Popular Posts!

Thursday, April 25, 2019

အရည်အအတွက် မှ အရည်အသွေး အရည်အချင်းသို့

မြန်မာနိုင်ငံကနေ တစ်နှစ်ကို သရက်သီး US$ ၁၂သန်းဖို့ လောက် ပြည်ပကို ပို့ ပြီး နိုင်ငံခြားငွေရတယ်လို့ဆိုတယ် အဲဒီလိုပို့တာရဲ့ ၈၅% က မန္တလေးတိုင်းက ဖြစ်ပြီး သရက်သီးတွေကို အရင်က ပြည်တွင်းစားကြ ရာက တရုပ်ပြည်ပို့ ဖြစ်တယ် အခု စင်္ကာပုထိပို့နေရာပြီး မကြာခင် ဥရောပနဲ့ ဂျပန်ထိသွားမယ်လို့ သရက်သီး လုပ်ငန်းနဲ့ သမတ SME ဆုရခဲ့တဲ့ Than Than Swe က ပြောဘူးတယ်။





အရင်က တရုပ်ပြည်ဖက် ပို့တော့ တစ်တန်ကို US$ ၁၅၀လောက်ရရာက စင်္ကာပူပို့တော့ US$၈၀၀ ကျော်ထိရတယ်လို့ ဆိုတယ်။ ဂျပန်နဲ့ ဥရောပဈေးကွက်က ပိုရနိုင်လို့ ကြိုးစားနေကြကြောင်းလဲပြောတယ်။ အရင်က ပြည်တွင်းဘဲရောင်းတုန်းက အဲဒီလောက်မရဘူးဆိုတဲ့သဘောပေါ့။
 တွေးကြည့်ရင် ပြည်တွင်မှာလည်း ထွက်တဲ့နေရာ အလိုက်ဈေးမတူသလို သရက်မျိုးတွေ အရည်အသွေးတွေအရလည်း ဈေးတူမှာမဟုတ်ဘူး မန္တလေးမြို့ထဲတောင် တရုပ်တန်းဈေးမှာ ဈေးပိုကြီးတယ် အလုံးပိုလှတယ် နောက်ဈေးချိုဖက်ကျအဲဒီထက်နဲနဲလျော့ပြီး ရွာဟိုင်းဈေး(မန်းမြို့ဈေး)လို့ ဘုရားကြီးဈေးတို့ လိုမှာ ပိုသက်သာတာတွေ့ရတယ်။ 
သရက်ထွက်တဲ့ ရွာတွေကလည်း ပြည်ပပို့ တဲ့ ပြည်တွင်းဖြန့်တဲ့ ဒိုင်တွေဆီကို ပို့ကြတော့ သူတို့ ကောက်ဈေး သယ်ယူခနဲ့ ဒေသပေါ် အသီးအပေါ်မူတည်ပြီး မူရင်းထွက်တဲ့ ဒေသဈေးရကြတယ်။သရက်သီး industry မှာပေါ့။
နောက်တစ်ခုက တရုပ်ပြည်ပို့တဲ့ ၁၅၀တန်အသီးကို စင်္ကာပူက၈၀၀ ပေးဝယ်တာမဟုတ်ဘူး ၈၀၀ နဲ့ရောင်းလို့ ရတဲ့ အဆင့်ရောက်အောင် စိုက်တဲ့ သူတွေ က အပင်ပေါ်ကတည်းက အစွတ်စွတ်ကြရတယ် ပိုးသတ်ဆေးသတိထားသုံးရတယ် စားရိတ်ပိုသုံးပြီး ကောင်းအောင်လုပ်ယူခဲ့ကြရတယ်။ 
တရုပ်ပို့တော့လည်း ၁၅၀ ရဖို့ လမ်းမှာ သယ်တာကအစ ပြည်တွင်းလို ပို့မရဘူး ပြင်ဆင်ရတယ် အလုံးအုပ်စုခွဲရတယ်။ပြည်တွင်းထက် ပိုရလို့ တရုပ်ပြည်ပို့ကြတာလေ။  တကယ်လို့ ဂျပန် ကြိုက်အောင် လုပ်ပေးနိုင်ရင် ဂျပန်ပေးတဲ့ ပိုမြင့်တဲ့ဈေးရမယ်လို့ဆိုပြီးကြိုးစားကြတယ်။
ဒါကတော့ အသီးတွေအများကြီးထဲက ပြည်ပပို့တဲ့ ပြည်တွင်းစားတဲ့ ထဲက သရက်သီး ဆိုတာ ကို ဘဲ ပြောတာပါ အခြား အသီးတွေလည်း ဒီလိုနေမှာပါဘဲ။

ပြောချင်တာက အသီးဈေးကွက်မဟုတ်ပါဘူး ကျွန်တော်တို့ ဆီက လုပ်သားဈေးကွက် လုပ်အားဈေးကွက် လူ့အရင်းအမြစ်ဈေးကွက်ပါ။ လူတစ်ယောက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဘယ်လောက်ရမလဲဆိုတာ က သူစားသောက်နေထိုင်တဲ့ အပေါ်မူတည်ပြီးသူလုပ်နိုင်တယ်ဆိုပေမဲ့ သူကို ခန့်မည့်သူက သူဆီက ရတဲ့ အရာပေါ်တွက်ပြီး ပေးပါတယ်။ သူလုပ်နိုင်တဲ့ အပေါ် သူကို အားကိုးနိုင်မဲ့ အပေါ် မူတည်ပြီး သူရပါတယ်။ သရက်သီးက မြန်မာတစ်နိင်ငံထဲက ထွက်တာမဟုတ်လို့ သရက်သီးဈေးကွက်မှာ ပြည်ပနဲ့ပြိုင်ပြီး အရည်အသွေးနဲ့ ဈေးနှုံးဖြစ်သလို အခြားအရာတွေမှာလည်းတူတူပါဘဲ ကိုယ်ဆီက သူတွေက ဘယ်လောက်စွမ်းသလဲက သူတို့ ရနိုင်တဲ့တန်ဘိုးပါ။ ဒီတော့ သရက်သီးကို ဈေးကောင်းရဖို့ အပင်မှာ အသီးကို အအုပ် စွတ်တာ အပင်နဲ့ အသီးကို ဂရုစိုက်မွေးတာ ခူးပြီးတဲ့နောက်လည်း သေချာဆေးကြောထုတ်ပိုးတာ အပင်ကိုလည်းဂရုပြုရတာတွေ လုပ်မှဘဲ ဈေးပိုရတဲ့ အသီးဖြစ်သလို လူသားအရင်းအမြစ်တွေကို လည်း တန်းဘိုးကောင်းကောင်းရစေဖို့ ပညာသင်ပေးဖို့ စည်းကမ်းလေ့ကျင့်ပေးဖို့ အသိပညာ ကျွမ်းကျင်မှုတွေထည့်ပေးဖို့ ပေါင်းသင်သလို မလိုတာတွေ စရိုက်ဆိုးတွေ ခိုးတတ် ခိုတတ် တာတွေ ကင်းစေဖို့ သင်ကြားလေ့ကျင့်တာတွေလိုပါတယ်။ လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး ဂရုစိုက်ဖို့ လိုပါတယ်။ 
ဒီတော့ တိုင်းပြည် တကယ် တက်လာဖို့ အတွက် က လူတစ်ဦးချင်းတွေရဲ့ တန်ဘိုးတက်လာဖို့ လိုပါတယ် ဒီအတွက် ရင်းနှီးမြုတ်နှံရပါတယ် တကယ်တော့ ပညာရေးအသုံးစားရိတ် ကျမ်းမာရေးအသုံးစားရိတ်ဆိုတာ ရင်းနှီးမြုတ်နှံမှု့တွေပါ။ လူကြားကောင်းအောင်လုပ်ပြရတဲ့ အလုပ်တွေမဟုတ်ပါဘူး။ အတတ်ပညာတွေ သင်ပေးတာ အသိပညာတွေ ထည့်ပေးတာ စနစ်တွေ စည်းတွေနဲ့နေတတ်အောင် အဖွဲ့နဲ့လုပ်တတ်အောင် လုပ်ပေးတာတွေမရှိဘဲနဲ့တော့ ကိုယ်လူမျိုးတွေ တန်ဘိုးမတက်ပါဘူး။ 
တန်ဘိုးနဲတဲ့သူတွေ များတဲ့ နေရာမှာ တန်းတူရည်တူဒီမိုကရေစီတွေ တရားမျှတတဲ့ စနစ်တွေ ရှိနေရင်တောင် ကိုယ်က အညံ့ဆုံးဆိုရင် အောက်ဆုံးရောက်နေကြမှာပါဘဲ။ အထက်ရောက်နိုင်ဖို့ မွေးမြူယူကြရပါတယ် ။ ထွက်ချင်သလို ထွက်လာ ကောင်းတာသုံး မကောင်းတာလွတ်ပစ်ဆိုတဲ့ ပေါက်လွတ်ပဲစား တောရိုင်းက အပင်တွေလို ပညာရေးနဲ့ တော့ သရက်သီးဈေးမရသလို လူတန်ဘိုးတွေနဲပြီး ဆင်းရဲနေကြဦးမှာပါဘဲ။ ဒီအတွက် အသိပညာ ရှိဖို့ တကယ်တောက်ပြောင်အောင် မွေးထုတ်ပေးနိုင်မဲ့ပညာသင်ကြားမှု့စနစ်ရယ် အရည်အချင်းကို တကယ်ခွဲထုတ်ပေးနိုင်တဲ့ စာမေးပွဲနဲ့ ဘွဲလက်မှတ်စနစ်တွေရယ် တကယ် ငယ်ငယ်ကတည်းက အပတ်တကုတ် မခိုမကပ်ကြိုးစားတဲ့ ကျောင်းသားတွေရယ် Professional ဆန်ပြီး ကိုယ်အလုပ်ကို သိတဲ့ တတ်တဲ့ ဂုဏ်သိက္ခရှိတဲ့ ဆရာတွေ ရယ်လိုပါတယ်။ ဒီလိုဖြစ်ပြီး မှ ဈေးကွက်ဝင်ထုတ်ကုန်တွေထွက်လာမှာပါ။
အရင်လူတွေလည်း ဒီလိုလုပ်တာဘဲ ငါလဲဒါဘဲလုပ်တတ်သူတွေကို နေရာပေးနေကြသ၍တော့ အနာဂတ် ဘာမှမျှော်လင်းစရာမရှိပါဘူး။ Vision နဲ့ Mission မရှိဘဲ မိုးခါးရေသောက် ရေစုန်မျှောတာကို ပပျောက်အောင် ဥပဒေစိုးမိုးမှု့နဲ့ ပန်းတိုင်ရောက်အောင် အရာရာ သတ္တိရှိရှိကိုင်နိုင်မဲ့ အမုန်းခံ ခေါင်းဆောင်တစ်ယောက် နဲ့ စွမ်ေးဆာင်ရည်တကယ်ရှိတဲ့ ရိုးသားတဲ့  အဖွဲ့  တွေကနေ မညှာမတာ ကိုင်တွယ်မှာကိုဘဲ မျှော်လင့်တောင့်တမိနေပါတော့တယ်။ ဘာမှစကိုင်တာမတွေ့သေးမချင်းတော့ အနာဂတ် တစ်နိုင်ငံလုံးကောင်းစရာ ဘာမှမရှိသေးဘူးလို့ ဘဲ မြင်ပါတယ်။



မြန်မာဂျီပီ ကို သရက်သီး ရောင်း တေါ့မယ်ဆို ရင် .....

ရောင်းသူ ဝယ်သူ အား လုံး အဆင်ပြေစေ ဘို့  ... သတ်မှတ် ချက်လေး တွေ ကို ဖတ်ရှု့  နား လည် ပေးစေချင်ပါတယ် ...

၁/ ကုမ္ပဏီ ကို ဖုံးဆက်သွယ်ပြီး မိမိသိချင်တဲ့ အချက်အလက်တွေ အရင်မေးပါ ...ဈေး နှုန်းမှ အစ / မိမိ သိချင်တာ သေချာ ရှင်းလင်းသည့် ထိမေးပါ ...... 

၂/ မိမိ မှာ ရှိနေတဲ့ အသီးအခြေအနေ ... အမျိုးအစား ... အိတ်စွပ်လား အိတ် လွတ် လား ... ဘယ်အသီးက ဘယ် လောက်ရှိ တယ် ... ခန့် မှန်း ... ပြောပြပေးပါ.......

၃/ မိမိ ခူး ပြီး လာပို့  မဲ့ ရက် ကို ကုမ္ပဏီ က အသီး လက်ခံ သူ ထံ ကြိုတင် အကြောင်း ကြားပေးပါ ...( အိတ် လွတ်/ပယ်သီး တွေက ပြသနာမရှိ )
အိတ်စွပ် သီးများ ကို သေချာ စီစစ် ရွေး လို့ အသီး ပြုံ ပြီး အဝင်များ ရင် ပြသနာ ရှိ နိုင်ပါတယ် ........(အသီးစနစ်တကျ ခူး ပုံ လည်း တင် ထား ပါ တယ် ) ....

၎/ အိတ်စွပ်သီးများ ကို  လုံးဝ အသန့်  -နည်းနည်း အစက်အပျောက်ပါ - အစက်အပျောက်များ / အလုံး အရွယ် အစား ကြီး/သေး တစ်ခါ ထည်း ခွဲ ပြီး မြန်မာဂျီ ပီ ခြင်းများ နဲ့  ထည့် ယူ လာပါ ...(ခြင်းများကို ..ကုမ္ပဏီမှ 
ဆက်သွယ်မေးမြန်းငှားပါ ) .......

၅/ အိတ်လွတ် သီး / ပယ် သီး များ က တော့ ခြင်း မလို ပါ ... အဆင်ပြေ သလို ယူ လာ ပေး ပါ ...ဒါပေမဲ့  ဆိုဒ် ကြီး -ဆိုဒ်သေး တော့ ခွဲ လာပေးပါ ...ဝယ်တဲ့ ဈေး နှုန်း ကွာ လို့  ပါ ......

၆/ အိတ်စွတ်သီး များ ကို ၂၅၀ဂရမ် အထက်က စဝယ်မှာ ဖြစ်လို့  ..၂၅၀ဂရမ်အောက် က ပယ်သီး ဖြစ်ပါ့ မယ် ...ကုမ္ပဏီ က ရွေး ချယ် ပယ်သီး များ ကို ...မိမိ စိတ်တိုင်းကျ..မြန်မာ ဂျီပီ မှာ ဘဲ ဖြစ် ဖြစ် ..အခြားကို ပြန်ယူ ရောင်း လည်း ရပါ တယ် ... ...ရောင်း သူ ရဲ့  ဆန္ဒ
အတိုင်း ဖြစ် ပါတယ် ..........

၇/မြန်မာဂျီပီ မှ စိန်တစ်လုံး /အိတ်စွတ်/အိတ်လွတ် /ပယ်သီး အကုန်ဝယ်မှာပါ ...
နုနေတဲ့ အသီး နဲ့  ဆေးတို့  သီး တော့ လုံးဝ မယူ ပါ ......😊😊😊၂၅၀ဂရမ် အောက်အိတ်စွပ် က ပယ်သီး အနေ နဲ့  ဝယ်ပါ့ မယ် ... အရမ်းသေးတာတော့ .. တစ်ခါထည်း ခြံက ပယ်လာပေး ပါ 😍😍


၈/ Export သရက်သီး ဖြစ် လို့  သတ်မှတ်ချက်လေး တွေ ရှိ ပါ တယ် ...
  (၁) အိတ်စွတ်သီး အရင့်မှန်ရပါ့ မယ် ... ၂ထပ်အိတ်စွပ် သီး ဆို ပို ကောင်းပါ  တယ် .....
  (၂ )အပင်က ပုတ်ချ တာ မျိုး မဟုတ်ဘဲ ခူးတံ နဲ့  စနစ် တကျ ခူး ရပါ့ မယ်....
  (၃) အညှာ ပါအောင်ခူး ပြီး .. အညှာ လက်တဆစ် ဖြတ် ပေး ရပါ့ မယ် ..,,,
  (၄) အညှာ ဖြတ် ပြီး အစေး စစ် ပေး ရပါ့ မယ် ......
  ( ၅ ) အစေး စစ် ပြီး အသီး တွေ ကို ကုမ္ပဏီက ခြင်း (သို့  ) မိမိ ကိုယ် ပိုင် ခြင်း တွေ မှာ ဂျာနယ် စက္ကူ ခင်း ပြီး စီ ထည့် ပေး ရပါ့ မယ် ...,,
  (၆) ခြင်းတွေ ထပ် ပြီး သယ်ယူ ပို့  ဆောင် ရာ မှာ လည်း ...အောက်ခြင်း ကို အသီး လွတ် အောင် ထပ် ပေး ရပါ့ မယ် ....
  (၇) အသီးမှာ အစေးလောင် / ပိုး ကိုက် ရာ / အနာ အဆာ / ခြင်း ပွန်း ရာ / လက်သဲရာ တွေပါရင် အပယ်သီး ဖြစ် သွား နိုင်ပါတယ် ....
❤️❤️❤️အသီးကောင်း ရဘို့  အဆင့်တွေ သတ်မှတ် ချက်တွေ များ နေ လို့  စိတ်ပူမသွား ကြ ပါနဲ့  💪💪💪 ဒီပုံစံထုတ် လုပ်တဲ့ အသီး အမြဲ ဈေးကောင်း ရမှာ ပါ ...တရုပ်ဈေးကွက်ရော အခြားပြည်ပဈေးကွက်ရော ....

ချမ်းသာကုန်း , ပုလိပ် ,စိတ်ပုတီးမယ်တော် ကျောင်းဘေး ယ်09799996793/ 09968300566 / 9798974513
အားလုံး ကိုကျေးဇူးတင်ပါတယ် 

ကိုသဲမောင် ‭09973970160
ကိုသီဟ  ‭09 4320 4021
မခိုင်စု    ‭09798974513

ခရက်ဒစ် - ဖိုတို &မော်ဒယ် ❤️❤️❤️

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!