Popular Posts!

Tuesday, June 26, 2012

ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော


ချင်းမိုင်(မဇ္စျိမ) ။       ။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေသဖြင့် အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေးသည်မှာ အတုအယောင်သာ ဖြစ်နေသည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့က ယနေ့ ဇွန် ၂၆ ရက်နေ့မှာ ပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်က ၂ဝ၁၂-၂ဝ၁၄ ခုနှစ်ထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း လုပ်ဆောင်ရန် ကြေညာထား
သော်လည်း ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ် ၅၅ မြို့နယ်ထဲမှ ၄၉ မြို့နယ်အတွင်း ဘိန်းခင်းများ ပိုမိုများပြားလာသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ၂ဝ၁၂ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဘိန်းစိုက် ပိုများလာတာက စားဝတ်ရေးခက်တာ၊ နိုင်ငံရေးကြောင့်လို့ ပြောလို့ရတယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်တော့ ကြံ့ဖွံ့ပါတီကနေ စည်းရုံးတဲ့အခါ ငါတို့မှာ မဲထည့်ရင် ဘိန်းစိုက်ခွင့် ပေးမယ်လို့ ကတိပေးတယ်။ ခြသေ့ပါတီ က မဲရတယ်။ စစ်တပ်ကတော့ အခွန်ရတယ် ဆိုပြီး တော်တော် ပြန့်နေခဲ့တယ်။ အခုဆိုရင် ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိအတိုင်း ဆက်လုပ်တဲ့ သဘောရှိတယ်” ဟု မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်ဆိုင်း က ပြောသည်။
shandrugwatch
အစိုးရ၏ အဓိက ရည်မှန်းချက်မှာ မူးယစ်ဆေးဝါး ပပျောက်ရေးမဟုတ်ဘဲ အတိုက်အခံ ပပျောက်ရေးသာ ဖြစ်၍
နိုင်ငံရေး ပြဿနာကိုသာ ဖြေရှင်းမှ ပပျောက်နိုင်မည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံရေးပြဿနာကို အရင်မဖြေရှင်းဘဲနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းမယ် ဆိုတာက စိတ်ကူးယဉ်ပဲ ဖြစ်လိမ့် မယ်။ ကျနော်တို့က မူးယစ်ဆေးဝါး ပြဿနာကို ဥပဒေလမ်းကြောင်း ပြဿနာပဲလို့ တွေးမယ်ဆိုရင်တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တဘက်က နိုင်ငံရေး၊ ဥပဒေလမ်းကြောင်း၊ လူမှုရေး၊ စီးပွားရေး ပြဿနာဖြစ်တယ်။ ဒါတွေ အားလုံး ဝိုင်းဝန်းဖြေရှင်းမှ သူနိုင်-ကိုယ်နိုင် ဖြေရှင်းမှ ပြေရှင်းနိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ဦးခွန်ဆိုင်း က မဇ္စျိမကို
ပြောသည်။

ထို့ပြင် ယခင်နှစ်များတွင် ရာဘဆေး တလုံးလျှင် ကျပ် ၁,၂ဝဝ ဈေးနှုန်း ရှိသော်လည်း မေလက နမ်းခမ်းမြို့နယ် မန်းဝီးကျေးရွာအုပ်စုတွင် ရာဘဆေးပြားတပြားလျှင် ကျပ် ၅ဝဝ သာ ပေးဝယ်ရခြင်းကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် ဘိန်းရာဇာ တရုတ်ဖြူ လော်စစ်ဟန် မှတဆင့် ခွန်ဆာ၊ သူမှတဆင့် ဝ လက်နက်ကိုင်တပ်ဖွဲ့များ၊ ထိုမှ ပြည်သူ့စစ်များအဖြစ် အဆင့်ဆင့်ရှိခဲ့ရာ မူးယစ်ဆေးဝါး ပပျောက်သွားခြင်း မရှိသဖြင့် နည်းလမ်းများ ပြောင်းလဲရန် လိုအပ်ကြောင်း သူက အကြံပြုလိုက်သည်။

လွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာကာ တရားဥပဒေ စိုးမိုးရေး မရှိတော့သဖြင့် မူးယစ်ဆေးဝါး ပြဿနာကိုလည်း ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ အတိုက်အခံများနှင့် အစိုးရတို့ နိုင်ငံရေး သဘောတူညီ ချက်ရရေး ဖြစ်သည်ဟု ဦးခွန်ဆိုင်းက သူ့အမြင်ကို ရှင်းပြခဲ့သည်။

“ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲစေချင်ဘူး။ အချုပ်အခြာအာဏာတည်ရေးကိုလည်း အတိုက်အခံဘက်က လက်ခံတယ်။ ဒီအရေးသုံးပါး ဘောင်အတွင်းမှာ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်။ ကျနော်တို့ရဲ့ ကံကြမ္မာကို ဖြေရှင်းချင်တယ်။ ဒီလိုတင်ပြတာကို အစိုးရကလည်း လက်ခံတယ်ဆိုရင် နိုင်ငံရေးအရ အဓိပ္ပါယ်က သဘောတူညီမှု ရသွားပြီဆိုရင် ရန်သူတွေ မဟုတ်တော့ဘူး၊ ရန်သူ မဟုတ်တော့ဘူးဆိုရင် တရားဥပဒေ စိုးမိုးရေး ရမယ်။ မူးယစ်ဆေးဝါး ပြဿနာကို ဘယ်နည်းနဲ့မဆို ကိုင်တွယ်ဖြေရှင်းနိုင်မယ်” ဟု ရှင်းပြခဲ့သည်။

ထို့ပြင် တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း အစိုးရ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် တောင်သူများ ၏ လယ်ယာမြေများ အသိမ်းပိုက်ခံရပြီးနောက် စားဝတ်နေရေး ထွက်ပေါက်အဖြစ် ဘိန်းစိုက်ပျိုး ပိုမို များပြားလာသည် ဟု ပအိုဝ်းလူငယ် အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး ကိုခွန်ထွန်းတင်က ပြောသည်။

၁၉၉၁ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ PNO က အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရလလဖ က အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဟိုပုန်းမြို့နယ်တွင် မြေဧက နှစ်သောင်းကျော်နှင့် ဆီဆိုင်မြို့နယ်တွင်လည်း
မြေဧက ထောင်ဂဏန်း အစိုးရက သိမ်းပိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“ဖွံ့ဖြိုးရေး အကြောင်းပြန်ချက်နဲ့ လုံခြုံရေးဆိုပြီး စစ်တပ်က ပြန်လာထိုင်တယ်။ ဒေသခံတွေက မူလက တောင်ယာစပါး၊ ဂျူံ၊ ပြောင်းတွေ စိုက်တယ်။ မြေသိမ်းလိုက်တော့ စားဝတ်နေရေး ကြပ်တည်းလာတယ်။ အဲဒီအတွက်ကြောင့် ဘိန်းကို စိတ်ဝင်စားလာတယ်။ အရင်းအနှီး မထုတ်ရဘူး။ အချိန်လည်း တိုတိုအတွင်း ငွေဖြစ်လွယ်တယ် ဆိုတော့ စိတ်ဝင်စား လာတယ်” ဟု ပြောသည်။

ဘိန်းကို ယခင်က ဝေးလံခေါင်းပါးသည့် တောတောင်များ၌သာ စိုက်ပျိုးခဲ့သော်လည်း ယခု ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်
နောက်ပိုင်း မြို့ပေါ် ကားလမ်းနှင့် မနီးမဝေးနေရာများတွင် စိုက်ပျိုးလာကြကာ ဆီဆိုင်မြို့ပေါ် အခြေစိုက်ထားသည့် အစိုးရတပ်ရင်း ၄၂၃၊ ၄၂၄ တပ်ဖွဲ့များက ဒေသခံများထံမှ ဘိန်းခွန်များလိုက်လံ ကောက်ယူနေသည်ဟု ခွန်ထွန်းတင် က ပြောသည်။

၁၉၉၉ ခုနှစ်မှစတင်၍ ၁၅ နှစ် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ် တွင် ၄ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ပစ်မှတ် ထားခဲ့သော်လည်း ၂ဝဝ၄ ခုနှစ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ပြန်လည် ဖွဲ့စည်းခဲ့ရာ ၄၇ မြို့နယ်သာ ပစ်မှတ် ထားခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-S သည် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိနေကာ မူးယစ်ဆေးဝါး ပပျောက်ရေးတွင် အစိုးရတပ်မတော် ပါဝင်မှသာလျှင် ဖြေရှင်းနိုင်မည်ဟု ဆွေးနွေးထားသည် ဟု ဦးခွန်ဆိုင်းက ပြောသည်။

ထိုင်းအစိုးရကို မူးယစ်ဆေးဝါး ပြဿနာများကို ကူညီရန်အတွက် သတင်းအချက်အလက်များ ပေးရန် ၁၉၉၈ ခုနှစ်မှ စတင်၍ ၁ဝ နှစ်ကြာ ပူးပေါင်း လုပ်ကိုင်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့က ထိုင်းဘုရင်၏ အမတ်တဦးမှ SSA တောင်ပိုင်းမှ ကိုယ်စားလှယ်အား သတင်းပေးမှုအပေါ် အသိအမှတ်ပြုသောအားဖြင့် ရွှေလင်းယုန် တံဆိပ် Gold Eagle Award ဆုချီးမြင့်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် SHAN သတင်းဌာနသည့် ၂ဝဝ၇ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါးစောင့်ကြည့်
ရေး အစီရင်ခံစာကို ထုတ်ဝေခဲ့ရာ ယခု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလိုက်သော အစီရင်ခံစာမှာ ပဉ္စမအကြိမ်မြောက်
ဖြစ်သည်။

ထိုအစီရင်ခံစာထဲတွင် ခေတ်အဆက်ဆက်က ဘိန်းဘုရင်များ၏ လုပ်ဆောင်မှုများ၊ ပြီးခဲ့သည့် ဧပြီလအတွင်းက
ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ရာဇာ နော်ခမ်းအား လာအို အစိုးရ အာဏာပိုင်များ ဖမ်းဆီးခံမှုများကို ရေးသားဖော်ပြ ထားသည်။

သမ္မတ ဦးသိန်းစိန်က ယခုနှစ် တတိယ ၅ နှစ်စီမံကိန်းသို့ ရောက်ရှိနေပြီဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ဘိန်းစိုက်ပျိုးရာ ဒေသများတွင် အစားထိုးဖွံ့ဖြိုးရေး သုံးနှစ်စီမံကိန်ုးများ ကို ချမှတ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေရှိကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ်
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များတွင် မီးရှုံ့ဖျက်ဆီးပွဲ ကျင်းပမည်ဟု ဆိုထားသည်။

၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတဝန်း ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ အဆင့်နိမ့်ဘိန်း၊ ဆေးခြောက်၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ဓါတုပစ္စည်းမျိုးစုံတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၂,၆၁၇ မှုမှ မြစ်မှုကျူးလွန်သူ တရားခံ ၃,၉၉၁ ဦးအား ဥပဒေအရ အရေးယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ရေးသားသည်။
Ref:mizzimaburmese

Sunday, June 24, 2012

အွန်လိုင်းပေါ်မှာဝင်ငွေရှာနည်း အပိုင်း(၆)

သင်အိပ်မော်ကျစဉ်ဝင်ငွေရအောင်လုပ်ပါ

မြန်မာ ဘလော့တွေမှာ  ၀င်ငွေရှာနည်းတွေပါ




    နာမည်ကျော်ဂူဂယ်ရဲ့ adsense တွေမှာလဲ မြန်မာ ဘလော့ဂါတွေအတွက် ၀င်ငွေရှာပေးမဲ့ ကျော်ငြာတွေစတင်ပေးနေပါပြီ၊ အရင်နှစ်တွေမှာမရပါဘူး  အင်္ဂလိပ်ဆိုဒ်တွေကိုဘဲပေးထားတာပါ ၊ အခုတလောကမှာစပြီး ဗမာလိုပေးလာတာကိုတွေ့ရတယ်လေ၊ ကျွှန်တော်ရဲ့ဆိုဒ်မှာတွေမှာတွေ့ရမှာပါ၊ တစ်နှစ်လောက်ကြာစောင့်လိုက်ရတယ်လေ၊ adchoice ကျော်ငြာဟာ adsense ကပါ၊ 
သင်ကို ၀င်ငွေတွေရှာပေးမဲ့ ကျော်ငြာတွေဘဲလေ၊ ဘာမှာမခက်ပါဘူး ၊ ၀င်ပြီးလက်တည့်စမ်းကြည့်ကျပါလို့ပြောချင်ပါတယ်။
       တခြားနည်းတွေနှင့် ၀င်ငွေရှာလို့လဲအများကြီးရှိပါသေးတယ်လို့ဆက်ပြောပါရစေ၊ တောက်လျှောက် ရေးပြီး ပညာပေးသွားမှာဖြစ်ပါတယ်၊ ပင်လယ်ရေကို တယောက်ထဲသောက်ရတာ အထီးကျန်လွန်းပါတယ်၊ အခုလဲတယောက်ထဲနေရတာ လွပ်လပ်ပေမဲ့အထီးကျန်လွန်းလို့ အခုလိုအင်တာနက်ဘလော့တွေမှာ ကိုယ်မြင်တာတွေကို ပညာပေးစာတွေ စပြီးရေးဖြစ်သွားတာပါ၊ ခေတ်က တအားနောက်ကျနေတာတွေကို တွေ့နေရတာလဲပါပါတယ်၊ စီးပွားသမားဆိုတော့ နေရတကာမှာ စီပွားလိုဘဲ မြင်တတ်တာလဲပါမှာပေါ့လေ၊ ခေတ်တွေပြောင်းတာမြန်တော့ အခုလို IT ခေတ်ကိုရောက်နေပြီး ဘာမှာမမြင်မတွေ့ စာတွေမလေ့လာရင် မလွယ်ပါဘူး၊ ၂၀ရာစုခေတ်ကိုက တော်တော်ကိုပြောင်းလဲကုန်ပြီလေ၊ အရင်က လက်မှုခေတ်ကနေ စက်မှုခေတ်တွေလိုပြောင်းသလိုဘဲ အခုလဲ IT ခေတ်ကိုပြောင်းကုန်ပြီး နေရာတကာမှာ IT နှင့် ပတ်သက်တာတွေဘဲဖြစ်နေပြီလေ၊

မိမိရဲ့blog ထဲက Design ထဲကိုသွားပြီး add a gaget ကိုသွားပြီးတော့ ကိုယ့်ရဲ့ hmtl ထဲကို ၀င်ပြီး adsense ကို ရွှေးလိုက်ပြီး  add လိုက်ရုံပါဘဲ၊   ပြီးနောက် မိမိရဲ့ monetize ထဲက adsense overview ထဲက ကြိုက်တဲ့ ဒီဇိုင်းရွေှ့း နောက်ပြီး adsense for feed ကိုဝင်ပြီး ID နံပတ်လေးရလာပါလိမ့်မယ်၊ ဒီနံပတ်က သင်ကို ငွေရှာပေးမဲ့ အရေးကြီးတဲ့ ID ဖြစ်ပါကြောင်း အသိပေးပါရစေ၊


   နောက်setting ထဲက site feed က post feed redirect url က feedburner ကိုဝင်ပြီး feed အသင်းဝင်ရပါတယ်၊ ဒီမှာ ကိုယ်ရဲ့ blogs ကိုထဲ့ရပြီး သူပေးတဲ့ Feed code လေးတွေကို ကိုယ်လိုချင်တဲ့ဆိုဒ်တွေရဲ့ feed gaget မှာ ၀င်ပြီးကျော်ငြာလို့ရပါတယ်၊ အဲဒီထဲမှာ Anlayze က သင်ရဲ့ ဆိုဒ်တွေရဲ့အနေအထား တွေ ကိုပြပေးတာပါ၊  Publicize ထဲမှာHeadline Anmitor,BuzzBoot တွေက မိမိကြိုက် သလိုပြု ပြင်ပြီး ကျော်ငြာနည်းတွေ အများကြီးလုပ် လို့ရာကိုတွေ့ရလိမ့်မယ်၊

     My feeds ထဲဝင်ပြီး  feedcode ကိုယူပြီး နောက်setting ထဲက site feed က post feed redirect url ထဲကို ရလာတဲ့ နောက်ဆက်တွဲ feed code ကိုထဲ့ရပါတယ်၊ တခါတလေ adsene က   ID နံပတ်သာပေးပြီး
ဝင်ကျော်ငြာခွင့်မပေးတတ်ပါဘူး၊ စိတ်ရှည်စွာစောင့်ဖို့တော့လိုပါတယ်၊ သူကလာကြည့်တဲ့ဧည့်သည်တွေများ ရင်  သူတို့လိုချင်တဲ့အချက် တွေရရင်နှင့် ကိုက်ညီလာရင် သင်ကိုဝင်ငွေရှာခွင့်  ပေးလာမှာပါ၊
 

  ကဲ!  ဘလော့ခါ အပေါင်းအသင်းတွေ ကြိုးစားပြီး လက်တည့်စမ်းကြည့်ကျလိုက်ပါအုံးလို့ဘဲပြောပါရစေ၊ အဲ! အရေးကြီးတဲ့အချက်တခုမေ့သွားတယ်၊ Credit  ကဒ် တွေရှိမှရမှာနော်၊ အမိဗမာပြည်က ဘဏ်တွေ ကတော့ နောက်ဆိုရင်ရလာမှာပါ၊ အခုတောင် Bank တွေမှာ $ အကောင့်တွေနှင့် Credit အကောင့်တွေ တရားဝင်ဖွင့်လို့ရရင် စမ်းသပ်လို့ရနိုင်ပါတယ်လို့ပြောပါရစေ!.......

Credit @ KoNge

အွန်လိုင်းပေါ်မှာဈေးရောင်းခြင်း အပိုင်း(၁)

ပွဲဦးပေါက်ဈေးဝယ်သူလာခြင်း


"National Geographic NG 8110 Earth Explorer Tote Bag"
အွန်လိုင်းပေါ်မှာအစမ်းဈေးစပြီးရောင်းကြည့်ပါတယ်၊ အဲ! စစချင်းပွဲဦးထွက် မနေ့က သူငယ်ချင်း မိန်းခလေးတယောက်က ထူးထူးဆန်းဆန်းပစ္စည်း တွေမှာကြိုက်တတ်သူလေးက  National geographic  bag လေးကိုလိုချင်လို့ဖုန်းဆက် လာတယ်  ဒီအိတ်က ဒီနှစ်မှထွက်တဲ့ဒီဇိုင်းအသစ် ဆိုတော့ ဒီက စကာင်္ပူက vivocity မှာရှိတဲ့ National geographic ဆိုင်မှာလဲ မရှိပါသေးပါဘူး၊
   အမေရိကနှင့် ဥရောပမှာဘဲရှိသေးတယ် EUR 119.90ဆှိုS$192.16 က လောက်ရှိတယ်လေ၊ (သဘောင်္တင်ခမပါသေးဘူး) ဒါကြောင့်ကျွှန်တော် ကပြောလိုက်တယ် ငါရဲ့ ASNGROUP Online Sale
Team မှာရှိလိမ့်မယ်လို့ ပြောလိုက်ပြီး ရှာပြီး အော်ဒါမှာပေးလိမ့်ပါတယ်၊


ကျွှတ်တော်ရဲ့blog's ကနေ ASNGROUP Online Sale Team ကနေ ပစ္စည်းလှမ်းမှာလိမ့်တာလေ၊ ဒါတောင် လက်ကျန်က ၂ အိတ် ဘဲရှိတော့တာမို့ချက်ချင်း အော်ဒါမှာ ပေးလိုက်ရပါတယ်၊ ကျွှန်တော်ဆိုဒ်က အမေရိကန်က amazon ဆိုဒ်ကလေးပါ  ဒီအိတ်မူရင်းဈေးက U$ 109.99 ရှိပြီး14% ဈေးလျော့ပေးပြီးတော့ U$ 94.44+ ပို့ခ U$18.47 နှင့် အားလုံးပေါင်းU$ 113.96(S$145.44) ကျပါတယ်၊ ရိုးရိုးသဘောင်္ လိုင်းနှင့်ဘဲ ပို့ခိုင်းလိုက်ပါတယ်၃ပတ် လောက်ကြာ ပါတယ်၊နောက်လဆန်းမှာသဘောင်္တင်ပေးပြီး လ၀တ် ၁၈ ရက်လောက်မှပစ္စည်းရောက်မှာပါ၊ နို့မဟုတ်ရင်၎ရက်အမြန် Air နှင့်ဆိုရင် U$42 လောက်ကျပါတယ်၊ ဒါကြောင့် သူငယ်ချင်းကလဲ အရေးတကြီးလိုတာ မဟုတ်လို့ ရိုးရိုးနှင့်ဘဲ ပို့ခိုင်းလိမ့်ပါတယ်။



Order Summary:
Shipping Details : (order will arrive in 1 shipment)
Order #:xxxxxxxxxxxxx45
Shipping Method:xxxxxxxxxx Shipping
Items:  $94.99
Shipping & Handling:  $18.97
------
Total Before Tax:  $113.96
Estimated Tax To Be Collected:  $0.00
------
Order Total:  $113.96


Delivery estimate: July 6, 2012 - July 18, 2012

1"National Geographic NG 8110 Earth Explorer Tote Bag"
Electronics; $94.99

 အထူးအော်ဒါမှာတဲ့ Mai Main ကို အထူးကျေးဇူးတင်ပါကြောင်း!
အပေါင်းအသင်းသူငယ်ချင်းတွေထဲက ထူးထူးဆန်းဆန်းစင်္ကာပူမှာမရှိတဲ့ပစ္စည်းတွေကိုမှလိုချင်တယ်ဆိုရင် လမ်းပြီး အော်ဒါမှာလို့ရပါတယ်လို့ပြောချင်တာပါ၊ ပစ္စည်းရဲ့ အမည် code နံပတ်တော့လိုပါတယ်နော်!
အားလုံးကိုလေးစားလျက်ပါ!

Credit@ Ko Nge

Anthony Mascolo - Tigi - Toronto

ကမ္ဘာကျော်TiGi က ဂုရုကြီး Anthony ရဲ့လက်စွမ်းပြချက်တွေဘဲ...
ဘယ်လောက်အနုပညာလက်ရာမြှောက်တယ် ပညာပါတယ်ဆိုတာ ကြည့်လိုက်ပါအုံး!
ဒါမျိုး ဗမာပြည်မှာ မြင်ရဖို့ဆိုတာက တော့......
ကမ္ဘာကျော် Stylist ဆိုတဲ့ဆံပင်ညှပ်သမားဘ၀ဟာမလွယ်ပါဘူး? နှစ်တိုင်း ဒီဇိုင်းနည်းသစ်တွေကို တီတွင်ရသလို ပညာတော်တော်ပါပါတယ် ဆိုတာသိစေချင်ပါတယ်..

Anthony Mascolo shows Toronto his talents at an intimate show held at Metro Beauty in May 2010




Davines World Wide Hair Tour 2012 - Miami

Italy က Davines ရဲ့  World Wide Hair Tour 2012 for Miami လေးပါ
ဒါပေမဲ့ ဗမာပြည်ကတော့ ဘယ်သူတွေ?ဘယ်လို Miami ကိုသွားကျမလဲတော့ မသိကျသေးပါဘူး?
ပညာလဲရ ဥရောပကိုလည်းရောက်ဖူးတာပေါ့!

Dear Friends, we are very pleased to announce you that the next World Wide Hair Tour that will take place in Paris, will be on air from the 26th to the 28th of May 2013! On this page, you will soon find news and more details regarding the event!

http://www.facebook.com/?ref=tn_tnmn#!/pages/Davines-World-Wide-Hair-Tour/248444315268351

About

The World Wide Hair Tour is the most global event staged by Davines, an experience focusing on beauty and exploration of global trends!
Description
The World Wide Hair Tour is the most global event staged by Davines, an experience focusing on beauty, the exploration of global trends and the most advanced styles. The tour is a world event that features performances by designers of international fame, before an exceptional audience made up exclusively of Davines partners.
It is an opportunity not to be missed: a chance to discover the future of fashion and to see, all at once, the interpretation of the fashion styles of all continents. The World Wide Hair Tour is a rare, exciting voyage around the world hair design.



ဒါကမနှစ်က Salon International 2011 က နောက်ဆုံးပြိုင်ပွဲလေး...
Tim Hartley @ Salon International 2011 final.m4v


ဒါကတော့ ၂၀၁၀ က Davines World wide hair Tour လေး...
Tim Hartley ,, Davines World Wide Hair Tour 2010`"

Davines A New Colour emotional - Davines Naujų Plaukų Dažų emocinis pristatymas



A New Colour

Davines presents its new colouring without ammonia. A revolutionary system that offers infinite possibilities.

A world of new potential is opening up for salons and their customers; a precious gift to obtain chromatic nuances which generally only Nature manages to create in a blend of creativity and scientific intelligence.
Inspired by the multi-coloured world of insects with their sublime amalgamation of shapes, colours and light, and the scientific potential of carotenoids and melanins, Davines has turned the world of colouring upside down for salons, at last offering a way to work with pure
colour and transform it into brand new results, with maximum comfort for customers and full respect for the hair’s structure.
An authentic emblem of Sustainable Beauty, A NEW COLOUR is an innovative system in 3 components, for permanent colouring with truly extraordinary results which avoid the use of ammonia, making use instead of the properties of natural active ingredients which are carefully
balanced. A versatile system designed to work on target, guaranteeing excellent performance with extreme simplicity in use and no waste, whether covering white hair, lightening or darkening or changing reflects.
The strong point of the formulations, the same colourings used by Nature to create its chromatic glory day after day: carotenoids – vegetable pigments with an antioxidant action (that influence the colouring of various creatures including insects), and vegetable melanin, an antioxidant
and anti-free radical, extracted from the date palm. To create the alkaline environment on the hair necessary for the pigments to penetrate, Davines
laboratories have replaced ammonia by monoethanolamine (MEA), a hydro-soluble, biodegradable biological substance, completely odourless, boosted by a synergy with metasilicate, a mineral quartz agent with remarkable light refraction capacity.
A formula revolution that represents a turnaround for colour services, bringing the stylist’s creativity to the fore and simplifying the technique, with the certainty of a result with multiple plus points: a service that is enjoyable and gentle, free from unpleasant effects and odours; the impact of the colours, velvety, intense and multi-faceted; the poly-sensorial fascination of hair that is soft, hydrated, and lastingly shiny.
A high-level performance which fully satisfies the need to find in the salon products and services that are safe, pleasant and innovative.
Available in 43 different shades, A NEW COLOUR comes packed in a style that is anti-conventional yet refined, entrusting its colour message to contrasting black and white, the non-colours par excellence, which gives the packaging a timeless solemnity and opens the way to infinite creative
possibilities in tones without overpowering them.
The attention to detail reflects the company’s ethical and aesthetic values, the special graphics designed by hand,
the choice of strictly eco-sustainable materials (aluminium, PE, FSC-certified paper, vegetable-based inks), the emphasis on quality and scientific rigour in the premium formulation.
The result is a striking image, highly dignified, which makes the very most of Davines’ new colour frontier more than ever before.
Watch Angelo Seminara featuring A NEW COLOUR

An explosion of luminous colours for the first iconic collection by Angelo Seminara for Davines

LIVING JEWELS COLLECTION



http://www.facebook.com/pages/getting_started?page_id=211328502323460&step=profile_pic#!/davinesofficial

March 12, 2012
Living Jewels

An explosion of luminous colours for the first iconic collection by Angelo Seminara for Davines
Watch the Video
Iconic, or rather pure inspiration. This is how Angelo Seminara talks about Living Jewels: “I always try to look at things not so much as a hairdresser, but more as an artist: what I want to try and do is never forget the woman and her beauty, but always try to focus on her hair and how it can enhance her beauty.
When Davines asked me to produce an iconic collection for the new colour concept, I wanted to create something really unique, with unique colours on hair, working with new methods and techniques.”
“To create this collection lengthy and intense experimentation was necessary. Experimentation is at the basis of my work and I am inspired mainly by nature with all its elements: vegetable, animal and mineral.
After carrying out a lot of research, I decided to draw inspiration from the world of beetles: small insects of extraordinarily bright colours so startling as to seem real living jewels. Hence the collection’s name “Living Jewels”.
The world of insects summarises and enhances the creative powers of nature offering unmatched chromatic suggestions.
It is a continuous change, the perfect combination of colours, shapes and light: an intelligent and spontaneous triumph created daily by carotenoids and melanins.
We have tried to reproduce these shades and our joint commitment has led to an inspiring result where colourful sparks shine on the hair giving rise to a natural iridescence that impacts different lengths, volumes and textures. Multifaceted daring, but perfectly realistic colours that look like a reflection created by sunlight. Gold, copper, emerald and sapphire are shed on free and vibrant hairstyles: geometrical and layered bobs with rigorous or untidy fringes, fluent hair with enhanced lengths and finally a frizzy style with great volume animated by contrasts in sunny shades.
A fusion of matter and colour that literally casts light onto the beauty of the woman wearing it, bestowing on her the charm of a natural miracle with a profound liaison with Davines “sustainable beauty”, which is the synthesis of creativity and respect for nature in all its marvellous expressions.

Tuesday, June 19, 2012

အစိုးရ၀က်ဘ်ဆိုက် အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၄င်းအဖွဲ့များမှ ကြေညာ

Monday, 18 June 2012 15:15
7378
Bangladesh Cyber Army အဖွဲ့၏ Facebook စာမျက်နှာ

အစိုးရ၀က်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၄င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။
Bangladesh Cyber Army အဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့ အစည်းမှ ၀က်ဘ်ဆိုက်များမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ www.construc tion.gov.mm ၀က်ဘ်ဆိုက်၊ သစ်တောရေးရာ ၀န်ကြီးဌာန၏ www. myanmar teak.gov.mm ၀က်ဘ် ဆိုက်များနှင့် အခြားဆိုက်များဖြစ် သည့် www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm,ww w.moai.gov.mm စသည့်ဝက်ဘ် ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ၀က်ဘ်ဆိုက် ပေါင်း၃၀ကျော်ရှိ ပြီး ၄င်းဆိုက်များတွင် ခရီးသွားကုမ္ပဏီအချို့၏ ၀က်ဆိုက်များ၊ မန္တလေး ဆေးတက္ကသိုလ်၏ www. ummdy.org ၀က်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ၀က်ဘ်ဆိုက်များဖြစ်သည့် http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့် ၀က်ဘ်ဆိုက်များလည်း ပါဝင် ကြောင်းသိရသည်။
ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm.gov.mm) ကို တိုက်ခိုက်လိုက်ကြောင်း ၄င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထို့အပြင် နိုင်ငံကူလက်မှတ်ထုတ်ပေးရေးဌာန ၏ ၀က်ဆိုက် http://www.passport.gov.mm နှင့် အကောက်ခွန်ဦးစီးဌာန၏ ၀ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖေါ်ပြထားပါသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက် တွေကို အဲလိုနည်းနဲ့ ဖော်ထုတ်ကြတယ်။ ဘာမှထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလိုအတိုက်မခံရအောင် ဆိုက်လုံခြုံရေးအပိုင်းကို အမြဲဂရုစိုက်ရမယ်။ပြီးရင် DDOs ကိုခုခံနိုင်တဲ့ Router မျိုးတွေပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs တစ်ခါဖြစ်ပြီး ကတည်းကတော့ DDOs ခံနိုင်တဲ့ Router တွေနဲ့ DDOs ခံနိုင်အောင် Network ပုံစံတွေပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး ထင်တယ်။ Bandwidth ကလည်း နည်းနေသေးကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေးအား နည်းတာရယ်။ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာကြောင့်ပါ။ လုံခြုံရေး အပိုင်းကို ဂရုစိုက်သင့်ပါတယ်” ဟု Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။

Ref:news-eleven

ဆက်စပ်သတင်း-
Cyber War စတင်ရန် အစီအစဉ် (ဘင်္ဂလားဒေ့ရှ်ဖက်မှ) စီစဉ်နေ

မြန်မာ hacker များမှ သွေးချောင်းစီးရေးကို မလိုလားသည့်အတွက် ယခုပြုလုပ်နေသည့် လုပ်ရပ်များ ရပ်တန့်ရန်နှင့် တိုက်ခိုက်မှု့များအား နောက်ဆုတ်ပေးရန်။ မလိုလားအပ်သည့် ပြသနာများကို မဖြစ်ပေါ်စေရန်အတွက်။ သတိပေးတိုက်တွန်းသည့် သဘောဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ၀ဘ်ဆိုက်များကို တိုက်ခိုက်ပြီး သတိပေးလိုက်ပါတယ်။ ဒါကို သူတို့အနေနဲ့ တကယ်တမ်းအပြင်မှာတော့ ရပ်တန့်ဖို့အတွက် ဟန်ဆောင်ချင်ဆောင်ပေမယ့် သူတို့ရဲ့ ၀ဘ်ဆိုက်နဲ့ အားလုံးရဲ့ အစီအစဉ်ကတော့ online cyber war လို့ခေါ်တဲ့ online စစ်ပွဲ စတင်ပြုလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဖက်မှ Hacker များကို စတင်စုစည်းပြီး ဖွဲ့နေကြပြီဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် မြန်မာနိုင်ငံပိုင် အစိုးရအဖွဲ့အစည်း ၀ဘ်ဆိုက်များ၊ မြန်မာပြည်သူပိုင်(မြန်မာဘာသာဖြင့်ရေးသားထားသည့် ၀ဘ်ဆိုက်များ)အားလုံးအား သတိပေးလိုက်ပါသည်။ ယခုအချိန် မတိုက်ခိုက်ခင်မှာ website နဲ့ သက်ဆိုင်သည့် အားလုံးကို backup လုပ်ထားဖို့ ကြိုတင် သတိပေးထားလိုက်ပါတယ်။ ကျွန်တော့်အထင် အားလုံးပြီးဆုံးသွားပြီလို့ သက်ပြင်းချခါကျမှ ဒီလိုဖြစ်လာတဲ့အတွက် တော်တော်လေးကို အံ့သြမိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ hacker တွေဟာ ဘယ်ဝဘ်ဆိုက်တွေကို target ထားပြီး တိုက်ခိုက်မယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မသိသေးပါဘူး။ ဒါပေမယ့် အဖွဲ့စတင်ဖွဲ့နေပြီ ဖြစ်တဲ့အကြောင်းနှင့် ဘယ်သူတွေက သွေးထိုးတယ်။ ကူညီတယ်ဆိုတာကိုတော့ အတိအကျ မသိပါဘူး။ အဲ့တော့ သတိပေးချင်တာကတော့ website သမားများ backup သာ လုပ်ထားကြပါ။ ပြီးတော့ မိုင်းများကိုလည်း သတိထားစေလိုပါတယ်။ ငြိမ်းချမ်းမလိုလိုနဲ့ ဘာဖြစ်လို့ ဒီလိုမျိုး ဆက်ဖြစ်ချင်ရတာလဲ။ ဘာတွေ လိုချင်လို့လဲ။ ပြီးတော့ တစ်ချို့ ရခိုင်ကနေ အစ္စလာမ် ကူးပြောင်းသူတွေကိုတောင် လက်မခံတဲ့အပြင် အစာနဲ့ အဆိပ်ပါတဲ့ ရေတွေကို တိုက်တယ်ဆိုတဲ့ သတင်းပါ ကြားရပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ အဲ့လောက်အထိ မဖြစ်သင့်ပါဘူး။ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်စေချင်ပါဘူး။ အခုကတော့ လူလူချင်းမဟုတ်ဘဲနဲ့ ပထမဦးဆုံး online ပေါ်မှာတင် Hacker အချင်းချင်း ဥာဏ်ချင်းပြိုင်မယ့် Cyber War လို့ခေါ်တဲ့ (အင်တာနက် နည်းပညာစစ်ပွဲ)ပါပဲ။

$စား Online Media Websit များသို
မှတ်ချက် (သတင်းဝဘ်ဆိုက်များတွင် ဖော်ပြထားသော အစ္စလာမ်ဘာသာဝင်
နှစ်သောင်းကျော်အား သတ်ဖြတ်ခဲ့သည်) ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါ။ သွေးထိုး လှုံ့ဆော်မှု့သက်သက်သာ ဖြစ်ပါသည်။ သွေးကြွလာစေရန် မြှောက်ထိုးပင့်ကော် လုပ်ထားခြင်း သာ ဖြစ်ပါသည်။ အထူးသတိထားပြီး လေ့လာစေလိုပါသည်။ မီဒီယာဆိုက်များကလည်း တစိတ်ကို တအိတ်လုပ်ပြီး ပုံကြီးမချဲ့ကြပါနဲ့။ စစ်ပွဲဆိုတာကို ခင်ဗျားတို့ လိုလားသလား။ အမှန်တရားရေးတဲ့ ဆိုက်ကို မှန်ကန်မှု့ဖက်က ရပ်တည်လို့ အစက ဖတ်ခဲ့ပေမယ့်။ အခုနောက်ပိုင်း လေးသားလာတာတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပဋိက္ခမဖြစ် ဖြစ်အောင် လုပ်ကြံပြီး ရေးလာတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ အခုနှိမ်နှင်း ရပ်တန့်ခိုင်းတဲ့အထဲမှာ ကြည်ဟာ ရာဘာကျည်ဆံပါ။ သေချာ စမ်းစစ်ပါဦး။ ခင်ဗျားတို့ ပုံကြီးချဲ့တာနဲ့ နိုင်ငံတကာက သေတာက လူ၂ ယောက်လောက် ကို ဘာလို့ သုံည နှစ်လုံး တိုးအောင် လုပ်ရတာလဲ။ Online media ဆိုက်တွေ အထူးသတိထားပေးစေလိုပါတယ်။ ခင်ဗျားတို့ ရေးသားတဲ့ စာတစ်လုံးမှားရင် အမှားပြင်ဆင်လို့ မရဘူးနော်။ တိကျမှ online ပေါ်တင်ပါ။ မှန်မှန် မမှန်မှန် ရောက်ချင်ရာရောက် ဆိုပြီး မိုးပေါ် ထောင်မဖောက်ပါနဲ့။ သွေးချောင်းစီးမှု့တွေ ဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းအခန်းထဲမှာ ဒေါ်လာစားပြီး။ မေးလ်ထဲ ရောက်သမျှ စာတွေကို သေချာစမ်းစစ်ခြင်းမလုပ်ဘဲနဲ့ စွတ်မတင်ပါနဲ့. ခုချိန်က နည်းပညာခေတ်ပါ။ လူငါးယောက်သေတာကို လူအယောက် 1000 သေတာဖြစ်အောင် photoshop နဲ့တောင် လုပ်ယူလို့ရပါတယ်။ ဒါကိုသတိထားပေးပါ။ အခုဟာ ဘယ်ဆိုက်ကို ရည်ညွှန်းပြီး ပြောနေတယ်ဆိုတာကို ခေါင်းစဉ်မတပ်လိုပါဘူး။ အဲ့တော့ ခင်ဗျားတို့လည်း ဗမာပါပဲ။ နိုင်ငံရေးရအောင် ကြိုးပမ်းတဲ့အထဲမှာလည်းပဲ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ခဲ့ပါတယ်။ ဒါတွေကို ပေါင်းစည်းဖို့ ခင်ဗျားတို့ဖက်ကနေ မလုပ်ဆောင်ဘဲနဲ့ ဘာလို့သွေးထိုးလှုံ့ဆော်မှု့တွေ လုပ်နေတာလဲ။ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရပါတယ်။ ရေသည်ပြဇာတ်မှာ
က = ဘယ်သူက
ကို = ဘယ်သူ့ကို
ချိန် = ဘယ်အချိန်
ခါ = ဘယ်အခါတုန်းက
နေရာ = ဘယ်နေရာမှာ
ကြောင်း = ဘယ်အကြောင်းကြောင့်
ပြော = ပြောဆိုတဲ့နေရာမှာတော့ ပြောင်းလိုက်ပါပြီ (ဓါတ်ပုံ၊ အထူးသဖြင့် တိကျတဲ့ video ဖိုင်တွေကိုပါ)

အဲ့ဒါတွေကို ပြည့်စုံအောင် တင်ကြည့်လိုက်ပါ။ BBC, BOA, DVB, RFA စတဲ့ online media ၀ဘ်ဆိုက်တွေထဲမှာ တစ်ချို့ media သမားတွေဟာ ငါဟာ ဒီ media ဆိုက်က သတင်းလက်ခံတဲ့ သူဘဲ ဒေါ်လာစားနေရတဲ့သူဘဲ ဆိုတဲ့အထာတွေနဲ့ ဖုန်းပြောတာ၊ မြန်မာပြည်ဖက်က သတင်းပေးနေကြတဲ့ တစ်ချို့သူတွေကိုတောင်မှ စကားပြောတာ အထက်စီးလေသံနဲ့ နားထဲမှာ အတော်ကြားရဆိုးတယ်ဗျာ။ ဘာတွေများ ဘ၀င်မြင့်နေကြတာလဲ။ ဒေါ်လာရလို့လား။ အဲယားကွန်းထဲနေနေရလို့လား။ ကိုက media ဆိုက်က ဆိုပြီးတော့လဲ ငါလုပ်တာ အမှန်လို့တော့ မထင်လိုက်နဲ့နော်။ ခင်ဗျားတို့ဖက်မှာ မှားယွင်းချက်တွေ အများကြီးပဲ။ အဲ့တော့ သတင်းတင်မယ်ဆိုရင် တိကျမှ တင်ပါ။ မတိကျဘဲ ကြားသမျှ အမှန်ဆိုပြီးတော့ မတင်ပါနဲ့။ ခင်ဗျားတို့ကြောင့် သွေးချောင်းစီးသွားနိုင်ပါတယ်။ ဗမာသွေးရှိသေးရင်တော့ အခုဖြစ်လာမယ့် အရေးကို တားဆီးနိုင်မယ့်စာသားမျိုးနဲ့ ရေးသားသင့်တယ်။ ဒေါ်လာသွေးစီးနေရင်တော့ ခင်ဗျားတို့သဘောပေါ့။ မဟုတ်ဘူးလား။ တစ်ချို့တွေ နယ်တွေဖက်ကနေ မေးလ်ပို့ပြီး တိုင်တာက တစ်မျိုး ခင်များတို့တည်းဖြတ်ပြီး တဆိတ်ကို တအိတ်လုပ်ပြီး ပြုပြင်ပြီး ပြန်လွှင့်တာက တစ်မျိုး။ ဒါလား မှန်ကန်တဲ့ online media ၀ဘ်ဆိုက်။ ကျွန်တော်ပြောနေတာတွေ ဟုတ်မဟုတ် ခင်ဗျားတို့ ဘင်္ဂလားဒေ့ရှ်စာနဲ့ google ကနေ လိုက်ရှာဖတ်လိုက်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို။

အခုအချိန်မှာ မြန်မာနိုင်ငံဖက်မှ အစိုးရဆိုက်များ အတိုက်မခံရဖို့ အထူးသတိထားကာကွယ်ထားဖို့ လိုအပ်လာပါပြီ. ဒါဟာ နိုင်ငံရဲ့ အရေးလို့ ဆိုလိုတာပါ။ (နိုင်ငံရေးမဟုတ်ပါ)။ ၄င်းဘာသာဖြင့် ရေးသားထားသော စာများကို english ဘာသာသို့ ပြောင်းချင်လျှင် http://www.translate.google.com ကိုသွားပြီး အင်္ဂလိပ်ဘာသာသို့ ပြောင်းဖတ်ပါ။ ဥပမာ cyber law to myanmar ဆိုတဲ့ စာသားကို ဘင်္ဂလားဒေ့ရှ်စာပြောင်းပြီး google ကနေ ရှာကြည့်လိုက်ပါ ထွက်လာပါလိမ့်မယ်။ မြန်မာဟက်ကာတွေ အများကြီးပါ။ ဖြူဖြူ၊ မဲမဲ၊ ပြာပြာ ဘာအရောင်ဘဲ ဖြစ်နေပါစေ။ အခုအချိန်မှာ မြန်မာပြည်က ၀ဘ်ဆိုက်တွေကို အတိုက်မခံရဖို့ ကာကွယ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံသားချင်း တိုက်ခိုက်နေတာထက် အခုသူတို့တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေကို ရပ်တန့်ဖို့(သို့) ကာကွယ်ထားဖို့ ဒါတွေကိုပဲ ဂရုပြုထားသင့်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)
ကျွန်တော်heinhtetkyaw FB Block ခံထားရတယ်ဗျ တခြားမဟုတ်ဘူး OR Leader ဖြစ်နေလို့ပါ အဲဒါနဲ့ဗျာ ကျွန်တော်မရမက အကောင့်ငါးခုလောက်လုပ်ထားတာတော်သေးတာပေါ့ဗျာ မဟုတ်ရင် information သိရမှာမဟုတ်တော့ဘူးဗျာ :( အဲဒါနဲ့ ကျွန်တော် တက်ပြီးတော့ Information ယူခဲ့ပါတယ်.....

မြန်မာဆိုဒ် အခု ၄၀ အား လောလောဆယ် ပြစ်မှတ်ထားနေပါတယ်... ဆိုဒ် Admin များနှင့် သိသူများ အကြောင်းကြားပေးနိုင်ရင် တင်ပေးတာပါ ... Hack မဲ့ အဖွဲက တော့ 3xp1r3 Cyber Army ပဲ ဖြစ်ပါတယ်

https://www.facebook.com/groups/3xp1r3 <<<< 3xp1r3 Cyber Army Group Link

www.myanmariwatani.net.mm
www.myringtune.com.mm/
www.dca.gov.mm/
www.myanmarevisa.gov.mm/
www.mot.gov.mm
www.iwt.gov.mm/
www.nlm.gov.mm/
www.4thgmssummit.gov.mm/
www.dmh.gov.mm/
www.mofa.gov.mm/
www.most.gov.mm/
www.energy.gov.mm/
www.dica.gov.mm/
www.mol.gov.mm
www.mora.gov.mm/
www.iwt.gov.mm
www.ministryofinformation.gov.mm
www.slrd-moai.gov.mm/
www.mosports.gov.mm/
www.myanmarcustoms.gov.mm/
www.mofr.gov.mm
www.dform.mip.gov.mm/
www.csostat.gov.mm
www.ucsy.edu.mm
www.id.moai.gov.mm
www.irdmyanmar.gov.mm
www.moh.gov.mm
www.moai.gov.mm
www.mcpt.gov.mm
www.construction.gov.mm/
www.myancoop.gov.mm
www.cbm.gov.mm
www.myanmarteak.gov.mm
www.dmh.gov.mm
www.mcpt.gov.mm
www.myancoop.gov.mm
www.mpa.gov.mm/
www.ais.gov.mm
www.dot.gov.mm
www.waterresources.gov.mm

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!