိုတော့ဘူး။ ဒါပေမယ့် အလုံးစုံ ပြည့်စုံမှုတော့ မရှိသေးဘူး။ လုပ်သာကိုင်သာ ရှိတဲ့ ဥပဒေမျိုးတော့ ပြဋ္ဌာန်း ပေးဖို့ လိုသလို မြေယာ အသုံးချမှုနဲ့ ပတ်သတ်တဲ့ ပေါ်လစီ ကောင်းကောင်းတွေ ချဖို့ လိုသေးတယ်။ ဒါတွေကလည်း စီးပွားရေး လုပ်ငန်း လုပ်ရတာ လွယ်ကူမြန်ဆန်တာနဲ့ ဆက်စပ်နေတာ မို့လေ”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က ၂၀၁၃ ခုနှစ်မှ စတင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်က စတင် ပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၈၂၊ ၂၀၁၅ ခုနှစ် အဆင့် ၁၇၇၊ ၂၀၁၆ ခုနှစ် အဆင့် ၁၆၇၊ ၂၀၁၇ ခုနှစ်က အဆင့် ၁၇၀ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


[Zawgyi]
စီးပြားေရး လုပ္ကိုင္ လြယ္ကူမႈ ၫႊန္းကိန္းတြင္ ျမန္မာအဆင့္ မတက္

ကမာၻ႔ဘဏ္က ေနာက္ဆုံးထုတ္ျပန္ခဲ့ေသာ စီးပြားေရး လုပ္ကိုင္ရာတြင္ လြယ္ကူမႈ အေျခအေန ၫႊန္းကိန္းတြင္ ျမန္မာနိုင္ငံက တိုးတက္မႈ မျပနိုင္ခဲ့ဘဲ ယမန္ႏွစ္ကအတိုင္း အဆင့္ ၁၇၁ တြင္ ဆက္လက္ ရွိေနသည္။ စီးပြားေရးလုပ္ရန္ အေထာက္အပံ့ျဖစ္မႈ အနည္းဆုံး အာဆီယံ အဖြဲ႕ဝင္နိုင္ငံအျဖစ္လည္း ဆက္ရွိေနသည္။

အစိုးရ၏ ရည္မွန္းခ်က္ ျဖစ္သည့္ ၂၀၂၀ ခုႏွစ္ စာရင္းတြင္ ထိပ္ပိုင္း ၁၀၀ အတြင္းသို႔ ေရာက္ရွိေရး ရည္မွန္းခ်က္ ႀကီးလြန္းေသာ သေဘာသဘာဝကို ေဖာ္ျပရင္း ကမာၻ႔ဘဏ္၏ ၂၀၁၉ ခုႏွစ္ ၫႊန္းကိန္းတြင္ ျမန္မာနိုင္ငံက စီးပြားေရး(နိုင္ငံ) ၁၉၀ တြင္ (အီရတ္ႏွင့္ အဆင့္တူ) အဆင့္ ၁၇၁ ရရွိခဲ့သည္။ ျမန္မာနိုင္ငံ၏ စြမ္းေဆာင္ရည္ကို အိမ္နီးခ်င္း အာဆီယံနိုင္ငံမ်ားႏွင့္ ႏွိုင္းယွဥ္ၾကည့္မည္ဆိုလွ်င္ လာအိုက အဆင့္ ၁၅၄၊ ဖိလစ္ပိုင္က အဆင့္ ၁၂၄၊ ကေမာၻဒီးယားက အဆင့္ ၁၃၈၊ အင္ဒိုနီးရွားက အဆင့္ ၇၃၊ ထိုင္းက အဆင့္ ၂၇ ႏွင့္ မေလးရွားက အဆင့္ ၁၅ ရရွိခဲ့သည္။

ျမန္မာနိုင္ငံက အဆင့္တြင္ မေျပာင္းလဲခဲ့ေသာ္လည္း ေနာက္ဆုံးရမွတ္က ၂၀၁၈ ၫႊန္းကိန္းမွ ၄၄.၂၁ ထက္ ေက်ာ္လြန္၍ ၄၄.၇၂ သို႔ တိုးတက္လာခဲ့သည္။ အမွတ္တြက္ခ်က္ရာတြင္ သတ္မွတ္ခ်က္ ၁၀ ခုျဖစ္သည့္ စီးပြားေရးလုပ္ငန္း တခု စတင္ ျခင္း၊ ေဆာက္လုပ္ေရးအတြက္ ခြင့္ျပဳခ်က္ရယူျခင္း၊ လွ်ပ္စစ္ဓာတ္အား ရရွိနိုင္မႈ၊ ပိုင္ဆိုင္မႈ မွတ္ပုံတင္ျခင္း၊ ေခ်းေငြရရွိျခင္း၊ လူနည္းစု ရင္းႏွီးျမႇုပ္ႏွံသူမ်ားကို အကာအကြယ္ေပးျခင္း၊ အခြန္ေပးေဆာင္ျခင္း၊ နယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္ျခင္း၊ ကန္ထရိုက္စာခ်ဳပ္မ်ား ခိုင္မာေစျခင္းႏွင့္ အေႂကြးျပန္မဆပ္နိုင္ျခင္းကို ဆုံးျဖတ္ျခင္းမ်ားကို တြက္ခ်က္ျခင္း ျဖစ္သည္။

ကမာၻ႔ဘဏ္၏ ၁၆ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အစီရင္ခံစာ ျဖစ္သည့္ “Doing Business 2019” က စီးပြားေရးလုပ္ငန္း လုပ္ကိုင္မႈကို ေထာက္ပံ့ေနေသာ စည္းကမ္း ဥပေဒမ်ားႏွင့္ အတားအဆီး ျဖစ္ေစေသာ စည္းကမ္း ဥပေဒမ်ားကို စူးစမ္း စစ္ေဆးခဲ့သည္။ အစီရင္ခံစာက စီးပြားေရးလုပ္ငန္းဆိုင္ရာ စည္းကမ္း ဥပေဒႏွင့္ နိုင္ငံ ၁၉၀ တြင္ ႏွိုင္းယွဥ္ထားေသာ ပိုင္ဆိုင္မႈ အခြင့္အေရး Property right ကို ကာကြယ္ျခင္းႏွင့္ ပတ္သက္သည့္ ေရတြက္ ေဖာ္ျပနိုင္စြမ္းေသာ ၫႊန္းကိန္းမ်ား ျဖစ္သည္။

ၫႊန္းကိန္း တခုခ်င္းစီ အတြက္ ကမာၻ႔ဘဏ္က တိုင္းျပည္တခု၏ စည္းကမ္းဥပေဒ ထိန္းသိမ္းမႈ စြမ္းေဆာင္ရည္ႏွင့္ အားလုံးထဲ၌ စြမ္းေဆာင္ရည္ အေကာင္းဆုံးတို႔၏ ၾကားမွ ကြာျခားခ်က္ကို တိုင္းတာ သတ္မွတ္သည္။

ျပည္ေထာင္စု ျမန္မာနိုင္ငံ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္(UMFCCI) ၏ ဒုတိယ ဥကၠဌ ဦးေမာင္ ေမာင္ေလးက “တကယ္လို႔ အစိုးရက အဆင့္တိုးတက္ေအာင္ မလုပ္နိုင္ဘူးဆိုရင္ နိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈက ဆက္ၿပီး က်ေန လိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံသူေတြက ဆုံးျဖတ္ခ်က္ မခ်ခင္ ၫႊန္းကိန္းကို ၾကည့္ၾကတယ္” ဟု ေျပာသည္။

ျမန္မာနိုင္ငံတြင္ နိုင္ငံျခား တိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ (FDI) က ၂၀၁၅-၁၆ ဘ႑ာေရးႏွစ္တြင္ အေမရိကန္ ေဒၚလာ ၉.၅ ဘီလီယံ ရွိခဲ့ရာမွ ၂၀၁၆-၁၇ တြင္ ၆.၆ ဘီလီယံသို႔ သိသိသာသာ က်ဆင္းသြားခဲ့သည္။

ေအာက္တိုဘာလ အေစာပိုင္းတြင္ ျမန္မာ အစိုးရက ၂၀၃၆ တြင္ FDI ၂၀၀ ဘီလီယံ ရရွိရန္ ဦးတည္ခ်က္ထားေသာ ၎၏ ႏွစ္၂၀ ျမန္မာ ရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရး အစီအစဥ္(Myanmar Investment Promotion Plan – MIPP) ကို ထုတ္ျပန္ ေက်ညာခဲ့သည္။

အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က FDI ကို စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အဓိကက် သည့္ ေမာင္းႏွင္အား အျဖစ္ ျမင္ထားသည္။

MIPP ၏ ဦးစားေပးခ်က္မ်ားထဲမွ တခုမွာ စီးပြားေရးလုပ္ငန္း ပတ္ဝန္းက်င္ကို တိုးတက္ေအာင္ ျပဳလုပ္ေရး ျဖစ္သည္။ သို႔မွသာ ၂၀၂၀ ခုႏွစ္တြင္ ျမန္မာနိုင္ငံက စီးပြားေရးလုပ္ငန္း လုပ္ကိုင္မႈ အေျခအ ေန ၫႊန္းကိန္းတြင္ ျမန္မာနိုင္ငံ၏ အဆင့္က ထိပ္ပိုင္း ၁၀၀ အတြင္းသို႔ ေရာက္ရွိမည္ ျဖစ္ၿပီး ၂၀၃၅ ေရာက္သည့္အခါ ထိပ္ ပိုင္း ၄၀ အတြင္းသို႔ ေရာက္ရွိနိုင္မည္ ျဖစ္သည္။

ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈ ေကာ္မရွင္(MIC)ႏွင့္ သက္ဆိုင္ရာ အစိုးရ အဖြဲ႕အစည္းမ်ားမွတဆင့္ လြယ္ကူ၍ လွ်င္ျမန္ ရွင္းလင္းတိက်ေသာ ရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္းစဥ္ မ်ားကို ထူေထာင္သြားမည္ျဖစ္ေၾကာင္း အစိုးရက ေျပာသည္။ ရင္းႏွီးျမႇုပ္ႏွံမႈ ပတ္ဝန္းက်င္ တိုးတက္ေရး၊ ျပည္တြင္းႏွင့္ ျပည္ပမွ ရင္းႏွီးျမႇုပ္ႏွံသူမ်ားကို မွ်တစြာ ဆက္ဆံမႈ ေသခ်ာေစေရး ႏွင့္ ရင္းႏွီး ျမႇုပ္ႏွံသူ အကာအကြယ္ေပးမႈမ်ား ေသခ်ာေစေရး တို႔ကိုလည္း သူတို႔က တာဝန္ယူသြားမည္ ျဖစ္ေၾကာင္း MIPP ၏ အဆိုအရ သိရသည္။

ဇြန္လ အတြင္းတြင္ ျမန္မာ ဒုတိယ သမၼတ ဦးျမင့္ေဆြက အစိုးဌာနမ်ားအားလုံးက ကမာၻ႔ဘဏ္၏ သတ္မွတ္ခ်က္ ၁၀ ခုတြင္ ၎တို႔၏ စြမ္းေဆာင္ရည္ တိုးတက္လာေရးအတြက္ ေဆာင္႐ြက္ေနၾကေၾကာင္း အခိုင္အမာ ေျပာၾကားခဲ့သည္။ အကယ္၍ အစိုးရက ျပဳျပင္ေျပာင္းလဲေရးမ်ား အေကာင္အထည္ေဖာ္ခဲ့လွ်င္ ျမန္မာနိုင္ငံက ၂၀၂၀ ေရာက္သည့္ အခ်ိန္တြင္ ထိပ္တန္း ၁၀၀ အတြင္းသို႔ ေရာက္ရွိနိုင္လိမ့္မည္ဟု ယုံၾကည္ေၾကာင္းလည္း ေျပာသည္။

ဇူလိုင္လအတြင္းတြင္ MIC က စီမံကိန္း အဆိုျပဳလႊာမ်ားႏွင့္ စီးပြားေရးလုပ္ငန္း ပါမစ္အသစ္မ်ား အတည္ျပဳေပးရန္ လိုအပ္ေသာ အခ်ိန္ကို တိုေတာင္းေအာင္ ျပဳလုပ္ျခင္းအားျဖင့္ ျမန္မာနိုင္ငံ၏ အဆင့္ လွ်င္ျမန္စြာ တိုးတက္ေရးကို ကတိျပဳခဲ့သည္။

၂၀၁၈ ခုႏွစ္ ဒုတိယ ၃ လပတ္အတြက္ UMFCCI ၏ စီးပြားေရးလုပ္ငန္းမ်ား၏ သေဘာထား စစ္တမ္းအရ ျမန္မာနိုင္ငံ၏ စီးပြားေရးသည္ ယခုႏွစ္အတြင္း က႑အားလုံးတြင္ သိသိသာသာ က်ဆင္းခဲ့သည္။ စီးပြားေရးလုပ္ငန္း ယုံၾကည္စိတ္ခ်မႈက ၿပီးခဲ့သည့္ ႏွစ္ႏွင့္ ႏွိုင္းယွဥ္လွ်င္ ၂၅ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့သည္။

အဆိုပါစစ္တမ္းက တိုင္းျပည္စီးပြားေရးက်ဆင္းရျခင္း တြင္ အဓိက အေၾကာင္းရင္း ၁၀ ခုအျဖစ္ အခြန္အချမင့္မားျခင္း၊ ေငြေရးေၾကးေရးႏွင့္ ဘဏ္လုပ္ငန္း က႑မွ ကန႔္သတ္မႈမ်ား၊ က်ပ္ေငြတန္ဖိုး က်ဆင္းျခင္း၊ စီးပြားေရးဆိုင္ရာ ဥပေဒႏွင့္ စည္းကမ္းမ်ား မတည္ၿငိမ္ျခင္း၊ ေဈးကြက္ ဝယ္လိုအား မရွိျခင္း၊ ပို႔ကုန္/သြင္းကုန္ လုပ္ထုံးလုပ္နည္းမ်ားတြင္ ေႏွာင့္ေႏွးမႈရွိျခင္း၊ ျပည္တြင္းတြင္ စရိတ္စကႏွင့္ ေငြေၾကးေဖာင္းပြမႈ တိုးလာျခင္း ၊ နိုင္ငံျခား ယွဥ္ၿပိဳင္မႈ၊ ကြၽမ္းက်င္ လူသားအရင္းအျမစ္ မရွိျခင္း ႏွင့္ အေျခခံ အေဆာက္အဦး အားနည္းျခင္း တို႔ကို ေဖာ္ျပခဲ့သည္။

(Myanmar Fails to Advance in World Bank’s Ease of Doing Business List ကို ဘာသာျပန္သည္။)

[Unicode]
စီးပွားရေး လုပ်ကိုင် လွယ်ကူမှု ညွှန်းကိန်းတွင် မြန်မာအဆင့် မတက်

ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့သော စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူမှု အခြေအနေ ညွှန်းကိန်းတွင် မြန်မာနိုင်ငံက တိုးတက်မှု မပြနိုင်ခဲ့ဘဲ ယမန်နှစ်ကအတိုင်း အဆင့် ၁၇၁ တွင် ဆက်လက် ရှိနေသည်။ စီးပွားရေးလုပ်ရန် အထောက်အပံ့ဖြစ်မှု အနည်းဆုံး အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း ဆက်ရှိနေသည်။

အစိုးရ၏ ရည်မှန်းချက် ဖြစ်သည့် ၂၀၂၀ ခုနှစ် စာရင်းတွင် ထိပ်ပိုင်း ၁၀၀ အတွင်းသို့ ရောက်ရှိရေး ရည်မှန်းချက် ကြီးလွန်းသော သဘောသဘာဝကို ဖော်ပြရင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ် ညွှန်းကိန်းတွင် မြန်မာနိုင်ငံက စီးပွားရေး(နိုင်ငံ) ၁၉၀ တွင် (အီရတ်နှင့် အဆင့်တူ) အဆင့် ၁၇၁ ရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်ကို အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လာအိုက အဆင့် ၁၅၄၊ ဖိလစ်ပိုင်က အဆင့် ၁၂၄၊ ကမ္ဘောဒီးယားက အဆင့် ၁၃၈၊ အင်ဒိုနီးရှားက အဆင့် ၇၃၊ ထိုင်းက အဆင့် ၂၇ နှင့် မလေးရှားက အဆင့် ၁၅ ရရှိခဲ့သည်။

မြန်မာနိုင်ငံက အဆင့်တွင် မပြောင်းလဲခဲ့သော်လည်း နောက်ဆုံးရမှတ်က ၂၀၁၈ ညွှန်းကိန်းမှ ၄၄.၂၁ ထက် ကျော်လွန်၍ ၄၄.၇၂ သို့ တိုးတက်လာခဲ့သည်။ အမှတ်တွက်ချက်ရာတွင် သတ်မှတ်ချက် ၁၀ ခုဖြစ်သည့် စီးပွားရေးလုပ်ငန်း တခု စတင် ခြင်း၊ ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ချေးငွေရရှိခြင်း၊ လူနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ ကန်ထရိုက်စာချုပ်များ ခိုင်မာစေခြင်းနှင့် အကြွေးပြန်မဆပ်နိုင်ခြင်းကို ဆုံးဖြတ်ခြင်းများကို တွက်ချက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ၁၆ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာ ဖြစ်သည့် “Doing Business 2019” က စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကို ထောက်ပံ့နေသော စည်းကမ်း ဥပဒေများနှင့် အတားအဆီး ဖြစ်စေသော စည်းကမ်း ဥပဒေများကို စူးစမ်း စစ်ဆေးခဲ့သည်။ အစီရင်ခံစာက စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းကမ်း ဥပဒေနှင့် နိုင်ငံ ၁၉၀ တွင် နှိုင်းယှဉ်ထားသော ပိုင်ဆိုင်မှု အခွင့်အရေး Property right ကို ကာကွယ်ခြင်းနှင့် ပတ်သက်သည့် ရေတွက် ဖော်ပြနိုင်စွမ်းသော ညွှန်းကိန်းများ ဖြစ်သည်။

ညွှန်းကိန်း တခုချင်းစီ အတွက် ကမ္ဘာ့ဘဏ်က တိုင်းပြည်တခု၏ စည်းကမ်းဥပဒေ ထိန်းသိမ်းမှု စွမ်းဆောင်ရည်နှင့် အားလုံးထဲ၌ စွမ်းဆောင်ရည် အကောင်းဆုံးတို့၏ ကြားမှ ကွာခြားချက်ကို တိုင်းတာ သတ်မှတ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ ဒုတိယ ဥက္ကဌ ဦးမောင် မောင်လေးက “တကယ်လို့ အစိုးရက အဆင့်တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင် နိုင်ငံရင်းနှီးမြှုပ်နှံမှုက ဆက်ပြီး ကျနေ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ဆုံးဖြတ်ချက် မချခင် ညွှန်းကိန်းကို ကြည့်ကြတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၆-၁၇ တွင် ၆.၆ ဘီလီယံသို့ သိသိသာသာ ကျဆင်းသွားခဲ့သည်။

အောက်တိုဘာလ အစောပိုင်းတွင် မြန်မာ အစိုးရက ၂၀၃၆ တွင် FDI ၂၀၀ ဘီလီယံ ရရှိရန် ဦးတည်ချက်ထားသော ၎င်း၏ နှစ်၂၀ မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်(Myanmar Investment Promotion Plan – MIPP) ကို ထုတ်ပြန် ကျေညာခဲ့သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က FDI ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျ သည့် မောင်းနှင်အား အဖြစ် မြင်ထားသည်။

MIPP ၏ ဦးစားပေးချက်များထဲမှ တခုမှာ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို တိုးတက်အောင် ပြုလုပ်ရေး ဖြစ်သည်။ သို့မှသာ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု အခြေအ နေ ညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အဆင့်က ထိပ်ပိုင်း ၁၀၀ အတွင်းသို့ ရောက်ရှိမည် ဖြစ်ပြီး ၂၀၃၅ ရောက်သည့်အခါ ထိပ် ပိုင်း ၄၀ အတွင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှတဆင့် လွယ်ကူ၍ လျှင်မြန် ရှင်းလင်းတိကျသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ် များကို ထူထောင်သွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် တိုးတက်ရေး၊ ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို မျှတစွာ ဆက်ဆံမှု သေချာစေရေး နှင့် ရင်းနှီး မြှုပ်နှံသူ အကာအကွယ်ပေးမှုများ သေချာစေရေး တို့ကိုလည်း သူတို့က တာဝန်ယူသွားမည် ဖြစ်ကြောင်း MIPP ၏ အဆိုအရ သိရသည်။

ဇွန်လ အတွင်းတွင် မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အစိုးဌာနများအားလုံးက ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက် ၁၀ ခုတွင် ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်လာရေးအတွက် ဆောင်ရွက်နေကြကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အကယ်၍ အစိုးရက ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ခဲ့လျှင် မြန်မာနိုင်ငံက ၂၀၂၀ ရောက်သည့် အချိန်တွင် ထိပ်တန်း ၁၀၀ အတွင်းသို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောသည်။

ဇူလိုင်လအတွင်းတွင် MIC က စီမံကိန်း အဆိုပြုလွှာများနှင့် စီးပွားရေးလုပ်ငန်း ပါမစ်အသစ်များ အတည်ပြုပေးရန် လိုအပ်သော အချိန်ကို တိုတောင်းအောင် ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အဆင့် လျှင်မြန်စွာ တိုးတက်ရေးကို ကတိပြုခဲ့သည်။

၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွက် UMFCCI ၏ စီးပွားရေးလုပ်ငန်းများ၏ သဘောထား စစ်တမ်းအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွင်း ကဏ္ဍအားလုံးတွင် သိသိသာသာ ကျဆင်းခဲ့သည်။ စီးပွားရေးလုပ်ငန်း ယုံကြည်စိတ်ချမှုက ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အဆိုပါစစ်တမ်းက တိုင်းပြည်စီးပွားရေးကျဆင်းရခြင်း တွင် အဓိက အကြောင်းရင်း ၁၀ ခုအဖြစ် အခွန်အခမြင့်မားခြင်း၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍမှ ကန့်သတ်မှုများ၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စီးပွားရေးဆိုင်ရာ ဥပဒေနှင့် စည်းကမ်းများ မတည်ငြိမ်ခြင်း၊ ဈေးကွက် ဝယ်လိုအား မရှိခြင်း၊ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းများတွင် နှောင့်နှေးမှုရှိခြင်း၊ ပြည်တွင်းတွင် စရိတ်စကနှင့် ငွေကြေးဖောင်းပွမှု တိုးလာခြင်း ၊ နိုင်ငံခြား ယှဉ်ပြိုင်မှု၊ ကျွမ်းကျင် လူသားအရင်းအမြစ် မရှိခြင်း နှင့် အခြေခံ အဆောက်အဦး အားနည်းခြင်း တို့ကို ဖော်ပြခဲ့သည်။

(Myanmar Fails to Advance in World Bank’s Ease of Doing Business List ကို ဘာသာပြန်သည်။)

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!