ရေမသောက်ဘဲ ရေအစားထိုးပြီးသောက်ပါ....
- မြေအိုး သေးသေးလေးထဲကိုရေ မပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့်।
- ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်।
- ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်။
အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်မ မွှေနဲ့ မွှေစရာမလိုဘူး မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်။
တစ်ချက်မှမမွှေဘဲ သူ့ဘာသာကြည်တက်လာတဲ့ အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီးသောက်တယ်
သောက်ရင် ဘာအကျိုးဖြစ်မလဲဆိုအရင် စဉ်းစားကြည့်ရအောင်....
- မကျည်းသီးကို ကြေးဘုရားကြေးခွက်တွေ အညှိတွေတက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင်ပြောင်လက်သွားတယ်
- အသားကိုင်ထားတဲ့လက်တွေကိုမကျည်းသီးနဲ့ ဆေးပေးရင် အနံ့ ပျောက်တယ်
- တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင် မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်
- မကျည်းဖျော်ရည်ကိုရေအစားထိုး သောက်မယ်ဆိုအမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေးလူကြီးပါမကျန်သောက်တဲ့ အကျိုးကြောင့်
- ဝမ်းတွင်းအေးနေမယ်ကိုယ်တွင်းအဆိပ်အတောက်များကိုဝမ်းအဖြစ်ဖယ်ရှားပေးလို့အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကိုပါးသထက် ပါးစေမယ်အမြဲတမ်းသောက်နေလို့ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်
- ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ အခုလိုဥပမာ နဲ့ပြောမယ်ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ
- ရင်အေးတယ်ဝမ်းမှန်တယ် ဆီးမှန်တယ်ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်မျက်လုံးကြည်တယ်ဝက်ခြံတွေ စင်တယ်
- အထူးသဖြင့် သောက်တုန်းကဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ
- ပိုက်ဆံမကုန်လို့အထင်မသေးဘဲ စမ်းကြည့်ရအောင်ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ရှေးစကားပုံလည်း ရှိတယ်နော်
အဖိုး အဖွားတွေအခုလို သဘာဝအသီးတွေကိုကိုယ့်ဘာသာဖျော်သောက်လို့ ဘာရောဂါမှ မဖြစ် တဲ့အပြင်ငွေတွေ အလဟသ မကုန်ခဲ့လို့
ဘုရားတွေတည် ကျောင်းတွေဆောက် လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး အသက်ရှည်ခဲ့ကြတယ်ဆိုတာကို မမေ့နဲ့နော် ။
No comments:
Post a Comment