Popular Posts!

Sunday, April 21, 2019

မိမိတို့နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်မှုနှင့် ပတ်သက်၍ သိရှိနိုင်ရန်

ယနေ့ မိမိတို့နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်မှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr.ဝါဝါမောင်၏ ဆွေးနွေးမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။



မေး ။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အနေအထားတွေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို လအလိုက်၊ နှစ်အလိုက် ဘယ်လိုကိန်းဂဏန်း အချက်အလက်တွေအပေါ် အခြေခံပြီးတော့ တွက်ချက်ဆောင်ရွက် ထုတ်ပြန်ပေးနေတယ် ဆိုတာ သိပါရစေ။

ဖြေ ။ ဒီငွေကြေးဖောင်းပွမှုနှုန်းနဲ့ပတ်သက်ပြီး တွက်ချက်တဲ့ အခါမှာ တွက်ချက်မှု နည်းလမ်းတွေကို ယုံကြည်မှုရှိဖို့ အတွက် ပြန်ပြီးတော့ လေ့လာ သုံးသပ်ပါ တယ်။ လေ့လာသုံးသပ် တဲ့အခါမှာ ဒီတစ်နှစ် တစ်နှစ်ခွဲကြားထဲမှာ International Monetary Fund ကို Joint Exercises နဲ့ ရှစ်ကြိမ်တိုင်တိုင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလိုတွက်ချက်တဲ့အခါမှာ အဓိကကတော့ လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့အတွက် သုံးနေတဲ့ အဓိက ကုန်စည်တွေရဲ့ ဈေးနှုန်းတွေ ကို ကောက်တယ်။ ဈေးနှုန်းက ကာလတစ်လျှောက် လုံးမှာ ဘယ်လိုတိုးတက်နေသလဲ ဆိုတာကို ကျွန်မတို့ တွက်ချက်တယ်။ ကျွန်မတို့က လေ့ကျင့်ခန်း အနေနဲ့ နေ့တိုင်းတွက်ချက်ပါတယ်။ အပတ်စဉ်တိုင်း ထုတ်ပြန် တယ်။ 

လစဉ်အနေနဲ့ The selected monthly economic indicator (SMEI) စာအုပ်မှာ ထုတ်ပြန်တယ်။ နှစ်စဉ်ဆိုရင်တော့ Statistical Year book မှာ ထုတ်ပြန်ပါတယ်။ ကျွန်မ တို့က အပတ်စဉ်တိုင်းမှာ ဗဟိုစာရင်းအင်းအဖွဲ့ ဝက်ဘ်ဆိုက်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို အချိန်နဲ့တစ်ပြေးညီ တင်ပေးပါတယ်။ အဲဒီလို တွက်ချက်တဲ့အခါမှာ အရင်တုန်းကဆိုရင် ၂ဝဝ၆ နဲ့ တွက်ချက်တယ်။ အခု ၂ဝ၁၆ ဆိုတော့ ၁ဝ နှစ်ရှိသွားပြီ။ တခြား နိုင်ငံတွေကလည်း သူတို့ရဲ့ Base Years တွေကို ပြန်ချိန်းနေပြီ။ ပြန်တည်ဆောက်နေပြီ။ ကုန်စည်တွေကို ပြန်ပြီးတော့ စိစစ်တဲ့အခါမှာ ကုန်စည် အမျိုးအမယ်ပေါင်း ၁၅၈ မျိုးကို ကောက်ခဲ့ပါတယ်။ ဒီတော့ အခုလက်ရှိ လူအများစု အသုံးပြုနေတဲ့ ကုန်စည် အမျိုးအမည်ကို လိုက်ပြီးရှာဖွေတဲ့အခါမှာ လက်ရှိ စားသုံးမှု ပုံသဏ္ဍာန်ကို ထင်ဟပ်စေတဲ့ အခုတွက်ချက်မှုဟာ ကုန်စည် ၂၇၄ မျိုးအပေါ်မှာ စိစစ်ပြီးတော့ တွက်ချက်တဲ့အတွက် ပိုပြီးတော့ ခိုင်မာတယ်။ 

နောက်တစ်ခုက ကျွန်မတို့က ဈေးနှုန်းကို ကောက်ခံတဲ့အခါ မှာ အသေးစိတ် ကောက်ခံလို့မရဘူး။ နောက်တစ်ခုက မြန်မာပြည် အနှံ့အပြား ကိုယ်စားပြုရမှာ ဖြစ်တဲ့အတွက် မြို့ကြီးနဲ့ မြို့ငယ်လေး ၈ဝ ကျော်ကို ကောက်ခံခဲ့ပါတယ်။ ကုန်စည်ရဲ့ အမျိုးအစားတွေ နှစ်အလိုက် ကောက်ခံလို့ရတဲ့ ဈေးနှုန်းတွေကို ပြန်ပြီးစိစစ်တယ်။ လွန်ခဲ့တဲ့ သုံးလအတွင်း အသွင်ကူးပြောင်းရေး ကာလဆိုတော့ Base Years ကို နှစ်မျိုးစလုံးနဲ့ ထုတ်ပြန်ခဲ့တယ်။ 

ငွေကြေးဖောင်းပွမှုနှုန်းက ၂ဝ ရာခိုင်နှုန်းကျော်ရင် မကောင်းဘူး။ ဒါကြောင့် ထိန်းချုပ်ရမယ့် အနေအထားမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အနေနဲ့ ဒီလို အခြေအနေမျိုးတွေနဲ့ အရင်တုန်းကလည်း ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မတို့ အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်တဲ့အခါမှာ နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ယုံကြည်မှုရှိရှိနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

Ref:​ဒေါက်​ဝါဝါ​မောင်​ အ​ကြောင်း . https://m.facebook.com/story.php?story_fbid=1694426604220233&id=100009587281853

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!